en
Feedback
Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Chindwin Reflexion(ချင်းတွင်းပုံရိပ်)

Open in Telegram

To promote Democracy and Human rights in Myanmar

Show more
1 589
Subscribers
No data24 hours
-67 days
-3730 days
Posts Archive
ယခု ၁၂ အချိန်မှာ စစ်မိစ္ဆာများ ကုန်းရွာမှာအချို့နဲ့ ပေါက်ပန်းဖြူလည်း အချို့ရောက်နေပြီဆို သိရှိရပါတယ်။ ၁၈.၁၀.၂၀၂၃

ပြည်သူ့ ကာကွယ်ရေး ရဲဘော်တဦးအား တိုက်မိ၍ ထွက်ပြေးမောင်နှင်သွားသူအား လိုက်လံစုံစမ်းသည့် ရဲဘော်အား ဒဏ်ရာပြင်းထန်ရအောင် ရိုက်နက်သွားသည့် သစ်ခိုး ကားသမားနဲ့ အ‌ပေါင်းပါများ လွတ်မြောက် ➡️➡️➡️➡️➡️ အောက်တိုဘာ ၁၇ ရက် ၂၀၂၃ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရို်င် ၊ ကနီမြို့နယ် မုံရွာ ယာကြီး ကလေးဝလမ်း ချောင်းမရွာ အနီးရှိ နယ်မြေမီးသတ်စခန်း အနီးတွင် (၁၄.၁၀.၂၀၂၃) ညနေ(၄းဝဝ)အချိန်က ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ B-21Kani PDF မှ ဆိုင်ကယ်စီးလာသော အသက် (၂၁)အရွယ် ရဲဘော်တစ်ဦးကို သစ်ခိုးချပြီးပြန်လာသောA6 အဖြူရောင် ဖောကား (နံပတ်ပြားမပါ)မှ မျက်နှာချင်းဆိုင် တိုက်၍ ထွက်ပြေးခဲ့သည်။ ထိုကဲ့သို့ ကားတိုက်ပြေးသည်ကို မြင်သဖြင့် နဂါးညီနောင်တပ်ဖွဲ့မှ အသက် (၁၈)နှစ် ရဲဘော်တစ်ဦးမှ လိုက်လံစုံစမ်းရာ ကနီမြို့နယ် အောင်မင်္ဂလာရွာအနီးတွင် ကားကိုတွေ့ရှိခဲ့သည်။ ကားပေါ်မှ လူနှစ်ဦးဆင်းလာပြီး လိုက်လံစုံစမ်းသည့် အသက် (၁၈)နှစ်အရွယ် ရဲဘော်အား ရိုက်နှက်ခဲ့ရာ သတိမေ့မြောခဲ့သည်။ ခဏအကြာတွင် အခြားရဲဘော်များ ရောက်ရှိလာသဖြင့် အသက် (၁၈)နှစ်အရွယ် ရဲဘော်အား ထားခဲ့၍ ကားမှာ ကနီမြို့နယ် ယာကြီးရွာဘက်အထိ ထွက်ပြေးခဲ့သည်။ အဆိုပါကားဖြင့် တိုက်ခံရမှု့ကြောင့် အသက် (၂၁)အရွယ် ရဲဘော်မှာ အောက်မေးရိုးကျိုးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် အရေးပေါ်ေဆးဝါးကုသမှု့ခံယူနေရဆဲ၊ ရိုက်နှက်ခံရမှု့ကြောင့် အသက် (၁၈)အရွယ် ရဲဘော်မှာ မျက်နှာ ရင်ဘတ် ကြောတွင် ဒဏ်ရာများရရှိခဲ့သည်။ ယခုတိုင် သစ်ခိုးကားဖြင့် တိုက်ပြေးခဲ့သောကားမောင်းသမားနှင့် အပေါင်းအပါမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသံခံ သတင်းရင်းကဆိုပါတယ်။ ယာကြီးဒေသမှ သစ်သူခိုးများက တာဝါတိုင်စခန်းမှ စစ်မိစ္ဆာများနဲ့ အဆင်ပြေအောင် ‌ပေးကမ်းပေါင်းသင်းပြီး သစ်ခိုးထုတ်လျက်ရှိတယ်လို့ ကနီမြို့နယ် ကာကွယ်ရေးအဖွဲ့မှ ပြောခွင့်ရှိသူ တဦးကဆိုပါတယ်။ တာဝါတိုင်စခန်းမှ စစ်‌ခွေးများကလည်း ကားများကို မောင်တက်ခွင့်ပေးဖို့ ယာကြီးမှ သက်ဆိုင်ရာအဖွဲ့များကို ပြောနေတယ် ဒေသခံ တဦးက ဆိုပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ အောက်တိုဘာ ၁၇ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် ကျေးရွာအုပ်စု တစ်စုတွင် တော်လှန်ရေးဇာတ်ကားများပြသ၍ စည်းရုံးလှုံ့ဆော်ရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညသပိတ်ကို ယနေ့ ညတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုမှ သိရှိရပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

ယနေ့ မနက် မအလရဲ့ မိစ္ဆာစစ်ကြောင်း ယင်းမာပင်နယ် သံတောင်/ လာလို့ ရွာများသို့ ဝင်ရောက်နေကြောင်း သိရှိရ။ ၁၇.၁၀.၂၀၂၃

စခများ ရင်ပေါင်တိုင်၊ပျားအို၊ နှုန်းတန်းကို မွှေနှောက်ပြီး ၂း ၃၀နာရီခန့်မှာ မြင်သာကုန်းရွာအရှေ့ဘက်သို့ ရောက်နေကြောင်း သိရှိရ၊ ၁၆.၁၀.၂၀၂၃

အမလ မိစ္ဆာတပ်က ယင်းမာပင်နယ်ဆင်တဲရွာကို မနက် ၉ နာရီခန့်က မီးရှို့နေကြောင်းသိရှိရပါတယ်။ 16.10.2023

ယနေ့မနက် ၈ နာရီခွဲခန်မ့ှ မအလ မိစ္ဆာစစ်ကြောင်း ယင်းမာပင်နယ် ဆင်တဲ့သို့ ရောက်ရှိနေကြောင်းသိရှီရ။ ၁၆.၁၀.၂၀၂၃

ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ မှ ရဲဘော် ၃ ဦး ဖမ်းဆီးခံထားရပြီးအခြားတပ်ရင်းတရင် ရဲဘော်တဦးလည်း ခေါင်းဖြတ်သတ်ဖြတ်ခံထားရ အောက်တိုဘာ ၁၅ ရက် ၂၀၂၃ ပုလဲနယ်မှ စစ်မိစ္ဆာစစ်ကြောင်း တကြောင်းဟာ ယင်းမာပင်နယ် ရွှေလှံမှာ ရောက်ရှိနေပါတယ်။ ထိုစစ်ကြောင်းမှ ယင်းမာပင်ခရိုင် တပ်ရင် ၂၀ မှ ရဲဘော် ၃ ဦးလည်း အရှင်ဖမ်းဆီးခံထားရကြောင်း သိရှိရပါတယ်။ အခြားတပ်ရင်း တရင်းမှ ရဲဘော်တဦးလည်း အဖမ်းအဆီးခံရပြီး ခေါင်းဖြတ်သတ်ခံရကြောင်း တပ်ဖွဲ့ တဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။ အလောင်းတော်ကဿပ နယ်မြေသတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ၇ ည တိုင်တိုင် ပြုလုပ်ခဲ့ အောက်တိုဘာ ၈ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်
+6
စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ၇ ည တိုင်တိုင် ပြုလုပ်ခဲ့ အောက်တိုဘာ ၈ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့်ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ်တွင် တော်လှန်ရေးဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေးသပိတ်ကို (၇)ညတိုင်ပြုလုပ်ခဲ့သည်။ အဆိုပါ သပိတ်တွင် မန္တလေးမြို့မှ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ Dr. တေဇာဆန်းမှလည်း ကနီမြို့နယ်ပြည်သူများထံ တော်လှန်ရေးသတင်းစကားများ ပြောကြားပေးခဲ့ကြောင်း ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှိရပါတယ်။

Repost from Patrick John
စကစများ ကရင်နီပြည်ကိုရောက်ရင် ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်ထံ အမြန်အလင်း၀င်ရင်ကောင်းမယ် မဟုတ်ရင် အပြန်လမ်းမရှိပါ အမြဲတမ်းကြိုဆိုလျှက်ပါ #karennigenerationyouth

Repost from Patrick John
ဒီ video file ကြည့်ချင်လား ဖြေခဲ့😎 ? ဘောမတွေငို🤪😝
ဒီ video file ကြည့်ချင်လား ဖြေခဲ့😎 ? ဘောမတွေငို🤪😝

Repost from Patrick John
ကရင်နီပြည်ကိုရောက်ရင် ဒီလိုမဖြစ်အောင် အလင်းမြန်မြန်၀င်😎

စစ်ရှောင်စခန်းများမှ ‌အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး ‌ထိုးနှံပေး စက်တင်ဘာ ၃၀ ရက် ၂၀၂၃ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများဦးဆောင်၍ ကနီမြို့နယ် စစ်ဘေးရှောင်စခန်းများရှိ ခွေး (၈၆)ကောင်ကို ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ထိုခဲ့သို့ ကာကွယ်ဆေးထိုးနှံမှု့တွင် ULF တပ်ပေါင်းစု ၊ ဗိုလ်ဆံရှည် ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များ လိုက်ပါကူညီပေးခဲ့ကြကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှိရပါတယ်။ ၃၀/၉/၂၀၂၃ အလောင်းတော်ကဿပ နယ်မြေသတင်း

ကနီမြို့နယ် စစ်ဘေးရှောင်ပြည်သူများကို တော်လှန်ရုပ်ရှင်ဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညသပိတ်ကို ကနီမြို့နယ် နွေဦးတေ
+3
ကနီမြို့နယ် စစ်ဘေးရှောင်ပြည်သူများကို တော်လှန်ရုပ်ရှင်ဇာတ်ကားများပြသရင်း စစ်အာဏာရှင်ဆန်ကျင်ရေး ညသပိတ်ကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ယနေ့ညတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၆/၉/၂၀၂၃

Repost from Patrick John
ဘောမတွေ လိုင်းပေါ်မှာ လော်ဘီ လုပ်မနေနဲ့ စစ်မြေပြင်မှာ တကယ်ရောက်နေတဲ့ စကစတွေက ပိုသိတယ် ပြည်သူတွေနဲ့ အမြန်ဆုံးလာပူးပေါင်းပါ၀င်ပါ .... ကရင်နီပြည်မှာ " အပြန်လမ်းမရှိပါ" သံလွင်ချောင်းကိုလည်း လာမရှာကြသေးနဲ့အုံး 😂😅 #karennigenerationyouth

20.8.2023 / 9:02 AM အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ စခအင်အား (၅၀)ခန့်ပါ အမြန်ယာဥ်တစ်စီး အထက်သို့ဆန်တက်လာပီး ယင်းမာပင်မြို့နယ်၊ ပန်းတိမ်ပြင်ကျေးရွာသို့ ဆိုက်ကပ်။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းကြပါစေ🙏 သတင်းများအချိန်နှင့်တပြေးညီ သိရှိစေရန် 📢Telegram Channel https://t.me/UnionLiberationFront #ulf_information #unionliberationfront