fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 498 مشترک است و جایگاه 16 779 را در دسته اخبار و رسانه‌ها و رتبه 10 290 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 498 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -166 و در ۲۴ ساعت گذشته برابر -13 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.67% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 653 بازدید دریافت می‌کند. در اولین روز معمولاً 537 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 498
مشترکین
-1324 ساعت
-337 روز
-16630 روز
آرشیو پست ها
အီရန်က မြေအောက်ဒုံးကျည်စခန်းကြီးတစ်ခုကိုထုတ်ဖော်ပြသ NOM အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) လေကြောင်းနှင့် အာကာသတပ်ဖွဲ့သည် မြေအောက်ဒုံးကျည်စခန်းကြီးတစ်ခု၏ ရုပ်သံမှတ်တမ်းကို လွှင့်တင်လိုက်ပြသလိုက်သည်။

စပိန်တွင်ဗုံးရှင်းလင်းစဉ်ပေါက်ကွဲ NOM စပိန်နိုင်ငံ၊အိုဗီယေဒို မြို့ရှိ လူနေအဆောက်အအုံတစ်ခု အနီးမှ သံသယဖြစ်ဖွယ် ပေါက်ကွဲစေတတ်သော ပစ္စည်းပါဝင်နိုင်သည့် ကျောပိုးအိတ်တစ်ခုအား ရဲတပ်ဖွဲ့ဝင်များက ရွှေ့ပြောင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စပိန်အမျိုးသားရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ဗုံးရှင်းလင်းရေး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပါသည်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ကြောင့် သွားရောက်စစ်ဆေးစဉ် ဒဏ်ရာရရှိထားသည့် အမျိုးသမီးတစ်ဦးနှင့် စွန့်ပစ်ထားသော ကျောပိုးအိတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပတ်ဒရို အာဂွာဒို က ပြောကြားခဲ့ပါသည်။ အထူးတပ်ဖွဲ့ဝင်များက အဆိုပါအိတ်အား ကိုင်တွယ်စစ်ဆေးနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲစတင် NOM အမေရိကန်၊ရုရှားနှင့်ယူကရိန်းတို့၏သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုယူအေအီးနိုင်ငဲအဘူဒါဘီမြို့တွင်
သုံးပွင့်ဆိုင်ဆွေးနွေးပွဲစတင် NOM အမေရိကန်၊ရုရှားနှင့်ယူကရိန်းတို့၏သုံးပွင့်ဆိုင်ဆွေးနွေးပွဲကိုယူအေအီးနိုင်ငဲအဘူဒါဘီမြို့တွင်စတင်ကျင်းပနေပြီဖြစ်သည်။

အီရန်ကမြေအောက်ဒုံးပျံစခန်းအသစ်ကိုထုတ်ဖော်ပြသ NOM အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) လေကြောင်းနှင့် အာကာသတပ်ဖွဲ့သည်မြေအောက် ဒုံးပျံစခန်းအသစ်တစ်ခု၏ရုပ်သံမှတ်တမ်းကို လွှင့်တင်လိုက်ပြသလိုက်သည်။

အီရန်၏ မြေအောက် ဒုံးကျည်စခန်းကြီးတစ်ခုမှ ဓာတ်ပုံအချို့ ခရုဇ်ဒုံးကျည်အမျိုးအစားသစ်များ၊ ရေဒါဖမ်းယူရရှိနိုင်မှုနည်းပါးသည့် ဒုံး
+8
အီရန်၏ မြေအောက် ဒုံးကျည်စခန်းကြီးတစ်ခုမှ ဓာတ်ပုံအချို့ ခရုဇ်ဒုံးကျည်အမျိုးအစားသစ်များ၊ ရေဒါဖမ်းယူရရှိနိုင်မှုနည်းပါးသည့် ဒုံးကျည်များနှင့် အခြားသော ပစ္စည်းကိရိယာသစ် အမျိုးမျိုးကို တွေ့မြင်နိုင်သည်။

လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြောကြ
လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြောကြား (၁၀-၁၁-၂၀၂၆၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် အား ၁၀-၁၁-၂၀၂၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ၈-၁၁-၂၀၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ ခေါ်ယူသတိပေးပြောကြားခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့ပါသည်။ ထိုသို့ခေါ်ယူတွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဂျာမနီနိုင်ငံသည် ခိုင်မာသည့် ဒီမိုကရေစီ စနစ်ရှိသဖြင့် သံရုံးယာယီတာဝန်ခံအနေဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် သံတမန်လုပ်ငန်းများကို လုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်အစိုးရ တာဝန်ယူနေပြီဖြစ်ကြောင်း၊ သံရုံးယာယီ တာဝန်ခံ၏ပြောကြားချက်သည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာ ရောက်သည့်အပြင် ရွေးကောက်ပွဲ၌မဲပေးခဲ့ကြသည့် မြန်မာပြည်သူ ၁၃.၁၃ သန်းကျော်ကို မထီမဲ့မြင် ပြုရာရောက်ကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့်နေရာရွေးချယ်မှု အပါ အဝင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူပြောဆိုဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရ အပေါ်အတိုက်အခံပြုရန် အားပေးအားမြှောက် ပြုလုပ်နေသည့်အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ် သက်မှုဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက် နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” အတွက် ဦးစားပေးဆောင်ရွက်နေချိန်တွင် အဆိုပါလုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် မြန်မာ နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ဝေဖန် နေခြင်းဖြစ်သဖြင့် လုံးဝလက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ပြည်သူများကလည်း လုံးဝ နှစ်မြို့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် သံရုံးယာယီတာဝန်ခံအား ဝေဖန်ပြောကြားနေကြပြီဖြစ် ကြောင်း၊ ၁၉၆၁ ခုနှစ်၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း အပိုဒ် ၄၁(၁)အရ စေလွှတ်သည့်နိုင်ငံ၏ သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်း ဥပဒေများကို လေးစားရန်နှင့် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရန်တာဝန်ရှိကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတ အဖြစ်သဘောထားကာ လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည်မဟုတ် ကြောင်း၊ မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးကို အလေးထား သော်လည်း အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုရေးတို့ သည် သံတမန်ဆက်ဆံရေး၏ မရှိမဖြစ်လိုအပ်သောအခြေခံမူများဖြစ်ပြီး အတိအကျလိုက်နာ စောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီ သံရုံးယာယီတာဝန်ခံ၏လုပ်ရပ်သည် သံတမန်ရာထူးနှင့်အညီ ထိန်းသိမ်းစောင့်စည်းမှုနှင့် သတိပြု ဆင်ခြင်မှုတို့ကိုလိုက်နာမှုမရှိဟု မှတ်ယူကြောင်းနှင့် ယင်းကိုကန့်ကွက်ရှုတ်ချကြောင်း၊ သံရုံး ယာယီတာဝန်ခံ၏ပြောကြားချက်၊ ပြောကြားသည့်နေရာကိုရွေးချယ်မှုနှင့် ဆိုရှယ်မီဒီယာမှ တစ်ဆင့် အများပြည်သူသို့ ဖြန့်ဝေမှုတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက် သို့မဟုတ် ၎င်း၏ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်သည်ဆိုသည်ကို တရားဝင်‌ဖြေရှင်း ချက်ပေးရန် တောင်းဆိုကြောင်း၊ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးကြောင်းနှင့် လုပ်ဆောင်မည်ဆိုပါက အိမ်ရှင်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် သံတမန်ရေးရာအစဉ်အလာများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကလောမြို့နယ်အတွင် မိုးများပြီး ချောင်းရေလျှံလာသည့်အတွက် ရပ်ကွက်အချို့တွင်ရေဝင်ရောက်မှုများဖြစ်ပေါ် NOM ရှမ်းပြည်နယ်(တောင်ပိုင
ကလောမြို့နယ်အတွင် မိုးများပြီး ချောင်းရေလျှံလာသည့်အတွက် ရပ်ကွက်အချို့တွင်ရေဝင်ရောက်မှုများဖြစ်ပေါ် NOM ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်အတွင်ယနေ့နိဝင်ဘာ၁၀ရက် နံနက်ပိုင်းမှစတင်ပြီး မိုးများပြီးချောင်းရေလျှံလာသည့်အတွက် ရပ်ကွက်အချို့တွင်ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့်ဟု ကရုဏလူမှုကူ ညီရေးအသင်း(ကလော)မှတာဝန် ရှိသူတစ်ဦးကပြောသည်။ ကလောမြို့နယ်တွင် နိုဝင်ဘာ ၉ရက်နံနက်ပိုင်းမှစတင်းပြီးမိုးသည်ထန်စွာရွားသွန်ခဲ့သည့်အတွက် ကလောချောင်းရေပါမြင့်တက်လာပြီး ရက်ကွက်ကြီး၄ရှိ ပလောင်စျေးတန်ဘက်ရှိနေအိမ်များအတွင်းရေဝင်ရောက်မှုများဖြစ်ပွားနေကြောင်း သိရလက်ရှိရပ်ကွက်ကြီး၄အတွင်ရှိနေအိမ်များအထိရေဝင်ရောက်မှုများမှာ စိုးရိမ်စရာမရှိသေးသည့်အတွက် ဒေသခံများအခြားနေရာများသို့ ပြောင်းရွေးခြင်းများမရှိသော်လည်း လက်ရှိအနေထားထက်ပိိုဆိုလားပါက အချိန်မီကူညီကယ်ဆယ်နိုင်ရန် လူမှုကူညီရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကလည်းစောင့်ကြည်နေကြောင်းသိရသည်။

စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စ
+2
စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၆) သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် နိုဝင်ဘာ ၁၀၊ ၂၀၂၆ စားရေရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၆) ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စားရေရိက္ခာဖူလုံရေးသည် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများကပါ အလေးထားသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံရေးကို နိုင်ငံတော်၏ အဂ္ဂမဟာဗျူဟာ (၂) ပါးထဲတွင် တစ်ပါးအဖြစ် ထည့်သွင်းခြင်းဖြစ်ကြောင်း၊ အစည်းအဝေးတွင် မြေပြင်တွင် အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ ဆွေးနွေးတင်ပြရမည်ဖြစ်ကြောင်း၊ ထို့အတူ ကိန်းဂဏန်းများ မှန်ကန်ရေးသည်လည်း အလွန်အရေးကြီးကြောင်း၊ ပြဿနာတစ်ခုဖြေရှင်းရာတွင် ပြဿနာဖြစ်ပေါ်ရခြင်း၏ အခြေခံအကြောင်းရင်းကဘာလဲ၊ လက်ရှိအခြေအနေ၊ ရှေ့ဆက်မည်ကဲ့သို့ဖြစ်လာနိုင်သည် စသည့်အချက်များကို သေချာလေ့လာရန် လိုအပ်ပါကြောင်း၊ သို့မှသာ မှန်ကန်သည့်မူဝါဒများချမှတ် နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် စားရေရိက္ခာဖူလုံရေးအတွက် သက်ဆိုင်ရာဌာနများဌာနများအနေဖြင့် ပြည်နယ်၏ မြေမျက်နှာသွင်ပြင်အခြေအနေရ ရာသီဥတု ယခင်နှစ်များတွင် မည်သို့ရှိပြီး ယခုနှစ်တွင် မည်သို့ရှိသည်၊ မိုးရေချိန်လည်း ယခင်နှစ်များတွင် မည်မျှ ရှိပြီး ယခုနှစ်များတွင် မည်မျှရှိသဖြင့် မည်သည့်မျိုးစေ့များ၊ မည်သို့စိုက်ပျိုးသင့်သည်၊ မည်သည့်တိရစ္ဆာန်များ မည်သို့မွေးမြူသင့်သည် စသည်ဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် မြေပြင်လုံခြုံရေးအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစား၍ မြေပြင်အမှန်ဆောင်ရွက်နိုင်မည့် လက်တွေ့ကျသည့်လုပ်ငန်းများ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးပေါင်ဇလန့်က ချင်းပြည်နယ်အတွင်း စာရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး စားရေရိက္ခာဖူလုံရေးသည် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံမှသာ စက်မှုနိုင်ငံသို့ ချီတက်နိုင်မည်ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသူများအားလုံး လွတ်လပ်စွာ ဆွေးနွေးတင်ပြကြရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။ ယင်းနောက် ချင်းပြည်နယ် စာရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ရေးကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် မြေပြင်တွင် အမှန်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကို တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးများက အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံ၊ အိုဗီယေဒိုမြို့ (Oviedo) တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု၌ ရဲအရာရှိတစ်ဦး သေဆုံးပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက် ရဲအရာရှိတစ်ဦးလည်း ခြေထောက်ပြတ်ထွက်သွား အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည့် သေနတ်ပစ်ခတ်မှုသတင်းကြောင့် ရဲတပ်ဖွဲ့က စတင်သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲအရာရှိများသည် အဆောက်အအုံအဝင်ဝ၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ယင်းအိတ်မှာ ခဏအကြာတွင် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

ရထားဖြင့် တရားမဝင် သယ်ဆောင် လာသည့် ကျပ်သိန်း ၂၃၀ ကျော်ခန့်တန်ဖိုးရှိ အာဖရိကငါးခူပုံး ၃၆၀ ကျော် ပဲခူးဘူတာတွင် ဖမ်းဆီး NOM နို၀
ရထားဖြင့် တရားမဝင် သယ်ဆောင် လာသည့် ကျပ်သိန်း ၂၃၀ ကျော်ခန့်တန်ဖိုးရှိ အာဖရိကငါးခူပုံး ၃၆၀ ကျော် ပဲခူးဘူတာတွင် ဖမ်းဆီး NOM နို၀င်ဘာ ၁၀၊ ၂၀၂၆ ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်ရှိ ပဲခူးဘူတာတွင် ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် အာဖရိကငါးခူ ၃၉၇၁ ပိဿာခန့် (ကာလတန်ဖိုးကျပ် ၂၃၄ သိန်းကျော်) ငါးပုံး ၃၆၁ ပုံးကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၉ နာရီခန့်က ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသည့် အမှတ် (၈၁) အဆန် လူစီးရထားပေါ်တွင် တရားမဝင် ငါးခူများ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုနှင့် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ပဲခူးဘူတာ၌ စောင့်ဆိုင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စစ်ဆေးမှုအတွင်း နံနက် ၉ နာရီ ၁၄ မိနစ်တွင် ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ် (၈၁) အဆန်ရထား၏ နောက်ဆုံးကုန်တင်တွဲအတွင်းမှ အာဖရိကငါးခူများ ထည့်ထားသည့် ၁၀ ဂါလံဝင် ပလတ်စတစ်ပုံး ၃၆၁ ပုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးများ၏ စုစုပေါင်းအလေးချိန်မှာ ၃၉၇၁ ပိဿာခန့်ရှိကာ ကာလတန်ဖိုး ကျပ် ၂၃,၄၆၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ ငါးများကို တရားမဝင် သယ်ဆောင်လာသူ မျိုးဇင် ၃၀ နှစ်၊ သန်းကျော် ၃၁ နှစ်နှင့် သန်းနိုင်စိုး ၁၉ နှစ်တို့ သုံးဦးကို ငါးပုံး ၃၆၁ ပုံးနှင့်အတူ အမှတ် ၁၁ ရထားရဲတပ်ဖွဲ့စုတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ကျွန်မကို ပြည့်တန်ဆာလို့ မသင်္ကာတာလား!” — အမေရိကန်နိုင်ငံ ဟာဝိုင်ယီလေဆိပ်တွင် သောင်းကျန်းမှုဖြစ်ပွားပြီးနောက် ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ပြည်နှင်ဒဏ်ပေး ဟိုနိုလူလူ (Honolulu) အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမေရိကန် နယ်ခြားစောင့်အရာရှိများက လက်ထိပ်ခတ်စဉ် သူမသည် "ကျွန်မကို ကူညီကြပါဦး!" ဟု အော်ဟစ်ခဲ့သည်။ သတင်းဖော်ပြချက်များအရ သူမ၏ ခရီးစဉ်စရိတ်များကို ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်မှုရှိသည့် အမျိုးသားတစ်ဦးက ကျခံပေးခဲ့ခြင်းဖြစ်သည်။

တရုတ်သူလျှိုဟု သံသယရှိသူအမျိုးသမီးတစ်ဦးနှင့် နဗီးဒီးယား (Nvidia) ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang)
တရုတ်သူလျှိုဟု သံသယရှိသူအမျိုးသမီးတစ်ဦးနှင့် နဗီးဒီးယား (Nvidia) ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang) တို့ ပတ်သက်ဆက်နွှယ်မှုအပေါ် နဗီးဒီးယား၏ ရှယ်ယာရှင်များက ကုမ္ပဏီကို စုပေါင်းတရားစွဲဆိုမှု ပြုလုပ်လိုက်ကြသည်။

ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး အစိတ်အပိုင်းတစ်ခုအဖြစ် ယူကရိန်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်နိမိတ်များကို ပြန်လည်ရေးဆွဲရန် အဆိုပြုချက်တစ်ခုအား အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်လျက်ရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၀ ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ကိုး ဦးနှင့် ရုရှားနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပ နိုင်ငံသား ၁၀ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုး နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Dang Quang Sanh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Second Secretary Mr. Evgeny Pimenov နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၉၃ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ၁၄၂၂၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၇၁ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၃၉၁ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၆၈၀ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

photo content
+3

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့် “ DAW MAY ZIN ” Tiktok အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်နေ မေဇင်လှိုင်အား ညနေ ၆ နာရီတွင် ပုသိမ်မြို့မရဲစခန်း (ပ) ၁၆၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့်
+2
ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က မိုင်းစထိမှန် ဒဏ်ရာဖြင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ကျောက်တံခါးမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးထွန်းထွန်းဝင်း (၅၁) နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တင်တင်စော (၄၆) နှစ်တို့သည် နေအိမ်ခြံဝန်း အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် သီပေါမြို့နယ်၊ ကွန်စံလိတ်ကျေးရွာနေ ကိုကျော်နိုင် (ခ) ဘာဘူရာမ် (၂၂) နှစ်သည် ကုန်းစုံကျေးရွာ၏ အနောက်ဘက် တောထဲ၌ နွားကျောင်းနေစဉ်  အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ  ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့်
+2
ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က မိုင်းစထိမှန် ဒဏ်ရာဖြင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ကျောက်တံခါးမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးထွန်းထွန်းဝင်း (၅၁) နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တင်တင်စော (၄၆) နှစ်တို့သည် နေအိမ်ခြံဝန်း အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် သီပေါမြို့နယ်၊ ကွန်စံလိတ်ကျေးရွာနေ ကိုကျော်နိုင် (ခ) ဘာဘူရာမ် (၂၂) နှစ်သည် ကုန်းစုံကျေးရွာ၏ အနောက်ဘက် တောထဲ၌ နွားကျောင်းနေစဉ်  အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ  ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုဂံရထားလက်မှတ်ရောင်းချမှု အွန်လိုင်းစနစ် ပြောင်းမည် NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ အမှတ်(၆၁)အဆန်/ (၆၂)အစုန် ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက
ပုဂံရထားလက်မှတ်ရောင်းချမှု အွန်လိုင်းစနစ် ပြောင်းမည် NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ အမှတ်(၆၁)အဆန်/ (၆၂)အစုန် ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက်မှတ် ရောင်းချမှုကို မကြာခင်အွန်လိုင်းစနစ် ပြောင်းမည်ဖြစ်‌ ကြောင်းမြန်မာ့မီးရထားမှသိရသည်။ အဆိုပါ ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက်မှတ်ကို ရန်ကုန်ဘူတာကြီးနှင့်ပုဂံဘူတာတို့တွင် ရိုးရိုးတန်းအတွက် တစ်ရက်ကြို၊ အထက်တန်းနှင့်အိပ်စင်အတွက် သုံးရက်ကြို ရောင်းချပေးနေ‌ကြောင်း၊အွန်လိုင်းစနစ် ဖြစ်သည့် ORTP ဝက်ဘ်ဆိုက်ကပြောင်းလဲရောင်းချပေးမည်ဖြစ်‌ကြောင်းသိရသည်။ ရန်ကုန်-ပုဂံ-ရန်ကုန် ရထားသည် အပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာပြီး ပုဂံဘူတာ မှ အင်္ဂါနေ့တွင်ပြန်လည်ထွက်ခွာပြေးဆွဲမည် ဖြစ်

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ်
+7
အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ  တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး   အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတော်အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ တက်ရောက်၍ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။   အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   ထို့နောက် နိုင်ငံတော်သမ္မတသည် Humanoid Robot ၏ ကြိုဆိုလမ်းညွှန်မှုဖြင့် ဖွင့်ပွဲနေရာသို့ သွားရောက်ခဲ့ပြီး အာကာသနည်းပညာဆိုင်ရာ ပြခန်းများ၊ လက်ရှိပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်မှုများကို လှည့်လည်ကြည့်ရှု အားပေးကာ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။