en
Feedback
Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Open in Telegram

To promote Democracy and Human rights in Myanmar

Show more
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ကနီနယ်မှာ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ဇာတ်များပြသရင်း ညသပိတ်ပြုလုပ်ခဲ့ အောက်တိုဘာ ၂၃ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေ
+3
ကနီနယ်မှာ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး ဇာတ်များပြသရင်း ညသပိတ်ပြုလုပ်ခဲ့ အောက်တိုဘာ ၂၃ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် ကျေးရွာအုပ်စု တစ်စုတွင် တော်လှန်ရေးဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညပိတ်ကို ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု သတင်းပေးပိုပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ယင်းမာပင်မြို့အနီးမှ ပုလဲဘက်ပြန်ဆုပ်သွားတဲ့ မိစ္ဆာစစ်ကြောင်းဟာ ပုထိုးသာ၊ရွာသစ်နဲ့ ရင်‌ပေါင်တိုင်မှာ ရောက်ရှိနေ။ ၂၂.၁၀.၂၀၂၃

ကနီမြို့နယ်မှာ အာဏာရှင်တော်လှန်ရေး ဇာတ်ကားများပြသ၍ ညသပိတ်ပြုလုပ်ခဲ့ အောက်တိုဘာ ၂၁ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အ
+6
ကနီမြို့နယ်မှာ အာဏာရှင်တော်လှန်ရေး ဇာတ်ကားများပြသ၍ ညသပိတ်ပြုလုပ်ခဲ့ အောက်တိုဘာ ၂၁ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် ကျေးရွာအုပ်စု တစ်စုတွင် တော်လှန်ရေးဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညပိတ်ကို ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှိရပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

Repost from Khit Thit Media
ဖျာပုံမှ စစ်အာဏာရှင် ဆန့်ကျင်သည့် လူငယ် ၇ ဦးကို သေဒဏ်၊ မသေမချင်း ကြိုးကွင်းစွပ်သတ် ပြစ်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ရန်ကုန်၊ အောက်တိုဘာ ၂၁ ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက် တပ်ဖွဲ့) အဖွဲ့ဝင်များဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး တစ်ဦး ပါဝင်သည့် လူငယ် ၁၅ ဦးကို သေဒဏ်၊ မသေမချင်းကြိုးကွင်းစွပ်သတ်ပြစ်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက ချမှတ်လိုက်ကြောင်း သိရှိရသည်။ ယမန်နှစ် ဖျာပုံမြို့တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက် တပ်ဖွဲ့) အဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး တစ်ဦး ပါဝင်သည့် ၁၅ ဦး အဖွဲ့မှ လူငယ် ၇ ဦးကို ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖျာပုံထောင် အထူး တရားရုံးက ရာဇသတ်ကြီး ၃၀၂(၁)(ခ)၁၀၉ အရ အမှု ၂ မှုအတွက် ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေမိန့် နှစ်ကြိမ်နှစ်ခါ အမိန့်ချခဲ့ကြောင်း သိရှိရသည်။ သေဒဏ်နှစ်ကြိမ်နှစ်ခါ ချမှတ်ခံရသူများမှာ ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး ၊မောင်ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကို ဝဏ္ဏထွန်း တို့ဖြစ်ပြီး ရာဇသတ်ကြီး ၃၀၂(၁)(ခ)၁၀၉ အရ မသေမချင်းကြိုးကွင်းစွပ် သေဒဏ် နှစ်ကြိမ် ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် သေဒဏ်ချခံရသော ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မျိုးမြင့်၊ ကို ဝဏ္ဏထွန်းတို့ကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ က-စျ-ည ၅၂-က တို့ဖြင့် စွဲဆိုခဲ့သော အမှုများအတွက် ထောင်ဒဏ် ၃၅ နှစ် စီ ချမှတ်ကြောင်း ၊ အလားတူ အမှုတွဲများဖြစ်သော ကိုဝင်းဌေး ၊ ကိုဟိန်းသူလွင်၊ ကို အောင်မြင့်သူ ၊ ကို ကျော်ဇော်ဦး တို့ကို ထောင်ဒဏ် ၃၅ နှစ်စီ လည်းကောင်း၊ ထပ်မံ၍ ကိုစံလင်းစံ၊ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မျိုးမြင့်၊ ကိုဝဏ္ဏထွန်း၊ ကိုဝင်းဌေး ကိုဟိန်းသူလွင် ကိုအောင်မြင့်သူ ကိုကျော်ဇော်ဦးတို့ ၉ ဦးအား အကြမ်းဖက် ဥပဒေဖြင့်ပင် ထောင်ဒဏ် ၂၅ နှစ် ကို အသီးသီး ထပ်မံ အမိန့်ချခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သေဒဏ် ကြိုးမိန့်နှင့် ထောင်ဒဏ်နှစ် ၂၀ကျော်၊ နှစ် ၃၀ကျော် ချခံရသူ ၇ ဦးမှာ ကိုသူရဖြိုး၊ မောင်ကိုကိုအောင်၊ ကိုအေးမင်းသူ၊ ကိုထွန်းဦး၊ ကိုကျော်စန်းဦး၊ ကိုစံလင်းစံ နှင့် ကိုဝဏ္ဏထွန်း တို့ဖြစ်ပြီး ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

အာဏာရှင်တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ ၁၉/၁၀/၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီ
+4
အာဏာရှင်တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ ၁၉/၁၀/၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် ကျေးရွာအုပ်စု တစ်စုတွင် တော်လှန်ရေးဇာတ်ကားများပြသ၍ စည်းရုံးလှုံ့ဆော်ရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညသပိတ်ကို ယနေ့ ညတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သိရှိရပါတယ်။အလောင်းတော်ကဿပ နယ်မြေသတင်း

မြေသြဇာ စစ်ကြောင်း ယင်းမာပင်နယ် ရေအောင့် အနီးရောက်ရှိနေကြောင်းသိရှိရ။ ၁၉.၁၀. ၂၀၂၃

မိစ္ဆာစစ်ကြောင်း ယင်းမာပင်နယ် ကုန်းရွာနဲ့ ပေါက်ပန်းဖြူရွာမှာ ညအိပ်ကြောင်း သိရှိရ။ ၁၈.၁၀.၂၀၂၃