fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 368 مشترک است و جایگاه 15 949 را در دسته اخبار و رسانه‌ها و رتبه 10 127 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 368 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 12 ژوئیه, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -219 و در ۲۴ ساعت گذشته برابر -14 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 8.12% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.53% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 005 بازدید دریافت می‌کند. در اولین روز معمولاً 684 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 13 ژوئیه, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 368
مشترکین
-1424 ساعت
-587 روز
-21930 روز
آرشیو پست ها
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံသား ၃၀ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ နိုဝင်ဘာ ၃၀ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိရာ ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာတွင် အခြေပြု၍၁၈-၁၁-၂၀၂၅ ရက်နေ့မှ ယနေ့ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းနှင့်ဆက်နွယ်သော အဆောက်အဦ ၉၈ လုံးအားစစ်ဆေးခဲ့ရာ ၅ လုံးမှာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်း အဆောက်အဦများတွင် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရကာကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆက်လက်ပြီး ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၃၀-၁၁-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၆၃၀ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/ မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့ တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ တို့အား ထိန်းသိမ်းထားရှိသည်။ ဆက်လက်၍ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့ထိ စစ်ဆေးဆောင်ရွက် ပြီးစီးခဲ့သည့် အဆောက်အဦ ၆၃၀ လုံးနှင့် ဂိုဒေါင်  ၃ လုံးတို့အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၁၉လုံးအား ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်အဆောက်အဦများအား ဆက်လက်ရှာဖွေစီးနင်းခြင်းနှင့် စစ်ဆေးတွေ့ရှိသူ များအား အသေးစိတ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်ပြီး ရွှေကုက္ကိုလ်နယ်မြေမှ မြဝတီမြို့သို့ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်ပနိုင်ငံသား ၃၀ ဦးကိုယနေ့တွင် ထပ်မံဖော်ထုတ်ထိန်းသိမ်းပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။

photo content
+5

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ကယ်ဖြင့်လိုက်လံစျေးရောင်းချနေ
+1
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ကယ်ဖြင့်လိုက်လံစျေးရောင်းချနေသည့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၃၀၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်၌ တောင်တွင်းကြီးမြို့နယ်၊ (-) ကျေးရွာနေ ကိုစိုးထွန်း (၂၇) နှစ်နှင့် (-) ကျေးရွာနေ ကိုဘိုဌေး (၂၇) နှစ်တို့ သည် နတ်မောက်မြို့နယ်၊ လေးအိမ်ကျေးရွာဘက်မှ ရွာမွန်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်လိုက်လံ ဈေးရောင်းချနေစဉ် နတ်မောက်-ပျော်ဘွယ်ကားလမ်း မိုင်တိုင်အမှတ် ၅၄ မိုင်နှင့် ၅၄ မိုင် ၁ ဖာလုံ အကြားနတ်မောက်ရေလှောင်တမံလမ်းခွဲအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသည့် အရပ်သားပြည်သူတစ်ဦးအားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် NOM နိုဝင်ဘာ ၃၀၊ ၂၀၂၅ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ "ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်ကယ်ဆယ်ရေး အသင်း(ထားဝယ်)" မှ အသင်းဝင်များဖြစ်ကြသည့် ထားဝယ်မြို့နေ ဦးတင်မောင်နိုင် (၅၃) နှစ်၊ ဦးဟိုသန်း (၄၇) နှစ်နှင့် မောင်ဘုန်းမြတ်ကိုကို (၁၉) နှစ်တို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာသို့ 5Q/7798 VOXY အမျိုးအစား မော်တော်ယာဉ်ဖြင့် နာရေးသွားရောက်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ကျေးရွာမှ ထားဝယ်မြို့သို့ ထားဝယ်-မြိတ်ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် ရေဖြူ မြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေးကျေးရွာကြားရာဘာခြံအနီးရောက် PDF အကြမ်းဖက်အဖွဲ့အင်အား နှစ်ဦးက မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်ပါလာသူများအနက် မောင်ဘုန်းမြတ်ကိုကိုအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။  News Of Myanmar NOM

စက်သုံးဆီတင်သွင်းသူများမသမာမှုပြုထားသည့်ဘီလီယံ၅၄၀ ကျော်နိုင်ငံတော်သို့ပြန်သွင်းရမည် NOM၊နိုဝင်ဘာ၃၀၊၂၀၂၅ ပြည်ပမှစက်သုံးဆီတင်သွင်းသည့်စက်သုံးဆီလုပ်ငန်းများ အခွန် ကွာဟချက် နှင့် premium ပိုပြမှု အတွက် ၅၄၀ ဘီလီယံကျပ် နိုင်ငံတော်သို့ပြန်သွင်း ရန် အတည်ပြု ပြီးကြောင်းသိရသည်။ ဆီကန်များ ဖြစ်သောBOC 180 billion၊ Denko 70 billion၊MMTM 40 billion၊Max 40 billion၊ Rgency 20 billion၊Apex 15 billion၊Myanoil 15 billionနှင့်Brighter 12 billion ခန့် ပြန်လည်ပေးသွင်းရမည်ဟုသတင်းများထွက်ပေါ်လျက်ရှိသည်။ထို့အပြက်မသမာမှုတွင်ပါဝင်ပတ်သက်နေသောစွမ်းအင်ဒုတိယဝန်ကြီးနှင့်ညွှန်ကြား ရေးမှူးချုပ်ကိုလည်းဖမ်းဆီးအရေးယူထားသည်ဟုသိရသည်။

+1
နိုဝင်ဘာလ၃၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်၊စတော့တွန်မြို့တွင်ကလေးများ၏မွေးနေ့ပွဲကိုသေနတ်သမားကပစ်ခတ်ရာလေးဦးသေပြီးဆယ်ဦးဒဏ်ရာရသည်။(ဗီဒီယို) ၂။အမေရိကန်ကဗင်နီဇွဲလားလေပိုင်နက်ကိုပိတ်ပင်ကြောင်းကြေညာမှုကိုအီရန်ကပြစ်တင်ရှုံ့ချပြီးဗင်နီဇွဲလားနှင့်တစ်စိတ်တစ်ဝမ်းထဲရှိကြောင်းကြေညာသည်။ ၃။အမေရိကန်စစ်ဝန်ကြီးဟက်ဆက်ကမူးယစ်ဆေးဝါးသယ်ဆောင်သည်ဟုသံသယရှိသည့်သင်္ဘောများကိုပစ်ခတ်နှစ်မြုတ်ပြီးပါလာသူများကိုသုတ်သင်ရန်အမိန့်ထုတ်လိုက်သည်။(ဓါတ်ပုံ) ၄။တရုတ်နိုင်ငံရှန်ဟဲတွင်ကျင်းပနေသည့်ဘန်ဒိုင်းနမ်ကိုပွဲတော်၌ဖျော်​ဖြေနေသည့်ဂျပန်အဆိုတော်ကိုတရုတ်တာဝန်ရှိသူများကစင်ပေါ်တွင်ဖျော်ဖြေနေစဥ်ရပ်တန့်ခိုင်းလိုက်သည်။ ၅။သီရိလင်္ကာတွင်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းကြောင့်ရေကြီးပြီ​မြေပြိုသဖြင့်လူ၂၀၀ကျော်သေဆုံးပြီးဒါဇင်ပေါင်းများစွာပျောက်ဆုံးနေသည်ဟုအစိုးရကတနင်္ဂနွေနေ့တွင်ကြေညာသည်။

မိုက်တီးပါသုံးဦးထောင်ဒဏ်၇နှစ်စီကျ NOM၊နိုဝင်ဘာ၃၀၊၂၀၂၅ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းတိ
မိုက်တီးပါသုံးဦးထောင်ဒဏ်၇နှစ်စီကျ NOM၊နိုဝင်ဘာ၃၀၊၂၀၂၅ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းတိုတွင်ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များကို လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်တိုက်ခိုက်ရေးသားပြောဆိုခဲ့သည့် ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့်ဟာသသရုပ်ဆောင် အုန်းဒိုင်း တို့ ၃ ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများကထောင်ဒဏ် ၇ နှစ်စီချမှတ်ကြောင်းသိရသည်။

Repost from NOM
တက္ကဆက်ပြည်နယ်မှာ အမေရိကန်တွေကို ကားဗုံးဖောက်ခွဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့အတွက် အာဖဂန်အမျိုးသား Mohammad Dawood Aloko
တက္ကဆက်ပြည်နယ်မှာ အမေရိကန်တွေကို ကားဗုံးဖောက်ခွဲပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့အတွက် အာဖဂန်အမျိုးသား Mohammad Dawood Alokozay က ပြောဆိုနေတဲ့ TikTok ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပြီး အဆိုပါအမျိုးသားကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ သူဟာ ဗီဒီယိုကတဆင့် ပြောဆိုနေခဲ့ပြီး သူ့ကို အခြားသော မွတ်စလင်တွေက အားပေးထောက်ခံမှုတွေ လုပ်နေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီပြောဆိုနေမှုအတွင်းမှာ သူက အမေရိကန်အားလုံးကို သတ်ချင်တယ်လို့ ပြောဆိုခဲ့ပြီး ကားဗုံးလုပ်ဖို့အတွက် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ Dallas နဲ့ Fort Worth နေရာတွေကို ပစ်မှတ်ထားထားတယ်လို့လည်း ပြောဆိုခဲ့ကာ အသေခံဗုံးခွဲဖို့ သူ ဆုံးဖြတ်ထားပြီး ဘာသာမဲ့တွေကို သတ်ပစ်တော့မယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို Tarrant ကောင်တီအကျဉ်းထောင်ထဲ ဖမ်းဆီးထားကာ အာမခံမပေးဘူးလို့လည်း သိရပါတယ်။ NOM

ဇာတ်သဘင်အဖွဲ့များအနေဖြင့် သရုပ်ပျက်အပြုအမူအပြောအဆိုများအား ရှောင်ရှားကြရန် ကြေညာထုတ်ပြန် နို၀င်ဘာ၂၉၊၂၀၂၅
ဇာတ်သဘင်အဖွဲ့များအနေဖြင့် သရုပ်ပျက်အပြုအမူအပြောအဆိုများအား ရှောင်ရှားကြရန် ကြေညာထုတ်ပြန် နို၀င်ဘာ၂၉၊၂၀၂၅

Repost from PAN
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အတွင်းကို တပ်မတော်စစ်ကြောင်းများ ယနေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ #PAN

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရပ်ကွက်/ ကျေးရွာ စာရေးမတစ်ဦးအား ကျေးရွာအုပ်စု မဲစာရင်းများနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် NOM နိုဝင်ဘာ ၂၉၊ ၂၀၂၅ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ (၇) မိုင်ကျေးရွာနေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၇) မိုင်ကျေးရွာအုပ်စု၊ ရပ်ကွက်/ကျေးရွာအငယ်တန်းစာရေးဖြစ်သူ ဒေါ်မိုးမိုးအောင် (၆၀) နှစ်သည် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အင်အား ၄ ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်လာပြီး "မေးမြန်းစရာရှိသည်" ဟုပြောဆို၍ (၇) မိုင်ကျေးရွာအုပ်စု၏ မဲစာရင်းများနှင့်အတူ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။  News Of Myanmar NOM

ပညာရေးဝန်ထမ်း ၃၁ ဦးအားပေးရမည့် လစာငွေ ၁၁၉ သိန်းကို PDF အကြမ်းဖက်သမားလေးဦးက အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွား NOM နိုဝင်ဘာ ၂၉၊ ၂၀၂၅ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြိုနေ ရှမ်းရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခွန်သွက် (၅၇) နှစ်သည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် နိုဝင်ဘာလအတွက် ပညာရေးဝန်ထမ်း ၃၁ ဦး၏လစာငွေ ၁၁၉ သိန်းကျပ်အား လွိုင်ကော်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (လွိုင်ကော်) မှ သွားရောက်ထုတ်ယူခဲ့ပြီး လောပိတမြို့သို့ ပြန်လာစဉ် မထောခူ (အထက်) ကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားလေးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်းကာ ယာဉ်ပေါ်တွင်ပါလာသည့် လစာငွေများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ညောင်ဦးမြို့နယ်၊ သစ်ထောင့်မြောက်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM နို
+1
ညောင်ဦးမြို့နယ်၊ သစ်ထောင့်မြောက်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ဒလန် ဟုစွပ်စွဲသတ်ဖြတ် NOM နိုဝင်ဘာ ၂၉၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သစ်ထောင့်မြောက်ကျေးရွာနေ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်သန်း (၆၅) နှစ်သည် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်မှ လက်ပန်ခြေပေါ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ်ရွာသစ်ကုန်းကျေးရွာအနီး ညောင်ဦး-မြင်းခြံသွား ကားလမ်းမိုင်တိုင်အမှတ် ၁၂ မိုင် ၇ ဖာလုံအရောက် PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမောင်သန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။   News Of Myanmar NOM

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်ရှိ ရင်းအုံတံတားအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်ရှိ ရင်းအုံတံတားအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM နိုဝင်ဘာ ၂၉၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၂၈ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်၌ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွားကားလမ်းပေါ်တွင် ဆောက်လုပ်ထားသော တံတားအမှတ် (၁/၁၁)၊ အလျား ၅၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ သံကူကွန်ကရစ်အမျိုးအစား ရင်းအုံတံတားအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တံတားသစ်သားအခင်းနှင့် ကွန်ကရစ်ယက်မများအားလုံးပြိုကျပျက်စီးသွားခဲ့ သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ၎င်းတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ အများပြည်သူသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသခံ ပြည်သူများမှ ဆက်သွယ်မှုသွားလာလွယ်ကူစေရေးအတွက် ပြန်လည်ပြင်ဆင်ထားရှိသည့်တံတားအား ယခုအခါထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်းသိရှိရသည်။ News Of Myanmar NOM

စည်းမျဉ်းစည်းကမ်းများမှ အချို့ကိုပြင်ဆင်ခြင်း၊ ၂၀၂၄ ခုနှစ် အတွက် နှစ်ပတ်လည်ဘဏ္ဍာရေး အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများ အတည်ပြုခြင်း၊ ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်မနေ ထည့်ဝင်ရမည့် နှစ်စဉ်ကြေးငွေနှုန်းထားစနစ်အသစ်(new statutory contributions scale for the period 2026-2028)ကို အတည်ပြုခြင်း၊ အင်တာပိုလ်၏ ၂၀၂၆ ခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ၊ ဘတ်ဂျက်မူကြမ်းနှင့်၂၀၂၇-၂၀၂၈ ခုနှစ်အတွက် ဘဏ္ဍာရေး ကြိုတင်ခန့်မှန်းချက်များကို အတည်ပြုခြင်းတို့ကိုဆောင်ရွက်၍ ညီလာခံဆုံးဖြတ်ချက်များအဖြစ် ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် သက်တမ်းပြည့်မြောက်မည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ရာထူးနေရာအတွက် ဝင်ရောက်လျှောက်ထားသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအားလျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် မော်ရိုကိုနိုင်ငံ၊ မာရကက်ရှ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် နိုဝင် ဘာလ ၂၉ ရက်၊ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိပါသည်။ 

အထွေထွေညီလာခံကျင်းပပြုလုပ်စဉ်ကာလအတွင်းအင်တာပိုလ်၏ အထူးအခွင့်အရေး များနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ အထွေထွေသဘောတူညီချက်(General Agreement on the Privileges and Immunities of the ICPO-INTERPOL) ကို အတည်ပြုခဲ့ကြပြီး အဆိုပါ သဘောတူညီချက်အား လက်မှတ်ရေးထိုးရန်(Signing)၊ အတည်ပြုဝင်ရောက်ရန်(Ratification)နှင့် ပူးပေါင်းပါဝင်ရန်(Accession) အဖွဲ့ဝင်နိုင်ငံအားလုံးကိုတောင်းဆိုခြင်း၊သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာစနစ်များအသုံးပြုကျူးလွန်သော ရာဇဝတ်မှုများကိုတိုက်ဖျက်ရေးနှင့် အီလက်ထရွန်းနစ် သက်သေအထောက်အထားများမျှဝေရေးတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုခိုင်မာ အားကောင်းစေရန်ရည်ရွယ်သည့်ကုလသမဂ္ဂဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက် ရေးကွန်ဗင်းရှင်း(United Nations Convention against Cybercrime) ကိုကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၄ ရက်တွင် အတည်ပြုခဲ့ပြီးဖြစ်သဖြင့်အဆိုပါ ကွန်ဗင်းရှင်းအား သက်ဆိုင်ရာနိုင်ငံဥပဒေများ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်မှတ်ရေးထိုးရန်၊အတည်ပြုရန် အားပေးတိုက်တွန်းခြင်းနှင့် ကုလသမဂ္ဂ၌အင်တာပိုလ်၏အခန်းကဏ္ဍကို မြှင့်တင်ရန် အတွက်National Central Bureau များနှင့် ၎င်းတို့၏အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းခြင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ခဲ့သော၊ အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်သည့် Silver Notice and Silver Diffusion (ရာဇဝတ်မှုဆိုင်ရာပိုင်ဆိုင်မှုများကို နိုင်ငံတကာအဆင့်တွင်ဖော်ထုတ်ရန်၊ ခြေရာခံရန်နှင့် ပြန်လည်ရယူရန် ရည်ရွယ်အသုံးပြုမည့် ကမ္ဘာလုံးဆိုင်ရာတောင်းဆိုမှုပုံစံ) စမ်းသပ်စီမံကိန်းနှင့်စပ်လျဉ်း၍ ရလဒ်အပြည့်အစုံနှင့် အနာဂတ်တွင်အသုံးပြုနိုင်ရေး မည်သည့်အကြံပြုချက်များကိုမဆို အထွေထွေ ညီလာခံသို့တင်ပြရန် ကျွမ်းကျင်သူလုပ်ငန်းအဖွဲ့(Expert Working Group)အားတာဝန်ပေး အပ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Scam Centre အမှုအခင်းများပျံ့နှံ့မှုကို ကြိုတင်တားဆီးကာကွယ်ရန်နှင့် နိုင်ငံသားအားလုံး၏ ဘေးကင်းရေးနှင့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်မျှဝေရန်နှင့်ခွဲခြမ်းစိတ်ဖြာခြင်းကို အားကောင်းစေရန်၊ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရန်နှင့် ပူးတွဲလုပ်ငန်းစဉ်များဆောင်ရွက်ရန်၊ နစ်နာသူများကိုအကာအကွယ်ပေးရေးနှင့် ပံ့ပိုးကူညီရေး ကွန်ရက်တစ်ရပ်တည် ထောင်ရန် အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံအားလုံးအား တောင်းဆိုခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် ယုံကြည်စိတ်ချရသောကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်ဗဟိုချက် ဖြစ်လာစေရန်၊ကမ္ဘာ့ အဆင့်မီစုံစမ်းစစ်ဆေးရေးနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အထောက်အပံ့များပေးအပ်ရန်၊ကမ္ဘာတစ်ဝန်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင်ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်နိုင်ရန်၊ အင်တာပိုလ်၏စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည်နှင့် ကျင့်ဝတ် စံနှုန်းများ အမြင့်ဆုံးတွင်ရှိနေစေရန်စသည့် ရည်မှန်းချက် ၄ ရပ် ပြဋ္ဌာန်းထားသော အင်တာ ပိုလ်၏ မဟာဗျူဟာမူဘောင်(၂၀၂၆-၂၀၃၀) (Strategic Framework 2026-2030) ကိုအတည် ပြုခြင်း၊ ဒေသဆိုင်ရာဗျူရိုအသစ်များ(Regional Bureaus) တည်ထောင်ခြင်းအတွက် လုပ်ထုံး လုပ်နည်းများ၊ စံသတ်မှတ်ချက်များနှင့် အကဲဖြတ်စံနှုန်းအသစ်များကို တိကျစွာသတ်မှတ်ရန် အဆိုပြုထားသည့် အင်တာပိုလ်၏ Regional Presence Strategy (ဒေသတွင်းတည်ရှိမှုမဟာဗျူဟာ)တွင် ဖော်ပြထားသော လုပ်ငန်းစဉ်အသစ်များအတွက် အသေးစိတ်အကောင် အထည်ဖော်မှု လမ်းညွှန်ချက်များရေးဆွဲထုတ်ဝေရန်အထွေထွေအတွင်းရေးမှူးချုပ်အား တောင်း ဆိုခြင်းနှင့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်ထံ ဒေသဆိုင်ရာဗျူရို အဆိုပြုချက်အသစ်များမတင်သွင်းမီ မဟာဗျူဟာ၏စံနှုန်းများ၊ လုပ်ငန်းစဉ်အသစ်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးဆောင်ရွက်ထားရန်တိုက်တွန်းခြင်း၊ ဒေသဆိုင်ရာညီလာခံများ(RegionalConferences)တွင် အင်တာပိုလ်ဒေသအတွင်းရှိ အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်နိုင်ရန်နှင့် ဒေသဆိုင်ရာ ညီလာခံများ၌အင်တာပိုလ်၏လုပ်ပိုင်ခွင့်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအားလုံးဆွေးနွေးနိုင်ရေး ဖိုရမ်တစ်ခုပံ့ပိုးပေးရန်ဆုံးဖြတ်ခြင်း၊ ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာကော်မတီ(Committee on the Processing of Data)သည်အင်တာပိုလ်သတင်းအချက်အလက်စနစ်မှတစ်ဆင့် ဒေတာများ စီမံဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေမူဘောင်နှင့် ဒေတာများစီမံဆောင်ရွက်ခြင်းဆိုင်ရာ ကြီးကြပ်မှု ယန္တရားများအပေါ် ပြန်လည်သုံးသပ်ပြီး အကြံပြုချက်များပေးရန်ဆုံးဖြတ်ခြင်း၊ အင်တာပိုလ်၏ အထွေထွေစည်းမျဉ်းများ၊အင်တာပိုလ်အထွေထွေညီလာခံ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာစည်းမျဉ်း များနှင့် အထွေထွေညီလာခံအစည်းအဝေးများ ကျင်းပခြင်းဆိုင်ရာစည်းမျဉ်းများမှအချို့ကိုပြင်ဆင်မှု အပေါ်အတည်ပြုခြင်း၊ အင်တာပိုလ်၏ဒေတာများ စီမံဆောင်ရွက်ခြင်းဆိုင်ရာစည်းမျဉ်းများနှင့် အင်တာပိုလ်ဖိုင်များထိန်းသိမ်းရေးကော်မရှင်ဆိုင်ရာစည်းမျဉ်းများမှ အချို့ကိုပြင်ဆင်ခြင်းနှင့်ပယ်ဖျက်ခြင်း၊ အင်တာပိုလ်၏ ဝန်ထမ်း

မော်ရိုကိုနိုင်ငံ၊ မာရကက်ရှ်မြို့၌ ကျင်းပပြုလုပ်ခဲ့သော(၉၃) ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံ(93rd INTERPOL General Assembly) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက် နေပြည်တော်၊ နိုဝင်ဘာ ၂၉ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိမော်ရိုကိုနိုင်ငံ၊ မာရကက်ရှ်မြို့၌ ကျင်းပပြုလုပ်ခဲ့သော(၉၃) ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံ (93rdINTERPOL General Assembly) သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့သော ညီလာခံဖွင့်ပွဲအခမ်း အနား၌ မော်ရိုကိုနိုင်ငံ၊ အမျိုးသားလုံခြုံရေးနှင့် နယ်မြေစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ ညွှန်ကြား ရေးမှူးချုပ် ၊ Mr. AbdellatifHammouchi နှင့် အင်တာပိုလ်ဥက္ကဋ္ဌ ဗိုလ်ချုပ် Ahmed Naser Al-Raisi တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။ ညီလာခံသို့ အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံများ၊ လေ့လာသူအဖွဲ့အစည်းများ စုစုပေါင်း ၁၈၁ နိုင်ငံ/ဖွဲ့တို့မှ ရဲချုပ်များ၊ ဒုတိယ ရဲချုပ်များ၊ National Central Bureau (NCB) အကြီးအကဲများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၈၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားပြီးနောက် အင်တာပိုလ်ဥက္ကဋ္ဌ ဗိုလ်ချုပ် Ahmed Naser Al-Raisi နှင့် အင်တာပိုလ်အထွေထွေအတွင်းရေးမှူးချုပ် Mr. Valdecy Urquiza တို့ကဦးဆောင်၍ ညီလာခံကို နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ ၄ ရက်ကြာ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

photo content

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။  

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား ၃၃ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ နိုဝင်ဘာ ၂၉ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာ နိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိရာ ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှု အဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်(BGF) လုံခြုံရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာတွင် အခြေပြု၍၁၈-၁၁-၂၀၂၅ ရက်နေ့မှ ယနေ့ထိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အွန်လိုင်း လိမ်လည်မှု လုပ်ငန်းနှင့် ဆက်နွယ်သော အဆောက်အဦ ၂၆ လုံးအား စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသုံး အဆောက်အဦများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းအဆောက်အဦများတွင် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရကာ ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များကိုလည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဆက်လက်ပြီး ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၅၃၂ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ တို့အား ထိန်းသိမ်းထားရှိသည်။ ဆက်လက်၍ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂၉-၁၁-၂၀၂၅ ရက်နေ့ထိ စစ်ဆေးဆောင်ရွက် ပြီးစီးခဲ့သည့် အဆောက်အဦ ၅၃၂  လုံးနှင့် ဂိုဒေါင်  ၃ လုံးတို့အနက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၀၁လုံးအား ချိတ်ပိတ်သိမ်းဆည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်အဆောက်အဦများအား ဆက်လက်ရှာဖွေ စီးနင်းခြင်းနှင့် စစ်ဆေးတွေ့ရှိသူ များအား အသေးစိတ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်ပြီး ရွှေကုက္ကိုလ်နယ်မြေမှ မြဝတီမြို့သို့ထွက်ပြေးတိမ်းရှောင်လာကြသည့် တရုတ် နိုင်ငံသား ၃၃ ဦးကို ယနေ့တွင် ထပ်မံဖော်ထုတ်ထိန်းသိမ်းပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၁၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၈၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

News Of Myanmar - آمار و تحلیل کانال تلگرام @newsofmyanmar