en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 368 subscribers, ranking 15 949 in the News & Media category and 10 127 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 368 subscribers.

According to the latest data from 12 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -219 over the last 30 days and by -14 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 8.12%. Within the first 24 hours after publication, content typically collects 5.53% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 005 views. Within the first day, a publication typically gains 684 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 14.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 13 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 368
Subscribers
-1424 hours
-587 days
-21930 days
Posts Archive
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၃၃ ဦး ထပ်မံဖော်ထုတ်ထိန
+5
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၃၃ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်သမားလေးဦးက နေအိမ်မှ ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၂၉၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ် (၃) ရပ်ကွက်နေ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးကျော် (ခ) ဦးထင်ကျော်ဝင်း (၄၀) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ချောစုစုထွေး (၄၅) နှစ် နှင့်အတူ နိုဝင်ဘာလ၂၇ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားလေးဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ နေအိမ်ရှိ ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်းသိရသည်။ News Of Myanmar NOM

နိုဝင်ဘာလ၂၉ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လက်ဘနွန်တောင်ပိုင်းကိုအစ္စရေးကနေ့စဥ်တိုက်ခိုက်နေမှုအတွက်" ကျွန်ုပ်တို့တွင် တုံ့ပြန်ပိုင်ခွင့်ရှိသည်၊ ထိုအချိန်ကိုလည်း ကျွန်ုပ်တို့က သတ်မှတ်မည်ဖြစ်သည်"ဟု ဟဇ်ဘိုလာခေါင်းဆောင် နာအင်မ် ကာဆမ် ကယနေ့ပြောကြားလိုက်သည်။(ဗီဒီယို) ၂။အမေရိကန်သမ္မတထရမ့်နှင့်ဗင်နီဇွဲလားသမ္မတမာဒူရိုတို့ပြီးခဲ့သည့်အပတ်ကဖုန်းပြောကြားပြီးသမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေးရန်ညှိနှိုင်းခဲ့သည်။ ၃။တတိယ ကမ္ဘာစစ်ကို တိုက်ခိုက်နေရပြီး လူ့အနာဂတ်သည် အန္တ ရာယ် ကျရောက်နေသည် ဟု ပုပ်ရဟန်းမင်း လီယို ကသတိပေးလိုက်သည်။ ၄။အဲဘတ်စ် လေယာဥ်ကုမ္ပဏီက သောကြာနေ့ တွင် ၎င်း၏ A320 အမျိုးအစားဝင်လေယာဉ်များအနက် ၆,၀၀၀ အား ချက်ချင်းပြင်ဆင်ရန် အမိန့်ထုတ်ကြောင်း ကြေညာခဲ့သည်။ ၅။ဂီနီဘစ်ဆောနိုင်ငံတွင်အာဏာသိမ်းစစ်တပ်ကဘဏ္ဏာရေးဝန်ကြီးအားဝန်ကြီးချုပ်အဖြစ်ခန့်လိုက်သည်။

Repost from NOM
ဟောင်ကောင်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုမှာ သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ ရှိလာပြီး ၈ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီးပြီလို့ သိရပါ
+1
ဟောင်ကောင်ရဲ့ အဆိုးရွားဆုံး မီးလောင်မှုမှာ သေဆုံးသူစုစုပေါင်း ၁၂၈ ဦးအထိ ရှိလာပြီး ၈ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီးပြီလို့ သိရပါတယ်။ သေဆုံးသူတွေထဲက ၈၉ ဦးဟာ ဘယ်သူဘယ်ဝါလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။ အဆိုပါ ဆောက်လုပ်ရေးခွင်အတွင်း အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားအလုပ်သမား ၂ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပြီး အင်ဒိုနဲ့ ဖိလစ်ပိုင် အလုပ်သမား အများအပြား အလုပ်လုပ်နေတာလို့လည်း ဆိုပါတယ်။ NOM

မှတ်ပုံတင် ဖျက်သိမ်းပြီးသည့် ရှေးဟောင်း (Classic) မော် တော်ယာဉ်များကို မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည် နို၀င်ဘာ၂၉၊၂၀၂၅
မှတ်ပုံတင် ဖျက်သိမ်းပြီးသည့် ရှေးဟောင်း (Classic) မော် တော်ယာဉ်များကို မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည် နို၀င်ဘာ၂၉၊၂၀၂၅

ရွေးကောက်ပွဲ မဲဆွယ်ကြော်ငြာ၊ ပိုစတာများ ခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည် နို၀င်ဘာ၂၉၊၂၀၂၅
+1
ရွေးကောက်ပွဲ မဲဆွယ်ကြော်ငြာ၊ ပိုစတာများ ခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည် နို၀င်ဘာ၂၉၊၂၀၂၅

ဒီဇင်ဘာလအတွင်း  တိုင်းနှင့်ပြည်နယ်အနှံ့ရက်ရှည် မိုးရွာမည်ဟုမိုးဇလထုတ်ပြန် NOM၊နိုဝင်ဘာ၂၉၊၂၀၂၅ ၂၀၂၅ခုနှစ်ဒီဇင်ဘာလအတွင်း  တိုင်းနှင့်ပြည်နယ်အနှံ့ရက် ရှည်မိုးရွာသွန်းနိုင်ကြောင်း  မိုးလေ ဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းချက် ထုတ်ပြန်ထား ကြောင်းသိရသည်။ အဆိုပါ လအတွင်းရန်ကုန်တိုင်း ၊ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာ ဝတီတိုင်း၊ တနင်္သာ ရီတိုင်း နှင့် မွန်ပြည်နယ်တို့တွင် လေးရက် မှ  ခုနစ်ရက်ခန့် ရက်ရှည်မိုးရွာနိုင်ကြောင်း၊နေပြည် တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင် ပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည် နယ် နှင့် ရှမ်းပြည်နယ်တို့တွင်မူ  တစ်ရက် မှ သုံးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။ ၎င်းတို့အနက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝ တီတိုင်း၊ တနင်္သာရီတိုင်း၊ က ရင်ပြည်နယ် နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

Nearly one hundred PDF terrorists laid down their weapons NOM၊Nov28၊2025 In Mandalay Region, Myanmar, 83 PDF terrorists surre
+1
Nearly one hundred PDF terrorists laid down their weapons NOM၊Nov28၊2025 In Mandalay Region, Myanmar, 83 PDF terrorists surrendered to the government along with ten assault rifles , one pistol, and three handmade guns.

အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ယာဉ်တိုက်မှုဖြစ်ပွားအမျိုးသားသုံးဦးသေဆုံးခဲ့ပြီးတစ်ဦးဒဏ် ရာရရှိ NOM၊နိုဝင်ဘာ၂၉
အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ယာဉ်တိုက်မှုဖြစ်ပွားအမျိုးသားသုံးဦးသေဆုံးခဲ့ပြီးတစ်ဦးဒဏ် ရာရရှိ NOM၊နိုဝင်ဘာ၂၉ဧ၂၀၂၅ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၉/၅) နှင့် (၇၉/၆) ကြားတွင် ယမန်နေ့(နိုဝင်ဘာ၂၈ရက်)ည၆နာရီ၄၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါအမျိုးသားသုံးဦး သေဆုံးခဲ့ပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ တောင်ကြီးမှ ကလောသို့ မောင်းနှင်လာသော TOYOTA MARK X ယာဉ်သည် လမ်းဘေးတွင်ရပ်ထားသော DUMP TRUCK (၆)ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင် ရတိုက်မိခဲ့သည့်အတွက် TOYOTA MARK X ယာဉ်ပါ်ပါအမျိိုးသား လေး ဦးအနက် သုံး ဦးသေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်ပန်းနယ်မြေမီးသတ်စခန်းမှ ကယ်ဆယ်ရေးလုပ်ငန်များ သွားရောက်ဆောင်ရွက်ခဲ့ပြီးသေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ အား အောင်ပန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ယာမက် ရှေ့တန်းသို့သွားမည် NOM ယူကရိန်းသမ္မတဇလင်စကီ၏ သမ္မတရုံးဝန်ကြီးနှင့်ယခင်အကြီးတန်းအကြံပေးဟောင်းဖြစ်သူယာမက်က အမျိုးသားအဂတိ
ယာမက် ရှေ့တန်းသို့သွားမည် NOM ယူကရိန်းသမ္မတဇလင်စကီ၏ သမ္မတရုံးဝန်ကြီးနှင့်ယခင်အကြီးတန်းအကြံပေးဟောင်းဖြစ်သူယာမက်က အမျိုးသားအဂတိတိုက်ဖျက်ရေးဗျူရိုမှ သူ၏အိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် ရာထူးမှနုတ်ထွက်လွှာတင်သွင်းခဲ့သည်။ထို့နောက်နာရီပိုင်းအကြာတွင် ရှေ့တန်းသို့သွားရန် စီစဉ်နေကြောင်း နယူး ယောက်ပို့စ်သတင်းစာသို့ပြောကြားခဲ့သည်။ "ကျွန်တော်ဟာ ရှေ့တန်းကိုသွားမှာဖြစ်ပြီး ဘယ်လိုပြစ်ဒဏ်ကိုမဆို ခံဖို့အသင့်ရှိပါတယ်" ဟု အန်ဒရီ ယာမက် က သောကြာနေ့ညက သတင်းစာတိုက် သို့ ပေးပို့ခဲ့သော စာတိုစာတစ်စောင်တွင် ဖော်ပြခဲ့သည်။ "ကျွန်တော်ဟာ ရိုးသားဖြောင့်မတ်တဲ့သူတစ်ယောက်ပါ"ဟုလည်းသူကပြောသည်။ ထို့နောက် သူသည် ဖုန်းပြောဆိုမှုများကို မဖြေကြားတော့ပါက တောင်းပန်ခဲ့သည်။ ရုရှားနှင့်စစ်ဖြစ်နေသော ရှေ့တန်းသို့ သူသည် မည်သည့်အချိန်နှင့် မည်သို့သွားရောက်မည်ကို သူကပြောကြားခဲ့ခြင်းမရှိပေ။

Repost from NOM
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ရေးထိုးခဲ့တဲ့ လက်မှတ်တွေရဲ့ ၉၂% ဟာ auto pen ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးထ
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် ရေးထိုးခဲ့တဲ့ လက်မှတ်တွေရဲ့ ၉၂% ဟာ auto pen ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ လက်မှတ်ရေးထိုးထားမှုအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ထရမ့်က ကြေညာလိုက်ပါတယ်။ ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ဝေဖန်သူတွေနဲ့ ကျွမ်းကျင်သူတွေက ထောက်ခံခဲ့ပြီး ဒီလိုမျိုး အော်တိုလက်မှတ်ရေးထိုးမှုဟာ ဥပဒေကြောင်းအရ အင်အားမရှိဘူးလို့လည်း ပြောဆိုခဲ့ကြပါတယ်။ Autopen ကို တရားမဝင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂျိုးဘိုင်ဒင်က တိုက်ရိုက်လက်မှတ်မထိုးထားတဲ့ အမိန့်အားလုံးနဲ့ အခြားအမိန့်အားလုံးကို ကျနော်ပယ်ဖျက်လိုက်ပါပြီလို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ NOM

+2
အစ္စရေးကိုဆီးရီးယားမြို့တော်တွင်ဆန္ဒပြ NOM ဆီးရီးယားနိုင်ငံဒမတ်စကပ်မြို့တော်ဆင်ခြေဖုံးကိုနိုဝင်ဘာလ၂၇ရက်နေ့၌အစ္စရေးလေတပ်ကတိုက်ခိုက်ရာကလေး ဆယ်ဦးအပါအဝင်၁၃ဦးသေဆုံးခဲ့သည့်အပေါ်ဆီးရီးယားပြည်သူများကဆန္ဒပြလျက်ရှိသည်။

ယာမက်၏ပြ်ုင်ဖက်ကသမ္မတဇလင်စကီးကိုထောက်ခံ NOM အာဏာရ"လူထုအစုအဖွဲ့ခေါင်းဆောင်" ပါတီမှ ခေါင်းဆောင် ဒေးဗစ် အရခါမီးယားသည် သမ္မတရုံးဝန်ကြီး ပြောင်းလဲမှုအပြီး ဇလင်စကီးအား ထောက်ခံသည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အရခါမီးယားက "ကျွန်ုပ်တို့ပါတီသည် ဇလင်စကီး၏ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်" ဟုရေးသားကာ ဇလင်စကီးသည် "ကျွန်ုပ်တို့၏ အနာဂတ်နှင့် စစ်ပွဲ၏ သင့်တင့်မျှတသော အဆုံးသတ်အတွက် ကြိုးပမ်းနေသည်" ဟု ဆိုသည်။ ထို့ပြင် "နိုင်ငံတကာတွင် ခိုင်မာသည့် ရပ်တည်ချက်ရှိရန် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ရှိရမည်" ဟု လည်း ထပ်လောင်းဖော်ပြခဲ့သည်။ အရခါမီးယားအား ယခင်က ယာမက်၏ အဓိက ပြိုင်ဘက်အဖြစ် မကြာခဏ သတ်မှတ်ခံခဲ့ရသည်။ ယခုအခါ ယာမက် ရာထူးမှ ထွက်ခွာရသည့်အခါတွင် အရခါမီးယားသည် ယူကရိန်းအာဏာစနစ်အတွင်း ၎င်း၏ဩဇာသက်ရောက်မှုကို တိုးချဲ့နိုင်ရန် အနေအထားကောင်းတစ်ရပ်ရရှိသွားသည်။ တစ်ချိန်တည်းတွင်ယူကရိန်းသမ္မတဇလင်စကီးကယာမက် နှုတ်ထွက်မှုသည်မဟာဗျူဟာအရကြည့်လျင်အရေးမပါဟုပြောလိုက်သည်။

ဘယ်လာရုစ်သမ္မတနှင့်အဖွဲ့ပြန်လည်ထွက်ခွာ NOM၊နိုဝင်ဘာ၂၉၊၂၀၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးန
ဘယ်လာရုစ်သမ္မတနှင့်အဖွဲ့ပြန်လည်ထွက်ခွာ NOM၊နိုဝင်ဘာ၂၉၊၂၀၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Aleksandr Lukashenko ဦးဆောင်သည့်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်မှ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့ပြန်လည်ထွက်ခွာစဉ် မြန်မာတပ်မတော် (လေ)မှ ဂျက်တိုက်လေယာဉ် သုံး စီးက လိုက်ပါခြံရံပျံသန်း ၍ မြန်မာ့လေပိုင်နက်အဆုံးထိ ပို့ဆောင်ပေးခဲ့သည်။

စစ်ပွဲပြီးဆုံးရန်ထရမ့်ကရုရှားသိမ်းပိုက်မြေများကိုအသိ အ မှတ်ပြုမည် NOM ထရမ့်သည် စစ်ပွဲအဆုံးသတ်ရန် ခရိုင်းမီးယားနှင့် အခြားသိမ်း ပိုက်ထားသော နယ်မြေများအ ပေါ် ရုရှား၏ ထိန်းချုပ်မှုကို အ သိအမှတ်ပြုရန် အသင့်ရှိသည် ဟုThe Telegraph သတင်းစာကဖော်ပြလိုက်သည်။ ထို့အပြင် သီးသန့်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ နှင့် ထရမ့်၏ သားမက် ဂျားကပ်ရှ်နာ တို့သည် EU ၏သ ဘောထားမည်သို့ပင်ရှိစေကာမူ ဤအဆိုကို ပူတင်ထံ တိုက်ရိုက်တင်ပြရန် မော်စကိုသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတဇလင်စကီးသည်သမ္မတရုံးဝန်ကြီးယာမက်၏နှုတ်ထွက်စာကိုလက်ခံလိုက်သည်။
ယူကရိန်းသမ္မတဇလင်စကီးသည်သမ္မတရုံးဝန်ကြီးယာမက်၏နှုတ်ထွက်စာကိုလက်ခံလိုက်သည်။

ယူကရိန်းသမ္မတရုံးဝန်ကြီးယာမက်နှုတ်ထွက် NOM ယူကရိန်းသမ္မတဇလင်စကီး၏ညာလက်ရုံးဖြစ်သူသမ္မတရုံးဝန်ကြီးယာမက်၏အိမ်ကိုအဂတိတိုက်ဖျက်ရေး
ယူကရိန်းသမ္မတရုံးဝန်ကြီးယာမက်နှုတ်ထွက် NOM ယူကရိန်းသမ္မတဇလင်စကီး၏ညာလက်ရုံးဖြစ်သူသမ္မတရုံးဝန်ကြီးယာမက်၏အိမ်ကိုအဂတိတိုက်ဖျက်ရေးအဖွဲ့ကယနေ့နံနက်အစောပိုင်းတွင်စီးနင်းရှာဖွေပြီးနောက်ယာမက်သည်သမ္မတဇလင်စကီးထံသို့နှုတ်ထွက်စာတင်သွင်းလိုက်သည်။ယာမက်သည်ယူကရိန်းစွမ်းအင်ဌာနမှဒေါ်လာသန်းတစ်ရာခန့်အကျင့်ပျက်ခြစားမှုကိုစစ်ဆေးနေသောအဂတိတိုက်ဖျက်ရေးဌာနအကြီးအကဲကိုတရားစွဲရန်ညွှန်ကြားခဲ့သူဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင်PDF ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
+3
မန္တလေးတိုင်းဒေသကြီးတွင်PDF  ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော်လမ်းတစ်ခုကိုမင့်စ်လမ်းဟုအမည်ပေး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Luka
နေပြည်တော်လမ်းတစ်ခုကိုမင့်စ်လမ်းဟုအမည်ပေး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန်ရည်ရွယ်၍လည်းကောင်း နေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းမကြီးနှင့်ဇမ္ဗူကျက်သရေလမ်းမကြီးတို့ကို ဆက်သွယ်ထားသည့်လမ်း၏အမည်ကို ဘီလာရုစ်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သော "မင့်စ်"မြို့ကိုအစွဲပြု၍ "မင့်စ်လမ်း"ဟုအမည်ပေးကာ အခမ်းအနားဖြင့် ဂုဏ်ပြုအမည်ပေးခဲ့ ကြောင်းသိရသည်။

နှစ်နိုင်ငံသမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးန
နှစ်နိုင်ငံသမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေး NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံသမ္မတအား နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။