en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 943 subscribers, ranking 16 366 in the News & Media category and 10 286 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 943 subscribers.

According to the latest data from 02 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -253 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.94%. Within the first 24 hours after publication, content typically collects 5.38% reactions from the total number of subscribers.
  • Post reach: On average, each post receives 829 views. Within the first day, a publication typically gains 642 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 13.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 03 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 943
Subscribers
-1024 hours
-707 days
-25330 days
Posts Archive
အီရန်က လတ်တလောပြုလုပ်ခဲ့သည့် လက်တုံ့ပြန်တိုက်ခိုက်မှုများကို အမေရိကန်က ပြန်လည်တုံ့ပြန်ခြင်း မပြုလုပ်ရန် စဉ်းစားနေကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ "သမ္မတအနေနဲ့ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုတွေထဲ ပိတ်မိပါသွားတာမျိုးကို ရှောင်လွှဲချင်နေပါတယ်" ဟု အဆိုပါ အရာရှိက ပြောသည်။ အိမ်ဖြူတော်အနေဖြင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဒုံးခွင်းဒုံးလက်နက်ခဲယမ်းများ လျော့နည်းလာခြင်းတို့အပေါ် စိုးရိမ်ပူပန်နေကြောင်းသိရသည်။ NOM

ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင် Express ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျ ခရီးသည် တစ်ဦး သေဆုံး ၁၉ဦးဒဏ်ရာ NOM၊စက်တင်ဘာ၂၊၂၀၂၆ ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းတွင်ယမန်နေ့စက်တင်ဘာ၁ရက်ည၉နာရီ ၁၀မိနစ်ခန့်ကခရီးသည်တင်ကား တစ် စီး ပေ၅၀အနက်ချောက်ထဲထိုးကျသွားရာခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး ၁၉ဦးဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဥ်မှာ ကျိုင်းတုံဘက်မှတောင်ကြီးဘက်သို့ခရီးသည်အမျိုးသား ၁၃ဉီး၊ အမျိုးသမီး ကိုးဦး၊ ယာဉ်မောင်းသူံးဦး၊ ယာဉ်နောက်လိုက်နှစ်ဦး၊ ယာဉ်မယ်တစ်ဦး၊စုစုပေါင်း (၂၈)ဦး လိုက်ပါလာသည့် ဧကရာဇ် Express ခရီးသည်တင်ယာဉ်သည် မိုင်းပျဉ်း မြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးကားလမ်းမိုင်တိုင်အမှတ် ၅၅၅.၅ km နှင့် ၅၅၆.၀ km ကြား ခမ်းပေါ့ကျေးရွာ နှင့် တောင်သုံးလုံးကျေးရွာအနီးတွင် ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိချောက်ထဲသို့ကျသွားခြင်းဖြစ်သည်။ "ဘရိတ်ပေါက်ရာမှ လမ်း၏ ဘယ်ဘက် ပေ(၅၀)ခန့် အနက်ရှိ တဲ့ချောက်ထဲသို့ကျသွားတာပါ ကားပေါ်ပါတဲ့ခရီးသည်၂၈ဦးမှာ အမျိုးသား ၁၁ဦး၊ အမျိုးသမီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်အမျိုးသမီးတစ်ဦးကတော့ နေရာမှာသေဆုံးခဲ့ပါ တယ်"ဟု ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲပြုက်ကျကြောင်းသတင်းရရှိသဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ မီ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ဒဏ်ရာရရှိသူများအား တုံတာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တုံတာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်င
နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် နိုင်ငံတော်သမ္မတ မှာကြား   ဩဂုတ် ၃၁ ရက်က Naypyitaw State Academy ၌ ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားမှာ နိုင်ငံတော်သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။   နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို သိရှိလိုက်နာပြီး နိုင်ငံကိုအကျိုးပြုနိုင်အောင်ကြိုးစားကြစေလိုကြောင်း၊ အချင်းချင်းအပြန်အလှန်လေးစားမှုရှိပြီး မတူကွဲပြားမှုများကို အမျိုးသားရေးစွမ်းအားအဖြစ်ရှုမြင်သုံးသပ်နိုင်ရန်လိုကြောင်း၊ အနာဂတ်နိုင်ငံကို ဦးဆောင်ကြမည့်သူများဖြစ်သဖြင့် သေချာစဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည့်အရာများကို ဖော်ဆောင်ကြရန်နှင့် ထိခိုက်စေမည့်အရာများကို ရှောင်ကြဉ်ကြရန် ပြောကြားခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ စက်တင်
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ စက်တင်ဘာ ၁၊ ၂၀၂၆  á€›á€˝á€žá€ąá€á€­á€‚ုလစ္တဎတ္ဏ်မဟတ်ကဟဎးသိုအ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေပြား အလှူရှင် ၃၆ ဦးက ရွှေသင်္ကန်းတော် ခြောက်ကျပ်သားရွှေပြားတစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ်နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က အလှူငွေ ၂၃၃၀၀၇၅၇၈၈ ကျပ် တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၆၀၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။ ပြန်လည်ပေးအပ် ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူ၍ ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရသည်။

ယနေ့ စက်တင်ဘာ ၂ ရက်နေ့ နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ PDF အဖွဲ့မှ အမျိုးသား ၂၀ ဦးနှင့် အမျ
+8
ယနေ့ စက်တင်ဘာ ၂ ရက်နေ့ နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ PDF အဖွဲ့မှ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၄ ဦး အလင်းဝင်ရောက်ခြင်းအခမ်းအနားပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ အလင်းဝင်လာသူများနှင့်အတူ MA-3 တစ်လက်၊ M-4 တစ်လက်၊ ကာဘိုင်တစ်လက်၊ M-79 လက်လုပ်လောင်ချာတစ်လက်၊ BA-63 တစ်လက်၊ လက်လုပ်ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ် ၂ လက်၊ ၄၀ မမဗုံးသီးတစ်လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၂၆၁ တောင့် ပါဝင်ကြောင်း သိရသည်။

အမေရိကန် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် ၎င်းလက်ထက်တွင် အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီး ၂၀ ထက်မက ရာထူးမှ နှ
အမေရိကန် စစ်ဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် ၎င်းလက်ထက်တွင် အမေရိကန်အဆင့်မြင့် စစ်ဘက်အရာရှိကြီး ၂၀ ထက်မက ရာထူးမှ နှုတ်ထွက်ခဲ့ကြရ သို့မဟုတ် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ အမေရိကန် အရာရှိတစ်ဦးက "ဟက်ဂ်ဆက်သ်ဟာ အီရန်ဗိုလ်ချုပ်တွေထက် အမေရိကန်ဗိုလ်ချုပ်တွေကို ပိုပြီး ဖြုတ်ထုတ်ရှင်းလင်းခဲ့တယ်" ဟု ပြောကြားခဲ့သည်။ NOM

အီရန်တောင်ပိုင်း ကူဟက်စတက်ခ် (Kuhestak) မြို့ရှိ မင်္ဂလာဆောင်တစ်ခုကို ထိမှန်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ၅၀
အီရန်တောင်ပိုင်း ကူဟက်စတက်ခ် (Kuhestak) မြို့ရှိ မင်္ဂလာဆောင်တစ်ခုကို ထိမှန်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ၅၀ ထက်မက ဒဏ်ရာရရှိခဲ့သည့် ဒုံးကျည်မှာ အမေရိကန်ပြုလုပ်သော 'SLAM-ER' ဒုံးကျည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရုစ်ဒုံးကျည်ကို ထုတ်လုပ်သည့် ဘိုးအင်း (Boeing) ကုမ္ပဏီကမူ ၎င်းဒုံးကျည်သည် အမေရိကန်ရေတပ်၏ရှိ လက်နက်များအားလုံးအနက် အတိကျဆုံး လက်နက်ဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။ သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် အရပ်သားပစ်မှတ်ကို 'မှားယွင်း' ထိမှန်ခဲ့သည်။ NOM

မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အား PDF အကြမ်းဖက်အဖွဲ့က FPV Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ
+1
မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်အား PDF အကြမ်းဖက်အဖွဲ့က FPV Drone ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ FPV Drone တစ်စင်းဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက် အတွင်းကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဦးကံထူးမောင် (၆၆) နှစ်နှင့် ဦးဝေဇော်ထွန်း (၄၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

အမေရိကန်တွင်အမျိုးသမီးတစ်ဦးကလူနှစ်ဦးကိုဓားဖြင့်ထိုး NOM ယမန်နေ့က Times Square ရင်ပြင်၌အသက် ၄၉ နှစ်အရွယ် အမျိုးသမီး Pamela Cisneros သည်ဓားနှစ်ချောင်းကိုင်ဆောင်ထားပြီး မြေအောက်ရထားပေါ်မှဇနီးနှင့်အတူ ဆင်းလာသည့်အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးအားရုတ်တရက် ဗိုက်ကိုဓားနဲ့ထိုးခဲ့သည်။ ထို့နောက်သူမသည်အသက် ၃၂ ​​နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ဝမ်းဗိုက်ကိုလည်း ဓားဖြင့်ထိုးခဲ့ပြန်သည်။ ဓားထိုးခံရသူအမျိုးသမီးသည် Bellevue ဆေးရုံ၌သေဆုံးသွားခဲ့ပြီး အမျိုးသားမှာအသက်အန္တရာယ်မစိုးရိမ်ရဟုသိရသည်။

ဟန်ဂေရီတွင်အမူးသမားတစ်ဦးကလေယာဉ်ခိုးယူ NOM အသက် ၂၄ နှစ်အရွယ် အရက်မူးနေသောဟန်ဂေရီအမျိုးသားတစ်ဦးသည် Kalocsa ရှိ လေယာဉ်ကွင်းတစ်ခုမှ ဆက်ဆနာ172 အပေါ့စား လေယာဉ်တစ်စင်းကို ခိုးယူပြီး နျူကလီးယားဓာတ်အားပေးစက်ရုံသို့ ဦးတည်ပျံသန်းခဲ့သည်။ လေယာဉ်သည်စက်ရုံပတ်လည်ရှိ ကန့်သတ်ဇုန်ထဲသို့ ဝင်ရောက်သွားသောကြောင့် တိုက်လေယာဉ်နှစ်စင်းကကြားဖြတ်ဟန့်တားခဲ့သည်။ နောက်ဆုံးတွင် အရက်မူးနေသောလေယာဉ်သူခိုးသည် လေယာဉ်ကိုမထိန်းချုပ်နိုင်တော့ပဲလယ်ကွင်းတစ်ခုတွင် ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရသည်။ အဆိုပါအမူးသမားသည်လေယာဉ်ပေါ်မှ ဆင်းကာ သူ့ကိုကူညီရန် ရပ်တန့်ခဲ့သော ယာဉ်မောင်းတစ်ဦး၏ ကားကို ပြန်ပေးဆွဲရန် လည်းကြိုးစားခဲ့သေးသည်။

သံလွင်မြစ်ရေမြင့်တတ်မှုကြောင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး NOM၊စက်တင်ဘာ၁၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြ
သံလွင်မြစ်ရေမြင့်တတ်မှုကြောင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး NOM၊စက်တင်ဘာ၁၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စက်တင်ဘာ၁ရက်မွန်းတည့်၁၂နာရီကသံလွင်မြစ်ရေမြင့်တတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊အမှတ်(၂) ရပ် ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်နေကြောင်း ဘားအံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် စက်လှေများဖြင့် ရေဝင်ရောက်နေသော အိမ်ထောင်စုများအားရေဘေး လွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့‌ကြောင်းသိရသည်။

အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ်အမျိုးသမီးတစ်ဦးသေဆုံး NOM၊စက်တင်ဘာ၁၊၂၀၂၆ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၅နှင့် ၃၂/၆ကြား
အမြန်လမ်းတွင်ယာဉ်တိုက်မှုဖြစ်အမျိုးသမီးတစ်ဦးသေဆုံး NOM၊စက်တင်ဘာ၁၊၂၀၂၆ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၅နှင့် ၃၂/၆ကြားတွင်ယနေ့စက်တင်ဘာ၁ရက်နံနက်၁၁နာရီ၁၅မီနစ်ကယာဉ်တိုက်မှုဖြစ်ခဲ့ရာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာရန်ကုန်မှနေပြည်တော်သို့မောင်းနှင်နေသော9Q-9836 ဝင်း ခရီးသည်တင်ယာဉ်သည် ရုတ် တ ရက်လမ်းဖြတ်ကူး​သော အမျိုး သမီးတစ်ဦးအား တိုက်မိသဖြင့်လမ်းကူးသူအမျိုးသမီးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည့်အတွက်အမြန်လမ်းမကြီးများ ဥပဒေအရ အ ရေးယူဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။

photo content

ဒလမြို့နယ်အတွင်း လုံခြုံရေးအရ ဆိုင်ကယ်စီးနင်းခွင့်များခွင့်ပြု၍ မရသေး NOM၊စက်တင်ဘာ၁၊၂၀၂၆ ရန်ကုန်တိုင်း ဒလမြို့နယ်အတွင်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လက် တလောတွင် ဆိုင်ကယ်စီးနင်းခွင့်များလုံခြုံရေးအရ ခွင့်ပြု၍ မရသေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကယမန်နေ့သြဂုတ် လ၃၁ရက်တွင်ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်၌ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး တွင် ဒလမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးသန်းဦးကဒလမြို့နယ် အတွင်း၌ မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်ပြု‌ရေးနှင့် ပတ်သက်သည့်မေးခွန်းအား မေးမြန်ခဲ့ကြောင်းသိရသည် "တွံတေးခရိုင်အတွင်း ပါဝင်သော တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ဒလမြို့နယ်များတွင်း ဆိုင်ကယ်မစီးရ ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ထားသည့်အတွက် ဒလမြို့နယ်အတွင်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့်အား ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်များဖြစ် ပေါ်လာနိုင်ခြင်းကြောင့် သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးအဖွဲ့စည်းများ၏ သဘောထား ပြန်ကြားချက်များအရ လက်တလောမှာ ဆိုင်ကယ်စီးနင်းခွင့်များ လုံခြုံရေးအရ ခွင့်ပြု၍ မရသေးပါဘူး"ဟုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကဖြေကြားသွားသည်။ ဒလမြို့နယ် အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အများပြည်သူများအပေါ် မော် တော်ဆိုင်ကယ် အသုံးပြု၍ အကြမ်းဖက် လုပ်ငန်းများ၊ ပစ်ခတ်မှုဖြစ်စဉ်များနှင့် ဖောက်ခွဲရေးဖြစ်စဉ်များအား ဆောင်ရွက်ခဲ့ရာ ဖောက်ခွဲမှု (၁၃) ကြိမ်၊ အုပ်ချုပ်ရေးမှူးနှင့်အပြစ်မဲ့ ပြည်သူများအား လုပ်ကြံခံရမှု (၉) ကြိမ်ရှိကြောင်းသိရသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှူဖြစ် NOM၊စက်တင်ဘာ၁၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ယာဉ်နှစ်စီးတိုက်မှူဖြစ် NOM၊စက်တင်ဘာ၁၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စက်တင်ဘာ၁ရက်နံနက်၅နာရီ၅၅မီနစ်ကယာဉ်နှစ်စီးတိုက်မှူဖြစ်ပွားခဲ့‌ေကြာင်းမြို့နယ်မီးသတ်စခန်းမှသိရသည်။ ဖြစ်စဉ်မှာရန်ကုန်မှ မန္တလေးသို့မောင်းနှင် လာသော ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ကွန်တိန်နာယာဉ်တို့ တိုက်မှုဖြစ်ပွားပြီး ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ခဲ့သည်။ အဆိုပါမီးလောင်ရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များ ငြှိမ်းသတ်ခဲ့ပြီးလူထိခိုက်မှု မရှိ‌ ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာ

နီပေါတွင်နိုင်ငံခြားသား၆၀၀နီးပါးပျောက်ဆုံးဆဲ NOM နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ နိုင်ငံသား ၅၉၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသား ၃၂၃ ဦးကို ယခုအချိန်အထိ ကယ်တင်နိုင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ ဩဂုတ် ၃၁၊ ၂၀၂၆

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ
+1
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်နက်များဖြင့်  ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံး ဩဂုတ်၃၁၊၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ( ၃ / ၂၀၂၆ )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် ( ၃ / ၂၀၂၆ )