ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 563 名订阅者,在 新闻与媒体 类别中位列第 16 056,并在 缅甸 地区排名第 10 053

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 563 名订阅者。

根据 15 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -266,过去 24 小时变化为 -11,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.46%。内容发布后 24 小时内通常能获得 10.31% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 937 次浏览,首日通常累积 1 296 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 17

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 16 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 563
订阅者
-1124 小时
-677
-26630
帖子存档
ဗြိတိန်ကါကွယ်ရေးဝန်ကြီးနှုတ်ထွက် NOM ဗြိတိန်ကါကွယ်ရေးဝန်ကြီးဂျွန်ဟီလေသည်ရာထူးမှနှုတ်ထွက်သွားသည်။
ဗြိတိန်ကါကွယ်ရေးဝန်ကြီးနှုတ်ထွက် NOM ဗြိတိန်ကါကွယ်ရေးဝန်ကြီးဂျွန်ဟီလေသည်ရာထူးမှနှုတ်ထွက်သွားသည်။

မွန်းလွဲပိုင်းတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံရေးပြဿနာကို လက်နက်ကိုင် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရေး၊ တန်းတူရေးကိုအခြေခံသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်ပွားလာပါကလည်း တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေး၊ ဒေသတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များမရှိစေရေး၊ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်တည်တံ့သည့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးနှင့် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ နှစ်ဖက်ရရှိထားပြီးသည့် သဘောတူညီချက်များနှင့် အပစ်အခတ်ရပ်စဲမှုအခြေအနေကို လေ့လာစောင့်ကြည့်ခြင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့်ပတ်သက်ပြီး ချက်ချင်းဖြေရှင်းနိုင်မည့် အဖွဲ့စုံပါဝင်သည့် အဖွဲ့တစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကိစ္စများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်က ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။   

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေး နေပြည်တော် ဇွန် ၁၃ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက် အမှတ် ၁/ ၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ ထိုသို့ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်နော်လိတ်နှင့် စဝ်စွမ်မောဝ်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်းတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ပေါ်ပေါက်လာသည့် ရွေးကောက်ခံအစိုးရသစ်လက်ထက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ကြိုတင်ကန့်သတ်ချက်မထားသည့် နည်းလမ်းဖြင့် ဆွေးနွေးသွားရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့် ကိစ္စများအား ဆောင်ရွက်မှုမရှိစေရေး ကာကွယ်စောင့်ကြည့်သည့် လုပ်ငန်းများအား ယန္တရားတည်ဆောက်၍ ဆောင်ရွက်ထားရန်လိုပြီး အစိုးရမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပြတ် ထိတွေ့လိုကြောင်း၊ SSPP အဖွဲ့၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။  ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ကြောင်း၊ ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အတိတ်က သင်ခန်းစာများကိုယူပြီး ယုံကြည်မှုတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက တန်းတူရေးကို အခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုထိခိုက်စေသည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအား အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ပစ်ခတ်တိုက်ခိုက်မှုများမဖြစ်ပွားစေရေး နှစ်ဖက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရေးတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP မှဆွေးနွေးသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ SSPP နှင့် ယခင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ မြေပြင်အခြေအနေနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများစပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

မူကြိုကလေးငယ်များအတွက်ယခင်က အာဟာရဖြည့်စွက်ငွေ၅၀၀ကျပ်နှုန်း ယခုတိုးမြှင့်ပေးရန်အစီအစဉ်မရှိဟုဆို NOM၊ဇွန်၁၃၊၂၀၂၆ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများအတွက် ကလေးတစ်ဦးလျှင် တစ်ရက်တာ အာဟာရဖြည့်စွက်စရိတ်အဖြစ် သတ်မှတ်ထားသည့် ၅၀၀ ကျပ်နှုန်း ကို ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေး ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ယမန်နေ့ဇွန်၁၂ရက်ကရန်ကုန်တိုင်းလွှတ်တော်တွင်ဖြေကြား ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းက တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင် ၂၀၁၀ ခုနှစ်ဝန်းကျင်ကာလများတွင် မူလတန်းကြိုကျောင်းများရှိ ကလေးငယ်များအတွက် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သင့်တင့်မျှတသည့် နေ့လယ်စာနှင့် အာဟာရဖြည့်စွက်စာများ စီစဉ်ပေးနိုင်ခဲ့သော်လည်း လက်ရှိကုန်ဈေး နှုန်း မြင့်တက်လာမှုကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကလေးများအနေဖြင့် အိမ်မှ ထမင်းချိုင့်ယူဆောင်လာရသည့် အခြေအနေသို့ရောက်ရှိသည့်အတွက်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးတစ်ဦးအတွက် သတ်မှတ်ထားသည့် အာဟာရဖြည့်စွက်စရိတ် ၅၀၀ ကျပ်နှုန်းကို ကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်သတ်မှတ်ပေးရန် သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။ ယင်းမေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးမှုအစီအစဉ်များကို ယခင်ကတည်းက တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ ပြည်ထောင် စုအစိုးရ၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရ၏ သီးခြားရန်ပုံငွေဖြင့် ထပ်ဆောင်းထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် လိုအပ်ချက်များကို လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မူလတန်းကြိုကျောင်း ၃၆ ကျောင်း ဖွင့်လှစ်ထားရှိပြီး လူမှုဝန်ထမ်း၂၁၃ဦးမှ ကလေးငယ်များအား ပြုစုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနား ဆည်မြောင်းအတွင်း ရေဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး NOM၊ဇွန်၁၃၊ ၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ဆည်မြောင်း
ပျဉ်းမနား ဆည်မြောင်းအတွင်း ရေဆင်းကူးသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး NOM၊ဇွန်၁၃၊ ၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ဆည်မြောင်းအတွင်း ရေဆင်းကူးခဲ့သည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပျဉ်းမနား အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသည် ဆည်မြောင်းအတွင်း ရေဆင်းကူးစဉ် ရေစီးကြောင်းအောက်ရှိ ပြွန်လုံးအတွင်းသို့ ဝင်ရောက်သွားကာ ပြန်လည်ထွက်ပေါ်လာခြင်း မရှိတော့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ရေနစ်သူအား ရှာဖွေကယ်ဆယ်နိုင်ရန် ပျဉ်းမနားမြို့နယ် မီးသတ်စခန်းမှ ရေစုပ်စက်တစ်လုံးနှင့် ပျဉ်းမနားမြို့နယ် အရန်မီးသတ် KoHein Team မှ ရေစုပ်စက်တစ်လုံးတို့ အသုံးပြုကာ လေးနာရီကျော်ကြာ ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ နောက်ဆုံးတွင် ပြွန်လုံးအတွင်းရှိ အမှိုက်များကြား၌ ပိတ်မိကာ ရေနစ်သေဆုံးနေသည့် အမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊နည်းပြသင်တန်းဆင်းပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ အားကစားရေးရာဝန်ကြီးဌာန၊မြန်မာနိုင်ငံရိုးရာလက်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊နည်းပြသင်တန်းဆင်းပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ အားကစားရေးရာဝန်ကြီးဌာန၊မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကဖွင့်လှစ်သောနည်းပြသင်တန်း(၁/၂၀၃၆))သင်တန်းဆင်းပွဲကိုဇွန်လ၁၂ရက်ညနေ၄း၀၀နာရီကသိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမတွင်ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲတွင်မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌဒေါက်တာတင်အောင်လွင်ကသင်တန်းဆင်းဂုဏ်ပြုစကားပြောကြားပြီးသင်တန်းသား၃၁ဦးကိုသင်တန်းဆင်းလက်မှတ်များချီးမြှင့်သည်။ထို့နောက်မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နာယကဦးကျင်ဦးကသင်တန်းအတွက်အလှူငွေကျပ်သိန်း၅၀ပေးအပ်ရာဥက္ကဌကလက်ခံရယူခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ NOM၊ဇွန်၁၃၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံရိုးရာလက်ဝှေ့ပြိုင်ပွဲကိုဇွန်လ၁၂ရက်ကသိမ်ဖြူရိုးရာလက်ဝှေ့အားကစားခန်းမတွင်စတင်ကျင်းပလျက်ရှိကြောင်းသိရသည်။အဆိုပါပြိုင်ပွဲသို့အမျိုးသား၁၄၅ဦးးအမျိုးသမီး၇ဦးဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီးဇွန်လ၁၆ရက်နေ့အထိနေ့စဉ်နံနက်၁၁း၀၀နာရီမှစတင်ကျင်းပလျှက်ရှိသည်။စိတ်ဝင်စားသောမည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်) ======================== ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက် ======================== မိုးလေ၀သအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။ အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ ရံဖန်ရံခါ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။ လှိုင်းအမြင့်။ ၉ ပေမှ ၁၁ ပေခန့်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ======================== ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက် ======================== မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။ ရေပြင်လေ။ တောင် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ ရံဖန်ရံခါ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။ လှိုင်းအမြင့်။ ၉ ပေမှ ၁၁ ပေခန့်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြာ
၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကပင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားလိုကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်တည်ငြိမ်းအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မည်ကို ကောင်းစွာ နားလည်လက်ခံထားကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၊ ဇွန်လ ၁၂ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး ဇွန် ၁၂၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်း
+7
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး   ဇွန် ၁၂၊ ၂၀၂၆   တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိနယ်မြေခံဆေးတပ်ရင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။   ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသတင်းရရှိသည်။

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th Myanmar-Thai Navy to Navy Talks) ပြုလုပ်။ ဇွန် ၁
+1
(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th Myanmar-Thai Navy to Navy Talks) ပြုလုပ်။ ဇွန် ၁၂၊ ၂၀၂၆

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံသားကောင်းများအား သွားရောက်တွေ့ဆုံအားပေး။ ဇွန် ၁
+1
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံသားကောင်းများအား သွားရောက်တွေ့ဆုံအားပေး။ ဇွန် ၁၂၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) တို့အား သွားရောက် ကြည့်ရှုစစ်ဆေး

နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံး NOM ဇွန် ၁၂၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာနေ ဦးမောင်ထွေး (၄၀) နှစ်သည် ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်၌ ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အစ္စရေးသတင်းမြစ်တစ်ခု၏အဆိုအရ အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ (MoU) သဘောတူညီချက်အရ ထိန်းချုပ်ခြင်းခံထားရသည့် အီရန်ပိုင်ဆိုင်မှု (ငွေကြေး) များကို ပြန်လည်ထုတ်ပေးခြင်းမပြုရန် အစ္စရေးက အမေရိကန်အပေါ် ဖိအားပေးလျက်ရှိကြောင်း CNN သတင်းဌာနကဖော်ပြထားသည်။ NOM

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၂ လုံး အာ
+4
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၂ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၅၈ လုံးဖြိုချဖျက်ဆီးပြီးဖြစ် ဇွန် ၁၂၊ ၂၀၂၆

အမေရိကန်နှင့်ချုပ်ဆိုမည့် နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းတွင် ပါဝင်သည်ဆိုသော စည်းကမ်းချက်များကို အီရန်အခြေစိုက် မေဟာ သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ၎င်းသတင်းဌာနသည် အီရန်ညှိနှိုင်းရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သော်လည်း၊ အဆိုပါအချက်အလက်များကို အီရန်အစိုးရနှင့် အမေရိကန်အစိုးရကပါ လူသိရှင်ကြား အတည်ပြုထားခြင်း မရှိသေးပေ။ ထို့အပြင် ယခုစာသားမှာ အီရန်ခေါင်းဆောင်ပိုင်းက အပြီးသတ်အတည်မပြုရသေးသော စာသားဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ သတင်းထုတ်ပြန်ချက်အရ အဆိုပါမူကြမ်းတွင် အချက် ၁၄ ချက်ပါဝင်သည်။ 🔸 လက်ဘနွန် အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲကို ချက်ချင်းနှင့် အပြီးတိုင် ရပ်တန့်ရန်။ 🔸 အမေရိကန်အနေဖြင့် "အီရန်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ကတိကဝတ်ပြုရန်" နှင့် အီရန်၏ အချုပ်အခြာအာဏာကို လေးစားရန်။ 🔸 ရက်ပေါင်း ၃၀ အတွင်း အမေရိကန်၏ ရေတပ်ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရန်။ 🔸 အီရန်နိုင်ငံ ပတ်ဝန်းကျင်ရှိ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းပေးရန်။ 🔸 ရက်ပေါင်း ၃၀ အတွင်း ဟော်မုဇ်ရေလက်ကြားကို "အီရန်၏ စီစဉ်မှုများဖြင့်" ပြန်လည်ဖွင့်လှစ်ရန်။ 🔸 အီရန်ရေနံအပေါ် ချမှတ်ထားသော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ရန်။ 🔸 အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် အီရန်နိုင်ငံအတွက် "အနည်းဆုံး ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိ" ပြန်လည်ထူထောင်ရေးစီမံကိန်းများကို ရေးဆွဲပေးရန်။ 🔸 နျူကလီးယားကိစ္စရပ်များနှင့် ပိတ်ဆို့အရေးယူမှုများကို အပြီးတိုင်ရုပ်သိမ်းရေးအပေါ် အခြေခံသည့် နောက်ဆုံးသဘောတူညီချက်ရရှိရန်အတွက် ရက်ပေါင်း ၆၀ ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်။ 🔸 အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်မည်မဟုတ်ကြောင်း ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန်။ 🔸 ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း အမေရိကန်သည် ဒေသတွင်း၌ ၎င်း၏စစ်အင်အားကို တိုးမြှင့်ခြင်း သို့မဟုတ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခြင်း မပြုလုပ်ရန်။ 🔸 ထိန်းချုပ်ပိတ်ဆို့ထားသော အီရန်၏ ရန်ပုံငွေ ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လည်ထုတ်ပေးရန်။ 🔸 သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် စောင့်ကြည့်စစ်ဆေးရေး ယန္တရားတစ်ခု တည်ထောင်ရန်။ 🔸 နောက်ဆုံးသဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရန်။ 🔸 ထိန်းချုပ်ထားသော အီရန်​၏ရန်ပုံငွေများထဲမှ ထက်ဝက်ကို ပြန်လည်ထုတ်ပေးခြင်း၊ ရေနံပိတ်ဆို့မှုများကို ဆိုင်းငံ့ခြင်းနှင့် ရေတပ်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းခြင်းတို့ မလုပ်ဆောင်မီအထိ နောက်ဆုံးအဆင့် ဆွေးနွေးပွဲများကို စတင်မည်မဟုတ်ပါ။ ထို့ပြင် "အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် တော်လှန်ရေးအဖွဲ့များကို ပံ့ပိုးကူညီနေမှုများနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို အစီအစဉ် (Agenda) ထဲမှ ပြတ်ပြတ်သားသား ဖယ်ရှားလိုက်ပြီဖြစ်သည်။ NOM

အီရန်ရဲ့ ရေလှောင်တမံတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တာကို သတိပေးတဲ့အနေနဲ့ ဟန်ဒါလာ Handala (ဟက်ကာအဖွဲ့) က ကယ်လီဖိုးနီးယား ရေပေးဝ
အီရန်ရဲ့ ရေလှောင်တမံတွေကို အမေရိကန်က တိုက်ခိုက်ခဲ့တာကို သတိပေးတဲ့အနေနဲ့ ဟန်ဒါလာ Handala (ဟက်ကာအဖွဲ့) က ကယ်လီဖိုးနီးယား ရေပေးဝေရေးစနစ်တွေကို ဟက်ခ် (Hack) လုပ်ခဲ့။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ လာရောက်
+7
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ  လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ လာရောက် ဂါရဝပြု တွေ့ဆုံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Thongsavan PHOMVIHANE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက ယနေ့နံနက်ပိုင်းတွင် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင် နိုင်ငံခြားရေးဝန်ကြီး Mr. Thongsavan PHOMVIHANE မြန်မာနိုင်ငံသို ယမန်နေ့ ဇွန် ၁၁ ရက်နေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ လာအို ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည်  မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အပြီး ရက်ပိုင်းတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။