en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 555 subscribers, ranking 16 071 in the News & Media category and 10 062 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 555 subscribers.

According to the latest data from 16 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -270 over the last 30 days and by -12 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.40%. Within the first 24 hours after publication, content typically collects 9.94% reactions from the total number of subscribers.
  • Post reach: On average, each post receives 929 views. Within the first day, a publication typically gains 1 248 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 17.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 17 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 555
Subscribers
-1224 hours
-597 days
-27030 days
Posts Archive
နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် ဇွန် ၁၄၊ ၂၀၂၆ ၂၀၂၆-၂
+3
နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် ဇွန် ၁၄၊ ၂၀၂၆   ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။   အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက ပညာရေး ဝန်ကြီးဌာနအနေဖြင့်  ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အသိပညာ၊ အတတ်ပညာ များနှင့် ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အနည်းဆုံး အလယ်တန်းပညာ (KG+9)ပြီးမြောက်ရေး၊ သင်ကြားသင်ယူမှု အဆင့်မြှင့်တင်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးကို အခြေခံ၍ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူရေးအတွက် မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့သားသမီးများအား ပညာတတ်လူငယ်များဖြစ်စေရေး၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေရေး မိဘဆရာ တူယှဉ်တွဲကာ နှစ်ဦးနှစ်ဖက် မျှတစွာ ပဲ့ပြင်ပေးမှသာ ကလေး၏ အနာဂတ် ဖြောင့်ဖြူးနိုင်မည် ဖြစ်ပါကြောင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာရည်မြင့်မားစေရန်အတွက် ယခုလို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။    á€‘ိုအန္ဏက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများဖြစ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ KG ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြရာ ကျောင်းသား မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။   ယနေ့ နေပြည်တော်‌ကောင်စီရုံးမှ ဝန်ထမ်းသားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ရှစ်ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂၆ ဦး၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ၆၂ ဦး၊ KG ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ မူကြိုကျောင်းသား၊ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၁၃၃ ဦးအတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်  ၉၀၃၁၀၀၀ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလ
+2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသော ပါတီစုံ ဒီမို ရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတခဲနက် ဆန္ဒမဲပေးရွေးချယ် ခဲ့သည့် ဒီမိုကရေစီအစိုးရဖွဲ့စည်း တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့အား နိုင်ငံတော် ထံသို့လာရောက်အပ်နှံခဲ့ပါသည်။ အဆိုပါနီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမဆောင်၌ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊  á€”ိုင်ငလတ္ဏ်သမယမတရုလး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။ ဦးစွာ နိုငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က နီလာအရိုင်းတုံးကြီး နှင့် နီလာပုံဆောင်ခဲတို့၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် နီလာအရိုင်းတုံးကြီးနှင့် နီလာပုံဆောင်ခဲတို့အား ကြည့်ရှုစစ်ဆေးကြသည်။ ယခင် ၂၀၀၉ ခုနှစ်တွင် အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိသော နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ယခုနီလာရိုင်းတုံးကြီးသည် အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန် ခက်ခဲပြီးရှားပါးကြောင်း၊ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေဖြင့် အလင်း မှုန်အဆင့်ရှိပြီး ပြုပြင်ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် နီလာရိုင်းတုံးကြီး ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်တွင် တိုက်လေယာဉ်တစ်စီးပျက်ကျ။

အမေရိကန်နှင့်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းနှင့် ပတ်သက်၍ အီရန်နိုင်ငံသည် ရုရှား၊ တရုတ်နိုင်ငံတို့နှင့် တိုင်ပင်ဆွေးနွေးလျက်ရှိသည်။ NOM

အမေရိကန် ထောက်လှမ်းရေးသတင်းရင်းမြစ် ၅ ခုကို ကိုးကား၍ CNN က ဖော်ပြချက်အရ - အီရန်နိုင်ငံသည် ၎င်း၏ အဆင့်မြင့်သန့်စင်ထားသော ယူရေနီယံလက်ကျန် (အရန်သင့်သိုလှောင်ထားမှု) များကို နေရာခွဲဖြန့်ချထားခြင်း၊ မြေအောက်လှိုဏ်ဂူဝင်ပေါက်အချို့ကို ဖြိုချဖျက်ဆီးပစ်ခြင်းနှင့် လုံခြုံရေးကောင်းမွန်စွာ မြှင့်တင်ထားသည့် မြေအောက်အဆောက်အအုံများအတွင်း မိုင်းများနှင့် ထောင်ချောက်ဗုံးများ ဆင်ထားခြင်းတို့ကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုများသည် ၎င်းဒြပ်ပစ္စည်းများကို သွားရောက်ရယူမည့် (သို့မဟုတ်) ပြန်လည်သိမ်းဆည်းမည့် လုပ်ငန်းစဉ်ကို သိသိသာသာ ခက်ခဲရှုပ်ထွေးသွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းကြောင့် အမေရိကန်နှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်ဆိုပါက အီရန်အနေဖြင့် သန့်စင်ပြီး ယူရေနီယံများ၏ အဆင့်ကို ပြန်လည်လျှော့ချရန် (Downblend လုပ်ရန်) အချိန်များစွာ ပိုမိုကြာမြင့်သွားစေမည်ဖြစ်ပြီး တစ်ဖက်ကလည်း အီရန်အတွက် ယူရေနီယံသန့်စင်မှုလုပ်ငန်းစဉ်ကို တိတ်တဆိတ် ပြန်လည်စတင်ရန် အချိန်ဆွဲပေးရာ ရောက်စေမည်ဖြစ်သည်။ ထို့အပြင် ၎င်းယူရေနီယံများကို သွားရောက်သိမ်းဆည်းရန် ကြိုးပမ်းမည့် မည်သည့် အထူးစစ်ဆင်ရေးကိုမဆို အလွန်အမင်း အန္တရာယ်နှင့် စွန့်စားရမှု များပြားသွားစေမည် ဖြစ်သည်။ NOM

ယနေ့ မြန်မာအပါအဝင် ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှု အဓိက အကြောင်းအရင်းတွေကို လေ့လာစန်းစစ်ကြည့်မယ်ဆိုရင် ရုပ်ကြွင်း
ယနေ့ မြန်မာအပါအဝင် ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှု အဓိက အကြောင်းအရင်းတွေကို လေ့လာစန်းစစ်ကြည့်မယ်ဆိုရင် ရုပ်ကြွင်းလောင်စာ အသုံးပြုမှုများလာခြင်း၊ စွမ်းအင်နှင့် စက်မှု လုပ်ငန်းတွေ ထွန်းကားလာခြင်း၊ သစ်တောများပြုံးတီးခြင်း၊ လူဦးရေတိုးပွားလာမှုနဲ့ အတူ သစ်တောများကို အခြားမြေအသုံးချမှုအဖြစ်ပြောင်းလာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့်ဖြစ်တယ်.... ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်တက်ရောက် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလ
+3
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာနိုင်ငံ၊ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီးအား ကြည့်ရှု

ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်အခြေစိုက်စခန်းကို အီရန်က မကြာသေးမီက ဒုံးကျည်/ဒရုန်းများဖြင့် တိုက
ကူဝိတ်နိုင်ငံရှိ အမေရိကန်၏ အလီအယ်လ်ဆလမ် (Ali Al Salem) လေတပ်အခြေစိုက်စခန်းကို အီရန်က မကြာသေးမီက ဒုံးကျည်/ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် ASR-1000L အမျိုးအစား စစ်ဆင်ရေးသုံး ဝေဟင်စောင့်ကြည့်ရေး ရေဒါစနစ်တစ်ခု ပျက်စီးသွားခဲ့ကြောင်း ကြည်လင်ပြတ်သားမှုမြင့်မားသည့် ဂြိုဟ်တုဓာတ်ပုံအသစ်များအရ သိရှိရသည်။ NOM

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံ
+8
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၉၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ AR-327 ကြိုတင်သတိပေးရေဒါစနစ်ကို ဒရုန်း ဒါမှမဟုတ် ဒုံးကျည်နဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်
ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ AR-327 ကြိုတင်သတိပေးရေဒါစနစ်ကို ဒရုန်း ဒါမှမဟုတ် ဒုံးကျည်နဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြသတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အီရန်က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ရေဒါစနစ်ဟာ အကွာအဝေး ၄၇၀ ကီလိုမီတာ (ခန့်မှန်း မိုင် ၂၉၀) အထိ ထောက်လှမ်းခြေရာခံနိုင်စွမ်းရှိတာဖြစ်ပါတယ်။ NOM

ဗြိတိန်ကါကွယ်ရေးဝန်ကြီးနှုတ်ထွက် NOM ဗြိတိန်ကါကွယ်ရေးဝန်ကြီးဂျွန်ဟီလေသည်ရာထူးမှနှုတ်ထွက်သွားသည်။
ဗြိတိန်ကါကွယ်ရေးဝန်ကြီးနှုတ်ထွက် NOM ဗြိတိန်ကါကွယ်ရေးဝန်ကြီးဂျွန်ဟီလေသည်ရာထူးမှနှုတ်ထွက်သွားသည်။

မွန်းလွဲပိုင်းတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံရေးပြဿနာကို လက်နက်ကိုင် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရေး၊ တန်းတူရေးကိုအခြေခံသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်ပွားလာပါကလည်း တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေး၊ ဒေသတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များမရှိစေရေး၊ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်တည်တံ့သည့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးနှင့် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ နှစ်ဖက်ရရှိထားပြီးသည့် သဘောတူညီချက်များနှင့် အပစ်အခတ်ရပ်စဲမှုအခြေအနေကို လေ့လာစောင့်ကြည့်ခြင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့်ပတ်သက်ပြီး ချက်ချင်းဖြေရှင်းနိုင်မည့် အဖွဲ့စုံပါဝင်သည့် အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကိစ္စများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်က ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။   

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေး နေပြည်တော် ဇွန် ၁၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက် အမှတ် ၁/ ၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ ထိုသို့ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်နော်လိတ်နှင့် စဝ်စွမ်မောဝ်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်းတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ပေါ်ပေါက်လာသည့် ရွေးကောက်ခံအစိုးရသစ်လက်ထက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ကြိုတင်ကန့်သတ်ချက်မထားသည့် နည်းလမ်းဖြင့် ဆွေးနွေးသွားရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် ကိစ္စများအား ဆောင်ရွက်မှုမရှိစေရေး ကာကွယ်စောင့်ကြည့်သည့် လုပ်ငန်းများအား ယန္တရားတည်ဆောက်၍ ဆောင်ရွက်ထားရန်လိုပြီး အစိုးရမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပြတ် ထိတွေ့လိုကြောင်း၊ SSPP အဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။  ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ကြောင်း၊ ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အတိတ်က သင်ခန်းစာများကိုယူပြီး ယုံကြည်မှုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက တန်းတူရေးကို အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုထိခိုက်စေသည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအား အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ပစ်ခတ်တိုက်ခိုက်မှုများမဖြစ်ပွားစေရေး နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရေးတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP မှဆွေးနွေးသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ SSPP နှင့် ယခင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ မြေပြင်အခြေအနေနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများစပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

မူကြိုကလေးငယ်များအတွက်ယခင်က အာဟာရဖြည့်စွက်ငွေ၅၀၀ကျပ်နှုန်း ယခုတိုးမြှင့်ပေးရန်အစီအစဉ်မရှိဟုဆို NOM၊ဇွန်၁၃၊၂၀၂၆ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများအတွက် ကလေးတစ်ဦးလျှင် တစ်ရက်တာ အာဟာရဖြည့်စွက်စရိတ်အဖြစ် သတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်း ကို ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေး ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ယမန်နေ့ဇွန်၁၂ရက်ကရန်ကုန်တိုင်းလွှတ်တော်တွင်ဖြေကြား ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင် ၂၀၁၀ ခုနှစ်ဝန်းကျင်ကာလများတွင် မူလတန်းကြိုကျောင်းများရှိ ကလေးငယ်များအတွက် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သင့်တင့်မျှတသည့် နေ့လယ်စာနှင့် အာဟာရဖြည့်စွက်စာများ စီစဉ်ပေးနိုင်ခဲ့သော်လည်း လက်ရှိကုန်ဈေး နှုန်း မြင့်တက်လာမှုကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကလေးများအနေဖြင့် အိမ်မှ ထမင်းချိုင့်ယူဆောင်လာရသည့် အခြေအနေသို့ရောက်ရှိသည့်အတွက်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးတစ်ဦးအတွက် သတ်မှတ်ထားသည့် အာဟာရဖြည့်စွက်စရိတ် ၅၀၀ ကျပ်နှုန်းကို ကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်သတ်မှတ်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။ ယင်းမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးမှုအစီအစဉ်များကို ယခင်ကတည်းက တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင် စုအစိုးရ၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် လိုအပ်ချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မူလတန်းကြိုကျောင်း ၃၆ ကျောင်း ဖွင့်လှစ်ထားရှိပြီး လူမှုဝန်ထမ်း၂၁၃ဦးမှ ကလေးငယ်များအား ပြုစုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနား ဆည်မြောင်းအတွင်း ရေဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး NOM၊ဇွန်၁၃၊ ၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ဆည်မြောင်း
ပျဉ်းမနား ဆည်မြောင်းအတွင်း ရေဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး NOM၊ဇွန်၁၃၊ ၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ဆည်မြောင်းအတွင်း ရေဆင်းကူးခဲ့သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပျဉ်းမနား အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသည် ဆည်မြောင်းအတွင်း ရေဆင်းကူးစဉ် ရေစီးကြောင်းအောက်ရှိ ပြွန်လုံးအတွင်းသို့ ဝင်ရောက်သွားကာ ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ရေနစ်သူအား ရှာဖွေကယ်ဆယ်နိုင်ရန် ပျဉ်းမနားမြို့နယ် မီးသတ်စခန်းမှ ရေစုပ်စက်တစ်လုံးနှင့် ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHein Team မှ ရေစုပ်စက်တစ်လုံးတို့ အသုံးပြုကာ လေးနာရီကျော်ကြာ ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ နောက်ဆုံးတွင် ပြွန်လုံးအတွင်းရှိ အမှိုက်များကြား၌ ပိတ်မိကာ ရေနစ်သေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊နည်းပြသင်တန်းဆင်းပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ အားကစားရေးရာဝန်ကြီးဌာန၊မြန်မာနိုင်ငံရိုးရာလက်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊နည်းပြသင်တန်းဆင်းပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ အားကစားရေးရာဝန်ကြီးဌာန၊မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကဖွင့်လှစ်သောနည်းပြသင်တန်း(၁/၂၀၃၆))သင်တန်းဆင်းပွဲကိုဇွန်လ၁၂ရက်ညနေ၄း၀၀နာရီကသိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမတွင်ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲတွင်မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌဒေါက်တာတင်အောင်လွင်ကသင်တန်းဆင်းဂုဏ်ပြုစကားပြောကြားပြီးသင်တန်းသား၃၁ဦးကိုသင်တန်းဆင်းလက်မှတ်များချီးမြှင့်သည်။ထို့နောက်မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နာယကဦးကျင်ဦးကသင်တန်းအတွက်အလှူငွေကျပ်သိန်း၅၀ပေးအပ်ရာဥက္ကဌကလက်ခံရယူခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကိုဇွန်လ၁၂ရက်ကသိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမတွင်စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။အဆိုပါပြိုင်ပွဲသို့အမျိုးသား၁၄၅ဦးးအမျိုးသမီး၇ဦးဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီးဇွန်လ၁၆ရက်နေ့အထိနေ့စဉ်နံနက်၁၁း၀၀နာရီမှစတင်ကျင်းပလျှက်ရှိသည်။စိတ်ဝင်စားသောမည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) ======================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် ======================== မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ ရံဖန်ရံခါ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။ လှိုင်းအမြင့်။ ၉ ပေမှ ၁၁ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် ======================== မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ ရံဖန်ရံခါ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။ လှိုင်းအမြင့်။ ၉ ပေမှ ၁၁ ပေခန့်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြာ
၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်တည်ငြိမ်းအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ကို ကောင်းစွာ နားလည်လက်ခံထားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ ဇွန်လ ၁၂ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ဇွန် ၁၂၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်း
+7
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး   ဇွန် ၁၂၊ ၂၀၂၆   တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိနယ်မြေခံဆေးတပ်ရင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။   ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသတင်းရရှိသည်။