uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 488 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 956-o'rinni va Myanma mintaqasida 10 069-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 488 obunachiga ega bo‘ldi.

26 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -236 ga, so‘nggi 24 soatda esa 1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.62% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 208 marta ko‘riladi; birinchi sutkada odatda 702 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 488
Obunachilar
+124 soatlar
-317 kunlar
-23630 kunlar
Postlar arxiv
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ​၏ ယခင်တင်ခဲ့သည့်ပို့စ် အမေရိကန်အစိုးရက ၎င်းအာ
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ​၏ ယခင်တင်ခဲ့သည့်ပို့စ် အမေရိကန်အစိုးရက ၎င်းအား ရှာဖွေဖော်ထုတ်နိုင်သူကို အမေရိကန်ဒေါ်လာ (၁၀) သန်း ဆုကြေးပေးမည်ဟု ကြေညာခဲ့မှုအပေါ် အာဇာနည် အလီလာရီဂျာနီ (Ali Larijani) ၏ တုံ့ပြန်ချက်မှာ - "ကျွန်ုပ်အဖို့ သေခြင်းတရားဆိုသည်မှာ ပျော်ရွှင်ခြင်းတစ်မျိုးသာဖြစ်ပြီး ဖိနှိပ်သူများနှင့်အတူ ယှဉ်တွဲနေထိုင်ရခြင်းသည်သာ အဆိုးရွားဆုံး ဆင်းရဲဒုက္ခ ဖြစ်ပေသည်။" NOM

အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သ
အီရန် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကောင်စီ​၏ အတွင်းရေးမှူး အလီလာရီဂျာနီ သည် ၎င်း၏သားဖြစ်သူ (ဒုတိယအရာရှိတစ်ဦး) နှင့် သက်တော်စောင့်အဖွဲ့ဝင်အချို့နှင့်အတူ ပါဒစ်ဧရိယာရှိ ၎င်း၏သမီးဖြစ်သူ နေအိမ်၌ ရှိနေစဉ် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ တိုက်လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရပြီး ကျဆုံးသွားခဲ့သည်။ အီရန်နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ကွပ်ကဲမှု ယန္တရားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် မရှိဘဲ အရေးကြီးပြီး အမိန့်ပေးကွပ်ကဲရသည့် ရာထူးနေရာများအတွက် အဆင့်ဆင့်သော အစားထိုး အရာရှိများနှင့် ဒုတိယအရာရှိများကို ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သောကြောင့် အကြပ်အတည်းကာလများတွင် လုပ်ငန်းတာဝန်များကို ချက်ချင်း ဆက်လက်ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ပုံ- အလီလာရီဂျာနီ (ဘယ်ဘက်အစွန်) NOM

သံတောင်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လ
သံတောင်ကြီးမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM မတ် ၁၇၊ ၂၀၂၆ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ မတ်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်၌ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဇလဲ (တောင်) ကျေးရွာနေ ဒေါ်ခင်အေးလွင် (၄၂) နှစ် သည် ၎င်းပိုင်ယာခင်းအတွင်းမှ ကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ကျေးရွာဘောလုံးကွင်းအရောက် ၎င်းအနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး‌တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဖားကန့်ဒေသအခြေစိုက် ဥရု နေ့စဉ်သတင်းဌာန (Uru Daily News)​၏ အယ်ဒီတာဖြစ်သူ၊ ဖားကန့်မြို့ သပိတ်အဖွဲ့​၏ ပြန်ကြားရေးတာဝန်ကိုယူထားသူ
ဖားကန့်ဒေသအခြေစိုက် ဥရု နေ့စဉ်သတင်းဌာန (Uru Daily News)​၏ အယ်ဒီတာဖြစ်သူ၊ ဖားကန့်မြို့ သပိတ်အဖွဲ့​၏ ပြန်ကြားရေးတာဝန်ကိုယူထားသူ၊ KIA ‌PDF အကြမ်းဖက် လော်ဘီတဦးလည်းဖြစ်သူ "တာလင်းမောင်" ကို မတ်လ ၁၇ ရက်နေ့ ညနေအချိန်၌ ဆိုင်းတောင်ကျေးရွာတွင် KIA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။ "KIA စုဆောင်းရေးဆွဲတာနဲ့ပါတ်သက်ပြီး ထုတ်ပေးတာက တဖွဲ့ ပိုက်ဆံယူတာက တဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး" စာသားပါ ပို့စ်တခုကို မတ်လ ၁၆ ရက်နေ့ညက ၎င်း​၏ လူမှုကွန်ယက်ပေါ်တွင်တင်ခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူများကသုံးသပ်ကြသည်။

သည်ဂါးဒီးယန်း (The Guardian) သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် (Jonathan Powell) သည် ဂ
သည်ဂါးဒီးယန်း (The Guardian) သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် (Jonathan Powell) သည် ဂျီနီဗာတွင် ပြုလုပ်သည့် နောက်ဆုံးအဆင့် အမေရိကန်-အီရန် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး တီဟီရန်၏ နျူကလီးယားဆိုင်ရာ အဆိုပြုချက်သည် သံတမန်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပဋိပက္ခအရှိန်မြင့်တက်လာမှုကို ရှောင်ရှားနိုင်ရန် လုံလောက်သော အရေးပါမှုရှိသည်ဟု ယုံကြည်ခဲ့ကြောင်း သိရသည်။ အီရန်၏ ကမ်းလှမ်းချက်သည် မမျှော်လင့်ထားဘဲ သိသာထင်ရှားပြီး တိုးတက်မှုများ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါအစီရင်ခံစာတွင် အစ္စရေးနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ဂျဲရက် ကွတ်ရှ်နာ (Jared Kushner) နှင့် အထူးကိုယ်စားလှယ် စတီးဗ် ဝစ်ကော့ဖ် (Steve Witkoff) တို့ ဦးဆောင်သော အမေရိကန်ညှိနှိုင်းရေးအဖွဲ့အပေါ် စိုးရိမ်မှုများကိုလည်း မီးမောင်းထိုးပြထားသည်။ ဆွေးနွေးပွဲများကို သိရှိနားလည်သည့် သံတမန်တစ်ဦးက သည်ဂါးဒီးယန်း သို့ ပြောကြားရာတွင် "ကျွန်ုပ်တို့ကတော့ ဝစ်ကော့ဖ် နဲ့ ကွတ်ရှ်နာတို့ကို သမ္မတကိုယ်တိုင်က ရှောင်လွှဲလိုတဲ့ စစ်ပွဲတစ်ခုထဲကို သမ္မတကို ဆွဲသွင်းနေတဲ့ အစ္စရေးရဲ့ အသုံးချခံတွေ (Israeli assets) အဖြစ်ပဲ ရှုမြင်ပါတယ်” ဟု ဆိုသည်။ ဝစ်ကော့ဖ် သည် ကျွမ်းကျင်မှုပိုင်းအတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီ (Rafael Grossi) ကိုသာ အားကိုးနေရပြီး အမေရိကန်ဘက်မှ သီးသန့်နည်းပညာရှင်အဖွဲ့ မပါဝင်ခြင်းအပေါ် ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး မကြာမီမှာပင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ထိုလုပ်ရပ်အပေါ် ဗြိတိန်က သံတမန်ရေးရာ ရွေးချယ်စရာများ မကုန်ဆုံးသေးဘဲ ညှိနှိုင်းဆွေးနွေးမှုလမ်းကြောင်း ပွင့်နေဆဲဖြစ် သည့်တိုင် အချိန်မတိုင်မီ စောလွန်းသည့် လုပ်ရပ်အဖြစ်ရှုမြင်ခဲ့သည်။ NOM

photo content
+3

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (အမျိုးသားကာကွယ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁၉ / ၂ဝ၂၆) ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်် (၂ဝ၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်) NOM

ထရမ့်မှ ခန့်အပ်ထားသည့် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ်
+2
ထရမ့်မှ ခန့်အပ်ထားသည့် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဂျိုးဇက်ကန့် (Joseph Kent) သည် အီရန်အပေါ် ဖန်တီးပြုလုပ်ထားသည့် စစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။ "အီရန်တွင် ဖြစ်ပွားနေသော စစ်ပွဲကို ကျွန်ုပ်၏ ကိုယ်ကျင့်တရားအရ ဆက်လက် ထောက်ခံခြင်း မပြုနိုင်ပါ။ အီရန်သည် ကျွန်ုပ်တို့ နိုင်ငံအပေါ် မကြာမီ ကျရောက်တော့မည့် ခြိမ်းခြောက်မှုမျိုး မရှိခဲ့ဘဲ ဤစစ်ပွဲကို အစ္စရေးနှင့် အမေရိကန်ရှိ အင်အားကြီး အစ္စရေးလိုလားသော အုပ်စုများ (Lobby) ၏ ဖိအားပေးမှုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းနေပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။" NOM

မြန်မာနိုင်ငံတွင်အကြမ်းဖက်သမားများကိုလေ့ကျင့်သင်ကြားပေးခဲ့သူများကိုအိန္ဒိယကဖမ်း NOM အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် မြန်မာနိုင်ငံတွင် စစ်ဆင်ရေးများအတွက် အကြမ်းဖက်သမားများကို လေ့ကျင့်ပေးသည်ဟု သံသယဖြင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း The Indian Express သတင်းဌာနက ဖော်ပြသည်။

မြစ်ကြီးနားမြို့ တပ်မတော်‌ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ် ၁၆၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသား
မြစ်ကြီးနားမြို့ တပ်မတော်‌ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး မတ် ၁၆၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြသည်။ ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆေးရုံတက်လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ NOM

အမှတ်၃လမ်းမကြီးတွင်ယာဥ်သုံးစီး တိုက်မိပြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ NOM၊မတ်၁၇၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ​မြို
အမှတ်၃လမ်းမကြီးတွင်ယာဥ်သုံးစီး တိုက်မိပြီး တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရ NOM၊မတ်၁၇၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ​မြို့နယ်၊ ရုံးမှတ်တိုင် အမှတ်၃လမ်းမကြီး Terminal ဆီဆိုင် အနီးတွင်အမှိုက်သယ်လိုက်ထရပ်ယာဉ်နှင့်တက်စီယာဥ်တို့ သုံးစီးတိုက်မိခဲ့ရာတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းကသိရသည်။ ဖြစ်စဉ်မှာမတ်၁၆ရက်ည ၁၀နာရီကျာ်က ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာရခဲ့ပြီးအမျိုးသား တစ် ဦးနေရာမှာပင် သေဆုံးခဲ့‌ ကြောင်းသိရသည်။

အိန္ဒိယတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များထံဒရုန်းများ တရားမဝင်တင်ပို့နေသည့် ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးကို NIA ကဖမ်းဆီး အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် နိုင်ငံခြားသား ၇ ဦး (ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး) ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသားကို ကိုလ်ကတ္တားလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို လတ်ခနောင်း (Lucknow) နှင့် ဒေလီလေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်ဟု NIA က စွပ်စွဲထားသည်။ ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့များထံသို့ တရားမဝင် တင်ပို့ပေးနေကြောင်း စုံစမ်းသိရှိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းအချို့သည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော အိန္ဒိယသူပုန်အဖွဲ့များကို လက်နက်ထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်ရာတွင် ကူညီပေးနေသည်ဟု NIA က ပြောကြားထားသည်။ ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်ထားပြီး ဒေလီတရားရုံးက ၎င်းတို့အား မတ်လ ၂၇ ရက်နေ့အထိ (၁၁ ရက်ကြာ) ချုပ်မိန့်ပေးထားကာ NIA က ဆက်လက်စစ်ဆေးလျက်ရှိသည်။ NOM

အိန္ဒိယတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုနှင့် မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များထံဒရုန်းများ တရားမဝင်တင်ပို့နေသည့် ယူကရိန်းနိုင်ငံသား (၆) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးကို NIA ကဖမ်းဆီး အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်မှုဖြင့် နိုင်ငံခြားသား ၇ ဦး (ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး) ကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသားကို ကိုလ်ကတ္တားလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ယူကရိန်းနိုင်ငံသားများကို လတ်ခနောင်း (Lucknow) နှင့် ဒေလီလေဆိပ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း ခွင့်ပြုချက်မရှိဘဲ မီဇိုရမ် (Mizoram) ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အကြမ်းဖက်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်ဟု NIA က စွပ်စွဲထားသည်။ ဥရောပမှ ဒရုန်းအမြောက်အမြားကို အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့များထံသို့ တရားမဝင် တင်ပို့ပေးနေကြောင်း စုံစမ်းသိရှိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံရှိ အကြမ်းဖက်အဖွဲ့အစည်းအချို့သည် အိန္ဒိယအစိုးရက ပိတ်ပင်ထားသော အိန္ဒိယသူပုန်အဖွဲ့များကို လက်နက်ထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်ရာတွင် ကူညီပေးနေသည်ဟု NIA က ပြောကြားထားသည်။ ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်ထားပြီး ဒေလီတရားရုံးက ၎င်းတို့အား မတ်လ ၂၇ ရက်နေ့အထိ (၁၁ ရက်ကြာ) ချုပ်မိန့်ပေးထားကာ NIA က ဆက်လက်စစ်ဆေးလျက်ရှိသည်။ NOM

ကူဝိတ် လေယာဉ်မှူးအဖမ်းခံရ NOM အမေရိကန် F-15 တိုက်လေယာဉ် သုံးစင်းကို ပစ်ချခဲ့သော ကူဝိတ်လေတပ်၏ F/A-18C Legacy Hornet တိုက်လေယာဉ်မှူးတစ်ဦးအား ရာဇဝတ်မှု၊ပေါ့လျော့မှုတို့ဖြင့် ဖမ်းဆီးလိုက်သည်။

စက်သုံးဆီအခြေအနေကြောင့် ဆန် အိမ်အရောက်ပို့ဖြန့်ဖြူးရောင်းချသည့်အစီအစဉ် ယာယီရပ်နား NOM၊မတ်၁၇၊၂၀၂၆ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် စားသုံးသူများထံသို့ ဆန်များကို အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဖြန့်ဖြူးရောင်းချသည့် အစီအစဉ်အားယနေ့ (မတ်လ ၁၇ရက်)မှစ၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် အဆိုပါ Home Delivery စနစ်ဖြင့် စားသုံးသူများထံသို့ ဆန်များကို ရောင်းချပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း ဆန်အိတ် ၁၁၆၁ အိတ်ကို ပေးပို့ရောင်းချပြီးဖြစ်ကြောင်း သို့ရာတွင် လက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေများကြောင့် ဆန်များကို အချိန်နှင့်အညီ အိမ်အရောက်ပို့ဆောင်ရန် အခက်အခဲများ ရှိလာသဖြင့် Home Delivery အစီအစဉ်ကို ယာယီရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိငွေပေးသွင်းထားပြီးဖြစ်သည့် စားသုံးသူများနှင့် အမှာစာပေးထားပြီးဖြစ်သည့် စားသုံးသူများထံသို့ ဆန်များကို ဆက်လက်ပေးပို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ် သိမ်းဆည်းရမိ မတ် ၁၆၊ ၂၀၂
တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ် သိမ်းဆည်းရမိ မတ် ၁၆၊ ၂၀၂၆ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်တွင် ဘားအံမြို့နယ် ဒုံသမိတံတား၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jinbei Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၂ ရက်တွင် မုံရွာမြို့နယ် ဗဒုံရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၅ ရက်တွင် အင်္ဂပူမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၀၉၆ တန်၊ အခြားသစ် ၅ ဒသမ ၇၈၉) တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၆၈၁၆၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၃ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၈၄၀၀၀၀) ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၆၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်နှစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၉၂၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။ မတ် ၅ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၇၉၄၁၆၀) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင် တင်သွင်းလာမှုများကြောင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိခိုက်နစ်နာမှု များဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ NOM

+2
ဂါဇာတွင် အပစ်အခတ်ရပ်စဲထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က အစ္စရေးကျူးကျော်ရေးတပ်ဖွဲ့များသည် ဂါဇာဒေသရှိ ရဲတပ်ဖွဲ့မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ရဲအရာရှိ ၉ ဦး ကျဆုံးခဲ့သည်။ NOM

အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ် မတ် ၁၆၊ ၂၀၂၆ အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီးတစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်း ဖွင့်လှစ်ထားပြီး မြန်မာအမျိုးသမီးများအား Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းမည်ဆိုပါက ထိုက်ထိုက်တန်တန် တင်တောင်းငွေပေးမည်၊ တစ်လလျှင် အိမ်ထောင် စရိတ်အဖြစ် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ရာ ၎င်းကိုရီးယားဘာသာစကားသင်တန်းတွင် အလုပ် လုပ်ကိုင်နေသည့် နိုဇင်မိုး (ခ) စုဂျင်းက ဘာသာပြန်ပေးခဲ့ကြောင်း။ ထို့နောက် တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol နှင့် တွေ့ဆုံပေးခဲ့ပြီး ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ပန်းခြံတို့တွင် မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ကြောင်း၊ Mr. Bang Gyeong Cheol က ၎င်းအမျိုးသမီးနှင့် သုံးရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့သဖြင့် Online မှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ရာ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ထံ ငွေကျပ်သိန်း ၆၀၀ ခန့်ပေးခဲ့ကြောင်း၊ Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က ၎င်းအမျိုးသမီးကို ငွေကျပ် သိန်း ၂၀ သာပေးခဲ့ကြောင်း စိစစ်သိရှိရသဖြင့် တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းစေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း)၊ မကျော့ကေခိုင်နှင့် နိုဇင်မိုး(ခ)စုဂျင်းတို့ကို အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကမာရွတ်မြို့မ ရဲစခန်း (ပ) ၁၈၃/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၃ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးမှ တရားခံတောင်ကိုရီးယား နိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန်၊ တရားခံ ကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ NOM

အီရတ်တော်လှန်ရေးအဖွဲ့သည် မတ်လ ၁၆ ရက်နေ့တွင် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးဝန်းအတွင်း အတားအဆီးမရှိ ပတ်ပတ်လည် လှည့်လည်ကြည့်ရှုထားသည့် FPV ဒရုန်းမှတ်တမ်းဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ FPV ဒရုန်းများသည် အမေရိကန်ကို တိုက်ခိုက်ရာတွင် အတော်ပင် အသုံးဝင်သည်။ NOM

ယမန်နေ့ညကပါကစ္စတန်လေတပ်သည်အာဖဂန်နစ္စတန်နိုင်ငဇံကဘူးလ်မြို့တော်ရှိစစ်ဖက်ပစ်မှတ်များကိုဗုံးကြဲတိုက်ခိုက်ခဲ့သည်။