en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Open in Telegram
1 031
Subscribers
No data24 hours
-37 days
-1230 days
Posts Archive
လမင်းအထိတ်တလန့် ဖြင့် သူရနှင့်ပပစိုးကိုမေးလိုက်မိသည်။ "ဟုတ်တယ် လမင်း ....ဦးကောင်းထက်က လမင်းထွက်သွားပြီး ကတည်းက... သူလဲလုပ်လက်စအလုပ်တချို့ကို ရပ်နားပြီး ..သူ့လုပ်ငန်းပဲ လုပ်ပြီး အေးအေးဆေးဆေးပဲနေတာပါ ... အခုလိုနေကာမှ ... ရန်သူက ဘယ်က ပေါ်လာလဲမသိဘူး .. သူက မနက်စောစော လမ်းလျှောက်ထွက်နေကြဆိုတာ လမင်းသိတယ်မဟုတ်လား ....အဲ့ဒီအချိန်မှာ ကားနဲ့တိုက်ခံရတာပဲ ...ကားကတိုက်ပြီး ဒီအတိုင်း ထားပစ်ခဲ့တာ .. နောက်မှ လမ်းသွားလမ်းလာတွေ တွေ့ပြီးဆေးရုံတင်ပေးခဲ့တာ ..." "ဟာဗျာ ...ဖြစ်မှဖြစ်ရလေ..ဒါနဲ့ တိုက်သွားတဲ့ကားကို မိလား ..မတော်တဆလား ..ကြံစည်ပြီး တိုက်ပစ်ခဲ့တာလား " " ကားကို မမိသေးဘူး ... မတော်တဆလား ..တမင်ကြံစည်ခဲ့တာလား သက်ဆိုင်ရာကစုံစမ်းလိမ့်မယ် .. ဘာကြောင့်ပဲဖြစ်ဖြစ် ကားသမားကတော့ ထောင်နန်းစံရမှာပဲ " လမင်းစိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။ ~~~~~~~ မျှော်လင့်တကြီးနှင့် လမင်း ရောက်လာခဲ့သော်လည်း လမင်း တွေ့လိုက်ရသည့် မျိုးဆေးဆိုင်ပိုင်ရှင်မှာ အသက်သုံးဆယ်ကျော် စအရွယ် အမျိုးသားတစ်ယောက်၏ ဆေးဆိုင်ဖြစ်နေသည်။လမင်းက ယောင်ယောင်ဝါးဝါးနှင့် ရောက်သွားပြီး စုံစမ်းလိုက်သောအခါ သူကလည်း အူကြောင်ကြောင်နှင့် နားမလည်ဖြစ်နေသည်။နောက်မှ လမင်းက အကျိုးအကြောင်း ရှင်းပြလိုက်သောအခါ သူသိသမျှဆေးဆိုင်နေရာများကို ပြောပြသည်။သည်လိုနှင့်ပင် ရန်ကုန်မြို့ရှိ ဆေးဆိုင်ကြီးငယ်မှန်သမျှကို လမင်းမသိတာမရှိသလောက် ဖြစ်နေခဲ့ချေပြီ။ ~~~~~ "လမင်း ...လမင်းရေ .." "ဟာ ... မစိုး ဘာဖြစ်လို့လဲ " ဆိုင်ထဲသို့ အမောတကော နှင့် ဝင်လာသော ပပစိုးကိုကြည့်ပြီး လမင်းအလန့်တကြားနှင့်မေးလိုက်မိသည်။ " ဦးကောင်းထက်ကို ...ကားနဲ့ ဝင်တိုက်ခဲ့တဲ့ တရားခံကိုမီပြီ သိလား လမင်း " " ဟာ ..ဟုတ်လား ... တရားခံက ဘယ်သူလဲ ...မတော်တဆမှုပဲလား " "ဟင့်အင်း .... မတော်တဆ မဟုတ်ဘူး လမင်း ...ဦးကောင်းထက် လမ်းလျှောက်လာတာကို တမင်စောင့်ပြီးတော့ကို တိုက်ပစ်ခဲ့တာ " "ဟာဗျာ ..ရက်စက်လိုက်တာဗျာ ... တရားခံကဘယ်သူလဲ မစိုး " @@@@@@@@@@@@@@@@@@@ အပိုင်း (၂၅ ) ဆက်ရန် #ဧကြည်ဖြူ

" ကျွန်တော် ဒီမှာမနေတော့ဘူး ...ဒီကိစ္စတွေကို အမေမသိအောင် ဖုံးကွယ်ပေးထားကြပါ ...." " မြေး ... မြေးလေးရယ် ....အဘွားတောင်းပန်ပါတယ်ကွယ် ...အမေ့အခြေအနေကလဲ သိပ်မကောင်းတာမို့ မြေးလေး ဘယ်မှမသွားပါနဲ့နော်.. အဘွားတောင်းပန်ပါတယ် " " ကျွန်တော်ကလဲ တောင်းပန်ပါတယ် .. လောလောဆယ် ... အပြင်မှာ ခဏလောက်နေခွင့်ပြုပါ....အမေ့ဆီကလဲ ခွင့်တောင်းပြီးသွားပါပြီ ..." ~~~~~~~ "မင်းတို့နဲ့ မပတ်သက်ချင်ဘူးလို့ ပြောခဲ့ပြီးပြီ မဟုတ်လား ..... ဘာကိစ္စလာဆက်သွယ်တာလဲ " လမင်းအသံမာမာနှင့် ပြောလိုက်သည်။ "မင်းတို့ကို တောင်းပန်ချင်လို့ " ချမ်းမြေ့က အေးဆေးတည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။ " မလိုဘူး ....ဘာတောင်းပန်စကားမှ မလိုဘူး ... မင်း ငါ့ကို နောက်ထပ်မဆက်သွယ်နဲ့တော့ " ပြောပြီးသည်နှင့် လမင်းထပြန်ရင်ပြင်လိုက်သည်။ " ခဏနေအုံး လမင်း .. မင်းလဲ နှင်းအိမ်ကို လိုက်ရှာနေတယ်ဆို ..ငါတို့ကြားမှာ မင်းတို့သားအမိပေါ် အားနာစရာကိစ္စတွေရှိပေမဲ့ ..ဒီကိစ္စတွေက နှင်းအိမ်ကိစ္စနဲ့တော့ မပတ်သက်ဘူးနော် .... အဲ့ဒီကိစ္စကိုတော့ အလျှော့ပေးမှာမဟုတ်ဘူး ... သူ့ကို ငါအရင်ရှာတွေ့ခဲ့ရင် .. မင်းထပ်ပြီး ပတ်သက်ဖို့မကြိုးစားပါနဲ့ " " ဘာကွ ..မင်းကွာ .... တောက် " လမင်းတောက်တစ်ချက်ခေါက်ပြီး ချမ်းမြေ့ကိုချာခနဲ ကျောခိုင်းထွက်ခဲ့လိုက်သည်။ ~~~~~~~ "မင်းလုပ်ငန်းတွေရော အဆင်ပြေရဲ့လား လမင်း ..ဘကျော်အခြေ အနေက ..နေ့လားညလားဆို '' သူရ၏အမေးကို လမင်းခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ် ....အဲ့ဒါကြောင့် အိမ် ကမခွါနိုင်ဘူးဖြစ်နေရတယ်...ဆေးကုမ္ပဏီတွေမှာလိုက်စုံစမ်းတော့လဲ တခြားသူရဲ့ကိုယ်ရေးကိုယ်တာကို ဖော်ပြလို့ မရဘူးတဲ့လေ " " အေးကွာ ... ဘာလိုလိုနဲ့နှင်းအိမ်တို့ ပြောင်းသွားတာတောင် သုံးလပြည့်တော့မှာပဲ ... သူရန်ကုန်မှာပဲရှိနေရင် တစ်နေ့တော့တွေ့မှာပါ " " ငါလဲ မတွေ့တွေ့အောင်ရှာမှာပါ ...ဒါနဲ့ မင်းနဲ့ မစိုးတို့ရော အလုပ်အဆင်ပြေကြရဲ့လား ..." "ပြေပါတယ်ကွာ ..မင်းကျေးဇူးတွေကို မမေ့ပါဘူးလမင်းရာ " " ဒါတွေ မလိုပါဘူးကွာ ..ကြီးတူးရဲ့ကျေးဇူးတွေက ငါတို့ပေါ်မှာ အများကြီးပါ " ~~~~~ "ဝေါ့ ..ဝေါ့ ..." နှင်းအိမ် ရင်ဘတ်လေကို လက်နှင့်အသာဖိရင်း လေတွေတဝေါ့ဝေါ့နှင့် အန်ချပစ်လိုက်သည်။မိန်းမသားပီပီကိုယ့်အခြေအနေကို သိပေမဲ့တကယ်တမ်းရင်ဆိုင်ရတော့မည်ဆိုသောအခါ ထိတ်လန့်တုန်လှုပ်လာမိသည်။မိခင်ကို မည်ကဲ့သို့ ပြောရပါမည်နည်း။ "သမီး ...နှင်း .....နှင်းအိမ် ...ဘာဖြစ်တာလဲ " " အ ....အမေ " နောက်ဖေးဘက်ခန်းထဲတွင် တစ်ယောက်တည်း လာအန်နေချိန် မိခင်ဖြစ်သူ ရောက်လာသောကြောင့် နှင်းအိမ်ထိတ်လန့်တုန်လှုပ်သွားပြီးလျှင် မိခင်ကို ဖက်ကာ အားပါးတရငိုချပစ်လိုက်မိလေသည်။ မအေးနွယ်က သမီးဖြစ်သူ၏ ကျောပြင်လေးကိုအသာ ပုတ်ပေးလိုက်ပြီး အံကိုတင်းတင်း ကြိတ်ထားမိသည်။မအေးနွယ်စိုးရိမ်ခဲ့ရသော အဖြစ်အပျက်ကြီး အမှန်တကယ် ဖြစ်လာခဲ့ပြီ ဆိုသည်ကို မအေးနွယ်ရိပ်စားမိလိုက်ပါလေပြီ။ ~~~~ "သမီး ....အမေ့ကို ဘာမှမပြောပြချင်သေးဘူးလားကွယ် ...ဒါဆိုရင် အမေမေးမယ် ... ဒီကလေးရဲ့ အဖေက မောင်ချမ်းမြေ့လား .. သူက သမီးကိုလက်မထပ်နိုင်ဘူးတဲ့လား " နှင်းအိမ်ခေါင်းကို ယမ်းခါလိုက်ပြီး "မ ..မဟုတ်ပါဘူးအမေ... ဒါတွေကို မမေးပါနဲ့နော် " မအေးနွယ် သက်ပြင်းချလိုက်မိသည်။မဖြေချင်ရှာသော သမီးငယ်ကို ဆက်လက်၍မေးရန် လည်း အင်းအားမရှိတော့ပါ။ " ဒါဆိုရင် ...သမီးဘာလုပ်ချင်လဲ ... ကိုယ်ဝန်ကို ဖျက်ချပစ်မလား ...." "ဟင့်အင်း အမေ ..မဖျက်ပါဘူး ..မဖျက်ဘူးအမေ ... ကလေးကိုမွေးခွင့်ပြုပါနော် .." "သမီးရယ် ... မအေနဲ့မှ ကံချင်း လာတူနေရလားကွယ် .." မအေးနွယ် ငိုချင်စိတ်ကို ထိန်းပြီး သမီး၏ လက်ကလေးတွေကို ခပ်တင်းတင်းဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။ "သမီးကို အမေပြောမယ် .... ကလေးတစ်ယောက်မွေးရတာက လွယ်ကူတဲ့ အလုပ်တော့မဟုတ်ဘူး...ပြီးတော့ ခင်ပွန်းမရှိဘဲ ကလေးမွေးရတာက ပိုခက်ခဲတယ် သမီး ....အများတကာ လက်ညှိုးထိုကဲ့ရဲ့နေတာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရမယ် ... ကိုယ်ရောကိုယ့်ကလေးအတွက်ပါ ခံနိုင်ရည်ရှိရမယ် ... နောက်ဆုံး ကလေးအဖေကို ဘယ်လောက် မုန်းမုန်း ကလေးပေါ်မှာဆံချည် တမျှင်စာတောင် ငြိုငြင်လို့ မဖြစ်ဘူးသမီး " " ဟုတ် ..ဟုတ်ကဲ့ပါ အမေ ....သ ..သမီး .. သူ့ကိုမမုန်းပါဘူးအမေ ... သူနဲ့တူတဲ့ ကလေးကို သမီးလိုချင်တယ် " "ဘယ် ..ဘယ်လို သမီး " မအေးနွယ်ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားသည်။တစ်စုံတစ်ရာကိုလည်း စဉ်းစား၍နေမိသည်။ ~~~~~~ "ဘာ ...ဘာပြောတယ် သူရ ...ဦးကောင်းထက်ဆုံးပြီဟုတ်လား...ဘယ် ... ဘယ်လို ဖြစ်ရတာလဲ ..အခုဘယ်မှာလဲ ... ဟုတ်ရောဟုတ်ရဲ့လား မစိုးရယ် ....မနေ့ညကမှ ကျွန်တော်နဲ့ ဖုန်းပြောသေးတယ် ... သူက တောင်ပြောနေသေးတယ် ... ချမ်းမြေ့ကုမ္ပဏီကို တိုက်ခိုက်နေတာတွေကို သူစွန့်လွှတ်လိုက်ပြီး ဘ၀ကို အေးအေးဆေးဆေးပဲ နေတော့မယ်လို့ ပြောနေသေးတာ ...အခုဘယ်လိုဖြစ်ရတာလဲ ...

~~~~~~ မြင်လိုက်ရသောမြင်ကွင်းကိုကြည့်ပြီး ကိုချမ်းအံ့ဩသွားမိသည်။ ကိုချမ်းမြင်နေရသည်မှာ ဖခင်ဖြစ်သူနှင့် လမင်းတို့ အတူတွဲလျက် ဆိုင်ထဲသို့ဝင်လာကြခြင်းဖြစ်သည်။နှစ်ယောက်သား ကိုချမ်းကိုမမြင်ကြဘဲ ဆိုင်၏သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။ရန်သူတော်တွေလိုလို ပြောဆိုထားပြီး အတူတွဲမြင်လိုက်ရတော့ စိတ်ထဲပူပန်သွားရသည်။ကိုချမ်းမသိမသာ ထသွားလိုက်ပြီး ခပ်ခွါခွါမှ လိုက်ခဲ့လိုက်သည်။နှစ်ယောက်သား သီးသန့်ခန်းထဲသို့ ဝင်သွားသောအခါ ကိုချမ်းလည်း ဘေးကအခန်းထဲ၀င်လိုက်သည်။ကံကောင်းသည်မှာ ဆိုင်က ရိုးရိုးသာမန်ဆိုင်လိုမျိုးဆိုတော့ အခန်းများက တစ်ခန်းနှင့်တစ်ခန်းမမြင်ရရုံသာ ခပ်ပါးပါးသုံးထပ်သားပြားကိုတစ်ဝက်တစ်ပိုင်းသာ ကာရံထားသည်။အရေးအကြောင်းရှိလျှင် ဖခင်ကြီးကိုကူညီနိုင်ရန် ကိုချမ်း တစ်ဖက်ခန်းသို့နားကိုစွင့်ထားလိုက်သည်။ ~~~~~ "မင်းကိုယ်မင်းသိပ်ဟုတ်လှပြီထင်မနေနဲ့ ...ဦးကောင်းထက် အကြောင်းကို မင်းဘယ်လောက် သိလို့လဲ ..မင်းဘ၀ကို ထောင်နှုတ်ခမ်းမှာလျှောက်ချင်နေတာလား ..." ဦးမောင်မောင်က လေသံခပ်မာမာဖြင့် ပြောလိုက်သည်။လမင်းက ဦးမောင်မောင်ကို မထီတရီကြည့်လိုက်ပြီး "ဦးကောင်းထက်က ဘယ်လိုလူလဲဆိုတာသိဖို့မလိုဘူး.... သေချာတာက ...ဦးကောင်းထက်က ဦးမောင်မောင်လို ဉာဏ်ရည်မမီရှာတဲ့ မိန်းခလေးကိုကျောရရုံကြံပြီး ပစ်ပြေးတတ်တဲ့ လူယုတ်မာမျိုးတော့ မဟုတ်ဘူး " " ဘာကွ ... မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း ... ဒါတွေက လူငယ်ဘ၀က မှားခဲ့မိတာ ... ငါ့နေရာမှာ မင်းဆိုရင်ရော .. မှားခဲ့မိတာနဲ့ပဲ ရူးနေတဲ့မိန်းခလေးကို လက်ထပ်မှာလား ပြောလေ " " ဘာဗျ ..ရူးနေတယ်ဟုတ်လား .. ကျုပ်အမေက ရူးနေတယ်ဆိုရင်တောင် ... လူသားတစ်ယောက်ပီပီသသနဲ့ ကျုပ်ကိုလူ့လောကထဲ ဆွဲခေါ်ခဲ့တယ် ....ခင်ဗျားတို့မိသားစုလို မယုတ်မာခဲ့ဘူး ... ယောကျာ်းဆိုတာ ကိုယ်ကျူးလွန်ခဲ့တဲ့ အမှားကိုတာဝန်ယူရဲရတယ် ....ဒါပေမဲ့ ဦးမောင်မောင်တို့ကတာဝန်မယူတဲ့အပြင် ..လူတောင်ဖြစ်ခွင့်မရသေးကလေးကို သတ်ပစ်ဖို့ အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့ကြတယ် မဟုတ်လား .. " ကိုချမ်းသည် အခန်းထဲမှ စကားသံများကိုနားထောင်နေရင်းမှ နေရာတွင် ဆက်လက်ရပ်တည်နေနိုင်စွမ်းမရှိတော့သောကြောင့် အခန်းထဲသို့ ဝင်ချသွားပစ်လိုက်သည်။ "ဒါက ဘာစကားလဲ အဖေ ..အဖေဘာတွေ လုပ်ခဲ့တာလဲ " "ဟင် ..ချမ်းမြေ့ ....သား...မင်း ..မင်းဘယ်လို ရောက်လာတာလဲ " ရုတ်တရက် ဝင်ရောက်လာသော သားဖြစ်သူကို ကြည့်ပြီး ဦးမောင်မောင် ထိတ်လန့်တုန်လှုပ်သွားမိလေသည်။ "ပြောလေ အဖေ ..ဘာတွေဖြစ်နေတာလဲ ... လမင်းပြောလေ မင်းပြောနေတာဘာတွေလဲ.." ကိုချမ်းက လမင်းကိုမေးလိုက်သည်။ "ငါပြောတာထက် ....မင်းအဖေ ယုတ်မာခဲ့တာတွေကို.. မင်းအဖေကို ကိုယ်တိုင်မေးလိုက်လေ...." "မ ..မဟုတ်ပါဘူး သားရယ် ...ဒီကိစ္စတွေကို အဖေရှင်းပြပါ့မယ် ..လမင်း ... မင်းပြန်တော့ " ဦးမောင်မောင်က လမင်းကို ပြန်ခိုင်းလိုက်သည်။လမင်းက ဦးမောင်မောင်ကို ကြည့်လိုက်ပြီး "ပြန်မှာပါ ..ခင်ဗျားတို့သားအဖတွေနဲ့ နောက်ထပ်လဲမပတ်သက် တော့ပါဘူး ...ခင်ဗျားတို့လဲ လာမပတ်သက်ကြပါနဲ့ "ပြောပြီးသည်နှင့် လမင်းအပြင်သို့ထွက်ရန်ပြင်လိုက်သည်။ကိုချမ်းက လျင်မြန်လှစွာပင် လမင်း၏လက်ကို ဖမ်းဆွဲလိုက်လေသည်။ "မင်းမသွားနဲ့အုံး လမင်း ... အဖြစ်အပျက်တွေအားလုံးကို မင်းပြောသွားရမယ်...မဟုတ်ရင် မင်းအိမ်အထိ ငါလိုက်လာမှာ " "မင်းက ဘာလာဖြစ်နေတာလဲ...မင်းဒီလောက် သိချင်နေရင်လဲ ပြောပြရတာပေါ့ကွာ ... မင်းအဖေက လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်တုန်းက ဉာဏ်ရည်မမီတဲ့ မိန်းခလေးတစ်ယောက်ကို စော်ကားပြီး ရှောင်းပြေးခဲ့တယ် ...ထားပါတော့.. ဉာဏ်ရည်မပြည့်တဲ့သူမို့ သူလက်မထပ်ချင်တာကို နားလည်ပေးလို့ရသေးတယ် ... ဒါပေမဲ့ အဲ့ဒီမိန်းခလေးကိုယ်ဝန်ရလာတော့ လူမဆန်စွာဖျက်ဆီးခိုင်းခဲ့တယ် ..နောက်ဆုံးတော့ အဲ့ဒီမိန်းခလေးက ဉာဏ်ရည်မပြည့်ဝပေမဲ့ သူ့ရင်သွေးကို ကာကွယ်ဖို့အတွက်.. ရန်ကုန်ကိုထွက်ပြေးလာခဲ့တယ် ...ရန်ကုန်ရောက်တော့ သူ့ခမျာ ဘူတာထဲမှာအိမ်ခြေရာမဲ့ဘဝနဲ့ နေထိုင်ခဲ့ရတယ် ... အေး ... မင်းရဲ့ အဖေစော်ကားခဲ့တဲ့အဲ့ဒီမိန်းခလေးက ငါ့အမေပဲ ... မင်း (၁၇)နှစ်ပြည့်မွေးနေ့ လုပ်တုန်းက... အဲ့ဒီရွာကိုငါလာခဲ့တယ် ... မင်းအဖေနဲ့ မင်းရဲ့ အဘွားတွေက ငါ့ကိုခွေးမောင်းသလိုမောင်းထုတ်ခဲ့ကြတယ်...အခုသိပြီလား မင်းအဖေရဲ့ယုတ်မာမှုတွေကို " လမင်း၏ စကားဆုံးသွားသောအခါ ကိုချမ်းသည် ဖခင်ဖြစ်သူကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ပြီး အခန်းပြင်သို့ ကမူးရှူးထိုးပြေးထွက်သွားခဲ့သည်။ "သား ...ချမ်းမြေ့ ...သား " ဦးမောင်မောင်သည် သွေးရူးသွေးတန်းဖြင့် အော်လျက်သားဖြစ်သူနောက်သို့ အပြေးလိုက်သွားသည်။အခန်းထဲတွင် ကျန်ခဲ့ သော လမင်းကို ငဲ့စောင်း၍မျှပင် ကြည့်မသွားခဲ့ပါချေ။လမင်းသည် အံကိုတင်းတင်းကြိတ်လျက် နေရာတွင် အတန်ကြာရပ်နေမိလေသည်။ရင်ထဲ၌မူ နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံလိုက်ရသလို နာကျင်၍နေလေသည်။ ~~~~~~ ဒေါ်နုနု၏ မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်လျက်ဖြင့် မြေးဖြစ်သူ ချင်းမြေ့ကို ကြည့်နေလေသည်။

#မုန်းမာန် (အခန်းဆက်ဝတ္ထုရှည် ) အပိုင်း (၂၄ ) ******** ~~~~ "ဘယ်လိုဖြစ်ကြတာလဲ လမင်းရယ် ...မေနှင်းအိမ်ကို ခုချိန်ထိရှာမတွေ့သေးဘူးလား " ပပစိုးက လမင်းကိုကြည့်ကာ စိတ်မကောင်းစွာမေးလိုက်သည်။ "ဟုတ်တယ် မစိုး ...ဦးမျိုးတို့ အမျိုးတွေဆီမှာလဲ ..... ဘာမှစုံစမ်းလို့မရခဲ့ဘူး .... ကျွန်တော် မစိုးကိုအကူအညီတောင်းချင်လို့ လာခဲ့တာ... ကျွန်တော့်တို့လုပ်ထားတဲ့ အရောင်းအဝယ်ကိစ္စတွေကို ...ကျွန်တော်မလိုက်နိုင်တော့ဘူး...အကျိုးအမြတ်ရမဲ့ထဲက ကျွန်တော့်ကို ရာနှုန်းလျှော့ပေးပါ ....တကယ်လို့ မစိုးအတွက် စိတ်ချရမဲ့ တွဲဖက်တစ်ယောက်လို အပ်တယ်ဆိုရင် ... ကျွန်တော့်သူငယ်ချင်း ကိုသူရကိုထည့်ပေးပါ့မယ် ... သူ့ဆီမှာ အကူအညီတောင်းထားပါတယ် " "ဟုတ်ပြီးလေ ...တို့ကတော့ မကြာခဏခရီးသွားနေရတော့.. စိတ်ချရတဲ့လူတစ်ယောက်တော့ လိုအပ်တာအမှန်ပဲ ...သူရကိုလဲ တို့သိနေတာပဲလေ ...မင်းကလဲ အာမခံတယ်ဆိုရင် .. အဆင်ပြေပါတယ် ...ဒါနဲ့မင်းက ... ဘက်လိုလိုက်ရှာမှာလဲ ... ဒီလိုပဲ နေရာအနှံ့လျှောက်သွားရှာနေလို့တော့ မဖြစ်ဘူး မဟုတ်လား ...ဘကျော်ရဲ့ကျန်းမာရေးကလဲ သိပ်မကောင်းဘူးဆို " "ဟုတ်တယ်မစိုး ...အဲ့ဒါကြောင့် ကျွန်တော် အိမ်မှာနေရအုံးမယ် ... ရှာတာကတော့ ဆေးကုမ္ပဏီတွေကို လိုက်ချိတ်ထားတယ် ...သူတို့ဆီမှာ ဦးမျိုးရဲ့လိပ်စာကို ရလိုရငြားပေါ့ ...ဦးမျိုးက နှစ်ပေါင်းများစွာ ဆေးဆိုင်ပဲလုပ်လာခဲ့တာမဟုတ်လား ... သေချာတာက သူကျွမ်းကျင်တဲ့လုပ်ငန်းကိုဆက်လုပ်နေမှာပဲ " မျှော်လင့်တကြီးနဲ့ ပြောနေသောလမင်းကိုကြည့်ပြီး ပပစိုးခေါင်းကို ငြိမ့်လိုက်သည်။ " တို့အကူအညီလိုရင်လဲ ပြောနော် ..." "ကျေးဇူးပါ မစိုး " ~~~~~~ "ဘာပြောတယ်ကွ ... ငါတို့မှာထားတဲ့ပစွည်းတွေအချိန်မီမရနိုင်ဘူးဟုတ်လား ..ဘာအတွက်လဲ ..." ဦးမောင်မောင်ထိတ်လန့်တုန်လှုပ်စွာမေးလိုက်သည်။ ''တခြားအော်ဒါ၀င်သွားပြီး အကုန်ယူသွားတာတဲ့ သူဋ္ဌေး... ကျွန်တော်တို့ဘက်က မေးလ်ကနာရီပိုင်း လောက်နောက်ကျသွားတယ်တဲ့ " "တောက် ... ကြားဖြတ်ယူသွားတဲ့ကုမ္ပဏီက ကောင်းထက်ကုမ္ပဏီလား " ဦးမောင်မောင်တောက်တစ်ချက်ခေါက်လိုက်ပြီး ဒေါသတကြီးဖြင့် မေးလိုက်သည်။ "သူတို့ဘက်က ကုမ္ပဏီနာမည်တော့ မပြောဘူး ...ဒါပေမဲ့ ဖြစ်နိုင်လောက်ပါတယ် သူဌေး ... " " ဒီလူတွေတော့ မောင်မောင့်ကို အထင်သေးနေကြတာပဲ ...ဒီကိစ္စကို ငါရှင်းလိုက်မယ်...မင်းက ပြည်ပကို .လှမ်းမှာတဲ့အမှာစာတွေကိုဂရုစိုက် ... ပစ္စည်းတွေ ဒီဘက်ကိုရောက်ဖို့ ... အမှာတစ်ခုနဲ့တစ်ခုကြား (၁၅) ရက်ထက်ပိုကြာလို့ မရဘူးနော် ...တော်ကြာကသီလင်တဖြစ်ကုန်မယ် " " ဟုတ်ကဲ့ စိတ်ချပါသူဌေး " ~~~~~~~ "ဘယ်လိုဖြစ်ရတာလဲ အဖေ....(......)တည်းခိုးခန်းကို အဖေဘဏ်မှာ ပေါင်ထားတယ်ဆို ...အဖေ့အလုပ်တွေ အဆင်မပြေဘူးလား " ကိုချမ်းကဖခင်ဖြစ်သူကို မေးလိုက်သည်။ " မင်း ..အခုတော့ အဖေ့လုပ်ငန်း တွေကို စိတ်ဝင်စားလာပြီပေါ့ ...ဟုတ်တယ် ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ပစွည်းတွေကို .. လိုလိုမယ်မယ် အပိုဝယ်ထားဖို့လို နေလို့ပဲ " "ဗျာ ...အဖေပြောတော့ ...ဆောက်လုပ်ရေးအတွက်က လိုအပ်တဲ့ဘက်ဂျက်အဖေ့ဆိမှာရှိတယ်ဆို ." "ဟုတ်တယ် ရှိတယ်လေ ..ဒါပေမဲ့ ဒီဆောက်လုပ်ရေးကို လိုက် နှောက်ယှက်နေတဲ့သူတွေရှိလို ...ပြည်ပက ဆောက်လုပ်ရေးပစ္စည်းတွေမှာထားတာ " ဖခင်း၏ စကားကြောင့် ကိုချမ်းစိတ်ရှုပ်သွားမိပြီး . "အဖေ့ကို အဲ့ဒါကြောင့်ကျွန်တော်ပြောခဲ့တာ ...ဒီတစ်ခေါက်လုပ်ငန်းက အရမ်းစွန့်စားရာကျတယ် ... ဒီလောက်ကြီးမားတဲ့လုပ်ငန်းခွင်မှာသက်မှတ်ရက်ကို အတိမ်းအစောင်းမခံဘူးဆိုတာက အဓိပ္ပါယ်ကိုမရှိဘူး...မသိရင် တမင်သက်သက်အကွက်ဆင်ထားသလိုပဲ... အဖေကမိုက်ရူးရဲဆန်လွန်းသွားတာ " သာဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်စိတ်တိုဒေါသထွက် သွားရပြီး "တော်စမ်းကွာ...လူငယ်လေးဖြစ်ပြီး မင်းသတ္တိနည်းလှချည်းလား .. အလုပ်မှာသူများထက်သာချင်ရင် ဒီလိုပဲစွန့်စားရတယ် ... အောင်မြင်ခဲ့ရင် ... ဆောက်လုပ်ရေးလောကမှာ ဘုရင်တစ်ဆူ ဖြစ်မှာ ...မင်းလဲ မိန်းမကိစ္စကြီးပဲ လုံးပန်းမနေနဲ့.....လုပ်ငန်းတွေထဲ ၀င်ကူအုံး ....ခုတလော ကောင်းထက်ကုမ္ပကလဲ ငါတို့ကိုပေါ်တင်ကြီးလိုက်တိုက်ခိုက်နေတာ မင်းသိရဲ့လား " ဖခင်ဖြစ်သူ၏ စကားကြောင့် ကိုချမ်းစိတ်ထဲလမင်းကို မြင်ယောင်လိုက်မိသည်။လမင်းသည် ကောင်းထက်ကုမ္ပဏီ၏ ရှယ်ယာရှင်တယောက်ဖြစ်သည် ။ ဦးကောင်းထက်၏ မိတ်ဆက်ပေးမှုနှင့် လမင်းနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။ဖခင်ကြီးပြောတာသာအမှန်ဆိုလျှင်လမင်းသည် အစကတည်းက အကြံအစည်ပေါင်းများစွာနှင့် ချဉ်းကပ်ခဲ့ပုံရသည်။ကိုချမ်း လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိပြီး "ကောင်းထက်ကုမ္ပဏီဆိုတာ သေချာလား အဖေ " " ငါ့တို့လောကမှာ မသေချာပဲ မပြောဘူးကွ "

"ဘာပြောတယ်ဗျ ... ကျွန်တော်လဲ ခင်ဗျားနဲ့ မပတ်သက်ချင်ပါဘူး ....ဒါပေမဲ့ နှင်းအိမ်နဲ့ပတ်သက်ပြီးတော့ ခင်ဗျားမှာဘာပြောပိုင်ခွင့်မှ မရှိဘူးကိုလမင်း ... ခင်ဗျားအကြောင်းကို ကျွန်တော်သိတယ် ... ခင်ဗျားတခြားမိန်းမနဲ့ပတ်သက်နေပြီးမှ နှင်းအိမိကိစ္စတွေကို ဝင်စွက်ဖက်ခွင့်မရှိဘူးဗျ ...ခင်ဗျားကို ပြောခဲ့လိုက်မယ် ... ဒီနေ့ကစပြီးတော့ နှင်းအိမ်ကို ကျွန်တော်တွေ့အောင်ရှာမယ် ..ပြီးရင်ရအောင်လက်ထပ်ယူမှာ... " " ဘာကွ...တောက် ..မင်းကွာ " သည်တစ်ခါ ဒေါသထွက်သွားရသူမှာ လမင်းဖြစ်သည်။ "ငါတို့နှစ်ယောက်ရဲ့ကြားကို မင်းဝင်လို့မရဘူးချမ်းမြေ့ .... ဝင်လို့လဲမဖြစ်ဘူး ... ငါပြဿနာမဖြစ်ချင်လို့.မင်းကို အေးအေးဆေးဆေးပြောနေတာ ကွာ ..." "တော်စမ်းပါဗျာ .... ကျွန်တော့်ကို ဘယ်သူမှ အမိန့်လာပေးလို့မရဘူး ...နှင်းအိမ်တစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှသည်းခံနေမှာမဟုတ်ဘူး ..." @@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၂၄ ) ဆက်ရန် #ဧကြည်ဖြူ

" ဟုတ်ပြီ ... ဒါဆို အဲ့ဒီကိစ္စကိုမပြောတော့ဘူး...အဖေ့လုပ်ငန်းတွေကို မင်းဝိုင်းကူပေးအုံး ..အဖေ ဒီလထဲမှာ ခရီးသွားဖို့ရှိတယ် ....အဲ့ဒါ့ မင်းကိုစိတ်ချချင်တယ်.." "ဟုတ်ကဲ စိတ်ချပါ အဖေ " ~~~~~ " ဘယ်လိုဖြစ်တာလဲလမင်းရ ဝမ်းမင်းကိုတွေ့ရဖို့အရေး မနည်းခေါ်ခိုင်းနေရပါလား ...ခရီးကပြန်လာပြီးကတည်းက ကုမ္ပဏီကိုလုံးဝမလာသေးဘူးနော် ...ပပကိုမေးတော့.. သူလဲမသိဘူးတဲ့လေ ..ဘာတွေဖြစ်နေတာလဲ လမင်းရ " လမင်းက ဦးကောင်းထက်၏ အမေးကိုမဖြေသေးဘဲ သူ့လက်ထဲမှ ဖိုင်တွဲကို ဦးကောင်းထက်ဆီသို့ ကမ်းပေးလိုက်သည်။ "ဒီမှာ ကျွန်တော်တာဝန်ယူထားရတဲ့ စာရင်းတွေပါ ... ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ... ကျွန်တော့် အလုပ်တွေကို နားလိုက်ပါပြီ ...ရှယ်ယာဝင်အနေနဲ့လဲ ...အန်ကယ်တို့ ပေးတဲ့ အကျိုးအမြတ်ကိုပဲ လက်ခံမှာပါ ... ကျွန်တော်တာဝန်ယူမယ်လို့ ပြောထားတဲ့အပိုင်းကို ပြီးဆုံးအောင် မလုပ်ဆောင်ပေးနိုင်လို့ တောင်းပန်ပါတယ် အန်ကယ် '' "ဟာ....ဘယ်လိုဖြစ်ရတာလဲ မောင်လမင်း ....ဒါ...ဒါဆိုရင် ချမ်းမြေ့ကုမ္ပဏီကို ဖြုတ်ချမယ်ဆိုတဲ့ မင်းရည်ရွယ်ချက်ကရော " ဦးကောင်းထက်က အံဩတုန်လှုပ်စွာနှင့် မေးလိုက်သည်။လမင်းသာမရှိလျှင် ဦးကောင်းထက်အတွက် လက်မောင်း တစ်ဖက်ပြုတ်သကဲ့သို့ဖြစ်ရမည် မဟုတ်ပါလား။ "ကျွန်တော် အဲ့ဒါတွေ စိတ်မဝင်စားတော့ဘူး အန်ကယ်...အခုချိန်မှာ သူတို့ကကျွန်တော့်အတွက် အရေးမပါတော့ပါဘူး...မုန်းတဲ့သူတွေအတွက် ကျွန်တော်အချိန်တွေကို အကုန်ခံနေမဲ့အစား ...ချစ်တဲ့သူ့အတွက်ပဲ အချိန်တွေကို ကုန်ဆုံးပါတော့မယ် ... သူတို့ကို မုန်းတီးစိတ်နဲ့ ကျွန်တော်ကချစ်ရတဲ့သူတွေ...ကျွန်တော့်ကို ချစ်တဲ့သူတွေအပေါ်မှာ လျစ်လျူရှုထားခဲ့မိတာတွေအတွက် နောင်တရနေမိတယ် အန်ကယ် " " ဟေ ... မင်းပြောမှပဲ ...အန်ကယ်လဲ ဒေါသမာနစိတ်ကြောင့် .....မိသားစုအပေါ် လျစ်လျူရှုနေမိသလားလို့စဉ်းစားမိတယ်ကွာ ....အေးပါ မောင်လမင်း ...မင်း အဆင်ပြေပါစေ " ~~~~~ "ဒါဆိုရင် မန်း မောင်ချမ်းမြေ့လဲ မသိဘူးပေါ့ ... အဒေါ်က မင်းတော့ သိမယ်ထင်နေတာ ... အဒေါ်တို့ကိုလဲ သူတို့ပြောင်းခါနီးမှလာနှုတ်ဆက်တာလေ ..အခုတော့ ဖုန်းတွေလဲ ဆက်လို့မရတော့ဘူး ... နှင်းအိမ်တို့အဘိုးအဘွားဆီကို ပြန်တာတော့ မဟုတ်ဘူး.....တစ်နေ့ကပဲ ပဲခူးနယ်ဘက်က နှင်းအိမ်တို့အဘိုးအဘွားအိမ်ကိုလမင်းလိုက်သွားတာ ....မတွေ့ခဲ့ဘူးလို့ပြောတယ် " ဒေါ်တူး၏စကားကြောင့် ချမ်းမြေ့ အံ့ဩသွားရသည်။ "လမင်း ..လမင်းကဘယ်သူလဲ အဒေါ် " " ဪ ....မောင်ချမ်းမြေ့က လမင်းကို မသိဘူးလား .. နှင်းအိမ်နဲ့ ငယ်ငယ်ကတည်းကအတူ ကြီးပြင်းခဲ့တဲ့သူလေ ... ငယ်သူငယ်ချင်းတွေပေါ့ ..အရင်က ခြေရင်းခေါင်းရင်နေလာကြတာ ...ဆယ်တန်းအောင်ပြီးသွားမှ လမင်းက.. လမ်းထိပ်ဘက်ကို ပြောင်းသွားတာလေ..." ဒေါ်တူး၏ စကားအဆုံးတွင် ကိုချမ်းရင်တွေ အခုန်မြန်လာသည်။လမင်းတဲ့။ ကိုချမ်းနှင့်မစိမ်းသောနာမည်။မှတ်မှတ်ရရ လမင်းနှင့်ဆုံခဲ့သောနေ့ ညပိုင်းမှစပြီး နှင်းအိမ်နှင့်အဆက်အသွယ်မရတော့ခြင်းဖြစ်သည်။နောက်ရက်ကျမှ နှင်းအိမ်ဆီမှ "အဘွားတို့ဆီ ပြန်ရောက်နေလို့ ဆက်သွယ်လို့ ရမှာမဟုတ်ဘူး " ဆိုသောစာတိုကို ရရှိခဲ့ခြင်းဖြစ်သည်။ " ဒါနဲ့ ဒေါ်ဒေါ် ... ကိုလမင်းရဲ့ လိပ်စာလေး ကျွန်တော့်ကိုပေးပါလားခင်ဗျာ " ~~~~~~~ ကိုချမ်းစိတ်ထဲမှ မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေခဲ့သော်လည်း မျက်နှာချင်းဆိုင် တွေ့လိုက်ရသောအခါ ဆုတောင်း တွေ မပြည့်မှန်းကိုချမ်း သိလိုက်ရသည်။လမင်းနှင့် ကိုချမ်းဆုံလိုက်ရချိန်တွင် လမင်းက ကျောပိုးအိတ်တစ်လုံးနှင့် ခရီးသွားဖို့ပြင်နေချိန်ဖြစ်သည်။ "ကိုချမ်းမြေ့ ဘာကိစ္စလဲ .... ကျွန်တော် ခရီးသွားစရာရှိလို့ " သူတို့မိသားစုနှင့် မပတ်သက်ချင်တော့သောကြောင့် လမင်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။ပြီးလျှင် လမင်းကယနေ့ခရီးသွားရအုံးမည်။ စုံးစမ်းသိရသလောက် ဦးမျိုးအောင်၏အမျိုးများရှိသည်ဟုဆိုသော အညာဘက်သို့သွားဖို့ရန် လုပ်နေခြင်းဖြစ်သည်လေ။ "ခင်ဗျားက နှင်းအိမ်ရဲ့သူငယ်ချင်းလား ... ကျွန်တော်တို့ တစ်နေရာရာသွားပြီး စကားပြောကြရအောင် " ချမ်းမြေ့၏ စကားကြောင့်လမင်းဖျတ်ခနဲကြည့်လိုက်သောအခါ ချမ်းမြေ့၏ စူးစူးဝါးဝါးအကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။ ~~~~~ " နှင်းအိမ်ပြောင်းသွားတဲ့ကိစ္စက ..ခင်ဗျားနဲ့ပတ်သက်နေလား ကျွန်တော်သိချင်တယ် ..ဘာလို့လဲဆိုတော့ ...ခင်ဗျားနဲ့ဆုံပြီးတဲ့ ညဘက်ကတည်းက နှင်းအိမ်ဖုန်းမကိုင်တော့တာ....ခင်ဗျားဘာတွေလုပ်ခဲ့တာလဲ " လမင်းကိုကြည့်ပြီး ချမ်းမြေ့ ဒေါသသံဖြင့် မေးလိုက်သည်။ချမ်းမြေ့လမင်းကိုမယုံ။ရုတ်တရက်နှင်းအိမ်တို့ ပြောင်းသွားသော ကိစ္စသည် လမင်း၏ ပယောဂပါမည်ပါ ကိုချမ်းထင်နေမိသည်။ ချမ်းမြေ့ကို လမင်းကပြန်ကြည့်လိုက်ပြီး "ငါနဲ့နှင်းအိမ်ရဲ့ကိစ္စက ....မင်းနဲ့ ဘာမှမဆိုင်ဘူးကွ...ပြီးတော့ ...မင်း နှင်းအိမ်ကိုလာထပ်မရှာနဲ့တော့ ဟုတ်ပြီလား ... ငါတောင်းဆိုတာကွာ ... မင်းနဲ့ငါ့ကြားမှာ ဘာပြဿနာမှမဖြစ်ချင်သလို ..မင်းနဲ့လဲ မပတ်သက်ချင်ဘူး "

မရေမရာသော အဖြေများနှင့် ချမ်းမြေ့မောင်၏ စားသောက်ဆိုင်ကနေ လမင်းပြန်ခဲ့သည်။အပြန်လမ်းတစ်လျှောက် တွင် လမ်းဘေးမှ မြင်သမျှ လူတိုင်းကို လမင်းလိုက်ကြည့်နေခဲ့မိသည်။ ~~~~~~ "အေးကွ လမင်းရ..ငါလဲဘာမှမသိဘူး ... သူတို့ပြောင်းသွားတာကို... အလုပ်ကပြန်ရောက်မှ အမေပြောလို့သိတာ ... အားချင်းကြီး ဘာလို့ပြောင်းသွားကြတာလဲ မသိဘူး ..... သူတို့မှာအကြောင်းတော့ ရှိရမယ် " သူရဆီမှ စကားကို ကြားလိုက်ရချိန်မှာ လမင်းစိတ်ကို တင်းမထားနိုင်တော့ဘဲ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ မျက်ရည်ကျမိသည်။ "ဟာ ....လမင်း ... မင်း....မင်းငိုနေတာလား ....ဘာဖြစ်လို့လဲ ..... မင်း အမှန်တိုင်းပြောစမ်းလမင်း ... မင်းနဲ့ နှင်းအိမ်ကြားမှာ ဘာတွေဖြစ်ခဲ့ကြလဲ " လမင်းမဖြေပါ။အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်လိုက်ပြီး " ငါ...ငါရူးတော့မယ်သူရ ....နှင်းအိမ်ကိုမတွေ့ရင် ငါရူးသွားလိမ့်မယ်ထင်တယ်ကွာ....ငါဘာလုပ်ရမလဲ ....ငါ ခရီးသွားလိုက်မိတာ အရမ်းမှားသွားတယ်" သူရသည် လမင်း၏ပုံစံကို ကြည့်လိုက်ပြီး 'လမင်း ...မင်း ..မင်းနှင်းအိမ်ကို ချစ်နေတာလား " သူရ၏အမေးကို မဖြေနိုင်ဘဲ လမင်းငြိမ်သက်နေမိသည်။အတန်ကြာသောအခါမှ လမင်း သက်ပြင်းရှည်ကြီးကို ချလိုက်မိပြီး "အချစ်ဆိုတာဘာလဲ ... ငါမသိဘူးသူရ ...ငါ့ဘဝတစ်လျှောက်လုံး ထ အမေပင်ပင်ပန်းပန်းနံ့ ဈေးရောင်းခဲ့ရတာကို ကြည့်ပြီး သနားတယ် .. အဲ့ဒါကြောင့် ချမ်းသာဖို့ရယ် ... ငါ့အမေကို ဒုက္ခပေးခဲ့တဲ့မိသားစုကို လက်တုံ့ပြန်ချင်တာပဲသိခဲ့တာ ... ဒါပေမဲ့ နှင်းအိမ်ငါ့အနားမှာမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့ ..ငါ့ဘ၀ကဘာအဓိပ္ပါယ်မရှိတော့သလိုပဲ ...အရင်တုန်းကတော့ သူ့ကိုသတိရရင် အချိန်မရွေးတွေ့လို့ရနေတော့ ...အဲ့ဒီခံစားချက်ကို ငါမသိခဲ့ဘူးကွာ " "လမင်းရာ ... မင်းနဲ့ နှင်းအိမ်နဲ့သာဆိုရင် သိပ်လိုက်ဖက်မှာပဲ ... ငါသဘောတူတယ် ... ငါထင်တော့ ထင်ပါတယ်ကွာ ... မင်းနဲ့နှင်းအိမ်က မတည့်ကြပေမဲ့ ..မင်းပြောရင်လဲနှင်းအိမ်ကနားထောင်တယ် ..မင်းကလဲ အပြင်ပန်းအရ သူ့ကိုဂရုမစိုက်သလို ပစ်ထားခဲ့ပေမဲ့ ...သူတစ်ခုခုအမှားလုပ်တော့မယ်ဆိုရင် မင်းအမြဲလိုက်တားခဲ့တယ် .. သေချာတယ်လမင်း ... မင်း...သူ့ကို ငယ်ငယ်ကတည်းက ချစ်နေတာပဲဖြစ်ရမယ် ... ဒီကြားထဲမှာ ကြားလူတွေပေါ်လာတော့... မင်းတို့ကြားမှာပြဿနာတွေရှိတယ်မဟုတ်လား ..ဘာပြဿနာပဲရှိရှိကွာ ...မင်း သူ့ကိုချစ်ရင် တွေ့အောင်လိုက်ရှာပေါ့ " " ငါ ရှာမှာပါ ..မနက်ဖြန် ပဲခူးသွားမယ် ... သူတို့အဘွားတွေနေတဲ့ နေရာကို သွားရှာမယ် ." ~~~~~~ "ဦးကောင်းထက်ဘယ်မှာလဲ " ဦးမောင်မောင်က စာရေးမ လေးကို အသံမာမာနှင့် မေးလိုက် သည်။ "ဪ ...ဪ ..ဘယ်သူများလဲလို့ ..ချမ်းမြေ့ကုမ္ပဏီရဲ့ သူဋ္ဌေးမင်းပါလား ...ဒါနဲ့ ဘာကိစ္စနဲ့များ လာတာလဲ ခင်ဗျာ " ဦးကောင်းထက်က ဦးမောင်မောင်ရှိရာသို့လျှောက်လာပြီး ခပ်ထေ့ထေ့မေးလိုက်သည်။ "ဒီမှာ ဦးကောင်းထက် ... ခင်ဗျားလုပ်ရပ်တွေရပ်တန်းကရပ်လိုက်တော့ ... ကျုပ်လုပ်ငန်းတွေကို ခင်ဗျားတို့ဆက်ပြီး နှောက်ယှက်နေမယ်ဆိုရင် ...ခင်ဗျားတို့ ကုမ္ပဏီ ဒီမြေပေါ်ကနေပျောက်ချင်းမလှပျောက်သွားအောင် ကျုပ်လုပ်ပစ်လိုက်လို့ရတယ် " "ဟား ..ဟား .. ကြောက်စရာကောင်းလှပါလား ဦးမောင်မောင်ရ ...ဒီစကားက လူကြီးလူကောင်းတစ်ယောက်ပြောတာနဲ့ မတူဘဲ ..လူမိုက်ဆန်နေတယ်ဗျ ... ကျုပ်ကတော့ ကျုပ်ရဲ့ကုမ္ပဏီ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာရှိတာကို လုပ်သွားရမှာပဲ ...ကျုပ်ကြောင့် ခင်ဗျားလုပ်ငန်းတွေ ထိခိုက်သွားတယ်ဆိုရင်တော့ တောင်းပန်တယ်ဗျာ ..ဟား ..ဟား " " တောက် " မထီမဲ့မြင်နိုင်လှသော ဦးကောင်းတက်၏ပုံစံကြောင့် ဦးမောင်မောင်တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ပစ်လိုက်သည်။ ~~~~~ "ဪ ..လူလေးက မိတုတ်ရဲ့ သားမဟုတ်လား ... လာပါ.... ခြံထဲဝင်ပါအုံး ....နှင်းအိမ်တို့အဘိုးနဲ့တွေ့သွားပါအုံး ...ဒါနဲ့ အဘွားမြေးနဲ့အဘွားသမီးရောနေကောင်းကြတယ်မဟုတ်လား ... ဘာမှာ လိုက်သေးလဲ လူလေး " မနားတမ်းပြောနေသော အဘွား၏စကားအရ နှင်းအိမ်တို့အကြောင်းကို ဘာမှမသိတာ သေချာသွားသည်။ " ဟို .... ကျွန်တော်က ဒီဘက်ကို အရောင်းအဝယ်ကိစ္စနဲ့လာရင်း ... မေနွယ်ပြောထားတာကို သတိရလို့ ၀င်လည်တာအဘွား ....မေနွယ်တို့ အဆင်ပြေကြပါတယ် " ~~~~~ နှင်းအိမ်၏ အဘိုးနှင့် အဘွားအပါအဝင် နှင်းအိမ်၏ဘကြီးမိသားစုကလည်း လမင်းကိုဖော်ဖော်ရွေရွေဆက်ဆံကြပါသည်။ ညပင်အတင်းအိပ်ခိုင်းနေ၍ မနည်းပြောပြီးပြန်ခဲ့ရသည် ။ဘာမျှမသိကြသော နှင်းအိမ်၏အဘိုးနှင့်အဘွားက သုံးအိမ်စာအတွက် ငရုတ်များ၊ပဲများပင်လက်ဆောင် ထည့်ပေးလိုက်ကြလေသည်။ လမင်း၏အပြန်ခရီးက တိတ်ဆိတ်ခြောက်သွေ့လျက်။မျှော်လင့်ချက်ကင်းမဲ့လျက်။ ပြန်ပြင်၍မရသော သူ၏အမှားများအတွက် နောင်တရမဆုံးဖြစ်လျက်။ ~~~~~ "ချမ်းမြေ့ မင်းထိုင်ပါအုံး .. အခုတလော မင်းဘာတွေဖြစ်နေတာလဲ ငါ့သား ....အလုပ်ထဲလဲစိတ်မဝင်စားဘူးလား ....ဘာလဲ ဟိုကောင်မလေးကြောင့်လား " "ဒါက အလုပ်နဲ့မဆိုင်ပါဘူး အဖေ ... ကျွန်တော့် ကိုယ်ရေးကိုယ်တာပါ "

အမျိုးသမီး။ဦးမောင်မောင်၏ ခန္ဓာကိုယ်ဆတ်ခနဲ တုန်သွားရပြီးခြေထောက်များကို နောက်သို့ပြန်ဆုတ်လိုက်မိသည်။အသက်လေးဆယ်ကျော်နေပြီဖြစ်သော သူမ၏မျက်နှာသည် လွန်ခဲ့သော နှစ် (၂၀) ကျော်ကလို အပြုံးများရှိနေသေးသည်။ကြည်လင်တောက်ပနေသော မျက်လုံးများသည်လည်း မသိမသာမှုန်မှိုင်းနေသည်မှလွဲ၍ အပြစ်ကင်းစင်စွာ တောက်ပနေတုန်းပင်။မြင်ကွင်းကိုကျောခိုင်းပြီး ဦးမောင်မောင်ချာခနဲ ပြန်လှည့်ထွက်ခဲ့လိုက်သည်။ " ဘာဖြစ်လို့လဲ သူဌေး ...အဆင် ပြေရဲ့လား " " ဘာမှမဖြစ်ဘူး မောင်းတော့ ....သွားမယ် " ဦးမောင်မောင်က ခေါင်းခါငြင်းဆန်လိုက်ပြီး ရေသန့်ဘူးကို အမြန်ဖွင့်သောက်လိုက်ရသည်။ ~~~~~~ " သားလေး လမင်း ... နှင်းအိမ်တို့ မရှိတော့ဘူး သိလား...အမေသွားတော့ တံခါးတွေပိတ်ထားတယ် " အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ငိုသံကြီးနှင့်ဆီးကြိုပြောလိုက်သော မိခင်၏စကားကြောင့် လမင်းရင်ထဲထိတ်ခနဲတော့ ဖြစ်မိသွားသည်။ပြီးမှ မိခင်၏စိတ်ကို သတိရလိုက်ပြီး လက်ဆွဲအိတ်ကို တစ်ဖက်၊မိခင်ကိုတစ်ဖက်ကိုင်ဆွဲဖက်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်ရသည်။ "ဘာပြောတာလဲ အမေရဲ့ ..နှင်းအိမ်အလုပ်သွားနေတာနေမှာပေါ့... အမေလဲသိသားနဲ့ " ထိုစဉ်မှာပင် လမင်းတို့အနားသို့ ဒေါ်အေးကြည်ရောက်လာပြီး ဝင်ပြောလိုက်လေသည်။ " မဟုတ်ဘူးလူလေးရေ ...မင်းအမေပြောတာမှန်တယ် ...နှင်းအိမ်တို့ ပြောင်းသွားကြပြီ ... ပြောင်းခါနီးမှ အေးနွယ်ကလာနှုတ်ဆက်သွားတာ ..ဘယ်ကိုပြောင်းမယ် လဲ ပြောမသွားဘူး...အေးနွယ်တို့ မိဘတွေဆီကိုပဲ ပြောင်းသလိုလို ... မောင်မျိုးအောင်အမျိုးတွေဆီပဲပြောင်းသလိုလိုနဲ့ ..လောလောလောလောနဲ့ နေရာမမေးလိုက်မိလို့ ဖုန်းဆက်ကြည့်တော့လဲ .. သူတို့သားအမိတွေရဲ့ဖုန်းတွေကိုဆက်လို့ကို မရဘူး " "ဗျာ " ဘွားအေကြီး၏ စကားကြောင့် လမင်းထိတ်လန့်တုန်လှုပ်သွားမိပြီး လက်ထဲမှအိတ်ကို ပစ်ချကာ အပြင်သို့ပြေးထွက်ခဲ့မိသည်။ " သား ..လမင်း ... ဘယ်သွားမလို့လဲ " " လူလေး ဘယ်လဲ " ဒေါ်အေးကြည်နှင့်မိတုတ်တို့၏ အသံများကဆိုင်ထဲတွင် ကျန်ခဲ့လေသည်။ ~~~~~ သော့အသီးသီးခတ်ထားကြသော ဆေးဆိုင်နှင့်အိမ်ဟောင်း ရှေ့မှ လမင်းခေါင်းငိုက်စိုက်ချကားထွက်လာခဲ့ပြီး ဘူတာရုံဘက်ဆီသို့ ထွက်လာခဲ့သည်။လမင်း၏ ရင်အစုံသည် မောဟိုက်လျက်ရှိသည်။ " လမင်းဘယ်တုန်းက ပြန်ရောက်တာလဲ...ကြီးတူးတို့ဆီ လာတာလား " မတူးသည် မလာစဖူးသူတို့အိမ်သို့ရောက်လာသောလမင်းကို ကြည့်ကာ အံ့သြတကြီးမေးလိုက်သည်။ "ဟို ... ဟို ...နှင်းအိမ်တို့အိမ်ပြောင်းသွားတာဆို ..ဘယ်ကိုပြောင်းသွားတာလဲ ကြီးတူးသိလား " လမင်းအလောတကြီးဖြင့် မေးလိုက်သည်။ "ဟို ... အယ် ...ကြီးတူးလဲ မသိဘူး လမင်းရဲ့ ... ပြောင်းခါနီးမှ လာနှုတ်ဆက်တာ " လမင်းစိတ်ဓါတ်အကြီးအကျယ်ကျသွားမိသည်။ "ဟို...ဒါဆိုရင် ... နှင်းအိမ်တို့အဘွားတွေက ဘယ်မှာနေတာလဲ ...ကြီးတူးသေချာသိလား " " သေချာတော့ မသိဘူးသားရဲ့ ...ဘယ်လိုတွေကားစီးပြီးသွားရတယ်ဆိုတာတော့ အေးနွယ်ပြောဖူးတယ်လေ " ~~~~~ ဘူတာလမ်းကြားက ထွက်လာခဲ့ပြီးနောက် လမင်းဘာလုပ်လို့ လုပ်ရမှန်းမသိတော့။ မကိုင်သောဖုန်းတွေကို ဆက်နေမိတာလည်း အကြိမ်အခါခါ။အခန်းထဲဝင်ပြီး နံရံတွေကို လက်သီးနှင့် .အခါခါထိုးမိပြီး ခရီးသွားလိုက်မိတာကို နောင်တအကြီးအကျယ်ရနေမိသည်။သူ့ရင်ထဲမှာ ကမ္ဘာကြီးပျက်င်္သွားသလိုမျိုး ခံစားနေရသည်။ " ဟယ် ...သားလေး ... လက်မှာ သွေးတွေနဲ့ ဘာဖြစ်တာလဲဟင် " မိတုတ်သည်သားဖြစ်သူ၏ လက်တွင် သွေးထွက်နေသော ဒဏ်ရာကို တွေ့လိုက်ရသောအခါ ငိုသံနှင့် မေးလိုက်သည်။ "ဘာမှ မဟုတ်ပါဘူး အမေ .. ကျွန်တော်ဘာမှမဖြစ်ဘူးနော် ...ဆေးတည့်လိုက်ရင် ကောင်းသွားမှာပါ " လမင်းသည် ရင်ထဲမှသောကကို ဖုံးကွယ်ရင်းမိခင်ကို နှစ်သိမ့်လိုက်ရသည်။ "အမေ...ကျွန်တော် အပြင်သွားလိုက်အုံးမယ် ... ဘကျော်နဲ့ကြီး စန်းပြန်လာရင် ကျွန်တော်ပြန်ရောက်နေပြီလို့ ပြောပြထားပေးနော် " မိခင်ကို ချော့မော့ပြောလိုက်ပြီး ကားသော့ကိုယူက လမင်းအပြင်ပြန်ထွက်ခဲ့သည်။ ~~~~~~ "ဘယ်နေ့က ပြန်ရောက်တာလဲကိုလမင်း " " ဒီမနက်ပဲရောက်တာဗျ ....ဟိုတစ်နေ့က ကိစ္စကိုအားနာလို့တောင်းပန်ချင်လိုလေ " ချမ်းမြေ့၏မျက်နှာကို လမင်းအကဲခတ်ရင်းပြောလိုက်သည်။ " ဪ...ရပါတယ် ကိုလမင်း ... ကျွန်တော်က လောပြီးချိန်းလိုက်မိသလိုဖြစ်သွားတာကို " " ဘာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်ဗျာ ....သူနဲ့ တစ်ခေါက်လောက် ထပ်ချိန်းပေးလေဗျာ "လမင်း အသံမတုန်အောင် သတိနှင့်ထိန်း ပြောလိုက်သည်။ ချမ်းမြေ့က လမင်းကို မော့ကြည့်လိုက်သည်။ "သူ ...သူခရီးထွက်သွားတယ် ကိုလမင်း .... " " ဪ .. ဟုတ်လား ....ကြာမှာ တဲ့လား "လမင်းက ထပ်မေးလိုက်သည်။ " ကြာမယ်..မကြာဘူးဆိုတာကျွန်တော်လဲ သေချာမသိဘူး....ဒါပေမဲ့ မကြာလောက်ပါဘူး ... ဘာလို့လဲဆိုတော့ သူကြာနေရင်ကျွန်တော်လိုက်ရှာမှာပေါ့ "

#မုန်းမာန် (အခန်းဆက် ဝတ္ထုရှည် ) အပိုင်း (၂၃ ) ********* "ရန်ကုန်ပြန်ရောက်ရင် ကျွန်တော်လက်ထပ်တော့မယ် မစိုး " "ဘယ်လို လက်ထပ်တော့မယ် ဟုတ်လား လမင်း" ပပစိုး အံ့ဩတကြီးနှင့်မေးလိုက်မိသည်၊၊ "ဟုတ်တယ် မစိုး..." "ဘယ်သူ့ကိုမှမပြောရသေးဘူး ...မစိုးကို ပထမဆုံးပြောပြတာ ." လမင်း၏ စကားကြောင့် ပပစိုး ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။ပပစိုးမှာပထမဆုံးသိခွင့်ရသည့်အတွက်ပင် ဂုဏ်ယူရမည့်ပုံမျိုးဖြစ်နေသည်။ " ဒါနဲ့ မင်းပြောတော့.. အချစ်ရေး အိမ်ထောင်ရေးကို စိတ်မကူးသေးဘူးဆို..ချက်ချင်းကြီး ဘယ်လိုဖြစ်ရတာလဲ ..သတို့သမီးကဘယ်သူလဲ ... မေနှင်းအိမ်လား " " ဟာ ... ကျွန်တော်တောင် မပြောရသေးဘူး ...မစိုးကဘယ်လိုသိတာလဲ .." လမင်းအံ့ဩတကြီးနှင့်ပြန်မေးလိုက်သောအခါ ပပစိုးကရယ်လိုက်ပြီး "ဒီလိုပဲပေါ့ လမင်းရယ် ... ဒါနဲ့ မင်းတို့ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ " "ဗျာ ချစ်သူတော့မဟုတ်ပါဘူး ..." "ဘယ်လို လမင်း ..မင်း သူ့ကိုချစ်တယ်လို့မပြောဘဲ .. လပ်ထပ်ခွင့် တောင်းခဲ့တာလား " လမင်းက ခေါင်းငြိမ့်ပြလိုက်ရင်း "ချစ်တယ်ပြောဖို့ လိုလို့လား ..ပြီး တော့ကျွန်တော်လဲ သူ့ကိုချစ်လားမချစ်လားမသိဘူး" လမင်း၏ စကားကြောင့် ပပစိုးမှာ မျက်လုံးပြူးသွားရပြီး "လမင်းရယ် ..မင်းဟာလေ စီးပွားရေးဘက်မှာ တော်သလောက် ... အချစ်ရေးမှာ ညံ့လှချည်းလား .... ဒီမှာ တို့ကိုကြည့်စမ်း ..တို့ကမလှဘူးလား " ပပစိုးက သူမ၏မျက်နှာကို လမင်း၏မျက်နှာရှေ့သို့ တိုးကပ်ကာ မေးလိုက်သည်။ "လှပါတယ် မစိုးရဲ့ " လမင်းက သူ့မျက်နှာကို အသာရှောင်တိမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။ "တို့လှတယ်ဆိုပေမဲ့ မင်းဘာမှမခံစားရဘူးမဟုတ်လား ... တို့နဲ့နှစ်ယောက်တည်း တစ်ညလုံးအလုပ်ထိုင်လုပ်နေရရင်လဲ ... မင်းမှာစိတ်လှုပ်ရှားမှုတောင်မရှိခဲ့ဘူး မဟုတ်လား ..." ပပစိုး၏အမေးကြောင့် တစ်နေ့က အဖြစ်အပျက်ကို လမင်းပြန်တွေးလိုက်မိသည်။မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်သွားခဲ့သောအဖြစ်။ သူ့ကိုယ်သူလဲမယုံနိုင်အောင်ဖြစ်ခဲ့ရသလို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့တဲ့အတွက်လည်း လမင်း သူ့ကိုယ်သူအထင်သေးနေမိသည်မှာ အမှန်ပင်။ပပစိုး အပါအ၀င် စီးပွားရေးလုပ်ရင်း ကြီးကြီးငယ်ငယ်မိန်းမချောမိန်းမလှများစွာနဲ့ လက်ပွန်းတတီးအလုပ်တွဲလုပ်ဖူးပေးမဲ့ ဟိုတစ်နေ့ကလို ခံစားမှုမျိုးလုံးဝကို မဖြစ်ဖူးခဲ့။ "လောကကြီးမှာ .. သိက္ခာသမာဓိရှိတဲ့ ယောက်ျားရယ် .. ပြီးတော့ သူ့ရင်ထဲမှာ တစ်ယောက်ဆိုတစ်ယောက်ပဲနှစ်နှစ်ကာကာချစ်ရတဲ့သူရှိတဲ့ယောကျာ်းရယ်က ... တခြားဘယ်လောက်လှတဲ့မိန်းမဖြစ်ဖြစ် သူတို့စိတ်ကိုမလှုပ်ကိုင်နိုင်ဘူးတဲ့လေ ... လမင်းနဲ့တို့သိလာတာ လမင်းဆယ်တန်းတက်နေကတည်းကပဲလေ ...အမှန်တိုင်းပြောရရင်.. တစ်နေ့ကျရင် တို့နဲ့လမင်းချစ်သူတွေ ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတာ ... ဒါပေမဲ့ တဖြည်းဖြည်းတို့သိလာတာက ...လမင်းရဲ့နှလုံးသားထဲမှာ ..တစ်ယောက်ယောက်ရှိနေတယ်ဆိုတာပဲ ... ကိုယ့်နှလုံးသားကိုတောင် မသိရင်လဲသေချာပြန်ဆန်းစစ်ပြီး အချိန်မီချစ်ခွင့်ပန်လိုက်အုံး လမင်းရေ ...မေနှင်းအိမ်ကလဲ မင်းကိုချစ်နေပုံရပါတယ်...ဘာဖြစ်လို့လဲဆိုတာ့ ... တို့ဆိုင်လို ပစ္စည်းစုံရတဲ့စတိုးဆိုင်ကြီးကို လေးငါးနှစ်အတွင်းမှာငါးခါပြည့်အောင်တောင် ...သူဈေးလာမ၀ယ်ဖူးဘူးလေ....ကြည့်ရတာ... သူ တို့ကိုမုန်းနေပုံရတယ် ...ကဲတို့သွားအိပ်တော့မယ်လမင်း ... မနက်တို့မနိုးရင်လဲ ဖုန်းခေါ်ပြီး နှိုးလိုက်နော် " ပြောပြောဆိုဆိုနှင့် ပပစိုးက သူ့အခန်းရှိရာဆီသို့ ပြန်သွားလေသည်။ဟိုတယ်ခန်း၏ အပန်းဖြေနားနေဆောင်တွင် လမင်းတစ်ယောက်တည်း ကျန်ခဲ့သည်။ပပစိုးပြောသလို နှင်းအိမ်ကိုသူချစ်နေသည်လားမသိ။ငယ်စဉ်ကတည်းက နှင်းအိမ်သူ့အနားသို့လာလျှင် သူကအဝေးသို့ပြေးခဲ့သည်။ဘာကြောင့် ပြေးခဲ့သလဲ။ဘာကြောင့် နှင်းအိမ်ကိုရှောင်ခဲ့သလဲ ကိုယ့်ကိုယ်ကိုယ်လည်းမသိခဲ့။ နင်းအိမ်နှင့်တွေ့လျှင် သူ့စိတ်တွေလှုပ်ရှားသည်။နေ့စဉ်တွေ့မြင်နေရပါလျက်တွေ့မြင်နေတိုင်း ဒီလိုခံစားမှုများကြောင့် သူ့အလိုလိုဒေါသတွေထွက်ပြီး ရှောင်ဖယ်ခဲ့သည်။ဒါကို အချစ်လို့သူမထင်ခဲ့မိပါ။ သည့်ထက် အရေးကြီးသည်မှာ သူ့ဘ၀တွင်မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်များလည်းရှိသေးသည်လေ။သေချာသည်မှာ အချစ်ဆိုသောအရာကို သူ့ရင်ထဲတွင် နေရာမပေးနိုင်သေးပါချေ။ ~~~~~~~ "ဒီဆိုင်ပဲဆရာ ... သူတော့ခရီးကပြန်မရောက်သေးဘူး ....သူ့မိသားစုတော့ ရှိတယ် " ဦးမောင်မောင်သည်ဦးထုပ်အဝိုင်းကြီးကို ဆောင်းလိုက်ပြီး ဆိုင်ထဲသို့ဝင်လာခဲ့လိုက်သည်။ဆိုင်က ကုန်ခြောက်ကုန်မာဆိုင်။တစ်ဖက်ခြမ်းမှာ ဆန်ဆီးဆားနှင့်မီးဖိုချောင်သုံးကုန်ခြောက်စုံရသည်။တစ်ဖက်ခြမ်းမှာက ဂေါ်ပြား တံမြက်စည်းလိုပစ္စည်းကနေ ရေပုံးရေခွက်နှင့် ထမင်းပေါင်းအိုးအထိမျိုးစုံတွေ့ရသည်။ဦးမောင်မောင်ဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေရင်း ဝေ့ဝဲရှာလိုက်သည်။အရောင်းသမားလေးကတော့ ဦးမောင်မောင်ကို လိုက်လံရှင်းပြနေသည်။ထိုစဉ်မှာပင် အနောက်ဘက်ဆောင်ထဲမှ တစ်စုံတစ်ဦး ထွက်လာသည်ကို ဦးမောင်မောင်မြင်လိုက်ရသည်။ခြေထောက်တစ်ဖက်ကို ဆတ်ခနဲ ခါလိုက်ကာ လျှောက်လာသော

မိလုံးပြောပုံအရဆို ဒီနာမည်နဲ့စာတွေမကြာခဏလာပြီး... လာသမျှစာတွေကို သားရဲ့အဘွားတွေက သိမ်းထားတယ်တဲ့ ...မိတုတ်ဆိုတာ သားအဖေရဲ့ရည်းစားဟောင်းဆိုလဲ... အမေဘာမှမဖြစ်ပါဘူး..ဒါပေမဲ့ ဒီနေ့စာအရဆိုရင် ..သူတို့နှစ်ယောက်ကြားမှာ ကလေးလဲရှိပုံရတယ် " " မ ..မဟုတ်တာအမေရယ် .. .. ကျွန်တော်စုံစမ်းပေးပါ့မယ် ... ပေါက်ကရတွေ လျှောက်တွေးမနေပါနဲ့ " ကိုချမ်းပြောမဲ့သာပြောလိုက်ရသည်။ကိုချမ်း၏ စိတ်ထဲတွင်လည်း စာ၏အဓိပ္ပါယ်ကို မိခင်ဖြစ်သူ ထင်မြင်သကဲ့သို့သာ ထင်မြင်မိလေသည်။ ~~~~~~~~ "မင်းကို အဖေတစ်ယောက်အနေနဲ့ တောင်းဆိုနေတာပဲ ချမ်းမြေ့ ... မင်းစိတ်တိုင်းကျ လွှတ်ထားခဲ့တာကြာပြီ ..မင်းက မိန်းမတစ်ယောက်အတွက်နဲ့ ဘွားအေရဲ့အသက်ကိုတောင်လဲနိုင်တာလား " ဖခင်၏ စကားကြောင့် ကိုချမ်း၏ ခန္ဓာကိုယ်မှာမတ်ခနဲ ဖြစ်သွားရသည်။ " အဖေ ဘာတွေပြောနေတာလဲ ... သူနဲ့ကျွန်တော်ခင်မင်နေတာက အဖေတို့အဘွားတို့အတွက် အဲ့ဒီလောက်တောင်ထိခိုက်နေတာလား ...အခုချိန်မှာ အဖေတို့က သဘောတူပြီးပေးစားရင်တောင် .... သူကလက်ခံမှာမဟုတ်ဘူး ...အဘွားတို့က အသက်တွေကြီးတဲ့အထိ ဘာလို့ဒီလောက်အတ္တတွေကြီးနေကြတာလဲ ......ကျွန်တော်တစ်သက်လုံး လက်တွဲသွားရမဲ့သူကို ကျွန်တော် သဘောကျတဲ့သူကိုပဲရွေးမှာပေါ့ ..အဘွားတို့အကြိုက်ကိုဘာလို့ ရွေးရမှာလဲ ...ဒါနဲ့ အဖေငယ်ငယ်တုန်းကရော.. ဒီလိုပဲအဘွားတို့အကြိုက်ကိုလိုက်ပြီး ချစ်သူကို စွန့်ပစ်တာတွေဘာတွေလုပ်ခဲ့သေးလား " " ဘာ ...ချမ်းမြေ့ ..မင်းဘာပြောလိုက်တယ် " ဦးမောင်မောင်သည် သားဖြစ်သူကို ဒေါသသံနှင့် မေးလိုက်သည်။ ဖခင်ဖြစ်သူ၏ ဒေါသတကြီးအမူအရာကိုကြည့်ပြီး ကိုချမ်းအံ့ဩသွားရသည်။အမှန်တကယ်ဆိုလျှင် ကိုချမ်းကရိုးရိုးသားသား ပြောလိုက်တာဖြစ်သည်။ဤသို့ ဖခင်၏အမူအရာပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ မိခင်၏ပြောစကားကို အမှတ်ရပြီး ဖခင်ကို ထပ်၍မေးလိုက်မိလေသည်။ " ဒါနဲ့အဖေ့ရည်းစားဟောင်း နာမည်က မိတုတ်လား " " ခွမ်း " သားဖြစ်သူ၏ အမေးကြောင့် ဦးမောင်မောင်ထိတ်လန့်သွားပြီးလျှင် လက်ထဲမှကော်ဖီခွက်မှာ အောက်သို့ခွမ်းခနဲကျကွဲသွားလေသည်။ "မင်း ..မင်း ဘာတွေပြောနေတာပဲ ချမ်းမြေ့ " " အမေပြောလို့ပါ အဖေ ...မိတုတ်ဆိုတဲ့နာမည်နဲ့ စာတွေမကြာခဏ လာတယ်တဲ့ ... သူ့မှာ သားတစ်ယောက်လဲရှိပုံရတယ်.... သူတို့အဖေ့ကို လာတွေ့မယ်လို့စာမှာရေးထားတယ် ....အဖေနဲ့ သူတို့ ဘယ်လိုပတ်သက်နေလဲ " "တော် ...တော်စမ်း ...ဘာပတ်သက်ရမှာလဲ ...အဲ့ဒီအဓိပ္ပါယ် မရှိတဲ့စာကဘယ်မှာလဲ ....မင်းအမေဆီမှာလား ဟုတ်လား " မေးလျက်ပြောလျက်ဖြင့်စာကြည့်ခန်းထဲမှ အပြေးတစ်ပိုင်းနှင့် ထွက်သွားသောဖခင်ဖြစ်သူအား ကိုချမ်း ငေးကြည့်နေမိလေ သည်။ ~~~~~~ " ကိုလမင်းလာပြီလား ထိုင်ပါအုံး ..... ဒီနေ့ကိုလမင်းနဲ့ ကျွန်တော့်ကောင်မလေးကို မိတ်ဆက်ပေးမလို့လေ.... သိပ်မကြာခင်မှာ သူ့အတွက်လုပ်ငန်းအကောင်အထည်ဖော်ပေးဖို့ရည်ရွယ်ထားတယ် ... ကိုလမင်းစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်သုံးယောက်ပူးပေါင်းကြတာပေါ့ " ချမ်းမြေ့က အားတက်သရောပြောနေသော်လည်း လမင်း၏စိတ်ထဲမှ လှောင်ပြုံးပြုံးနေမိသည်။ဖခင်ဖြစ်သူက မကြာမီစီးပွားပျက်တော့မည်ကိုမသိဘဲ မိန်းမတစ်ယောက်အတွက်ဗျာများနေသော ဦးမောင်မောင်၏သားအဖြစ်ကို မြင်တွေ့နေရသည်မှာ လမင်းအတွက်ကျေနပ်စရာအတိဖြစ်နေသည်လေ။ "ခဏလေးနော် ကိုလမင်း ...သူလာတော့မှာပါ ...ခါတိုင်းဆို ချိန်းထားရင်ကျွန်တော်ကိုယ်တိုင်သွားကြိုနေကျပါ ...ဒီနေ့မှ.ဆိုင်မှာ အလုပ်များသွားလို့သွားမကြိုဖြစ်တာ ...ကိုလမင်းဒီညခရီးသွားစရာရှိတယ်ဆိုတော့ ချိန်းမိတာအားနာလိုက်တာ .." "ရပါတယ် ကိစ္စမရှိပါဘူး .. ခရီးသွားဖို့ကလဲ ဘာမှ အထူးအထွေလုပ်စရာမရှိပါဘူး...ကျွန်တော်လဲ အချိန်ရနေတာနဲ့ ထွက်လာခဲ့တာ ..." " ဒေါက် ...ဒေါက် " လမင်းနှင့်ကိုချမ်းပြောနေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ " သူလာပြီထင်တယ် " ပြောပြောဆိုဆိုနှင့် ပျာပျာသလဲ ထသွားသော .ကိုချမ်းကိုကြည့်ပြီး လမင်းနှာခေါင်းရှုံ့လိုက်မိသည်။ "နောက်ကျနေလို့ စိုးရိမ်နေတာ ....ကားငှားစီးလာရဲ့လား " ချမ်းမြေ့မောင်၏စိုးရိမ်တကြီး မေးသံကို လမင်းကြားနေရသည်။တစ်ဖက်က ပြန်ပြောသံကိုမူ မကြားရ။လမင်းက အခန်းပေါက်ဘက်ကို ကျောပေးထိုင်နေသောကြောင့် ၀င်လာသူကို မမြင်ရ။စားပွဲဝိုင်းဆီသို့ လျှောက်လာသောခြေသံများကိုတော့ကြားနေရသည်။ထို့နောက် စားပွဲဝိုင်းနားသို့ ရောက်လာပြီး ထိုင်ခုံဆွဲယူသံကိုကြားရသည်။ထိုစဉ်မှာပင် လမင်း၏နှာခေါင်းဝတွင် နှင်းဆီရနံ့သင်းသင်းကိုရရှိလိုက်သည်။လမင်းခေါင်းကို မော့ကာကြည့်လိုက်မိသည်။ @@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၂၂ ) ဆက်ရန် #ဧကြည်ဖြူ

လမင်းနှင့်ပတ်သက်နေသော ပပစိုး၏ဆိုင်သို့ ခြေမချဖြစ်တော့ပါ။ အချိန်လေးငါးနှစ်အတွင်း၌ ပပစိုး၏ရပ်ကွက်စတိုးဆိုင်လေးသည် ကြီးကျယ်ခမ်းနားသောမတ်ကတ်တစ်ခုသဖွယ်ဖြစ်နေခဲ့လေပြီ။လျှောက်လမ်းများကြားတွင် နှင်းအိမ်လျှောက်ကြည့်လာရင်းမှ ဆိုင်၏အပြင်အဆင်များကို ကြည့်နေမိသည်။လိုအပ်တာမှန်သမျှရှိနေသော ဆိုင်၏အနေအထားက အထင်ကြီးချင်စရာပါပင်။ဘေးဘီကို မကြည့်ဘဲငေးမောလျောက်လာခဲ့မိသောနှင်းအိမ်မှာ လျှောက်လမ်းရဲ့အဆုံးနေရာတွင် ကောင်တာစားပွဲရှိနေပြီးစာပွဲနေရာတွင် နီးနီးကပ်ကပ်ထိုင်လျှက်လက်တော့ကိုယ်စီနှင့် အလုပ်များနေကြသောလမင်းနှင့်ပပစိုးကို ဘွားခနဲတွေ့လိုက်ရသဖြင့် ခြေလှမ်းများတုံ့ခနဲ ရပ်သွားရသည်။လမင်းသည်လည်း ခေါင်းမော့အကြည့်တွင် သူတို့ကိုကြည့်နေသော နှင်းအိမ်နှင့် အကြည့်ချင်းဆုံသွားရလေသည်။နှစ်ယောက်သားတစ်ယောက်နှင့် တစ်ယောက်စူးစိုက်ကြည့်နေမိကြလေသည်။အတန်ကြသောအခါမှ နှင်းအိမ်သည် ချာခနဲကျောခိုင်းပစ်လိုက်ပြီး ဆိုင်ပြင်သို့ ခပ်မြန်မြန်ထွက်ခဲ့လိုက်သည်။နှင်းအိမ်၏ရင်ထဲမှာတော့ နှလုံးခုန်သံများဆူညံပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ပြီး လည်ချောင်းတစ်လျှောက်စူးရှနာကျင်လာသည်။နှင်းအိမ်သွားဝယ်သော ပစ္စည်းလည်း ဝယ်မလာခဲ့မိပါ။ထိုဆိုင်သို့သွားမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်နောင်တရမဆုံး ဖြစ်နေမိလေသည်။ ~~~~~~~ "အလုပ်အဆင်ပြေတယ် မဟုတ်လား နှင်းအိမ် " ကိုချမ်းက နှင်းအိမ်၏နွမ်းလျနေသောမျက်နှာလေးကိုကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။ "ပြေပါတယ် ကိုချမ်းရယ်....ဒီလို ညနေတိုင်းလာကြိုနေတော့ ကိုချမ်းရဲ့အလုပ်တွေပျက်မှာပေါ့...နေ့တိုင်းလာမကြိုပါနဲ့လား .. တစ်ပတ်မှာတစ်ခါတွေ့ကြမယ်လေ " နှင်းအိမ်၏စကားကြောင့် ကိုချမ်းမျက်နှာပျက်သွားပြီး "ကိုယ်လာကြိုတာကို မကြိုက်လို့လား နှင်းအိမ်... အမှန်တိုင်းပြောရရင် နှင်းအိမ်ကိုတစ်ရက်လောက် မတွေ့ရရင်ကို ကိုယ်နေလို့မရဘူး ဒါကမှန်သောစကားပါ...ကိုယ်အပိုတွေပြောနေတာမဟုတ်ဘူး " နှင်းအိမ်သည် ကိုချမ်း၏ ညှိုးငယ်သွားသောမျက်နှာကိုငဲ့ကြည့်လိုက်ရင်းသက်ပြင်းကိုချလိုက်မိသည်။အချိန်ကြာလာသည်နှင့်အမျှ နှင်းအိမ်အပေါ်ထားရှိသောကိုချမ်း၏ချစ်ခြင်းမေတ္တာကို နှင်းအိမ်ခံစားသိရှိပါသည်။ ကိုချမ်း၏ အချစ်ကိုလည်း နှင်းအိမ် ယုံကြည်ပါသည်။သို့သော်လည်း ခေါင်းမာလွန်းလှသော နှင်းအိမ်၏ နှလုံးသားက မိုက်မဲစွာပင် ကိုချမ်း၏အချစ်ကို လက်မခံနိုင်ဘဲ ဖြစ်နေသည်။ထို့အတူကိုချမ်းသည်လည်း မိုက်မဲစွာပင် သူ၏အချစ်ကို မရုပ်သိမ်းသွားဘဲ နှင်းအိမ်အနားတွင်လိုအပ်သည်မှန်သမျှကို ဖြည့်ဆည်းပေးနေခဲ့သည်လေ။ ယခုဆိုလျှင်နှင်းအိမ်အလုပ်ဝင်သည်မှာပင် သုံးလပြည့်တော့မည်ဖြစ်သည်။ကိုချမ်းသည် ရက်ပျက်ခဲလှစွာပင် နှင်းအိမ်၏ အလုပ်ပြန်ချိန်ကို ကြိုပို့နေခဲ့လေသည်။ " နှင်းအိမ်က ဘယ်အချိန်အထိ အဲဒီလူကို ရူးသွပ်နေမိမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်မသိဘူး ...ကိုချမ်းကို နှင်းအိမ်တကယ်သံယောဇဉ်ရှိတယ် ... နှင်းအိမ်ကြောင့်လဲမခံစားစေချင်ဘူး နှင်းအိမ်သည် ကိုချမ်းကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။ "ရပါတယ်နှင်းအိမ်ရယ် ...နှင်းအိမ်က ကိုယ့်အချစ်ကိုလက်မခံချင်လဲနေပါ .....နှင်းအိမ်အဆင်ပြေတဲ့အထိ သူငယ်ချင်းတစ်ယောက်လို ..ကိုယ်ရိုးသားစွာကူညီနေမှာပါ ...နှင်းအိမ်အားနာစရာမလိုပါဘူး" နှင်းအိမ်သည် ကိုချမ်း၏မျက်နှာကိုကြည့်လျက် လေးလေးပင်ပင် ခေါင်းငြိမ့်ပြလိုက်သည်။ ~~~~~~ "ဘာဖြစ်တာလဲ အမေ ....ဘာဖြစ်လို့လဲ " မိမိအခန်းထဲသို့ဝင်လာပြီး မပြောမဆိုနှင့် ငိုချလိုက်သော မိခင်ဖြစ်သူကိုကြည့်ပြီး ကိုချမ်းအလန့်တကြားနှင့်မေးလိုက်မိသည်။ "မင်းအဖေက ...အမေနဲ့ လက်မထပ်ခင်မှာ မိန်းမတစ်ယောက်နဲ့ ပတ်သက်ခဲ့ပုံရတယ် သား ...ဒီမှာစာကို ဖတ်ကြည့်ပါအုံးသားရယ် " "ဗျာ အမေ ... " ကိုချမ်း အံ့သြစိတ်နှင့် မိခင်ပေးသောစာကို ယူပြီးဖတ်ကြည့်လိုက်သည်။ ''သို့ မောင်မောင်နေကောင်းရဲ့လား... မိတုတ်ကို မေ့နေပြီလား.... မိတုတ်ကတော့မောင်မောင့်ကို တစ်ရက်မှမမေ့ခဲ့ပါဘူး.... တစ်နေ့နေ့တော့မောင်မောင့်ဆီကို မိတုတ်တို့သားအမိလာတွေ့ပါအုံးမယ် "စာကသည်မျှသာဖြစ်သည်။ ကိုချမ်းသည် စာကိုဖတ်လျက် ငိုင်ကျသွားမိသည်။စာ၏ အဓိပ္ပါယ်မှာ ချဲ့ကား၍ဘွေးရင် တွေးသလောက် ချဲ့ကားသွားနိုင်ပေသည်။ကိုချမ်း စာရွက်ကိုပြန်ခေါက်လိုက်ပြီး မိခင်ကိုနှစ်သိမ့်စကားပြောလိုက်သည်။ "ဒီစာကို အမေဘယ်ကရတာလဲ ...ကြည့်ရတာ အဖေ့သူငယ်ချင်းတစ်ယောက်ယောက်က နောက်တာလဲဖြစ်နိုင်ပါတယ် အမေရယ် ..ပြီးတော့ အဖေ့မှာ ရည်းစားဟောင်းရှိခဲ့တော့လဲ ဘာဖြစ်လဲ အမေရယ် ... ငယ်ငယ်က ကိစ္စတွေပဲဟာ " ဒေါ်စန္ဒာက ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး "မဟုတ်ဘူးသား ...အမေ့က အရင်ကကိစ္စအတွက် ပြောနေတာမဟုတ်ဘူး ... ခုလပိုင်းထဲမှာ မိတုတ်ဆိုတဲ့နာမည်နဲ့ စာတွေ မကြာခဏ ရောက်လာတယ်...ပထမဆုံးစာကို အမေ့ နာမည်နဲ့ပို့ခဲ့လို့ အမေဖတ်ခဲ့ရတယ်...နောက်ပိုင်း ဘာစာမှမလာတော့ဘူးထင်ပေမဲ့...မနက်ကမှမိလုံးကစာတွေကိုယူပြီး သားအဘွားတွေဆီကို သွားပေးဖို့လုပ်နေတုန်း တောင်းကြည့်ခဲ့မိတာ ...

"ဟုတ်တယ် အဘွား .... ကျွန်မဆီကိုစာရောက်လာတယ်လေ... အမေတို့ နေကောင်းကြရဲ့လားတဲ့ ... သူမကြာခင်ဒီကိုလာတွေ့ပါမယ်တဲ့လေ ... သူ့ရဲ့သားလေးလဲ အရွယ်ရောက်နေပြီမို့ ....ကျွန်မတို့သားအမိနဲ့ မိတ်ဆက်ပေးချင်လို့တဲ့လေ " " ဘယ် ...ဘယ်မှာလဲ ....အဲ့ဒီစာ ....ပြ..ပြပါအုံး " ဒေါ်နုနုကတုန်ယင်နေသော အသံဖြင့် စာကိုလှမ်းတောင်းလိုက်သည်။ဒေါ်ခင်မမသည် ဝှီးချဲပေါ်တွင်ထိုင်လျက်မှရင်ဘတ်ကို လက်ဖြင့်ဖိထားလေသည်။ဒေါ်နုနုသည် ချွေးမဖြစ်သူပေးသော စာကို တုန်တုန်ယင်ယင်နှင့် ဖတ်လိုက်လေသည်။ ~~~~~~ ဒေါ်နုနုတို့သည် သာဖြစ်သူကို အခန်းထဲသို့ခေါ်လိုက်ပြီးလျှင် အခန်းတံခါးကိုပိတ်လိုက်ပြီး သုံးယောက်သား ခေါင်းချင်းဆိုင်တိုင်ပင်နေကြလေသည်။ "ဘယ်လိုလုပ်ကြမလဲ မောင်မောင် ... ဒီစာကို မိတုတ်ကတော့ ပို့နိုင်မှာမဟုတ်ဘူး .... ဒါက ဟိုကောင်လေးရဲ့လက်ချက်ပဲနေမှာ ...အဲ့ဒီကောင်လေးကိုကြည့်ရတာ မိုက်မိုက်ကန်းကန်းလုပ်မဲ့ပုံပဲ..." ဦးမောင်မောင်စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။ယခုတလော ဦးမောင်မောင်၏ လုပ်ငန်းများမှာလည်းအလွှဲလွှဲအချော်ချော်နှင့် အဆင်မပြေဖြစ်နေသည်။သည်ကြားထဲ သားဖြစ်သူကလည်း ပြောမရဆိုမရ။ဘွားအေကြီးကလည်း ကျန်းမာရေးသိပ်မကောင်းတော့ မီးစာကုန်ဆီခန်းအရွယ်သို့ရောက်နေပြီဖြစ်လေသည်။သည်လိုအချိန်မျိုးမှာမှ မိ တုတ်တို့သားအမိကိစ္စက ပေါ်လာသောအခါ ဦးမောင်မောင်စိတ်ဓါတ်ပင်ကျချင်လာမိသည်။စီးပွားရေးကတစ်ဖက်၊မိသားစုရေးအရှုပ်အထွေးပါပေါ်လာပြီဆိုလျှင်ဖြင့် မည်သို့ ဖြေရှင်းရပါမည်နည်း။ကိစ္စများကိုသာ ဇနီးဖြစ်သူနှင့်သားဖြစ်သူသိသွားခဲ့လျှင် တစ်လျှောက်လုံးဂုဏ်သိက္ခာအပြည့်နှင့် နေလာခဲ့သောဦးမောင်မောင်၏ အဖြစ်မှာတွေးပင်မတွေးဝံ့ပါချေ။ "သိပ်စိတ်မပူပါနဲ့ အမေ...ဒီကောင်လေးက ဘာလုပ်နိုင်မှာလဲ ... ဒီလို စာပို့ရုံကလွဲပြီး သူတို့ဘာမှမတတ်နိုင်ပါဘူး ... အလုပ်သမားတွေကို စာလာရင်စန္ဒာ့ကိုမပေးဘဲ... အမေတို့ဆီကို အရင်လာပေးဖို့မှာထားလိုက်ပါ " " ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့တန်တန်တော့ သဘောမထားနဲ့ မောင်မောင် .... အဲ့ဒီကောင်လေးကို တွေ့အောင်ရှာပြီး ...သူဘာလိုချင်တာလဲကိုစုံးစမ်း..ပြီးရင်သူလိုချင်တာကို ပေးလိုက် ..." "ဟုတ်... ဟုတ်ကဲ့ပါအမေ " ~~~~~~ "တို့ရဲ့လုပ်ငန်းတွေက အတော်လေးအောင်မြင်တယ် လမင်းရေ..ချမ်းမြေ့ကုမ္ပဏီကလုပ်မဲ့ လုပ်ငန်းမှန်သမျှကို တို့ဘက်ကအရင်လက်ဦးလိုက်နိုင်တာ အားရစရာကောင်းလှတယ် ..." ဦးကောင်းထက်၏ ကျေနပ်အားရနေသော စကားသံကြောင့် လမင်းကျေနပ်စွာပြုံးလိုက်သည်။ "ထွန်းအိမ်ရာဆောက်လုပ်ရေးကို အချိန်ကြန့်ကြာအောင်လုပ်နိုင်ခဲ့ရင် ...ချမ်းမြေ့ကုမ္ပဏီတော့မြောင်းထဲရောက်ပြီးပဲ .. အိမ်ရာကို သက်မှတ်ချိအတွင်းပြန်မအပ်နိုင်ရင်... ပြန်လျော်ရမဲ့လျော်ကြေးကနည်းတာမဟုတ်ဘူး ... တို့ဘက်ကလုပ်ရမှာက ချမ်းမြေ့ကုမ္ပဏီက တင်သွင်း၀ယ်ယူမဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို... တို့ဘက်ကကြားဖြတ်ဝယ်ယူတာပဲဖြစ်ဖြစ်... ဒါမှမဟုတ် လမ်းမှာအချိန်ကြန့်ကြာအောင်လုပ်တာဖြစ်ဖြစ် တို့ကုမ္ပဏီကကြိုးစားရမယ် " " ဟုတ်ကဲ့ပါ အန်ကယ် ... ကျွန်တော်လုပ်ရမဲ့အပိုင်းတွေကို ညွှန်ကြားပေးပါ အန်ကယ် " လမင်းသည်ကိုယ့်နာကြည်းချက်နှင့် ချမ်းမြေ့ကုမ္ပဏီပျက်စီးဖို့ ကြိုးစားနေခဲ့သလို ဦးကောင်းထက်သည်းလည်း ဟိုယခင်က သူ၏လုပ်ငန်းခွင်များကို အနိုင်ပိုင်းလက်လွဲယူသွားခဲ့သော ချမ်းမြေ့ကုမ္ပဏီကို အငြိုးအတေးကြီးကြီးဖြင့်ဖျက်စီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ထိုကဲ့သို့ ဦးကောင်းထက်နှင့်လမင်းတို့နှစ်ယောက်ပူးပေါင်းကာ ချမ်းမြေ့ ကုမ္ပဏီ၏ ပျက်စီးရာပျက်စီးကြောင်းကို သေချာအကွက်ချစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ~~~~ "မေတုတ်လှလိုက်တာ ....ဒီဝတ်စုံကို မေတုတ်ကြိုက်တယ်မဟုတ်လား " နှင်းအိမ်က မေးလိုက်သောအခါ မိတုတ်သည်သူ၏ ခေါင်းကို တဖြင်းဖြင်းကုတ်လိုက်ပြီးလျှင် "ဟီး ..ဟီး ကြိုက်တယ် သမီးရဲ့ ..ဒါနဲ့ ဘာလို့ ဝယ်ပေးတာပဲ ...မေတုတ်က သမီးပေးတာမို့ ယူတာနော် ...အခြားသူပေးရင်ယူတာမဟုတ်ဘူး " "သိပါတယ် မေတုတ်ရဲ့ ... ဒါက နှင်းအိမ်လစာထုတ်လာလို့ ...နှင်းအိမ်ရဲ့ချွေးနှဲစာနဲ့ မေတုတ်တို့ကို ဝယ်ကန်တော့တာပါ ... နောက်ဆိုရင်မေတုတ်နဲ့ သိပ်တွေ့နိုင်မှာမဟုတ်ဘူး'မေတုတ်ရဲ့ .....နှင်းအိမ်အလုပ်ပိတ်ရက်ဆိုရင် မေတုတ်ဆီကို ဖုန်းဆက်မယ်နော် " နှင်းအိမ်၏ စကားကြောင့် မိတုတ်သည် နှင်းအိမ်၏ဘေးတွင် မှိုင်မှိုင်တွေတွေနှင့်ထိုင်ချလိုက်လေသည်။ ~~~~~~~ မနက်အတွက်လိုအပ်၍သာ စတိုးဆိုင်ဆီသို့ နှင်းအိမ်မဖြစ်မနေလာခဲ့ရသည်။ဆိုင်နားသို့ရောက်သောအခါ နှင်းအိမ်၏ခြေလှမ်းများအလိုလိုတုံ့နှေးသွားရသည်။သည်နေရာတစ်ဝိုက်တွင်လည်း ပပစိုး၏ ဆိုင်သည်သာ ပစ္စည်းစုံရ သော ဆိုင်ဖြစ်သည်လေ။ နှင်းအိမ် ဆိုင်ထဲသို့ဝင်လိုက်သည်တွင် ခေတ်မီသောဆိုင်၏ အခင်းအကျင်းကို တွေ့လိုက်ရလေသည်။ပစ္စည်းများကို စင်များဖြင့် လှပသပ်ရပ်စွာခင်ကျင်းပြသထားသည်။စင်များကြားတွင် လျှောက်လမ်းလေးများရှိသည်။နှင်းအိမ်သည် ပပစိုး၏ဆိုင်သို့ ဈေးဝယ်ဖူးသည်မှာ အဝေးသင်ပထမနှစ်မတက်ခင်လောက်က ဖြစ်မည်ထင်သည်။ထိုနောက်ပိုင်းတွင်

#မုန်းမာန် (အခန်းဆက် ဝတ္ထုရှည် ) အပိုင်း (၂၁ ) ****** " နှင်းအိမ်ပြောပြီးပြီပဲ ... ဘာမှမလိုချင်ပါဘူးလို့ " အိမ်ဟောင်းအထိ ရှာရှာဖွေဖွေနှင့်ရောက်လာသော ကိုသန့်စင်ကိုကြည့်ပြီး နှင်းအိမ်စိတ်ရှုပ်သွားရလေသည်။သူကတော့ နှင်းအိမ်ကိုမည်သို့သဘောထားသည်ကိုမသိသော်လည်း နှင်းအိမ်မှာမူ ကိုသန့်စင်နှင့်ပတ်သက်၍ စိတ်ညစ်စိတ်ရှုပ်သည်မှလွဲ၍ သွေးကလည်းစကားမပြောပါချေ။ " မယူလို့မရဘူး .... ဒါကအဘွားရဲ့ဆန္ဒပဲ ...ပြီးတော့အဖေ့ကိုလဲ သိပ်မမုန်းပါနဲ့တော့ကွာ....သူလဲ အရက်တွေသောက်လွန်းတဲ့ဒဏ်ကြောင့် လူ့လောကကြီးမှာ ကြာရှည်နေခွင့်မရှိတော့ပါ ဘူး...အမေနဲ့လဲ ကွာရှင်းထားတာ ကြာခဲ့ပြီ ...ဘာပဲဖြစ်ဖြစ် ငါ့တို့ကမခေါ်လို့ရတယ် မတော်လို့မရဘူး ... ဒီလောကကြီးမှာ ငါ့ရဲ့သွေးသားရင်းချာဆိုလို့ မင်းပဲရှိတော့တာ ...အရေးအကြောင်းရှိရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကူညီကြတာပေါ့ .." နှင်းအိမ်သည် ကိုသန့်စင်နှင့်ဆက်ပြီး အငြင်းပွားလိုစိတ်မရှိသောကြောင့် ခပ်မဆိတ်နေလိုက်သည်။ "မင်းဘက်က လက်မှတ်ထိုးလိုက် ရင်... ဘဏ်ထဲကိုမင်းနာမည်နဲ့ အားလုံးလွှဲပြီးသားဖြစ်သွားမယ် ... ငွေရပြီဆိုရင် ကိုယ်ပိုင် လုပ်ငန်းလုပ်ပါလား....ဘာလို့ သူများဆီမှာ အလုပ်လုပ်နေမှာလဲ ... " " ဒါနဲ့ နေပါအုံး ...နှင်းအိမ်မယူဘူးဆိုရင် ကိုသန့်စင်အတွက်ပိုမကောင်းဘူးလား...ဘာလို့ ဒါတွေကို အတင်းပေးနေရတာလဲ " နှင်းအိမ်က ခပ်ဆတ်ဆတ် လေသံဖြင့် မေးလိုက်သည်။ "ဘာလို့အတင်းပေးနေရတာလဲ ဟုတ်လား ....မင်းက ငါ့ညီမလေး ဖြစ်နေလို့ပေါ့ ..." "ရှင် " ကိုသန့်စင်၏ တုံ့ပြန် စကားကြောင့် နှင်းအိမ်၏ နှလုံးသားထဲတွင် ကျင်စက်နှင့် အတို့ခံလိုက်သလို ခံစားလိုက်ရလေသည်။ " အရင်ကတော့ အဘွားကိုလက်မခံခဲ့တဲ့မင်းကို .... အမွေတွေကိုမပေးဘဲထားမလို့ပဲ ...ဒါပေမဲ့ဟိုနေ့က မင်းကို အထင်သေးသလိုပြောနေတာကိုမြင်လိုက်ရတော့ ငါစိတ်တိုသွားမိတယ် ...သွေးသားသံယောဇဉ်ဆိုတာ ဒါကိုပြောတာထင်တယ် ......ငါ့ညီမကို သူကဘာလို့ဒီလိုပြောရသလဲဆိုတဲ့ စိတ်ပေါ့... ဆွေမျိုးသားချင်းကိုထိပါးလာတော့မခံချင်တဲ့ အမျိုးချစ်စိတ်ထင်ပါတယ် ..ဒါကြောင့် မင်းရသင့်ရထိုက်တာကိုလာပေးတာ .." နှင်းအိမ်သည် ကိုသန့်စင်ကို ကြောင်ငေးကြည့်နေမိသည်။အကယ်၍သာ ဦးမြင့်မောင်ဆိုသော အရိပ်ဆိုးကြီးမရှိခဲ့လျှင် ကိုသန့်စင်သည် နှင်းအိမ်အတွက်အားကိုးရသောအစ်ကိုကြီးတစ်ယောက်အဖြစ် ရှိလိမ့်မည်ထင်သည်။ ~~~~~~ "အခုတလောအလုပ်တွေလုပ်ရတာ အဆင်မပြေတာတွေ ခဏခဏကြုံနေရတယ်ကွာ .... မင်းရဲ့သားကိုလဲ ငါအကူအညီမတောင်းချင်ဘူး ... " " ဘာတွေ အဆင်မပြေတာလဲကိုမောင်ရဲ့ " ဦးမောင်မောင်၏စကားကြောင့် ဒေါ်စန္ဒာကစိုးရိမ်သံနှင့် မေးလိုက်သည်။ "ဘာရယ်တော့ မဟုတ်ဘူး .... အလုပ်ကိစ္စချိန်းထားရင် တစ်ဖက်လူက မပေါ်လာတာမျိုး....ပြီးတော့ အရောင်းအဝယ်ကိစ္စတွေလဲ ပြောဆိုပြီးထားရဲ့နဲ့ အနားကပ်မှ ပွဲဖျက်လိုက်တာမျိုးတွေပေါ့ကွာ ...နောက်သုံးလဆိုရင် ထွန်းဆောက်လုပ်ရေးအတွက်လုပ်ငန်းစရတော့မှာ...ဒီကြားထဲမှာ ငွေရပေါက်တွေ မှန်သမျှအကုန်ပိတ်နေသလိုပဲကွာ ....." " ဟုတ်လား ... စိတ်ညစ်မနေပါနဲ့ ... သားကို စန္ဒာပြောပေးပါ့မယ် .... ကိုမောင်တို့လဲ သားကို အတင်းလိုက်ပြီး ပိတ်ပင်မနေနဲ့အုံး ...သာက သူလုပ်ချင်တာကို .. ဇွတ်လုပ်တတ်တာ... ကိုမောင်တို့လဲသိနေတာပဲ ...အခုဆို သားကလဲအသက်ငယ်တော့တာမဟုတ်ဘူး " "အေးပါကွာ .... ကိုယ်လဲ ဘာမှပြောချင်စိတ်မရှိတော့ဘူး ...အဘွားနဲ့ အမေ့ကိုလဲ ဘာမှ မပြောအောင်... မင်းပဲပြောလိုက်တော့...တော်ကြာ မင်းရဲ့ သားကသူလုပ်ချင်ရာလုပ်ချသွားရင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး " ဦးမောင်မောင်သည်စိတ်ညစ်စိတ်ပျက်စွာ ညည်းညူလိုက်လေသည်။ ~~~~~~~ "ကျွန်တော် အချစ်ရေးအိမ်ထောင်ရေးကို မစဉ်းစားချင်သေးဘူးမစိုး ... ကျွန်တော့်မှာ လုပ်စရာတွေအများကြီးရှိသေးတယ် ....ဒီအလုပ်တွေမပြီးမချင်း မစဉ်းစားချင်ဘူး ... " လမင်း၏စကားကြောင့်ပပစိုးက ခပ်ပြုံးပြုံးနှင့်ပင် "တို့နားလည်ပါတယ် ...လူကြီးတွေပြောနေကြတာကိုလဲ စိတ်ထဲမထားပါနဲ့..... တို့တွေက စီးပွားရေးအတွက်လက်တွဲနေကြတာပဲဟာ ... တခြားသူတွေ ပြောနေတာတွေကိုဂရုစိုက်မနေပါနဲ့ ..." " နားလည်ပေးလို့ ကျေးဇူးပါမစိုး " ပပစိုး၏ နားလည်ပေးမှုကြောင့် လမင်းကျေးဇူးတင်စကားပြောလိုက်မိသည်။လမင်းဒီအခြေအနေထိရောက်အောင် ပပစိုး၏အကူအညီများစွာ ပါရှိနေခဲ့သည်လေ။ ~~~~.~~ ဒေါ်စန္ဒာမှာ သူမဆီသို့ထူးထူးဆန်းဆန်းရောက်လာသောစာကိုကိုင်လျက် ယောက္ခမကြီးများရှိရာအခန်းဆီသို့ လျှောက်လာခဲ့လေသည်။ "အမေတို့အသိထဲမှာ မိတုတ်ဆိုတာရှိလား " ချွေးမဖြစ်သူ၏စကားကြောင့် ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့မှာ မျက်လုံးများပြူးကျယ်လျက် ထိတ်လန့်တုန်လှုပ်သွားမိကြလေသည်။ "ဘာ...ဘာပြောတယ်စန္ဒာ...မိ...မိတုတ်ဟုတ်လား " ဒေါ်နုနုနှင့်ဒေါ်ခင်မမတို့ ပြိုင်တူလိုလိုပင်မေးလိုက်မိကြလေသည်။

ကြည်ကြည်နူးနူးနှင့် ပြောနေသောကိုချမ်းကိုကြည့်ပြီး လမင်းနှုတ်ခမ်းကို တွန့်ကွေးကာမသိမသာ ပြုံးလိုက်မိလေသည်။ @@@@@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၂၁ ) ဆက်ရန် #ဧကြည်ဖြူ

မိခင်ဖြစ်သူ၏ စကားကြောင့် နှင်းအိမ်ဘာမျှ ပြန်မပြောဘဲ ခေါင်းကိုငုံ့ထားလိုက်မိသည်။နှင်းအိမ်၏စိတ်က သည်နေရာသည်ဒေသမှာနေထိုင်ချင်မရှိတော့ခြင်းဖြစ်သည်လေ။အခြားတစ်နေရာရာသို့ ပြောင်းရွေ့ရန်အတွက်လည်း မိခင်ကို မပြောရက် ဖြစ်နေခဲ့သည်။အကယ်၍ ပြောလိုက်လျှင်လည်း ပြောင်းရွေ့ချင်သည့် အကြောင်းပြချက်ကို မိခင်ဖြစ်သူကို ပြောပြရပေလိမ့်မည်။ထိုသို့ ပြောပြရန်အတွက်တော့ နှင်းအိမ်၏မာနကခွင့်မပြုပါချေ။သို့အတွက် မိခင်ကိုချစ်ခင်သံယောဇဉ်ရှိနေသော ဦးမျိုးအောင်၏လက်သို့ စိတ်ချလက်ချအပ်ပြီး အခြားတစ်နေရာတွင် အလုပ်လုပ်ရန်ကြိုးစားနေခြင်းပင်ဖြစ်လေသည်။ ~~~~~~ " သမီးလေးနှင်းအိမ်ကလေ မြို့ထဲမှာအလုပ်သွားလုပ်တော့မှာတဲ့ .....နောက်ဆိုရင် အိမ်ကိုလဲ ပြန်မလာဘူးလို့ပြောတယ် ..... သားလေး နှင်းအိမ်ကိုလက်ထပ်လိုက်ပါလားဟင် ...အဲ့ဒါဆိုရင် သမီးလေးနှင်းအိမ်ကို ဒီမှာခေါ်ထားလို့ရတယ်လေ " မျက်နှာညှိုးညှိုးနှင့် ပြောနေသောမိခင်ကို လမင်းကြည့်လိုက်ပြီး "အမေက နှင်းအိမ်နဲ့နေချင်လို့လား " မိတုတ်က သားဖြစ်သူ၏ အမေးကို ခေါင်းငြိမ့်ပြလိုက်သည်။နှင်းအိမ်သည် မိတုတ်နှင့် ပတ်သက်လျှင် ကလေးငယ်တစ်ယောက်ကဲ့သို့ မိတုတ်ကိုယုယကြင်နာပေးတတ်သည်။ခေါင်းဖြီးပေး၊ အလှပြင်ပေးနှင့်စာဖတ်ပြတာမျိုးကအစပြုလုပ်ပေးတတ်သည်။သည်လို ယုယကြင်နာမှုမျိုးကို သားဖြစ်သူဆီက မရရှိဖူးသောမိတုတ်မှာ နှင်းအိမ်အပေါ် ချစ်ခင်စွဲလမ်းခဲ့သည်မှာ ဆန်းတော့လည်းမဆန်းလှ။ဆန်းနေသည်မှာက လမင်းသာဖြစ်သည်။နှင်းအိမ်ရပ်ကွက်ထဲမှာရှိနေတော့လည်း ဂရုမစိုက်မိ။ယခုလို့ တခြားနေရာတွင်သွားနေမည်ဆိုတော့လည်း ဘ၀င်မကျမိ။ နီးနီးနားနားတွင် ဆိုင်လေးတစ်ဆိုင်ဆိုင်ဖွင့်လျှင် မိခင်ဖြစ်သူလည်း သူမရှိရာဆိုင်ဆီသို့မကြာခဏသွားနိုင်မည်ဟု စဉ်းစားလိုက်မိသည်နှင့် မိခင်ကိုနှစ်သိမ့်စကားပြောလိုက်သည်။ " ကျွန်တော် အကြံရပြီ အမေ.....နှင်းအိမ် မြို့ထဲပြောင်မနေရအောင် ...ကျွန်တော်ပြောပေးပါ့မယ် " ~~~~.~ " မေနွယ်လဲ ပြောတယ်သားရေ .. အလုပ်အတွေ့အကြုံမရှိလို့ ...အတွေ့အကြုံ ရချင်လို့တဲ့လေ ... ရွာက သူ့အဘိုးနဲ့ သူ့အဘွားကလဲ ... သူ့အတွက်ဘဏ်မှာပိုက်ဆံထည့်ပေးထားပြီးသား ....သူလိုချင်တဲ့ အချိန်ယူ သုံးရုံပဲ ..." မအေးနွယ်က သမီးဖြစ်သူ၏ စိတ်ကို နားမလည်နိုင်စွာပြောလိုက်သည်။ "သူကဘာလို့ သူများအလုပ်သွားလုပ်ချင်နေတာလဲ မသိဘူး ... ကျွန်တော်နဲ့မစိုးတို့လဲ လူသုံးကုန်ပစ္စည်းစုံဆိုင်မျိုးဖွင့်မလို့ ...အဲ့ဒါ သူပါဆိုင်လေးတစ်ဆိုင်လောက်ဖွင့်မယ်ဆိုရင် ...လိုတာကို ကျွန်တော်ကူညီပေးမယ်မေနွယ် ... သူ့ဒေါသနဲ့အပြင်မှာ အလုပ်မလုပ်စေချင်ဘူး " လမင်း၏အပြောကိုမအေးနွယ်ကခေါင်းငြိမ့်ပြလိုက်ပြီး "အေးပါကွယ် ... မေနွယ်ပြောကြည့်လိုက်မယ်လေ " " ဒါနဲ့ နှင်းအိမ်ဘယ်သွားလဲ မေနွယ် ..." လမင်းက ဆေးဆိုင်ခန်းထဲတွင် အလုပ်ရှုပ်နေသော ဦးမျိုးအောင်နှင့်အလုပ်သမားလေးများကို ကြည့်လိုက်ပြီးလျှင် အပေါ်ထပ်ဆီသို့ ဝေ့ဝဲကြည့်လိုက်ကာ မေးလိုက်လေသည်။ "နေ့ခင်းဆိုရင် ...သူက ဟိုဘက်အိမ်မှာနေတယ်လေ ... ဒီဘက်မှာ ပျင်းလို့တဲ့ " ~~~~ မိခင်ဖြစ်သူ၏ စကားကြောင့် နှင်းအိမ် နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်လိုက်ပြီး "တော်ပါ အမေရယ် ..သမီးက သူတို့ကူညီမှ ဆိုင်ဖွင့်နိုင်မှာလား ..မလိုဘူးလို့ ပြောလိုက်ပါ ...နှစ်ယောက်သားအနာဂတ်အတွက်ပဲ စုဆောင်းကြပါလို့ ပြောလိုက်ပါ " မိခင်ကို ပြောလိုက်သောနှင်းအိမ်၏ စကားသံထဲတွင်နာကြည်းသံများပါသွားလေသည်လားမသိ တော့ပါချေ။နှင်းအိမ်၏ ရင်တွင်း၌မူ ဒေါသမုန်းတိုင်းထန်သွားမိသည်မှာတော့အမှန်ပါပင်။ ~~~~~~~.~. "ဒါဆို ..ကိုလမင်းနဲ့ကျွန်တော်က လပိုင်းပဲအသက်ကွာတာပေါ့ .. မှန်တာပြောရရင် ... ဟိုတစ်ခေါက် ကိုလမင်းကိုတွေ့ပြီး ကတည်းက .. ကိုလမင်းနဲ့ မိတ်ဆွေဖြစ်ချင်နေတာ ...ဘာလို့လဲဆိုတော့ ..ကိုလမင်းကကျွန်တော့်မိသာစုဝင်တစ်ယောက်နဲ့ အတော်လေးဆင်တာဗျ.....စကားပြောဟန်နဲ့အကြည့်တွေကအစဆင်တာ ..." "လူတူမရှား နာမည်တူမရှားပေါ့လေ ... ကျွန်တော်ကတော့ ရိုးရိုးသားသားပြောရရင် ကိုချမ်းမြေ့ကခရီးသွားလုပ်ငန်းဘက်ကို စိတ်ဝင်စားနေတယ်ဆိုလို့ ... စိတ်ကူးတွေ တူနေလို့အကျိုးတူ ပူးပေါင်းချင်လို့ လာခဲ့တာပဲ " လမင်းသည် ဟန်မပျက်အောင်ထိန်းရင်းပြန်ပြောလိုက်သည်။လမင်း၏စကားကြောင့် ကိုချမ်းတစ်ယောက် ကြည်ကြည်နူးနူးပြုံးလိုက်ပြီး "ကျွန်တော်လဲမှန်တာပြောရရင် .. အဲ့ဒီလုပ်ငန်းက ကျွန်တော်လုပ်ချင်တာမဟုတ်ဘူး ... ကျွန်တော် စိတ်ဝင်စားနေတဲ့ကောင်မလေးကလုပ်ချင်နေတာ ... ကျွန်တော်က သူ့စိတ်ကူးတွေကို အကောင်ထည်ဖော်ပေးချင်တာ ..အဲ့ဒီအတွက် သူရောကျွန်တော်ပါသေချာကြိုးစားနေတယ် ... ကိုလမင်းကလဲ ... ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုရင် နန်း တစ်နေ့လောက် သူနဲ့ မိတ်ဆက်ပေးမယ်လေ ..." ကိုချမ်း၏ စကားကြောင့် လမင်းက ပြုံးလိုက်ပြီး "ဝိုး ... လေးစားသွားပြီး ....တကယ်ချစ်တတ်တဲ့သူပဲ " " ကျွန်တော့်အတွက်တော့...သူက အချစ်ဦးနဲ့အချစ်ဆုံးလေဗျာ ."

နှင်းအိမ်သည် ကိုသန့်ဇင်ပြောသမျှကို အံ့ဩစိတ်ဖြင့် နားထောင်ရင်း ကြက်သေသေနေမိလေသည်။ထိုစဉ်မှာပင် အနားသို့ ကိုချမ်းပြန်ရောက်လာပြီး နှင်းအိမ်၏လက်ကိုဆွဲလိုက်လေသည်။ ''နှင်းအိမ် ပြန်ရအောင် ..." နှင်းအိမ်သည် ကိုချမ်းဆွဲခေါ်ရာနောက်သို့ပါလာပြီးလျှင် ကိုသန့်ဇင်ကိုလှည့်၍ကြည့်လိုက်လေသည်။ သန့်ဇင်သည်လည်းနှင်းအိမ်တို့ကို လှမ်းကြည့်လိုက်ပြီးလျှင် ဦးမောင်မောင်၏ တင်းမာခက်ထန်နေသော မျက်နှာကိုကြည့်လိုက်လေသည်။ ~~~~~ "မင်းလုပ်ရပ်တွေကိုရပ်တန့်ကရပ်လိုက်တော့ချမ်းမြေ့ ... မင်း အဆင့်က ဘာမဟုတ်တဲ့မိန်းမတစ်ယောက်ရဲ့လက်ကိုဆွဲပြီး အလုပ်လိုက်ရှာနေတဲ့အဆင့်လား ...ကိုသိန်းထိုက်ဆီမှာ မင်းအလုပ်သွားပြောတယ်ဆို .." ဦးမောင်မောင်သည် ဒေါသတကြီးနှင့်ပြောလိုက်သကဲ့သို့ ဒေါ်ခင်မမတို့သည်လည်း မြေးဖြစ်သူကို ကြည့်လျက်မှ ယူကြုံးမရနိုင်ဖြစ်နေကြလေသည်။ " ဖြစ်မှဖြစ်ရလေ မြေးလေးရယ် ...မင်းဘယ်လိုမိန်းခလေးနဲ့ တွဲနေတာလဲကွယ် ... မင်းကို အဘွားတို့ ဘယ်လိုမွေးလာခဲ့ရသလဲ " ကိုချမ်းသည် မိခင်၊ဖခင်နှင့် ဘွားအေးနှစ်ယောက်ကို ကြည့်လိုက်ပြီး "အလုပ်လိုက်ရှာတာ ဘာဖြစ်လို့လဲ အဖေ ... ကျွန်တော်တို့က ပိုက်ဆံလိုက်ချေးနေတာလဲ မဟုတ်ဘူး ... အဖေတို့က အမြင်ကျဉ်းလွန်းနေပြီ..သူ့ခွန်သူ့အားနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေတာ ဘာအထင်သေးစရာရှိလို့လဲ ..ပြီးတော့ အဖေမနက်ကလုပ်လိုက်ပုံက ယဉ်ကျေးမှုမရှိဘူး...အဲ့ဒါ လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး ..နောက်တစ်ခါ ...အဲ့ဒီလိုထပ်မလုပ်ပါနဲ့ အဖေ " ဦးမောင်မောင်သည် သားဖြစ်သူ၏စကားကြောင့် ဒေါသထွက်သွားပြီးလျှင် " ဘာ .. ဘာကွ မင်းဘာပြောလိုက်တယ် ... မင်းကအလိုလိုက်ထားလို့ ပြန်စော်ကားတာလား ဟုတ်လား ...ကဲကွာ စော်ကားအုံး " " ဖောင်း " "ဟဲ့ ..ဟဲ့ မောင်မောင် ...မင်းဘယ်လိုလုပ်လိုက်တာလဲ ..စကားနဲ့ ပြောပါလား " ဒေါ်နုနုကအော်လျက် သားဖြစ်သူကိုပြေးဆွဲလိုက်သည်။ "ဒီကောင်က စကားနဲ့ပြောလို့မရတော့ဘူး .. အမေ့မြေးကမွန်နေပြီ...မိဘကိုမိဘမှန်းမသိတော့ဘူး " "တော်..တော်ပါတော့ ကိုမောင်ရယ် ...သားကို စန္ဒာပြောပါ့မယ် .... " ဒေါ်စန္ဒာက ယောကျာ်းဖြစ်သူကို တားမြစ်ပြောဆိုလိုက်သည်။ကိုချမ်းက အားလုံးကိုကျောခိုင်းလျက် အိမ်အပေါ်ထပ်သို့ တက်ခဲ့လေသည်။ ~~~~~~ "ဘယ်လိုပြောလိုက်တာလဲ သားရယ် ... သားအဖေက သားကို ဘယ်လောက်ချစ်လဲဆိုတာ သားအသိဆုံးပါကွယ် " ဒေါ်စန္ဒာက သားဖြစ်သူကို ချော့မော့ပြောဆိုလိုက်သည်။ "ကျွန်တော်သိပါတယ်အမေ .. ကျွန်တော်ကလဲ အဖေ့ကိုသိပ်ချစ်ပါတယ် ... ဒီစကားတွေကို အဘွားတို့ကပြောတယ်ဆိုရင်တောင် ကျွန်တော်ဒီလောက်ခံစားရမှာမဟုတ်ဘူး ..အဖေကပြောလို့ ပိုပြီးခံစားရတာ ....နှင်းအိမ်ကဘာဖြစ်နေလို့လဲအမေ... ဘွဲ့လဲရပြီးပြီ ..ငယ်ငယ်လေးကတည်းက သူ့အမေကိုဝိုင်းကူညီရင်း ကြီးပြင်းလာခဲ့တဲ့သူပါ ... သူအပြင်မှာအလုပ်မလုပ်ဖူးလို့ ကျွန်တော်လိုက်ကူညီပေးတာ ....ကျွန်တော် သူ့ကိုချစ်တယ်အမေ ....သူသာ လက်ခံရင် ... ကျွန်တော်သူ့ကို လက်ထပ်မှာ ...အမေတို့အဘွားတို့သဘောမတူနိုင်ရင်လဲ ကျွန်တော်နောက်မဆုတ်ပါဘူး ...အမေတို့ဘက်က ကျွန်တော်ကိုစွန့်ပစ်မယ်ဆိုရင်လဲ ကျွန်တော်လက်ခံပါတယ် .. သူဆီကို စပြီးချဉ်းကပ် ကတည်းက ဒီကိစ္စတွေကို သေချာတွက်ဆပြီးမှ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ " " သား ...သားရယ် ...မင်း ...မင်းကွာ ..." ဒေါ်စန္ဒာသည် သားဖြစ်သူကို ကြည့်လျက် မချိတင်ကဲရေရွတ်လိုက်မိလေသည်။ ~~~~ "ဒါဆိုဒေါ်သုန်ဆုံးသွားပြီးပေါ့ ...သမီးရဲ့အဘွားတော့ ဖုန်းမဆက်ဘူးနော် ... အင်း စိတ်တော့ မကောင်းပါဘူး ....အမွေကိစ္စ ဘာညာကတော့လူသိရှင်ကြားဖြစ်မှာမျိုးကို မဖြစ်စေချင်ဘူး ...ဖြစ်နိုင်ရင် ငြင်းလိုက်ပါသမီးရယ် " "ဟုတ်ကဲ့ပါ အမေ ...ဒါနဲ့လေ အမေ ..နေ့လယ်နေ့ခင်းဘက်မှာ ....ဟိုအိမ်မှာပဲ နှင်းအိမ်နေလိုက်မယ်နော်.....အိမ်ငှားလဲမရသေးဘူးမဟုတ်လား " နှင်းအိမ်၏ စကားကြောင့် မအေးနွယ်က မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး " ဘာဖြစ်လို့လဲ သမီးရယ် ... ဒီမှာလဲ ....အမေတို့ကအပေါ်ထပ်ကိုမှ မတက်တာ ... သမီးတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရတာပဲကို " " မလွတ်လပ်လို့ မဟုတ်ပါဘူး အမေ ...အိမ်ကိုလွမ်းလို့ပါ ...အလုပ်မဆင်းခင်ပဲလေအမေရယ် .... သမီးတို့နေနေကျနေရာပဲဟာ ..ဘာမှမဖြစ်ပါဘူး စိတ်ချပါ ." " အင်းပါ ... အင်း ... လကုန်ရင် ဆင်းရမယ်ဆိုတဲ့ အလုပ်ကဘာလို့ မဆင်းရတော့တာလဲ " " အဲ့ဒီအလုပ်ထဲမှာ အလုပ်သမား အချင်းချင်းကြီးနိုင်ငယ်ညှင်းလုပ်တာမျိုးတွေရှိလို့ ...ကိုချမ်းကမလုပ်နဲ့လို့ပြောတယ်အမေ.." "ကိုမျိုးကပြောနေတယ် .. ဆေးဝါးကျွမ်းကျင် သင်တန်းတက်ပြီး ဆေးဆိုင်ဖွင့်မလားတဲ့ ... ဒါမှမဟုတ်ရင်လဲ တခြား ဆိုင်တစ်ခုခုဖြစ်ဖြစ်ဖွင့်ပါလားကွယ် ....ဘာလို့ အလုပ်လုပ်နေမှာလဲ "