en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 488 subscribers, ranking 15 956 in the News & Media category and 10 069 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 488 subscribers.

According to the latest data from 26 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -236 over the last 30 days and by 1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.67%. Within the first 24 hours after publication, content typically collects 5.62% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 208 views. Within the first day, a publication typically gains 702 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 27 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 488
Subscribers
+124 hours
-317 days
-23630 days
Posts Archive
အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ် မတ် ၁၆၊ ၂၀၂၆ အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်း ဖွင့်လှစ်ထားပြီး မြန်မာအမျိုးသမီးများအား Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းမည်ဆိုပါက ထိုက်ထိုက်တန်တန် တင်တောင်းငွေပေးမည်၊ တစ်လလျှင် အိမ်ထောင် စရိတ်အဖြစ် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ရာ ၎င်းကိုရီးယားဘာသာစကားသင်တန်းတွင် အလုပ် လုပ်ကိုင်နေသည့် နိုဇင်မိုး (ခ) စုဂျင်းက ဘာသာပြန်ပေးခဲ့ကြောင်း။ ထို့နောက် တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol နှင့် တွေ့ဆုံပေးခဲ့ပြီး ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ပန်းခြံတို့တွင် မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ကြောင်း၊ Mr. Bang Gyeong Cheol က ၎င်းအမျိုးသမီးနှင့် သုံးရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့သဖြင့် Online မှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ရာ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ထံ ငွေကျပ်သိန်း ၆၀၀ ခန့်ပေးခဲ့ကြောင်း၊ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က ၎င်းအမျိုးသမီးကို ငွေကျပ် သိန်း ၂၀ သာပေးခဲ့ကြောင်း စိစစ်သိရှိရသဖြင့် တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း)၊ မကျော့ကေခိုင်နှင့် နိုဇင်မိုး(ခ)စုဂျင်းတို့ကို အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကမာရွတ်မြို့မ ရဲစခန်း (ပ) ၁၈၃/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၃ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးမှ တရားခံတောင်ကိုရီးယား နိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန်၊ တရားခံ ကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ NOM

အီရတ်တော်လှန်ရေးအဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်း အတားအဆီးမရှိ ပတ်ပတ်လည် လှည့်လည်ကြည့်ရှုထားသည့် FPV ဒရုန်းမှတ်တမ်းဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ FPV ဒရုန်းများသည် အမေရိကန်ကို တိုက်ခိုက်ရာတွင် အတော်ပင် အသုံးဝင်သည်။ NOM

ယမန်နေ့ညကပါကစ္စတန်လေတပ်သည်အာဖဂန်နစ္စတန်နိုင်ငဇံကဘူးလ်မြို့တော်ရှိစစ်ဖက်ပစ်မှတ်များကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အမေရိကန်၏ဝေဟင်ဆီဖြည့်လေယာဉ်KC135 ဒုံးကျည်ထိမှန်ပြီးအစ္စရေးနိုင်ငံဘင်ဂူရီယမ်လေဆိပ်သို့အရေးပေါ်ဆင်းသက်ရန်မြေပြင်ကယ်ဆယ်ရေးအဖွဲ့များပြင်ဆင်နေစဉ်

အရှေ့အလယ်ပိုင်း၇နိုင်ငံရှိအမေရိကန်စစ်စခန်းများကိုအီရန်၏တိုက်ခိုက်မှုကြောင့်အမေရိကန်စစ်သည်၂၀၀ကျော်ဒဏ်ရာရထားရာဦးနှောက်ထိခိုက်မှ
အရှေ့အလယ်ပိုင်း၇နိုင်ငံရှိအမေရိကန်စစ်စခန်းများကိုအီရန်၏တိုက်ခိုက်မှုကြောင့်အမေရိကန်စစ်သည်၂၀၀ကျော်ဒဏ်ရာရထားရာဦးနှောက်ထိခိုက်မှူဒဏ်ရာရသူအများစုပါဝင်လျက်ရှိသည်။

အီရန်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် အမေရိကန်၏ တောင်းဆိုမှုကို တောင်အာဖရိကက ငြင်းဆို NOM တောင်အာဖရိက၏ ဂါဇာအရေး အစ္စရေးကို ဆန့်ကျင်
အီရန်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် အမေရိကန်၏ တောင်းဆိုမှုကို တောင်အာဖရိကက ငြင်းဆို NOM တောင်အာဖရိက၏ ဂါဇာအရေး အစ္စရေးကို ဆန့်ကျင်သည့်အမှု၊ လူမည်းများအား အခွင့်အာဏာပေးအပ်သည့် ဥပဒေများနှင့် တောင်အာဖရိကလူဖြူများအတွက် အဆိုပြုထားသော ဒုက္ခသည်အစီအစဉ်တို့ကြောင့် ဝါရှင်တန်နှင့် တင်းမာမှုများ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အမေရိကန်၏ ဖိအားပေးမှုများရှိနေသော်လည်း တောင်အာဖရိကသည် အီရန်နှင့် ဆက်ဆံရေးဖြတ်တောက်မည်မဟုတ်ကြောင်း နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူး ဇိန်းဒန်ဂေါက ပြောကြားခဲ့သည်။

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည်အီရန်ဒုံးကျည်ထိမှန်ပြီးမီးလောင်လျက်ရှိသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ‘ထရမ့် အနေနဲ့ဥရောပစစ်သင်္ဘောအနည်းငယ်က အင်အားကြီးတဲ့ အမေရိကန်ရေတပ် မလုပ်နိုင်တ
ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ‘ထရမ့် အနေနဲ့ဥရောပစစ်သင်္ဘောအနည်းငယ်က အင်အားကြီးတဲ့ အမေရိကန်ရေတပ် မလုပ်နိုင်တဲ့အရာကို လုပ်ပေးဖို့မျှော်လင့်နေပါသလား။ ဒါက ကျွန်တော်တို့ရဲ့စစ်ပွဲမဟုတ်ဘူး၊ ကျွန်တော်တို့ စတင်ခဲ့တာလည်း မဟုတ်ဘူး။ ဂျာမနီက ဟော်မုဇ်ရေလက်ကြားကို လုံခြုံရေးအတွက် သူ့ရဲ့စစ်တပ်နဲ့အတူ ပါဝင်မှာမဟုတ်ဘူး။’

အစ္စရေးနိုင်ငံမြောက်ပိုင်းနာဟာရီဂျာမြို့တွင်ဟဇ်ဘိုလာတို့၏ဒုံးကျည်ထိမှန်ပြီးမီးအကြီးအကျယ်လောင်လျက်ရှိသည်။

“အစ္စရေးနင့်ကါးကိုဒုံးကျည်ဖြင့်ပစ်ခတ်ဖျက်ဆီး NOM ဟဇ်ဘိုလာအဖွဲ့ကလက်ဘနွန်တောင်ပိုင်းသို့မြေပြင်ထိုးစစ်ဆင်လာသောအစ္စရေးမီကာဗာတင့်ကါးကိုတင့်ကါးဖျက်ပဲ့ထိန်းဒုံးကျည်ဖြင့်ပစ်ခတ်ဖျက်ဆီးလိုက်သည့်ရုပ်သံကိုပြသလိုက်သည်။

ထရမ့်ကဟော်မုဇ်ရေလက်ကြားကိုကာကွယ်ရန် အကူအညီတောင်းနေသော်လည်းနိုင်ငံများ၏တုန့်ပြန်မှုမှာထရမ့်ထင်သလိုဖြစ်မလာခဲ့။ ညွန့်ပေါင်းအဖွဲ့
ထရမ့်ကဟော်မုဇ်ရေလက်ကြားကိုကာကွယ်ရန် အကူအညီတောင်းနေသော်လည်းနိုင်ငံများ၏တုန့်ပြန်မှုမှာထရမ့်ထင်သလိုဖြစ်မလာခဲ့။ ညွန့်ပေါင်းအဖွဲ့: 🇫🇷 ပြင်သစ်: ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ 🇦🇺 ဩစတြေးလျ: ပါဝင်ခြင်းကို ငြင်းပယ်ခဲ့သည်။ 🇯🇵 ဂျပန်: တပ်ဖြန့်ချထားခြင်းကို ငြင်းဆန်ခဲ့သည်။ 🇬🇧 ယူနိုက်တက်ကင်းဒမ်း: ဝန်လေးနေသည်။ 🇰🇷 တောင်ကိုရီးယား: အဆိုပြုချက်ကို သုံးသပ်နေသည်။ 🇨🇳 တရုတ်: စစ်ရေးပါဝင်ပတ်သက်မှုကို ပယ်ချခဲ့သည်။

🇮🇷 🇵🇰 - ပါကစ္စတန် ရေနံတင်သင်္ဘော ကရာချီ (Karachi - Aframax oil tanker) သည် မတ်လ ၁၅ ရက်မှ ၁၆ ရက်အတွင်း ၎င်း၏ အလိုအလျောက် ခွဲခြားသတ်မှတ်ခြင်းစနစ် (AIS) ကို ပွင့်လင်းစွာ ဖွင့်လှစ်၍ အီရန်ရေပိုင်နက်နှင့် နီးကပ်သော လမ်းကြောင်းမှ ဖြတ်သန်းသွားခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ပါကစ္စတန် ရေနံတင်သင်္ဘော ကရာချီကို ရေလက်ကြားအား ဖြတ်သန်းရန် ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်သည်။ NOM

Repost from U Khin Yi
ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ကျရာကဏ္ဍမှ စုစည်းဆောင်ရွက်ခဲ့ကြသော ပါတီအောင်နိုင်ရေး Team တစ်ခုလုံးရဲ့ရင်တွင်းစကားသံများဖြစ်ပါတယ်။ ပိုမိုခိုင်မာပြည်မြန်မာကြီးအတွက်ကျွန်တော်တို့ ပါတီဝင်တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်အားလုံးကဆက်လက်ဆောင်ရွက်သွားပါမည်။ #UKhinYi #Hluttaw #Speaker #USDP #StrongerMyanmar

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဒူဘိုင်းဘဏ္ဍာရေးစျေးကွက် အထွေထွေညွှန်းကိန်း (DFMGI) သည် ဖေဖော်ဝါ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဒူဘိုင်းဘဏ္ဍာရေးစျေးကွက် အထွေထွေညွှန်းကိန်း (DFMGI) သည် ဖေဖော်ဝါရီလ၏ အမြင့်ဆုံးအမှတ် ၆,၇၈၅ မှ ၅,၂၅၀ ဝန်းကျင်အထိ ၂၂% ခန့် ထိုးဆင်းသွားခဲ့ပြီး စျေးကွက်တန်ဖိုး ဒေါ်လာ ၄၃ ဘီလီယံကျော် ဆုံးရှုံးသွားနိုင်ခြေရှိသည်။ ဟော်မုဇ်ရေလက်ကြား မတည်ငြိမ်မှုများကြားတွင် ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ လေကြောင်းလိုင်းများနှင့် ခရီးသွားလာရေးကဏ္ဍများ၌ အကြီးအကျယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းက စျေးကွက်ကျဆင်းမှုကို အတည်ပြုနေသည်။ NOM

🌟 ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေး၏ မာကာဗာ တင့်ကားတစ်စီးကို အယ်လ်မတ်စ် Almas အမျိုးအစား တင့်ကားဖျက်လမ်းညွှန်ဒုံးကျည် (ATGM) ဖြင့် ပစ်ခတ်ထိမှန်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်သည်။ NOM

ကျောက်တံခါးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ
ကျောက်တံခါးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့် မတ်လ ၁၆၊ ၂၀၂၆ NOM

စစ်ကိုင်းမြို၌ ငွေကျပ် ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တောင်ကြီးမြိုနယ်၌ ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေ
+1
စစ်ကိုင်းမြို၌ ငွေကျပ် ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တောင်ကြီးမြိုနယ်၌ ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ မတ် ၁၅၊ ၂၀၂၆ စစ်ကိုင်းမြို့၌ ငွေကျပ် ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တောင်ကြီးမြို့နယ်၌ ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် နံနက် ၇ နာရီခွဲတွင် သတင်းအရ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်တွင် မန္တလေးမှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် BAJAJ RE အမျိုးအစား မီနီအိုးဝေ သုံးဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဝန်းသိုမြို့နယ် ကျုံးကြီးကျေးရွာနေ မရွှေဇင်ဦး (၂၂) နှစ် သယ်ဆောင်လာသည့် ဘိန်းစိမ်း ၂၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၁၅ သိန်း) ဖမ်းဆီးရမိသဖြင့် မရွှေဇင်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ထို့အတူ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာအောင်မြေရပ်ကွက်နယ်မြေ (၃) နေ ကျော်ဝင်းနိုင် (၃၅) နှစ်၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀ သိန်း ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲ တောင်ကြီးမြို့နယ် အေးသာယာမြို့အကွက်ကြီး (၁၀) နေ မစုစုစံ (၂၅) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၈၀) ဆက်လက်ဖမ်းဆီးရမိသဖြင့် ကျော်ဝင်းနိုင်နှင့် မစုစုစံတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ NOM

🚨 🇺🇸 🇮🇷 ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ထရမ့်၏ အကူအညီတောင်းခံမှုကို နိုင်ငံတိုင်းက ငြင်းဆိုလိုက်ကြသည်။ 🇩🇪 ဂျာမနီ - "အင်အားကြီးတဲ့ အမေရိကန်ရေတပ်တောင် မလုပ်နိုင်တာကို ဥရောပရဲ့ စစ်သင်္ဘောအနည်းငယ်ဆီကနေ ထရမ့်က ဘာတွေမျှော်လင့်နေတာလဲ? ဒါဟာ ငါတို့ရဲ့စစ်ပွဲမဟုတ်သလို၊ ငါတို့စတင်ခဲ့တာလည်း မဟုတ်ဘူး" 🇦🇺သြစတြေးလျ - "ဟော်မုဇ်ရေလက်ကြားဆီကို ငါတို့သင်္ဘောတွေ စေလွှတ်မှာမဟုတ်ဘူး" 🇬🇧 ယူကေ - "ရေလက်ကြားကို ပြန်ဖွင့်ဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ ယူကေအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲထဲကို ဆွဲသွင်းခံမှာမဟုတ်ဘူး" 🇫🇷 ပြင်သစ် - "ဟော်မုဇ်ရေလက်ကြားဆီကို ဘယ်သင်္ဘောမှ စေလွှတ်ဖို့ အစီအစဉ်မရှိပါဘူး" 🇯🇵 ဂျပန် - "လက်ရှိအခြေအနေတွေအရ ဂျပန်အနေနဲ့ စစ်ရေးအရ ပါဝင်ပတ်သက်ဖို့ အကြောင်းပြချက် မခိုင်လုံပါဘူး" 🇰🇷 တောင်ကိုရီးယား - "သမ္မတထရမ့်ရဲ့ ပြောကြားချက်တွေကို ငါတို့ အနီးကပ်စောင့်ကြည့်နေပါတယ်" 🇨🇳 တရုတ် - မှတ်ချက်ပေးခြင်းမရှိ (မျှော်လင့်ထားသည့်အတိုင်းပင်) NOM

ကာတာနိုင်ငံက အီရန်အနေဖြင့်တိုက်ခိုက်မှုများ ရပ်တန့်ရန် တိုက်တွန်းထားပြီး မိမိတို့အနေဖြင့် အဆိုပါပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် တောင်းဆိုလိုက်သည်။ NOM

ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများတိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ် မတ် ၁၅၊ ၂၀၂၆ EV Me
ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများတိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ် မတ် ၁၅၊ ၂၀၂၆ EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့‌မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။ သင်တန်းဆင်းပွဲသို့ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်‌ရောက်သည်။ ဦးစွာ ဒုတိယဝန်ကြီးက ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုးမြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းဆင်းများသည် လျှပ်စစ်ကားကို ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ကာ အကျိုးကျေးဇူးများကို ရရှိနိုင်စေရေးတို့အတွက် နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယင်းအပြင် ပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လက်ဝယ်အရောက် အသိပညာများကို ဖြန့်ဝေပေးသွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ်ဖြစ်စေရေးအတွက် သင်တန်းမှပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း၊ သင်တန်းတာဝန်ခံများသည် သင်တန်းများကို အရည်အသွေးစံနှုန်းများ ပြည့်မီအောင် စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများသည် ဖွံ့ဖြိုးမှုနှုန်းမြန်ဆန်နေသော EV နည်းပညာအရွေ့များနှင့် အတူလိုက်ပါနိုင်ရေးအတွက် အစဉ်လေ့လာကြပြီး EV နည်းပညာ စွမ်းရည်များနှင့် လေ့ကျင့်ပြသနိုင်မှုအရည်အသွေးများကို ပုံမှန်ဆန်းစစ်သုံးသပ်ကာ မွမ်းမံသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား သင်တန်းအတွေ့အကြုံများကို ပြောကြားသည်။ ၂၀၂၂ ခုနှစ်မှစ၍ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည်နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တို့တွင်လည်းကောင်း၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မော်တော်ယာဉ်သုတေသနဌာန (ပြင်ဦးလွင်) တွင်လည်းကောင်း EV နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် သင်တန်းတစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်းကိုးမျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင်များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။ NOM