en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 418 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 418 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 418
Subscribers
-924 hours
-317 days
-13630 days
Posts Archive
ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိုးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြန်ဆက်သည့်ခွဲစိတ်ကုသမှု အောင်မြင် စက်တင်ဘာ ၂၈၊ ၂၀၂၆ ရန်ကုန်တိုင
ပြတ်တောက်သွားသော ဘယ်ဘက်လက်ညှိုးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြန်ဆက်သည့်ခွဲစိတ်ကုသမှု အောင်မြင်   စက်တင်ဘာ ၂၈၊ ၂၀၂၆   ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နေထိုင်သော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဩဂုတ် ၁၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံ၌ အထည်ဖြတ်စက်ဖြင့် ထိခိုက်မှုကြောင့် ဘယ်ဘက်လက်ညှိုး ပြတ်တောက်သွားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ည ၇ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာခဲ့ရာ တာဝန်ကျအရိုးအထူးကုဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သောကနဦး ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဘယ်ဘက်လက်ညှိုး ပြန်ဆက်သည့် ခွဲစိတ်ကုသမှု (Replantation Surgery)ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ခွဲစိတ်ခန်း၌ အဆိုပါနေ့ ည ၈ နာရီခွဲတွင် စတင်ခွဲစိတ်မှုပြုလုပ်ခဲ့ရာ ဩဂုတ် ၁၂ ရက် နံနက် ၁ နာရီတွင် ခွဲစိတ်ကုသမှုအောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။   အဆိုပါ ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များအဖွဲ့၊ မေ့ဆေးအထူးကု ဆရာ ဝန်များအဖွဲ့၊ ကျွမ်းကျင်သူနာပြုကြီး/ သူနာပြုများအဖွဲ့နှင့် ဆက်စပ်ဌာနများမှ အထောက်အကူပြု ဓာတ်ခွဲ၊ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလူနာ၏ ပြန်ဆက်ထားသော ဘယ်ဘက်လက်ညှိုးမှာ မူလအတိုင်း ကောင်းစွာလှုပ်ရှားနိုင်ပြီဖြစ်သဖြင့် ခွဲစိတ်ပြီး ၂၉ ရက်မြောက် စက်တင်ဘာ ၉ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိပြီး လိုအပ်သော လေ့ကျင့်ခန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၂ ခုနှစ်တွင် လက်ဖျံပြန်ဆက် ခွဲစိတ်သူတစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် လက်မောင်းပြန်ဆက် ခွဲစိတ်သူ တစ်ဦးနှင့် လက်မပြန်ဆက်ခွဲစိတ် သူ တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် လက်မပြန်ဆက်ခွဲစိတ်သူ တစ်ဦး၊ ၂၀၂၅ ခုနှစ်တွင် လက်ဖဝါးနှင့် လက်မ ပြန်ဆက်ခွဲစိတ်သူ နှစ်ဦး၊ ၂၀၂၆ ခုနှစ် ယခုအချိန်ထိ လက်ညှိုး ပြန်ဆက်ခွဲစိတ်သူ တစ်ဦး စုစုပေါင်း ခုနစ်ဦးအား ပြန်ဆက်ခွဲစိတ် ကုသမှု (Replantation Surgery) ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
28 Sep, 22:34

ကျောက်တော်ဖြစ်စဉ်ကြောင့် AA က စာအရှည်ကြီး ထုတ်တယ်။ တာဝန်ရှိသူတွေကို လက်တုံ့ပြန်မယ်ပေါ့လေ။ ကိုယ်တော့ ခုချိန် ငြိမ်းချမ်းရေး အသ
ကျောက်တော်ဖြစ်စဉ်ကြောင့် AA က စာအရှည်ကြီး ထုတ်တယ်။ တာဝန်ရှိသူတွေကို လက်တုံ့ပြန်မယ်ပေါ့လေ။ ကိုယ်တော့ ခုချိန် ငြိမ်းချမ်းရေး အသံ မကြားချင်သေးဘူး။ အကြွေးတွေက အများကြီး ကျန်နေသေးတယ်။ သတင်းရရင် ရသလို ခုလိုပဲ အမှုန့်ကြိတ်။ မြေပြင်ကလည်း ဖြတ် ၄ ဖြတ်ကို နာနာလုပ်။ စစ်တွေထက်တောင် AA ထိန်းချုပ်ဒေသက ကုန်ဈေးနှုန်း‌တွေ ဈေးချိုနေသေးတယ်လို့လည်း ဆိုထားတာမလား။ လေယာဉ်သံကြားနေရင်ကို စိတ်ခြောက်ခြားနေရအောင်အထိ နာနာဗျင်း။ ဒါမှ အတုံ့အလှည့်ဆိုတဲ့ သဘော နားလည်မှာ။ (နရီမိုး)
28 Sep, 22:30

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့် မြန်မာနို
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အား တွေ့ဆုံ   စက်တင်ဘာ ၂၈၊ ၂၀၂၆   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓ ဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ နေပြည်တော် မသန်စွမ်းသူများ အသင်းတို့အား ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ လက်ခံတွေ့ဆုံသည်။   ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလို လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်းဆိုင်ရာ ဆောင်ရွက်နေမှုများကို မျက်မြင်လေ့လာခွင့်ရသဖြင့် လွှတ်တော်က ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းသည့် ဗဟုသုတများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ဒီမိုကရေစီစနစ်အရ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး မဏ္ဍိုင်(၃)ရပ် ပေါ်ပေါက်လာခဲ့ပါကြောင်း၊ ထိုမဏ္ဍိုင် (၃)ရပ်တွင် ပြည်သူများက မိမိတို့ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက် ဆန္ဒမဲပေးရွေးချယ်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များလည်း ပါဝင်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းစဉ်များကို ထိရောက်စွာ အထောက်အကူပြု နိုင်ရေးအတွက်လည်းကော်မတီများကို ဖွဲ့စည်းထားရှိပါကြောင်း၊ မိမိတို့ လွှတ်တော်၏ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပြည်သူများ ဥပဒေပြုရေးကဏ္ဍကို ပိုမိုသိရှိအောင် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာပါလီမန်များနှင့်လည်း ဆက်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်များအနေဖြင့် ပြည်သူများ၏ဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့၏ဒေသလိုအပ်ချက်များကို ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့် သက်ဆိုင်ရာကော်မတီများနှင့် မိမိတို့ မဲဆန္ဒနယ်မြေရှိ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းပြောကြားသည်။   ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသည်။   ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ နေပြည်တော် မသန်စွမ်းသူများအသင်းမှ တာဝန်ရှိသူ များက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။   တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးတင်မိုးအောင် (ခ)နေရှိုင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
28 Sep, 22:24

လွန်ခဲ့သော နှစ်ပတ်က အီရန် ခရုဇ်ဒုံးကျည်တစ်စင်းသည် ဟော်မုဇ် ရေလက်ကြားအတွင်း အမေရိကန်မရိန်းတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေသည့် သင်္ဘောကိုထိမှန်ခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် ရှစ်ဦး ထပ်မံ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် အရာရှိများက NBC News သတင်းဌာနသို့ ပြောကြားခဲ့သည်။ NOM
28 Sep, 22:20

အကြမ်းဖက် CRPH၊ NUG အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family – PRF Website သို့ ငွေကြေးထောက်ပ
+7
အကြမ်းဖက် CRPH၊ NUG အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family – PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့သူများအား ဖမ်းဆီးရမိ စက်တင်ဘာ ၂၈၊ ၂၀၂၆
28 Sep, 22:09

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက်ရှိ ကျန်ရှိသည့်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်နိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း/တံတားများအား ပြန်လည်ပြုပြင်ခြင်း၊ မြေမြုပ်မိုင်းအန္တရာယ်မှ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းပေးခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
28 Sep, 22:07

တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရရှိ   စက်တင်ဘာ ၂၈၊ ၂၀၂၆   တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအားထပ်မံ၍ ပြန်လည်သိမ်းပိုက်ထိန်းချူပ်နိုင်ခဲ့ကြောင်း သိရှိရသည်။   KNU ၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ဒေသတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန်ရည်ရွယ်၍ ကမမောင်း - ဖာပွန်သွား ကားလမ်းမကြီးအား ယာယီစိုးမိုးထားသဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် ကမမောင်းမြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ မေလ ၈ ရက်နေ့တွင် ကျောက်ကွင်းလေးကျေးရွာအားလည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာတို့အား လည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နေကကျေးရွာအား လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ရေပူကျေးရွာအားလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် မိုင်(၄၀)ကျေးရွာအားလည်းကောင်း၊ မေလ ၃၁ ရက်နေ့တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကတိုင်တိ ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ဘောကြို့လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ရှမ်းရွာကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် တောင်သူစုကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖာလုံလေးကျေးရွာအား လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကမမောင်း-ဖာပွန်လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဖာလုံကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ဆင်စွယ်ကျေးရွာအား ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။   တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါကျေးရွာနှင့် လမ်းကြောင်းတစ်လျှောက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့ အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်စ္စည်းများ၊ FPV Drone ၂၄ စီး၊ မိုင်းများ၊ လမ်းလျှောက် စကားပြောစက်များ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်နှင့်တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရသည်။   အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများနှင့် လမ်းကြောင်းတစ်လျှောက်အား ထိန်းချုပ်စိုးမိုးထားစဉ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာအတွင်းရှိ လူနေအိမ်များ၌ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများပြုလုပ်ခြင်း၊ ဒေသခံပြည်သူများ၏ စားရေရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့် တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးပြီး အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ၎င်းတို့၏လုပ်ရပ်များကို မထောက်ခံသည့် ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန်ခဲ့ကြသည့်အပြင် ကမမောင်း-ဖာပွန်လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာလျက်ရှိသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်း၊ လမ်း/တံတားများမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့မှုကြောင့် ခရီးသွားလာမှုကန့်သတ်ချက်များဖြစ်ပေါ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက်ပျက်စီးခဲ့ရသဖြင့် ဒေသခံပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရသည်။
28 Sep, 22:07

တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန
+9
တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းပေါ်ရှိ ဆင်စွယ်ကျေးရွာအား ထပ်မံ၍ ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရရှိ
28 Sep, 22:07

မုံရွာ-မန္တလေးပြေးဆွဲနေသော ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန
+1
မုံရွာ-မန္တလေးပြေးဆွဲနေသော ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းသံဃာတော်နှင့် အပြစ်မဲ့အရပ်သားပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ   စက်တင်ဘာ ၂၈၊ ၂၀၂၆   CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့်နေရာများ၊ အရပ်သားပြည်သူများ၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာစေရန် အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်းဘေးဝဲ/ယာများ၌ မိုင်းထောင်ခြင်း၊ အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။   ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်းဦးဇင်ကိုအောင်(ဘ)ဦးမှန်၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာနေသူ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ်၊ ၄၂/၅ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားများဖြစ်သည့် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင် (ဘ)ဦးသောင်းရွှေသည် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တသီလာစာရနှင့် ရေစကြိုမြို့နယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့်(ဘ)ဦးဝင်းသန့်နှင့် ယာဉ်မောင်းဖြစ်သူတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။   အထက်ပါဖြစ်စဉ်၌ မိုင်းစထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲ့များက မြင်းမူမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေပြီး လိုအပ်သောဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။   PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်လျက်ရှိသည့် ရဟန်းသံဃာတော်နှင့် အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
28 Sep, 22:04

ရုရှားတပ်မတော်ကိုအင်အား၂.၄ သန်း ကျော်အထိတိုးမြှင့် NOM ရုရှားသမ္မတပူတင်သည် ရုရှားဖက်ဒရေးရှင်းတပ်မတော်၏ အရွယ်အစားကို အင်အား၂,၄၄၁,၆၃၀ ဦးအထိ တိုးမြှင့်ခဲ့သည်။ ၎င်းတို့အနက် ၁,၅၅၀,၅၀၀ မှာ စစ်ဘက်ဝန်ထမ်းများဖြစ်ပြီး ကျန်သူများမှာ အရပ်ဘက်ဝန်ထမ်းများဖြစ်သည်။ ၂၀၂၃ ခုနှစ်မှစ၍ ရုရှားတပ်မတော်၏ အရွယ်အစားမှာ အင်အားလေးသိန်း(၄၀၀,၀၀၀ ) နီးပါး တိုးလာခဲ့သည်။
28 Sep, 13:07

အကြမ်းဖက် CRPHနှင့်NUG အတွက်ငွေကေါက်ခံပေးနေသူ၂၁ဦးကိုမြို့အသီးသီးမှဖမ်းမိ NOM
+4
အကြမ်းဖက် CRPHနှင့်NUG အတွက်ငွေကေါက်ခံပေးနေသူ၂၁ဦးကိုမြို့အသီးသီးမှဖမ်းမိ NOM
28 Sep, 11:43

ဦးဌေးအောင်အား မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ်ခန့်အပ်တာဝန်ပေး
ဦးဌေးအောင်အား မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီးအဖြစ်ခန့်အပ်တာဝန်ပေး
28 Sep, 10:16

photo content
28 Sep, 08:34

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့ အနီးမှ ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်သတ်မှတ် NOM၊စက်တင်ဘာ၂၈၊၃၀၂၆ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီးလက်ရှိ ယနေ့စက်တင်ဘာ ၂၈ ရက်မွန်းလွဲ၄နာရီတွင်တိုင်းထွာချက်အရအနီရောင်အဆင့်ဟုသတ်မှတ်ထားကြောင်းမိုးလေဝသာနှင့် ဇလဗေဒညွန်ကြားမှုဥဦးစီးဌာနမှထုတ်ပြန်လိုက်သည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ (Mawlamyine)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ (Thongwa)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၅၀ မိုင်ခန့်၊ ပဲခူးမြို့ (Bago) ၏ အရှေ့တောင်ဘက် ရေမိုင် ၇၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီးမြန်မာနိုင်ငံ၊ မုတ္တမကွေ့ အနီးမှ ဖြတ်ကျော်နိုင်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ထားသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်မွန်းလွဲ၃ နာရီခွဲတွင် မြောက်လတ္တီကျု ၁၆.၄ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၃ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်တိုက်ခက်နိုင်ကြောင်းသိရသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၆ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ တို့အကြားမှ ဖြတ်ကျော်နိုင်ပါသည်။ ထိုမှတစ်ဆင့် နောက် ၃၆ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်‌ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်မိုး/ဇလမှထုတ်ပြန်ထားကြောင်းသိရသည်။
28 Sep, 08:34

တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့်မြေပြိုကျမှုပွားခဲ့ရာ လက်ရှိ ၁၀ဦးသေဆုံး၊၃၀ဦးခန့်ပျောက်ဆုံး NOM၊စက်တင်ဘာ၂၈၊၂၀၂၆ တ
တနင်္သာရီတိုင်းတွင် မိုးကြီးရေကြီးမှုကြောင့်မြေပြိုကျမှုပွားခဲ့ရာ လက်ရှိ ၁၀ဦးသေဆုံး၊၃၀ဦးခန့်ပျောက်ဆုံး NOM၊စက်တင်ဘာ၂၈၊၂၀၂၆ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင်မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ယနေ့စက်တင်ဘာ ၂၈ရက်နေ့ထိ၁၀ဥဦးသေဆုံးလျက်တွေ့ရှိပြီး၃၀ဦးခန့်ပျောက်ဆုံးနေ သည့်ဟု ဇမ္ဗူသီရီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(ထားဝယ်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လောင်းလုံးမြို့နယ်တွင်ယမန်နေ့စက်တင်ဘာ၂၇ရက်မှစပြီး မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီးကျေးရွာအချို့ဖြစ်သည့်တောကျဲ၊ သပြာ၊ ကဒက်ငယ်ဆိတ်၊ ကြက်စာပြင်စသည့်ကျေးရွာအပါအောက်ဘက်ကျေးရွာများအားလုံးနီးပါးမြေပြိုကျမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြေပြိုမှုနှင့်ပတ်သက်ပြီးလက်ရှိကဒက်ငယ်ဆိတ်ကျေးရွာတွင်ရှာဖွေကူညီမှုများဆောင်ရွက်နေရာသေဆုံးသူသုံးဦးတွေ့ရှိထားပြီးဆက်လက်ရှာဖွေမှုများပြုလုပ်နေသည့်အပြင် လက်ရှိအခြားရွာမှလည်း သေဆုံးမှုနှင့် ပျောက်ဆုံးမှုများအနေဖြင့်ကျေးရွာများအလိုက် ပေးပို့သည့်စရင်းများအရ စုစုပေါင်း၁၀ဦးခန့်သေဆုံး လျက်တွေ့ရှိပြီး၃၀ဦးခန့်ပျောက်ဆုံးနေသည့်ဟုသိရသည်။
28 Sep, 07:59

အင်းလေးဒေသတွင်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အိမ်ခြေ ၃၀ ကျော်ပျက်စီး NOM၊စက်တင်ဘာ၂၈၊၂၀၂၆ ရှမ်းပြည်နယ်တော
အင်းလေးဒေသတွင်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့်အိမ်ခြေ ၃၀ ကျော်ပျက်စီး NOM၊စက်တင်ဘာ၂၈၊၂၀၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ငါးဖယ်ချောင်းကျေးရွာအုပ်စု၊ ပျားပင်တောင်ကျေးရွာတွင်ယမန်နေ့စက် တင်ဘာ ၂၇ ရက်မွန်းလွဲ ၃နာရီကျော်ကလေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အိမ်ခြေ ၃၀ ကျော်ပျက်စီးခဲ့သည့်ဟု အင်းလေးဒေသမှဆရာတော်တစ်ပါးကမိန့်ကြားခဲ့သည်။ အင်းလေးဒေသတွင်ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ပျားပင်တောင်ကျေးရွာအတွင်းရှိ လူနေအိမ်များမှာပြိုကျခြင်း၊ အမိုးလန်ခြင်း၊ ယိုင်သွားခြင်းများဖြစ်ပွားခဲ့ပြီးလူထ်ခိုက်မှုမရှိကြောင်းသိရသည်။ လက်ရှိပျက်စီးသွားသည့်နေအိမ်များကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ဒေသခံပရဟိတအသင်းများက သွားရောက်ပြီးကူညီမှုများဆောင်ရွက်ပေးနေကြောင်းသိရသည်။
28 Sep, 03:38

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာအသင်းက ငွေတံဆိပ်တစ်ခု ထပ်မံရရှိ၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု ဆွတ်ခူ
ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့တွင် မြန်မာအသင်းက ငွေတံဆိပ်တစ်ခု ထပ်မံရရှိ၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့   စက်တင်ဘာ ၂၇၊ ၂၀၂၆   တရုတ်နိုင်ငံ ယွမ်လင်မြို့တွင် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ တတိယနေ့ နောက်ဆုံးပွဲစဉ် အမျိုးသားအလွတ်တန်း (၁၀) တက်လှော် ကီလိုမီတာ ၁၄၀၀၀ မာရသွန် နဂါးလှေလှော်ပြိုင်ပွဲတွင် ယူကရိန်းနိုင်ငံအသင်းက ပထမ၊ မြန်မာနိုင်ငံအသင်းက ဒုတိယနှင့် အိမ်ရှင် တရုတ်နိုင်ငံအသင်းက တတိယရရှိခဲ့ကြသည်။   အဆိုပါ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအသင်းအနေဖြင့် စက်တင်ဘာ ၂၅ ရက်က ငွေတံဆိပ်တစ်ခု၊ စက်တင်ဘာ ၂၆ ရက်က ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခုရရှိခဲ့ပြီး ယနေ့တွင် ငွေတံဆိပ်တစ်ခုထပ်မံရရှိကာ စုစုပေါင်း ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သည်။   မြန်မာနိုင်ငံအသင်းသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိကျင်းပမည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော် လက်ရည်စစ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ယွမ်လင်မြို့မှ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
28 Sep, 02:11

မြင်းခြံမြို့ အေးမြသီတာဈေး မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း၂၄ခန်းမီးလောင်ခံရ NOM၊စက်တင်ဘာ၂၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ
မြင်းခြံမြို့ အေးမြသီတာဈေး မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း၂၄ခန်းမီးလောင်ခံရ NOM၊စက်တင်ဘာ၂၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၇) ရပ်ကွက်တွင် ရှိ အေးမြသီတာဈေး၌ ယမန်နေ့စက်တင်ဘာ လ ၂၇ ရက်ည ၇ နာရီ ၅၂ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ စျေးဆိုင်ခန်း ၂၄ခန်းမီးလောင်ပျက်စီးခဲ့ကြောင်း မြင်းခြံမြို့နယ်မီးသတ်တပ် ဖွဲ့မှသိရသည်။ အေးမြသီတာဈေးအတွင်း ဈေးရုံအမှတ် ( က ) မှ (ည)အထိ (၁၀)ရုံ၊ ဆိုင်ခန်းပေါင်း (၁၁၂၈) ခန်းရှိခဲ့ပြီး ယခုမီးလောင်မှုဖြစ်ပွားခဲ့သည့် ဈေးရုံအမှတ် ( ခ )တွင်ဆိုင်ခန်း (၇၂) ခန်း ရှိသည့်အနက်ဆိုင်ခန်း ( ၂၄ )ခန်းခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မြင်းခြံခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းများအပြင် စက်မှုဇုန် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ လူမှုကူညီရေးအသင်းများဖြင့်ဝိုင်းဝန်ငြှိမ်းသတ်ခဲ့ရာည ၈ နာရီ ၃၃ မိနစ်တွင်မီးငြိမ်းသွား ကြောင်းသိရသည်။
28 Sep, 01:21

အမြန်လမ်း​ပေါ်တွင် ကားမောင်းရင်း Tik Tok ရိုက်ပြီးအင်တာနက်ပေါ် Live လွှင့်ခဲ့သည့် Express ယာဉ်မောင်းအရေးယူခံရ NOM၊စက်တင်ဘာ၂၈၊
အမြန်လမ်း​ပေါ်တွင် ကားမောင်းရင်း Tik Tok ရိုက်ပြီးအင်တာနက်ပေါ် Live လွှင့်ခဲ့သည့် Express ယာဉ်မောင်းအရေးယူခံရ NOM၊စက်တင်ဘာ၂၈၊၂၀၂၆ ရန်ကုန်-မော်လမြိုင် ​ခရီးစဥ်ပြေးဆွဲလျက်ရှိ​သော ရွေလင်းယုန်ယာဥ်လိုင်းမှ ခရီးသည်တင် Express ယာဉ် အမှတ် 2G-5403 YUTONG ၏ ယာဉ်မောင်းသည် အမြန်လမ်း​ပေါ်တွင် ယာဉ်မောင်းနှင်နေစဉ်အတွင်း Tik Tok ရိုက်ကူးပြီး liveလွှင့်ခြင်း/ပို့စ်တင်ခြင်း များအကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အတွက်တရားဥပ​ဒေအရဆက်လက်အ​ရေးသွားမည်ဟုအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဤကဲ့သို့ ပြုမှုဆောင်ရွက်မှုများသည် အမြန်လမ်းမကြီးသုံးစွဲ​သော ခရီးသွားပြည်သူအားလုံးအတွက် အလွန်အန္တရာယ်ကြီး​သောကိစ္စဖြစ်သောကြောင့် 2G-5403 ယာဉ်အား Telematic ကဒ် ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းခြင်း၊ ​ရွှေလင်းယုန်ယာဥ်လိုင်းအားယခုကဲ့သို့ဖြစ်စဥ်များထပ်မံဖြစ်ပွားပါက ယာဥ်လိုင်းတစ်ခုလုံး အမြန်လမ်းသုံးစွဲခွင့်ပိတ်သိမ်းအ​ရေးယူမည့်အ​ကြောင်း ပြင်းထန်စွာသတိ​ပေးခြင်း၊ စည်းကမ်းမလိုက်နာသူယာဥ်​မောင်းအားတရားဥပ​ဒေအရဆက်လက်အ​ရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
28 Sep, 00:18

ဆားဘီယားသမ္မတနှုတ်ထွက် NOM ဆားဘီးယားသမ္မတအလက်ဇန်ဒါဗူ ချစ်သည်ရာထူးမှနှုတ်ထွက်ကြောင်းကြေညာသည်။
ဆားဘီယားသမ္မတနှုတ်ထွက် NOM ဆားဘီးယားသမ္မတအလက်ဇန်ဒါဗူ ချစ်သည်ရာထူးမှနှုတ်ထွက်ကြောင်းကြေညာသည်။
27 Sep, 15:06