fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 501 مشترک است و جایگاه 16 779 را در دسته اخبار و رسانه‌ها و رتبه 10 290 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 501 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 11 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -156 و در ۲۴ ساعت گذشته برابر 4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.77% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.64% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 664 بازدید دریافت می‌کند. در اولین روز معمولاً 534 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 12 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 501
مشترکین
+424 ساعت
-227 روز
-15630 روز
آرشیو پست ها
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသ
+2
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနား တက်ရောက် နိုဝင်ဘာ ၉၊ ၂၀၂၆ ကျန်းမာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် “ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို၊ မြိုတော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက “မကွေးတိုင်းဒေသကြီးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနား” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)အတွင်း ကမ္ဘာတစ်လွှား လူဦးရေသန်း(၁၅၀) ကျော်၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သော်လည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ(WHO)၏ စောင့်ကြပ်ကြည့်ရှုရေးအချက်အလက်များအရ ကမ္ဘာတစ်ဝန်းနှင့် အိမ်နီးချင်းနိုင်ငံအချိုတွင် ဝက်သက်ရောဂါပြင်းထန်စွာဖြစ်ပွားလျက်ရှိသဖြင့် ရောဂါခုခံနိုင်စွမ်းအား ကွာဟချက်(Immunity Gap) များကို အမြန်ဆုံးဖြည့်ဆည်းရန် လိုအပ်နေခြင်းကြောင့် မိမိတိုမြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာလ နောက်ဆက်တွဲ ကာကွယ်ဆေးလွှမ်းခြုံမှုလျော့နည်းခဲ့သည့် ကလေးငယ် ခန့်မှန်းခြေ(၁.၈)သန်းနီးပါးအတွက် ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များအား Phase(1)အဖြစ် အောက်တိုဘာလတွင် တိုင်းနှင့်ပြည်နယ်(၄)ခု၌ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Phase (2) အဖြစ် မကွေးတိုင်းဒေသကြီးအပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုဝင်ဘာ (၉) ရက်မှ (၁၃) ရက်အထိ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်အတွက် WHO၊ UNICEF၊ GAVI အဖွဲ့တို့နှင့်ပူးပေါင်း၍ ဘဏ္ဍာရေးနှင့်နည်းပညာပံ့ပိုးမှုများရယူခဲ့သည့်အပြင် နိုင်ငံတော်မှလည်း ကာကွယ်ဆေးတန်ဖိုး၏ (၅.၂%) ထည့်ဝင်ကျခံထားပြီးဖြစ်သည့်အတွက် ဆေးထိုးစုရပ်နှင့် အချိန်ဇယားများ ပြည်သူထံမှန်ကန်စွာရောက်ရှိရေး၊ သတင်းစကားများ အသိပေးရေးနှင့်ကျန်ရှိကလေးများအား ပြန်လည်ရှာဖွေထိုးနှံပေးနိုင်ရေးတိုတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီနှင့်လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လုံခြုံစိတ်ချရသော ကာကွယ်ဆေးထိုးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။ ထိုနောက် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၂၆) စတင်ထိုးနှံခြင်း အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနား Video Clip ပြသသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးငယ်(၂၀) ဦးအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်၌ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာ
+1
မုဒုံမြို့နယ်၌ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာ ၉၊ ၂၀၂၆ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၈ ရက်နေ့ ည ၇ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၆ နာရီခွဲတွင် မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနေ ကိုထက်မြတ်ဝင်း (ခ) စနေဦး (၂၂) နှစ်သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကနာလိုကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်စဉ် နိုင်လှုံကျေးရွာ၏အရှေ့ဘက် ၄ မိုင်ခန့် အရောက်၌ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ကျင်သီတံတား ပြုပြင်မည်ဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းမှုယာယီပိတ်မည် NOM၊နိုဝင်ဘာ၉၊၂၀၂၆ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ သီပေါမြို့နယ်အတွင်းရှိ ကျင်သီတံတားအားနိုဝင်ဘာ၁၀ရက် ညနေ ၄နာရီမှစပြီး ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုများကိုပိတ်ထားမည်ဖြစ်ကြောင်း သီပေါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်းသိရသည်။ သို့ဖြစ်ပါ၍ အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာကြမည့် ခရီးသွားပြည်သူများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများအနေဖြင့် ယင်တံတားအနီးတွင်ဖောက်လုပ်ထားသည့် ယာယီတံတား (လမ်းလွှဲ) မှတစ်ဆင့် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ကြောင်းသိရသည်။ “ကျင်သီတံတားပြုပြင်နေတဲ့အချိန်မှာလမ်းလွဲတံတားကနေကားတွေသွားလာလို့ရပါတယ် ဒါပေမယ့်ဖြက်သန်းဖို့အတွက်တန်ချိန်ကိုတော့သက်မှတ်ထားတယ် ၅တန်အထက် ကားကြီးများသွားခွင့်ပိတ်ထားတယ်အိမ်စီးကားငယ်တွေ၊ ဆိုင်ကယ်တွေနဲ့၅ တန်အောက် ကားတွေကတော့ဖြက်သန်ခွင့်ရပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သီပေါမဲဆန္ဒနယ် စိုင်းကောင်း သက်စံကပြောသည်။ ကျင်သီတံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ နှင့် သီပေါမြို့တို့ကို ဆက်သွယ်ပေးထားသည့် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဓိကကျသော တံတားတစ်စင်း ဖြစ်ပြီး ယင်တံတား မှာတိုက်ပွဲများကြောင့် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ယာယီတံတားဖြင့် ဖြတ်သန်းသွားလာနေရသည့်မှာလက်ရှိအချိန်ထိဖြစ်ကြောင်းသိရသည်။ ကျောက်မဲ-သီပေါ လမ်းပိုင်းကို အသုံးပြု၍ ခရီးသွားမည်ဆိုပါက မထွက်ခွာမီ သက်ဆိုင်ရာ ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်စည်ပို့ဆောင်ရေးဂိတ်များသို့ ကြိုတင်ဆက်သွယ် မေးမြန်းသင့်ပသည့်ဟုအကြံပြုထားသည်။

လေးကြိမ်မြောက်  Myanmar Pet Expo 2026 ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ NOM၊နိုဝင်ဘာ၉၊၂၀၂၆ လေးကြိမ်မြောက်  Myanmar Pet Expo 2026 ပွဲကြီးကို ရန်ကုန်မြို့၊သာကေတမြို့နယ်ရှိ Fortune Plaza တွင်စည်ကားသိုက်မြှိုက်စွာကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲကို နိုဝင်ဘာ ၇ ရက် မှ ၈ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပထမနေ့တွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန် ၊ ဒုဥက္ကဌ ဒေါက်တာခင်လှိုင် ၊ မြန်မာနိုင် တိရစ္ဆာန် ဆေးကုဆရာဝန်များအသင်း ဥက္ကဌ ဒေါက်တာခင်ဇော် နှင့် တာဝန်ရှိ လူကြီးမင်းများ သည် အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။  “ဒီ Myanmar Pet Expo ကလုပ်တာတော့ဒီနှစ်နဲ့ဆိုရင်တော့ဒါလေးကြိမ်မြောက်ပါ။လေးကြိမ်မြောက်ထဲမှာတော့ကျွန်တော်ထင်တယ်။ဒီနှစ်ကအစည်ဆုံးပဲ နောက်နှစ်နောက်နှစ်တွေလည်းပိုပိုပြီးတော့စည်လာပြီးတော့ကျွန်တော်တို့ဒီတိရ စ္ဆာန်လောကပေါ့နော်။ဒီမွေးမြူတဲ့သူတွေ ရော၊အစာတွေ ရောင်းဝယ်ဖောက်ကားတဲ့သူတွေ‌ရောတော်တော်ကြီးနောက်ပိုင်းမှာ develop ဖြစ်လာမယ်လို့တော့ထင်တယ်ဗျ။ကျွန်တော် ကပွဲ joinဖြစ်တာ ဒုတိယမြောက်ပါ။ကျွန်တော်က 2024 တုန်း MCC မှာ Dr.THZ ဆေးခန်း အနေနဲ့တစ်ခါပါဖူးတယ်။အခုလည်း ဆေးခန်းအနေနဲ့ပါဖြစ်ပြီးလူအင်အားကပိုတောင့်လာတာပေါ့”ဟု Dr.THZ- Small Animals Medical Center မှဒေါက်တာသန်းထက်ဇော်ကပြောသည်။ အဆိုပါပွဲတွင် International dog show၊Fashion show ၊ငါးပြခန်း၊Exotic Pet နဲ့ Amazing Exotic အစရှိတဲ့ပြခန်းတွေလည်းစုံလင်စွာခင်းကျင်းပြသခဲ့ပါတယ်။လာရောက် လေ့လာကြသည့် တိချစ်သူတွေမှဆိုင်ခန်းများကိုလှည့်လည်ကြည့်ရှူပြီး တိ‌လေးများနဲ့အမှတ်တရဓာတ်ပုံများကိုလည်းရိုက်ကူးခဲ့ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန ကြည့်ရှုစစ်ဆေး နိုဝင်ဘာ ၈၊ ၂၀၂၆ ရန်ကုန်မြို့ အ
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်မြို့ရှိ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန ကြည့်ရှုစစ်ဆေး နိုဝင်ဘာ ၈၊ ၂၀၂၆   ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာနကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သွားရောက်ကြည့်ရှုစစ်ဆေးသည်။   ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံ့စက်မှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာနက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို အကျိုးရှိထိရောက်အောင် ထိန်းချုပ်စီမံခန့်ခွဲခြင်းဖြင့် ပြည်သူများအား စက်မှုလုပ်ငန်းများမှ ဓာတုပစ္စည်းဆိုင်ရာ ဘေးအန္တရာယ်ဆိုးကျိုးများမှ ကာကွယ်ရန်၊ နိုင်ငံ့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ဂေဟစနစ်တို့အပေါ် မလိုလားအပ်သည့် ထိခိုက်မှုများလျော့နည်းပပျောက်အောင် အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်ခွဲခန်းများကို အရည်အသွေးမြင့်မားကာ စံချိန်စံညွှန်များနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်၊ ကွင်ဆင်းစစ်ဆေးသူများအနေဖြင့် သတ်မှတ်အရည်အသွေး အသိအမှတ်ပြုလက်မှတ်များရရှိရေး ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းအား ISO/ IEC 17025 ရရှိရေးအတွက် ဆောင်ရွက်သွားရန်၊ နည်းပညာမြင့်စက်ပစ္စည်းများအား စီမံချက်အတိုင်း ဖြည့်တင်းပြီး လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များအား ပျိုးထောင်ဆောင်ရွက်သွားရန်၊ ပုဂ္ဂလိကစက်မှုနှင့် MSMEs လုပ်ငန်းရှင်များ သင်တန်းများဖွင့်လှစ်ခြင်း၊ အသိပညာပေးပွဲများ ကျင်းပခြင်းနှင့် နိုင်ငံတကာ သုတေသနလုပ်ငန်းများကို ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။   ဆက်လက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ဓာတ်ခွဲခန်းများနှင့် Chemical Reagent Storage၊ Waste Management System (Chemical Management Center) တွင် ကြည့်ရှုစစ်ဆေးကာ သတ်မှတ် SOP များအတိုင်း ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် န
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို နိုဝင်ဘာ ၈၊ ၂၀၂၆   နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးလင်းနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးတို့အတွက် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်များဖြင့် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ငါးမျိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့ နိုဝင်ဘာ ၈၊ ၂၀၂၆ န
တနင်္သာရီတိုင်းဒေသကြီး ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ငါးမျိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့ နိုဝင်ဘာ ၈၊ ၂၀၂၆   နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုနေသည့် ရေထွက်ကုန် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်မွေးမြူရေးကဏ္ဍ ငါးမျိုးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်းရရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။   မွေးမြူရေးကဏ္ဍတွင် ငါးမွေးမြူရေးလုပ်ငန်းမှ ၂ ဒသမ ၀၃၂ သန်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းမှ ၄၈ ဒသမ ၀၀၃ သန်း၊ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းမှ ၁ ဒသမ ၆၈၉ သန်း၊ ဂျင်းခရုမွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၄၂၄ သန်းနှင့် ရေမှော်မွေးမြူရေးလုပ်ငန်းမှ ၀ ဒသမ ၀၄၅ သန်းဖြင့် စုစုပေါင်း ကုန်တန်ချိန် ၁၂၂၆၇ ဒသမ ၃၆၈ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့ခြင်းဖြစ်သည်။   “တနင်္သာရီတိုင်းဒေသကြီးမှာ ၈၉ ရာခိုင်နှုန်းကျော်ဟာ ရေလုပ်ငန်းလုပ်ကိုင်တာကြောင့် ကုန်ကြမ်းတင်ပို့မှုကနေ ကုန်ချောထုတ်လုပ်နိုင်ရင် နိုင်ငံခြားငွေပိုပြီး ရရှိစေမှာပါ။ ပြီးတော့ ငါး၊ ပုစွန်အရှင်ကို လေကြောင်းနဲ့ တင်ပို့နိုင်ရင်လည်း နိုင်ငံခြားငွေတိုးမြှင့်ရရှိစေမှာပါ။ ဝမ်းသာစရာက နိုင်ငံတော်သမ္မတကြီးက မြိတ်လေဆိပ်ကို တိုးချဲ့တည်ဆောက်ဖို့ လမ်းညွှန်ခဲ့တဲ့အတွက် တည်ဆောက်နေတာကြောင့် ပြည်ပကို ငါး၊ ပုစွန်အရှင် တင်ပို့နိုင်ပြီဆိုရင် သိသိသာသာ နိုင်ငံခြားငွေ တိုးမြှင့်ရရှိလာမှာပါ။ ရေလုပ်သားနဲ့လုပ်ငန်းရှင်တွေလည်း ဝင်ငွေကောင်းလာမှာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးကို အထူးပဲကျေးဇူးတင်နေကြပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးကပြောသည်။   ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့် မြိတ်ကျွန်းစုနှင့် တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းဝေးကမ်းနီးတို့တွင် ရေထွက်ကုန်များကို ဖမ်းဆီးကြသည့်အပြင် ငါး/ ပုစွန်နှင့် ဈေးကွက်ရ ပြည်ပပို့ကုန် ရေထွက်ပစ္စည်းများကိုလည်း နှစ်စဉ်မွေးမြူထုတ်လုပ်လျက်ရှိကာ ပြည်ပပို့ကုန်ပုစွန်ကို ယခုနှစ်တွင် တိုးမြှင့်မွေးမြူလျက်ရှိသည်။   နှစ်စဉ် ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိနေသည့် မြိတ်ကျွန်းစုသည် ရေချို ရေငန် သဘာဝသယံဇာတများစွာ ပေါများသည့်ဒေသဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံခြားငွေရရှိမှုကို အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံသည် ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း တစ်သောင်း ကျော်ရရှိခဲ့ပြီး မြစ်ချောင်းအင်းအိုင်နှင့် ငါးဖမ်းကွက်များစွာရှိသည့် မြန်မာနိုင်ငံအနေဖြင့် မွေးမြူရေးနှင့် ဖမ်းဆီးရေးကဏ္ဍတို့တွင် နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိရန် မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲဆောင်ရွက်မှုနှင့်အတူ တိုက်ရိုက်တင်ပို့နိုင်မည့် ပို့ဆောင်ရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်လာခြင်းသည် ရေထွက်ကုန်တင်ပို့မှု ဈေးကွက်သစ်ပွင့်လန်းမှုကို အထောက်အပံ့ဖြစ်စေလျက်ရှိ၍ နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိလာမည့် လင်းရောင်ခြည်များသန်းလျက်ရှိကြောင်း သိရသည်။

အိန္ဒိယမြောက်ပိုင်းတွင် လူ ၆၀ လိုက်ပါလာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့မှုကြောင့် လူ ၃ ဦး သေဆုံးသွားသည်။

ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် အသိပေး
ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန် အသိပေး

ယူကရိန်းတွင် ငြိမ်းချမ်းရေး ရရှိလာမည်ဖြစ်ပြီး ၎င်းနိုင်ငံ၏ နယ်မြေပုံသဏ္ဌာန်မှာ "အနည်းငယ် ပြောင်းလဲသွားနိုင်ဖွယ်" ရှိသည်ဟု အမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ နှစ်ဖက်စလုံးသည် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် အလွန်နီးစပ်နေပြီဟု သုံးသပ်ထားပြီး ယူကရိန်း၏ ပိုင်နက်နယ်မြေ အပြောင်းအလဲ ရှိလာနိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

အီရတ်ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီ (Al-Zaidi) သည် တံခါးပိတ်အစည်းအဝေးတစ်ခုအတွင်း အီရတ်နိုင်ငံရှိ ရှီအိုက်အစ္စလာမ်မစ်ခုခံတော်လှန်ရေ
အီရတ်ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီ (Al-Zaidi) သည် တံခါးပိတ်အစည်းအဝေးတစ်ခုအတွင်း အီရတ်နိုင်ငံရှိ ရှီအိုက်အစ္စလာမ်မစ်ခုခံတော်လှန်ရေးအုပ်စုများအား နောက်လာမည့်စစ်ပွဲတွင် အီရန်ဘက်မှ စစ်ရေးကူညီပံ့ပိုးပေးပါက ၎င်းတို့၏ခေါင်းဆောင် များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးအရေးယူသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် အီရတ်အစ္စလာမ်မစ်ခုခံတော်လှန်ရေးအဖွဲ့က ရှီအိုက်ခေါင်းဆောင်များအား ဖမ်းဆီးရန် ကြိုးပမ်းပါက အီရတ်အစိုးရအဖွဲ့ ပြုတ်ကျသွားသည်အထိ ဖြစ်သွားမည်ဟု အယ်လ်ဇိုင်ဒီကို သတိပေးခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် အီရတ်ပိုင်နက်ကို အသုံးပြု၍ အီရန်အား ကျူးကျော်တိုက်ခိုက်ရန် အစီအစဉ်များကို ဆွေးနွေးခဲ့ဖူးကြောင်းလည်း အယ်လ်ဇိုင်ဒီက ပြောကြားခဲ့သည်။

+3
အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသရှိ ယူအေအီး (UAE) နှင့် အမေရိကန်တို့ ပူးတွဲစီမံခန့်ခွဲနေသည့် ခိုမော (Khor Mor) ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်နှင့် အခြားသောပစ်မှတ်များကို အီရန်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို   နိုဝင်ဘာ ၈၊ ၂၀၂၆   နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် အင်းမမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပါရာဂွေးသမ္မတ ပေညာ တာဝန်မှ ရုပ်သိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခံရ NOM ပါရာဂွေး အထက်လွှတ်တော်က သမ္မတ ဆန်တီယာဂို ပေညာ (San
ပါရာဂွေးသမ္မတ ပေညာ တာဝန်မှ ရုပ်သိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခံရ NOM ပါရာဂွေး အထက်လွှတ်တော်က သမ္မတ ဆန်တီယာဂို ပေညာ (Santiago Peña) ကို တာဝန်မှ ဖယ်ရှားရှင်းလင်းပစ်ခဲ့သည်။ ၎င်းကို ရဲတပ်ဖွဲ့က ချက်ချင်း ထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့သည်။ ပေညာသည် နိုင်ငံ၏ အကြီးမားဆုံး ဘဏ်တစ်ခုမှ ပြည်သူများ၏ ပင်စင်နှင့် လူမှုဖူလုံရေး ရန်ပုံငွေများ၊ ပြည်သူများ၏ ပုဂ္ဂလိက အပ်နှံငွေများကို ခိုးယူကာ ဘဏ်ကို ဒေဝါလီခံစေခဲ့ရုံသာမက၊ ထိုငွေများကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ထရမ့် ၊နေတန်ယာဟုတို့ကို ငွေကြေးထောက်ပံ့ရန် ခိုးယူခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲဖော်ပြထားသည်။ ပေညာသည် ပါရာဂွေး၏ တပ်မတော်နှင့် ထောက်လှမ်းရေးဌာနများကို CIA နှင့် Mossad တို့၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ရုံသာမက၊ အာဂျင်တီးနားသမ္မတ ဟားဗီးယား မီလေ ၏ အကြံပေးဟောင်း ဖာနန်ဒို ဆီရီမီဒို နှင့်လည်း ဆက်နွှယ်မှု ရှိခဲ့သည်။ မူးယစ်မှောင်ခိုသမားတစ်ဦးဖြစ်သူ ဆီရီမီဒိုသည် အမေရိကန်သမ္မတ၏ စံအိမ်တော်သို့ ကိုယ်တိုင်သွားရောက်ကာ ထရမ့်နှင့် တွေ့ဆုံခဲ့ပြီး ထရမ့်၏ ဆုချီးမြှင့်ခြင်းကို ခံခဲ့ရသည်။ ၎င်းသည် ထရမ့်နှင့် တောင်အမေရိကတစ်လွှားရှိ ဇီယွန်ဝါဒီ ‘လက်ယာယိမ်း’ မူးယစ်ဘုရင်များ ကွန်ရက်ကြားတွင် ပေါင်းကူးဆက်ဆံရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ကိုလံဘီယာတွင်လူဆိုးဂိုဏ်းကစစ်စခန်းကိုဒရုန်းဖြင့်တိုက် NOM ကိုလံဘီယာနိုင်ငံ၊ ဘိုလီးဗား ဒေသတောင်ပိုင်း၊ ဆန်တာ ရိုဆာမြို့ရှိ တပ်စခန်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့သည်။ စစ်တပ်၏ ထုတ်ပြန်ချက်အရ စစ်သည် ၃ ဦး သေဆုံးကာ ၈ ဦး ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ပြီး အခြားတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်မှုများ ရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအပြီးတွင် သမ္မတ အေဘယ်လာဒို ဒီ လာ အက်စပရီယာလာ က သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုများနှင့်အတူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ရာဇဝတ်ဂိုဏ်းများကိုလည်း “မင်းတို့ ငါတို့ကို ခြိမ်းခြောက်လို့ရမှာ မဟုတ်သလို၊ နောက်ဆုတ်သွားအောင်လည်း ဖိအားပေးနိုင်မှာ မဟုတ်ဘူး” ဟု သတိပေးပြောကြားခဲ့သည်။

အမေရိကန်ရွေးကေါက်ပွဲတွင်လိင်ပြောင်းထားသူ ၈ ဦးအနိုင်ရ NOM အမေရိကန်ကြားဖြတ်ျရွးကေါက်ပွဲတွင်ဒီမိုကရက်ပါတီမှဝင်ရောက်ယှဉ်ပြိုင်သော
အမေရိကန်ရွေးကေါက်ပွဲတွင်လိင်ပြောင်းထားသူ ၈ ဦးအနိုင်ရ NOM အမေရိကန်ကြားဖြတ်ျရွးကေါက်ပွဲတွင်ဒီမိုကရက်ပါတီမှဝင်ရောက်ယှဉ်ပြိုင်သောယောက်ကျားအဖြစ်မှမိန်းမအဖြစ်သို့လ်င်ပြောင်းထားသူ၈ဦးအနိုင်ရခဲ့သည်။

ဆော်ဒီမြို့တော်ကိုဟူသီတို့တိုက်လိုက်ပြန် NOM ယနေ့စောစောပိုင်းက ဆော်ဒီနိုင်ငံ၊ရီယဒ်မြို့ တော်ရှိ ဆော်ဒီနိုင်ငံပိုင် Aramco Tow
+1
ဆော်ဒီမြို့တော်ကိုဟူသီတို့တိုက်လိုက်ပြန် NOM ယနေ့စောစောပိုင်းက ဆော်ဒီနိုင်ငံ၊ရီယဒ်မြို့ တော်ရှိ ဆော်ဒီနိုင်ငံပိုင် Aramco Tower သည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။ ရီယဒ်မြို့၏ အမြင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်သည့် ထိုတာဝါ၏ အထပ်ပေါင်းများစွာတွင် ပျက်စီးသွားသော ပြတင်းပေါက်မှန်များကို တွေ့ရှိခဲ့ရသည်။ဆော်ဒီအာဏာပိုင်များက ထိခိုက်ပျက်စီးမှုမှာ နည်းပါးပြီး ထိခိုက်ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူ မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အီရန်ကအမေရိကန်တွင်အာဏာရပါတီရှုံးနိမ့်အောင်ပြုလုပ်နိုင်ခဲ့သည်ကို AIဗီဒီယိုဖြင့်ထရမ့်ကိုလှောင်ပြောင်

ဇေယျာသီရိမြို့နယ်တွင် ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး နိုဝင်ဘာ ၈၊၂၀၂၆ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇ
ဇေယျာသီရိမြို့နယ်တွင် ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး နိုဝင်ဘာ ၈၊၂၀၂၆ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် လယ်ကွင်းအတွင်း ကျင်စက်ဖြင့် ငါးဖမ်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ၈ရက် နံနက် ၉နာရီ၅၀မီနစ် ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ အုပ်စု၊ ဝက်စုကျေးရွာရှိ လယ်ကွင်းအတွင်း လူတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း သိရသည်။ အဆိုပါ သေဆုံးသူမှာ ဝက်စုကျေးရွာတွင် နေထိုင်သည့် အသက် (၃၆) နှစ်အရွယ် ဦးချစ်စန်းမောင် ဖြစ်ပြီး၊ ယာတံတောင်ဆစ်တွင် ညိုမဲဒဏ်ရာ၊ လက်မောင်းနှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိကာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရ‌သည်။ ယင်း၏ရုပ်အလောင်းအား နေပြည်တော် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ရေဆင်းနယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

+2
ပိုလန်အာဏာပိုင်များက မနေ့က ကရာကော့ဗ် (Kraków) မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးခဲ့သူများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားအပါအဝင် ဒဏ်ရာရရှိသူ ၁၆ ဦးရှိပြီး၊ ၎င်းတို့အနက် ၁၁ ဦးမှာ ပိုလန်နိုင်ငံသားများဖြစ်ကြပြီး ၅ ဦးမှာ နိုင်ငံခြားသားများဖြစ်သည်။ ၁၄ ဦးမှာ စိုးရိမ်စရာမရှိသည့် အခြေအနေတွင်ရှိကာ၊ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး၊ အကြမ်းဖက်သမားမှာမူ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ အကြမ်းဖက်သမားအား ညတွင်းချင်း ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်ကုသပေးခဲ့ရသည်။ ဒဏ်ရာရရှိခဲ့သည့် နိုင်ငံခြားသားများမှာ ဗြိတိန်၊ ပေါ်တူဂီ၊ ရုရှား၊ ဂျာမနီနှင့် သြစတြီးယား နိုင်ငံသားများဖြစ်ကြသည်။ ဒဏ်ရာရရှိခဲ့သည့် ရဲအရာရှိများအနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးဝါးဖြင့် ကိုမာသွင်း (medically induced coma) ၍ ကုသပေးနေရသည်။ ထို့အပြင် သေဆုံးသူ ၆ ဦးအနက် ၄ ဦးမှာ ပိုလန်နိုင်ငံသားများဖြစ်ပြီး၊ ၁ ဦးမှာ ဗြိတိန်နိုင်ငံသားနှင့် ကျန် ၁ ဦးမှာ ပိုလန်နိုင်ငံသားမဟုတ်သည့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ ထိုအမျိုးသမီး၏ နိုင်ငံသားကို အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း TASS သတင်းအေဂျင်စီကမူ ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ ၎င်းမှာ ရုရှားနိုင်ငံသူဖြစ်ကြောင်း ဖော်ပြထားသည်။