uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 984 підписників, посідаючи 16 249 місце в категорії Новини і ЗМІ та 10 236 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 984 підписників.

За останніми даними від 29 серпня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -261, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.07%. Протягом перших 24 годин після публікації контент зазвичай збирає 5.46% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 847 переглядів. Протягом першої доби публікація в середньому набирає 654 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 30 серпня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 984
Підписники
-324 години
-627 днів
-26130 день
Архів дописів
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ

နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှုကြောင့် လူ ၆၂၆ ဦး သေဆုံးကာ ၂,၄၂၆ ဦး ပျောက်ဆုံးလျက်ရှိ NOM၊ဩဂုတ် ၂၉၊၂၀၂၆ ဒေသစံတော်ချိန် ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီအထိ နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ သေဆုံးသူ ရုပ်အလောင်း ၆၂၆ ခု ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၂,၄၂၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ဩဂုတ် ၂၉ ရက်တွင် လူမှုမီဒီယာ၌ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်း သက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန် များကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ် နေပြည်တော်၊ ဩဂုတ် - ၂၉ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်ရှုစစ်ဆေး ပြည်ထော
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်ရှုစစ်ဆေး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ဩဂုတ် ၂၉ ရက်နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်သမ္မတက ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး

ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၃,၀၃၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဩဂုတ် ၂၉၊ ၂၀၂၆ ဩဂုတ်လ ၂၇ ရက်နေ့ ၁၉၃၀ အချိန်
ဝိုင်းမော်မြို့နယ်တွင် ငွေကျပ် ၃,၀၃၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ဩဂုတ် ၂၉၊ ၂၀၂၆ ဩဂုတ်လ ၂၇ ရက်နေ့ ၁၉၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးတွင် ဂွန်းဆန့် မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၅.၈၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၂၈၇ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၅ ကီလို ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၇၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂွန်းဆန့်(၃၅)နှစ်အား ဝိုင်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိသည်။

စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များကို ဒုတိယအကြိမ်မြောက် ကွမ်တီကို (Quantico) သို့ ဆင့်ခေါ်ရန် အမေရိကန်စစ်ဝန်ကြီး ဟက်ဂ်ဆက် စ
စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များကို ဒုတိယအကြိမ်မြောက် ကွမ်တီကို (Quantico) သို့ ဆင့်ခေါ်ရန် အမေရိကန်စစ်ဝန်ကြီး ဟက်ဂ်ဆက် စဉ်းစားနေ — အချိန်အခါအရ စိတ်ဝင်စားဖွယ်ရာဖြစ်နေ အမေရိကန်အရာရှိကြီးများ​၏ အဆိုကို ကိုးကား၍ Wall Street Journal (WSJ) ဝေါလ်စထရိဂျာနယ်သတင်းဌာန၏ သတင်းဖော်ပြချက်အရ စစ်ဝန်ကြီး ပီတီ ဟက်ဂ်ဆက် (Pete Hegseth) သည် ၎င်း၏ "မုတ်ဆိတ်မွေးမထားရ" မူဝါဒ မိန့်ခွန်းပြောကြားခဲ့သည့် မရိန်းတပ်ဖွဲ့စခန်း ကွမ်တီကိုသို့ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ထိပ်သီးစစ်ဘက်ဆိုင်ရာ အရာရှိပေါင်း ရာပေါင်းများစွာကို ပြန်လည်ဖိတ်ခေါ်ရန် စဉ်းစားလျက်ရှိသည်။ အချိန်အခါ၏ အရေးပါမှု ပြက္ခဒိန် အခြေအနေ လွန်ခဲ့သည့် စက်တင်ဘာလ - ဟက်ဂ်ဆက် သည် ဗိုလ်ချုပ်များနှင့် ရေတပ်ဗိုလ်ချုပ်အားလုံးကို မည်သည့်အကြောင်းပြချက်မျှ မပါဘဲ အချိန်တိုအတွင်း ဆင့်ခေါ်ခဲ့သည်။ ထိုပွဲကို ထရန့် က ဖွင့်လှစ်ပေးခဲ့ပြီး "စစ်ပွဲဆင်နွှဲမှု" သို့ ပြန်လည်အာရုံစိုက်ရန် သတင်းစကားပါဝင်ခဲ့သည်။ ဖေဖော်ဝါရီလ - အမေရိကန်သည် အီရန်နှင့် စစ်မီးတောက်လောင်ခဲ့သည်။ လက်ရှိအခြေအနေ - ယခုအခါ စစ်ပွဲတစ်ခု ဖြစ်ပွားနေချိန်၊ စစ်တပ်အတွင်း ရာထူးမှ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေချိန်နှင့် နိုင်ငံရေးပြက္ခဒိန် နီးကပ်လာချိန်တွင် ဟက်ဂ်ဆက် သည် ကွမ်တီကိုတွင် အစည်းအဝေး ထပ်မံပြုလုပ်ရန် ချိန်ရွယ်နေသည်။ နိုင်ငံရေး ပစ်မှတ် နိုင်ငံခြားရေးဝန်ကြီး မာကို ရူးဘီယို က နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအထိ တိုက်ခိုက်မှုအသစ်များ ပြုလုပ်မည်မဟုတ်ကြောင်း အမေရိကန်​၏မဟာမိတ်များကို ပြောကြားခဲ့သည်ဟု သိရသည်။ ထို့နောက်တွင် နောက်ထပ် စစ်ဆင်ရေးတစ်ခု ဆက်လက်လာနိုင်သည်။ ကွမ်တီကိုတွင် မည်သည့် ညွှန်ကြားချက်များထုတ်ပြန်သည်ဖြစ်စေ၊ ထိုအခန်းထဲရှိ အရာရှိတိုင်းသည် ထိုနိုင်ငံရေးအချိန်အခါနှင့် ချိန်ထိုး၍ အဓိပ္ပာယ်ဖော်ကြမည်ဖြစ်သည်။ ရာထူးမှ ဖယ်ရှားရှင်းလင်းသည့် အချက် ဟက်ဂ်ဆက်၏ ပင်တာဂွန်စစ်ဌာနချုပ် ပြုပြင်ပြောင်းလဲမှုကြီးသည် တပ်မတော် အဆင့်ဆင့်ကို လှုပ်ခတ်စေခဲ့သည်။ အဆင့်မြင့်အရာရှိများ ထွက်ခွာပေးနေရသည်။ စစ်ဘက်ခေါင်းဆောင်များသည် စိုးရိမ်ထိတ်လန့်နေကြပြီး နိုင်ငံရေးအရ သစ္စာစောင့်သိမှုကို စမ်းသပ်ခံနေရသည်။ ၎င်းတို့အားလုံးကို ကွမ်တီကိုသို့ ပြန်လည်စေလွှတ်ခြင်းသည် "ငါက ခေါင်းဆောင်ပဲ။ မင်းတို့ လိုင်းထဲဝင်မလား၊ ဒါမှမဟုတ် ထွက်သွားမလား" ဆိုသည့် သတင်းစကားကို ပါးလိုက်ခြင်းဖြစ်သည်။ စစ်တပ်သည် လက်ရှိအချိန်တွင် ပုံစံသစ် ပြောင်းလဲခံနေရသည်။ ကွမ်တီကို မိန့်ခွန်း ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ ၎င်းသည် သတိပေးချက်တစ်ခု ဖြစ်နှင့်ပြီးဖြစ်သည်။ အီရန်နှင့် ဖြစ်ပွားသော စစ်ပွဲက ပဋိပက္ခလိုင်းများကို ပေါ်လွင်စေခဲ့ပြီး ရာထူးမှ ဖယ်ရှားမှုများကလည်း ထိုအခြေအနေကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ ယခုအခါ ဟက်ဂ်ဆက် သည် ဗိုလ်ချုပ်များကို ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်ထားရှိရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။ NOM

ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို စက်တင်ဘာ ၁ ရက်က စပြီး ပြေးဆွဲမည် NOM၊ဩဂုတ်၂၈၊၂၀၂၆ ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျ
ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို စက်တင်ဘာ ၁ ရက်က စပြီး ပြေးဆွဲမည် NOM၊ဩဂုတ်၂၈၊၂၀၂၆ ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်- တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်များကိုစက်တင်ဘာလ ၁ ရက်ကစပြီး နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အဆိုပါခရီးစဉ်များကို ဘက်ထရီ ရထားစက်ခေါင်းဖြင့်တစ်တွဲကို ခရီးသည် ၆၂ ယောက် လိုက်ပါနိုင်ပြီး ရိုးရိုး တန်း ခြောက်တွဲ ပါဝင်သည့် တွဲဆိုင်းကို အသုံးပြုကာ တစ်ရက်ကို အစုန်/အဆန် လူစီးရထား ၁၂ခေါက်၊ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယင်းရထားပြေးဆွဲမှုအနေဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကျောင်းတက်၊ ကျောင်းဆင်းချိန် အဆင်ပြေစေဖို့အတွက် ရန်ကုန်ဘူတာက‌နေ နံနက် ၆ နာရီ ၁၅ မိနစ်မှာ ထွက်ခွာပြီး ဒဂုံတက္ကသိုလ် ဘူတာကို နံနက် ၇ နာရီခွဲရောက်ရှိမည်ဖြစ်ပြီး ဒဂုံတက္ကသိုလ်ဘူတာမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှ ထွက်ခွာပြီး ရန်ကုန်ဘူတာကို ညနေ ၄ နာရီ ၃၅ မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့်မည်သည့်ဘူတာအတွက်မဆို တစ်ယောက်ကို ငွေကျပ် ၅၀၀ ဖြစ်‌ ကြောင်းသိရသည်။

တက္ကသိုလ်ပါမောက္ခ ဂျွန် မီးယာရှိုင်းမား (Prof. John Mearsheimer) ၏ ထရမ့်အစိုးရအဖွဲ့နှင့် ပတ်သက်၍ သုံးသပ်ချက် - "သူတို့ ရာနှုန်းပြည့် လမ်းပျောက်နေကြပြီ။ လုပ်နိုင်သမျှ နည်းလမ်းမှန်သမျှ အကုန်သုံးခဲ့ပြီးသွားပြီ။ အစပိုင်းမှာ အီရန်အပေါ်အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်၊ နောက်တော့ ပိတ်ဆို့ရေးလမ်းကြောင်း သွားခဲ့တယ်... ဒါပေမဲ့ အဲဒါတွေထဲက ဘာတစ်ခုမှ ထိရောက်မလာခဲ့ဘူး။ အီရန်တွေကတော့ ကြံ့ကြံ့ခံ မြဲမြဲမတ်မတ် ရှိနေဆဲပဲ။ ကျုပ်တို့မှာ ထပ်သုံးစရာ စစ်ရေးနည်းလမ်း/ အသာစီးရမယ့် ဖဲချပ် ဘာတစ်ခုမှ မကျန်တော့ဘူး။ စစ်ရေးအသာစီးကို ဆုပ်ကိုင်ထားနိုင်တာ အီရန်တွေပဲ ဖြစ်တယ်။ စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်နိုင်မှု အလေးသာမှုဟာ အီရန်ဘက်ကို သိသိသာသာ ပြောင်းလဲသွားခဲ့ပြီလို့ ကျနော် ထင်တယ်။ ဒါဟာ တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။" NOM

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘေ
+5
ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား ရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြား ဩဂုတ် ၂၉၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြိုနယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့ပါသည်။

မြိတ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ ဩဂုတ် ၂၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သ
မြိတ်မြို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ    ဩဂုတ် ၂၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား  စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက  ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက နယ်မြေခံဆေးကုသရေးအဖွဲ့မှ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။ NOM

အဆိုပါအခမ်းအနား၌ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအနေဖြင့် ဟားခါးမြို့မှ အမျိုးသား(၁)ဦး၊  ကလေးမြို့မှ အမျိုးသား(၂၅)ဦး အမျိုးသမီး(၂)ဦး၊ မော်လိုက်မြို့မှ အမျိုးသား(၁) ဦး၊ ဖောင်းပြင်မြို့မှ အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦးနှင့် တမူးမြို့မှ အမျိုးသား(၁၃)ဦး၊ စုစုပေါင်း အမျိုးသား(၄၂)ဦးနှင့် အမျိုးသမီး(၃)ဦး၊ (၄၅)ဦးတို့သည် ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ်(၂)လက်၊ MA-3 သေနတ်(၂)လက်၊ MA-11သေနတ်(၁)လက်၊ M-22 သေနတ် (၁)လက်၊ Type-81 သေနတ် (၁၁)လက်၊ AK-47သေနတ် (၁)လက်၊ ကာဘိုင် သေနတ် (၁)လက်နှင့် ရိုင်ဖယ်သေနတ် (၁)လက် စုစုပေါင်း(၂၁)လက်၊ ကျည်အိမ်(၃၀)ခု၊ ကျည်မျိုးစုံ (၆၇၉)တောင့်၊ လက်ပစ်ဗုံး(၆)လုံးနှင့် စကားပြောစက်(၃)လုံးတို့အား လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူများ ကလက်ခံရယူပြီး မောင်းပြန် ရိုင်ဖယ်သေနတ် (၂၀)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀၀၊ ပစ္စတိုသေနတ်(၁)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံး (၆)လုံးအတွက် ဆုကြေးငွေကျပ် ၁၈ သိန်း၊ စကားပြောစက် (၃)လုံးအတွက် ဆုကြေးငွေ ၆ သိန်းကျပ်၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ဆုကြေးငွေ ၂၂ သိန်း ၅ သောင်းကျပ်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး  မိဘအုပ်ထိန်းသူများထံသို့စနစ်တကျလွှဲပြောင်းအပ်နှံပေးကြသည်။ ထို့ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDFအမည်ခံ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့အသီးသီးမှ အမျိုးသား ၁၃၁ဦး၊ အမျိုးသမီး ၉ဦး စုစုပေါင်း ၁၄၀ ဦးသည် လက်နက်မျိုးစုံ ၂၇ လက်၊ လက်ပစ်ဗုံး ၁၆ လုံး၊ ခဲယမ်းများ ဆက်စပ် ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။  NOM

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မှ  အဖွဲ့ဝင်အမျိုးသား ၁၃၁ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၀ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ   ဩဂုတ် ၂၈၊ ၂၀၂၆ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသ့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေ‌ဘောင်အတွင်းသို့ ထပ်မံဝင်ရောက် လာကြသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ်(၁)လက်၊ MA-3 သေနတ် (၂)လက်၊ MA-11 သေနတ်(၁)လက်၊ ကေအေသေနတ်(၁)လက်၊ လက်လုပ်သေနတ် (၁)လက်၊ ကျည်အိမ်(၇)ခုနှင့် လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးတို့အား အပ်နှံခဲ့ရာ တိုင်းမှူးက လက်ခံရယူခဲ့ပါသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ် (၆) လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၀၀၊ ပစ္စတိုသေနတ် (၁) လက် အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ ၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးအတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ဆုကြေးငွေ ၄၇ သိန်း ၅ သောင်းကျပ်၊ စုစုပေါင်း ဆုကြေးငွေ ၃၉၇ သိန်း ၅ သောင်းကျပ် နှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ များကလက်ခံရယူကြ သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံစနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။ ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် စစ်ကိုင်းမြို့မှ အမျိုးသား(၅၇)ဦး၊ အမျိုးသမီး(၆)ဦး၊ မုံရွာမြို့မှ အမျိုးသား(၁၄)ဦး၊ ရွှေဘိုမြို့မှ အမျိုးသား(၇)ဦး၊ ရေဦးမြို့မှ အမျိုးသား(၁)ဦး၊ ဝန်းသိုမြို့မှ အမျိုးသား(၃)ဦး၊ ကသာမြို့မှ အမျိုးသား(၄)ဦး နှင့် ကန့်ဘလူမြို့မှ အမျိုးသား(၃)ဦး၊ စုစုပေါင်း အမျိုးသား(၈၉)ဦးနှင့် အမျိုးသမီး(၆)ဦးစုစုပေါင်း (၉၅)ဦးဖြစ်ကြောင်းသိရှိရသည်။ အလားတူ ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ရာ တပ်နယ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

photo content
+2

နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွ
+1
နီပေါ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နီပေါဝန်ကြီးချုပ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားပါတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံသား ရာပေါင်းများစွာနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ရေလက်ကြားအတွင်း သင်္ဘော/ စက်လှေတွေနဲ့ ထွက်ခွာလှည့်လည်ခဲ့ကြပါတယ်။ အဆိုပါ စက်လှေအချို့ကို အမေရိကန်ရေတပ်က အကြိမ်ကြိမ် သတိပေးခြိမ်းခြောက်ခဲ့သော်လည်း သတိပေးချက်များကို လျစ်လျူရှုကာ ဆက်လက်ခရီးနှင်ခဲ့ကြပါတယ်။ NOM

ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောသား ၆,၀၀၀ ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း IMO ထုတ်ပြန် အီရန်စစ်
ဟော်မုဇ် ရေလက်ကြားတွင် သင်္ဘောသား ၆,၀၀၀ ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း IMO ထုတ်ပြန် အီရန်စစ်ပွဲကြောင့် အလွန်အရေးပါသည့် ရေကြောင်းလမ်းကြောင်းအတိုင်း သင်္ဘောသွားလာမှုများ ဆက်လက် အဟန့်အတား ဖြစ်ပေါ်နေ NOM

နီပေါတွင် ရုတ်တရက်ရေကြီးရေလျှံမှုများကြောင့် ရေအားလျှပ်စစ်စက်ရုံအနီး လိုဏ်ဂူအတွင်း ပိတ်မိနေသည့် အလုပ်သမား ၃၅၀ ဦးကို နီပေါတပ်မတော် ကယ်ထုတ်နိုင်ခဲ့ လိုဏ်ဂူအတွင်း ဆက်လက်ပိတ်မိနေသည့် လူ ၁၀၀ ကျော်အား ကယ်ဆယ်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရွှံ့နွံများ ထူထပ်နေသည့် အခြေအနေများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ NOM

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၉) နှင့် တပ်မတော်နည်းပညာတက္ကသို
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၉) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၉) တိုမှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲများသို တက်ရောက်စိစစ်ရွေးချယ်သည်။

ရွှံ့နွံနှင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် လူငယ်အား ကယ်ထုတ်ရန် အချိန်နှင့်အမျှ အပြိုင်လုဆောင်ရွက်နေရ နီပေါနိုင်ငံတွင် လတ်တလော ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရုတ်တရက် ရေကြီးရေလျှံမှုများ အပြီးတွင် လူပေါင်း ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ဒေသခံများသည် ရွှံ့နွံများနှင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် လူငယ်တစ်ဦးအား ကယ်ထုတ်နိုင်ရန် အချိန်နှင့်အမျှ အပြိုင်လု ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ NOM