803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
မိတုတ်၏နှုတ်မှ ထွက်ပေါ်လာသောစကားသံကြောင့် အေးနွယ်၏ ခြေလှမ်းများတန့်ခနဲဖြစ်သွားရသည်။ရင်ထဲတွင်လည်း ဆို့နင့်သွားမိသည်။မိတုတ်အမြဲပြောနေသော မိတုတ်၏မင်းသားလေး မောင်မောင်သည်လည်း မိ တုတ်ကို ဤကဲ့သို့ပြေားပြီးထားခဲ့လေသည်ထင်ပါ၏။ အေးနွယ် သမီးလေးကို တင်းတင်းပွေ့ဖက်လိုက်ရင်း ခေါင်းကိုခါယမ်းလိုက်မိသည်။မျက်ရည်စများသည် ပေါက်ခနဲ အဝေးသို့လွှင့်စင်သွားကြလေသည်။
~~~~~~~
" ဘော်...ဘူး...ဘော် "
ရထားသည် စတင်ထွက်ခွါချေပြီ။အေးနွယ် ပြတင်းဝကနေ မတူးကို လက်ပြလိုက်သည်။ပြီးလျှင် မိတုတ်ကို ရှာမိသည်။မိတုတ်သည် အိမ်ထဲမှထွက်လာပုံမရပါချေ။အရိပ်ယောင်လေးကိုမျှ မတွေ့ရပါချေ။
~~~~~~
ရထားကြီးသည် တစ်စစနှင့် မိတုတ်၏ မြင်ကွင်းမှ မှေးမှိန်ပျောက်ကွယ်သွားသည်။ရထားသံလမ်းဘေးမှောင်ရိပ်ကျသော နေရာတွင် မိတုတ်ရပ်မြဲရပ်၍ ရထားသံလမ်းကို ကြောင်ကြောင်ကြီးကြည့်နေမိသည်။
@@@@@@@@@@@@@@@@@@@@
အပိုင်း( ၇ ) ဆက်ရန်
#ဧကြည်ဖြူ
"ဆေးဆန်းသွားပြလိုက်တာလား ..နင့်မှာလဲ ပိုက်ဆံမရှိဘူးဆို ....ပိုက်ဆံဘယ်ကရလဲ.. မတူးဆီကချေးတာလား .."
မိတုတ်၏အမေးကို အေးနွယ် ခေါင်းခါပြလိုက်သည်။
"အေးနွယ်ငယ်ငယ်ကအမေလုပ်ပေးထားတဲ့နားကပ်ကို အေးနွယ်ရောင်းလိုက်ပြီ မိတုတ်.....အေးနွယ်လဲအလုပ်မရှိဘဲ ဒီတိုင်းဆက်နေရင်ဒုက္ခရောက်လိမ့်မယ် ... ဟင်းရောင်းဖို့ကလဲ သမီးလေးရောလမင်းလေးရောငယ်သေးလို့ အညှော်တွေလုပ်လို့မရလောက်သေးဘူးထင်တယ် ....အေးနွယ်လဲ ကုန်စိမ်းပဲရောင်းရမလားလို့ စဉ်းစားနေတာ...အခုက ရှိတာတွေပေါင်စားရောင်းစားရင်း မကြာခင် ဒုက္ခရောက်လိမ့်မယ် "
အေးနွယ်ကပြောပြီး ရင်ခွင်ထဲမှလသားအရွယ်သမီးလေး၏မျက်နှာလေးကို ငုံ့ကြည့်လိုက်မိသည်။
" ဟုတ်တယ်နော် ပိုက်ဆံကလဲ ရှာရခက်လိုက်တာဟယ်...အရင်တုန်းကတော့ ကလေးမွေးပြီးရင် အလုပ်ပိုလုပ်နိုင်မယ်လို့ မိတုတ်ထင်ထားတာ ..ခုတော့ ဈေးလိုက်ရောင်းရင်းလဲသားလေးလမင်းကို စိတ်ပူရနေတာနဲ့ ဈေးလဲအရင်လို သိပ်မရောင်းနိုင်တော့ဘူးလေ "
မိတုတ်နှင့်အေးနွယ်တို့သက်ပြင်းကိုယ်စီချလျက် ငြိမ်သက်နေမိကြလေသည်။
~~~~~
"အိမ်ရှေ့မှာ အသီးအနှံတွေ တင်ရောင်းကြည့်ပါလား အေးနွယ်ရဲ့ ... ငါအဆင်မပြေရင်နင်တို့က ကူညီပေးခဲ့ကြပြီး... နင်တို့အဆင်မပြေတာ့မကူညီနိုင်တာ ...ငါစိတ်မကောင်းဘူးဟယ် "
ဖရဲသီးကို ညီညီညာညာဖြစ်အောင် ခွဲခြမ်းရင်းနှင့် မတူးပြောလိုက် မိသည်။
အေးနွယ်သည် မတူးကို စကားမပြန်မိဘဲ မတူး၏ကလေးနှစ်ယောက်ကို ကြည့်နေမိသည်။ကလေးနှစ်ယောက်သည် ဘူတာစင်္ကြန်ပေါ်တွင် လူးလိမ့်၍ဆော့နေကြလေသည်။အငယ်လေးသည် ဆော့၍မောပန်းသွားသောအခါ သူ့မိခင်နားသို့ လျှောက်လာပြီး စင်္ကြန်ပေါ် သည်အတိုင်းလှဲအိပ်ချပစ်လိုက်သည်။သည်မြင်ကွင်းသည် ဘူတာထဲတွင်မဆန်းလှသော မြင်ကွင်းသာဖြစ်သည်။သို့သော်လည်း အေးနွယ်ရင်ထဲမှာ အောင့်ခနဲ ခံစားလိုက်ရသည်။
"အစ်မ အခင်းဘယ်မှာလဲ ... ဟိုမှာကပေးအိပ်နေပြီ ...အခင်းခင်းပေးလိုက်ပါအုံး "
" အေး ... အေး ... ဒီကောင်လေး ဟာ မျောက်ရှုံးအောင်ဆော့ပြီး တာနဲ့ တန်းအိပ်တော့တာပဲ "
ဖင်ပြောင်လေးနှင့် အိပ်ပျော်နေသော သားဖြစ်သူကို ဝါညစ်ညစ်ပီနန်အိတ် အခင်းပေါ် ပွေ့တင်လိုက်ပြီး မတူးပြောလိုက်သည်။
~~~~~~
"ဘယ်လို ... နင်ပဲခူး ပြန်မလို့ ဟုတ်လား အေးနွယ် ... ပြောတော့ ရွာမှာအမျိုးမရှိဘူးဆို "
မတူး အံ့ဩတကြီးနှင့် မေးလိုက်သည်။
"အေးနွယ်ရဲ့ မိဘတွေ ရှိပါသေးတယ်အစ်မ "
အေးနွယ် ခေါင်းကိုငုံ့ပြီး တိုးတိုးပြောလိုက်သည်။
"အေးနွယ်ရယ် ဒါများ...ဒီမှာဒုက္ခ ခံနေရလားဟယ် ....အစကတည်းက ပြန်ရမှာပေါ့ ... ဘယ်တော့ပြန်မှာလဲ မိတုတ်ရောသိလား ..."
"ဟင့်အင်း မိတုတ်ကို မပြောရသေးဘူး အစ်မ .....တကယ်လို့ အေးနွယ်ပြန်ပြီး တစ်ပတ်အတွင်း ပြန်မလာခဲ့ရင် ...အခန်းကိုပြန်အပ်လိုက်နော်အစ်မ ...အေးနွယ်ပြန်မလာဖြစ်ရင်... အေးနွယ်ထားခဲ့တဲ့ ပစ္စည်းတွေကို အစ်မနဲ့မိတုတ်ခွဲယူလိုက်နော် "
" အေးနွယ်ရယ် ..ရင်ထဲမကောင်းလိုက်တာဟယ် ... မိတုတ်သိရင် ဘယ်လိုနေမလဲ မသိဘူးဟယ် .....ငါတောင် ငိုချသလိုလို ကြီးဟယ် "
" အစ်မရယ် ...အေးနွယ်လဲငိုချင်တယ် ...အစ်မနဲ့မိတုတ်ကို အေးနွယ် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ...အေးနွယ်ဟိုမှာ စီးပွားရေး အဆင်ပြေရင် အစ်မတို့ကိုပြန်လာရှာပါ့မယ်"
"မလိုပါဘူးဟယ် ...နင်အဆင်ပြေရင် ငါတို့လဲ ပျော်ပါတယ် "
~~~~~
"မိတုတ် ..အေးနွယ်သွားမယ်နော်...အေးနွယ်ဟိုမှာအဆင်ပြေရင် မိတုတ်နဲ့ သားလေးလမင်းကို လာခေါ်မယ်သိလား .. ဟိုမှာ ကလေ ..အိမ်အကျယ်ကြီးတွေရှိတယ်မိတုတ်ရဲ့ "
အေးနွယ် တတွတ်တွတ် ပြောနေသော်လည်း မိတုတ်သည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ကလေးကို ရင်ခွင်တွင်းချီကာ မလှုပ်မယှက်ငူငူချည်းထိုင်နေသည်။အေးနွယ်သည် ခရီးဆောင်အိတ်ကို ဘေးတွင်ချပြီး သမီးလေးကို ချီလျက်မိတုတ် အနားတွင် ရပ်နေမိသည်။အပြင်လောကတွင် မှောင်ရိပ်များသန်းနေဆဲပင်။ နံနက်လင်းအာရုဏ် သည် ရောက်ရှိမလာသေးချေ။နံနက်လေးနာရီကျော်တွင် ပြန်ထွက်မည့် ပဲခူးရထားကို အေးနွယ်စီးသွားရမည်ဖြစ်သည်။ယမန်နေ့ညက အေးနွယ်ပြန်မည့် အကြောင်းကို မိတုတ်ကိုပြောလိုက်စဉ်ကပင် မိတုတ်သည်အေးနွယ်ကို စကားမပြောတော့ခြင်းဖြစ်သည်။ယခုလည်း အေးနွယ် ပြင်ဆင်ပြီးသည်နှင့် မိတုတ်၏ အခန်းဘက်သို့ လာနှုတ်ဆက်သောအခေါ အိမ်တံခါးကိုဖွင့်ထားလျက် ယခုကဲ့သို့ ထိုင်နေခြင်းဖြစ်လေသည်။
"အေးနွယ်လေအ ဟိုမှာအဆင်ပြေတာနဲ့ မိတုတ်ကိုလာပြန်ခေါ်မှာပါ "
အေးနွယ်စိတ်မကောင်းစွာပြောလိုက်မိသည်။အေးနွယ် ရင်ထဲ၌လည်း တကယ်ပင်ဆို့နင့်နာကျင်နေမိပါသည်။
" အေးနွယ် ....မပြီးသေးဘူးလား .. ဟိုမှာရထားလာနေပြီ....အိတ်ပေးလေ "
မတူးက အော်ပြောရင်း အေးနွယ်တို့အခန်းရှိရာသို့ လျှောက်လာခဲ့သည်။အနားသို့ရောက်သောအခါ အခြေအနေကို ရိပ်စားမိသွားပြီး နှုတ်ဆိတ်ကာ အိတ်ကို သယ်မပြီးပြန်ထွက်ခဲ့လိုက်သည်။
" အေးနွယ် သွားပြီးနော် မိတုတ် "
" မောင်မောင်လဲ နင်လို့ပဲပြန်လာခေါ်မယ်ပြောပြီး ...ပြန်မလာခဲ့ပါဘူး "
မိတုတ်သည်ပြောရင်းအနှီးထုပ်ထဲမှ ကလေးလေးကို ကြည့်လိုက် ချီထားသောသားဖြစ်သူကိုကြည့်လိုက်နှင့် အလုပ်များနေမိသည်။
"ဒီနေ့ဆိုရင် ဆေးရုံမှာတစ်ပတ်ပြည့်ပြီ ...သူများတွေဆို .တစ်ရက်နှစ်ရက်ထက် ပိုမကြာဘူးတဲ့ ... အားအမြန်ပြည့်ပြီး ကျန်းမာအောင် အစားကိုစားမှဖြစ်မယ်နော် ... ဒီမှာ နင့်သမီးလေးကိုကြည့်ပါအုံး..."
အေးနွယ် သမီးလေးကို ကြည့်လိုက်မိသည်။ကလေးကို ကြည့်ရင် အေးနွယ်ရင်ထဲဆို့နင့်လာမိပြန်သည်။သမီးလေးတွင် အဖေခေါ်စရာလဲမရှိ။အဘိုးအဘွားများကလဲ လက်ခံနိင်ပါ့မည်လား မသိချေ။သမီးလေးကို ကြည့်ပြီး မိဘများကို ပို၍ပင်တွေ့ချင်လာမိသည်။အသက်နှင့် ရင်းပြီးကလေးမွေးလိုက်ရသောအခါ မိခင်၏ခံစားချက်ကို လဲကိုယ်ချင်းစာလာမိသည်။
"အေးနွယ် နင်အမြန်နေကောင်းအောင်လုပ်ဟာ ...ငါက နင့်ကိုနေ့တိုင်းလာမတွေ့နိုင်ဘူး ...ငါ့သားလေးပင်ပန်းတယ် ...နင်အိမ်ပြန်လာမှ ကလေးအတူထိန်းကြမယ်သိလား "
" အင်း .. အင်းပါ မိတုတ်ရယ် .... အေး ... အေးနွယ် အမြန်နေကောင်းအောင်ကြိုးစားပါ့မယ် "
နှစ်ယောက်သားကို ကြည့်ပြီး မတူးသက်ပြင်းချလိုက်မိသည် ။ သေတွင်းထဲမှလွတ်မြောက်လာခဲ့သော အေးနွယ်၏မျက်နှာလေးကို ကြည့်ရင်း ဘူတာတွင် ကျန်ခဲ့သောသမီးလေးကို မတူးမြင်ယောင်လိုက်မိသည်။
"ဒါနဲ့ ကလေးကို နာမည် ဘယ်လိုပေးမလဲ အေးနွယ် ... "
မတူးက အေးနွယ်ကိုမေးလိုက်သည်။
" ကလေးကို နာမည်ပေးဖို့လား ..မိတုတ်သားက လမင်းဆိုတော့ ... အေးနွယ် နင့်သမီးကိုနေမင်းလို့ပေးလိုက်ပါလား .... လမင်းရယ် နေမင်းရယ် ဘယ်လောက်လှလဲ ဟီး ဟီး "
မိတုတ်က သူ့ဘာသာပြောပြီး သူ့ဘာသာသဘောကျစွာတဟီးဟီးရယ်နေမိသည်။
အေးနွယ်က နွမ်းဖျော့ဖျော့လေးပြုံးရင်း အနှီးထုပ်ထဲမှသမီးလေး၏ မျက်နှာသေးသေးလေးကို ကြည့်နေမိသည်။ သမီးလေးဘ၀ကို အေးနွယ်ဘ၀လို ဒုက္ခမများစေချင်မိပါ။အေးချမ်းပျော်ရွှင်စေချင်သည်။ခမ်းနားသော အိမ်ကျယ်ကြီးထဲမှာ ပျော်ရွှင်အေးချမ်းစွာကြီးပြင်းစေချင်မိသည်။
" သမီးလေးနာမည်ကို မေနှင်းအိမ်လို့ပေးမယ် ... လှတယ် မဟုတ်လားဟင် ...သမီးလေးကို အေးချမ်းပျော်ရွှင်တဲ့အိမ်လေးမှာနေစေချင်လို့လေ "
" ဟယ် ... လှတယ် ...လှတယ်ဟဲ့ သိလား .....ငါ့သားကလမင်း ....နင့်သမီးကမေနှင်းအိမ် လှတယ်သိလား အေးနွယ်ရဲ့ "
.~~~~~~~
"အရွက်တွေစုံတယ်နော် ....ဗူးရွက်တွေ ဝယ်သွားပါအုံးတော် ... ကျုပ်သားလေးလမင်းနေမကောင်းလို့ပါ .... ဒါတွေရောင်းပြီး မှ ဆေးခန်းပြရမှာမို့ပါ ..၀ယ်ကြပါတော် "
မိတုတ် ပါးစပ်မှစျေးအော်ရောင်းလိုက်ပြီးခြေထောက်ကို ဆတ်ခနဲဆတ်ခနဲခါလျက် ဘူတာစျေးတစ်ဆုံးကို လှမ်းမျော်ကြည့်နေမိသည်။သည်နေ့မှပဲ ဈေးရောင်းပါးပုံက ဈေးဗန်းထဲမှ ဟင်းသီးဟင်းရွက်များတစ်ဝက်မက ကျန်နေသေးသည်။အသီးအရွက်များကိုကြည့်ပြီး မိတုတ်ငိုချင်နေမိသည်။သည်နေ့မှပဲ သားလေးလမင်းကလည်းကိုယ်ပူချင်သလိုဖြစ်နေသည်။သားလေးကို အေးနွယ်ဆီမှာထားခဲ့သောကြောင့် စိတ်ချရသော်လည်း မိတုတ်ရင်ထဲမှာ မီးစနှင့်ထိုးခံထားရသကဲ့သို့ ပူလောင်နေသည်။ဖြစ်နိုင်လျှင် ဈေးဗန်းကိုထားပစ်ခဲ့ပြီး သားလေးဆီသို့ပြန်ပြေးချင်နေမိသည်။သို့သော်လည်းမဖြစ် သားလေးဆီပြန်ဖို့ရာ ငွေပါမှဖြစ်မည်။ငွေတွင်းသည် နက်လွန်းလေစွ။ မိတုတ်နေစဉ် စျေးရောင်ပြီး အစားကိုချွေတာစားသည့်ကြားမှပင်လျှင် ငွေကသုံးစွဲ၍မလောက်ငှ။ သည်ကြားထဲ အိမ်လစာကလည်း ဈေးပိုပေးလာရသည်။ယခင်လို တစ်နေ့ ဆယ့်ငါးကျပ်စုရုံနှင့်မရတော့ချေ။အိမ်လစာ၊ စားစရိတ်နှင့် ကလေးအတွက် ဟိုဝယ်သည်ဝယ်နှင့်ဆိုလျှင် တစ်နေ့သုံးစရိတ်ကို ရာကျော် ရှာနိုင်မှဖြစ်မည်။မိတုတ် ဈေးဗန်းကို လက်နှင့် ကိုင်မြှောက်လိုက်ပြီး ရွက်ရန် ပြင်လိုက်သည် ။ ထိုအခါ ဘေးနားရှိစျေးသည်မှာ ကမန်းကတန်း ထလာပြီး
"ဟဲ့ ..ဟဲ့ ... ငါကူမပေးပါမယ် ... စျေးသိမ်းတော့မလို့လား "
"မသိမ်းပါဘူးတော် ... ဒီနေရာက မရောင်းရဘူး ....နေရာရှာရင်း ရပ်ကွက်တွေထဲလိုက်ရောင်းမလို့လေ ...သားလေးနေမကောင်းဘူး ..ပိုက်ဆံရမှ ဖြစ်မှာ "
"ဟယ် ...ကောင်မလေးရယ် ...နင် ဒီဗန်းကို တောက်လျှောက်ရွက်သွားမလို့လားအေ...ထိုင်ပဲရောင်းပါလားကွယ် ...အချိန်တန်ရင်ကုန်မှာပေါ့ "
ဈေးသည်း အမျိုးသမီးကြီးသည် သစ်သားများဖြင့်ရိုက်ထား သော မိတုတ်၏ဈေးဗန်းကိုကြည့်ပြီး စိတ်မောစွာပြောလိုက်သည်။
မိတုတ်မှာတော့ ဒါကို ဂရုမစိုက်အားပါ ဈေးဗန်းကြီးကို မနိုင်မနင်းရွက်ရင်းလျှောက်လာခဲ့သည်။
"ဟင်းသီးဟင်းရွက်စုံရမယ်နော် ...၀ယ်ကြပါအုံးရှင်... ကျွန်မသားလေးနေမကောင်းလို့ အိမ်ပြန်ချင်လို့ပါရှင် "
~~~~~
" အေးနွယ် ... အေးနွယ်ရေ ... ငါ့သားလေး သက်သာရဲ့လားဟင် ..သူငိုသေးလားဟင် ...ဒီနေ့မှငါကဈေးရောင်းမကောင်းဘူးအေးနွယ်ရဲ့ ..အီး ..ဟီး..ဟီး "
ပြောရင်းနှင့် မိတုတ်ငိုချလိုက်မိသည်။
"ဟယ် ... မငိုနဲ့ လေမိတုတ်ရဲ့ ... သားလေးလမင်းသက်သာနေပါပြီ...အစ်မတူးကို အဖော်ခေါ်ပြီး အေးနွယ်တို့ဆေးခန်းသွားပြလိုက်တယ် ....."
အေးနွယ်မှာ မိတုတ်ကို ကြည့်ပြီး လမင်းလေးကိုမိတုတ်လက်ထဲသို့အမြန်ထည့်ပေးလိုက်ရသည်။ကလေး လက်ပေါ်ရောက်မှပင် မိတုတ်မှာ အငိုတိတ်တော့သည်။
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း ( ၆ )
***^^***
"နင်မလိုက်နဲ့လေမိတုတ် ... နင့်မှာကလေးတစ်ဖက်နဲ့ အိမ်မှာပဲနေခဲ့ "
" သားလေးက မိတုတ်ချီထားရင် မငိုပါဘူး မတူးရယ် ...အေးနွယ် ကိုစိတ်ပူလို့ပါတော် ....မိတုတ်လိုက်ခဲ့မယ်နော် "
" ဒုက္ခပါပဲ ... လိုက်ဟယ် ...လိုက်...လိုက်..."
ပြောရမည့်ပုံလည်း မပေါ်သည့်မိတုတ်ကို မတူးမပြောချင်တော့ပါ။ ကလေးကိုချီပြီး ငို့မဲ့မဲ့ဖြစ်နေပုံက မသိလျှင် သူ၏ဆွေမျိုးသားချင်း ဖြစ်သူ ဝေဒနာခံစားနေရသကဲ့သို့ပင် ထင်ရသည်။
"မိတုတ်စုထားတဲ့ပိုက်ဆံယူခဲ့မယ်နော် "
" အေး ... အေး "
~~~~~
ဆေးရုံသို့ရောက်သည်နှင့် အေးနွယ်ကို မွေးခန်းထဲသို့ချက်ချင်းခေါ် သွင်းသွားကြသည်။သူနာပြုဆရာမတစ်ယောက်ထွက်လာပြီး မိတုတ်နှင့်မတူးကို လာရောက်မေးမြန်းလေသည်။
"လူနာနဲ့ဘာတော်လဲ ...လူနာရဲ့ အမည် .... အသက်နဲ့လူနာနဲ့ ခင်ပွန်း နာမည်ပြော ''
သူနာပြုဆရာမ၏အမေးကြောင့် မတူးနှင့်မိတုတ်ကြောင်တောင်တောင်နှင့် သူနာပြုဆရာမကို ကြည့်နေမိကြသေးသည်။နှစ်ယောက်လုံး ကလေးမွေးဖူးကြသော်လည်း ကလေးကိုဆေးရုံမှာ မမွေးဖူးကြသည်လေ။
"ဘာတွေကြောင်နေကြတာလဲ .. ဆေးရုံလာတော့လဲ စိုးရိမ်ရတဲ့ အခြေအနေမှ လာကြတယ် .. သူ ဒီတိုင်းမမွေးနိုင်ရင် ဗိုက်ခွဲမွေးရမှာ ..ဗိုက်ခွဲဖို့အတွက် ကလေးအဖေဖြစ်ဖြစ်... ဆွေမျိုးသားချင်းဖြစ်ဖြစ် လက်မှတ်ထိုးပေးရမယ် ....ရှင်တို့က သူနဲ့ဘာတော်လဲ ....."
"ဟို ... ကျွန်မတို့က သူနဲ့အတူ ဘူတာနားမှာနေကြတာ ....သူ့မှာ ယောကျာ်းမရှိဘူးလေ ... သူ့ယောကျာ်းကသေသွားပြီးတဲ့ သူပြောတယ် "
မတူးက ဘာစဖြေရမှန်းမသိဘဲ တွေတွေဝေဝေနှင့်စဉ်းစားနေစဉ်မှာပင် မိတုတ်က သွက်သွက်လက် ထဖြေလိုက်လေသည်။ထိုအခါမှပင် မတူးလည်း အသိဝင်လာပြီး
" ဟို ...ဟို လူနာရဲ့ နာမည်က အေးအေးနွယ်ပါ ... အသက်ကဆယ့်ရှစ်နှစ်ပါ .. သူ့မှာ ယောကျာ်းရောဆွေမျိုးတွေရောမရှိဘူးဆရာမ...ကျွန်မတို့က အိမ်နီးနားချင်းတွေပါ ....ကောင်းအောင်သာကုပေးပါရှင် "
သူနာပြုဆရာမသည် မတူးနှင့်မိတုတ်ကို ကြည့်လိုက်ပြီး သဘောပေါက်သွားဟန်နှင့် ထပ်မမေးတော့ဘဲ လက်တွင်ကိုင်ထားသောစာအုပ်ထဲမှာ စာရင်းသွင်းလိုက်ပြီးနောက်
"ကဲ ... ဒီမှာလက်မှတ်ထိုး...ပြီးရင်ဆေးဖိုးတွေ ရှင်းရမယ် "
"ရှင် .. ဟုတ် ..ဟုတ်ကဲ့ ... ဟို ... ဟို ....ကျွန်မစာမတတ်ဘူး ဆရာမ "
မတူးသည် ဆရာမလေးကမ်းပေးသော ဖိုင်တွဲနှင့် ဘောပင်လ်ကိုယောင်နနနှင့် ဆွဲယူလိုက်ပြီးမှ မဝံ့မရဲနှင့်ပြောလိုက်မိသည်။သည်တစ်ကြိမ်၌ မတူးရင်ထဲတွင် အားမငယ်စဖူး အားငယ်မိသွားသည်။
'' ဪ ..ရှင်စာမတတ်ဘူးလား ... ဒါဆိုသူရော "
ဆရာမလေးက မိတုတ်ကို လှမ်းမေးလိုက်သည်။မိတုတ်သည်ကလေးကိုချော့မြူနေရင်းမှ ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်သည်။
"သူ..သူလဲ ...မ..မတတ်လောက်ဘူး ဆရာမ .."
မတူးထစ်ထစ်ငေါ့ငေါ့နှင့် ဝင်ဖြေလိုက်သည်။
"ကဲ ...ကဲ.. ဒါဆိုလဲ ... ဒီမှာ ကြက်ခြေခတ်ပဲရေးလိုက် ... ကြက်ခြေခတ်တော့ ရေးတတ် တယ်မဟုတ်လား "
"ဟုတ် ..ဟုတ်ကဲ့ ဆရာမ "
ဘူဘာထဲတွင် ဆတ်ဆတ်ကြဲဖြစ်သောမတူးမှာ ယခုအခါ၌မျက်နှာကို အောက်ငုံ့၍ သိမ်ငယ်နေမိသည်။ကြက်ခြေခတ် ရေးလိုက်ရသော စာရွက်တွင် စာများရေးထားသော်လည်း ဘာတွေရေးထားမှန်းလည်းမသိပါချေ။
"ဘာဖြစ်လို့လဲ မတူး ...ပိုက်ဆံမရှိလို့လား ...မိတုတ်မှာပိုက်ဆံပါတယ် ...မိတုတ်ပိုက်ဆံကိုယူလိုက်လေ "
မိတုတ်မေးရင်းနှင့် အတွင်း အင်္ကျီအိတ်အတွင်းရှိအဝတ်စနှင့်ချည်ထားသော ပိုက်ဆံထုပ်လေးကို နှိုက်ယူလိုက်သည်။
"နေပါ မိတုတ်ရယ် ....အေးနွယ်က သူဗိုက်နာကထည်းက ...ငါ့ကို လိုလိုမယ်မယ် ပိုက်ဆံပေးထားပါတယ် ...ငါလေ တစ်ဘ၀လုံးနေလာခဲ့တာ ဒီနေ့စိတ်အားအငယ်ဆုံးပဲအေ...စာရွက်မှာဘာတွေ ရေးထားမှန်းလဲမသိဘဲ လက်မှတ်ထိုးဆိုလို့ ထိုးလိုက်တာပဲ ... ငါ့ကြောင့် အေးနွယ်တစ်ခုခုဖြစ်မှာစိတ်ပူလိုက်တာဟယ် ... ငါ့တို့ကလေးတွေကိုတော့ စာတတ်အောင်သင်ခိုင်းရမယ် "
~~~~
" အေးအေးနွယ်အိမ်ကရှိလား .."
မွေးခန်းထဲမှ ဆရာမတစ်ယောက် ထွက်လာပြီးမေးလိုက်သောအသံကြောင့် ကလေးကိုပေါင်ပေါ်မှာသိပ်နေတဲ့မိတုတ်နဲ့ မတူးတို့ ထိုင်နေရာနေ ထရပ်လိုက်မိကြပြီး ထိတ်ထိတ်ပျာပျာနှင့် ထူးလိုက်မိကြသည်။
"ဟုတ် ..ဟုတ်ကဲ ရှိပါတယ် ....."
"အေးအေးနွယ် မိန်းခလေးမွေးပါတယ် ... ကလေးရောမိခင်ရော အန္တရာယ်ကင်းပါတယ်နော် ... ဆေးရုံမှာတော့စောင့်ကြည့်ပါအုံးမယ် "
" ဟုတ်...ဟုတ်ကဲ့ "
"မိတုတ်ရေ ...အေးနွယ် သမီးလေးမွေးတယ်တဲ့ ...အမယ်လေး အသက်အန္တရာယ်ကင်းလို့တော်ပါသေးတယ်ဟယ် ...အခုမှပဲ အသက်၀၀ရှုနိုင်တော့တယ် ...နင်ပြန်ချင်ပြန်နော်မိတုတ် ..ကလေးလဲပင်ပန်းတယ်.."
~~~~~~
"အေးနွယ် .... နင်အားတင်းထားမှဖြစ်မှာနော် ...နင်သာတစ်ခုခုဖြစ်ရင် ....နင့်သမီးလေးဘယ်လိုလုပ်မလဲ...မိတုတ်ကိုကြည့်စမ်း ဘယ်လောက် သတ္တိရှိလဲ ... "
မတူးသည် အေးနွယ်၏ ညိုးငယ်နွမ်းလျနေသော မျက်နှာလေးကိုကြည့်ပြီး ပြောလိုက်သည် ။
"နင်မငိုနဲ့နော် အေးနွယ် ...နင်သမီးလေးကလဲ ချစ်စရာလေးပါဟယ် ...."
ဖြေရင်းနှင့် တအီးအီးနှင့် ငိုချလိုက်သော အေးနွယ်ကို ကြည့်ပြီး မတူးပါ၀မ်းနည်းသလိုဖြစ်လာမီသည်။အမေဆိုသောအမည်နာမလေးကို မတူးပင်လျှင် ယောင်ယမ်းခေါ်လိုက်မိလေသည် ။
"မငိုပါနဲ့တော့ဟယ် ...နင့်မှာလဲ မပေါ့မပါးကြီးနဲ့လေ ....ကလေးတစ်ခုခုဖြစ်နေပါအုံးမယ် "
~~~~~
"အူဝဲ ...အူဝဲ "
" မွေးပြီဟေ့ ...မွေးပြီး... ယောက်ျားလေးတော်ရေ ...ဖြူဖြူဖွေးဖွေးကြီးဟဲ့ "
လက်သည် အဒေါ်ကြီးနှင့် မတူး၏ ဝမ်းသာပျော်ရွှင်သော အသံကြောင့် အေးနွယ်ပါပျော်သွားမိသည်။ကိုယ်တိုင်အခန်းထဲသို့ မဝင်ရဲ၍ အေးနွယ် အခန်းဝတွင် ထိုင်နေမိခြင်းဖြစ်သည်။
" မိ ..မိတုတ်ရော နေကောင်းရဲ့လား အစ်မတူး "
" ကောင်းပတော် ..သတ္တိကောင်းပုံက သတိတစ်ချက် မလစ်ဘူးဟေ ... အထဲလာကြည့်ပါလား အေးနွယ်ရဲ့ ...ဘာမှမဖြစ်ပါဘူးဟယ် ညည်းနဲ့ "
~~~~~~
"အေးနွယ် ကြည့်ပါအုံး ..မိတုတ်သားလေးက ချောတယ်မဟုတ်လား ...လမင်းကြီးနဲ့တူတယ်နော် ....မိတုတ်သားလေးကို လမင်းလို့ခေါ်ကြနော် ...အမေ့ကို သတိရလိုက်တာတော် "
"ဟဲ့ ..ဟဲ့...မငိုနဲ့လေ မိတုတ်ရဲ့ ."
ကလေးကိုကြည့်လျက် စကားအကောင်းပြောနေရင်းမှ တဟီးဟီးနှင့် ငိုချလိုက်သော မိတုတ်ကို ကြည့်ပြီး မတူးတို့ကဟန့်လိုက်သော်လည်း အေးနွယ်ကတော့ မိခင်ကြီးကို သတိရမိပြီး လိုက်ငိုမိပြန်သည်။
~~~~~
"အေးနွယ်ရယ် ..နင်ကြောက်နေလို့မဖြစ်ဘူးနော် ... မိတုတ်ဆို ကြည့်စမ်း ဘယ်လောက်သတ္တိရှိလဲ ...ခုဆိုလမင်းလေးတောင်နှစ်လကျော်လာပြီလေ ... မတူးဆိုလဲ ဒီလိုပဲမွေးလာတာ.. မိတုတ်လို့ အနှီးတွေဘာတွေလဲ ကြိုမစုနိုင်ပါဘူး...လက်သည်ဆိုတာ ဝေးလာ ဝေးပဲ ....ဒီလိုပဲလမ်းဘေးနေရင်း ဗိုက်နာလို့ ဘေးကလူတွေအကူအညီနဲ့ဒီလိုပဲ မွေးလိုက်ရတာ...အကြီးမကို မွေးတုန်းကဆို အနားမှာ ကိုရေခဲတောင်မရှိပါဘူး အေ ....အဲ့ဒီအချိန်က ကိုရေခဲ့ကမှောင်ရိပ်ခိုမှုနဲ့ အဖမ်းခံလိုက်ရတယ်လေ ..တကယ်တော့ မြို့ထဲ အလုပ်သွားရှာရင်း ကားခမရှိလို့ ကိုးကြောင်လေးဘက်လမ်းလျှောက်ပြန်ရင်း ညဉ့်နက်သွားလို့လေ "
မတူးသည် အေးနွယ်အားမငယ်စေရန် မိမိ၏ အတိတ်ကြောင်းကို ပြောပြရင်းမှ မျက်ရည်ကျမိသည်။
"အငယ်ကောင်ကို ကိုယ်ဝန်ရှိတော့မှ ဟော့ဒီသင်္ဃန်းကျွန်းဘူတာကို ရောက်လာပြီး နည်းနည်း အဆင်ပြေသွားတာပါအေ "
မတူးပြောသည်ကို နားထောင်ပြီး အေးနွယ် သက်ပြင်းချမိသည်။အေးနွယ်သည်လည်း မတူးတို့လောက်မှ သတ္တိရှိပါလေမည်လားမသိ။ယခုတော့ ကိုယ်ဝန်ရင့်ပြီး မွေးရက်နီးလာသည်နှင့်အမျှ အေးနွယ် ကြောက်စိတ် ပိုလာမိသည် ။ မိဘများကို သတိရမိသည်မှာလည်း နေ့စဉ်လိုလိုပါပင်။တော်သေးသည်မှာ အေးနွယ်၏ထမင်းဆိုင်လေးကို မတူးနှင့်မိတုတ်က ဝိုင်းကူပြီးအေးနွယ်၏ အနားတွင်လူမပြတ်ရှိနေခြင်းကြောင့်သာ အေးနွယ်မှာဖြေသာနေခြင်းဖြစ်သည်။
"မိတုတ်ဈေးရောင်းသွားမဲ့ဟာကို ကလေးကိုထားခဲ့လေ ... လမင်းလေးကို အေးနွယ်ကြည့်ထားပေးလိမ့်မယ် "
မတူး၏အသံကို ကြားလိုက်ရသောအခါမှ အေးနွယ်သတိဝင်လာပြီး မိတုတ်ဆီမှ ကလေးကို လှမ်းတောင်းလိုက်သည်။
" ဟုတ်သားပဲ မိတုတ်ရယ် .. လမင်းလေးကို အေးနွယ်နဲ့ ထားခဲ့ပါ"
" အင်းပါ ..မိတုတ်သားလေးကို သေချာကြည်ထားပေးနော် အေးနွယ် ... နင့်ကို အသီးအရွက်တွေပေးပါ့မယ် "
မိတုတ်လက်ထဲမှ လမင်းလေးကို အေးနွယ်ချိလိုက်သည်။လမင်းလေးသည် နှစ်လကျော်သာရှိသေးသော်လည်း ဖွဲ့ ဖွဲ့ထွားထွားနှင့် ချစ်စရာကောင်းလှပေသည်။လမင်းလေး၏ချစ်စရာမျက်နှာလေးကိုကြည့်ရင်း အေးနွယ်ရင်ထဲမှ ကြောက်စိတ်များ အနည်းငယ် ပြေလျော့သွားသလိုတော့ရှိလေသည်။
~~~~~
"အမေ ...အမေရေ အေးနွယ်ကို ကယ်ပါအုံး ....အေးနွယ်သေရတော့မယ်ထင်တယ် "
"အေးနွယ်ရယ် ...ဘာလို့ အဲ့လိုတွေပြောနေရတာလဲကွယ် ..ဒီလိုပဲ ငိုနေလို့မဖြစ်ဘူးလေဟယ် ...အားတင်းပြီးညှစ်နော် ..."
"ဟုတ်တယ် ညှစ်လေ အေးနွယ် ....ကလေးလေးမွေးတော့မှာလေ မငိုနဲ့နော် .... နင်ငိုတော့ ငါပါငိုချင်လာပြီဟယ် ..."
"ဒုက္ခပါပဲ မိတုတ်ရယ် ...ဟိုက ကြောက်နေပါတယ်ဆိုမှ ... ထွက်..ထွက်..နင်အပြင်ထွက်တော့ "
ဗိုက်နာနေသည့်အေးနွယ်ကကြောက်ပြီး ငိုနေသည့်ကြားထဲမှ မိတုတ်ကပါလိုက်ငိုနေသောကြောင့် မိတုတ်ကိုငေါက်လွှတ်လိုက်ပြီး လက်သည်ကို မတူးကြည့်လိုက်မိသည်။လက်သည် မိန်းမကြီးက မျက်စိပျက်မျက်နှာပျက်နှင့်မတူးကို ကြည့်သည်၊၊ပြီးလျှင် လက်ကုတ်ပြီး ခပ်တိုးတိုးပြောသည်။
" ဟဲ့ မတူး...ဆေးရုံသွားတာပိုကောင်းလိမ့်မယ် .. ကားအမြန်ငှားခိုင်းလိုက်ပါလား "
"ရှင်... ဟုတ် ... ဟုတ်ကဲ့ "
လက်သည်၏ စကားကြောင့် မတူးဟောင်နနနှင့် ထလိုက်ပြီး အခန်းပြင်ကိုထွက်ခဲ့သည်။
"မိတုတ်ရေ ....ဟဲ့ မိတုတ် .. ကိုရေခဲကို ကားသွားငှားခိုင်းစမ်း အမြန်လာလို့ပြောနော် ... ဈေးတွေ ဘာတွေလဲ မေးမနေနဲ့လို့ ကြားလား.."
" ဟုတ် .. ဟုတ်ကဲ့ .. မတူး "
မိတုတ်က ဘူတာဘက်သို့လှစ်ခနဲ ပြေးထွက်သွားသည်။မတူးမှာ လက်ဆွဲခြင်းထဲကို အေးနွယ်၏အဝတ်အစားများနှင့်လိုအပ်မည်ထင်သမျှကို ကောက်ထည့်လိုက်သည်။အခန်းတွင်းမှ အေးနွယ်၏ ညည်းတွားသံကတိုးသထက်တိုလာသကဲ့သို့ မတူး၏ရင်အစုံသည်လည်း ပူလောင်သထက်ပူလောင်၍လာသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၆) ဆက်ရန်
ဟင်းတစ်ပွဲဝယ်ပြီးမျှစားကြသည်။ထမင်းစားရင်းရေသောက်ချင်လျှင် ရထားသံလမ်းဘေးရေအိုးစင်သို့ပြေးသောက်သူများ ရှိသလို ဟောင်းလောင်းဖွင့်ထားသောရေပုံးပေါ် တွင် ရေခဲတုံးတင်ထားပြီး အောက်မှရေစစ်ခံကာ ရေခဲရည်အဖြစ်ရောင်းသော ရေခဲရေကို ဝယ်သောက်သူများလည်းရှိကြသည်။မကြုံဖူးလျှင်မသိ။ မမြင်ဖူးလျှင် မယုံနိုင်သော ထိုသို့ ဘ၀များကို ငေးကြည့်ရင်းအေးနွယ်ရင်ထဲတွင် ဆို့နင့်လာမိသည်။အေးနွယ် ဗိုက်ထဲမှကလေးလေးကို ဤသို့ဘ၀မျိုးမရောက်စေချင်ပါ။ဖြစ်နိုင်လျှင် အိမ်သို့ ပြန်ပြေးချင်မိသည်။အေးနွယ်ဗိုက်ထဲက ကလေးကို ဖအေဘယ်သူလဲ မမေးဘဲ အမေတို့ကြည်ကြည်ဖြူဖြူလက်ခံနိုင်လျှင် သိပ်ကောင်းမည်။ဦးလေးနှင့်ဖြစ်ခဲ့သော ကိစ္စကို အေးနွယ်မပြောချင်။ထိုအကြောင်းများကို တွေးလျှင်သေချင်စိတ်များသာ ဖြစ်ပေါ်လာမိသည်။သေချာတွေးကြည့်လျှင် မိခင်ကြီး၏ ဆုံးဖြတ်ချက် မမှားသည်ကိုလည်း အေးနွယ်သိပါသည်။ပတ်ဝန်းကျင်ကို အေးနွယ်တို့ မည်သို့မျက်နှာပြရမည်နည်း။အေးနွယ် အတွေးပေါင်းစုံကိုတွေးရင်း ဘူတာထဲမှ လူများကို ကြည့်နေမိသည်။
" အေးနွယ် ဘာတွေတွေးနေတာတုန်း ... နင်တို့စရာတို့ချင် ယူထားလို့ ကြားရဲ့လား "
ငေးငေးငိုင်ငိုင်ဖြစ်နေသော အေးနွယ်ကို မိတုတ်အသံကျယ်ကျယ်နှင့်ပြောလိုက်သည်။
မိတုတ်၏ အသံကိုကြားလိုက်ရသောအခါမှ အေးနွယ်သတိဝင်လာမိပြီး
" အေးနွယ်ဟင်းရောင်းမယ်သိလား အစ်မတို့ ..အေးနွယ် ဟင်းရောင်းရင်လေ ...ဘူတာထဲက လူတွေ ဟင်းလာဝယ်ရင် ပန်းကန်လေးတွေနဲ့ ထည့်ပေးချင်တယ် ... ဒါပေမဲ့ပန်းကန်တွေ ပြန်မပေးမှာလဲကြောက်တယ် "
အေးနွယ်က မိမိစိတ်ကူးကို မတူးနှင့် မိတုတ်ကို ပြောလိုက်သည်။
"ကောင်းတယ် အေးနွယ် ... နင်ကပန်းကန်နဲ့ရောင်းတော့ ..မတူးတို့လဲ ဟင်းပန်းကန်နဲ့စားဖူးတာပေါ့ကွယ် ...ပန်းကန်တွေ ပြန်မရမှာတော့မပူနဲ့ ..မပေးတဲ့သူရှိရင် မတူးတို့လိုက်တောင်းပေးမှာပေါ့အေ "
" ဟုတ်တယ်ဟဲ့ ... နင်ဟင်းရောင်းရင် ငါလဲဝယ်စားမယ် "
"တကယ်နော် ....အဲ့ဒါဆို အေးနွယ်ဟင်းရောင်းမယ် ... အေးနွယ်နေတဲ့ အခန်းရှေ့မှာပဲရောင်းမယ်လေ ..ရတယ်မဟုတ်လား "
လှမ်းမြင်နေရသော အခန်းတွဲကို လှမ်းကြည့်ရင်း အေးနွယ် ပြောလိုက်သည်။
"ရတာပေါ့ဟဲ့ ... ဒီကကြည့်ရင်တောင်မြင်နေရတာပဲဟာ "
~~~~~
"မိတုတ်ရယ် ...ဟင်းဖိုးမပေးပါနဲ့ ဆို.. နင်နဲ့ အစ်မတူးတို့မိသားစုကိုတော့အေးနွယ် ပိုက်ဆံမယူချင်ဘူး "
" အို ...အလကားမစားချင်ပါဘူးနော် ...သူများပစ္စည်းအလကား မယူရဘူးလို့ အမေက ပြောထားတယ် ..."
မိတုတ်ကို ကြည့်ပြီး အေးနွယ် ထပ်မပြောဖြစ်တော့။အနေကြာလာသည်နှင့်အမျှ မိတုတ်၏စိတ်ကို အေးနွယ်ပိုသိလာသည်။မိတုတ်သည် မာနလည်းကြီးသည်။အလှအပလည်း ကြိုက်သည်။သူ၏ဗိုက်ထဲမှ ကလေးကိုလည်း ချစ်လိုက်သည်မှာလွန်ရော။မိ တုတ်၏ အသက်ကို အေးနွယ်တို့မသိသော်လည်း မျက်နှာကိုကြည့်၍ အေးနွယ်နှင်း သိပ်မကွာ လောက်မှန်းခန့်မှန်းမိသည်။ ကံကြမ္မာရေစက်သည် အေးနွယ်တို့ကို ဆုံစည်းစေခဲ့သည်ကဲ့သို့ပါပင်။
" မိတုတ်က သိပ်မကြာခင် ကလေးမွေးတော့မှာနော် ..အပြင်မှာ ဈေးတွေလိုက်မရောင်းနဲ့တော့နော် ... ကလေးအတွက် အနှီးတွေ ဘာတွေလဲ ပြင်ဆင်ထားရတယ်လို့ ဘေးခန်းကအဒေါ် ကြီးက ပြောတယ် ... မိတုတ်မှာ ပိုက်ဆံရှိလားဟင် ... အေးနွယ်စိုက်ဝယ်ပေးထားမလား "
မေးသာမေးလိုက်ရသည် အဖြေကို အေးနွယ်သိပြီးသားပါပင်။မိတုတ်သည် လူနှင့်မလိုက်အောင်မာနကြီးလွန်းပုံက အေးနွယ်က မိမိအတွက်အဝတ်အစားဝယ်ရင်း သူ့အတွက်အဝတ်တစ်စုံ ပိုဝယ်ခဲ့ပြီး ပေးသည်ကိုလည်း အကြောက်အကန် ငြင်းခဲ့လေသည်။အေးနွယ်၏ ထမင်းဆိုင်လေးကို ဝိုင်းကူပေးတတ်သော်လည်း အလကားကျွေးလျှင်လုံးဝမစားသောသူမျိုးဖြစ်သည်။
" ငါ့မှာ ပိုက်ဆံစုထားတာရှိပါတယ် ... အဲ့ဒါနဲ့ ဝယ်မှာပေါ့ ..."
"အင်းပါ "
အေးနွယ်အင်းပါပြောပြီး ခေါင်းပဲငြိမ့်ပြလိုက်ရသည်။ သည့်ထက်ပိုပြော၍လည်း မရမှန်းသိ နေသည်လေ။ အေးနွယ် ဟင်းဆိုင်လေးကအရောင်းသွက်သောကြောင့် အေးနွယ်မှာ မတူးတို့ မိတုတ်တို့ထက်စာလျှင် ငွေကြေးပြေလည်သည်။မတူးက တော့ သူ့အချိန်အားသည်နှင့် အေးနွယ်ကို ဝိုင်းကူပေးသလို အေးနွယ် ပေးသမျှကိုလည်း ငြင်းဆန်လေ့မရှိ။မိတုတ်သာလျှင် ဝိုင်းကူစရာရှိလျှင် ဝိုင်းကူပေးပြီး ပေးလျှင် မယူသောသူဖြစ်သည်။
~~~~~
"အစ်မရေ ... အစ်မတူး ထပါအုံး ... မိတုတ်ဗိုက်နာလို့တဲ့ ..လုပ်ပါအုံး "
အေးနွယ်၏ ငိုသံပါသောအသံကြောင့် မတူးအိပ်ရာမှ ဆတ်ခနဲ ထလိုက်ပြီး
"ဟေ ဟုတ်လား ...လက်သည် သွားခေါ်ရမှာမဟုတ်လား ...ကိုရေခဲ ထပါအုံးတော် ....မိတုတ် ဗိုက်နာနေပြီးတဲ့ ... လက်သည် သွားခေါ်ပေးစမ်းပါအုံးတော် ...လာ ... လာ.. အေးနွယ် ...ငါတို့ မိတုတ်ဆီ သွားကြမယ် ..သူ့မှာ အနှီးတွေဘာတွေရော ရှိရဲ့လားဟယ် "
" ဟုတ် .. ဟုတ်ကဲ့ ရှိတယ် အစ်မ ..အေးနွယ်မှာလဲရှိပါတယ် .. အဟင့် ...ဟင့် "
အေးနွယ်က မတူးကို ငိုသံနှင့် ပြန်ဖြေလိုက်သည်။
"ဟဲ့ကောင်မလေးရဲ့ ....ဘာလို့ငိုနေတာလဲ....ဗိုက်ကြီးသည် ဗိုက်နာတာ ဘာထူးဆန်းလို့လဲ "
" အမေ့ကို သတိရလို့ပါ အစ်မရယ် ... မိတုတ်က အမေလို့အော်ခေါ်ရင်း ငိုနေတာအစ်မရဲ့ ... အေးနွယ်လဲ အမေ့ကိုသတိရလို့ ..အီး...ဟီး..ဟီး "
အေးနွယ်က အိမ်ငှားစာချုပ်ချုပ်နေစဉ် မိတုတ်မှာ အိမ်ပေါ်တက်ကြည့်လိုက် ဘူတာကိုလှမ်းကြည့်လိုက်နှင့် အတွေးများနေမိသည်။အတန်ကြာသောအခါမှ စာချုပ်ချုပ်နေကြသော အနားသို့ သွားပြီး
"ကျုပ်လဲ နေမယ်တော် ... သူ့လို နှစ်ထောင်တော့မပေးနိုင်ဘူးနော် "
~~~~~~~
"မိတုတ်တို့က အိမ်နဲ့ယာနဲ့ ဖြစ်သွားပြီပဲ ...ဒါနဲ့ အိုးခွက်တွေရော ဝယ်အုံးမှာလား ... အေးနွယ်ရော ဝယ်မှာလား .."
မတူးက မိတုတ်နှင့်အေးနွယ်ကို မေးလိုက်သည်။
" အေးနွယ်ကတော့ ဝယ်မယ် အစ်မ ..... ကိုယ်တိုင်ချက်စားမယ် ..ဝယ်စားတာ အရသာလဲမရှိဘူး..."
"အေးတဲ့ ... အဲ့ဒါတော့ ဟုတ်တယ် ... မိတုတ်လဲ နည်းနည်းပါးပါးတော့ဝယ်ပေါ့အေ..."
~~~~~~
"အေးနွယ်လဲ ဈေးရောင်းချင်တယ် မိတုတ်ရယ် ... အလုပ်မရှိဘဲ ထိုင်စားနေရင် ပိုက်ဆံကုန်သွားလိမ့်မယ် ..တော်ကြာ ကလေးမွေး မှ ပိုက်ဆံမရှိရင် ဒုက္ခ "
ဟင်းရွက်ပြင်စည်းနေသော မိတုတ်နှင့်မတူးတို့နားတွင် အေးနွယ် ထိုင်လိုက်ရင်းမှ ပြောလိုက်သည်။
" ဈေးရောင်းတာလွယ်ပါတယ်အေ ... မိတုတ်လို ကုန်စိမ်းရောင်းမလား ... ငါ့လိုရာသီပေါ် အသီးအနှံရောင်းမလားရတယ် .. ဒါပေမဲ့ အော်ရောင်းရဲမှဖြစ်မှာ...မဟုတ်ရင် ရောင်းရမှာ မဟုတ်ဘူး "
" သူမအော်ရဲလဲ မိတုတ်အော်ပေးမှာပေါ့ မတူးရဲ့ ...မိတုတ် အော်ရဲပါတယ် "
မိတုတ်ဟင်းရွက်စည်းရင်းမှ ဆိုးဆိုးဆတ်ဆတ်ထပြောလိုက်သည်။
"ဟဲ့ မိတုတ်ရယ် ...တကယ်တည်းမှပဲ ... နင်အော်ရဲတာ သူအော်ရဲတာမှမဟုတ်တာ ...သူ့ဈေးဗန်းကို နင်ကလိုက်ရောင်းမှာလားပြော "
" သိဘူးတော် ....သူစျေးအော်မရောင်းရဲဘူးဆိုလို့လေ "
မတူးစကားကြောင့်မိတုတ် ခေါင်းကိုတဖြင်းဖြင်းကုတ်လိုက်မိပြန်သည်။
" ဒီလိုလုပ်ပါလား အေးနွယ်ရဲ့ ..နင်ကအချက်အပြုတ်ကျွမ်းကျင်တယ်ဆိုရင် ...ကြာဆံသုပ်ခေါက်ဆွဲသုပ်ရောင်းတာဖြစ်ဖြစ် ...ဟင်းချက်ရောင်းတာဖြစ်ဖြစ်လုပ်ပါလား ..အော်ရောင်းစရာမလိုဘူးအေ "
" ဟယ် .. ဟုတ်တယ် ... ဟုတ်တယ် ...အေးနွယ် နင်ဟင်းရောင်းရင် ငါဝယ်စားမယ်သိလား ... ဈေးတော့မကြီးနဲ့နော် "
မတူးစကားကို မိတုတ် က၀မ်းသာအားရ ထောက်ခံလိုက်သည်။
"အဲ့ဒါဆို အိုးနဲ့ ပန်းကန်တွေ၀ယ်ရမှာပေါ့နော် အစ်မ "
အေးနွယ်က မတူးကိုမေးလိုက်သည်။
"ပန်းကန်က ကော်ပန်းကန်တွေပဲဝယ်လေ .. ပြုတ်ကျလဲမကွဲဘူး ...တကယ်လို့ ဟင်းပဲရောင်းမယ်ဆို ပန်းကန်းတောင်မလိုပါဘူး .....အိုးတွေတော့လိုမယ် .."
"အင်း ... အေးနွယ်စဉ်းစားလိုက်အုံးမယ် အစ်မရယ် ...အလုပ်မလုပ်ဘဲ ဒီတိုင်းနေလို့တော့ မဖြစ်ဘူး "
လူများသွားလာလှုပ်ရှားနေကြသော ဘူတာထဲတွင် သုံးယောက်သား အတွေးကိုယ်စီနှင့် ငြိမ်သက်သွားမိကြသည်။အတန်ကြာသောအခါ မိတုတ်က ခြေထောက်ကို ဆတ်ခနဲဆတ်ခနဲ ခါပြီး ထမင်းဆိုင်ဘက်သို့ သွားရန်ပြင်လိုက်သည်။
" ထမင်းအကြောင်းပြောတော့ ကျုပ်ဗိုက်ဆာလာပြီးတော် ...ထမင်းသွားဝယ်လိုက်အုံး မယ် "
" အေးဟဲ့ နေတောင်ကျော်နေပြီ ... ကလေးနှစ်ကောင်ကိုလဲ ထမင်းမကျွေးရသေးဘူး ... ဘယ်တွေ လျှောက်ဆော့နေကြလဲ မသိဘူး "
~~~~~~
မတူးက ကော်ပန်းကန်ပြား များထဲသို့ ထမင်းများကော်ထည့် လိုက်ပြီး ဟင်းထုတ်များကို ဝယ်လာသည့် အိတ်အတိုင်း ပီနန်အိတ်ပေါ်တင်ကာ ထမင်းစားဖို့ပြင်သည်။မတူးတို့မှာ ထမင်းစားဖို့ ကော်ပန်းကန်ပြားနှစ်ချပ်နှင့် ထမင်းတည်သော ဒန်အိုးဟောင်းတစ်လုံးပဲရှိသည်။ဟင်းပန်းကန်မရှိ၊ဇွန်းမရှိ ။
မိတုတ်ကတော့ ကော်ထမင်းဘူးတစ်ဘူးဝယ်ထားပြီး ထမင်းဆိုင်သို့ ကိုယ့်ဘူးနှင့်ကိုယ်သွားဝယ်သည်။အခန်းငှါးပြီးသော်လည်း ထမင်းချက်ရန်မီးဖိုဝယ်ရ ၊ အိုးခွက်ပန်းကန်များဝယ်ရလျှင် ငွေကုန်မည်စိုးသောကြောင့် ယခင်လို ကော်ထမင်းဘူးနှင့်သာထမင်းဝယ်စားနေလေသည်။
" နင်ရော စားမလား အေးနွယ်..."
မိတုတ်က ထမင်းဖြူထဲသို့ ငါးပိရည်ကျဲကျဲကိုဆမ်းလိုက်ပြီး သူ့ဈေးဗန်းထဲမှ ခရမ်းကြွပ်သီးတစ်လုံးကိုကောက်ယူဝါးလိုက်ရင်း ပလုပ်ပလောင်းသံနှင့် အေးနွယ်ကို မေးလိုက်သည်။
အေးနွယ် ခေါင်းခါပြလိုက်ပြီး မိတုတ်နှင့်မတူးတို့ထမင်းစားနေသည်ကို ငေးကြည့်နေမိသည်။ပြီးလျှင် ထမင်းစားပွဲခုံမှာ ဟင်းသုံးလေးခွက်တင်ထားပြီး စိုပြည် ခမ်းနားသော ထမင်းဝိုင်းကို မြင်ယောင်လာမိသည်။ထိုအခါ မျက်ရည်များ ပါးပြင်ပေါ်သို့ပိုးပိုးပေါက်ပေါက်စီးကျလာမိသည်။အေးနွယ်သည်လည်း ဘူတာပလပ်ဖောင်းပေါ် ကြွပ်ကြွပ်အိတ်နှင့် စားရသော အခြေအနေ မဟုတ်သော်လည်း အေးနွယ်၏ ထမင်းဝိုင်းမှာလည်း ငါးပိရည်နှင့် အရွက်ကြော်တစ်မျိုးသာပါသည်လေ။အလုပ်မရှိသေးဘဲ ပါလာသော ငွေများကုန်သွားမည်စိုးသောကြောင့် အေးနွယ်ဖြစ်သလို ချွေတာစားနေရသည်လေ။ပါလာသော လက်ဝတ်လက်စားများကိုတော့ ကလေးမွေးမှအရေးပေါ်လိုလျှင်သုံးစွဲဖို့ သိမ်းထားလိုက်သည်။အေးနွယ် တစ်ဖက်သို့မျက်နှာလှည့်လိုက်ပြီး ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်များကိုသုတ်လိုက်သည်။ ဘူတာထဲတွင်တော့ နေ့လယ်စာစားချိန်ဖြစ်သောကြောင့် မတူးတို့လို့ နေထိုင်ကြသူများအားလုံးလိုလို ပလပ်ဖောင်းပေါ် ကြွပ်ကြွပ်အိတ်လေးများချကာ ထမင်းစားနေသည်ကို တွေ့ရသည်။ ဆိုင်မှာထိုင်စားလျှင် အကုန်အကျပိုများသည်ဖြစ်သောကြောင့် ထမင်းထုပ်ကိုယ်စီနှင့်
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည်)
အပိုင်း (၅)
*********
" ကဲပါ မိတုတ်ရယ် ...နေပါအုံးအေ....ငါမေးပါအုံးမယ် "
မတူးသည် မိတုတ်ကိုပြောလိုက်ပြီး အေးနွယ်ကို မေးလိုက်သည်။
"သူငယ်ချင်းအိမ်ကိုရှာဖို့ကလဲမလွယ်ဘူး ....ပဲခူးလဲ မပြန်ချင်ဘူးဆိုတော့ ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ ... ဒီဘူတာမှာနေဖို့တော့ မဖြစ်လောက်ဘူး အန္တရာယ်များတယ်....မိတုတ်တောင် ဆတ်ဆတ်ထိမခံစွာလွန်းလို့ နေလို့ရတာ ....ဖြစ်နိုင်ရင်တော့ ပဲခူးကိုပဲပြန်ပါကွယ် "
မတူး၏စကားကြောင့် အေးနွယ်ခေါင်းကို ခပ်သွက်သွက်ခါယမ်းလိုက်သည်။
" ပြန်လို့မဖြစ်ပါဘူး အစ်မရယ် ... ကျွန်...ကျွန်မယောက်ျားဆုံးသွားလို့ ဗိုက်တစ်လုံးနဲ့ ဒုက္ခရောက်နေလို့ ဒီကိုလာခဲ့တာပါ ..."
"ဟေ ...နင် ... နင်ကလဲ ဗိုက်ကြီးနဲ့ လား "
မတူး မျက်လုံးအပြူးသားနှင့်တအံ့တဩမေးလိုက်သည်။အေးနွယ်က ခေါင်းကိုငုံ့ကာငြိမ်သက်နေသည်။
မိတုတ်သည်လည်း အေးနွယ်၏ဗိုက်ကို အသေအချာကြည့်ရှုလိုက်ပြီး မယုံနိုင်သလို မေးလိုက်သည်။
"နင်လဲ ဗိုက်ကြီးနေတာလား .. နင့်ဗိုက်ကငါ့ဗိုက်လောက်တော့ မပူသေးဘူးနော် ...နင်နဲ့ငါ ကလေးတူတူမွေးကြမှာပေါ့ ..ပျော်စရာကြီး ဟီး ..ဟီး "
အေးနွယ်ကို ကြည့်င်္ပြီး မိတုတ်သဘောကျစွာ တဟီးဟီးရယ်လိုက်သည်။
မတူးကတော့ သက်ပြင်းချလိုက်မိရင်း အေးနွယ်ကို ထပ်မေးလိုက်သည်။
"ဒါနဲ့ နင့်အသက်ဘယ်လောက်ရှိပြီလဲ ...ကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ "
" ဆယ့်ရှစ်နှစ်ပြည့်တော့မှာ အစ်မ ...ကိုပ်ဝန်ကသုံးလလောက်ရှိပြီး အစ်မ "
"မွေးဖို့တော့လိုပါသေးတယ် ... ဒါပေမဲ့ ညည်းကလှတယ်အေ့...ဒီမှာနေဖို့ခက်မယ် "
"ဟို ... ဟိုလေ အစ်မ ...ဒီနားမှာ အခန်းငှါးလို့ရတာမရှိဘူးလား ....အေးနွယ် အခန်းငှားနေချင်တယ် "
" အဲ့ဒါဆိုကောင်းတာပေါ့ ...အခန်းတွဲတွေ ငှားတာရှိတယ် ....သွားကြည့်မလား ."
~~~~~
" အိမ်လခကသုံးရာနဲ့ စပေါ်နှစ်ထောင်က ဆိုးတော့မဆိုးဘူး...ဒါပေမဲ့ အလုပ်မရှိရင် အိမ်လခ အတွက်အဆင်ပြေမှာမဟုတ်ဘူးနော် "
မတူးက အေးနွယ်ကိုပြောလိုက်သည်။
မိတုတ်ကတော့ အခန်းကျဉ်းလေးထဲလှည့်ပတ်ကြည့်လိုက်ရင်း အသံကျယ်ကျယ်နှင့်ထပြောလိုက်သည်။
"အခန်းကလဲ ကျဉ်းလိုက်တာတော် ... မြို့သာကုန်းက ကျုပ်တို့အိမ်ရဲ့မီးဖိုချောင်ကမှ ပိုကျယ်သေးတယ် "
အိမ်ရှင်က မိတုတ်အကြောင်းကို သိနေသူဖြစ်သောကြောင့် ဘာမျှမပြောသော်လည်း မိတုတ်ကိုမျက်စောင်းတော့ လှမ်းထိုးသည်။
"အမယ်လေး မိတုတ်ရယ်... ညည်းက ဘူတာထဲနေပြီး ကြီးကျယ်နေရသေးတယ် ... ညည်းလဲ အိမ်နဲ့နေချင်တယ်ဆို ....အေးနွယ်နဲ့ညည်း နှစ်ယောက်စပ်တူ ငှါးပါလား .... ဘယ်လိုလဲအေးနွယ်.. မတူးပြောသလိုလုပ်မလား..စပေါ်တော့ မိတုတ်ပေးနိုင်မှာမဟုတ်ဘူး ..အိမ်လစာတော့ သူပေးနိုင်တယ် ... အေးနွယ်လဲ အလုပ်မရှိသေးဘူး မဟုတ်လား ...အိမ်လစာတစ်ဝက်သက်သာနည်းလား ... "
မတူးပြောသည်ကို အေးနွယ်စဉ်းစားလိုက်ပြီး မိတုတ်ကို ကြည့်လိုက်မိသည်။တစ်ညနှင့်တစ်မနက်တည်း တွေ့ဆုံထားရသော်လည်း မိတုတ်၏စိတ်အခြေအနေကို အေးနွယ်သိသည်။မျက်မြင်အရ မိ တုတ်၏ အခြေအနေသည် မဆိုးဝါးမှန်းသိသော်လည်း အတူတူနေဖို့တော့ အေးနွယ်မရဲပါ။
မတူးသည် မိတုတ်ကိုလှမ်းကြည့်နေသော အေးနွယ်၏အကြည့်ကို ရိပ်မိလိုက်သောကြောင့် အေးနွယ်အနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"မိတုတ်ဘူတာထဲကိုရောက်တာ သုံးလကျော်ပြီ ..ဘယ်သူ့ကိုမှ အန္တရာယ်မပေးဖူးဘူး အေးနွယ်ရဲ့ ... သူ့စိတ်က ကျပ်မပြည့်ဘူးဆိုပေမဲ့ မပြောသင့် ပြောသင့်မခွဲခြားနိုင်ရုံပါ ....ကျန်တာအကုန်သိတယ် ... သူ့ပိုက်ဆံကို ကပ်စေးနှဲတာကလွဲလို့ သူတစ်ပါးကိုလဲသိပ်ကူညီတတ်တာ "
" ဟုတ် ..ဟုတ်ကဲ့ပါ အစ်မ "
အေးနွယ်က ယောင်နနနှင့်ခေါင်းငြိမ့်ပြလိုက်သည်။
"ကဲ မိတုတ်ရေ ....အေးနွယ်က လက်ခံတယ် ... ညည်း သူနဲ့အတူတူ ငှားနေပါလား "
မတူးက မိတုတ်ကို လှမ်းပြောလိုက်သည်။
"မနေပါဘူးတော် ...သူငှါးထားတဲ့အိမ်ကို ကျုပ်ကဘာလို့နေရမှာလဲ...ကျုပ်လဲ ကျုပ်ပိုက်ဆံနဲ့ ငှါးနေမှာပေါ့ ...သူများပစ္စည်း အလကား မလိုချင်ပါဘူး "
မိတုတ် အိမ်ပေါ်ကဆင်းလာပြီး မတူးကိုပြောလိုက်သည်။
"ညည်းကို အလကားနေဖို့ပြောတာမဟုတ်ဘူး ..လစာတစ်ဝက်ပေးပြီး နေရမှာ "
" တစ်ဝက်ဟုတ်လား ....ရှုပ်လိုက်တာတော်....အဒေါ်ကြီး မိတုတ်ကိုလဲအခန်းငှားမလား ... နှစ်ထောင်တော့ မပေးနိုင်ဘူးတော်... တစ်နေ့တစ်ဆယ်တော့ပေးနိုင်ပါတယ် "
မတူးစကားကြောင့် မိတုတ် ခေါင်းကို တဖြင်းဖြင်းကုတ်ရင်း အိမ်ရှင်အဒေါ်ကြီးကို ပြောလိုက်သည်။
" ... မိတုတ်ကလဲ အိမ်နဲ့ နေချင်တာလား .... စပေါ် မတင်ရင်တော့အိမ်လခကဈေးများတယ် ... တစ်နေ့ တစ်ဆယ်လောက်နဲ့တော့ မရဘူး....ဆယ့်ငါးကျပ်လောက်မှရမှာ နေမလား ...နေမယ်ဆိုရင် အရင်ဆုံး လေးရာ့ငါးဆယ်ကြိုပေးရမယ် ...."
အိမ်ရှင် မိန်းမကြီးက မိတုတ်ကို ပြောလိုက်သည်။
"ဒါလဲ မဆိုးပါဘူး မိတုတ်ရဲ့ .. နင့်မှာစုထားတဲ့ပိုက်ဆံရှိတယ် မဟုတ်လား ... နင်က ဘူတာထဲမှာမနေချင်ရင်တော့ ပေးလိုက်ပေါ့အေ ."
" အင်း ..လေးရားငါးဆယ်တောင် အရင်ပေးရမှာလား...ပိုက်ဆံတွေ နှမြောစရာနော် ..."
မိတုတ်မေးငေါ့ပြသော နောက်သို့ ဒေါ်ကျော့လှည့်ကြည့်လိုက်မိသောအခါ ရထားပေါ်တွင် ဘေးချင်းကပ်စီးလာသော မိန်းခလေးကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားရသည်။
"ဟယ် ...ကောင်မလေး ...နင်မသွားသေးဘူးလား ... ဘယ်သူမှ လာမကြိုဘူးလား "
" ဟုတ် ..ဟုတ်ကဲ့အဒေါ် ... ကျွန်မလာမယ်ဆိုတာကို သူငယ်ချင်းကို မပြောထားဘူးလေ ... သူကသင်္ဃန်းကျွန်းမှာနေတယ်ပြောသွားတယ် ... အဲ့ဒါ သင်္ဃန်းကျွန်းက ဘယ်မှာလဲလို့ အဒေါ့်ကိုမေးမလို့ ...အဒေါ် အလုပ်ရှုပ်နေတာ တွေ့လို့ ရပ်စောင့်နေတာ
"
" ဪ ..ဒုက္ခပါပဲ ... ဒီနေရာက သင်္ဃန်းကျွန်းပဲလေကွယ် ....ကလေးမက ဘယ်ရပ်ကွက်သွားမှာတုန်း .."
" ရပ်ကွက်ကို ..မ ...မသိဘူးရှင့် ..သူကသင်္ဃန်းကျွန်းပဲပြောလို့ ..."
" အင်း ..ခက်ပြီး ...သင်္ဃန်းကျွန်းကအကျယ်ကြီးကွဲ့ ....ဒုက္ခပါပဲ အေ...ဟဲ့ မိတုတ်တို့ မတူးတို့ရေ ..မိုးလင်းတဲ့အထိ ဒီမိန်းခလေးကို နင်တို့နားမှာခေါ်ထားလိုက်စမ်းပါဟယ်...သူ့မှာအဖော်လဲမပါဘူး ... သွားမဲ့လိပ်စာလဲ မသိဘူးတဲ့ ကောင်းရော ... မိုးလင်းမှ ကြည့်ပြီး စီစဉ်ပေးလိုက်ကြပါ အေ.....မိန်းခလေး သူတို့နဲ့ ဘူတာထဲမှာသွားလိုက်နေနော် ... အဒေါ်က ကုန်စိမ်းတွေရောင်းရအုံးမှာ ငါ့တူမကိုမကူညီနိုင်ဘူးကွဲ့ ...သင်္ဃန်းကျွန်းကို သူတို့ကပိုကျွမ်း တယ် "
~~~~ ~
"ဟော့တော့ ..အဲ့ဒီတော့ အိမ်လိပ်စာမသိဘဲ လာတာပေါ့လေ... ရန်ကုန်မှာ အိမ်လိပ်စာမသိဘဲ အိမ်လိုက်ရှာရင် ..ကောက်ရိုးပုံထဲအပ် ပျောက်ရှာတာထက်တောင် ခက်သေးတယ် ... အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ ....ဒါနဲ့ ပဲခူးသူလား "
"ရှင် ... ဟုတ်... ဟုတ်ကဲ့ "
ဟင်းရွက်စည်းကြီးများကို ပြင်စည်းရန်အတွက် မိတုတ် ပြင်ဆင်နေရင်းမှ မတူးနှင့်မိန်းခလေးကို ငဲ့ကြည့်လိုက်မိပြီး လှမ်းမေးလိုက်မိသည်။
"နင့နာမည် ဘယ်သူတုန်း ...."
" အေး... အေးအေးနွယ်ပါရှင့် "
" ဪ .... လှသားပဲ ..... မိတုတ်နာမည်ထက်တော့ လှသားပဲ ....ငါ့နာမည်က မိတုတ် ... သူ့နာမည်က မတူးတဲ့ မှတ်ထားနော် "
" ရှင် ... ဟုတ် ..ဟုတ်ကဲ့ "
အေးနွယ်သည်ကြောင်တိ ကြောင်တောင်နှင့် မိတုတ်ကို ခေါင်းငြိမ့်ပြလိုက်မိသည်။
" ဟဲ့ ...နင်အိပ်ချင်လား ... အိပ်ချင်ရင် ငါ့ဖျာယူအိပ် ...."
မတူး၏ကလေးများ အိပ်နေသောနေရာနားတွင် ထားထားသောကြွပ်ကြွပ်အိတ်ထုပ်ကို မိတုတ်သွားယူလိုက်ပြီး အထဲမှပီနန်အိတ်ကို ဆွဲထုက်ကာအေးနွယ်ကို ပေးလိုက်သည်။
အေးနွယ်သည် မိတုတ်ပေးသော ပီနန်အိတ်ကိုယောင်ဝါးဝါးနှင့် လှမ်းယူလိုက်မိသည်။
" နင်....မအိပ်ဘူးလား ...အိပ်လေ "
" ဟို ...ဟို ... အေးနွယ်မအိပ်တတ်ဘူး..."
အေးနွယ်သည် ဘေးတွင် လှဲအိပ်နေသော မတူးကို မသိမသာစောင်းငဲ့ကြည့်ရင်း မိတုတ်ကိုပြန်ဖြေလိုက်သည်။
"ဘာလဲ ရွံလို့လား ...ငါစရောက်တုန်းကလဲဒီလိုပဲရွံတာပဲ အေ့...နောက်တော့လဲ အိပ်ချင်လွန်းအားကြီးလာတော့ မရွံနိုင်တော့ပါဘူးအေ...ငါလဲ ဒါလေးတွေမြန်မြန်ပြင်စည်းပြီးလို့ မိုးမလင်းသေးရင် တရေးလောက်အိပ်အုံးမှာ "
~~~~.~~
" ဟယ်တော့ ...နင်မပြန်သေးဘူးလား ...ဒီမှာ ငါတို့နဲ့နေမလို့လား "
မိတုတ်ဈေးသွားရောင်းပြီး ပြန်လာသောအခါ မတူးဘေးနားတွင်ထိုင်နေသောအေးနွယ်ကို တွေ့လိုက်ရသောကြောင့်လှမ်းမေးလိုက်မိသည်။
" အေး ..သူကလိပ်စာ မသိတော့ ငါလဲ ဘယ်ကိုလမ်းညွှန်ရမလဲ မသိပါဘူး မိတုတ်ရယ် ..ပဲခူးပြန်ဆို ဆိုတော့လဲ ...မပြန်ချင်ဘူးတဲ့လေ "
" မပြန်ချင်လဲ ..ငါတို့နဲ့ ဒီမှာနေမလားဟဲ့ ... ထမင်းတော့ဝယ်မကျွေးနိုင်ဘူးနော် ..ပိုက်ဆံက ငါ့ကလေးအတွက်စုနေရလို့ပါဟယ် ... ငါ့ဖျာပေါ်မှာတော့ ပေးအိပ်ပါ့မယ် "
ပြောရင်းနှင့် မိတုတ်က အေးနွယ်ဘေးတွင် ထိုင်ချလိုက်သည်။
မိတုတ်၏ စကားကြောင့် အေးနွယ်သည် လူအများကြားတွင်မရှက်နိုင်တော့ဘဲ ငိုချလိုက်မိလေသည်။
"ဟဲ့ ...ဟဲ့ ဘာလို့ငိုတာလဲ ..နင့်ကိုလဲဘာမှမလုပ်ဘဲနဲ့ မငိုနဲ့ လေဟယ် "
@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၅ ) ဆက်ရန်
#ဧကြည်ဖြူ
"ဟဲ့ ကောင်မလေးရဲ့ ဒီအချိန်သင်္ဃန်းကျွန်းဘက်ရောက်တဲ့ ဘတ်စ်ကားမရှိတော့ဘူး ... စော်ဘွားကြီးကုန်းဘက် ကားတွေပဲရှိတော့တယ် ...ညည်းမှာအဖော်မပါဘူးလား......ဒီလိုလုပ်အေ...ညနေ (၆) နာရီရထားတော့မှီသေးတယ် .....ဘူတာကိုသုံးဘီးငှားသွားလိုက် ... အဲ့ဒီမှာ ရန်ကုန် ပဲခူးလှော်ကယ်ရထားစီးသွား...သင်္ဃန်းကျွန်းဘူတာမှာဆင်း ... ရောက်တာတော့ မိုးချုပ်မှရောက်မှာပဲ ..ဒါပေမဲ့ အဲ့ဒီမှာက ဈေးသည်တွေလဲဆင်းမှာဆိုတော့ လူမပြတ်ဘူး ....သွား..သွား ...အမြန်သွားတော ....သုံးဘီးခေါ်ပေးမယ် "
~~~~~~~~
တအိအိနှင့် မောင်းနှင်လာသော ရထားတွဲထဲမှာ အေးနွယ် မျက်လုံးအကြောင်သားနှင့်လိုက်ပါလာခဲ့သည်။သည်ရက်များအတွင်း ငိုရလွန်းသောကြောင့် မျက်ရည်များပင် ခန်းခြောက်ကုန်ပြီးလားထင်ရသည်။အိမ်တွင် မိဘများမည်သို့ဖြစ်နေကြမည်ကို အေးနွယ်မတွေးချင်တော့။မိဘများစိတ်မပူစေရန် "ချစ်သူနှင့်လိုက်သွားပါပြီ" ဟူသော စာတစ်စောင်ကိုရေးသားထားခဲ့သည်။အမေကတော့ အေးနွယ်အဖြစ်ကို သိပေလိမ့်မည်။အဖေနှင့် အစ်ကိုကြီးကတော့ ဒေါသူပုန်ထပေလိမ့်မည်။မည်သို့ပင်ဖြစ်စေ ရပ်ရွာထဲတွင် အရှက်တကွဲအကျိုးနည်းဖြစ်သည်ထက်စာလျှင် အေးနွယ်ထွက်လာခဲ့သည်မှာ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မည်ထင်သည်။ဗိုက်ထဲမှ ကလေးကို အေးနွယ်မှ မသတ်ပစ်ရက်ပဲလေ။
~~~~~~
"ဟဲ့ ကလေးမအိပ်နေတာလား ...ရှေ့ဆိုသင်္ဃန်းကျွန်းဘူတာရောက်ပြီလေ ....သင်္ဃန်းကျွန်းဘူတာဆင်းမှာဆို "
"ဟုတ် ..ဟုတ်ကဲ့ အဒေါ် "
ဘေးတွင်ထိုင်လိုက်လာသော အဒေါ်ကြီး၏စကားကြောင့် အေးနွယ်မတ်တတ်ရပ်ကာ ထဘီကို ခပ်တင်းတင်းပြင်ဝတ်လိုက်ပြီး ခရီးဆောင်အိတ်ကို အသင့်ဆွဲကိုင်ထားလိုက်သည်။
~~~~~
"မတူး ....မတူးထလေ ...ပဲခူးရထားလာနေပြီးတော့ "
"ဟင် ... အင်း.. အင်း "
ဘေးတွင် အိပ်နေသော မတူးကို မိတုတ်လှုပ်နိုးလိုက်သည်။မတူးက အိပ်မှုန်စုံမွှားနှင့်ထလာပြီး ဘူတာထဲသို့ ဟိုသည်လိုက်ကြည့်လိုက်သေးသည်။ပြီးမှ မိတုတ်ကို ကြည့်လိုက်ပြီး
"ဒီနေ့ရထားနောက်ကျတာလား ...ဒါနဲ့ မိတုတ် ညည်းအိပ်ရောအိပ်ရဲ့လားအေ....ကိုရေခဲတို့များကျတော့လဲအိပ်လိုက်တာ အသေကောင်အတိုင်းပဲ...ကိုရေခဲ... ကိုရေခဲ ထတော့ ..ရထားလာနေပြီ "
မတူးက ယောကျာ်းဖြစ်သူကို ခပ်သွက်သွက်နှိုးလိုက်သည်။ရထားမဆိုက်ခင် စင်္ကြန် ပလက်ဖောင်းမှာ အဆင်သင့်စောင့်ဆိုင်းကာ ကုန်များများပါသည့်ဈေးသည်ကို မျက်စိလျင်လျင် နှင့် ရှာရမည်လေ။
မိတုတ်သည် ဗိုက်ကိုလက်ဖြင့်ကာရင်း စင်္ကြန်ပေါ်တွင်ရပ်နေလိုက်သည်။
"ဟဲ့ ... မိတုတ်ရယ်လောလိုက်တာ ...မသိရင် နင်ပဲကုန်ထမ်းတော့မဲ့အတိုင်းပဲ တကယ်တည်း "
မတူးအော်ပြောနေသည်ကို မိ တုတ်ကြားသော်လည်း ဂရုမစိုက်ဘဲ ရထားသံလမ်းကိုပဲမျှော်ကြည့်နေမိသည်။သည်ရထားပေါ်တွင် ကုန်စိမ်းသည် ဒေါ်ကျော့ပါသည်။ဒေါ်ကျော့ထံမှ ကုန်စိမ်းအချို့ကို သူများတွေ မဝယ်ခင် မိတုတ်ဝယ်ရမည်။ပဲခူးမှလာသောစျေးသည်များထဲတွင် ဒေါ်ကျော့ကစကားပြောအဆင်ပြေသည်။မိ တုတ် ဒေါ်ကျော့ကိုခင်သည်။အရင်ဦးဆုံး တွေ့ဆုံရသောဒေါ်စိန်လှနှင့်မတူးထက်ပင်လျှင် ဒေါ်ကျော့ကို မိတုတ်ပိုခင်မိသည်။အဘယ်ကြောင့်ဆိုသော် ဒေါ်ကျော့သည် မိခင်ကြီးဒေါ်အေးကြည်နှင့်တူနေသည်လေ။
"ဘူး...ဘော် ... ဘော် "
ဘူတာတွင်းသို့ ရထားခေါင်းတွဲက ဝင်ရောက်လာချေပြီ။ပခုံးပေါ်မှ စလွယ်သိုင်းထားသော လွယ်အိတ်ကို မိတုတ်ခပ်တင်းတင်းဖိကိုင်ထားလိုက်သည်။သည်လွယ်အိတ်ထဲတွင် မိတုတ်ရှာထားသမျှ ငွေအကုန်ရှိသည်။လွယ်အိတ်သည် မိတုတ်၏အသက်၊ မိတုတ်၏ ဘဝဖြစ်သည်။
"ဒေါ်ကျော့ရေ ...ဒေါ်ကျော့ ... မိ တုတ် ဒီမှာနော် "
မိတုတ်အသံကျယ်ကြီးနှင့် အော်ရင်း ရထားတွဲများကိုလိုက်ကြည့်သည်။တွေ့ပါပြီ ဒေါ်ကျော့။ခပ်ပိန်ပိန်ခန္ဓာကိုယ်နှင့် မလိုက်အောင် ကုန်စိမ်းအထုပ်ကြီး အထုပ်ငယ်များကြားတွင် ရပ်လျက်လိုက်ပါလာသော ဒေါ်ကျော့ကို မိတုတ်တွေ့ပါပြီ။ဒေါ်ကျော့ကို တွေ့သည်နှင့် မတူးတို့ကို မိတုတ် လှည့်ကြည့်လိုက်မိသည်။
"မတူးရေ ..ဟိုမှာဒေါ်ကျော့ .... ဘယ်မှာတုန်း တော့်ယောကျာ်းက .... ဒေါ်ကျော့မှာ အထုပ်တွေ အများကြီးပဲပါလာတယ် "
~~~~~
"အမယ်လေး မိတုတ်ရယ် ညည်းကို ဦးစားပေးမှာပါအေ ...ဖြည်းဖြည်းလုပ်ပါဟဲ့ "
" မိတုတ်က ဝိုင်းကူဆွဲတာပါ ဒေါ်ကျော့ရဲ့ ဟီး .ဟီး "
မိတုတ်ကတဟီးဟီးရယ်ရင်း ပြန်ပြောလိုက်သည်။
"မဆွဲနဲ့ ..မဆွဲနဲ့ ...ဝိုင်းမဆွဲပါနဲ့မမ ဗိုက်ရယ် ... တော်ကြာကျုပ် တရားခံဖြစ်နေပါ့မယ်အေ ... ဒီမှာ ညည်းမှာလိုက်တဲ့နှီးတွေလဲ ပါလာတယ် ...ရော့ ဒီမှာယူ "
ဒေါ်ကျော့ပေးသော နှီးစည်းကြီးကို မိတုတ်လှမ်းယူလိုက်ရင်း ဒေါ်ကျော့ဘေးနားတွင် အထုပ်ဆွဲကာရပ်နေသော မိန်းခလေးကို ကြည့်လိုက်မိသည်။ထိုမိန်းခလေးသည် ရထားပေါ်မှဆင်းကတည်းက ဒေါ်ကျော့ဘေးနားတွင်ရပ်နေသည်ကို မိတုတ်သတိထားမိသည်။
"သူကဘယ်သူတုန်း ...ဒေါ်ကျော့သမီးလား ... ဒေါ်ကျော့ထက်တော့ချောသားပဲ "
"ဟဲ့ ဘယ်ကသမီးတုန်းမိတုတ်ရယ် ...ဘယ်သူ့ကို ပြောနေတာလဲ "
မိတုတ်စကားကြောင့် ဒေါ်ကျော့က ကြောင်တိကြောင်နနှင့် ပြန်မေးလိုက်သည်။
"သူလေ ...သူ့ကိုပြောတာ .... ဒေါ်ကျော့နောက်မှာ ရပ်နေတဲ့သူ "
သားအမိနှစ်ယောက်လုံး ဟန်မပျက်နေထိုင်ကြသည်။
~~~~~~~~
"ကျုပ်တို့သားအမိအရှေ့ရွာကို တစ်ပတ်လောက်အလည်သွားမလို့ ....ရှင်တို့သားအဖနှစ်ယောက်တည်း နေလို့အဆင်ပြေတယ်မဟုတ်လား "
ဒေါ်ရီက ယောကျာ်းဖြစ်သူနှင့် သားဖြစ်သူကိုပြောလိုက်သည်။
"ဟ ..တစ်ပတ်တောင်လား .... ဘာကိစ္စရှိများလို့လဲဟ "
ယောကျာ်းဖြစ်သူ၏ အမေးကြောင့် ဒေါ်ရီသည် အေးနွယ်ကို မသိမသာ မျက်စောင်းခဲကြည့်လိုက်ပြီး ပျက်သွားသောအမူအရာကို ပြန်ပြင်လိုက်သည်။
"ကျုပ်ငယ်သူငယ်ချင်းရဲ့ အလှူရှိလို့ ပါတော် .. အဲ့ဒါဝိုင်းကူလုပ်ပေးချင်လို့လေ "
" အလှူလား မိုးကျနေပြီကိုဘာအလှူလဲဟ .. မင်းဟာက ငါတို့သမီးနဲ့ဖြစ်ပါ့မလားဟ ...အရှေ့ရွာမှာ ထန်းရည်သမားတွေလဲပေါက ပေါနဲ့ ....သမီးလေးကို စိတ်မချပါဘူး ... "
ဦးငွေမိုးက သဘောမကျဟန်ဖြင့် ဇနီးဖြစ်သူကို ပြောလိုက်သည်။
"ကျုပ်တစ်ယောက်လုံးပါတာကို ဘာစိတ်မချစရာရှိလဲတော် ... စိတ်မချတော့ ဘယ်နှယ့်လုပ်မလဲ ...
ကျုပ်သွားရင် အိမ်မှာတော့်သမီးတစ်ယောက်တည်း ကျန်ခဲ့မှာလေ "
" အေးကွာ ... ပြီးရော ... အလှူပြီးရင်တော့ ချက်ချင်းပြန်လာခဲ့နော် "
"အင်းပါရှင် ...ဒါဆို ...သဘက်ခါ မနက်ကို ကျုပ်တို့သွားမယ် ..မနက်ဖြန်ကျရင် ရှင်တို့ သားအဖအတွက်အခြောက် အခြောက်အခြမ်းတွေ လုပ်ပေးထားခဲ့မယ် "
~~~~~
"မနက်ဖြန် ခရီးသွားဖို့ ...အဝတ်အစားလေးငါးစုံ ထည့်ထား ... ဘယ်သူမေးမေး ရွာဘက်ကအလှူကိုသွားမယ်ပြော ကြားလား "
အေးနွယ်သည် မိခင်ကိုမော့ကြည့်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်မိသည်။
"ဘယ်ကိုသွားကြမှာလဲ အမေ "
အေးနွယ်မေးလိုက်သောအခါ အမေကအေးနွယ်ကို ခပ်စူးစူးလှမ်းကြည့်ပြီး
"ဘယ်ကို သွားရမှာလဲ ... ညည်းဗိုက်ကို သွားဖျက်ချရမှာပေါ့ ... "
"ရှင် " မိခင်ကြီး၏ စကားကြောင့် မိမိဗိုက်ကိုအေးနွယ် ယောင်ယမ်းစမ်းလိုက်မိသည်။ပြီးလျှင် မဝံ့မရဲဖြင့် မိခင်ကြီးကိုပြောလိုက်မိသည်။
"မ ... မလုပ်ပါနဲ့လား အမေရယ် ... သ ..သမီး ကလေးမွေးရဲပါတယ် ...... ကလေးသနားပါတယ်...သမီးကို ကလေးမွေးခွင့်ပြုပါနော် အမေ "
"ဘာအေ့ ..ကလေးကိုမွေးမယ် ဟုတ်လား ...အဲ့ဒီကလေးမမွေးခင် နင့်ဖအေနဲ့ နင့်အစ်ကိုရှက်ပြီးသေလိမ့်မယ်သိရဲ့လား ....နင်ဘာစကားမှ ထပ်မရှည်နဲ့ ...ခရီးသွားဖို့ ပြင်ဆင်ထား "
"ဟင့်အင်း ...မလုပ်ချင်ဘူး အမေ ... ကလေးက ဘာအပြစ်ရှိလို့လဲ အမေရယ် ... မွေးခွင့်ပြုပါ ...အဖေကိုပြောပေးပါနော် အမေ "
"ဘာပြောတယ် .. မွေးမယ်ဟုတ်လား ...ကဲဟယ် မွေးချင်အုံး "
"ဖြန်း "
ဒေါ်ရီ၏လက်ဝါးပြင်က အေးနွယ်၏ ပါးပြင်ပေါ်သို့ ကျရောက်လာသည်။
" မွေးချင်ရင် နင့်ကောင်ကိုခေါ်ခဲ့လေ..ဘယ်သူလဲ... အဲ့ဒီအကောင်က ''
'' သူ ... သူက မြို့ကို ပြောင်းသွားလို့ပါ အမေရယ် "
အေးနွယ်မညာစဖူးညာပြောလိုက်မိသည်။
"မြို့ဟုတ်လား ....ဘယ်မြို့လဲ ... ငါတို့ကဘယ်ကိုလိုက်ရှာရမှာလဲ ...ရှာလို့တွေ့တော့ရော ညည်းအကောင်က တာဝန်ယူမှာတဲ့လား ...ညည်းကိုညည်း လူတတ်ကြီးလုပ်မနေနဲ့ ...မနက်ဖြန် ခရီးသွားဖို့ပဲပြင်ထား "
~~~~~
ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားလေးငါးစုံနှင့် လိုအပ်မည်ထင်သမျှကို အေးနွယ်ထည့်လိုက်သည်။အမေတို့ဆင်ပေးထားသော တစ်ကိုယ်စာလက်ဝတ်လက်စားများနှင့် ဇီးကွက်ရုပ်ကြီးထဲတွင် လချီ၍စုထားသောမုန့်ဖိုးငွေများကိုလည်း အိတ်ထဲသို့ထည့်လိုက်သည်။ပြီးလျှင်ဦးမြင့်မောင်ပေးခဲ့သော ငွေများကိုပါ အိတ်ထဲသို့ထည့်လိုက်သည်။
"အေးနွယ် ဘာလုပ်နေလဲ ...အဝတ်အစားတွေ ပြင်ပြီးရင် အောက်ကိုဆင်းခဲ့အုံး .... နင့်အဖေနဲ့နင့်အစ်ကိုအတွက်ဟင်းချက်ပေးခဲ့ရမယ် ....ဟင်းတွေ ချက်ထားလိုက် ... ငါ နင့်ဖအေဆီ ခဏသွားလိုက်အုံးမယ်...အိမ်ရှေ့တံခါးလာဆင်းပိတ်လိုက်အုံး "
"ဟုတ်ကဲ့ "
အခန်းထဲကနေ အေးနွယ်ခပ်တိုးတိုးပြန်ဖြေလိုက်သည်။အောက်ထပ်သို့ ပြန်ဆင်းသွားသော အမေ့ခြေသံသံကိုကြားလိုက်ရသည်။အေးနွယ်ဝရံတာဆီသို့ ကမန်းကတန်း ပြေးထွက်လိုက်ပြီး အမေ့ကိုလှမ်းကြည့်လိုက်မိသည်။မျက်ရည်များသည် တာကျိုးသွားသကဲ့သို့ ပါးပြင်ပေါ် သို့ အဆက်မပြတ်စီးကျလာလေသည်။
~~~~~~~
မြို့ကားဂိတ်သို့ရောက်သည်နှင့် မကြာမီအချိန်တွင်းထွက်မည့် ကားပေါ်သို့ အေးနွယ်တက်လိုက်သည်။အေးနွယ်ကားပေါ်ရောက်ပြီး မကြာလှသောအချိန်တွင် ကားသည် ဂိတ်မှစတင်ထွက်ခွါလေသည်။
~~~~~~
ပဲခူးမြို့သို့ကားဆိုက်ချိန်တွင် ညနေစောင်းပေတော့မည်။စိမ်းသက်လှသောအရပ်ဒေသဖြစ်သောကြောင့် အေးနွယ်ကြောက်ကလဲကြောက်နှင့် ကားဂိတ်ထဲတွင် ကြောင်အအနှင့်ရပ်နေမိသေးသည်။အတန်ကြာသောအခါမှ သတ္တိမွေးပြီး ဈေးသည် အဒေါ်ကြီးတစ်ယောက်ကို သွားမေးလိုက်သည်။
''ဟို ..အ.. အဒေါ် ... ကျွန်မရန်ကုန်သွားချင်လို့ပါရှင် ... ရန်ကုန်ကသင်္ဃန်းကျွန်းကို သွားချင်တာပါ ... ဘယ်ကားစီးရမလဲရှင် "
ဈေးသည် အမျိုးသမီးကြီး သည် အေးနွယ်ကိုကြည့်လိုက်ပြီး
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည်)
အပိုင်း (၄ )
******^
" ဦး ..ဦးလေးစားလို့ပြီးသွားပြီလား ... မြန်လိုက်တာ "
ရုတ်တရက်အခန်းထဲသို့ဝင်လာသော ဦးလေးကိုကြည့်ပြီး အေးနွယ် ယောင်ဟောင်မှားမှားနှင့် မေးလိုက်မိသည်။
" ဦးလေး ဗိုက်သိပ်မဆာလို့ သိပ်မစားခဲ့ဘူးတူမလေး "
" ဟုတ် ..ဟုတ်ကဲ့ "
အေးနွယ် ယောင်နနနှင့်ခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲကအမြန်ထွက်လိုက်လေ၏။
"အမေ့ "
အလျင်လိုအနှေးဖြစ်။အခန်းထဲမှ မြန်မြန်ဆန်ဆန်ထွက်လိုက်သည်ဆိုမှ ဦးလေးနှင့်အေးနွယ်ပခုံးချင်းတိုက်မိပြီး အေးနွယ်ခန္ဓာကိုယ်လေးယိုင်ထွက်သွားပြီး လဲမလိုဖြစ်သွားသည်။ ဦးလေးက အေးနွယ်၏ ခန္ဓာကိုယ်ကိုလှမ်းဆွဲလိုက်သည်။အေးနွယ်ကိုယ်လုံးလေး ဦးလေးရင်ခွင်ထဲသို့ရောက်မလိုဖြစ်သွားရသောကြောင့် အေးနွယ်ခန္တာကိုယ်ကို အမြန်ပြန်မတ်လိုက်ရသည်။
" ကျေး...ကျေးဇူးပါဦးလေး ...အေးနွယ်သွားတော့မယ် "
အေးနွယ်ပြောလိုက်သော်လည်း ဦးလေးသည် အေးနွယ်လက်မောင်းကို ဆုပ်ကိုင်ထားသော သူ၏လက်ကိုမလွှတ်ပေးဘဲ ပို၍ပင်တင်းတင်းဆုပ်ကိုင်ဆွဲလိုက်လေသည်။
"လွှတ် ..လွှတ်ပါ ဦးလေး ... အေးနွယ်အောက်ထပ်မှာ အလုပ်တွေရှိသေးလို့ပါ ''
အေးနွယ်သည် ငြင်းဆန်ရင်း ရုန်းကန်ရင်းနှင့် ဦးလေး၏ရင်ခွင်တွင်းသို့ရောက်ရှိသွားသည်။အေးနွယ်ရှက်လည်းရှက်၊ကြောက်လည်းကြောက်လွန်း၍ အသားများတဆတ်ဆတ်တုန်လာသည်။
"လွှတ်ပါ ဦးလေး ... အေးနွယ် တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ရှင် "
အေးနွယ်သည် တွန်းထိုးရုန်းကန်ရင်းနှင့်တစ်ကိုယ်လုံးရှိ အင်အားများကုန်ခန်းချိနဲ့မောပန်းလာသည်။
~~~~~~~~
" ဦးလေး တောင်းပန်ပါတယ်ကွာ ..ဦးလေးမှားသွားတယ် ... အစ်ကိုကြီးတို့ကို ပြန်မပြောပါနဲ့နော် တူမလေး ... ဒီကိစ္စကိုအစ်ကိုကြီးတို့သိရင် ဦးလေးကိုသတ်လိမ့်မယ် ...ဦးလေးအပြစ်အတွက် သေရမှာမကြောက်ပေမဲ့ ...ဦးလေးရဲ့သားလေးက အသက်ငါးနှစ်တောင်မပြည့်သေးလို့ပါ ....ဦးလေးကို အစ်ကိုကြီးသတ်ခဲ့ရင် အစ်ကိုကြီးလဲ ထောင်ကျလိမ့်မယ်တူမလေး "
အေးနွယ် ရှက်လွန်း၍ ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ အင်္ကျီကြယ်သီးများကိုတပ်လျက်မှ မိမိအခန်းရှိရာဆီသို့ ကမူးရှူးထိုးပြေးထွက်လာခဲ့မိသည်။အခန်းထဲရောက်လျှင် ကြမ်းပြင်ပေါ်တိုင်ချပြီး ပါးစပ်ကိုလက်ဖြင့်ဖိအုပ်ကာ ငိုမိသည်။ငိုရင်းနှင့် အေးနွယ်သေဆုံးသွားလျှင် သိပ်ကောင်းမည်ဟု တွေးနေမိသည်။
~~~~~
"ပြန်တော့မလို့လားကွ ... မပြောမဆိုနဲ့ကွာ...ဒီအချိန်ကြီးပြန်ရင်လမ်းမှာ မိုးချူပ်နေမှာပေါ့ "
" ရပါတယ် အစ်ကိုရာ ...ကျွန်တော်သွားနေကြပါ ...ကုန်ဖိုးငွေတွေရခဲ့ပြီဆိုတော့ ပြန်လိုက်တော့မလားလို့ ... ကျွန်တော်ထွက်လာတော့ သားလေးကသိပ်နေမကောင်းဘူးလေ ..."
" အေးပါ ....အဲ့ဒါဆို အစ်ကို လိုက်မပို့တော့ဘူး ..အိမ်သွားပြီး မင်းမရီးကိုနှုတ်ဆက်သွားအုံး ... တော်ကြာစိတ်ပူနေမယ် "
ဦးငွေမိုးကပြောရင်းနှင့် ညီဖြစ်သူမြင့်မောင်၏ ကားရပ်ထားရာ ပွဲရုံရှေ့လမ်းမပေါ်သို့ လိုက်လံပို့ဆောင်လိုက်သည်။
~~~~~
"မင်းနှယ့် မြန်လှချည်လားကွယ် ... ဒီနေ့ ငါးရက်ဈေးကနေ အသားလတ်လတ်ဆတ်ဆက်တွေရလာလို့ ချက်ထားတယ် ... ထမင်းတော့ စားသွားအုံး ... အေးနွယ်ရေ ...နင့်ဦးလေးက ပြန်တော့မလို့တဲ့ ထမင်းပြင်ပေးလိုက်အုံး "
ဒေါ်ရီက သမီးဖြစ်သူကို လှမ်းအော်လိုက်သည်။
"ဟာ ....အားနာလိုက်တာ အစ်မရယ် ...ကျွန်တော်ကုန်ဖိုးသွားတောင်းတဲ့အိမ်က ထမင်းအတင်းကျွေးလိုက်လို့ စားလာခဲ့ရတယ် ... ကျွန်တော်မစားနိုင်တော့ဘူးအစ်မ "
" မင်းကတော့ လုပ်ပြီး ...သမီးရေ ...နင့်ဦးလေးပြန်တော့မှာတဲ့ အိတ်တွေဝိုင်းသယ်ပေးလိုက်အုံးလေ ... မီးဖိုထဲမှာဘာလုပ်နေတာတုန်း "
မိခင်၏ အသံကြောင့်အေးနွယ် စက်ရုပ်တစ်ရုပ်လိုထလာခဲ့ပြီး အပေါ်ထပ်သို့တက်ခဲ့သည်။အပေါ်ထပ်သို့ရောက်လျှင် ဦးမြင့် မောင်အိပ်သောအခန်းရှေ့တွင် ချထားသည့် အိတ်ကိုကောက်ယူလိုက်သည်။ထိုအချိန်မှာပင် အခန်းထဲမှ ဦးလေးထွက်လာပြီးလျှင်
"တူမလေး ဦးလေးတောင်းပန်ပါတယ်နော် .. မနက်ကကိစ္စကိုဘယ်သူ့ကိုမှ မပြောလိုက်ပါနဲ့နော် ..တူမလေးအတွက် ဦးလေးမုန့်ဖိုးပေးထားခဲ့ပါ့မယ် "
ပြောပြောဆိုဆိုနှင့် ဦးလေးက အေးနွယ်လက်ထဲသို့ လက်ကိုင်ပဝါနှင့်ထုပ်ချည်ထားသောအထုပ်ကို ထည့်ပေးသည်။အေးနွယ်ခေါင်းကိုငုံ့ကာ ဦးလေးရှေ့မှ ထွက်လာခဲ့သည်။
~~~~~
"အေးနွယ် အမိုက်မရဲ့ ... ဒီလောက်အိမ်ထဲကအိမ်ပြင်မထွက်ခိုင်းတာတောင် နင်ဘယ်လိုဖြစ်ရတာလဲ ...မိဘတွေကို အရှက်ခွဲဖို့တွေးနေတာလား ...နင့်အဖေနဲ့ နင့်အစ်ကိုသိရင် အသတ်ခံရလိမ့်မယ် ... ပတ်ဝန်းကျင်မှာ ငါတို့ ဘယ်လို မျက်နှာပြရမလဲ...ညည်းရောငါရော သေလိုက်တာပဲအေးမယ်..."
အမေက မေးရင်းပြောရင်းနှင့် အေးနွယ်ကိုထရိုက်ပြန်သည်။အေးနွယ်မှာကိုယ်ဝန်ရှိမှန်းသိနေသည့်နေ့မှစ၍ အမေသည် မရိုးနိုင်သောမေးခွန်းကိုသာ ထပ်တလဲလဲမေးသည်။အေးနွယ်က မဖြေသောအခါရိုက်သည်။သုံးလေးရက်မျှ မေးနေရိုက်နေသော်လည်း အေးနွယ်မဖြေခဲ့ပါ။ဖခင်ကြီးနှင့် အစ်ကိုဖြစ်သူမရှိသောနေ့လယ်နေ့ခင်းတွင် အေးနွယ်တို့သားအမိနှစ်ယောက် ကမ္ဘာပျက်နေသကဲ့သို့ ရှိလေသည်။ညရောက်လျှင်တော့
ခေါင်းကိုငဲ့စောင်းကာ ဘေးသို့ရှောင်တိမ်းထွက်လိုက်သည်။
"ငါ့တူမလေးက အားကိုးရသားပဲ ကွ ..ဦးလေးစာရင်းက မှားနေတာကွ ..တော်လိုက်တဲ့ကောင်မလေး "
ဦးလေးသည် အေးနွယ် ရှောင်ရှားရုန်းထွက်လိုက်သည်ကို ဂရုမစိုက်ဘဲ ချီးကျူးစကားဆိုရင်း အေးနွယ်၏ပါးပြင်ကိုလိမ်ဆွဲပြီး ရွတ်ခနဲနမ်းလိုက်သောကြောင့် အေးနွယ် မျက်လုံးအကြောင်သားနှင့် ဦးလေးကိုကြည့်လိုက်မိသည်။ဦးလေးပုံစံကတော့ ခပ်အေးအေးပါပင်။ဦးလေးသည် တကယ်ပင် အေးနွယ်ကို ဦးလေးသားချင်း စိတ်ဖြင့်နမ်းလေသည်လား အေးနွယ်မဝေခွဲနိုင်။အရွယ်ရောက်လာပြီဖြစ်သောအေးနွယ်ကို မိခင်ကြီးပင်လျှင် မနမ်းရှိုက်ခဲ့သည်မှာကြာခဲ့ပြီလေ။
အေးနွယ် ကြောင်အအနှင့် ကြည့်နေမိသည်ကို ဦးလေးကပြုံးမြမြနှင့် ပြန်ကြည့်သည်။ဦးလေး၏အပြုံးသည်ဝေခွဲရခက်လေစွ။ အေးနွယ်ခေါင်းကို မသိမသာခါယမ်းလိုက်ပြီး ခေါင်းကိုငုံ့ပြီး စားရင်းပြန်လုပ်နေလိုက်သည်။
~~~~~~~
"သမီးရေ အေးနွယ် ...အမေ ငါးရက်ဈေးနေ့ သွားလိုက်အုံးမယ် ...သမီးဦးလေးနိုးလာရင် မနက်စာပြင်ပေးလိုက်အုံးနော် "
"ဟုတ်ကဲ့ အမေ ... ဈေးကိုသမီး မလိုက်ရဘူးလား "
"ရတယ် မလိုက်နဲ့တော့ ...တော်ကြာသမီးဦးလေးနိုးလာရင် အိမ်မှာ ဘယ်သူမှမရှိဘဲဖြစ်နေမယ် ... ဈေးကအပြန် အမေမြင်းလှည်းငှားစီးခဲ့လိုက်မယ် "
ဒေါ်ရီသည် သမီးဖြစ်သူကိုပြောပြီးသည်နှင့်နှီးဆွဲခြင်းကြီးကိုဆွဲပြီး ဈေးရှိရာမြို့ထိပ်ဘက်သို့ဦးတည်ထွက်ခဲ့လေသည်။
~~~~~
" အစ်မရီ ... ဘယ်သူမှမရှိကြဘူးလား ...တစ်အိမ်လုံးလဲတိတ်ဆိတ်လို့ "
ဦးလေး၏မေးသံနှင့်အတူအပေါ်ထပ်မှ ဆင်းလာသောခြေသံကြောင့် အေးနွယ် ဒန်အိုးများ
တိုက်နေရာမှ ထလိုက်ပြီး
" အဖေတို့က ပွဲရုံသွားပြီလေ ဦးလေး ...အမေက ငါးရက်စျေးကိုသွားတယ် ....ဦးလေးရေချိုးချင်သွားချိုးလေ ..သမီးမနက်စာပြင်ပေးထားမယ် "
" ဪ..အေး .. အေး တူမ "
ဦးလေးရေချိုးနေစဉ်မှာ အေးနွယ်က အစာပြေစာစားဖို့ ပြင်ထားပေးလိုက်သည်။အတန်ကြာသောအခါ ဦးလေး ထမင်းစားခန်းထဲဝင်လာခဲ့သည်။
ဦးလေးနံနက်စာစားနေချိန်တွင် အေးနွယ်အပေါ်ထပ်သို့တက်လာခဲ့သည်။အပေါ်ထပ်သို့ ရောက်လျှင် ဦးလေးအခန်းထဲသို့ဝင်ပြီး အိပ်ရာသိမ်းပေးလိုက်သည်။
~~~~~~
" ရှပ် ...ရှပ် ...ရှပ် "
အိပ်ရာသိမ်းနေစဉ် အခန်းပြင်မှခြေသံကြောင့် အေးနွယ် အံ့ဩသွားမိသည်။မကြာလှသောအချိန်တွင်း၌ ဦးလေးနံနက်စာစားပြီးသွားသည်တော့မဖြစ်နိုင်။လက်ထဲမှစောင်ကိုအမြန်ခေါက်လိုက်ပြီး အခန်းပြင်သို့ထွက်ရန်ပြင်လိုက်သည်။
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၄) ဆက်ရန်
#ဧကြည်ဖြူ
8.1.2023
" ဪ ..ဘယ်နှယ့်အိပ်ရာသိမ်းရတာလဲ ..မင်းတူမလုပ်လိမ့်မယ် ... အေးနွယ်သွားလေ ... ဦးလေးကို အိပ်ရာသွားသိမ်းပေးလိုက် .. ငါ့မောင်ရေ ဆင်းလာခဲ့နော် ... မင်းအစ်ကိုလဲစောင့်နေတယ် "
အေးနွယ်သည် အမေ့လက်သံကို ကြောက်ကြောက်နှင့် ဦးလေးအခန်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲသို့ရောက်သောအခါ ဦးလေးသည် ခုတင်ပေါ်တွင်ထိုင်နေသည်။အေးနွယ်က ဦးလေးဘေးတွင် ရပ်လိုက်ပြီး ခုတင်ပေါ်မှစောင်ကိုခေါက်ဖို့ ပြင်လိုက်သည်။
"စောစောစီးစီး ငါ့တူမက မွှေးလို့ ကြိုင်လို့ပါလား ...မှန်းစမ်း ...ဘာသနပ်ခါးတွေများလိမ်းထားသလဲ "
" အို..."
ဦးလေးက ပြောပြောဆိုဆို နှင့် အေးနွယ်၏နဖူးကိုနမ်းလိုက်သောကြောင့် အေးနွယ် အလန့်တကြားနှင့်ရှောင်လိုက်မိသည်။ဦးလေးကတော့ အေးဆေးဆေးဆေးပင် အခန်းပြင်သို့ထွက်သွားသည်။အေးနွယ်မှာသာ ရင်တွေတဒိန်းဒိန်းတုန်လျက်ကျန်ခဲ့သည်။
~~~~~~~
"အေးနွယ်ရယ် ... ညည်း တော်တော်ကြီးကျယ်နေပါလား ...အဲ့ဒါနင့်ဦးလေးဟဲ့...တစ်ဝမ်းပဲကွဲသေးတာ...အမေတို့ဒီလိုနေနိုင်တာ နင်ဦးလေးရဲ့ကျေးဇူးမကင်းဘူး သိရဲ့လား ...သူက ညည်းကို သူ့တူမလေးမို့ချစ်လို့ပါအေ ... အပိုလုပ်ပြီး ဘာတွေ လျှောက်တွေးနေတာလဲ ...မိအေးနွယ်နော် ကလေးက ကလေးလိုတွေးစမ်း ....ဒီလို ဘာမဟုတ်တာတွေကိုညည်းအဖေသိရင် အရိုက်ခံနေရမယ်...၀တ္ထုတွေဖတ်ပြီး ကြပ်ကြပ်စိတ်ကူးယဉ်နေ "
အေးနွယ် ခေါင်းကိုငုံ့ပြီး နှုတ်ခမ်းကို ကိုက်ထားမိသည်။အမေတို့ ပြောလွန်းလို့ စာမဖတ်ရတာလည်းကြာပါပြီ။ယခုကိစ္စမှာလည်း စာဖတ်ခြင်းနှင့်မဆိုင်ပါ။ ဦးလေးမြင့်မောင်သည် အေးနွယ်ကို ဖင်ပုတ်ခေါင်းပုတ်အရောဝင်လွန်းသောကြောင့် မိခင်ကိုပြောပြမိခြင်းသာဖြစ်သည်။သည့်အတွက် အေးနွယ်မှားနေသည်လား ၊ အတွေးလွန်နေမိသည်လား ကိုယ်တိုင်လည်းမသိပါချေ။ဖတ်ဖူးခဲ့သော စာအုပ်များထဲတွင် အရွယ်ရောက်စပြုသောမိန်းခလေးများသည်ပင် ယောကျာ်းဆိုလျှင် မိဘမောင်ဘွားများနှင့်ပင် ဒွေးရောယှက်တင်မနေသင့်ဟုသာဖတ်ဖူးသည်။အေးနွယ်မှားနေခဲ့လေသည်လား။
"မိအေးနွယ်နော် အပိုတွေလုပ်မနေနဲ့ ...ညည်းဦးလေးလဲအမြဲနေမှာမဟုတ်ဘူး ... သူ့အလုပ်ကိစ္စပြီးရင်ပြန်မှာ ...မိဘတွေ မျက်နှာပျက်အောင်မလုပ်နဲ့ ..."
~~~~~~
"အေးနွယ် သမီး ...ဒီကိုလာအုံး...သမီးဦးလေးကို စာရင်းတွေ သွားဝိုင်းလုပ်ပေးလိုက်ပါအုံး ...သမီးအစ်ကိုလဲ အပြင်ထွက်သွားလို့ "
ဖခင်၏စကားကြောင့် အေးနွယ်စိတ်ညစ်သွားမိသည်။ညကြီးမိုးချုပ် ဦးလေးနှင့်ယှဉ်တွဲထိုင်ပြီး အလုပ်မလုပ်ချင်။ပြီးလျှင် အစ်ကိုကြီး အပြင်သွားနေသောကြောင့် အပေါ်ထပ်တွင်နှစ်ယောက်တည်းရှိနေမည်ဖြစ်သည်။အဖေနှင့် အမေကလည်း ကိစ္စမရှိလျှင် အပေါ်ထပ်သို့တက်လေ့ရှိသည်မဟုတ်။ အေးနွယ်ခေါင်းကို အသာခါယမ်းလိုက်မိပြီး
"ဟို ...သမီးအိပ်ချင်နေလို့ပါ အဖေ .. ပြီးတော့စာရင်းဇယားတွေလဲ သမီးမလုပ်တတ်ပါဘူး "
" ဘာပြောတယ် ...သမီးကအဖေခိုင်းတာကို မလုပ်ချင်ဘူးပေါ့လေ ...ဆယ်တန်းတောင်ဖြေထားပြီးပြီ ဒီစာရင်းတွေဘာခက်လဲ....နင့်ဦးလေးတို့ကျေးဇူးကြောင့် ဒီလိုနေနိုင်တာကို မမေ့နဲ့ ...မိဘကို ဒါလေးတောင်မကူညီ ချင်ဘူး "
" တော့်သမီးက မကူညီချင်တာမဟုတ်ဘူး ...သူ့ဦးလေးက သူ့ကိုချစ်လို့ စဟယ်နောက်ဟယ်နဲ့ ပါးလိမ်ဆွဲနားလိမ်ဆွဲလုပ်တာကို မကြိုက်ဘူးတဲ့လေ ..အပျိုစိတ်ဝင်နေတာနေမှာပေါ့ "
မိခင်ဒေါ်ရီ၏ စကားကြောင့်ဖခင်ကြီးသည် အေးနွယ်ကိုကြည့်လျက်
" ဒီလိုပေါက်ကရတွေးဖို့ကျ ဦးနှောက်ကတတ်တယ်.. စာတွေခိုးဖတ်ပြီး တွေးချင်ရာတွေတွေးပြီး ပြောချင်ရာတွေပြောနေတာကို သတိထားနော် ကောင်မလေး ... ငါ့ညီမြင့်မောင့်က နင့်ဦးလေးသိရဲ့လား ... သွေးရင်းသားရင်းတွေနဲ့ကျ ရှောင်ဖယ်ရှောင်ဖယ်နဲ့ .... အပေါင်းအသင်းတွေနဲ့ကျတော့ တရုန်းရုန်းပျော်ပါးချင်နေတယ် ..အပေါင်းအသင်းတွေများ လာခေါ်ရင် လိုက်ချင်လိုက်တာဆိုတာရှေ့ဆုံးက ...သတိထားနော်ကောင်မလေး...အဖေစိတ်မတို့ချင်ဘူး ....သွား..ခုချက်ချင်းအပေါ်သွားပြီး နင့်ဦးလေးကိုသွားဝိုင်းကူပေးလိုက် "
အေးနွယ်နှုတ်ဆိတ်လျက် အပေါ်ထပ်သို့တက်လာခဲ့ရတော့သည်။
~~~~~
" ဒါက ထွက်ငွေစာရင်း .....တူမလေးက ဒီစာရင်းကိုပေါင်းပေးဟုတ်လား ..."
" ဟုတ်ကဲ့ "
မှန်အိမ်မီးအလင်းရောင်သည် အိမ်ရှေ့ခန်းထဲတွင်ခပ်မှိန်မှိန်တောက်ပလျက်သာ။အောက်ထပ်ဆီမှ မိခင်ကြီး၏ တရားစာရွတ်ဆိုသံကိုကြားနေရသည်မှအပ တစ်အိမ်လုံးငြိမ်သက်တိတ် ဆိတ်နေသည်။ဖခင်ကြီးသည် ည ရှစ်နာရီထိုးလျှင် အိပ်နေကျဖြစ်သောကြောင့် အိပ်ရာဝင်သွားလောက်ပြီဖြစ်လိမ့်မည်။မှန်အိမ်မီးအလင်းရောင်အောက်တွင် အေးနွယ်နှင့်ဦးလေး ကုန်ဖိုးစာရင်းများတွက်နေသည်။
"ဟော့ဗျာ .....ဦးလေးစာရင်းနဲ့ တူမလေးစာရင်းက ကွာနေပါလား ....ကဲ ပြပါအုံး "
ဦးလေးသည် ပြောပြောဆိုဆိုနှင့် နေရာမှထလာပြီးလျှင် အေးနွယ်၏နောက်မှရပ်လျက်ခါးကိုညွှတ်ပြီး အေးနွယ် ခေါင်းပေါ်မှ အုပ်မိုးကြည့်လာလေသည်။ခဏအတွင်းမှာပင် အေးနွယ်၏ ခနွာကိုယ်လေးသည် ဦးလေး၏ ရင်ခွင်ထဲသို့ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားလေသည်။ရုတ်တရက်မို့ အေးနွယ်တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထပြီး မင်သက်မိသွားသော်လည်း သတိဝင်လာသည်နှင့် ချက်ချင်းပင်အုပ်မိုးထားသော ဦးလေးလက်မောင်းများအောက်မှ
"ဟဲ့ကောင်မလေး အေးနွယ် ဘာလုပ်နေတာလဲ ...၀တ္ထုတွေစိုးဖတ်နေပြန်ပြီမဟုတ်လား...အဲ့ဒီ၀တ္ထုတွေများများဖတ် ... ယောကျာ်းစောစောရမယ်ကြားလား.....ခေါ်နေတာကြားလား ...အပြင်ကိုထွက်ခဲ့အုံး ..ညည်းဦးလေးလာလိမ့်မယ်တဲ့ ...အခန်းကူရှင်းပေးအုံး "
အဆက်မပြတ်ခေါ်နေသော မိခင်ကြောင့် အေးနွယ်အခန်းပြင်သို့ထွက်ခဲ့လိုက်ရတော့သည်။
"အခန်းအောင်းပြီး ဘာလုပ်နေတာလဲ... ၀တ္ထုတွေဖတ်နေတာမဟုတ်လား ...မိဘပြောစကားကို အလေးအနက်ကို မထားဘူး ..."
"ဒေါက် "
ပြောပြောဆိုဆိုနှင့် ခေါင်းကို လက်ခေါက်နှင့် ဒေါက်ခနဲ အခေါက်ခံလိုက်ရသောကြောင့် အမေ့ကိုအေးနွယ်မျက်နှာချိုသွေးလိုက်ရသည်။
"မဟုတ်ပါဘူး အမေရဲ့ ... အိမ်အလုပ်တွေလည်း ပြီးသွားလို့ခဏ လေးဖတ်တာပါ ... အခုသမီးဘာလုပ်ပေးရမလဲ "
" မနက်ဖြန် ညည်းအဖေရဲ့ညီ တစ်ဝမ်းကွဲလာမယ်တဲ့ ...အဲ့ဒါ အခန်းရှင်းထား ... အပေါ်ထပ်က အခန်းကိုပဲ ရှင်းထားလိုက် ...သူကသူဋ္ဌေးနော် .ခေါင်းအုံးတွေစောင်တွေကို အသစ်တွေပဲထုတ်ထားလိုက်ကြားလား "
"ဟုတ်ကဲ့ပါ အမေ "
ဖြေပြီးသည်နှင့် ရှင်းရမည့် အခန်းထဲသို့ အေးနွယ်အမြန်ဝင်လိုက်သည်။မဟုတ်လျှင် မိခင်၏ လက်ခေါက်က သူမခေါင်းပေါ်သို့ ထပ်မံကျရောက်လာနိုင်သည်လေ။ အေးနွေးတို့မှာ မိသားစုလေးယောက်ရှိသည်။မိဘနှစ်ပါးနှင့် အေးနွယ်တို့မောင်နှမနှစ်ယောက် ဖြစ်သည်။ဖခင်နှင့်အစ်ကိုကြီးက ပွဲရုံထောင်ထားပြီး ပွဲရုံမှာပဲနေ့ကုန် နေတတ်ကြသည်။အမေနှင့် အေးနွယ်ကအိမ်မှာပဲနေသည်။အေးနွယ်ကျောင်းတက်နေစဉ်ကတော့ မိခင်တစ်ယောက်သာ အိမ်အလုပ်များအားလုံးနီးပါးကို ဒိုင်ခံလုပ်ရသည်။အေးနွယ်ဆယ်တန်းဖြေပြီးသောအခါ မိခင်ကိုဝိုင်းကူခဲ့သည်။အမှန်ဆိုလျှင် အေးနွယ် အလုပ်လုပ်ချင်သည်။မိဘများကခွင့်မပြုချေ။အေးနွယ်တို့ နေသည်မှာပဲခူးတိုင်းထဲရှိ မြို့နယ်လေးတွင်ဖြစ်သည်။ရန်ကုန်မြို့နှင့် သိပ်မဝေးသလို ပဲခူးမြို့ကြီးနှင့်လည်းသိပ်မဝေး။ သို့သော်လည်း မိဘများက အေးနွယ်ကိုဆိုလျှင် စိတ်မချကြ။ သိပ်မဝေးသော ခရမ်းမြို့သို့ပင်လျှင် သူတို့မပါဘဲ သွားခွင့် မပြု။ဘယ်သူခေါ်ခေါ် သူတို့မပါဘဲ မလိုက်ရ။အေးနွယ်မှာ အသက် (၁၇)နှစ်ထဲရောက်နေပြီဖြစ်သော်လည်း ကလေးငယ်လေးကဲ့သို့ ဘာကိုမှလုပ်ပိုင်ခွင့်မရှိပါ။ ယုတ်စွအဆုံး စာအုပ်ဖတ်ခွင့်တောင်မရခဲ့။စီးပွားရေးချောင်လည်သော မိသားစုဖြစ်သောကြောင့် အေးနွယ်မှာ အလုပ်မရှိလည်းအိမ်မှာပဲနေ၊မိခင်ကို ဝိုင်းကူ အချက်အပြုတ်တာဝန်ယူရုံသာ။ထို့ကြောင့်လည်း အိမ်မှုကိစ္စနှင့် အချက်အပြုတ်ကတော့ အေးနွယ်အထူးကျွမ်းကျင်သည်။မိခင် ပင်လှည့်ကြည့်စရာမလိုအောင် အေးနွယ် အကုန်တာဝန်ယူနိုင်ပြီဖြစ်သည်။ခက်သည်မှာ အေးနွယ် ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး အလုပ်အားချိန်ဖြစ်၍ စာအုပ်ကိုင်လျှင် အမေတို့ကမကြိုက်။သူငယ်ချင်းများနှင့် သွားသွားလာလာလုပ်သည်ကိုလည်းမကြိုက်။အေးနွယ်ဘ၀သည် နည်းနည်းတော့ မွန်းကြပ်စရာကောင်းလှသည်။
~~~~~~
ဖခင်ကြီး၏ ညီဝမ်းကွဲဆိုသော်လည်း ဦးလေးသည် အသက်သိပ်မကြီးသေး။လေးဆယ်အတွင်းသာဖြစ်သည်။အသားဖြူဖြူခန့်ခန့်ချောချောနှင့် ဖြစ်သည်။အေးနွယ်ကိုလည်း တူမလေးလို့ ပါးစပ်ဖျားကမချ။အေးနွယ်ကတော့ ရှိသေသမှုနှင့် ခေါ်ပြောသည်။ဖခင်ကြီးကတော့ သူ့ညီဝမ်းကွဲကို ဂရုတစိုက်ရှိလှသည်ကို အေးနွယ်သတိထားမိသည်။
"ငါ့ညီ ..မင်းလိုတာရှိရင် မင်းမရီးကိုပြော...ခိုင်းစရာရှိရင် မင်းတူမကိုခိုင်းကွာ ... ဒီကောင်မလေး ကျောင်းပိတ်ထားတော့ လုပ်စရာအလုပ်လဲမရှိဘူး "
"ဟုတ်ကဲ့ပါ အစ်ကို...ကျွန်တော့်အတွက်ထွေထွေထူးထူး ဘာမှ လုပ်မနေပါနဲ့ ... အစ်မနဲ့တူမလေးလဲအေးဆေးနေပါစေ... ကျွန်တော်က အလုပ်ပေးသလိုဖြစ်နေပါ့မယ် "
"ရပါတယ် ငါ့မောင်ရယ် ...ဘာမှအပန်းမကြီးပါဘူး ...စားချင်တာရှိရင်လဲပြော ... မင်းတူမလဲ အချက်အပြုတ်ကျွမ်းကျင်နေပြီ ... မင်းလာမယ်ဆိုလို့ မင်းမိန်းမနဲ့ကလေးပါ ခေါ်လာမယ်ထင်နေတာ...နောက်တစ်ခေါက်လာရင် ခေါ်ခဲ့အုံး "
"ဟုတ်ကဲ့ပါ အစ်မ "
~~~~~~
"အေးနွယ် ..နင့်ဦးလေးအိပ်နေလား သွားကြည့်စမ်း ... ကောက်ညှင်းပေါင်းဆိုတာ ပူပူလေးစားရတာ "
" မသွားချင်ဘူး " လို့ မိခင်ကို ပြန်ပြောမည်ပြုပြီးမှ ထမင်းစားခန်းထဲသို့ ဝင်လာသော ဖခင်ကိုတွေ့မြင်လိုက်ရသောကြောင့် အေးနွယ်ဘာမျှပြန်မပြောတော့ဘဲ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ဦးလေးဖြစ်သူကို စေနာမရှိ၍တော့ မဟုတ်။ အေးနွယ်ကိုကြည့်သော ဦးလေး၏ အကြည့်များကို အေးနွယ်စိတ်ထဲတစ်မျိုးဖြစ်နေမိခြင်းပင်။စကားပြောလျှင် အေးနွယ်၏ လက်မောင်းများ၊ ပေါင်သားများကို လက်နှင့်ထိပုတ်၍ပြောသည်ကို အေးနွယ်မကြိုက်။
" ဦးလေးနိုးပြီလားရှင့် ... အမေက ကောက်ညှင်းပေါင်းစားရအောင်တဲ့ "
အေးနွယ် အခန်းပြင်မှ ခပ်တိုးတိုးပြောလိုက်သည်။
"ဪ ..အေး..အေး တူမလေး ..ဦးလေးဆင်းလာခဲ့မယ်နော် ... ဒီမှာအိပ်ရာသိမ်းလိုက်အုံးမယ် "
" နင့်ဦးလေး နိုးပြီးလား "
မေးသံနှင့်အတူအနားသို့ရောက်လာသောမိခင်ကို အေးနွယ်ခေါင်းငြိမ့်ပြလိုက်သည်။ထိုအခါ အခန်းထဲမှဦးလေးဖြစ်သူ၏ အသံထွက်လာသည်။
" နိုးပြီ အစ်မရေ ... အိပ်ရာသိမ်းနေလို့ ..ပြီးရင်ဆင်းလာခဲ့မယ် "
