fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 497 مشترک است و جایگاه 16 047 را در دسته اخبار و رسانه‌ها و رتبه 10 071 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 497 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 21 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -276 و در ۲۴ ساعت گذشته برابر -4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 10.23% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.29% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 279 بازدید دریافت می‌کند. در اولین روز معمولاً 662 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 22 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 497
مشترکین
-424 ساعت
-717 روز
-27630 روز
آرشیو پست ها
🚨 နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး၊ ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အီရန်အဆင့်မြင့်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက် အီရန်နှင့် ခုခံရေးတပ်ဖွဲ့များသည် ဒေသတွင်းရှိ အမေရိကန်၏ စစ်လက်နက်ယန္တရားများကို လုံးဝနီးပါး ချေမှုန်းနိုင်ခဲ့ပြီးဖြစ်သည်။ အီရန်နှင့် စစ်ဖြစ်ရန်အတွက် ရန်သူက နှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ တည်ဆောက်ဖြန့်ကျက်ထားသော ကြီးမားသည့် အခြေခံအဆောက်အအုံများနှင့် အဆောက်အအုံများကိုလည်း ပြင်းထန်နက်ရှိုင်းစွာ ထိုးနှက်တိုက်ခိုက်နိုင်ခဲ့သည်။ ဒေသတွင်းရှိ ရာဇဝတ်ကောင် အမေရိကန်စစ်တပ်ကို အကျအဆုံးများစွာ ဖြစ်စေခဲ့သလို၊ ကျူးကျော်သိမ်းပိုက်ခံထားရသော နယ်မြေများအတွင်းရှိ ရန်သူ့တပ်ဖွဲ့များ၊ အခြေခံအဆောက်အအုံများ၊ အဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများကိုလည်း ပြင်းထန်သော ထိုးနှက်ချက်များ ပေးနိုင်ခဲ့သည်။ စစ်မျက်နှာအားလုံးတွင် ရန်သူကို အဘက်ဘက်မှ ဖိအားပေးနိုင်ခဲ့သောကြောင့် ရန်သူသည် ၎င်းတို့၏ အဓိကရည်မှန်းချက်တစ်ခုကိုမျှ မအောင်မြင်ခဲ့သည့်အပြင် စစ်ပွဲစတင်ပြီး ၁၀ ရက်ခန့်အကြာမှာပင် ၎င်းတို့အနေဖြင့် အောင်နိုင်ခြေမရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် ရန်သူသည် နည်းလမ်းမျိုးစုံ၊ လမ်းကြောင်းမျိုးစုံမှတစ်ဆင့် အီရန်နှင့် ဆက်သွယ်ရန် ကြိုးပမ်းလာပြီး အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုလာခြင်း ဖြစ်သည်။ NOM

🚨 ဒေါ်နယ်ထရန့်က အီရန်အားအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်ကို နောက်ထပ် ၂ ပတ်တိတိဆိုင်းငံ့ ဒေါ်နယ် ဂျေ ထရန့် (Donald J.
🚨 ဒေါ်နယ်ထရန့်က အီရန်အားအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မည့် အစီအစဉ်ကို နောက်ထပ် ၂ ပတ်တိတိဆိုင်းငံ့ ဒေါ်နယ် ဂျေ ထရန့် (Donald J. Trump) ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif)၊ ဖီးလ်မာရှယ် အာဆင် မူနီယာ (Asim Munir) တို့နဲ့ ဆွေးနွေးခဲ့တာတွေအပေါ် အခြေခံပြီးတော့ သူတို့က ဒီည အီရန်ကို လွှတ်ဖို့ပြင်ထားတဲ့ ဖျက်အားပြင်း တပ်ဖွဲ့တွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံဘက်ကလည်း ဟော်မုဇ် (Hormuz) ရေလက်ကြားကို ဘေးကင်းကင်းနဲ့ ချက်ချင်း အပြည့်အဝ ပြန်ဖွင့်ပေးဖို့ သဘောတူညီချက်အရ ကျွန်တော်ဟာ အီရန်ကို ဗုံးကြဲတိုက်ခိုက်မယ့် အစီအစဉ်ကို နှစ်ပတ်ကြာ ဆိုင်းငံ့ထားဖို့ သဘောတူလိုက်ပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးက လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေး (Ceasefire) ဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေအားလုံးဟာ ပြည့်မီရုံတင်မကဘဲ ကျော်လွန်အောင်မြင်ခဲ့ပြီးပြီ ဖြစ်လို့ပါ။ အခုဆိုရင် အီရန်နဲ့ရော အရှေ့အလယ်ပိုင်း တစ်ခုလုံးမှာပါ ရေရှည်ငြိမ်းချမ်းရေး ရဖို့အတွက် ခိုင်မာတဲ့ သဘောတူညီချက်ရဖို့ အတော်လေး နီးစပ်နေပါပြီ။ ကျွန်တော်တို့ အီရန်ဆီကနေ အချက် (၁၀) ချက်ပါတဲ့ အဆိုပြုချက်ကို ရရှိထားပြီး ဒါဟာ ညှိနှိုင်းဆွေးနွေးဖို့ လက်တွေ့ကျတဲ့ အခြေခံအချက်တွေလို့ ယုံကြည်ပါတယ်။ အရင်က အငြင်းပွားစရာဖြစ်ခဲ့တဲ့ အချက်အလက် တော်တော်များများကိုလည်း အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု ရနေပါပြီ။ ဒီနှစ်ပတ်အတွင်းမှာ သဘောတူညီချက်ကို အပြီးသတ် အတည်ပြုနိုင်မှာပါ။ အမေရိကန်သမ္မတအနေနဲ့ရောအရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကိုယ်စားပြုတဲ့သူအနေနဲ့ပါ ဒီလိုရေရှည်ပြဿနာကြီး ပြေလည်တော့မယ့်အပေါ် ဂုဏ်ယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ သမ္မတ ဒေါ်နယ် ဂျေ ထရန့် NOM

မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
+2
မန္တလေးမြို့တွင် ဖြန့်ဖြူးရောင်းချနေသည့် ကျပ် ၁၅ ဒသမ ဝ၂ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ရုရှားနိုင်ငံသား တစ် ဦးအား သက်ဆို
+4
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ရုရှားနိုင်ငံသား တစ် ဦးအား သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ငါး ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ ဧပြီ ၇၊ ၂၀၂၆ NOM

ရေးမြို့နယ်၊ မီးတိုင်တက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ
ရေးမြို့နယ်၊ မီးတိုင်တက်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို PDF အကြမ်းဖက်အဖွဲ့က "ဒလန်" ဟုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား၊ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ ဧပြီ ၇၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မီးတိုင် တက်ကျေးရွာနေသူများဖြစ်ကြသည့် ကိုမင်း (၂၆) နှစ်၊ ကိုဇင်ကိုကို (၂၆) နှစ်၊ ဦးသိန်းငွေ (၅၇) နှစ်နှင့် ဦးသန်းလှိုင် (၃၂) နှစ်တို့သည် ဧပြီ ၅ ရက်နေ့ ညအချိန်၌ ၎င်းတို့​၏ နေအိမ်အသီးသီးတွင်ရှိနေကြစဉ် PDF အကြမ်းဖက်သမား ၂၀ ဦး ခန့်ရောက်ရှိလာပြီး ၎င်းတို့အား "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုမင်း၊ ကိုဇင်ကိုကိုနှင့် ဦးသိန်းငွေတို့မှာ သေဆုံးခဲ့ပြီး ဦးသန်းလှိုင် မှာ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။ NOM

တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၂၆
+9
တာချီလိတ်မြို့နယ်၊ ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၂၆) ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ဧပြီ ၇၊ ၂၀၂၆ NOM

🚨 ထရမ့်က အီရန်နိုင်ငံအပေါ် နျူကလီးယားလက်နက်ထုတ်သုံးမည်ကို ၎င်း​၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုမ
🚨 ထရမ့်က အီရန်နိုင်ငံအပေါ် နျူကလီးယားလက်နက်ထုတ်သုံးမည်ကို ၎င်း​၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများမြင့်တက်နေ ထရမ့်၏ အီရန်အပေါ် ခြိမ်းခြောက်မှုများမှာ အလွန်ပြင်းထန်လာခြင်းနှင့်အတူ ထရမ့်အနေဖြင့် အီရန်စစ်ပွဲမှ ရုန်းထွက်နိုင်မည့် နည်းလမ်းကို ရှာဖွေရာတွင် အသည်းအသန်ဖြစ်လာခြင်းတို့ကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်သည့် သမ္မတတစ်ဦးအနေဖြင့် နျူကလီးယားလက်နက်ကို အသုံးပြုရန် ကြိုးပမ်းလာနိုင်သည်ဟူသော စိုးရိမ်မှုများ ထရမ့်၏ လက်ရှိနှင့် ယခင် အကြံပေးအသိုင်းအဝိုင်းကြားတွင် မြင့်တက်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားသည်။ NOM

ဩစတြေးလျ စစ်မှုထမ်းဟောင်းစစ်ရာဇဝတ်မှုဖြင့် အဖမ်းခံရ ဩစတြေးလျ၏ အမြင့်ဆုံးဆုတံဆိပ်ရရှိထားသော စစ်မှုထမ်းဟောင်းနှင့် အထူးလေကြောင်
ဩစတြေးလျ စစ်မှုထမ်းဟောင်းစစ်ရာဇဝတ်မှုဖြင့် အဖမ်းခံရ ဩစတြေးလျ၏ အမြင့်ဆုံးဆုတံဆိပ်ရရှိထားသော စစ်မှုထမ်းဟောင်းနှင့် အထူးလေကြောင်းဝန်ဆောင်မှု တပ်ရင်းမှ တပ်ကြပ်ဟောင်းတစ်ဦးဖြစ်သူ ဘင် ရောဘတ်စ်-စမစ်ကို အင်္ဂါနေ့က ဆစ်ဒနီလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်၌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်နက်မဲ့ အာဖဂန်နိုင်ငံသားငါးဦးကို သတ်ဖြတ်မှုဖြင့် စစ်ရာဇဝတ်မှု စွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ NOM

ဩစတေလျစစ်မှုထမ်းဟောင်းစစ်ရာဇဝတ်မှုဖြင့်အဖမ်းခံရ NOM ဩစတြေးလျ၏ အမြင့်ဆုံးဆုတံဆိပ်ရရှိထားသော စစ်မှုထမ်းဟောင်းနှင့် အထူးလေကြောင်
ဩစတေလျစစ်မှုထမ်းဟောင်းစစ်ရာဇဝတ်မှုဖြင့်အဖမ်းခံရ NOM ဩစတြေးလျ၏ အမြင့်ဆုံးဆုတံဆိပ်ရရှိထားသော စစ်မှုထမ်းဟောင်းနှင့် အထူးလေကြောင်းဝန်ဆောင်မှုတပ်ရင်းမှ တပ်ကြပ်ဟောင်းတစ်ဦးဖြစ်သူ ဘင် ရောဘတ်စ်-စမစ်ကို အင်္ဂါနေ့က ဆစ်ဒနီလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်၌တာဝန်ထမ်းဆောင်နေစဉ်အတွင်း လက်နက်မဲ့ အာဖဂန်နိုင်ငံသား ငါးဦးကို သတ်ဖြတ်မှုဖြင့် စစ်ရာဇဝတ်မှုစွဲချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးမည် NOM၊ဧပြီ၇၊၂၀၂၆ ရန်ကုန်တိုင်းအတွင်း သင်္ကြန်ကာလတွင် ယာဉ်မောင်းသူများအရက်သေစာသောက်စားထားတာ ရှိ/ မရှိ အရက် မူးတိုင်းကိရိယာ (Alcohol Tester) နဲ့ စစ်ဆေးသွားမည်ဖြစ်‌ေကြာင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန် ချက်အရသိရသည်။ မဟာသင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူတွေအနေနှင့် မူးယစ်သောက် စားပြီး ယာဉ် မောင်းတာ၊ အပျော်လွန်ကျူးပြီး စည်းကမ်းမဲ့ ပြိုင်မောင်းတာ၊ လမ်းလုပြီး မောင်းနှင်တာများ မလုပ်ရ‌ေကြာင်းသိရသည်။ ထို့အပြင် မော်တော်ယာဉ်များတွင် အိတ်ဇောပိုက် ဖြုတ်ပြီး မောင်းနှင်တာ၊ ယာဉ်နံပါတ်ပြား မတပ်ဆင်ဘဲမောင်းနှင် တာ၊ ယာဉ်နံပတ်ပါတ်အတုနှင့်အခြားယာဉ်နံပါတ်များတပ်ဆင်တာ၊ ယာဉ်ရဲ့ဘေးတံခါးများ၊ နောက်ဖုံးများ ဖြုတ်ပြီး မောင်းနှင်တာများ မလုပ်ရ‌ေကြာင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ယာဉ်မောင်းနှင်တဲ့သူတွေအနေနဲ့ သတ်မှတ်ထားသော လိုင်စင်များ၊ မှတ်ပုံတင်များ ပါရှိရမှာဖြစ်ပြီး ဖျက်သိမ်းထား တဲ့ ယာဉ်အို/ ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးတဲ့ယာဉ်များ၊ ပြုပြင်ဆဲယာဉ်များကိုလည်း မောင်းနှင်တာ မပြုရပါကြောင်းသိရသည်။ အဲဒါ့အပြင် နိုင်ငံတကာအလံများကို ယာဉ်များတွင်မှာ တပ်ဆင်တာ၊ ပစ်ကပ်ယာဉ်များမှာ သတ်မှတ်ထားသည့် ဝန်အလေးချိန်ထက် ပိုမိုတင်ဆောင်မောင်းနှင်တာနှင့်ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်/ ဘေးတွဲဆိုင်ကယ်များ စီးနင်းတာ မလုပ်ရကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါစည်းကမ်းချက်များကို လိုက်နာတာမရှိဘဲ ကျူးလွန်ရင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပြီး ယာဉ်မောင်းများကိုလည်း အရက်သေစာသောက်စားထားတာ ရှိ/ မရှိ အရက်မူးတိုင်းကိရိယာ(Alcohol Tester)နဲ့ တိုင်းတာစစ်ဆေးပြီး ချိုးဖောက်ရင် ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်‌ေကြာင်းသိရသည်။ အခုအခါ အချက်အချာကျတဲ့ လမ်းဆုံ/လမ်းခွ မီးပွိင့်များတွင် CCTV Camera များတပ်ဆင်ထားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများကိုကင်မရာများဖြင့် ရိုက်ကူးထားပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

🚨သမ္မတ ထရမ့်ရဲ့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက်မှာတော့ အီရန်နိုင်ငံဟာ အမေရိကန်နဲ့ ဆက်သွယ်ထားတဲ့ သံတမန်လမ်းကြောင်းတွေနဲ့ ကြားခံကနေတစ်ဆင့် ဆက်သွယ်နေတဲ့ လမ်းကြောင်းအားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအပြင် နှစ်နိုင်ငံကြား သတင်းစကား ဖလှယ်နေမှုတွေကိုလည်း အပြီးတိုင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အီရန်ဘက်က တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ NOM

🚨 ယူအေအီးရှိ သူရာယာ Thuraya ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ တိုက်ခိုက်ခံရ ယူအေအီးနိုင်ငံ၊ ရှာဂျာမြို့မှာရှိတဲ့ သူရာယာ Thuraya ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီဟာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ အာရပ်သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။  ဒီကုမ္ပဏီဟာ အာကာသ ၄၂ (Space 42) ရဲ့ ဂြိုဟ်တုဝန်ဆောင်မှုပေးတဲ့ လက်ခွဲတစ်ခုဖြစ်ပြီး ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ သုံးပုံနှစ်ပုံကျော်အထိ ဂြိုဟ်တုလှိုင်းတွေ ဖြန့်ကျက်ပေးထားတဲ့ အဓိကကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ NOM

"ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်" လို့ ထရမ့် သတိပေး အမေရိကန်သမ္မတ ထရမ့်က ၎င်းရဲ့ ထရု(သ်) ဆို
"ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်" လို့ ထရမ့် သတိပေး အမေရိကန်သမ္မတ ထရမ့်က ၎င်းရဲ့ ထရု(သ်) ဆိုရှယ်မီဒီယာအကောင့် မှာ အီရန်နဲ့ပတ်သက်ပြီး အခုလို ရေးတင်ခဲ့ပါတယ်။ "ဒီညမှာ အီရန်ယဉ်ကျေးမှုအဖွဲ့အစည်း တစ်ခုလုံး သေဆုံးသွားတော့မယ်။ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ကျွန်တော် ဒါမျိုး မဖြစ်စေချင်ပေမဲ့ ဖြစ်လာဖို့ကတော့ သေချာသလောက်ပဲ။ ဒါပေမဲ့ အခုဆိုရင် ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ကို အလုံးစုံ ပြောင်းလဲပစ်နိုင်ပြီဖြစ်လို့ ပိုပြီးတော်တဲ့ ပိုပြီးတော့ အစွန်းမရောက်တဲ့ ခေါင်းဆောင်သစ်တွေ ပေါ်ထွက်လာတော့မယ်။ တော်လှန်ရေးတစ်ခုလိုမျိုး အံ့ဩဖို့ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ။ ကမ္ဘာ့သမိုင်းရဲ့ ရှည်လျားခက်ခဲလှတဲ့ ကာလတွေထဲမှာ အရေးကြီးဆုံး အခိုက်အတန့်တစ်ခုကို ဒီညမှာ ကျွန်တော်တို့ သိရတော့မယ်။ ၄၇ နှစ်ကြာအောင် လိမ်လည်လှည့်ဖြားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သေဆုံးမှုတွေဟာ နောက်ဆုံးမှာတော့ အဆုံးသတ်သွားတော့မှာပါ။ အီရန်ပြည်သူတွေအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။" NOM

"အဆောက်အအုံကို ဖျက်ဆီးလို့ရပေမဲ့ စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရဘူး" အီရန်နိုင်ငံ၊ တဟီရန်မြို့က အီရနါနိုင်ငံရဲ့ ထိပ်တန်းနည်းပညာ
"အဆောက်အအုံကို ဖျက်ဆီးလို့ရပေမဲ့ စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရဘူး" အီရန်နိုင်ငံ၊ တဟီရန်မြို့က အီရနါနိုင်ငံရဲ့ ထိပ်တန်းနည်းပညာတက္ကသိုလ်ဖြစ်တဲ့ ရှာရစ်ဖ် တက္ကသိုလ်မှာ သင်္ချာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အလီရီဇာ ဇာရေး Alireza Zarei ဟာ သူ့ရဲ့ရုံးခန်း ပျက်စီးသွားပေမဲ့လည်း အဲဒီပျက်စီးနေတဲ့ ရုံးခန်းထဲမှာပဲ ကျောင်းသားတွေကို 'Randomized Algorithms' ဘာသာရပ်ကို ဆက်လက်သင်ကြားပေးနေပါတယ်။ ပါမောက္ခက "ကျွန်တော် ဒီနေရာကနေ ထွက်သွားမှာမဟုတ်ဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ပဲ။ အမေရိကန်နဲ့ အစ္စရေးတွေ တက္ကသိုလ် အဆောက်အအုံကို ဖျက်ဆီးပစ်လို့ ရနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကိုတော့ ဖျက်ဆီးလို့မရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ NOM

အစ္စတန်ဘူလ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ၃ ဦးသေဆုံး တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က အစ္စရေးကောင်စစ်ဝန်
+2
အစ္စတန်ဘူလ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ လူ ၃ ဦးသေဆုံး  တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က အစ္စရေးကောင်စစ်ဝန်ရုံးမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာပါတယ်။  အခုဖြစ်စဉ်မှာ တိုက်ခိုက်သူ ၂ ဦးအပါအဝင် စုစုပေါင်း လူ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ NOM 

🚨 အိမ်နီးချင်းနိုင်ငံများသို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ သတိပေးချက်- "သည်းခံမှု ကုန်ဆုံးသွားပြီ" • အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ဒေသတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို နောင်နှစ်ပေါင်းများစွာတိုင်အောင် အသုံးမပြုနိုင်စေရန်အတွက် ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ကျွန်ုပ်တို့ ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်သည်။ • အမေရိကန်၏ ဒေသတွင်း မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း သိထားသင့်သည်မှာ ယနေ့အချိန်အထိ ကျွန်ုပ်တို့သည် အိမ်နီးချင်းကောင်းပီသမှုကို အလေးထားသောကြောင့် လက်တုံ့ပြန်မည့် ပစ်မှတ်များကို ရွေးချယ်ရာတွင် အလွန်အမင်း ထိန်းသိမ်းသည်းခံခဲ့ကြသည်။ သို့သော် ယခုအချိန်မှစ၍ ထိုကဲ့သို့ ထည့်သွင်းစဉ်းစားမှုများအားလုံးကို ဖယ်ရှားလိုက်ပြီဖြစ်သည်။ NOM

အီရန်နိုင်ငံ၊ တီဟီရန်မြို့လယ်မှာရှိတဲ့ ရာဖီနီယာ Rafie Nia အမည်ရ ဂျူးဝတ်ပြုကျောင်းဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်
+1
အီရန်နိုင်ငံ၊ တီဟီရန်မြို့လယ်မှာရှိတဲ့ ရာဖီနီယာ Rafie Nia အမည်ရ ဂျူးဝတ်ပြုကျောင်းဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။ NOM

🚨 အီရန်နိုင်ငံ၊ ခါ့ဂ်ကျွန်း Kharg Island ပေါ်ရှိ ဘန်ကာများနှင့် ကာကွယ်ရေးစနစ်များကို အမေရိကန်က တိုက်ခိုက်နေပြီဖြစ်ပြီး အစ္စရေးက အီရန်နိုင်ငံ​၏ ရထားလမ်းများကွန်ာက်ကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ NOM

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးဌာနများနှင့်ဝန်ကြီးများအမည်စာရင်း NOM သောကြာနေ့တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌အတည်ပြုမည့်ဝန်ကြီးဌာနနှင့်ဝန်ကြီးများစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာန(၁၀)ခု ၁။လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗိုလ်မှူးကြီးဝင်းတင့် ၂။ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒေါက်တာမေသန်းနွယ် ၃။လူမှုရေးရာဝန်ကြီးဌာန၊ ဦးဗိုလ်ဌေး ၄။လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးနေလင်းထွန်း ၅။စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒေါက်တာမျိုးသော် ၆။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေါက်တာထူးမောင် ၇။စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဦးစိုးဦး ၈။ ပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီးဌာန၊ ဦးမျိုးမြင့်အောင် ၉။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဦးစောဂျက်ကော့ထူး ၁၀။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဦးနေမင်းထွန်း

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအား ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ စတင်ကောက်ခံမည် NOM ဧပြီ ၇၊ ၂၀၂၆ လျှပ်စစ်စွမ်းအင်သုံ
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအား ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ စတင်ကောက်ခံမည် NOM ဧပြီ ၇၊ ၂၀၂၆ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ (ဧပြီ ၆ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ထားကြောင်းသိရသည်။ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများ ကောက်ခံခြင်းမပြုဘဲ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက် ပေးခဲ့ရာ အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ် များအတွက် ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကို ဧပြီလ ၁ ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဧပြီ ၁ ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များကို မော်တော်ယာဥ်အမျိုး အစားနှင့် ဘက်ထရီစွမ်းဆောင်ရည်အလိုက် ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ်ကောက်ခံ မည်ဖြစ်ကြောင်းလည်းသိရသည်။ NOM