en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 438 subscribers, ranking 15 924 in the News & Media category and 10 098 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 438 subscribers.

According to the latest data from 05 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -222 over the last 30 days and by -12 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.30%. Within the first 24 hours after publication, content typically collects 5.44% reactions from the total number of subscribers.
  • Post reach: On average, each post receives 908 views. Within the first day, a publication typically gains 677 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 06 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 438
Subscribers
-1224 hours
-607 days
-22230 days
Posts Archive

နှုတ်ထွက်သွားသောအမေရိကန်တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေးအကြီးအကဲကိုလိမ်ညာသူဟုလွှတ်တော်အမတ်ကစွပ်စွဲ NOM စစ်ကိုလိုလားသူ၊အမေရိကန်လွှတ်တော်အမတ်လင်းဆေးဂရေဟမ်က အလုပ်မှနှုတ်ထွက်သွားသောအမေရိကန်တန်ပြန်အကြမ်းဖက်နှိမ်နှင်ရေးအကြီးအကဲဂျိုးကင့်ကို လိမ်ညာသူဟုပြောလိုက်သည်။ ‘ဂျူးတွေက ကျွန်တော်တို့ကို ဒီစစ်ထဲ ဆွဲခေါ်သွားတယ်လို့ ဘာလို့ သူပြောတာလဲ။ ဂျူးတွေ မရှိရင် ကျွန်တော်တို့အားလုံး ဘေးကင်းမယ်လို့ သူပြောနေတာပါ။ ဒီနုတ်ထွက်စာမှာ မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ဂျူးဆန့်ကျင်ရေးတွေ ပြည့်နှက်နေပါတယ်။’ဟုစစ်ဝါဒီအမတ်၊အစ္စရေးလက်ကိုင်တုတ်လင်းဆေးဂရေဟမ်ကပြောသည်။

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM မတ် ၂၁၊ ၂၀၂၆
သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM မတ် ၂၁၊ ၂၀၂၆ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက် နံနက် ၉ နာရီက သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင် (၄၂) နှစ်၊ လားရှိုးမြို့မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း (၂၁) နှစ်နှင့် ဇော်ရှိုင်း (၂၀) နှစ်တို့ သုံးဦးသယ်ဆောင် လာသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း (၆၀) တို့အား ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသည့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦး (၃၂) နှစ်အား စိတ်ပြောင်းဆေးဝါး HAPPY WATER ၄၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် (၁၂ သိန်း) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် ငြိမ်းထွန်းဦးတို့ အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသတင်းရရှိသည်။ NOM

အစ္စရေးနိုင်ငံတဲလ်အဗစ်နေရာသုံးနေရာတွင်အီရန်ဒုံးကျည်များကျရောက်ပေါက်ကွဲခဲ့သည်။ယခင်ကလေကြောင်းရန်သတိပေးမှုကိုငါးမိနစ်ကြိုတင်ရရှိခဲ့သော်လည်းယခုအခါ၁၆စက္ကန့်သာကြိုတင်သတိပေးနိုင်တော့သည်။

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ NOM၊မတ် ၂၁၊၂၀၂၆ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ၁၇ ရက် နံနက် ၉ နာရီက သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည့်မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင် (၄၂) နှစ်၊လားရှိုးမြို့မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း (၂၁)နှစ်နှင့် ဇော်ရှိုင်း (၂၀) နှစ်တို့ သုံးဦးသယ်ဆောင်လာသည့်စိတ် ပြောင်း ဆေးဝါးများဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ငွေကျပ် ၆၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့်၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း(၆၀) တို့အား ဖမ်းဆီးရမိခဲ့သည်။ ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲက စမ်းချောင်းမြို့နယ်ရှိ ဟိုတယ် တစ်ခု၌ တည်းခိုနေသည့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦး (၃၂)နှစ်အား စိတ်ပြောင်းဆေးဝါးHAPPY WATER ၄၀ ဂရမ်(တစ်ဂရမ်လျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်(၁၂ သိန်း) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့်ငြိမ်းထွန်းဦးတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသတင်းရရှိသည်။

photo content

ပြင်သစ်ဗိုလ်ချုပ်ကြီးကထရမ့်နှင့်ပတ်သက်ပြီးသတိပေး NOM ❕ပြင်သစ်ဗိုလ်ချုပ်ကြီးယာကေါ့ဗ်လက်ဗ်ကဟော်မုဇ်ရေလက်ကြားတွင် ထရမ့်နှင့်ပူးပေါင်းခြင်းသည် ရေခဲတောင်တစ်ခုကို တိုက်မိပြီးနောက် နစ်မြုတ်သွားသည့်တိုက်တန်းနစ်သင်္ဘောစီးရန်လက်မှတ်ဝယ်ယူခြင်းနှင့်တူသည် ဟုပြောလိုက်သည်။

အီရတ်ကပိုလန်တပ်တွေပြည်တော်ပြန် NOM အီရတ်ရှိနေတိုးတပ်စခန်းများကကိုအီရတ်ခုခံရေးတပ်ဖွဲ့များကပြင်းထန်စွာတိုက်ခိုက်နေသဖြင့်နေတိုးတပ်ဖွဲ့ဝင်ပိုလန်စစ်သား၄၀၀သည်ယနေ့ပိုလန်သို့ပြန်လည်ဆုတ်ခွါသွားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) (၃/၂၀၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ချီးမြ
+3
မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) (၃/၂၀၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ချီးမြှင့်ငွေပေးအပ် မတ် ၂၁၊ ၂၀၂၆ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) (၃/၂၀၂၆) သို့တက်ရောက်ရန် မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မတ် ၂၁ ရက် နံနက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသွားရောက်တွေ့ဆုံအားပေးသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့အတူတကွပူးပေါင်း၍ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) (၃/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ဝတ်စုံများပေးအပ်ခဲ့ပြီး နိုင်ငံ့သားကောင်းရတနာသင်တန်းသားများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။ NOM

စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ NOM
+1
စက်သုံးဆီနှင့် ဓာတ်မြေဩဇာ မလိုအပ်ဘဲ စုဆောင်းမထားရန်နှင့် ချွေတာအသုံးပြုရန် တောင်သူများအား MRF မေ တ္တာရပ်ခံ NOM

🎯 ကိုလံဘီယာအလှည့်ရောက်လာပြီလား ? ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရို (Gustavo Petro) ကို မူးယစ်ဆေးဝါးမှောင်ခိုမှုစုံစမ်းစစ်ဆေးရေ
🎯 ကိုလံဘီယာအလှည့်ရောက်လာပြီလား ? ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရို (Gustavo Petro) ကို မူးယစ်ဆေးဝါးမှောင်ခိုမှုစုံစမ်းစစ်ဆေးရေးမှာ "အဓိကပစ်မှတ်" အဖြစ် အမေရိကန်က သတ်မှတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက ပတ်ထရိုဟာ မက္ကဆီကိုရဲ့ စီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းနဲ့ ဆက်နွှယ်မှုရှိခဲ့တယ်လို့ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA က စွပ်စွဲထားတာဖြစ်ပြီးသမ္မတ ပတ်ထရို ကတော့ ဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ NOM

မြောက်စမ်းဒေသတွင် AA အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ မတ်လ ၂၀ ရက်နေ့ နေ့လည်အချိန်၌ မြောက်စမ်းဒေသရှိ AA အကြမ်းဖ
+4
မြောက်စမ်းဒေသတွင် AA အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ မတ်လ ၂၀ ရက်နေ့ နေ့လည်အချိန်၌ မြောက်စမ်းဒေသရှိ AA အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီး အေအေအကြမ်းဖက်အလောင်း ၄ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ်များ၊ ခဲယမ်းများ၊ အိုင်ကွန် ၁ လုံးနှင့် ပစ်ကျင်း/ဘန်ကာများအား သိမ်းဆည်းရမိခဲ့သည်။ NOM

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ မတ် ၂၀၊ ၂၀၂၆ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ မတ် ၂၀၊ ၂၀၂၆ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းအား သဘာပတိအဖြစ် အဆိုတင်သွင်းပြီး ကြည့်မြင်တိုင် မြို့နယ်မဲဆန္ဒနယ်မှ ဒေါ်တင်ထွန်းဦးက ထောက်ခံသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းကို သဘာပတိအဖြစ်တင်မြှောက်ကြောင်း အခမ်းအနားမှူးကကြေညာသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်တစ်ဦးတည်းကို အဆိုပြုမှုရှိခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်စိုးအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သဘာပတိကကြေညာပြီး သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပြီးနောက် သဘာပတိက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်ထံ တာဝန်လွှဲအပ်ကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ အစည်းအဝေးစတင်သည့်နေ့၌ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး တက်ရောက်ကြောင်း သိရသည်။ NOM

အီရန်ဟာ ပြည်သူတွေအတွက် ရင်းနှီးမြှုပ်နှံရမယ့်အစား ဒုံးကျည်တွေနဲ့ လက်နက်တွေအတွက်ပဲ သုံးစွဲနေတယ်လို့ အမေရိကန်စစ်ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် Pete Hegseth က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ သူကိုယ်တိုင်ကလည်း အမေရိကန် ပြည်သူတွေအတွက် သုံးရမယ့်အစား လက်နက်တွေအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ တောင်းခံနေတဲ့ မိန့်ခွန်းအတွင်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ NOM

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ်
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး မော်လမြိုင်မြို့ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ် ၂၁၊ ၂၀၂၆ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး‌ မောင်မောင်အေးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်မှုထမ်းများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း၍ အားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် ချီးမြှင့်ငွေနှင့် အာဟာရဖြည့် အစားအသောက်များပေးအပ်ခဲ့သည်။ NOM

ကမ္ဘာ့ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အမေရိကန်က အီရန်ကို ရေနံတင်ပို့ရောင်းချခွင့် ပြုလိုက်ပါတယ်။ NOM
ကမ္ဘာ့ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အမေရိကန်က အီရန်ကို ရေနံတင်ပို့ရောင်းချခွင့် ပြုလိုက်ပါတယ်။ NOM

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရ
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီး မြှုပ်နှံမှုများကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နှင့်လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိ NOM

ရုပ်ရှင်မင်းသားကြီးချက်နောရစ်ကွယ်လွန် NOM ကိုယ်ခံပညာချန်ပီယံနှင့် အက်ရှင်ရုပ်ရှင်မင်းသား ချက်နောရစ် (Chuck Norris) (အသက် ၈၆ န
ရုပ်ရှင်မင်းသားကြီးချက်နောရစ်ကွယ်လွန် NOM ကိုယ်ခံပညာချန်ပီယံနှင့် အက်ရှင်ရုပ်ရှင်မင်းသား ချက်နောရစ် (Chuck Norris) (အသက် ၈၆ နှစ်)သည်ယနေ့သောကြာနေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။ ဟာဝိုင်ယီကျွန်းစု၊ ကောင်ရိုင် ကျွန်းတွင်နေထိုင်သောချက်နောရစ်သေဆုံးမှုကိုဇနီးဖြစ်သူ၏ အင်စတာဂရမ်အကောင့်တွင် ဖော်ပြချက်အရ "သောကြာနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုက အတည်ပြုခဲ့သည်"။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တ
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ မတ် ၂၀၊ ၂၀၂၆ NOM

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM