en
Feedback
SKZ Book

SKZ Book

Open in Telegram
966
Subscribers
No data24 hours
-47 days
-1730 days
Posts Archive
တော်ပါ မြောက်ရွှေရေးဆောင်မိဖုရားကြီး ဥမ္မာဒေဝီမှဖွားမြင်တော် သားတော်နှစ်ပါးဖြစ် ပြီး ညီနောင်ချင်းစိတ်ဝမ်းနှလုံးညီသော မင်းသားများဖြစ်ကြပါသည်။ညောက်အုပ်မင်းသားမှာ ငယ်စဉ်က ငရနဲမြို့ကိုစားရပြီး နောင်တွင် ညောင်အုပ်မြို့ကိုစားရသဖြင့် ညောင်အုပ်မင်း သားဟု အမည်တွင်ခဲ့သည်။မင်းတုန်းမင်း အနေဖြင့် အထက်ပါသားတော်ကြီး ၃ပါး အနက်မှ တစ်ပါးပါးကို နန်းလျာအဖြစ်ရွေး ချယ်သင့်သော်လည်းမလျာထားရသေးမီပင် ၁၈၇၈ခုနှစ် သြဂုတ်လ၌ ပြင်းစွာနာမကျန်း ဖြစ်ခဲ့ရသည်။ ရောဂါဝေဒနာမှာ သက်သာလာသည် မရှိပဲ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာသဖြင့် မင်းတုန်းမင်းကြီးကိုယ်တော်တိုင် နန်းလျာ ရွေးချယ်ပေးနိုင်သော အခြေအနေမရှိ တော့ပေ။ထိုအချိန်မှာပင် ဆင်ဖြူမရှင်မိဖု ရားကြီးနှင့်ကင်းဝန်မင်းကြီးတို့ကလည်း သီပေါမင်းသားကိုနန်းတင်ရန်လျှို့ဝှက်ကြံ စည်ခဲ့ကြသည်။ ဆင်ဖြူမရှင်မိဖုရားကြီး အနေဖြင့် ထက်ထက်မြက်မြက်ရှိသော သား တော်ကြီး၃ပါး နန်းရမည်ကိုမလိုလား မိမိလို ရာပုံသွင်းနိုင်ကာ မိမိတန်ခိုးသြဇာလွှမ်းမိုး နိုင်မည့် အေးဆေးစွာနေတတ်သူ စာကြိုးစား သော သီပေါမင်းသားကိုသာ မိမိသမီးတော် သုံးပါးအနက် တစ်ပါးပါးနှင့်လက်ဆက်ကာ နန်းတက်စေလိုသည်။ ကင်းဝန်မင်းကြီးအနေနှင့်လည်း ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း လာစံနစ်မျိုးဖြစ်ပြီးအနောက်နိုင်ငံများသို့ အရောက်အပေါက်များသူပီပီတွေ့ကြုံခဲ့ရ သော စည်းမျဉ်းခံဘုရင်စံနစ်ကို မြန်မာနိုင် ငံတွင် ကျင့်သုံးနိုင်ရန်အကြံအစည်ရှိသူ ဖြစ်သည်။ထို့ကြောင့်လည်း မိမိတို့အလိုရှိရာ ကြိုးဆွဲနိုင်မည်ထင်ရသော သီပေါမင်းသား ကို နန်းလျာအဖြစ် ရွေးချယ်ရန်သဘောတူ ခဲ့ခြင်းဖြစ်သည်။သို့ဖြင့်ကင်းဝန်မင်းကြီး ဦးကောင်းသည် မှုးမတ်အချို့ကို တောင်ပန်း ခုံတော်အုတ်တိုက်၌ အစည်းအဝေးခေါ်သည်။ ထိုအစည်းအဝေးတွင် သူ၏ဆန္ဒကိုပြောပြ သည်။ ထိုအခါ ရေနံချောင်းဝန်ကြီးဦးရွှေစို နှင့် ခန်းပတ်ဝန်ကြီးဦးရွှေမောင်တို့ မကန့် ကွက်။ယင်းတော်မြို့စားဝန်ထောက် ဦးပေ စေ့ကငြိမ်နေသည်။မြို့သစ်ဝန်ထောက် ဦးအောင်ကိုကမူ အသက်အရွယ်ကြီးသူ ပညာဥာဏ်ကြီးသူကိုသာ ရွေးချယ်စေချင် ကြောင်း ပြောသည်။ယောအတွင်းဝန်ဦးဘိုး လှိုင်ကလည်း'ဤသဘောမျိုးသာ ဆိုသည်။ ဦးကောင်းလည်း သူဆန္ဒကို ထပ်မံညှိနှိုင်း သည်။အောင်မြင်ပါ၏။သီပေါမင်းသားကို သာ နန်းလျာရွေးရန် အစည်းအဝေးက သ ဘောတူလိုက်ကြလေသည်။ သို့သော် သီပေါမင်းသားကို အိမ်ရှေ့ ခန့်ရန်အမိန့်ထုတ်ပြန်လိုက်သည်နှင့် ကျန် မင်းသားများဆူပူထကြွကြမည်ကို စိုးရိမ် ရသဖြင့် သူတို့တစ်တွေကို ထိမ်းသိမ်းထား ရန်လိုအပ်ပေသည်။သို့ဖြင့် ဆင်ဖြူမရှင်နှင့် ဦးကောင်းတို့က မင်းတုန်းမင်းအမိန့်နှင့်ဟု ဆို၍ သံတော်ဆင့်များကိုမင်းသားများထံ လွှတ်ကာ နန်းတော်သို့ခေါ်ယူလေသည်။ ထိုအခါ ညောင်ရမ်းစားနှင့်ညောင်အုပ်စား မင်းသားညီနောင်က မလိုက်။နန်းတွင်းရှိ သူတို့မယ်တော်မြောက်ရွှေရေးဆောင်မိဖု ရားကြီးထံမှ တိတ်တဆိတ်သတင်းရရှိပြီး ဖြစ်သည်။ကျန်မင်းသားတို့မှာ ယုံယုံကြည် ကြည်ဖြင့်လိုက်ခဲ့ကြရာ ဗြဲတိုက်အရောက် တွင် အဖမ်းခံကြရလေသည်။ လင်ပန်း၊သက်ပန်း၊ခုနှစ်ရွာစသော မင်းသားတို့၏မယ်တော်မိဖုရားများမှာ အလွန်နာကြည်းကာ မင်းတုန်းမင်းထံဝင် ရောက်ရန်ကြိုးစားခဲ့သော်လည်း ဆင်ဖြူ မရှင်၏ အကြံဖြင့် အစောင့်အကြပ်ထူထပ် စွာချထားခြင်းကြောင့်ဝင်ရောက်ခွင့်မရခဲ့ ပေ။မင်းသားများအား ဖမ်းဆီးပြီးတစ်ပတ် အကြာ ၁၈၇၈ခုနှစ် စက်တင်ဘာလ ၁၉ရက် နေ့တွင် သီပေါမင်းသားအား အိမ်ရှေ့အပ် နှင်းကြောင်းအမိန့်တော်ထွက်လာပေသည်။ "ငါ့သားတော် သီပေါမင်းသားသည် ကုန်း ဘောင်နန်းရိုးနေမျိုးစစ်ဖြစ်ခြင်း၊ ပိဋကတ် သုံးပုံကိုချောက်ချားလျှက် သုံးကြိမ်တိုင် ပထမပြန်ဆို၍ သာသနာကိုထမ်းရွက်နိုင် ခြင်း လောကဓမ္မကျေပွန်သဖြင့် နောင် ငါနှင့်ထပ်တူ တိုင်းပြည်နိုင်ငံကို အုပ်စိုးနိုင် မည့် နှလုံးလက်ရုံး ဘုန်းပညာလက္ခဏာနှင့် ပြည့်စုံခြင်း နှင့်အညီ သာသနာရေးတိုင်းရေးပြည်ရေး တို့ကိုဆောင်ရွက်စေခြင်း ငှာ အိမ်ရှေ့ဥပရာဇာအဖြစ် ဆောင်နှင်း တော်မူမည်။အိမ်ရှေ့မင်းအဆောင်အယောင်အခမ်းအနား၊ ဝန်၊ဝင်းမှူး၊အတွင်းဝန်မှစ၍ သင်းစုပင်းစုပေးဖွဲ့ရန်စာရင်းကိုလည်းသွင်း…" ဟူ၍ အမိန့်တော်၌ပါရှိလေသည်။(ဦးမောင် မောင်တင်မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း) ထိုအမိန့်တော်ကို အမှန်ပင်မင်းတုန်း မင်း၏ သဘောဖြင့်ထုတ်သည် သို့မဟုတ် ဆင်ဖြူမရှင်၏ သဘောအတိုင်း မင်းတုန်း မင်းအားအသိမပေးပဲ ထုတ်သည်ဟူ၍ ဝိဝါ ဒကွဲပြားကာ တပ်အပ်သေချာမသိသော်ငြား ထိုရက်နောက်ပိုင်းတွင် မင်းတုန်းမင်းသည် ရောဂါမှ အနည်းငယ်သက်သာလာခဲ့လေ သည်။ထိုအခါ အအခြေအနေကိုစောင့် ကြည့်နေသည့် လင်ပန်း၊သက်ပန်း၊ခုနှစ်ရွာ နှင့်မြောက်ရွှေရေးစသောမိဖုရားတို့က မှန်နန်းဆောင်အတွင်းရအောင်ဝင်ရောက်ကာ မင်း သားတို့ဖြစ်ပျက်ပုံကို တင်လျှောက်ကြလေ သည်။မင်းတုန်းမင်းသည် ချက်ချင်းပင် မင်းသားတို့ကို လွှတ်ပေးရန်အမိန့်ထုတ် လိုက်သည်။သက်ဆိုင်ရာကလည်း လွှတ်ပေး ခဲ့ရသည်။

အံ့သြစွာတွေ့ရလေသည်။ဤတွင် မောင်ဖိန်း သည် သင်္ဘောဦး၌ ရွှေထီးမိုးလျှက် ညောင်ရမ်းမင်းသားဟန်ဆောင်ထားသူမှာရန်ကုန်၌ ကျောင်းအတူတက်ခဲ့ပြီး ရုံးစာရေးဝင်လုပ် နေသော မောင်ဘိုးကျန်ဖြစ်ကြောင်း သတင်း စကားမှာ သရက်မြို့နယ်တစ်ခွင် ဟိုးလေး တကျော်ဖြစ်သွား၍ ဗြိတိသျှတို့အဖို့ အကြပ် ရိုက်ကာ ချက်ချင်းပင်လူပြောင်းလဲရန် စီမံခဲ့ ရလေတော့သည်။ ညောင်ရမ်းမင်းသားမဟုတ်ပဲကျောင်း နေဖက်မောင်ဘိုးကျန်ဖြစ်ကြောင်း တွေ့ခဲ့သူ မောင်ဖိန်းဆိုသူမှာ နောင်တွင် နိုင်ငံခြားရေး ဝန်ကြီးဦးတင်ထွဋ်၊တရားရေးဝန်ကြီးဦးကျော် မြင့်၊တရားသူကြီးချုပ်ဦးမြင့်သိန်း၊ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာထင်အောင်၊ဒေါ်မြမူ(မဟာဝိဇ္ဇာ)၊ဒေါ်တင်စောမူနှင့်ခေတ် စမ်းစာဆိုတော်ဒေါ်ခင်စောမူတို့ကိုမွေးဖွားခဲ့ သည့် ဖခင်ဖြစ်သူ အရေးပိုင်ဦးဖိန်းပင်ဖြစ်ပါ သည်။ထိုမှ အင်္ဂင်္လိပ်စစ်သင်္ဘောများချီတက် လာခဲ့ရာ မောင်ဘိုးကျန်ကိုမူ မြင်းခြံမြို့အ ရောက်တွင်အစောင့်အရှောက်နှင့် ချန်ထား ရစ်ခဲ့၏။ယင်းသို့ညောင်ရမ်းမင်းသားဟန် ဆောင်ရာမှ ကျောင်းနေဘက်သူငယ်ချင်းနှင့် ပက်ပင်းတိုးသူ မောင်ဘိုးကျန်ဆိုသူကလည်း အခြားမဟုတ် မန္တလေးတက္ကသိုလ် ရာဇဝင် သမိုင်းဆရာကြီးမြကေတုခေါ် ပါမောက္ခဦး ချမ်းမြ၏ ဘကြီးတော်စပ်သူပင် ဖြစ်ပါ တော့သည်။ သို့ဖြင့် မြင်းခြံအရောက်တွင် ညောင်ရမ်းမင်းသားဟန်ဆောင်သူနေရာတွင် လူစားထိုးရန်ရွေးချယ်ထားသောသူမှာ မော်လမြိုင်မြို့ဝန် ထောက်ဦးအုန်း၏ သားစကားပြန်မောင်ဘ သန်းဆိုသူဖြစ်သည်။မြင်းခြံအထွက်မှ မန္တလေးရောက်သည်အထိ ရွှေထီးမိုးကာ ညောင်ရမ်းမင်းသားဟန် လိုက်ပါလာသူမောင်ဘသန်း သည်လည်း အခြားမဟုတ် မွန်လူမျိုး စစ်ကဲ ကြီးမောင်ထော်လေး၏ မြစ်တော်စပ်သူဖြစ် ၏။(တူ၊ သာ၊ သင်း)အဖွဲ့မှ ဦးဘတူသည် မောင် ဘသန်း၏ အကိုအရင်းဖြစ်ပေသည်။ထိုသို့ ဖြင့် ဗြိတိသျှတို့သည် ညောင်ရမ်းမင်းသားဟန် ဆောင်စေလျှက် သင်္ဘောဦးမှ တင်ဆောင်လာ ခဲ့သည့် ရည်ရွယ်ရင်းမှာ မြန်မာ့နန်းတွင်းကို လှည့်စားရန်ထက် ချီတက်လာသည့် မြစ်စဉ်တလျှောက်တတ်နိုင်သမျှ အတိုက်အခိုက်အနှောင့်အယှက် နည်းပါးစေရန် မြန်မာလူထုကိုလှည့် စားလိုသည့်သဘောဟု ယူဆမိပါသည်။ စာကိုး ဒဂုန်ခင်ခင်လေး"ရတနာပုံနိဒါန်းနှင့်နိဂုံး" အမျိုးသားပညာဝန်ဦးဖိုးကျား"သီပေါ မင်းပါတော်မူအရေးတော်ပုံ" တင်နိုင်တိုး"သမိုင်းအတွေးသမိုင်းအရေး" တို့ကိုမှီငြမ်းကိုးကားပါသည်။®Phoe K ယှဉ်တွဲဖတ်ရှု့နိုင်ရန် ညောင်ရမ်းမင်းသားနှင့် ညောင်အုပ်မင်းသားအကြောင်း "ညောင်ရမ်းမင်းသား နှင့် ညောင်အုပ်မင်းသား " """""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""" " ဖြစ်က ပျက်မြဲ ၊ မလွဲစသာ၊ ကြုံရလာသား၊ သံသရာသဘော၊ တွေ့ရသောဟု၊ စိတ်ဇောသိမ်မွေ့ တထေ့ထေ့ဖြင့်၊ စေ့စေ့မှတ်သား၊ ထပ်ထပ်ပွား၍ တရားသံဝေ၊ ယူကြလေ…" ဆီးဘန်နီဆရာတော် ညောင်ရမ်းမင်းသားကို မင်းတုန်းမင်းနှင့်မြောက်ရွှေရေးဆောင်မိဖုရားကြီးတို့မှ ဖွားမြင် ခဲ့သည်။ဥာဏ်ပညာအမြော်အမြင် ကြီးမား သည့်အလျောက် စစ်မက်ရေးရာ၌လည်း တတ်သိလိမ္မာ၏။ ညီတော်နောင်တော်အား လုံးနှင့်လည်း သင့်တင့်ညီညွတ်သူဖြစ်သည်။ ညောင်ရမ်းမင်းသားသာ ထီးမွေနန်းမွေ ရရှိ မည်ဆိုပါက ညီတော်နောင်တော်များ မည် သူကမျှ တော်လှန်ကန့်ကွက်မည်မဟုတ် ကြောင်း ကတိပြုထားကြသည်ဟု ဆိုသည်။ ၁၂၂၈ခုနှစ်(ခရစ်နှစ်-၁၈၆၆)မြင်ကွန်း မြင်း ခုံတိုင်အရေးအခင်း နှင့် အိမ်ရှေ့မင်း၏သား တော် ပတိမ်းစားအရေးတော်ပုံတို့တွင်လည်း ညောင်ရမ်းမင်းသားသည် သက်စွန့်ဆံဖျား အမှု့တော်ထမ်းရွက်ခဲ့သဖြင့် ခမည်းတော် မင်းတုန်းမင်းကြီးက အလွန်အားထားယုံ ကြည်ခြင်းခံရသူလည်း ဖြစ်သည်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ် ကြံခံရပြီးချိန်မှစ၍ မင်းတုန်းမင်းသည် မည် သည့်မင်းသားကိုမှ အိမ်ရှေ့ဥပရာဇာအဖြစ် ခန့်အပ်နိုင်ခြင်းမပြုသေးပေ။မင်းတုန်းမင်း ကြီးကိုယ်တော်တိုင် နှစ်သက်သဘောကျ သော သားတော်သုံးပါးရှိရာ မက္ခရာမင်း သားမှာ အရွယ်လည်းအကြီးဆုံးစက်ရုံအလုပ် ရုံ အုပ်ချုပ်ရေးတာဝန်များကိုလည်း အိမ်ရှေ့ စံကနောင်ကိုယ်တော်ကြီးနှင့်အတူ တာဝန်ယူ ခဲ့ဖူးသူဖြစ်သည်။ သုံးဆယ်မင်းသားမှာ သူရ သတ္တိကောင်းသူဟုကျော်ကြား၏။ ညောင်ရမ်းမင်းသားမှာ ဥာဏ်ပညာထက်မြက်သလို ဆေးကျမ်းဓါတ်ကျမ်းနက္ခတ်ကျမ်းများကို လည်း ထဲထဲဝင်ဝင်လေ့လာတတ်ကျွမ်းကာ မင်းတုန်းမင်းကြီးနာမကျန်းဖြစ်လျှင် ကိုယ် တိုင်ဆေးဖော်စပ်ကာ ဆက်သသူလည်း ဖြစ်သည်။ ဘာသာရေးကိုလည်း အလွန် ကိုင်းရှိုင်းကာ ညီတော်နောင်တော်အပေါင်း နှင့်လည်း ဆက်ဆံရေးပြေပြစ်သူဖြစ်၏။ ညောင်ရမ်းမင်းသား(ငယ်မည် မောင်မျိုးပုံ) နှင့်ညောင်အုပ်မင်းသား(ငယ်မည် မောင်မျိုးယုံ)တို့သည် မင်းတုန်းမင်းကြီး၏ မင်္ဂလာအိမ်

" ညောင် ရမ်း မင်း သား ဟန် ဆောင် လာ သူ " """""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""" အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ် သော ရတနာပုံနေပြည်တော်၏ နောက်ဆုံး မြန်မာမင်းဆက် သီပေါမင်းကို နန်းချရန် ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာ သော ဗြိတိသျှစစ်သင်္ဘောဦး ရှေ့ ထိုင်ခုံတွင် မြန်မာလူငယ်တစ်ဦးအား ညောင်ရမ်းမင်း သားဟန် ဝတ်ဆင်စေ၍ တင်ဆောင်လာခဲ့ ကြောင်းကို စာအုပ်စာတမ်းများ၌ ဖော်ပြခဲ့ ကြသည်ကို တွေ့ရသည်။ညောင်ရမ်းမင်းသား နှင့် ညီတော်ညောင်အုပ်မင်းသားတို့သည် မင်းတုန်းမင်းနှင့် ဒုတိယ၊ မြောက်ရွှေရေး ဆောင် မိဖုရားတို့က ဖွားမြင်သူ ညီနောင်နှစ် ပါးဖြစ်သည်။ ✍️ ဆရာဖိုးကျော် သီပေါမင်းနန်းတက်စတွင် နန်းတွင်း ရေးအရှုပ်အထွေးများကြောင့် ညောင်ရမ်းနှင့်ညောင်အုပ်မင်းသားတို့သည် ဗြိတိသျှတို့ အကူအညီဖြင့် သံတဲဝင်းထဲသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ဗြိတိသျှအာဏာ ပိုင်တို့က မင်းသားညီနောင်အား အန္ဒိယနိုင်ငံ သို့ ပို့ဆောင်ပေးခဲ့ကြသည်။ကျန်မင်းသား အများစုမှာ ကွပ်မျက်စီရင်ခြင်း ခံကြရလေ သည်။ညောင်ရမ်းနှင့်ညောင်အုပ်မင်းသား များ ထွက်ပြေးလွတ်မြောက်သွားသော အခါ မယ်တော် ရွှေရေးဆောင်မိဖုရားနှင့် နှမတော် ကျောက်ဆောက်မင်းသမီးတို့ကို ထောင်သွင်းအကျဉ်း ချထားခြင်းခံခဲ့ရသည်။ဗြိတိသျှတို့က မင်းသားညီနောင်အား အန္ဒိယ နိုင်ငံသို့ပို့ထားပြီး အခြေအနေပေးလျှင် သီ ပေါမင်းနှင့်လဲလှယ်နန်းတင်ပေးမည်ဟုလည်း အယုံသွင်းထားခဲ့ကြ၏။ ညောင်ရမ်းမင်းသား၌ အန္ဒိယနိုင်ငံ၌ နေ ထိုင်စဉ်အတွင်း ၂၆ရက် ဇွန်လ ၁၈၈၅ခုနှစ် တွင် ကံတော်ကုန်ခဲ့၏။ယင်းကိစ္စကို ဖုံးဖုံးဖိဖိ လုပ်ထားသည်ဆို၏။ထိုစဉ်ကမန္တလေးရတနာ ပုံနေပြည်တွင် သီပေါမင်းစိုးစံနေဆဲဖြစ်သည်။၂၈ရက် နိုဝင်ဘာလ ၁၈၈၅ခုနှစ်တွင် သီပေါ မင်းအား ဖမ်းဆီးနန်းချမည့် ဗြိတိသျှစစ် သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာကြသောအခါ မြန်မာလူငယ် တစ်ဦးကို ညောင်ရမ်းမင်းသားဟန်ဆောင် စေလျှက် သင်္ဘောဦးတွင် ကုလားထိုင်ပေါ် ထိုင်စေ၍ တင်ဆောင်လာခဲ့သည်။ ဤတွင် ကင်းဝန်မင်းကြီးကိုယ်တိုင် ဆင်ဖြင့် ဂေါဝိန် ဆိပ်ကမ်းသို့ဆင်း၍ သွားရောက်ကြည့်ရှု့ခဲ့ သေးရာ ထိုသူနှင့်တွေ့ခွင့်မရခဲ့ကြောင်းဆို သည်။ သီပေါမင်းကိုယ်တိုင်လည်း ဖမ်းဆီး ခံရပြီးနောက် သင်္ဘောပေါ်မှ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ညောင်ရမ်းမင်းသားပါ သည့် သင်္ဘောကိုလှမ်းကြည့်ပြီးနောက် "ဒါ ညောင်ရမ်းကိုယ်တော်ကြီးမဟုတ်ဘူး။ဘယ် ကလူလည်း မသိပါဘူး။ငါ့နောင်တော်ကို ငါ မှတ်မိပါတယ်"ဟု မိန့်ဆိုကြောင်း စာအုပ် များတွင် ဖော်ပြခဲ့ကြပါသည်။ သို့သော်ထိုအချိန်က ညောင်ရမ်းမင်း သားကြီးမှာ ကံတော်ကုန်ခဲ့ပြီဖြစ်သည်ကို မြန်မာအစိုးရသို့ တရားဝင်အကြောင်းကြား မှု့ရှိခဲ့ကြောင်း နှင့် ၁၁ရက်သြဂုတ်လ ၁၈၈၅ ရက်စွဲပါ Time of India သတင်းစာတွင်လည်း ညောင်ရမ်းမင်းသားကြီးကွယ်လွန်အနိစ္စ ရောက်ကြောင်းသတင်းကို ဖော်ပြထားသည်။မည်သို့ဆိုစေ မြန်မာ့နန်းတွင်း၌ ထိုသတင်း ရောက်မလာခဲ့ကြောင်း သိသာလှပေသည်။ သို့သော် ညောင်ရမ်းမင်းသား ဖြစ်စေ ညောင် အုပ်မင်းသား ဖြစ်စေ ဟန်ဆောင်ကာ အင်္ဂလိပ်စစ်သင်္ဘောဦးတွင် တင်ဆောင် လာခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ထိုသို့မြန်မာလူ ငယ်တစ်ဦးကို ဟန်ဆောင်ကာတင်ဆောင် လာခဲ့သည်မှာလည်း မြန်မာ့နန်းတွင်းကို လှည့်စားလိုခြင်းထက် ဧရာဝတီမြစ်ကြောင်း တလျှောက်ရှိ ပြန်လည်တိုက်ခိုက်ခုခံမည့် မြို့ ရွာများ ခံတပ်များနှင့် မြန်မာလူထုကို အထိုက် အလျှောက် ငြိမ်ဝပ်စေရန် လှည့်စားခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထို့အပြင် ဤသို့ညောင်ရမ်းမင်းသား ဟန်ဆောင်လာသူမှာလည်း တစ်ဦး မဟုတ် နှစ်ဦးရှိခဲ့၏။ဗြိတိသျှအစိုးရက ပထမဦးစွာ မင်းသားဟန်ဆောင်မည့်သူကို ရွေးချယ်ခဲ့ရာ ရန်ကုန်မြို့ ဝန်ရှင်တော်မင်းကြီးရုံးမှဝန်ထမ်း ဖြစ်သည့် အသက်၂၄နှစ်အရွယ်မောင်ဘိုးကျန် ဆိုသူကို ဦးစွာရွေးချယ်ခဲ့၏။မောင်ဘိုးကျန် သည် အသားဖြူဖြူရုပ်ရည်သန့်သန့် နှုတ် ခမ်းမွှေးသဲ့သဲ့နှင့်ဖြစ်သည်။၇တန်းအောင်မြင် ပြီးနောက် ရုံးစာရေးအဖြစ် ဝင်ရောက်လုပ် ကိုင်နေသူဖြစ်၏။သို့ဖြင့် မောင်ဘိုးကျန်ကို မင်းသားကဲ့သို့ဝတ်ဆင်စေကာ ညောင်ရမ်း မင်းသားအသွင် သင်္ဘောဦးတွင်တင်၍ ဧရာ ဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ ကြရာ သရက်မြို့အရောက်တွင် ပြဿနာရှိ လာခဲ့သည်။ ရန်ကုန်မှ ကျောင်းပိတ်ထားသဖြင့် ဇာတိရပ်ရွာသရက်မြို့သို့ပြန်ရောက်နေသော ဆင်ပေါင်ဝဲ အကောက်တော်အရာရှိ၏ သား မောင်ဖိန်းသည် ဗြိတိသျှစစ်သင်္ဘောများချီ တက်လာရာ ညောင်ရမ်းမင်းသားပါလာသည် ဆိုသဖြင့် ဖခင်ဖြစ်သူနှင့်အတူ မြစ်ဆိပ်သို့သွားရောက်ကြည့်ရှု့ကြသည်။ထိုအခါ ညောင် ရမ်းမင်းသားဟန်ဆောင်ထားသူမှာ ရန်ကုန်၌ မိမိနှင့်ကျောင်းနေဘက် သူငယ်ချင်း မောင် ဘိုးကျန်ဆိုသူဖြစ်နေကြောင်းကို မောင်ဖိန်း

Repost from Saw Ka Zaw
photo content
+2

Repost from Saw Ka Zaw
"တရားခံ" ---------- 🔴 (၁၉၈၈) ခုနှစ်မှ စ၍ ယနေ့အထိ တစ်တိုင်း တစ်ပြည်လုံးကို ဂျွမ်းထိုး မှောက်ခုံ ပွက်ပွက် ဆူအောင် လုပ်ခဲ့ကြတဲ့ တရားခံ (၃) ဦး ရှိခဲ့တယ်။ ➡️ ၁)။ ဗိုလ်မှူးဘသော် (ခ) စာရေးဆရာ မောင်သော်က (သို့မဟုတ်) နူးရ်မာမက်။ (အစ္စလာမ် ဘာသာဝင်)။ ➡️ ၂)။ ဦးဝင်းတင် (ဟံသာဝတီ)။ ➡️ ၃)။ မောင်မိုးသူ (စာရေးဆရာ)။ 🟡 သူတို့ (၃) ဦးစလုံး လူတော်တွေ ဖြစ်သလို ဗိုလ်ချုပ်ကြီးနေဝင်းနှင့်လည်း တိုက်ရိုက် ကျေးဇူးခံ ကျေးဇူး စားတွေ ရှိခဲ့သူတွေဖြစ်တယ်။ 👉 ဒေါ်စုကို နိုင်ငံရေးထဲ ပါဝင်လာအောင် သူ့အိမ်ကို (၂) ကြိမ် သွားရောက်ပြီး စည်းရုံးခဲ့တာ သူတို့ပါ။ 💃🏻 သူတို့ကြောင့် ဒေါ်နန့်နန့်ပျံလည်း ဘုမသိ၊ ဘမသိနဲ့ မြန်မာ့ နိုင်ငံရေး လောကထဲကို ရောက်ရှိခဲ့ တာဖြစ်တယ်။ 🪦 ထိုတရားခံ (၃) ဦး စလုံး တမလွန်ဘဝသို့ရောက်ရှိ သွားကြပါပြီ။ 🔴 ဒီနေရာမှာ အဓိက ပြောချင်တာက ကပ္ပတိန် (သို့) တိုက်ရေယာဉ် ဦးစီး မှူး (ထိုအချိန်) ဗိုလ်ကြီး ဘသော်ပါ။ 🚤 တိုက်ရေယာဉ် အမှတ် (၁၀၃) နှင့် ၁၉၅၆ - ခုနှစ်တွင် မြိတ်ကျွန်းစုသို့ တာဝန်ဖြင့် သွားရောက်စဉ် မုန်တိုင်းမိ၍ ပင်လယ်ပြင်၌ သင်္ဘော မှောက် ပြီး တပ်သား (၁၈) ဦးနှင့်အတူ အသက်ကယ် ဖောင်ငယ် တစ်ခုဖြင့် ပင်လယ်ထဲတွင် (၁၃) ရက်ကြာ မျောပါနေခဲ့ ပြီးနောက် ဂျပန် သင်္ဘော တစ်စင်းက ကယ်ဆယ်ခဲ့လို့ အသက်ဘေးက လွတ်မြောက် ခဲ့သူ ဖြစ်ပါတယ်။ 🌊 (၁၈) ဦးမှာ သူအပါအဝင် (၁၀) ဦးသာ အသက်ရှင်ပြီး အခြား အသက်ကယ်ဖောင် နှင့် (၉) ဦး အပြင် ပထမဆုံး ဖောင်ဖြင့် (၃) ဦးလည်း ပင်လယ်ထဲ စုပ်စမြုပ်စ နှစ်မြုပ်ပျောက်ကွယ်ခဲ့ရ ပါတယ်။ 📚 သူပထဦးဆုံး ရေးခဲ့တဲ့ သူ့ဖြစ်ရပ်မှန် စာအုပ် တိုက်ရေယာဉ် (၁၀၃)´ ထဲမှာ ဖြစ်ပျက် အသေး စိပ် ရေးထားပါတယ်။ 📚 ထိုစာအုပ်ထဲတွင် လွတ်မြောက်ပြီး ဂျပန် သင်္ဘောဖြင့် စင်္ကာပူသို့ ရောက်ရှိစဉ် ဗိုလ်ချုပ်ကြီး နေဝင်းက သူ့ကိုယ်ပိုင် ငွေ´ စင်္ကာပူဒေါ်လာ (၂,၇၀၀) ကျော် ပို့ပေးခဲ့ သဖြင့် ကာကွယ်ရေး ဦးစီးချုပ်ကြီး၏ ကျေးဇူး ကြီးမားကြောင်း တခမ်း တနား ဖော်ပြပါရှိတယ်။ 👨‍✈️ စလုံးရှိ ဗမာသံရုံး ကလည်း သူတို့အဖွဲ့ကို မပေးနိုင်၊ ဗိုလ်ချုပ်ကြီး နေဝင်းသာ ထိုပိုက်ဆံ မပို့ခဲ့လျှင် အဝတ်အစား မပါ လံကွတ်တီတောင် မရှိဘဲ အပေါ်က ရွှေဘား၊ အောက်က ရွှေပန်းနှင့် ပြည်တော် ပြန်ရကိန်း ရှိတယ်။ 👨‍✈️ နောက်ပိုင်း တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ဖြင့် တာဝန် ထမ်းဆောင်နိုင်အောင်လည်း ဗိုလ်ချုပ်ကြီးနေဝင်းကပင် ကြည့်ရှုစောင်မခဲ့ပြီး (၁၉၆၉) ခုနှစ်ကျမှ အငြိမ်းစားယူခဲ့ သူပါ။ 🥷 ထိုကျေးဇူးကို ပြန်ဆပ်တဲ့ အနေနဲ့ (၈၈) မှာ အကြီးအကျယ် ပုန်ကန်တော့တာပဲ။ ⚡ ထိုကံကြောင့်ပဲ ထောင်ထဲမှာ အစာငတ် ခံ ဆန္ဒပြတော့ ရိုက်သတ် ခံရပြီး သေဆုံးခဲ့ရတယ်။ 🛌 ဆေးရုံကြီးပို့ဖို့ ထောင်က ထုတ်လာ ကတည်းက အသက် ပါမလာတော့ပါ။ 👉 ဦးဝင်းတင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် ဖြစ်တာ လည်း ဗိုလ်ချုပ်ကြီးနေဝင်း တိုက်ရိုက်ခန့်အပ်တဲ့ ကျေးဇူးပါ။ ✔ ဗိုလ်နေဝင်းက မန္တလေးရောက်ရှိတိုင်း သူ့ကို တလေးတစား နန်းတော်ထဲ ဖိတ်ပြီး အမြဲ ခေါ်တွေ့လေ့ ရှိတယ်။ 🔗 ဒေါ်စုကို နိုင်ငံတကာ သိအောင် မြှင့်တင်ပေးခဲ့သူ၊ နိုင်ငံရေးအပြင် အစစ အရာ ရာ အနီးကပ် သင်ပေးခဲ့သူ၊ အကြံပေးခဲ့သူ ထိုကျေးဇူးရှင် ဦးဝင်းတင်ကို ကျေးစွပ်ခဲ့သူ မှာ ဒေါ်စု ကိုယ်တိုင်ပင် ဖြစ် သလို သူကိုယ်တိုင်လည်း ဗိုလ်နေဝင်းကို ကျေးစွပ်ခဲ့ တာကြောင့် ဝဋ်ပြန်လည် ခဲ့ရတာပဲ။ 🔴 ဒါ့ကြောင့် တစ်အချက်က မင်းတို့ မရိုးသားကြဘူး၊ နှစ်အချက်က ကျေးဇူး ရှိသူကို မဖော်ပြရဲကြဘူး မင်းတို့ နိုင်ငံရေး ကျရှုံး မှာပဲလို့ ဒေါ်စုကို တိုက် ရိုက် ရည်ရွယ်ပြီး မသေ ခင် သူပြောသွားခဲ့တာ။ 🪷 တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတာတောင် ရှိသေးတာ အခြားဆိုလျှင် ဆိုဖွယ် မရှိ၊ ကျေးဇူးကြီး ပါတယ်။ မစော်ကားသင့် ပါ။ 🤌🏾 အချုပ်ကတော့ ကျေးစွပ်တတ်သော ခပ်သိမ်းသော လောက လူသား အားလုံး ဝဋ်ကြွေး ဝင်္ကဘာထဲ အဖန်တလဲလဲ ဝဋ်လည် နေကြခြင်းသာ ဖြစ်ပါလေတော့သတည်း။ (Andrew Soe) 6th Nov 2025

Repost from Michael Saw
photo content
+5

Repost from Michael Saw
အင်ဒရူးမင်းသားရဲ့ မင်းသားဘွဲ့ကို ဘုရင်ကရုပ်သိမ်း ဗြိတိသျှမင်းသား အင်ဒရူးရဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံ မကောင်းသတင်းတွေ ဆက်တိုက်ထွက်လာနေခဲ့ပြီးတဲ့နောက် ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ညနေပိုင်းမှာတော့ ချားလ်စ်ဘုရင်ကြီးက ညီတော်အင်ဒရူးရဲ့ မင်းသားဘွဲ့နဲ့အဆောင်အယောင်တွေကို ရုပ်သိမ်းလိုက်ကြောင်း ဘာကင်ဟမ်နန်းတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။ အင်ဒရူးဟာ ဝင်ဆာရဲတိုက်ဝင်းထဲမှာရှိတဲ့ တော်ဝင်နေအိမ်ကလည်း ဖယ်ပေးရမှာဖြစ်ပါတယ်။ သူ့ကို အခုကစပြီး မင်းသားလို့ခေါ်ဝေါ်သုံးနှုန်းခြင်းမပြုတော့ဘဲ အင်ဒရူး မောင့်ဘက်တန် ဝင်ဆာလို့သာ ခေါ်ဝေါ်ရမယ်လို့လည်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို လိင်ကုန်ကူး၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ ထောင်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်ဘဏ္ဏာရေးလုပ်ငန်းရှင် ဂျက်ဖရီအက်ပ်စတိန်းနဲ့ ပေါင်းသင်းပြီး အင်ဒရူးမင်းသားကိုယ်တိုင်လည်း သက်ငယ်မိန်းကလေးတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့တယ်လို့ အဲဒီ မိန်းကလေး ဗာဂျီးနီးယား ဂျူဖရေးကိုယ်တိုင်က စွပ်စွဲပြီး အမေရိကန်တရားရုံးကို တိုင်ကြားခဲ့တဲ့နောက် အင်ဒရူးမင်းသားအပေါ် ဝေဖန်မှုတွေ အများကြီးရှိနေခဲ့ပါတယ်။ အင်ဒရူးကတော့ ဂျူဖရေးကို ငွေကြေးအများကြီးပေးပြီး အမှုရုပ်သိမ်းစေခဲ့ပေမဲ့ သူအမှားမလုပ်ခဲ့ဘူးလို့ပဲ တောက်လျှောက်ငြင်းဆိုခဲ့ပါတယ်။ ဗာဂျီးနီးယား ဂျူဖရေးဟာ ဒီနှစ်အစောပိုင်းမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပေမဲ့ သူရေးခဲ့တဲ့ စာအုပ်ကတော့ အခုအောက်တိုဘာလထဲမှာပဲ ထွက်လာခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာလည်း အင်ဒရူးက ဒီမိန်းကလေးဟာ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်မှန်းသိရက်နဲ့ သူနဲ့ သုံးနေရာမှာ သုံးကြိမ် လိင်ဆက်ဆံခဲ့တဲ့အကြောင်း ဖွင့်ဟရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ထွက်လာအပြီးမှာ အင်ဒရူးကို အရေးယူဖို့ ဗြိတိသျှနန်းတော်အပေါ်မှာလည်း ဖိအားတွေ တိုးလာခဲ့ပါတယ်။ အဲဒီ စာအုပ်မထွက်ခင်ကလေးမှာပဲ အင်ဒရူးက သူ့သဘောဆန္ဒအလျောက် သူရထားတဲ့ ယော့ခ်မြို့စားဘွဲ့ကို စွန့်လွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါလောက်နဲ့ မလုံလောက်ဘူးဆိုပြီး ဗာဂျီးနီးယား ဂျူဖရေးရဲ့ မိသားစုတွေဘက်ကလည်း ထုတ်ပြောနေခဲ့တာပါ။ အခုတော့ ဘုရင်ကြီးက ညီတော်ကို အရေးယူခဲ့ရပါပြီ။ အင်ဒရူးဟာ ဝင်ဆာနန်းတော်ဝင်းထဲက ထွက်ပေးရပေမဲ့ နော်ဖို့နယ်ဘက်က ဘုရင်ကြီးပိုင် ပုဂ္ဂလိက အိမ်တစ်လုံးမှာ ပြောင်းရွှေ့နေမှာပါ။ ဗြိတိသျှထီးနန်းကို ဆက်ခံနိုင်တဲ့ နန်းဆက်မှာလည်း မင်းသားဝီလျံ၊ မင်းသား ဟင်နရီနဲ့ သူတို့ရဲ့ သားသမီးတွေပြီးရင် အမှတ် ၈ နေရာမှာ အင်ဒရူး ဆက်ရှိနေပါတယ်။ အင်ဒရူးရဲ့ သမီးတွေ ဖြစ်ကြတဲ့ ဘီးယားထရစ်နဲ့ ယူဂျီးနီးတို့ကတော့ ဗြိတိသျှဧကရာဇ်ရဲ့ သားတော်က မွေးဖွားသူတွေအဖြစ် မင်းသမီးဘွဲ့ကို ဆက်ပြီး သုံးစွဲခွင့်ရှိနေပါသေးတယ်။ #ဘီဘီစီမြန်မာပိုင်း #ဗြိတိသျှတော်ဝင်မိသားစု #ချားလ်စ်ဘုရင် #အင်ဒရူး

photo content
+2

သူမရဲ့နာမည်ကိုပင် မဖတ်တတ်သော အမျိုးသမီး... ဟင်းချိုလုပ်ရန် အရိုး​တွေတောင်းပြီး၊ ပြုတ်ခဲ့ရသော အမျိုးသမီး... သူမ၏ ခင်ပွန်းက "ဟေ့.....နင်..... " ဟုသာ အခေါ်ခံခဲ့ရသော အမျိုးသမီး...ယခုအခါ သူမရဲ့နာမည်ဟာ တိုင်းမ်စကွဲယားရဲ့ဆိုင်းဘုတ်ကြီးပေါ်မှာ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ "​ဘရိုင်နာ'' တစ်ယောက် ငိုကြွေးခဲ့ပါတယ်။ သူမအတွက် ခက်ခဲသောဘဝမှာ... ပထမဆုံးအကြိမ် ပျော်ရွှင်မှုကြောင့် ကျလာတဲ့ မျက်ရည်များ ဖြစ်ပါလိမ့်မယ်။ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဘရိုင်နာတစ်ယောက် ....​သူမရဲ့နာမည်ကို မီးရောင်အောက်မှာ မြင်တွေ့ခဲ့ရပြီး လအနည်းငယ်အကြာ.... ဒီဇင်ဘာလမှာ... ကွယ်လွန်ခဲ့ပါတယ်။ သူမရဲ့နောက်ဆုံးအချိန်အထိ သားဖြစ်သူက အနားမှာ ရှိ​နေပေးခဲ့ပါတယ်။ သူမရဲ့နောက်ဆုံးစကားတွေက ရိုးရှင်းပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေခဲ့ပါတယ်။ "အစ်ဇီ.....သား​လေး... မကြောက်ပါနဲ့နော်... ဒါက... လူတိုင်း ဖြစ်တတ်တဲ့ ကိစ္စပါ" တဲ့။ သေခါနီးနောက်ဆုံး အချိန်မှာတောင် သားကို နှစ်သိမ့်ရန် ကြိုးစားနေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ "​ခါ့ခ် ဒေါက်ဂလပ်စ်'' ဟာ အသက် ၁၀၃ နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်အထိ .......သူရရှိခဲ့တဲ့အောင်မြင်မှုအားလုံးဟာ သူ့အမေကြောင့်လို့ အမြဲ ပြောခဲ့ပါတယ်။ သူ့ရဲ့သားကတော့ အော်စကာဆု (၂ ) ဆုရထားတဲ့ ဟောလိဝုဒ်ရဲ့အကြီးကျယ်ဆုံး ကြယ်ပွင့် တစ်ဦး ဖြစ်တဲ့ ထုတ်လုပ်သူနဲ့ပရဟိတသမား..... သရုပ်ဆောင် မင်းသားကြီး 'မိုက်ကယ် ဒေါက်ဂလပ်' ဖြစ်ပါတယ်။ ​ကိုယ့်နာမည်ကိုတောင်... မရေးတတ်တဲ့ အမျိုးသမီးကြီးတစ်ယောက်က၊ ကမ္ဘာကြီးအတွက် အမှတ်တရတွေ မွေးဖွားပေးခဲ့ပါတယ်။ ဘာမှမရှိတဲ့အမျိုးသမီးက...... သားဖြစ်သူကို အရာရာအားလုံး ပေးခဲ့ပါတယ်။ ကြယ်ပွင့်ဖြစ်လာတဲ့ သားဖြစ်သူကလည်း ကမ္ဘာကြီးက သူ့မိခင်ရဲ့နာမည်ကို၊ သေချာပေါက် မှတ်မိစေအောင် ကဗ္ဗည်း ရေးထိုးခဲ့ပါတယ်။ "A Bryna Production" ရေးထိုးထားတဲ့ ရုပ်ရှင်တိုင်းက.... ''အိပ်မက်တွေကို ယုံကြည်ပေးခဲ့တဲ့မိခင်ကို'' ၊ ကျေးဇူးတင်တဲ့ သားတစ်​ယောက်ရဲ့ ချစ်ခြင်းမေတ္တာများသာ ဖြစ်ပါတယ်။ ​ Saya U Khin Zaw ( ဘာသာပြန် ) #SayaUKhinZaw

သူမ၏ နာမည်မှာ ဘရိုင်နာ (Bryna) ဖြစ်ပါတယ်။ တချိန်က ရုရှားအင်ပါယာရဲ့ မိုဂီလီဗ် ဒေသက ရွာလေးတစ်ရွာက လာတာပါ။ ယခုကတော့ အဲ့ဒီနေရာလေးက ''ဘဲလာရုစ်'' နိုင်ငံ ဖြစ်ပါတယ်။ ငယ်ရွယ်စဥ်က သူမဟာ ''ဟာရှယ်'' - Herschel ဆိုတဲ့ အမျိုးသားတစ်ဦးနှင့် စေ့စပ်ခဲ့ပါတယ်။ "ဟာရှယ်က '' အိပ်မက်တွေနဲ့ ကတိကဝတ်တွေ ပေးပြီး အမေရိကကို ထွက်ခွာသွားခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ''ဘရိုင်နာ''အတွက်ခရီးစရိတ် ပိုက်ဆံကို ပို့ပေးခဲ့ပါတယ်။ ဗီဇာလိုအပ်ချက်များ မရှိသေးတဲ့ ခေတ်ကာလဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ မျှော်လင့်ချက်ကို သယ်ဆောင်ပြီး၊ ထိုလူနှင့် ပေါင်းသင်းရန် သင်္ဘောပေါ် တက်ခဲ့ပါတယ်။ ​သူတို့နှစ်ဦး လက်ထပ်ပြီးတဲ့နောက် နယူးယောက်မြို့ရဲ့အချက်အချာ နေရာမဟုတ်ဘဲ ၊ စက်မှုလုပ်ငန်းတွေ ပေါ်များတဲ့ အမ်စတာဒမ်မြို့လေးမှာ အခြေချခဲ့ကြပါတယ်။ "ဘရိုင်နာ'' နဲ့ ဟာရှယ်တို့ဟာ သမီးခြောက်ယောက်နဲ့ သားတစ်ယောက် စုစုပေါင်းခုနှစ်ယောက် မွေးဖွားခဲ့ကြပါတယ်။ သားကို ''အိုင်ဆာ'' -Issur နာမည်ပေးခဲ့သော်လည်း လူတိုင်းက အစ်ဇီ - Izzy ပဲ ခေါ်ကြပါတယ်။ သူတို့ရဲ့​ အမေရိကန်အိပ်မက်က ... အိပ်မက်ဆိုးကြီးဖြစ်သွားခဲ့ပါတယ်။ ​ရုရှားမှာ မြင်းကုန်သည်ဖြစ်ခဲ့တဲ့ ''ဟာရှာ''ဟာ အမေရိကမှာ အမှိုက်နဲ့ အစုတ်အပြတ်တွေ လိုက်ကောက်ပြီးရောင်းတဲ့သူဖြစ်သွားပါတယ်။ သူရတဲ့ ငွေအနည်းငယ်ကို အရက်နဲ့ လောင်းကစားတွေမှာ သူငယ်ချင်း​တွေနဲ့ သုံးခဲ့ပါတယ်။ သူဟာ ရပ်ကွက်ထဲမှာ ပြဿနာရှာတတ်တဲ့သူအဖြစ်သာမက.... အနိုင်ကျင့်တတ်သူ အဖြစ်လည်း လူသိများခဲ့ပါတယ်။ ဒီထက် ပိုဆိုးတာက သူဟာ အိမ်တွင် အကြမ်းဖက်သူလည်း ဖြစ်ပါတယ်။ ဇနီးဖြစ်တဲ့သူကို နာမည်တောင် တစ်ခါမှ မခေါ်ဘဲ...''ဟဲ့.....၊နင်.....'' ဟုသာ ခေါ်ဝေါ်လေ့ရှိပါတယ်။ ​မိသားစုက ဆင်းရဲမွဲတေမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ စာမရေးတတ်၊ မဖတ်တတ်တဲ့ ''ဘရိုင်နာ'' က အဝတ်လျှော်ခြင်းအလုပ်ကို လက်မရွှံ့ လုပ်ကိုင်ခဲ့ပြီး၊ ရသမျှ အလုပ်တွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ ကလေးတွေက မကြာခဏဆိုသလို ဆာလောင်မွတ်သိပ်နေခဲ့ပါတယ်။ ​သူမက ငယ်ရွယ်တဲ့ သားဖြစ်သူ ''အစ်ဇီ'' ကို ဂျူးလူမျိုး..... သားသတ်သမားတစ်ယောက်ဆီကို ရိုးရှင်းတဲ့ တောင်းဆိုချက်နဲ့....စေလွှတ်လေ့ရှိပါတယ်။ "ကျေးဇူးပြု၍ လွတ်ပစ်မယ့် အရိုးတွေကို... ပေးပါဦး...'' သူမက ထိုအရိုးများကို ယူကာ နာရီပေါင်းများစွာ ပြုတ်ပြီး ဟင်းချိုပြုလုပ်ခဲ့ပါတယ်။ မိသားစုအသက်ဆက်ဖို့ ရက်ပေါင်းများစွာ ထိုဟင်းချိုကို တိုက်ကျွေးခဲ့ပါတယ်။ ​နှစ်ပေါင်းများစွာကြာပြီးနောက် သူမရဲ့ သားဖြစ်သူက... ''ခါ့ခ် ဒေါက်ဂလပ်စ်''- Kirk Douglaဟု လူသိများလာပါတယ်။ "ခါ့ခ်'' က ထိုနေ့ရက်တွေ ဘယ်တော့မှ မမေ့ပါဘူး။ "အခြေအနေကောင်းတဲ့နေ့ဆိုရင် ရေနဲ့လုပ်ထားတဲ့ ကြက်ဥကြော်ကို စားရတယ်။ ဆိုးတဲ့နေ့ဆိုရင်တော့ ဘာမှ မစားရဘူး။"တဲ့....။ ​ဘရိုင်နာက ဘဝကို လုံးဝလက်မလျှော့ခဲ့တဲ့သူပါ။စိတ်ဓာတ်ခွန်အားသက်သက်နဲ့ မိသားစုကို စုစု စည်းစည်းရှိစေခဲ့ပါတယ်။ သူမရဲ့သားအပေါ်မှာ...... သူတို့ရဲ့ပတ်ဝန်းကျင် အခြေအ​နေနဲ့သွေဖယ်ပြီး၊ ပြင်းထန်တဲ့ ယုံကြည်ချက်တွေ ​ရှိ​စေခဲ့ပါတယ်။ "အစ်ဇီ''က သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ အမှိုက်​ကောက်တဲ့မိသားစုက​နေပေါက်ဖွားလာတဲ့... ဆင်းရဲသား ကလေးတစ်ယောက်အတွက်၊သူ့ရဲ့ဆန္ဒတွေက ရယ်စရာကောင်းတဲ့ အိပ်မက်ဖြစ်ပေမယ့် သူမ အားပေးခဲ့ပါတယ်။ "​အစ်ဇီ '' ဟာ ထိုမြို့ငယ်လေးမှ ထွက်ခွာလာခဲ့ပြီး ''ခါ့ခ် ဒေါက်ဂလပ်စ်'' ဖြစ်လာခဲ့ပါတယ်။ "Spartacus," "Paths of Glory," နှင့် "Lust for Life" ကဲ့သို့သော ဂန္ထဝင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ ကြယ်ပွင့် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဘယ်ဘဝက ...လာခဲ့တယ်ဆိုတာကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ပြီးတော့ သူ့ကို၊ ဘယ်သူက ဖြစ်မြောက်အောင် လုပ်ပေးခဲ့တယ်ဆိုတာကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ​၁၉၄၉ ခုနှစ်တွင် 'ခါ့ခ်'' က ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်တဲ့အခါ ''Bryna Productions'' ဟု အမည်ပေးခဲ့ပါတယ်။ သူ့နာမည်ကို အစွဲပြုတာ မဟုတ်ဘဲ၊ သူ့မိခင်ရဲ့နာမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ​၁၉၅၈ ခုနှစ်တွင် Bryna Productions သည် ခါ့ခ် ဒေါက်ဂလပ်စ်နှင့် တိုနီ ကာတစ်စ် -Tony Curtis တို့ ပါဝင်သရုပ်ဆောင်ထားသော အထင်ကရ ရုပ်ရှင်ကားကြီးဖြစ်တဲ့ "The Vikings" ကို ဖြန့်ချီခဲ့ပါတယ်။ ထိုနှစ်ရဲ့အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားများထဲမှ တစ်ကား ဖြစ်ခဲ့ပါတယ်။ ခါ့ခ် က သူ့မိခင်ကို ပြသချင်တဲ့ အရာ ရှိပါတယ်။ မိခင်ရဲ့ လက်ကိုဆွဲပြီး နယူးယောက်မြို့မှာရှိတဲ့....... ''တိုင်းမ်စကွဲယား'' -Times Square ကို ခေါ်ဆောင်လာခဲ့ပါတယ်။ လင်းလက်နေတဲ့မီးရောင်တွေနဲ့ ကြီးမားတဲ့ ရုပ်ရှင်ပိုစတာတစ်ခုကို ပြသခဲ့ပါတယ်။ "BRYNA PRESENTS THE VIKINGS" ''ဘရိုင်နာထုတ်လုပ်ရေးမှတင်ဆက်ပြသမည့် ''The VIKINGS'' ရုပ်ရှင်ကားကြီး။'' ဟူသော ကြီးမားခန့်ညားတဲ့ ကြော်ငြာပိုစတာ တစ်ခုဖြစ်ပါတယ်။

photo content

ချမ်းသာမှုကို နားမလည်နိုင်ခဲ့တဲ့ မေးခွန်းဖြစ်ပါတယ်။ " အမေ လွတ်လပ်သွားပြီ အမေဘာအလုပ်မှ လုပ်စရာ မလိုတော့ဘူးလို့...'' သူ ဖြေခဲ့ပါတယ်။ သူမအတွက် တစ်ခုတည်းသော အရေးကြီးဆုံးအရာကို ပေးအပ်ခဲ့တာပါ။ ဒါဟာ ဟောလိဝုဒ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ ဒါဟာ မေတ္တာဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေက အပြင်မှာ တကယ်ရှိကြပြီး ကမ္ဘာကျော် မင်းသားကြီးတစ်ယောက်ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ မေတ္တာဇာတ်လမ်း စစ်စစ် ဆိုပါတော့။ Saya U Khin Zaw ( ဘာသာပြန် ) #SayaUKhinZaw

“အမေ၊ အဲဒါက အမေ နောက်ထပ် အလုပ်လုပ်စရာ မလိုတော့ဘူးလို့ ။ အမေ သူများအိမ်တွေလိုက်ပြီး သန့်ရှင်းရေးလုပ်စရာမလိုတော့ဘူး။ ပိုက်ဆံအတွက်...အမေ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး။'' ထိုအရာကိုတော့ သူမ နားလည်သွားပါတယ်။ မိုက်ကယ်က သူမအား ငွေကိုသာ ပေးနေခြင်း မဟုတ်ပါ။ သူမရဲ့ဘဝတစ်လျှောက်လုံး ပင်ပန်းနွမ်းနယ်ခဲ့ရတဲ့ အလုပ်များကနေ လွတ်မြောက်ခွင့်ကိုပါ ပေးနေခြင်း ဖြစ်ပါတယ်။ အိမ်ငှားခတွေ၊ အစားအစာတွေ၊ ဘေလ်တွေ အတွက် စိုးရိမ်ရခြင်းမှ လွတ်မြောက်ခွင့်ဖြစ်ပါတယ်။ သူမရဲ့လက်တွေမှာ သွေးထွက်တဲ့အထိ သူများအိမ်ရဲ့ကြမ်းပြင်တွေကို.....တိုက်ချွတ်နေရခြင်းကနေ... လွတ်မြောက်ခွင့်ဖြစ်ပါတယ်။ မိုက်ကယ်က မိခင်အတွက် အိမ်တစ်လုံး ဝယ်ပေးခဲ့ပါတယ်။ နောက်ထပ် အိမ်ငှားဘဝနဲ့နေစရာ မလိုတော့ပါဘူး။ လုံခြုံမှု အပြည့်ရှိသွားပြီ ဖြစ်ပါတယ်။ သူမ လိုအပ်သမျှကို ဂရုစိုက်ဖြည့်ဆီးပေးခဲ့တယ်။ နာမည်ကျော်ကြားပြီး အလုပ်များတဲ့သူ ဖြစ်ပေမယ့် မိခင်ကို ပုံမှန်သွားရောက်ပြီး ဂရုစိုက်ပေးခဲ့ပါတယ်။ အယ်လန်ဟာ ကျန်ရှိနေတဲ့ဘဝကို သက်တောင့်သက်သာ၊ လုံလုံ ခြုံခြုံ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်သွားခဲ့ရပါတယ်။ သူမ ရက်ရက်စက်စက် ပင်ပင်ပန်းပန်း အလုပ် လုပ်တုန်းကတောင် မရ ရှိခဲ့တဲ့ အရာအားလုံးကို ရရှိခဲ့ပါတယ်။ သူမဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူမဘဝရဲ့အချိန်အများစုမှာ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဆင်းရဲမှုကနေ ကင်းဝေးတဲ့ နောက်ဆုံးနှစ်တွေကို ဖြတ်သန်းသွားခဲ့ရပါတယ်။ မိုက်ကယ်ကိန်းက သူရဲ့မိခင်အကြောင်းကို ပြောဆိုတာ ရပ်တန့်ခဲ့ဖူးခြင်း မရှိပါဘူး။ ဆယ်စုနှစ်များစွာအထိ အင်တာဗျူးတွေ၊ သူရဲ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ နဲ့ ရေတွက်မရနိူင်တဲ့ စကားဝိုင်းတွေမှာ သူဟာ အမြဲတန်းပြောလေ့ရှိပါတယ်။ "ကျွန်တော့်ဘဝ.... အခုလိုဖြစ်လာတာ... အမေ့ကြောင့်ပါ..'' မိုက်ကယ်ကိန်းရဲ့ထုတ်လုပ်ရေးကုမ္ပဏီကို သူမရဲ့ အမည် ''ဘာချယ်'' လို့ ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့ဘဝမှာ ကြီးပြင်းလာခဲ့ရတာတွေ... မိခင်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ...သူ ဘယ်တော့မှ အပြည့်အဝ... ပြန်မဆပ်နိုင်တဲ့ အကြွေးတွေအကြောင်းကို.....မကြာခဏ ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုအကြောင်း မေးတဲ့အခါ သူက "သူမ မရှိရင် ကျွန်တော် ဘာမှမဖြစ်နိုင်ဘူး" လို့ ဆိုခဲ့ပါတယ်။ သူရဲ့စကားဝိုင်းတွေမှာ မိခင်ဖြစ်သူမေးတဲ့ "ပေါင်တစ်သန်းက ဘယ်လောက်လဲ..." ဆိုတာက.... တကယ့် ဆာလောင်မွတ်သိပ်မှုကို၊ သိခဲ့ဖူးသူတွေနဲ့ မသိခဲ့ဖူးသူတွေကြားက... ကွာဟမှု အကြောင်းအရာကို ကိုယ်စားပြုနေပါတယ်။ သူမ ပေါင်တစ်သန်းကို နားမလည်နိုင်ခဲ့တာက သူမ ရှင်သန်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပြင်ပကမ္ဘာက အလွန်ဝေးကွာနေတာကြောင့် ဖြစ်ပါတယ်။ သူမက လုံခြုံမှု၊ သက်တောင့်သက်သာရှိမှု၊ငွေကြေးအတွက် မပူပန်ရတဲ့ ဇိမ်ခံမှုကို တစ်ခါမျှ မရခဲ့ဖူးပါဘူး။ ချမ်းသာကြွယ်ဝမှု ဆိုတဲ့ဝေါဟာရက... သူမအတွက် အစိမ်းသက်သက်.... ဖြစ်နေပါတယ်။ မိုက်ကယ်က သူမ နောက်ထပ် အလုပ်လုပ်စရာ မလိုတော့ဘူးလို့ ပြောတဲ့အခါမှာတော့ သူမ ချက်ချင်း နားလည်သွားပါတယ်။ ထိုအရာက ပကတိအရှိတရား ဖြစ်ပါတယ်။ ထိုအရာက အမှန်တရားဖြစ်ပါတယ်။ ထိုအရာက သူမရဲ့ကမ္ဘာမှာ အဓိပ္ပာယ်ရှိပါတယ်။ အလုပ် မလုပ်ရတော့ဘူးဆိုတာ သူမရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ သူမရဲ့သားဖြစ်သူ မိုက်ကယ်ဟာ အခုဆို ''ဆာ မိုက်ကယ်ကိန်း ''Sir Michael Caine '' ဖြစ်နေပါပြီ။ အော်စကာဆု နှစ်ဆုနှင့် ဂန္ထဝင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဘယ်အခြေအနေကနေ လာတယ်ဆိုတာကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ သူက ကြိုးစားခဲ့တယ်။ ကံကောင်းခဲ့ပါတယ်။ တောင်လန်ဒန်က အလုပ်သမားလူတန်းစားအလွှာက လာတဲ့သူဖြစ်တယ်။ ဘယ်တော့မှ ဟန်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပြီးတော့ သူတို့စားဝတ်နေရေးအတွက် ကြမ်းတိုက်ခဲ့ရတဲ့ အမျိုးသမီး၊ သူတို့ အခွင့်အရေးရဖို့အတွက် မောပန်းနွမ်းနယ်တဲ့အထိ အလုပ်လုပ်ခဲ့ရတဲ့ မိခင်ကိုလည်း...... မမေ့ခဲ့ပါဘူး။ သူ့အတွက်.... သူမ ဘာတွေ စွန့်လွှတ်အနစ်နာခံခဲ့တယ်ဆိုတာ သူမှတ်မိခဲ့ပါတယ်။ "ပေါင်တစ်သန်း" ဆိုတဲ့ စကားလုံးဟာ တကယ်တော့ ငွေကြေးအကြောင်း... မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့အမေ....တစ်ခါမှ မရခဲ့ဘူးတဲ့ အရာကို၊ နောက်ဆုံးတော့... ပေးဆပ်နိုင်ခဲ့တဲ့အကြောင်းပါ။ ဒါက သူမရဲ့ ငြိမ်းချမ်းမှုပါ။ မက်ကယ်ရဲ့ ဇာတ်လမ်းက ကမ္ဘာအနှံ့ ပြန့်ကျဲနေတဲ့ အဖြစ်အပျက်တွေနဲ့တူပါတယ်။ ယဉ်ကျေးမှုတွေ၊ မျိုးဆက်တွေကို ဖြတ်ပြီး ဇာတ်လမ်းက တူညီနေပါတယ်။ ဆင်းရဲမှုကနေ လွတ်မြောက်လာတဲ့ ကလေးတွေဟာ သူတို့အတွက်......ဒီအခွင့်အရေးတွေရဖို့....အနစ်နာခံခဲ့ရတဲ့ သူတွေကို... ဘယ်တော့မှ မမေ့ကြပါဘူး။ သူတို့ အောင်မြင်မှုရလာတဲ့အခါ....သူတို့ဒီလိုအောင်မြင်ဖို့အတွက်.... ဒုက္ခရောက်ခဲ့ရတဲ့ သူတွေကို...သက်တောင့်သက်သာနဲ့နေနိူင်အောင် ပြန်လည်ပေးဆပ်ကြတာပဲ ဖြစ်ပါတယ်။ မိုက်ကယ်ကိန်းဟာ ကမ္ဘာပေါ်မှာ...အကျော်ကြားဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကြီးမြတ်ဆုံး ဇာတ်ကောင်ကတော့ ကင်မရာက မှတ်တမ်းတင်ခြင်းမရှိခဲ့တဲ့ ဇာတ်ကောင်ပါ။ အမေဖြစ်သူကို သန့်ရှင်းရေး အလုပ်သမားဘဝကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ သားပါ။ "ပေါင် တစ်သန်းက ဘယ်လောက်များလဲ" လို့ သူမမေးခဲ့ပါတယ်။

"မိုက်ကယ်ကိန်း'' က သူပါဝင်တဲ့ ရုပ်ရှင်တစ်ကားအတွက် အနုပညာကြေး ''ပေါင်တစ်သန်း'' ရတယ်လို့ သန့်ရှင်းရေးလုပ်တဲ့ မိခင်ကို ပြောပြသောအခါ မိခင်ဖြစ်သူက “ဘယ်လောက်လဲ....?” လို့ ပြန်မေးခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်၊ နှောင်းပိုင်းမှာ မိုက်ကယ်ကိန်း ဟာ ဗြိတိန်ရဲ့ အကြီးဆုံး ရုပ်ရှင်ကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်လာပါတယ်။ "ALFIE '' "The Ipcress File," "Zulu" စသည့် ရုပ်ရှင်ဇာတ်ကားတွေနဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ သူဟာ အမည်မသိသူတစ်ဦးဘဝကနေ၊ နိုင်ငံတကာ ကျော်ကြားသူတစ်ဦး......ဖြစ်လာခဲ့ပါတယ်။ ဟောလိဝုဒ်က သူ့ကိုလိုချင်ပါတယ်။ ပရိသတ်များက သူပါတဲ့ကားတွေဆို ဝိုင်းအုံလာပါတယ်။ သူပါဝင် သရုပ်ဆောင်တဲ့ကားတွေက ၊ ဝင်ငွေသောက်သောက်လဲ ရခဲ့ပါတယ်။ သို့သော်......ထိုအရာများရဲ့ အဓိပ္ပာယ်ကို နားမလည်နိုင်သူတစ်ဦး ရှိနေခဲ့ပါတယ်။ သူကတော့.... တခြားသူ မဟုတ်ပါဘူး။ သူရဲ့မိခင် ''အယ်လန်''- Ellen ပဲ ဖြစ်ပါတယ်။ သူ့မိခင်ရဲ့ နာမည် အပြည့်အစုံက ''အယ်လန် ဖရန်စစ် မေရီ ဘာချယ်လ်'' Ellen Frances Marie Burchell ဖြစ်ပါတယ်။ ရိုးရှင်းစွာဖြင့် '' အယ်လန် '' ဟုသာ လူသိများပါတယ်။ သူမက ''မိုက်ကယ်''နဲ့ သူရဲ့ညီ ''စတန်လေ'' တို့ကို ယနေ့ခေတ်လူတွေ စိတ်ကူးလို့မရနိုင်လောက်အောင် ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ပြုစု ပျိုးထောင်ခဲ့ရတာပါ။ သူတို့ရဲ့အဖေ '' မောရစ် မစ်ကယ်လ်ဝှိုက် ''- Maurice Micklewhite က ငါးဈေးမှာ ပစ္စည်းသယ်တဲ့ အလုပ်ကြမ်းသမားတစ်ယောက်ပါ။ "အယ်လန်'' က အိမ်တွေလိုက်ပြီး သန့်ရှင်းရေးအလုပ်သမားအဖြစ် လုပ်ပါတယ်။ တစ်ခါတစ်လေတော့ အိမ်တွေမှာ၊ စားဖိုမှူးအဖြစ် အလုပ်လုပ်ပါတယ်။ သူတို့ ဆင်းရဲကြပါတယ်။ "စားဝတ်နေရေး မလုံလောက်" တဲ့ဆင်းရဲမှုမျိုးမဟုတ်ပါဘူး။ အလွန်အမင်း ကြပ်တည်းစွာ ဆင်းရဲခဲ့ကြတာပါ။ "မိုက်ကယ်'' ကလေးဘဝက ဗိုက်ဆာတဲ့ဒဏ် ခံစားခဲ့ရတာကို မှတ်မိခဲ့ပါတယ်။ စုတ်ပြဲလုနီးပါး အဝတ်အစားများ ဝတ်ဆင်ခဲ့ရတာကိုလည်း မှတ်မိပါတယ်။ အိမ်ထဲမှာ.... အိမ်သာ ရေချိုးခန်း မရှိတဲ့ အိမ်မှာ၊ နေခဲ့ရတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း အခြေအနေများက... ပိုဆိုးလာခဲ့ပါတယ်။ စားစရာကို ခွဲတမ်းနဲ့စားခဲ့ရပါတယ်။ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရပါတယ်။ ကြောက်ကြောက် ရွံရွံ့နဲ့ပုန်းခဲ့ရပါတယ်။ ပြီးတော့ သားနှစ်ဦးကို ကျွေးမွေးဖို့ မောပန်းနွမ်းနယ်တဲ့အထိ အလုပ်လုပ်ခဲ့ရပါတယ်။ သို့သော် အယ်လန်က တစ်ခါမျှ မညည်းညူခဲ့ပါဘူး။ သူမက အလွန်ရည်မှန်းချက်ကြီးပါတယ်။ သူမဘဝက အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်ခဲ့ရတာပါ။ သူများအိမ်မှာကြမ်းတိုက်ခဲ့ရတယ်။ သူများရဲ့ မီးဖိုချောင်မှာ ချက်ပြုတ်ပေးရတယ်။အချိန််တန် အိမ်ပြန်တဲ့အခါ ပင်ပန်းနွမ်းနယ်စွာနဲ့ ပြန်ခဲ့ရတာပါ။ သူမဟာ သူ့သားတွေကို..... ဘယ်အရာမဆို ကောင်းအောင် လုပ်ဖို့၊ ပညာတတ်တစ်ယောက်ဖြစ်အောင်ကြိုးစားဖို့၊ ဆင်းရဲတွင်းထဲကနေ လွတ်မြောက်အောင်လုပ်ဖို့ အမြဲတမ်း တိုက်တွန်းခဲ့ပါတယ်။ မိုက်ကယ်ဟာ သူကလေးဘဝတစ်လျောက်လုံး ''ဆင်းရဲမှု'' က လူတွေကို၊ ဘာဖြစ်စေခဲ့တယ်ဆိုတာ သူမြင်ခဲ့ရပါတယ်။ ကြမ်းတွေတိုက်ရလွန်းလို့ ရောင်ရမ်းနာကျင်နေတဲ့ သူ့အမေရဲ့ လက်တွေကို သူမြင်ခဲ့ရတယ်။ သူမရဲ့ ပင်ပန်းနွမ်းလျမှုတွေကို သူမြင်ခဲ့တယ်။ဒီမြင်ကွင်းတွေကို သူ ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ မိုက်ကယ်ရဲ့သရုပ်ဆောင်အလုပ်က အောင်မြင်လာတဲ့အခါ သူရဲ့ပထမဆုံး အတွေးက.... "အမေ နောက်ထပ် သူများအိမ်တွေမှာ ကြမ်းတိုက်စရာ မလိုတော့ဘူး" ပဲ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်းတွေမှာ မိုက်ကယ်ရဲ့ ဝင်ငွေက အလွန်များပြားနေပြီ ဖြစ်ပါတယ်။ "ရိုသာဟိုက်သ်'' မှ ကြီးပြင်းလာတဲ့ ကလေးတစ်ဦးအတွက် မယုံနိူင်လောက်အောင်များပြားတဲ့ ပမာဏမျိုးဖြစ်ပါတယ်။ တစ်နေ့တွင် သူ့မိခင်က ရိုးရှင်းသော မေးခွန်းတစ်ခု မေးလာခဲ့ပါတယ်။ “မိုက်ကယ်၊ မင်း ရုပ်ရှင်တစ်ကားအတွက် ဘယ်လောက်ရလဲ” သူက မိခင်ကို...'' ပေါင်တစ်သန်း '' လို့ပြောလိုက်ပါတယ်။ သူမရဲ့တုံ့ပြန်မှုက ချက်ချင်းဖြစ်ပြီး ရိုးသားပါတယ်။ “ဘယ်လောက်လဲ...?'' သူမက အရေအတွက်ကို ပြန်ပြောခိုင်းခြင်းမဟုတ်ပါဘူး။ သူမ ကြားခဲ့ပါတယ်။ ထပ်မေးရတဲ့ အကြောင်းရင်းက '' ပေါင်တစ်သန်း '' ဆိုတဲ့ ငွေပမာဏရဲ့ အဓိပ္ပာယ်ကို သူ နားမလည်နိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒီငွေကြေးပမာဏက သူမ ရရှိတဲ့လုပ်အားခနဲ့ အလွန်ဝေးကွာနေသောကြောင့်၊ ဂိမ်းထဲက...ကစားစရာ ပိုက်ဆံလို ဖြစ်နေပါတယ်။ သူမရဲ့ ဘဝတစ်ခုလုံး မိသားစုကို ဝဝလင်လင်ကျွေးဖို့တောင် မလုံလောက်တဲ့ လစာငွေနဲ့ ရုန်းကန်ရင်း ကုန်ဆုံးခဲ့ရတာပါ။ ပေါင်တစ်ပေါင်၊ သျှီလင် အနည်းငယ်ကိုသာ ဂရုတစိုက် သုံးစွဲရင်း စားဝတ်နေရေးအတွက် ခွဲဝေသုံးဆွဲခဲ့ရတာပါ။ ရုပ်ရှင်တစ်ကားတည်းအတွက် ပေါင်တစ်သန်း ဟူသော အတွေးအခေါ်က သူမ စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပါတယ်။ မိုက်ကယ် ခဏရပ်လိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ ကမ္ဘာအကြားမှာ ကြီးမားတဲ့ ဝင်ငွေ ကွာဟချက်ကို သူသဘောပေါက်လိုက်ပါတယ်။ မိုက်ကယ်က ရုပ်ရှင်ရိုက်ကွင်းတွေ၊ အထူးပွဲတွေ၊ ဇိမ်ခံဟိုတယ်တွေ နဲ့ ပေါင်သန်းချီ ဝင်ငွေရတဲ့ ကမ္ဘာမှာနေထိုင်ပါတယ်။ သူမက ကုန်ခြောက်ဝယ်ရန်အတွက် အကြွေစေ့တွေ၊ ရေတွက်ရတဲ့ ကမ္ဘာမှာ ဆက်လက်နေထိုင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမနားလည်နိုင်မယ့် အဖြေကို ပေးလိုက်ပါတယ်။

Repost from Saw Ka Zaw
photo content
+7

Repost from Saw Ka Zaw
သူ တွေ က စွပ်ဆွဲ ကြပါတယ်။ အဲဒီ နောက် မှာ တော့ သက်ဆင် လိုလား တဲ့ ဆန္ဒပြ ပွဲ တွေ ကို နည်းမျိုးစုံ နဲ့ ဖြိုခွဲ တာ၊ သက်ဆင့် ကို ဆန့်ကျင် တဲ့ ဆန္ဒပြ ပွဲ တွေ ဟာ ပေါ်ပေါက် လာပြီး ရဲရဲ တင်းတင်း ‌နဲ့ အကြောက်အလန့် မရှိ ထိုင်း လေဆိပ် နှစ် ခု ကို စီးနင်း သိမ်းပိုက် ခဲ့ ပါတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ဘုရင်စနစ် လိုလား ပြီး သက်ဆင့် ကို ဆန့်ကျင် တဲ့ ရှပ်ဝါ တွေ ရဲ့ဒွန်မောင်း နဲ့သုဝဏ္ဏ ဘူမိ လေဆိပ် စီးနင်း မှု တွေ ကို မိဖုယားကြီး က ကြိုးကိုင် ခဲ့ တာ ဖြစ်ပြီး ရလဒ် ကတော့ ထိုင်းရတ်ထိုင်း ပါတီ ရဲ့ အမွေခံ ပါတီ ဖြစ်တဲ့ ဝန်ကြီးချုပ် ဟောင်း သက်ဆင့် ကို လိုလား တဲ့ ထိုင်းဝန်ကြီးချုပ်ဆမတ် ဖယ်ရှား ခံရပြီး သူ့ ရဲ့ပါတီ ဖြစ်တဲ့ People Power Party ဟာ လည်း အပြီး တိုင် ဖျက်သိမ်း ခံ လိုက်ရတာပါ မိဖုရားကြီး သီရိခေတ် ကို ၁၉၃၂ ခုနှစ် ဩဂုတ်လ ၁၂ ရက် နေ့ မှာ ထိုင်း နိုင်ငံ ဘန်ကောက် မြို့ မှာ မွေးဖွား ခဲ့ ပါတယ်။ ဖခမည်း တော် က ချမ်းသာဘူရီ ခရိုင်စား မင်းသားကြီး လည်း ဖြစ် ထိုင်း ဘုရင့် တပ်က ဗိုလ်ချုပ်ကြီး နက္ခတ်တာရာမင်္ဂလာ ဖြစ် ပါတယ်။ နောင်အခါ မှာ ရာမ ၉ ဘုရင် ဖြစ်လာမယ့် အိမ်‌ရှေ့ မင်းသား ဘူမိဘော အဒူယာဒက် ဟာ ၁၉၄၈ ခုနှစ် မှာဆွစ်ဇာလန် နိုင်ငံ လူဆန်း မြို့ မှာ မော်တော် ကား မတော် တစ်ဆ မှု ဖြစ်ပြီး ဘန်ကောက် မြို့ ကို ပြန်လာပြီး ဆေးကုသ ခံနေရချိန် မင်းသားကြီး ဗိုလ်ချုပ်ကြီး နက္ခတ်တာရာမင်္ဂလာ က သူ့ရဲ့ သမီး တော် သီရိခေတ် ကို ဘူမိဘော ကို ပြုစုဖို့ စေလွှတ် ခဲ့ ရာ ကနေ ချစ်ကြွမ်းဝင် ခဲ့ ကြတာ ဖြစ်ပါတယ်။ ဧပြီ လ ၂၈ ရက် ၁၉၅၀ ခုနှစ် မှာ မင်းသမီး သီရိခေတ် နဲ့ အိမ်ရှေ့မင်းသား ဘူမိဘောတို့ ဟာ စုလျားရစ်ပတ် လက်ထပ် မင်္ဂလာ ပြုခဲ့ ပြီး သီတင်း တစ်ပတ် ကျော် ကြာတဲ့ အခါ ... ဘူမိဘောဟာ ရာမ ၉ ဘုရင်ဘွဲ့ ကို ခံယူပြီး နန်းတက် ခဲ့ ပါတယ်။ တစ်နေ့ တည်းမှာ ပဲ ချမ်းသာဘူရီ မင်းသမီး သီရိခေတ် ကို ကြင်ယာတော်မိဖုယား အဖြစ် မြှောက်စား ခဲ့ ပါတယ်။ ဘန်‌ကောက် ရောက် မြန်မာ ဟူးရာ နကွတ် ပညာရှင် တစ်ယေက် က မင်းသမီး သီရိခေတ် ကို နင်ဟာ ဘုရင်မ ကြီး ဖြစ်လိမ့် မယ် လို့ ငယ်စဉ် က ဇာတာ တွက်ချက် ခဲ့ ဖူး တဲ့ အတွက် မိဖုယားကြီး ဟာ မြန်မာ့ ဗေဒင် ယတြာ ရိုးရာ ကို ယုံကြည် သက်ဝင် တာ လို့ ထိုင်း တွေ က ပြောကြတာ ဖြစ်ပါတယ်။

Repost from Saw Ka Zaw
အာရှနိုင်ငံများ တော်ဝင်အသိုင်းအဝိုင်းတွေထဲမှာ ... Role Model ဖြစ်ခဲ့သူ ... ထိုင်းဘုရင့်မယ်တော် မိဖုယားကြီး သီရိခေတ် ကံတော်ကုန်ရှာပြီ ... Credit: ဘီဘီစီ မြန်မာပိုင်း ထိုင်းဘုရင့် မယ်တော်၊ မိဘုရားကြီးသီရိခေတ် ကံကုန် ဘုရင် မဟာ ဝချီရာလောင်ကွန်ရဲ့ မယ်တော်ကြီးဖြစ်သူ မိဘုရားကြီး သီရိခေတ် သက်တော် ၉၃ နှစ်အရွယ်မှာ အောက်တိုဘာ ၂၄ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်က ကံကုန်အနိစ္စရောက်သွားခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံတော်ဝင်ဘုရင့်အိမ်တော်က သတင်းထုတ်ပြန်ပါတယ်။ မိဘုရားကြီးသီရိခေတ်ဟာ ၂၀၁၉ စက်တင်ဘာလကတည်းက ဘုရင်ချူလာလောင်ကွန် အထိမ်းအမှတ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကစလို့ သွေးတွင်းအဆိပ်တက်တဲ့ ဝေဒနာကြောင့် ဆရာဝန်ကြီးတွေနဲ့ ဆေးဘက်ပညာရှင်အဖွဲ့တွေက အထူးကြပ်မတ်ကုသပေးခဲ့ပေမယ့် အခြေအနေထူးခြားတိုးတက်မလာဘဲ အောက်တိုဘာ ၂၄ ရက်နေ့ညမှာ ကံကုန်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နတ်ရွာစံသွားပြီဖြစ်တဲ့ ရာမ ၉ ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်နဲ့ မိဘုရားကြီး သီရိခေတ်တို့မှာ သားသမီး လေးဦးရှိပြီး အကြီးဆုံးသား မဟာ ဝချီရာလောင်ကွန်က ရာမ ၁၀ ဘွဲ့မည်နဲ့ လက်ရှိထိုင်းနိုင်ငံရဲ့ ဘုရင်ကြီးဖြစ်ပါတယ်။ ဘုရင်က မယ်တော်ကြီးရဲ့ စျာပနကို ထိုင်းတော်ဝင်အစဥ်အလာတွေနဲ့ အမြင့်ဆုံးဂုဏ်ပြု ကျင်းပသွားဖို့ ညွှန်ကြားထားပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို တစ်နှစ် သတ်မှတ်ပေးလိုက်ပါတယ်။ မိဘုရားကြီးသီရိခေတ်ရဲ့ ရုပ်အလောင်းကို တော်ဝင်နန်းတော်ထဲက ဒူးဆစ် မဟာပရာဆတ် သလွန်ဆောင်မှာ ပြင်ဆင်ထားရှိပြီး ဂါရဝပြုခံမယ်လို့ တော်ဝင်နန်းတော်က ထုတ်ပြန်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ထိုင်း #တော်ဝင်မိသားစု #သီရိခေတ် #မဟာဝချီရာလောင်ကွန် Credit: Freedom News Group ထိုင်း မိဖုယားကြီး သီရိခေတ် ကံတော်ကုန် လက်ရှိ ထိုင်းဘုရင် ရဲ့ မယ်တော်ဖြစ်သူ ထိုင်းမိဖုယားကြီး သီရိခေတ် ဟာ အသက် ၉၃ နှစ် အရွယ် မှာ ကွယ်လွန် အနိစ္စ ရောက်တယ် လို့ ထိုင်း နိုင်ငံ ရဲ့ တော်ဝင် သတင်း ထုတ်ပြန်ရေး အဖွဲ့ က စနေ နေ့ နံနက် အစောပိုင်း မှာ သတင်း ထုတ် ပြန်ပါတယ်။ ထိုင်း နိုင်ငံ ရဲ့ နိုင်ငံရေး မှာ ကန့်လန့်ကာ နောက်ကွယ် က နေ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် နဲ့ ထိထိမိမိ ပါဝင် ခဲ့ တဲ့ မယ်တော်မိဖုယားကြီး ဟာ အမေရိကန် ဒေါ်လာ သန်း နဲ့ ချီ သုံး ပြီး ထိုင်း နိုင်ငံ နဲ့ ထိုင်း ဘုရင့်မင်းဆက် ဝါဒ ဖြန့်ချိ ရေး ကား တွေ ဖြစ်တဲ့ ဆူရီယိုထိုင်း နဲ့ နရဲစွမ် တို့ လို ရုပ်ရှင် ကား ကြီး တွေ အတွက် ငွေကြေး နဲ့ အစစ အရာရာ ထောက်ပံ့ပေး ခဲ့ သူ လည်း ဖြစ်ပါတယ်။ ပြည်ပရောက် ထိုင်း နိုင်ငံ သား တွေ အတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီ တွေ ပါ ပေး ခဲ့ သူ ဖြစ်ပြီး ခေတ်သစ် ထိုင်း နိုင်ငံ ရဲ့ စီးပွားရေး၊ လူမှုရေး ပုံရိပ် တွေ ကို ပြောင်း လဲ စေနိုင် ခဲ့ သူ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံ ရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ကို မြေတောင် မြှောက် ပေး ခဲ့ သူ ဖြစ်ပြီး ဒေသတွင်း မှာ ထိုင်း နိုင်ငံ ရဲ့ အင်အား ကို ကြီးထွား စေဖို့ နဲ့ ဩဇာရှိ စေဖို့ နည်းမျိုးစုံ သုံး ပြီး ကြိုးစား ခဲ့ တဲ့ မယ်တော်မိဖုယားကြီး ဖြစ်ပါတယ်။ ဓာတ်ပုံ တွေက တော့ ၁၉၆၀ ခုနှစ် မတ်လ ၂ ရက်နေ့ မှာ မြန်မာ နိုင်ငံ ကို သူ့ရဲ့ ကြင်ယာတော် ဖြစ်တဲ့ သွားလေသူ ဘုရင်ကြီး ဘူမိဘော အဒူယာဒက် နဲ့ လာမြန်မာ နိုင်ငံ ရန်ကုန် မြို့ ကို ရောက် လည်ပတ် ခဲ့ တဲ့ ပုံ တွေ ဖြစ်ပါတယ်။ အဲဒီ အချိန် က မြန်မာ သမ္မတ ဦးမန်းဝင်းမောင် နဲ့ အိမ်စောင့် အစိုးရ အဖွဲ့ အကြီး အကဲ ဗိုလ်ချုပ်ကြီး နေဝင်း တို့ က ခမ်းခမ်းနား ကြိုဆို ခဲ့ ကြပြီး ဘုရင် နဲ့ မိဖုယားကြီး ကိုယ်တိုင် က ရန်ကုန် မြို့ ဟာ နတ်ဘုံ၊ နတ်နန်းတမျှ လှပ ပြီး အခုလို လည်ပတ် ခွင့် ရ ခဲ့ တဲ့ အတွက် မြန်မာ အစိုး ရ ကို အထူးကျေးဇူး တင်ပါတယ် လို့ ဧည့်သည်တော် မှတ်တမ်း မှာ ရေးသား သွား ပါတယ်။ ဘုရင်ကြီး ရော၊ မိဖုယား မကြီး ပါ အခါ အားလျော်စွာ ရွှေတိဂုံ စေတီ တော် မြတ်ကြီး ကို ပဲ အထူးလျို့ဝှက် လည်ပတ် မှု နဲ့ လာရောက် ဖူးမြော်တာ တာ တွေ ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် နဲ့ စစ်အုပ်ချုပ်ရေး ခေတ် ထိ ပါ ဆက်ရှိ နေ ခဲ့ တယ် လို့ Freedom News Group က သိရ ပေမယ့် မြန်မာ အစိုးရ အဆက်ဆက် က သတင်း ထုတ်ပြန် တာမျိုး တစ်ခါ မှ မရှိ သလို ထိုင်း နိုင်ငံ ဘက်ကလည်း သတင်း ထုတ် ပြန် တာ မရှိ ခဲ့ ပါ။ ထိုင်း မိဖုယားကြီး သီရိခေတ် ဟာ မြန်မာ့ ရိုးရာ ဗေဒင်၊ ယတြာ အတတ် ကို အထူးယုံကြည်သူ တစ်ဦး ဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော် ဟာ ဆုတောင်း ပြည့်တယ် လို့ လဲ ယုံကြည်သက်ဝင် သူ တစ်ဦး ဖြစ်ပါတယ်။ (ဤ ဆောင်းပါးအား Freedom News Group မှ တင်ဆက်ပါသည်) ထိုင်း နိုင်ငံ ရဲ့စစ်တပ် အာ‌‌ဏာသိမ်းမှု တိုင်း မှာ မိဖုယားကြီး သီရိခေတ် ဟာ နောက်ကွယ် က ကြိုးကိုင် မှု ရှိ တယ်လို့ အနောက်တိုင်း သတင်း စာဆရာ တွေ က သုံးသပ် လေ့ရှိ ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မှာ ထိုင်းဝန်ကြီး ချုပ် သက်ဆင် ကို ဖယ်ရှား တဲ့ စစ်အာဏာသိမ်းမှု ကို တော့ နာမကျန်း စဖြစ် နေ တဲ့ ဘုရင်ကြီး ကိုယ်စား မိဖုရား ကြီး သီရိခေတ်က ကျကျနန ကြိုးကိုင် ခဲ့ တာလို့ သက်ဆင့် ထောက်ခံ

photo content

QR code ဆိုတာ အဖြူအမည်းနဲ့ဆွဲထားတဲ့ လေးထောင့်ကွက်ကလေးပါ။ အဲဒီအကွက်ကလေးကို စားသောက်ဆိုင်ကအစ လေဆိပ်တွေအထိ နေရာတိုင်းမှာ ကျွန်တော်တို့ စကန်ဖတ်ပြီး စာရင်းသွင်းလို့ရတယ်။ အဲဒီကောင်လေးကို ၁၉၉၄ ခုနှစ်မှာ ဂျပန်နိုင်ငံ Denso Wave ကုမ္ပဏီက မာဆာဟီရို ဟာရ Masahiro Hara ဆိုတဲ့သူက တီထွင်ခဲ့တာပါ။ သူ့ရဲ့တီထွင်မှုနဲ့ပတ်သက်ပြီး အလွန့်အလွန်ကို ထူးခြားဆန်းပြားတဲ့အချက်တစ်ခုကတော့ သူဟာ အဲဒီတီထွင်မှုကို မှတ်ပုံတင်ပြီးတော့ တီထွင်မှုကနေ ငွေဖြစ်အောင်ဖန်တီးမယ့်အစား လူတိုင်းကို အခမဲ့သုံးခွင့်ပြုလိုက်တာပါပဲ။ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ QR code တွေကို တစ်ကမ္ဘာလုံးပျံ့နှံ့သွားစေခဲ့ပါတယ်။ နည်းပညာခေတ်သစ်မှာ အသုံးအဝင်ဆုံးသော ဒီဂျစ်တယ်ပစ္စည်းတစ်ခု ဖြစ်လာခဲ့စေပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကာလကြီးအတွင်းမှာ QR code ဟာ မရေမတွက်နိုင်တဲ့ ငွေပေးချေမှုတွေ၊ နာမည်စာရင်းသွင်းတာတွေ၊ ကျန်းမာရေးရာဇဝင်လိုက်တာတွေအတွက် အသုံးဝင်ဆုံးနဲ့ အရေးအပါဆုံးဖြစ်ခဲ့ပြီး လူအချင်းချင်း ထိတွေ့မှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးနိုင်ခဲ့တဲ့အတွက် လူသန်းပေါင်းများစွာရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်၊ တကယ်လို့သာ ဟာရအနေနဲ့ သူ့ရဲ့တီထွင်မှုကို မှတ်ပုံတင်ပြီး မူပိုင်ခွင့်လုပ်ခဲ့မယ်ဆိုရင် သူဟာ ဒီအချိန်မှာ သမိုင်းကြောင်းတလျှောက် အချမ်းသာဆုံး တီထွင်သူတစ်ယောက်ဖြစ်နေမှာသေချာပါတယ်။ ဒီနေ့မှာဆိုရင် လူတွေဟာ နေ့စဉ်ဈေးဝယ်ရာကနေ အနုပညာပြခန်းတွေမှာအထိ QR code သန်းပေါင်းများစွာကို နေ့စဉ် စကန်ဖတ်နေကြပါပြီ။ လောဘတရားကိုအခြေတည်တဲ့ တီထွင်မှုတွေထက် စိတ်ကောင်းစေနာကောင်းကို အရင်းတည်တဲ့ တီထွင်မှုဟာ ကမ္ဘာကြီးကို ပိုပြီးပြောင်းလဲပေးနိုင်တယ်ဆိုတာကို ဟာရရဲ့ ဇာတ်လမ်းက သက်သေပြနေပါတယ်... ။ ကျေးဇူးတင် လေးစားပါတယ် မစ္စတာဟာရခင်ဗျား... ။ (Translated by #hankyi) QR codes—those little black-and-white squares we now scan everywhere from restaurants to boarding gates—were invented in 1994 by Masahiro Hara, an engineer at Denso Wave in Japan. What makes his story extraordinary is that instead of patenting and monetizing the invention, he made it free for everyone to use. This decision allowed QR codes to spread globally, becoming one of the most useful digital tools of the modern age. During the COVID-19 pandemic, QR codes became essential for contactless payments, check-ins, and health tracking, saving millions of lives through reduced contact. Had Hara chosen to patent the technology, he could have become one of the richest inventors in history. Instead, his decision reflected a belief that technology should serve humanity, not just profit. Today, billions of QR codes are scanned daily, from supply chains to art galleries. Hara’s story is a reminder that generosity in innovation can change the world far more than greed ever could. #Innovation #QRCodes #hankyi #TechForGood #Inspiration #englishtomyanmar

photo content