966
Subscribers
No data24 hours
-47 days
-1730 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
January '26
January '26
+2
in 0 channels
December '25
+1
in 0 channels
Get PRO
November '25
+15
in 3 channels
Get PRO
October '25
+6
in 0 channels
Get PRO
September '25
+3
in 0 channels
Get PRO
August '25
+33
in 5 channels
Get PRO
July '25
+8
in 3 channels
Get PRO
June '25
+8
in 0 channels
Get PRO
May '25
+53
in 3 channels
Get PRO
April '25
+22
in 5 channels
Get PRO
March '25
+23
in 3 channels
Get PRO
February '25
+62
in 2 channels
Get PRO
January '25
+89
in 5 channels
Get PRO
December '24
+39
in 6 channels
Get PRO
November '24
+41
in 2 channels
Get PRO
October '24
+29
in 2 channels
Get PRO
September '24
+36
in 2 channels
Get PRO
August '24
+58
in 2 channels
Get PRO
July '24
+14
in 2 channels
Get PRO
June '24
+18
in 2 channels
Get PRO
May '24
+8
in 2 channels
Get PRO
April '24
+7
in 2 channels
Get PRO
March '24
+25
in 2 channels
Get PRO
February '24
+19
in 0 channels
Get PRO
January '24
+30
in 2 channels
Get PRO
December '23
+59
in 2 channels
Get PRO
November '23
+126
in 2 channels
Get PRO
October '23
+27
in 3 channels
Get PRO
September '23
+54
in 0 channels
Get PRO
August '23
+39
in 0 channels
Get PRO
July '23
+53
in 0 channels
Get PRO
June '23
+38
in 0 channels
Get PRO
May '23
+35
in 0 channels
Get PRO
April '23
+102
in 0 channels
Get PRO
March '23
+119
in 0 channels
Get PRO
February '23
+21
in 0 channels
Get PRO
January '23
+340
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 31 January | 0 | |||
| 30 January | 0 | |||
| 29 January | 0 | |||
| 28 January | 0 | |||
| 27 January | 0 | |||
| 26 January | 0 | |||
| 25 January | 0 | |||
| 24 January | 0 | |||
| 23 January | 0 | |||
| 22 January | +1 | |||
| 21 January | 0 | |||
| 20 January | 0 | |||
| 19 January | 0 | |||
| 18 January | 0 | |||
| 17 January | 0 | |||
| 16 January | 0 | |||
| 15 January | +1 | |||
| 14 January | 0 | |||
| 13 January | 0 | |||
| 12 January | 0 | |||
| 11 January | 0 | |||
| 10 January | 0 | |||
| 09 January | 0 | |||
| 08 January | 0 | |||
| 07 January | 0 | |||
| 06 January | 0 | |||
| 05 January | 0 | |||
| 04 January | 0 | |||
| 03 January | 0 | |||
| 02 January | 0 | |||
| 01 January | 0 |
Channel Posts
| 2 | Sunday)´ လို့ သိခဲ့ကြတဲ့ ဂျန်မန်
လူမျိုးတွေကို အစုလိုက် အပြုံလိုက်
သတ်ဖြတ်ခဲ့မှုနှင့် ဆက်လက်၍
ကျူးလွန်နေကြတာဟာ ဂျာမန်
တပ်တွေ `လူးဝစ်ရှ် (Lowitsch)
မြို့ကို ရောက်ရှိတဲ့ စက်တင်ဘာ
(၁၈) ရက် အထိ ရှိနေခဲ့ပြီး ၎င်းတို့
ရောက်ရှိ လာချိန်မှသာ ဒီသတ်
ဖြတ်မှုတွေကနေ ဂျာမန်တိုင်းရင်း
သားတွေ လွတ်မြောက်ခဲ့ကြရ
ပါတော့တယ်။
❓ ဒီအကြောင်းတွေကိုလည်း
ကမ္ဘာ့သမိုင်းမှာ ယနေ့အထိ
ထင်ထင်ရှားရှား ဖော်ပြမှု မရှိဘဲ
ပျောက်ဆုံးလျှက် ရှိနေဆဲပါ။
👉 ဒါပေသိ ထိုသို့ ရက်စက်
ယုတ်မာသော အဖြစ်ကို
ကျူးလွန်သူ အပေါင်းကိုတော့
ပြစ်မှု ထင်ရှားသဖြင့် ဂျာမန်
လက်ဖြောင့် တပ်သားတို့၏
ပစ်သတ်ခြင်းဖြင့် အသက်ကို
အသက်ဖြင့်သာ ပြန်လည်
ပေးဆပ်ခဲ့ရပါလေတော့
သတည်း။
#Ref: ၂၀၁၅ - ခုနှစ်၊
သူရိယနေဝန်း ဂျာနယ်တွင်
ပုံနှိပ်ဖော်ပြခဲ့သော မိမိရေး
သားခဲ့သည့် "သမိုင်းက
မပြောသော ဟစ်တလာ
အကြောင်း" အခန်းဆက်မှ
အပိုင်းတစ်ပိုင်းသာလျှင်
ဖြစ်ပါသည်။
(Andrew Soe)
10th Nov 2025 | 0 |
| 3 | 🔴 ဒီလို အခြေအနေဆိုး
အောက်မှာ ဟစ်တလာအနေ
နှင့် သူ့လူမျိုးတွေကို ပိုလန်
ကနေ ကယ်မထုတ်နိုင်လျှင်
သို့တည်းမဟုတ် စစ်ရေးအရ
ဝင်ရောက် မတားဆီးနိုင်ဘူး
ဆိုလျှင် သူ့လူမျိုး အားလုံး
သေချာပေါက် အသတ်ခံ
ရမယ်ဆိုတာကို စိုးရိမ်မှု
အပြည့်ရှိနေတာ မဆန်းပါ။
🟡 အကယ်၍ စစ်ရေးအရ
တုံ့ပြန် ပြန်ရင်လည်း ပိုလန်
အစိုးရရဲ့ကျောထောက်နောက်
ခံ နိုင်ငံတွေ ဖြစ်သည့် ပြင်သစ်၊
အင်္ဂလိပ်တို့နှင့် ထိပ်တိုက် တိုး
မယ်ဆိုတာ အသေအချာ
တွက်ချက် လို့ရပေမယ့်
ဆိုဗီယက် ရုရှားက ဝင်ပါ
မည်လော (သို့မဟုတ်)
လက်ရှောင်နေမည်လော
ဆိုတာကို ချီတုံချတုံ စဉ်းစားရ
ကြပ်နေတာကြောင့် ရုရှ ပါဝင်
မလာနိုင်အောင် ဂျာမန် နိုင်ငံခြား
ရေးဝန်ကြီး ရစ်ဘင်ထရော့
(Joachim von Ribbentrop)´
ကို မော်စကိုသို့စေလွှတ်ပြီး
ရုရှ ခေါင်းဆောင် စတာလင်
(Joseph Stalin)´ နှင့် ရုရှ
နိုင်ငံခြားရေး ကော်မစ်စာ
မိုလိုတော့တို့နှင့်ပါ ဆွေးနွေး
ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။
🔴 ရစ်ဘင်ထရော့၏
ကြိုးပမ်းမှု့ကြောင့် ဂျာမန် -
ဆိုဗီယက် မကျူးကျော်ရေး
စာချုပ် (German - Soviet Non -
aggression Pact)´ ကို စစ်ကြီး
မဖြစ်ခင် တစ်လအလို ၁၉၃၉ ခုနှစ်၊
ဩဂုတ်လ (၂၃) ရက်နေ့မှာ အောင်
မြင်စွာ ချုပ်ဆိုနိုင်ခဲ့တယ်။
🟡 ပထမကမ္ဘာစစ်အတွင်းမှာ
သာမန် ဆက်သား စစ်သားလေး
ဟစ်တလာ၏ နှလုံးသားထဲ စွဲမြဲ
အမာရွတ်ထင် ကျန်ရစ်နေသော
ဂျာမဏီကို စစ်ရှုံးစေသည့်
"နောက်ကျောကို ဓားထိုး ခံရခြင်း"
မှ လွတ်ကင်းအောင် ယခုဆိုလျှင်
ဆိုဗီယက် ရုရှားကို နောက်ကျော
လုံအောင် ချွေးသိပ် နိုင်ခဲ့ပြီမို့သူ့
လူမျိုး အားလုံးကို ကယ်တင်ရန်
အဖုအထစ်မရှိ နောက်ခြေလှမ်း
တစ်လှမ်း လှမ်းရန် အဖက်ဖက်
က အဆင်သင့် ဖြစ်ခဲ့ပြီ မဟုတ်
ပါလော။
❓ ထိုသို့သော နောက်
ခြေလှမ်း တစ်လှမ်းကတော့။
💣 (၁၉၃၉) ခုနှစ်၊ စက်တင်ဘာ
(၁) ရက်နေ့ နံနက် လင်းအားကြီး
(၄) နာရီ (၄၅) မိနစ်မှာ ဂျာမန်
စစ်တပ်ကြီး နယ်စပ် ကျော်ဖြတ်ပြီး
ပိုလန်ကို အလုံး အရင်းနှင့် ဝင်တိုက်
တော့တာပါပဲ။
✈️ ဂျာမန်လေတပ် (German
Luftwaffe)´ က ပိုလန် ရေတပ်
အခြေစိုက်ရာ ဘော်လ်တစ် ပင်
လယ်ထဲရှိ စစ်စခန်းတွေကို
ဂျာမန် စစ်သင်္ဘော၊ ရေငုပ်
သင်္ဘော (U-boats) တွေနှင့်ပါ
မြေပြင်တိုက်ခိုက်ချိန်နှင့် တစ်ချိန်
တည်း လိုလိုတိုက်ခိုက်ပါတယ်။
🇩🇪 ဂျာမန်စစ်သည်ပေါင်း
တစ်သန်းကျော်နှင့် အကြီး
အကျယ် ထိုးစစ်ဆင်ခြင်း
အကြောင်းက ပိုလန်အစိုးရ
ထက်ကို ၎င်းတို့နောက်တွင်
မြှောက်ပေးနေတဲ့ အင်္ဂလိပ်
နှင့် ပြင်သစ်ကို အင်အားပြခြင်း
က အဓိကအချက်ဖြစ်တယ်။
🔴 တစ်ချိန်တည်းမှာ
ဟစ်တလာက ကရိုးလ်
အော်ပရာ ဇာတ်ရုံကို
ရိုက်ချ်စတက် လွှတ်တော်
လုပ်ပြီး ကမ္ဘာကို မိန့်ခွန်း
ပြောကြားပါတယ်။
💵 သာမန်ထက် ထူးခြားပြီး
အံ့မခန်းသော သူ၏ မိန့်ခွန်း
ထဲတွင် "ဒန်းဇစ်မြို့ဟာ ယခင်
ကတည်း က ဂျာမန်ယဉ်ကျေး
မှုနှင့် ထွန်းကားလာတဲ့ ဂျာမန်
မြို့ဖြစ်ကြောင်း၊ ဒီကနေ့ကိုယ့်
မြို့ကို ကိုယ်ပြန် ယူတာဖြစ်ပြီး
ပိုလန်သံအမတ်ကိုလည်း လွန်
ခဲ့တဲ့ သုံးပတ်အလို အချိန်က
တည်းက သတိပေးထားသလို၊
ဒီလိုသာ ကျွနု်ပ်တို့လူမျိုးတွေကို
ခင်ဗျားတို့တတွေ ဆက်လက်
နှိပ်စက် ညှဉ်းပန်းနေမယ်၊ ဒန်းဇစ်
မြို့ကိုလည်း မောင်ပိုင် စီးပြီး
စီးပွားရေးအရ ထိုးနှက်နေမယ်
ဆိုရင်တော့ ကျွနု်ပ်သီးခံ နိုင်တော့
မယ် မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း၊
ပြေလည်အောင် ဖြေရှင်း ကြရ
အောင်လို့ အကြိမ်ကြိမ် ပြောခဲ့
ပေမယ့် ဂရုမစိုက် လစ်လျုရှု့
ခဲ့တဲ့ အဖြေကို ခင်ဗျားတို့
ဒီကနေ့ရရှိကြတာ ဖြစ်ကြောင်း"
ဟု ပိုလန် အစိုးရကို တိုက်ရိုက်
ရည်ညွှန်းပြောကြားသွားခဲ့
ပါတယ်။
🟡 ယခုအချိန် မှာတော့ ဘယ်အရာ
က မှ သူ့ရဲ့ စစ်တပ်ကြီး ကို မဟန့်
တားနိုင်တော့သလို ပိုလန် တစ်နိုင်
ငံလုံး တွေ့မြင်နေရတာကတော့
ဗုံးတစ်လုံးပြီး တစ်လုံး ကျရောက်
ပေါက်ကွဲ သေကြေ ပျက်စီးခြင်းနှင့်
သာ နှစ်ပါးသွားနေရပါပြီ။
🇵🇱 ဂျာမန်လက်နက်ကိုင်
တပ်မတော် ကို အထင်သေး
တွက်ချက်မှုမှားခဲ့တဲ့အတွက်
ပိုလန်အစိုးရ တန်ဘိုး ကြီးစွာ
ပေးဆပ်ခဲ့ရသလို ဂျာမန်လို
Blitzkrieg (Lightning War /
လျှပ်တစ်ပြက် ထိုးစစ်၊ ပြောက်
ကျားစစ်)´ လို့ခေါ်တဲ့ ရှောင်တခင်
လျင်မြန်တဲ့အဟုန်နှင့် ရုတ်တရက်
မထင်မှတ်ဘဲ ထိုးစစ်ဆင်သော
စစ်နည်းဗျူဟာကို ပိုလန်စစ်တပ်
တွန်းလှန်နိုင်စွမ်းမရှိပါ။
🔴 စစ်ကြီး မဖြစ်ခင်လေး
အချိန်မှာ ပိုလန်နိုင်ငံထဲရှိ
ဂျာမန်လူမျိုး (၅၈,၀၀၀) ကို
ရက်ရက်စက်စက် သတ်ဖြတ်
ခဲ့တဲ့ ကိစ္စတွင် ပိုလန် ကို
သိမ်းပိုက်ပြီး မဆိုင်းမတွပင်
အက်ဥပဒေ ပြဋ္ဌာန်း၍ အရေး
တကြီး ဆောင်ရွက်ပါတယ်။
🟡 (၁၉၃၉) ခုနှစ်၊ (၃၁) ဩဂုတ်
လနှင့် (၆) ရက် စက်တင်ဘာလ
အကြား စက်တင်ဘာ (၃) ရက်နေ့
တွင် ဘရွန်းဘတ် (Bromberg)´
မြို့တွင် အထင်ကရ အကြီးအကျယ်
သတ်ဖြတ်ခဲ့တဲ့ နောင်သောအခါ
`သွေးစွန်းသော တနင်္ဂနွေ (Bloody | 0 |
| 4 | "သမိုင်းက မပြောသော သူ့အကြောင်း"
------------------------------------
#ဟစ်တလာ ဂျူးတွေကို
ဘာ့ကြောင့် သတ်ခဲ့ရတာလဲ?
#သမိုင်းနောက်ကွယ်က
သွေးစွန်းသော တနင်္ဂနွေ
(Bloody Sunday)´ နှင့်
ဒုတိယကမ္ဘ္ဘာစစ်အစ
ပိုလန်ကို ဝင်ရောက်
တိုက်ခိုက်ရခြင်း။
🔴 (၁၉၃၉) ခုနှစ်အစဖြစ်သော
ဂျာမန် - ပိုလန် ပဋိပက္ခတွင်
ပိုလန်လူမျိုးတွေက ဂျာမန်
ပိုင်နက် နယ်မြေဖြစ်သော
အရှေ့ပရပ်ရှား ပြည်နယ်
ထဲကို ပိုလန်၏ ကမ်းခြေမြို့
ဖြစ်သည့် ဒန်းဇစ် (Danzig)´
ကနေ ကျူးကျော် ဝင်ရောက်
ရာကနေ အချင်းများကြကာ
ပြသာနာ ကြီးထွား လာခဲ့ပါ
တယ်။
🟡 ဟစ်တလာက ဒီပြသာနာ
အပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းဖို့
ကမ်းလှမ်းပေမယ့် တည်ကြည်
လေးနက်စွာ ဆွေးနွေးညှိနှိုင်းခြင်း
ကို ပိုလန်တွေက ငြင်းဆန်ပယ်
ချခဲ့တယ်။
🔴 ပိုလန်နိုင်ငံအတွင်းရှိ
လူနည်းစု ဂျာမန်တိုင်းရင်း
သားတွေ လုံခြုံရေးအတွက်
ဟစ်တလာမှာ သောကပွေ
လာပြီး ဦးစားပေး စဉ်းစား
စရာ ဖြစ်လာပါတယ်။
🟡 (၁၉၃၄) ခုနှစ် ကတည်းက
အရှေ့ပရပ်ရှားနှင့် ဒန်းဇစ်မြို့
ကို ပိုလန်တွေက ဖြတ်တောက်
ထားရှိခဲ့ပြီး ဝါဆောအစိုးရက
ဒီဆိပ်ကမ်းမြို့ကို စစ်ရေးအရ
အရေးပါ အရာရောက်မှန်းသိလို့
ထိန်းချုပ်ထားခဲ့ကြပါတယ်။
🔴 ထိုနည်းတူပင် အနောက်
ပရပ်ရှားရှိ ဆိပ်ကမ်း မြို့နှစ်မြို့
ကိုလည်း ပိတ်ဆို့ထားရှိပါတယ်။
🟡 ဟစ်တလာက ပြေလည်
အောင် ဆွေးနွေးဖို့ အကြိမ်ကြိမ်
ကြိုးစားခဲ့ပါသော်လည်း မအောင်
မြင်ပါ။
🔴 အင်္ဂလိပ်နှင့် ပြင်သစ် နောက်ခံ
အင်အား ရှိနေသည့်အတွက် ပိုလန်
က ဒီပြသာနာအပေါ် ခေါင်းမာပြီး
ဂျာမဏီနှင့် ကောင်းစွာ ဆွေးနွေး
ညှိနှိုင်းခြင်း မပြုတာ ဖြစ်ပါတယ်။
🟡 တစ်ချိန်တည်းမှာပဲ ပြသာနာ
ရဲ့ မီးစကို မီးတောက် ဖြစ်အောင်
မီးရှို့ပေးမယ့် ကိစ္စတစ်ခုကိုလည်း
ဝါဆောအစိုးရက မဆင်မခြင်
ထပ်မံပြုလုပ်လာပါတယ်။
🔴 အနောက်ဖက်ရှိ ပိုလန်
နယ်စပ်ကို နယ်မြေ ချဲ့ထွင်တဲ့
အနေနဲ့ ဘာလင်မြို့ဖက်ကို
ရုတ်တရက် စီမံကိန်းချပြီး
မြေနေရာ တိုးချဲ့လာတဲ့အပြင်
ပိုလန်နိုင်ငံ တစ်ဝှမ်းလုံးရှိ
တိုင်းရင်းသာလူမျိုးများအပြင်
ဂျာမန်မျိုးနွယ်စုတွေကိုလည်း
လူမျိုးရေး၊ ဘာသာရေးအရ
စနစ်တကျ ခွဲခြား ဖိနှိပ် သတ်
ဖြတ်မှုတွေ လုပ်လာခဲ့ပါတယ်။
🟡 ညစဉ်လိုလို ပိုလန်နယ်စပ်
တစ်လျှောက် သေနတ်သံများ
ကြားကြရပြီး ဂျာမဏီပြည်ထဲ
ပြေးဝင် ခိုလှုံသူတွေ တစ်နေ့
တစ်ခြား ပိုများလာနေပါတယ်။
🔴 ဒုတိယကမ္ဘာစစ်ကြီး
မဖြစ်ခင် အချိန်တိုအတွင်းမှာ
ပိုလန်တွေရဲ့ ရက်စက်မှု့ကြောင့်
ဒန်းဇစ်မှ ဂျာမနီနိုင်ငံအတွင်းသို့
ထွက်ပြေးလာသော ဒုက္ခသည်
(၈၀,၀၀၀) နီးပါး ရှိနှင့်နေပါပြီ။
🟡 အထူးသဖြင့် စိတ်ဓာတ်
ခြောက်ခြားလန့်ဖြတ်လျှက်
လုံခြုံမှု ကင်းမဲ့နေကြသော
ပိုလန်ထဲရှိ ဂျာမန် အနွယ်ဝင်
တို့ကို ဖိနှိပ် သတ်ဖြတ်နေခြင်း
ကိစ္စတွေ ပိုမို ဆိုးရွားစွာ တိုးပွား
လာနေခြင်းက စစ်ဖြစ်ရန် အရေး
အကြီးဆုံးသော အချက်ကို ဖြစ်
ပေါ်စေခဲ့ပါတော့တယ်။
🔴 ထိုအချိန် ပိုလန်တွေရဲ့
ရက်စက်မှုတွေကို ကမ္ဘာက
အသေအချာ သိရှိကြသလို
အထူးသဖြင့် စစ်နိုင်ခဲ့သူ
အင်္ဂလိပ်၊ ပြင်သစ်နှင့် ရုရှတို့
ကောင်းကောင်း သိကြပေမယ့်
နုတ်ဆိတ်ကာ အရေးမယူ မသိ
ချင်ဟန်ဆောင် ဥပက္ခာပြု လစ်
လျှူ ရှု့ထားခဲ့ကြပါတယ်။
🟡 ဒီလိုနည်းနှင့် ပိုလန်မှ ဝါဆော
အစိုးရကို မြှောက်ထိုးပင့်ကော်
လုပ်ပေးမှု့ကြောင့် ဒန်းဇစ်
အစုလိုက်အပြုံလိုက် သတ်ဖြတ်
မှု (Danzig Massacres)´ ကိစ္စ
(သို့မဟုတ်) သွေးစွန်းသော
တနင်္ဂနွေ (Bloody Sunday)´
ဟု ခေါ်ဆိုသော ကြောက်မက်
ဖွယ်ရာ သတ်ဖြတ်မှုကြီး တစ်ခု
စစ်ကြီး မဖြစ်ခင် (၅) လ အလို
ဧပြီလ၊ ၁၉၃၉ - ခုနှစ်မှာ ဖြစ်ပေါ်
လာခဲ့ပါတော့တယ်။
🔴 လက်တွေ့သတ်ဖြတ်သူများ
ကတော့ ပိုလန် စစ်တပ်က ကျော
ထောက်နောက်ခံ ပြုပေးထားတဲ့
`ဇီယွန်ဝါဒီ (Zionist)´ ဂျူးလူမျိုး
တွေ ဖြစ်ကြပါတယ်။
🟡 ဂျာမန်လူမျိုး (၅၈,၀၀၀)
ကျော် ရက်စက်စွာ သတ်ဖြတ်
ခြင်း ခံခဲ့ရပါတယ်။
🔴 ထိုသတ်ဖြတ်မှုကြီးကြောင့်
ဟစ်တလာအနေနှင့် ပိုလန်ကို
အလျင်အမြန် ဝင်ရောက် တိုက်
ခိုက် သိမ်းပိုက်ရန်မှတစ်ပါး
အခြား မရှိတော့ပါ။
🟡 ဒီကိစ္စကို သမိုင်းဆရာ
အတော်များများက ဖုံးဖုံးဖိဖိ
ရေးသားခဲ့ကြသလို အချက်
အလက် မှတ်တမ်း ဓါတ်ပုံ
တွေကိုလည်း ဖျက်ဆီးခဲ့ကြ
တာကြောင့် ကမ္ဘာမှာ လွန်စွာ
လူသိနည်းသော ကိစ္စနှင့်
စစ်ကြီး ဖြစ်ပေါ်လာပုံ
ကွင်းဆက်ပြတ်သွားပြီး
စစ်နိုင်သူတို့ ထုံးစံအတိုင်း
ဂျာမဏီ နာဇီ ဟစ်တလာ
ကိုသာ အပြစ်အားလုံး
ပုံချကာ ရေးသားကြပါ
တော့တယ်။
🔴 ထိုသို့ ဂျာမန်အနွယ်ဝင်
တွေကို ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့တဲ့ ပိုလန် အစိုးရ
နှင့် အထူးသဖြင့် ပိုလန်ဂျူးတွေ
ကို ဟစ်တလာရဲ့ နာဇီတပ်တွေ
ပိုလန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း
လက်စားချေခဲ့တာကိုတော့ ကမ္ဘာ
က မမေ့နိုင်အောင် ယနေ့အထိ
ထုတ်ဖော်ရေးသားနေဆဲပါ။
🟡 အနောက် ပရပ်ရှားမှာ
ရှိသည့် ဂျာမန်အနွယ်ဝင်
အိမ်များကို ပိုလန် အစိုးရ
စစ်သားများနှင့် ဇီယွန်နစ်
ဂျူးများက အကြမ်းဖက်
လုယက်၊ မီးရှို့၊ မုဒိမ်းကျင့်
ကြယုံမျှမက အမျိုးသားများကို
မြို့ပြင်ထုတ် လက်နောက်ပြန်
ကြိုးတုတ်ပြီး တန်းစီ ပစ်သတ်
ခဲ့ကြပါတယ်။ | 0 |
| 5 | No text... | 0 |
| 6 | ဒေါက်တာဘသန်းသည် ၁၉၄၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိခွဲစိတ်ဌာန အကြီးအကဲအဖြစ်ထမ်းဆောင်ခဲ့သည်။ စစ်အတွင်းကဆေးရုံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဒေါက်တာကြည်ပေါကသူ့နေရာဆက်ခံခဲ့ပါတယ်။ ဒေါက်တာဘသန်းသည် မန္တလေး ဆေးကျောင်းတွင် ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အထိ မန္တလေးဆေးပညာ ပထမဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၆၄ ခုနှစ်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သောဒေါက်တာဘသန်း သည်ရန်ကုန်တက္ကသိုလ်မှခွဲထွက်လာသောရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ပထမဆုံးပါမောက္ခချုပ် ဖြစ်လာခဲ့သည်။ကျောင်းသားဟောင်းများအဆိုအရပါမောက္ခ ဒေါက်တာဘသန်းသည် "ဇွဲ" ၏ အရေးပါမှုကိုကျောင်းသားများအားမပြာခဏဟောပြောခဲ့ပြီးပြီးကျောင်းတွင် ဂီတအဖွဲ့များ စီစဉ်ခြင်းနှင့် ဇွဲ အကြောင်းကို ကျောင်းပွဲများတွင်သီချင်းပင်သီဆိုခဲ့သည်။
ဒေါက်တာဘသန်းသည်အားလပ်ချိန်များတွင်ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး (ဂန္ဒီဆေးရုံ)တွင် အတိုင်ပင်ခံခွဲစိတ်ဆရာဝန်အဖြစ် အသက် ၇၀ နှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာဘသန်းသည် ၁၉၇၁ တွင်အငြိမ်းစားယူပြီးမကြာခင်အသက် ၇၆ နှစ် အရွယ်တွင်ကွယ်လွန်ခဲ့သည်။ပါမောက္ခဒေါက်တာဘသန်းအား "သီရိပျံချီ" ဘွဲ့ကိုအစိုးရကချီးမြှင့်ခဲ့သည်။
Source: Wikipedia
လွင်ဦး(ရန်ကင်း)
#lwinooyankin | 0 |
| 7 | ဒေါက်တာဘသန်းအတွက်ခေါင်းခဲစရာတစ်ခုမှာဂျပန်ကင်ပေတိုင်ထောက်လှမ်းရေးမှဝင်ရောက် စွက်ဖက်ခြင်းပင်ဖြစ်သည်။ဂျပန်အေးဂျင့်များကနှစ်ရှည်လူနာအဖြစ်ပင်သူ့ကိုအနီးကပ် စောင့်ကြည့်ခဲ့ကြသည်။သို့သော်ပြဿနာမှာစစ်တန်းလျားမှဂျပန်တပ်သားများကလူနာများ၊ဝန်ထမ်းများနှင့်သူနာပြုများကိုနှိပ်စက်ခြင်းဖြစ်သည်။
ဒေါက်တာဘသန်းကိုယ်တိုင်လည်း ဂျပန်စစ်သားများ၏ပြင်းထန်စွာ စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။၁၉၄၃ ခုနှစ်တွင်ဂျပန်တို့သည် ထိုင်း - မြန်မာနယ်စပ်ရှိ သေမင်းတမန် မီးရထား တွင် အလုပ်လုပ်ရန် ဆေးရုံမှဆရာဝန်များကိုစတင်စေလွှတ်ခဲ့ပြီးလူအများစုမှာသေဒဏ်ချမှတ်ခံရသလို သေဆုံးခဲ့ရသည်။
ဒေါက်တာဘသန်းသည်အလုပ်အရမ်းများနေသောဝန်ထမ်းတွေကို အားပေးခဲ့ပြီးစိတ်ဓာတ်တက်ကြွရန် ဂီတဖျော်ဖြေပွဲများလုပ်ပေးခဲ့သည်။ ဒေါက်တာဘသန်းသည်စန္ဒယားနှင့်ပတ္တလားဝါသနာရှင်ဖြစ်ပြီးလူနာများအတွက်သူ၏ဝန်ထမ်းများမှတေးဂီတနှင့် အော်ပရာဖျော်ဖြေပွဲငယ်များကို စီစဉ်ပေးခဲ့သည်။ဒေါက်တာဘသန်းသည်မန္တလေးသူဒေါ်ခင်ကြည်နှင့်အကြောင်းပါခဲ့ပြီးကလေးနှစ်ယောက်ရခဲ့သည်။သူ၏ကလေးနှစ်ဦးဖြစ်သည့်ခင်မေသန်းနှင့်ကျော်သန်းကိုဆေးရုံပွဲများတွင်ဖျော်ဖြေစေခဲ့သည်။
ဒေါက်တာဘသန်းဦးစီးသည့်ဆေးရုံ(ယခင်ရန်ကုန်စစ်ရုံးချုပ်)တွင်ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်နေဝင်း ၊ ဗိုလ်လကျာ်၊သခင်သန်းထွန်း ၊ သခင်မြ ၊ သခင်ဖိုးလှကြီး ၊ ဦးဘချို ၊ ဦးကျော်ငြိမ်း ၊ အိန္ဒိယခေါင်းဆောင်ဆူဘတ်ချန္ဒရာဘို့(စ်) တို့လိုသမိုင်းအရအရေးပါတဲ့သူများကိုကုသပေးခဲ့တဲ့ဆေးရုံဖြစ်ပါသည်။ဗိုလ်ချုပ်အောင်ဆန်းနှင့် သူနာပြုဒေါ်ခင်ကြည်တို့စတင်ဆုံတွေခဲ့ရာနေရာလည်းဖြစ်သည်။ဒေါက်တာဘသန်းကဆေးရုံမှာဗိုလ်ချုပ်မင်္ဂလာဧည့်ခံပွဲကိုစီစဉ်ပေးပြီးကိုယ်တိုင်သီချင်းဆိုစန္ဒယားတီးချီးမြှင့်ပေးခဲ့သည်။
ဒေါက်တာဘသန်းသည် ၁၉၄၃ ခုနှစ်တွင်မြန်မာနိုင်ငံတွင်ဆေးနှင့် သူနာပြုကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများသည်အခြေခံဆေးဘက်ဆိုင်ရာဝန်ထမ်းများသာရှိသော မြန်မာစစ်တပ်အပါအဝင် နိုင်ငံတဝှမ်းဆေးဝန်ထမ်းများပြတ်လပ်မှုကိုဖြေရှင်းရန် ဖြစ်သည်။ ဆေးရုံသည် ၁၉၄၂ ခုနှစ်တွင် သမားတော်များနှင့်သူနာပြုများကိုပိုခန့်လာနိုင်သော်လည်းလူနာများပိုမိုများပြား လာခဲ့သည်။
ဒေါက်တာဘသန်းသည်ဂျပန်အထူးကု/ ပါမောက္ခ Dr. Asahi၊ Suji၊ Dr.Horibe နှင့် Dr.Shikuma တို့ကိုဆေးရုံတွင် ခန့်ထားနိုင်ခဲ့သည်။စစ်အတွင်းဆေးကျောင်းသည် MBBS ဘွဲ့မဟုတ် သေးပဲ ၂ နှစ်ခွဲတက် LSMP (လိုင်စင်ရခွဲစိတ်ကုသမှုနှင့်ဆေးဘက်ဆိုင်ရာလေ့ကျင့်ရေး) ကျောင်းဖြစ်သည်။ကျောင်းစဆင်းသည့် ၁၉၄၄ ခုနှစ်ဇွန်လတတန်းလုံးကိုဗမာ့တပ်မတော်မှခေါ်ယူအလုပ်ခန့်အပ်ခဲ့သည်။
ဆေးကျောင်းအတန်းသစ်သည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းဆင်းဘွဲ့ရခဲ့သည်။သူနာပြုကျောင်း၏ အတန်းများကို ညနေပိုင်းတွင် ဆေးရုံ၌ပင် သင်ကြားခဲ့ပြီးအစပိုင်းတွင် အကြီးတန်း သူနာပြု နှစ်ဦးတို့က သင်ကြားခဲ့ပြီးနောက်ပိုင်းတွင်ဘွဲ့ရများကသင်ကြားပေးခဲ့သည်။ဒေါက်တာဘသန်း၊ဒေါက်တာဆန်နှင့်ဒေါက်တာရင်မေတို့က ကြီးကြပ်စာမေးပွဲစစ်ပေးသည်။
၁၉၄၅ ခုနှစ်အင်္ဂလိပ်တပ်များရန်ကုန်ပြန်လာပြီးဒေါက်တာဘသန်းကိုဂျပန်တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက်ဗြိတိသျှတို့က အကြိမ်ကြိမ်စစ်မေးခဲ့ကြသည်။အင်္ဂလိပ်ကဒေါက်တာဘသန်းအားဂျပန်ခေတ်ဆေးရုံဆိုးရွားသော အခြေအနေများအတွက်သာပြစ်တင်ရှုတ်ချခဲ့ပြီး ၁၉၄၅ ခုနှစ် ဇူလိုင်လတွင်ဆေးရုံကိုပိတ်ပစ်ခဲ့သည်။
၁၉၄၆ တွင်ဗြိတိသျှတို့က RMC (Rangoon Medical Colleagues) ကိုရန်ကုန်တက္ကသိုလ်ဆေးပညာဌာနအဖြစ်ပြန်လည်စတင်ခဲ့ပြီးဒေါက်တာ W.ဘာရစ်ခ်ျကိုပထမဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။၁၉၄၇ တွင်ဒုတိယဗိုလ်မှူးကြီးဒေါက်တာမင်းစိန် (ဒေါက်တာရင်မေ) ၏ခင်ပွန်းကို ခန့်အပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့မြန်မာပြည်မှထွက်ခွာသွားချိန်အထိဒေါက်တာဘသန်းသည်ဌာနမှူးမဖြစ်ခဲ့ပေ။
ဒေါက်တာဘသန်းသည်ထိပ်တန်းခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။နာမည်ကျော်နိုင်ငံရေးသမားများ၊လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူများ၏ အလောင်းကို စစ်ဆေးခြင်းအတွက်သူ့ကိုအမှတ်ရနေကြသည်။ဒေါက်တာဘသန်းသည်ဗိုလ်ချုပ်အောင်ဆန်းအလောင်းကို ခွဲစိပ်စစ်ဆေးရန်ဦးဆောင်ခဲ့ပြီးတရားရုံးတွင်သေမှုသေခင်းထွက်ဆိုခဲ့သည်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရခါစ တိုင်းပြည်၏ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးဦးတင် ထွဋ် (ICS) အလောင်းကိုစစ်ဆေးခဲ့သည်။ ဦးတင်ထွဋ်သည် ၁၉၄၇ ခုနှစ်ဇူလိုင် ၁၉ လုပ်ကြံခံရမှုမှလွတ်မြောက်ခဲ့သော်လည်းဒုတိယအကြိမ်လုပ်ကြံမှုမှမလွတ်မြောက်ခဲ့ပေ။ ဒေါက်တာဘသန်း ၁၉၄၃ ခုနှစ်တွင်ကွယ်လွန်သည့်သခင်ဖိုးလှကြီးအလောင်းကိုလည်းစစ်ဆေးခဲ့သေးသည်။
ဆေးတက္ကသိုလ် (၁) လမ်းမ တော်ရန်ကုန်တွင်လွတ်လပ်ရေးရပြီးနောက်ဒေါက်တာဘသန်းသည် တိုင်းပြည်တွင်ဆေးပညာ တိုးချဲ့ရေးကိုအာရုံစိုက်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ စ၍ သူနှင့် ဒေါက်တာမင်းစိန်တို့ နောက် ၁၁ နှစ်ကြာ လမ်းမတော်ဆေးကျောင်းတွင် ဌာနမှူးအဖြစ် အလှည့်ကျ တာဝန်ယူခဲ့ကြသည်။ | 0 |
| 8 | "ပါမောက္ခဒေါက်တာဘသန်း"
သီရိပျံချီပါမောက္ခဒေါက်တာဘသန်း (FRCS, FACS, FICS) သည်မူ့ခင်းဘက်ဆိုင်ရာခွဲစိတ်ဆရာဝန်ကြီးဖြစ်သည်။မြန်မာနိုင်ငံတွင်ပထမဆုံးသောမှုခင်းခွဲစိတ်ဆရာဝန်ကြီးဒေါက်တာဘသန်းသည်ရန်ကုန်ဆေးရုံကြီးနှင့်ဂျပန်ခေတ် (၁၉၄၂ - ၁၉၄၅) စစ်အတွင်းဆေးရုံ(ရန်ကုန်စစ်ရုံးနေရာဟောင်း)နှင့်သူနာပြုကျောင်းကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဒေါက်တာဘသန်းသည်ရန်ကုန်နှင့်မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
ဒေါက်တာဘသန်းသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်ကားဗုံးပေါက်ကွဲ၍လုပ်ကြံခံရသောဦးတင်ထွဋ်(ICS)အပါအဝင်နာမည်ကြီး နိုင်ငံရေးသမားများ၏အလောင်းကိုခွဲစိတ်စစ်ဆေးခြင်းကြောင့်လူသိများသည်။ဒေါက်တာဘသန်း၏သမီးဖြစ်သူဒေါ်ခင်မေသန်းသည်ကာ/ချုပ်ဗိုလ်ချုပ်နေဝင်း၏တတိယမြောက်ဇနီးဖြစ်သည်။
ဒေါက်တာဘသန်းကို ၁၈၉၅ ခုနှစ်တွင်ဦးကင်းနှင့်ဒေါ်ဆွေတို့ကပြွန်တန်ဆာမြို့တွင်မွေးဖွားခဲ့သည်။ရန်ကုန်စိန့်ပေါလ်အထက်တန်းကျောင်းမှဆယ်တန်း အောင်ပြီး ၁၉၁၄ ခုနှစ်တွင်ရန်ကုန်ကောလိပ်တက်ရောက်ခဲ့သည်။ ၁၉၂၂ တွင်အိန္ဒိယနိုင်ငံ ကလက္ကတ္တားဆေးတက္ကသိုလ်တွင်ဆေးပညာသင်ယူခဲ့သည်။
ဒေါက်တာဘသန်းသည် ၁၉၂၂ ခုနှစ်တွင်ကျန်းမာရေးဌာနတွင်မြို့ပြလက်ထောက်ခွဲစိတ်ဆရာဝန် (CAS) အဖြစ်စတင်အလုပ်ဝင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံ Edinburgh တော်ဝင်ကောလိပ်ခွဲစိတ်ဆရာဝန်များအဖွဲ့မှ တော်ဝင်ခွဲစိတ်ဆရာဝန်ဘွဲ့(FRCS) လက်မှတ်ရရှိခဲ့သည်။ ၁၉၂၃ တွင်မြန်မာနိုင်ငံ၏ပထမဆုံးဆရာဝန်ဘွဲ့ (MBBS) အစီအစဉ်ကစတင်ရာ ဒေါက်တာဘသန်းဦးဆောင်ပါဝင်ခဲ့သည်။
ဒေါက်တာဘသန်းသည်ကိုလိုနီခေတ်ရန်ကုန်တွင်ရှိသောနိုင်ငံခြားသမားတော်များနှင့်အထူးကုဆရာဝန်ကြီးများဖြင့်ဖွဲ့ထားသည့်ဆေးအသိုက်အဝန်းတွင်ပါဝင်ခဲ့သည်။သူ၏အလုပ်ကျင့်ဝတ်ကြောင့်လူသိများသောဆောင်ပုဒ်မှာ “ဇွဲ” ဖြစ်သည်။သမိုင်းပညာရှင် ရောဘတ်တေလာ၏အဆိုအရ ဒေါက်တာဘသန်းသည်မြင်းပြိုင်ပွဲနှင့်အားကစားကို နှစ်သက်သဘောကျသူဖြစ်သည်
၁၉၃၀ တွင်ခွဲစိတ်ဆရာဝန် ဒေါက်တာဘသန်းသည်ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ခွဲစိတ်ဌာန)၏ ဒုတိယအကြီးအကဲဖြစ်လာခဲ့သည်။ဒေါက်တာဘသန်းသည်မြန်မာမှုခင်းဆိုင်ရာပထမဆုံးဆရာဝန်ကြီးဖြစ်သည်။ ၁၉၃၈ တွင်ကိုလိုနီအစိုးရကိုဆန့်ကျင်ဆန္ဒပြမှုကြောင့်ရိုက်နှက်ခံရပြီးသေဆုံးခဲ့သည့်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်အလောင်းကိုခွဲစိတ်ပြီးနောက်သူထင်ရှားလူသိများလာပါသည်။၁၉၃၇ ခုနှစ်တွင်ဒေါက်တာဘသန်းသည်ရန်ကုန်ဆေးကောလိပ် တွင်မှုခင်းဆေးပညာဌာနကထိကအဖြစ်သင်ကြားခဲ့သည်။မြန်မာဆေးကျောင်းသားများအတွက်ဂုဏ်ယူစရာဖြစ်သည်။
ဒုတိယကမ္ဘာစစ်ဂျပန်အုပ်ချုပ်သည့်မြန်မာပြည် (၁၉၄၂ - ၁၉၄၅) အတွင်းဂျပန်မဟုတ်သောလူနာများအား ကုသပေးရန်ရန်ကုန်တွင်ပင်မဆေးရုံကိုတည်ထောင်ခဲ့ခြင်းအတွက်ဒေါက်တာဘသန်းလူသိများခဲ့သည်။ဆေးရုံတွင်ဗမာ့လွတ်လပ်ရေး /ကာကွယ်ရေးတပ်မတော် (BIA/BDA) နှင့် အိန္ဒိယအမျိုးသားတပ်မတော် (INA) မှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များအပြင်ပြည်သူများအားကုသပေးသည်။ထို့ပြင်စစ်အတွင်းဆေးနှင့်သူနာပြုကျောင်းကိုလည်း ဒေါက်တာဘသန်းဦးဆောင်တည်ထောင်ခဲ့သည်။
ဒေါက်တာဘသန်းသည်စစ်ကာလအတွင်းဆေးရုံမှာအချိန်မရွေးကုသပေးနေသောဆရာဝန် အနည်းငယ်ထဲမှတစ်ဦးဖြစ်သည်။စစ်ပြေးဗြိတိသျှအစိုးရနောက်မလိုက် တိုင်းပြည်မှမစွန့်ခွာခဲ့သောမြန်မာလူမျိုးအထူးကုဆရာဝန်တဦးဖြစ်သည်။ဂျပန်ဘုရင့်တပ်မတော်မှရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုဂျပန်တို့အတွက်သာသိမ်းဆည်းလိုက်သဖြင့်မဟာမိတ်ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) သည်ပင်မဆေးရုံဆုံးရှုံးခဲ့ရသည်။အုပ်ချုပ်ရသူဂျပန်များကဒေါက်တာတီဆူဇူကီးကို BIA အတွက်ဆေးရုံအသစ်ရှာရန်ဒေါက်တာဘသန်းအား တာဝန်ပေးခဲ့သည်။
ဒေါက်တာဘသန်းသည်သမားတော်တဦးလက်ထောက်တဦးတို့နှင့်အတူရန်ကုန်ရှိအင်္ဂလီကန်ဒိုင်အိုစီဆန်ကျောင်းအဆောက်အအုံ (ရန်ကုန်စစ်ရုံးဟောင်း)တွင်ပြင်ပလူနာဆေးခန်းတစ်ခုနှင့်ကုတင်အနည်းငယ်ပါသည့်ဆေးရုံစတင်ဖွင့်လှစ်ခဲ့သည်။
ဆေးရုံအသစ်သည်စိန်ခေါ်မှုများစွာရင်ဆိုင်ခဲ့ရပြီး ဝန်ထမ်းနည်းပါးခြင်းကအဆိုးဆုံးဖြစ်နေသည်။ကျွမ်းကျင်ဝန်ထမ်းအများစုမရှိသဖြင့်နောက်ဆုံးနှစ်ဆေးကျောင်းသားနှင့်သူနာပြုသင်တန်းသားများနှင့်ကုသခဲ့ရသည်။ဒေါက်တာဘသန်းသည် နိုင်ငံတွင်းရှိကျန်ရှိနေသော ဆရာဝန်နှင့်သူနာပြုအများစုကို တာဝန်ပြန်ထမ်းဆောင်နိုင်ရန် စည်းရုံးနိုင်ခဲ့သည်။
ဒေါက်တာဘသန်းသည်ဆေးရုံတွင်မမောမပန်းအလုပ်လုပ်ပြီး ရံဖန်ရံခါဆေးရုံတွင်အိပ်လေ့ရှိသည်။ဆေးရုံအစောပိုင်းကာလတွေမှာခွဲစိတ်မှုတင်မကဘဲအုပ်ချုပ်မှုကိုပါကိုင်တွယ်ခဲ့ပါတယ်။သူသည်ခြောက်လအတွင်းလုပ်ငန်းလည်ပတ်နိုင်သောဆေးရုံတစ်ရုံဖြစ်စေရန် ဝန်ထမ်း၊စက်ကိရိယာများနှင့်ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကိုရှာဖွေတပ်ဆင်ခဲ့သည်။
ဒေါက်တာဘသန်းခေါင်းဆောင်မှုအောက်တွင်ဆေးရုံသည် BIA/BDA နှင့် INA များသာမကသာမန်ပြည်သူများနှင့်ဂျပန်မဟုတ်သောလူနာများ အတွက်အဓိက အားထားရသည့်ဆေးရုံဖြစ်လာခဲ့သည်။BIA ဆေးရုံအဖြစ်စတင်တည်ထောင်ခဲ့ပြီး ၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးအမည်ပြောင်းလဲကာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ထားရှိခဲ့သည်။ | 0 |
| 9 | အဲ့အချိန်က လူကြီးတွေညံ့ခဲ့ရင် အခု ယူကရိန်လို့
ကိုးယီးား တောင်/မြောက် တို့လို
တရုတ် VS အမေရိကန် တို့ရဲ့
ကြားခံစစ်ပွဲဒဏ်ခံနေရပြီ | 0 |
| 10 | No text... | 0 |
| 11 | လေဒင်က သီပေါမင်းကိုရှေးဦးစွာစာချုပ်
ပြီးပြန်ပါမည်ဟု ဆိုသော်လည်း နောက်
တောင်ဥယျာဉ်သို့ဆင်းတော်မူပါ နောက်ရေ
ဆိပ်သင်္ဘောပေါ်သို့ဆင်းတော်မူပါ တဖြည်း
ဖြည်းဆောင်ယူခဲ့ရာ သီပေါမင်းရေဆိပ်
သင်္ဘောပေါ်ရှိနေစဉ် ပင်းယမင်းသမီးက
အခြားသင်္ဘောတစ်စင်းဦးပိုင်းတွင် ရှိသူမှာ
ညောင်ရမ်းမင်းသားဟု ပြောကြကြောင်း၊
သီပေါဘုရင်ကိုနန်းချပြီးညောင်ရမ်းမင်း
သားကို နန်းတင်မည်ဟုပြောကြကြောင်း
လျှောက်တင်လေသည်။ထိုအခါ သီပေါမင်း
က ကိုယ်တော်တိုင်ထ၍ သင်္ဘောခန်းတရုတ်
ကပ်ကိုလှစ်ကြည့်တော်မူ၍"နောင်တော်
ညောင်ရမ်းမင်းမဟုတ်ပါဘူး။ ငါ့နောင်တော်
ကို ငါသိပါတယ်။ဘယ်ကလူမှန်းမသိပါဘူး"
ဟု မိန့်ဆိုတော်မူသောဟူ၏။(သီပေါမင်း၏အပါးတော်မြဲဦးစံရွှေ၏ ဂီရိရတနာမှ)
ဤသို့ဖြင့် ကုန်းဘောင်မင်းဆက်၏
နိဂုံးနှင့်အတူညောင်ရမ်းနှင့်ညောင်အုပ်မင်း
သားတို့ညီနောင်တို့သည်လည်း တိုင်းတစ်ပါး
၌ မထင်မရှားကံကုန်ကာ ဘဝနိဂုံးချုပ်ခဲ့ရရှာပါသည်။မြန်မာတို့၏ အချုပ်အခြာအာဏာ
နှင့် လွတ်လပ်ရေးကိုလည်း ဗြိတိသျှတို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ပါတော့သည်။
စာကိုး။ ဦးမောင်မောင်တင် "ကုန်းဘောင်
ဆက်မဟာ ရာဇဝင်" (တတိယတွဲ)
အမျိုးသားပညာဝန်ဦးဖိုးကျား"သီ
ပေါမင်းပါတော်မူအရေးတော်ပုံ"
တိုက်စိုး"မင်းတုန်းမင်း"
ဒေါက်တာကျော်ဝင်း"နှစ်လေးဆယ်
သမိုင်းရှာပုံတော်"တို့မှ ကောက်နှုတ်
ဖော်ပြပါသည်။®Phoe k(26:6:19)
ဓါတ်ပုံများကို fb မှကူးယူဖော်ပြ
ခြင်းဖြစ်၍ မူရင်းတင်သူများအားကျေးဇူးတင်ရှိပါသည်။ ®Phoe K(26:6:19) | 0 |
| 12 | ညောင်ရမ်းမင်းသားတို့ထံ ဥစ္စာပစ္စည်း
များလျှို့ဝှက်ပေးပို့ခဲ့ပြီး "ယင်းတို့ကို ထုခွဲ
စရိတ်ပြုပြီးအထက်မြန်မာနိုင်ငံကိုကြံပါ
အလွယ်နှင့်ရပါစေမည်"ဟုအကြောင်း
ကြားလိုက်သည်။(ညောင်ရမ်းမင်းသားတို့အောင်မြင်သောအခါ ထိုကြံရာပါမင်းသမီး
နှင့်လက်ထပ်နန်းတင်ရန်ကြံရင်းရှိပြီး ပေးပို့
သောရတနာပစ္စည်းများမှာလည်းအများစု
မှာ ထိုမင်းသမီး၏ ပစ္စည်းများပင်ဖြစ်သည်။)
ထိုပစ္စည်းများကို မြင်ကွန်းမင်းသားအရေး
တော်ပုံကပါလာပြီး အထက်မပြန်ဝံ့ပဲမှော်
ဝန်းကျောက်တန်းမြို့နယ်ပျဉ်းမကန်ရွာ
အညာစုတွင် အခြေချနေထိုင်သောတောင်
သာဗိုလ်မှ တဆင့် အန္ဒိယသို့ လူလွှတ်အပို့
ခိုင်းစေခဲ့သည်။
ထိုတောင်သာဗိုလ်ထံ မရောက်မီ ၎င်း
ပစ္စည်းပို့သူတို့တစ်ထောက်နားသည့်နေရာမှာ
ရန်ကုန်မြို့ပုဇွန်တောင်မောင်းတန်းရပ်လှေ
သူကြီးဦးစိုး၏ အိမ်ဖြစ်ပြီး ဦးစိုးသည်
အင်္ဂလိပ်ပိုင်ရန်ကုန်၌၍ မြူနီစပယ်မပေါ်သေး
မီ မြို့ရွာအုပ်ချုပ်ရေးကော်မတီလူကြီးလည်း
ဖြစ်ရာ ကင်းဝန်မင်းကြီးထံမှ ညောင်ရမ်းမင်း
သားသို့ပေးပို့သည့် ဘဏ္ဍာများနှင့်အတူ
ကင်းဝန်မင်းကြီး မိဖုရားဟောင်းနှင့်သမီး
တော်တို့၏ဓာတ်ပုံများစာများကိုပါ သိရှိရ
ကာ အင်္ဂလိပ်တို့ထံပေါက်ကြားသတင်းရရှိ
ခဲ့သည်ဟု ဆိုသည်။
၁၈၇၉ခုနှစ်တွင် ညောင်ရမ်းမင်းသား
သည် အန္ဒိယ မှ ရန်ကုန်မြို့သို့ရုတ်တရက်
ပြန်လည်ရောက်ရှိလာကာ ဗြိတိသျှမဟာဝန်ရှင်တော်မင်းကြီးနှင့်တွေ့ဆုံခဲ့ပြီးအထက်မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်တိုက်ခိုက်
လိုသဖြင့် မိမိအားလိုအပ်သည့်အကူအညီ
ပေးပါရန်တောင်းဆိုခဲ့သည်။နယ်ချဲ့အာဏာ
ပိုင်တို့ကလည်း အချိန်မတန်သေးဟုသော
အကြောင်းပြချက်ဖြင့် မင်းသား၏တောင်း
ဆိုချက်ကို ပယ်ချကာ ကလကတ္တားနယ် မူ
ရှေဒါဗက်ခရိုင်ဗာဟမ်ပူးလ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ထို့အတူ ညောင်အုပ်
မင်းသားသည်လည်း အန္ဒိယတွင်ခေတ္တသာ
နေထိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လာ၍ အထက်
မြန်မာနိုင်ငံနယ်ခြားအောက်မြစ်စဉ်အစွန်
ဒဂုံမော်နယ်ခြားကျောက်တိုင်အနီး လူသူ
အင်အားစုဆောင်းကာ မြေထဲမြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထို့အခါ၌လည်း အင်္ဂလိပ်
အစိုးရက ညောင်အုပ်မင်းသားကိုအန္ဒိယသို့
သာပြန်လည်ပို့ဆောင်ခဲ့ပြန်သည်။ အင်္ဂလိပ်
တို့သဘောထားမှာ မင်းသားတို့ဦးဆောင်မှု့
ဖြင့်နန်းသိမ်းရန်ကိုအားမပေးလိုပဲ ကိုယ်တိုင်သိမ်းပိုက်ကာ မင်းသားတို့ကိုဟန်ပြအဖြစ်
အသုံးချရန်သာ ရည်ရွယ်ရင်းဖြစ်ကြောင်း
ထင်ရှားလှပေသည်။
ထို့ကြောင့်လည်း ကင်းဝန်မင်းကြီးထံ
ညောင်ရမ်းမင်းသားမှ အကြောင်းပြန်ကြား
စာအတုပြုလုပ်ပြီး"သင့်တော်သောအချိန်တွင် အထက်မြန်မာပြည်ကိုကြံပါမည်"ဟု အင်္ဂလိပ်အစိုးရကအကြောင်းပြန်ကြားခဲ့သည်ဆို၏။
ထိုအကြောင်းကိုမူ ညောင်ရမ်းမင်းသားတစ်စုံတစ်ရာမသိရှိပေ။နောင်တစ်ချိန်တွင်
ထိုမင်းသားတို့ကို သူတို့လိုအပ်သလိုအသုံး
ချရန် ရည်ရွယ်ရင်းရှိလေသည်။ထိုသို့ဖြင့်
ညောင်ရမ်းမင်းသားကြီးသည် အန္ဒိယနိုင်ငံ
မူရှီဒဘတ်ခရိုင် ဗားဟန်ပူလ်မြို့တွင် သက္ကရာဇ်၁၃၄၇ခုနှစ်(ခရစ်-၁၈၈၅ခုနှစ်)
နယုန်လ သက်တော်၃၈နှစ်အရွယ်၌ ကံတော်
ကုန်ခဲ့ပြီး ညီတော်ညောင်အုပ်မင်းသားသည်
လည်း ၁၂၅၉ခုနှစ်(ခရစ်၁၈၉၇ခုနစ်)တွင်
အဆိုပါမြို့၌သက်တော်၄၈အရောက် ကံတော်
ကုန်ခဲ့ပါသည်။
မင်းသားနှစ်ပါးလုံးကို ထိုအရပ်၌ပင်
ဂူသွင်းသဂြိုလ်ခဲ့ပြီး အုတ်ဂူနှစ်လုံးယှဉ်လျှက်
အန္ဒိယနိုင်ငံ မာရရှီဒါဘတ်ခရိုင်(Murshidabad) ဘာဟမ်းပူးလ်(Berhampore)မြို့လေးတွင် တိတ်ဆိတ်စွာတည်ရှိခဲ့သည်မှာနှစ်ပေါင်း
၁၀၀ကျော်ခဲ့ပြီဖြစ်ပါသည်။၎င်းင်းဒေသခံ
တို့ကမူ မြန်မာ့တော်ဝင်အဆက်အနွယ်တို့
အုတ်ဂူဟူ၍ သာသိရှိကြပြီးမည်သူမည်ဝါ
ဟု အသေအချာမသိကြတော့ပေ။
၁၈၈၅ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့တပ်များသည်သီပေါဘုရင်အားနန်းချကာ အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ရေး နောက်ဆုံးစစ်ပြု
ရန် ချီတက်လာသောအခါ မော်လမြိုင်မြို့ဝန်ထောက်ဦးအုန်း၏သား စကားပြန်ဦးဘသန်း
ဆိုသူကို မင်းညီမင်းသားဟန်ပန် ဝတ်ဆင်စေ
ပြီး ညောင်ရမ်းမင်းသားအသွင်ဟန်ဆောင်စေ
လျှက်သင်္ဘောဦးတွင် တင်ဆောင်လာခဲ့ပါ
သည်။ဤသို့ဖြင့်အထက်မြန်မာနိုင်ငံရှိ မြန်မာ
တို့စိတ်ထဲတွင် ညောင်ရမ်းမင်းသားချီတက်
လာပြီဟု ထင်မြင်စေရန်လှည့်ဖျားခဲ့ပါသည်။ကင်းဝန်မင်းကြီး ကိုယ်တိုင်လည်း ထိုသို့ထင်
မြင်ခဲ့ပုံရလေသည်။သို့ကြောင့်လည်း မြင်းခြံအထက်မြစ်စဉ်ရှိ အင်းဝခံတပ်၊စစ်ကိုင်းခံတပ်၊သပြေတန်းခံတပ်၊တို့ကို မခုခံရန်အမိန့်ထုတ်
ဆင့်ခဲ့သည်။မန္တလေးဂေါဝိန်ဆိပ်အရောက်၌ ကင်းဝန်မင်းကြီးက ညောင်းရမ်းမင်းသား
ဟုတ်မဟုတ် စုံစမ်းရန်မှုးမတ်တို့ကိုစေလွှတ်
ခဲ့ရာ သင်္ဘောပေါ်သို့ ညနေ၃နာရီခန့်မှမိုးချုပ်
သည်အထိစောင့်နေသော်လည်း ညောင်ရမ်းမင်းသားကိစ္စတစ်ခုဖြင့်တစ်နေရာသို့သွား
ရောက်နေကြောင်းပြောကာ ပြန်ခဲ့ကြရသည်
ဟုဆိုသည်။
ဤအတောအတွင်း အင်္ဂလိပ်တပ်ကနန်း
တော်ကိုဝိုင်းထားပြီးဖြစ်သည်။ကာနယ်စ | 0 |
| 13 | မြန်မာအာဏာပိုင်တို့သည် မင်းသား
နှစ်ပါး ထွက်ပြေးလွတ်မြောက်သွားသည့်
သတင်းကို ကြားသိရသည့်အချိန်မှစ၍ ပြန်
လည်ရရှိအောင်ကြိုးပမ်းခဲ့ကြသည်။ဗြိ
တိသျှကိုယ်စားလှယ် အရေးပိုင် ရောဘတ်
ဘာကလေရှော(Robert Barkley Shaw)ထံ မင်းသားနှစ်ပါးကိုပြန်လည်အပ်နှံရန်တောင်းဆိုသည်။မစ္စတာရှောကလည်းမင်းသားနှစ်
ပါးမှာ ဗြိတိသျှပိုင်နက်သို့ခိုဝင်ရောက်ရှိလာ
သူများဖြစ်သဖြင့် ၎င်းင်းတို့အသက်ကိုကာ
ကွယ်ပေးရန်တာဝန်ရှိကြောင်း ပြန်လည်တင်ပြသည်။ထိုအခါ ရန်အောင်မြင်ဝန်
ထောက်က မင်းသားများကို အတင်းအကြပ်
ဝင်ရောက်ဖမ်းဆီးရန် စီမံရာ ကင်းဝန်မင်း
ကြီးက ကန့်ကွက်သဖြင့် လုယူရန်အကြံပျက်
ခဲ့ရသည်ဟု အဆိုရှိသည်။
၁၈၇၈ခုနှစ် အောက်တိုဘာလ၂၆ရင်နေ့
တွင် ဗြိတိသျှသံတဲသို့ မြို့သာဝန်ထောက်
ရောက်ရှိလာပြီး မစ္စတာရှောနှင့်တွေ့ဆုံကာ
သီပေါမင်းတရားမှ ညောင်ရမ်းမင်းသားထံ
ပေးပို့သော စာတစ်စောင်ကိုယူဆောင်လာခဲ့
သည်။ထိုစာတွင် ညောင်ရမ်းမင်းသားအား
နန်းတော်သို့ပြန်လာ ရန်ဘေးအန္တရာယ်အ
ပေါင်းမှ လုံခြုံစိတ်ချရကြောင်းနှင့်မိမိတို့သဘောဆန္ဒကိုလည်း ပြန်ကြားပါရန်တိုက်
တွန်းထားသည်။ မင်းသားနှစ်ပါးကလည်း
သီပေါမင်း၏ သနားညှာတာမှု့ကိုကျေးဇူးတင်ကြောင်း ၎င်းတို့ပိုင် ဘုရားဆင်းတုတော်များ
နှင့် စာပေကျမ်းဂန်များကို ယူဆောင်ပြီး ဗြ်ိ
တိသျှ ပိုင်နက်တွင် သွားရောက်နေထိုင်ရန်သာ
ဆန္ဒရှိပါကြောင်း စာပြန်ကြားခဲ့သည်။
ဗြိတိသျှသံတဲမှ ဘေးရန်ကင်းရှင်းစွာ
ထွက်ခွာခွင့်ပြုပါရန် မစ္စတာရှောနှင့် မြန်မာအာဏာပိုင်များအကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်း
ခဲ့ကြသည်။၁၈၇၈ ခုနှစ်နိုဝင်ဘာလ၁၄ရက်
နေ့တွင် ညောင်ရမ်းမင်းသားနှင့်ညောင်အုပ်
မင်းသားတို့ကို ၎င်းင်းတို့၏ မိသားစုများနှင့်
အတူ မန္တလေးနေပြည်တော်မှ ထွက်ခွာခွင့်ပြုလိုက်ပါသည်။ နေပြည်တော်မှထွက်ခွာသည့် အစီအစဉ်တွင် ရှေ့ဆုံးမှမြန်မာအရာရှိစစ်
သည်များ ထို့နောက် ညောင်ရမ်းမင်းသားနှင့်
၎င်းင်း၏မိသားစုများ စီးနင်းလိုက်ပါသည့်နွားလှည်း၊ထို့နောက်ညောင်အုပ်မင်းသားနှင့် ၎င်းင်း၏မိသားစုများလိုက်ပါလာသောနွားလှည်း၊ထို့နောက် အင်္ဂလိပ်လက်ထောက်သံအရာရှိ၊ဆရာဝန် နှင့် ဘုန်းတော်ကြီးကောလ်ဘက်၊
နောက်တွင် မင်းသားတို့၏ အခြွေအရံများနှင့်ပစ္စည်းများတင်ဆောင်လာသည့် လှည်းပေါင်း
၁၃စီးတို့ အစဉ်အတိုင်းဗြိတိသျှသံတဲဝန်းမှ ဧရာဝတီမြစ်ဆ်ိပ်သို့ ထွက်ခွာလာခဲ့ကြသည်။
မြို့သူမြို့သားများလည်း လာရောက်ကြည့်
ရှု့ခဲ့ကြသည်ဟု သိရှိရသည်။ကောလ်ဘက်က ညောင်ရမ်းမင်းသား ခံစားရပုံကိုလည်း ဤ
သို့မှတ်တမ်းတင်ထားခဲ့သည်။ "ညောင်ရမ်း
မင်းသားသည် အမိမြေမှစွန့်ခွာသွားရမည့်
အရေးအတွက် ဝန်လေးကာ ပူဆွေးနေဟန်
ပေါ်နေပုံရပြီး မည်သည့်အရပ်ဒေသသို့ သွား
ရမည်ကိုလည်းသိရှိပုံမရသေးသဖြင့် ဝမ်း
နည်းနေပုံရသည်။အသက်၁၀နှစ်အရွယ် မင်း
သားလေးထိပ်တင်ဦးစွန်းနှင့် အသက်၁၂နှစ်
အရွယ် မင်းသမီးလေး ထိပ်တင်မကလေးတို့
မှာ ကျွန်ုပ်အား များစွာချစ်ခင်နေရှာသည်ဟု
ညောင်ရမ်းမင်းသားက ပြောကြားကြောင်း "ရေးသားဖော်ပြခဲ့ပါသည်။
မင်းသားတို့သည် လိုက်ပါပို့ဆောင်ကြသူ
များကို မြစ်ဆိပ်တွင် အနည်းငယ်ကြာနှုတ်
ဆက်ခဲ့ကြပြီးနောက် ရန်ကုန်သို့ ပို့ဆောင်မည့် သင်္ဘောပေါ်သို့တက်ရောက်သွားခဲ့ကြလေ
သည်။ ရန်အောင်မြင်မြို့စာဝန်ထောက်ဦးအို
ကအတင်းအကြပ်လုယူရန် ကြံစည်တင်ပြခဲ့သော်လည်းကင်းဝန်မင်းကြီးက ကန့်ကွက်ခဲ့ပြီး
ထိုနေ့က ညောင်ရမ်းညောင်အုပ်မင်းသားတို့ကို အင်္ဂလိပ်သံတဲမှ မြစ်ဆိပ်ရှိ တုလွတ်ယာဉ်ပျံမီးသင်္ဘောတွင်တင်၍ အင်္ဂလိပ်ပိုင်နက်အ
ရောက် စာရေးတော်ကြီးဦးဖိုးလှ ခန်းပတ်ဝန်
ဟောင်းဦးကြယ်တို့နှင့်အတူ တောင်မာရဘင် သေနတ်အမှု့ထမ်း၂၀၀ ဝန်းရံစောင့်ရှောက်
လိုက်ပို့စေသည်တို့ကို သီပေါဘုရင်ကြားသိရသောအခါ ကင်းဝန်မင်းကြီးအပေါ် သင်္ကာ
မကင်းရှိသည်ဟု ဆို၏။များမကြာမီအင်္ဂလိပ်တို့သည် ညောင်ရမ်း ညောင်အုပ်မင်းသားညီ
နောင်တို့အားမိသားစုနောက်ပါအခြွေအရံတို့
နှင့်အတူအန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ ပို့
ဆောင်ပေးခဲ့သည်။
မန္တလေးနေပြည်တော်၌လည်း ကင်းဝန်
မင်းကြီးသည်မူလအကြံအစည်ဖြစ်သော
စည်းမျဉ်းခံဘုရင်စံနစ်ကို အကောင်အထည်
မဖော်နိုင်ရုံသာမက စစ်လိုလားသော တိုင်တားမင်းကြီးနှင့် မိဖုရားကြီးစုဖုရားလတ်တို့တန်
ခိုးသြဇာထက်မြက်နေသဖြင့် မိမိသြဇာတဖြည်း
ဖြည်းကျဆုံးလျှက်ရှိသည်။ထိုအတွင်းမိမိအားထောက်ခံသူများဖြစ်သည့် ပထမရေနံချောင်းမြို့စားဝန်ကြီး၊မကွေးမြို့စားမင်းကြီးဦးလှိုင်၊
မြို့သစ်မြို့စားဝန်ထောက်ဦးဖီတို့အားအရာချ
ကာ အချုပ်နှင့်ထားသဖြင့် အရှင်နှစ်ပါး
အပေါ်များစွာ စိတ်နာခဲ့ကာ အကြံအစည်တစ်
ခုကိုအကောင်အထည်ဖော်ခဲ့သည်။ထိုအကြံမှာ ကင်းဝန်မင်းကြီးဦးကောင်း၊မင်းတုန်းမင်းကြီး
၏ မိဖုရားကြီးတစ်ဦးနှင့်ထိုမိဖုရားကြီး၏
သမီးတော်ကြီးတို့ ၃ဦးတိုင်ပင်ကာ အန္ဒိယရှိ
ညောင်ရမ်းမင်းသားတို့ထံဆက်သွယ်ခဲ့
ကြသည်။ | 0 |
| 14 | မင်းသားတို့နန်းတော်အတွင်းရောက်
လာရာ မင်းတုန်းမင်းကြီး ကျန်းမာရေးအား
နည်းနေသည်ဟူသောအကြောင်းပြချက်ဖြင့်
မက္ခရာမင်းသားကြီးတစ်ဦးသာလျှင် သလွန်
တော်အနီးကပ်ခွင့်ရခဲ့သည်။မင်းတုန်းမင်းမှာ
သားတော်တို့၏ အခြေအနေမှန်ကိုသဘော
ပေါက်စပြုမိသည်နှင့် အားနည်းနေသည့်ကြား
မှ သားတော်ကြီးမက္ခရာမင်းသားကို ကျောက်
ဆည်နှင့်တောင်ငူကြားဒေသတွင် လည်း
ကောင်း၊ သုံးဆယ်မင်းသားကို ဗန်းမော်နှင့်
ရွှေဘိုကြားဒေသတွင် လည်းကောင်း၊
ညောင်ရမ်းမင်းသားကို မြင်းခြံနှင့်မြေထဲကြား ဒေသကိုလည်းကောင်း ဘုရင်ခံအဖြစ် အသီး
သီးခန့်အပ်ကာ သူတို့အတွက်လိုအပ်မည့်
အထည်အအုပ် နှင့်ငွေတော်ထုတ်ပေးရန်၊လွှတ်တော်စာရေးတစ်ဦးစီလိုက်ပါသွားရန်
နှင့် သင်္ဘောတစ်စီးစီယူဆောင်ကာ ကိုယ့်
နယ်ကိုယ့်ဒေသကို လွတ်လပ်စွာအုပ်ချုပ်ရန်၊
ကျန်မင်းသား မင်းသမီး ဆွေတော်မျိုးတော်
များမှာမူ သူတို့ဆန္ဒရှိရာ ဘုရင်ခံအောက်တွင်နေထိုင်အမှု့ထမ်းနိုင်ကြောင်း အမိန့်တော်ချ
မှတ်ခဲ့သည်။
သို့သော် ပြန်လွတ်လာသော မင်းသား
များအားလုံးဘုရင့်ရှေ့မှောက်မှထွက်၍ နန်း
တော်အပြင်မရောက်ခင်၌ပင် ဆင်ဖြူမရှင်
နှင့်မှုးမတ်တို့က ထပ်မံဖမ်းဆီးခြင်းခံရ
လေသည်။မင်းတုန်းမင်းကား အခြေအနေ
ဆိုးမှအတတ်နိုင်ဆုံးစီမံနိုင်ခဲ့ပြီဟု ဘဝင်
ကျထင်မှတ်လျှက် နန်းသက်တလျှောက်
လှူဒါန်းခဲ့သမျှ ကောင်းမှု့ကုသိုလ်တော်စာ
ရင်းကို ဖတ်ကြားတင်လျှောက်ချက်ကို ကြား
နာရင်း ၁၈၇၈ခုနှစ် အောက်တိုဘာလ ၁ရက် အင်္ဂါနေ့ နေ့လည်ခင်းတွင် နတ်ရွာစံတော်မူ
လေသည်။
နေပြည်တော်တွင် မင်းတုန်းမင်း အပြင်း
အထန်နာမကျန်းဖြစ်နေခိုက် မင်းသားများကို ဖမ်းဆီးခေါ်ဆောင်နေစဉ်မှာပင် အထက်
မြန်မာနိုင်ငံအတွက် သာသနာပြုရန်ခရစ်
ယာန်ဘုန်းတော်ကြီး ဂျိမ်းအဲဖရက်ကောလ်
ဘက်(Jame Alfred Colbeck)သည် ၁၈၇၈
ခုနှစ် သြဂုတ်လအတွင်း မန္တလေးနေပြည်
တော်သို့ရောက်ရှိလာခဲ့၏။၁၈၇၈ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့တွင် ကောလ်
ဘက်၏ နေအိမ်သို့ ဆင်းရဲသားကူလီတစ်
ဦးရောက်ရှိလာခဲ့သည်။ကောလ်ဘက်က
"အသင်ဘယ်သူလဲ"ဟုမေးသောအခါ
"ညောင်ရမ်းမင်းသားပါ၊ကျွန်ုပ်အားကူညီပါ"
ဟု ကူလီယောင်ဆောင်ထားသော ညောင်ရမ်းမင်းသားကပြန်ဖြေသည်။ညောင်ရမ်းမင်း
သားနှင့်အတူ ကြင်ယာတော်၊သမီးတော်နှစ်
ပါး၊သားတော်တစ်ပါးနှင့် အခြွေအရံများ အဝတ်အစားညှိုးနွမ်းစွာ ဝတ်ဆင်လျှက် ပါ
ရှိလေသည်။ဘုန်းတော်ကြီးကောလ်ဘက်က
ညောင်ရမ်းမင်းသားအား လုံခြုံရာအရပ်သို့
လျို့ဝှက်ပို့ဆောင်ပေးခဲ့ပုံကိုသူ၏ "မန္တလေး
မှပေးစာများ"စာအုပ်တွင် အသေးစိတ်
အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်။
ကောလ်ဘက်အနေနှင့် မိမိ၏နေအိမ်
ကို ဘုရင့်တပ်သားများလာရောက်ရှာဖွေ
တော့မည်ကို တွက်ဆထားပြီးဖြစ်သည်။ထို
စဉ်တွင် ညောင်ရမ်းမင်းသားနှင့်မိသားစု
အခြွေအရံများ ထွက်ပြေးသွားပြီကို ကြိုတင်ကြံစည်ရင်းထားရှိပြီးဖြစ်သော ညီတော်
ညောင်အုပ်မင်းသားနှင့်မိသားစုတို့ကို လူ
ချင်းခွဲစေပြီး သူတို့မှာ ဗြိတ်ိသျှသံတဲအတွင်း
ဦးစွာခိုဝင်နိုင်ခဲ့ပြီဖြစ်သဖြင့် နေပြည်တော်
အတွင်း အစောင့်အကြပ်များ ပိုမိုထူထပ်စွာ
ချထားသဖြင့် ညောင်ရမ်းမင်းသားနှင့်အဖွဲ့မှာ ရုပ်ဖျက်ကာ ကောလ်ဘက်နေအိမ်သို့ရောက်
ရှိခိုဝင်ခဲ့ကြခြင်းဖြစ်သည်။ညောင်ရမ်းမင်း
သားကို လိုက်လံဖမ်းဆီးနိုင်ရန်အတွက်လည်း တပ်သားများစေလွှတ်ချထားလိုက်သည်။
ထို့ကြောင့် ညနေမှောင်စပျိုးအချိန်တွင်
ကောလ်ဘက်က ညောင်ရမ်းမင်းသားကို
တမီးလ်လူမျိုးအစေခံတစ်ဦးကဲ့သို့ဝတ်ဆင်စေသည်။ထိုအချိန်တွင်မိုးဖွဲဖွဲကျလျှက်ရှိရာ
ရာမဆွာမိအမည်ခံညောင်ရမ်းမင်းသားအား
မီးအိမ်ကို ကိုင်စေပြီး အင်္ဂလိပ်သံတဲသို့ခေါ်ဆောင်သွားလေသည်။ပတ်ဝန်းကျင်မှ မရိပ်
မိစေရန်လည်း ကောလ်ဘက်က မင်းသား
အား အရှင်သခင်နှင့် အစေခံတစ်ဦးပြောဆို
နေကျပုံစံအတိုင်း လမ်းတစ်လျှောက်လုံး ဆူ
ပူကြိမ်းမောင်း၍ ခေါ်ဆောင်လာခဲ့သည်။
ဤသို့ဖြင့် ဘုန်းတော်ကြီးကောလ်ဘတ်
သည် အင်္ဂလိပ်သံဝင်းအဝင်ဝတွင် ထူထပ်
စွာစောင့်ကြပ်ကြည့်ရှု့နေသော မြန်မာစစ်
သည်တို့ရှေ့မှဖြတ်ကျော်ကာ ညောင်ရမ်း
မင်းသားကိုဘေးကင်းလုံခြုံစွာ ပို့ဆောင်
နိုင်ခဲ့သည်။
နောက်တစ်နေ့တွင် ညောင်ရမ်းမင်းသား
၏ သမီးလတ် ထိပ်တင်လတ်မင်းသမီးကို
ယောင်္ကျင်္ားလေးကဲ့သို့ဝတ်ဆင်စေပြီး
ကောလ်ဘက်နောက်မှ စာအုပ်များကိုင်ခိုင်း
ကာ လိုက်ပို့ပေးရဟန်ဖြင့် ခမည်းတော်ရှိရာ ဗြိတိသျှသံတဲအတွင်းခေါ်ဆောင်နိုင်ခဲ့သည်။
ညောင်ရမ်မင်းသား၏ ထိပ်တင်ကြီးကိုလည်း ထိုနည်းတူဝတ်ဆင်စေပြီး ခရစ်ယာန်ဘာ
သာဝင်ကျောင်းသားလေးတစ်ဦးနှင့်အတူ
သံတဲသို့ပို့ပေးခဲ့သည်။ကောလ်ဘက်သည်
ညောင်ရမ်းမင်းသား၏ ကြင်ယာတော်ကိုမူ ကျောက်မျက်ရတနာပွဲစားတစ်ဦးအသွင်
ရုပ်ဖျက်စေပြီး သံတဲသို့ပို့ဆောင်ပေးရာ
လမ်းတွင်မြန်မာမင်းမှု့ထမ်းတစ်ဦးသင်္ကာ
မကင်းဖြစ်ပြီး အဖော်လိုက်ပါလာသည့်
တရုတ်လူငယ်နှင့်မြန်မာလူငယ်တို့ကို ဖမ်း
ဆီးခံရပြီး မင်းသမီးမှာကံအားလျော်စွာ လွတ်မြောက်ခဲ့ရသည်။ထိုနည်းဖြင့် ညောင်
ရမ်းမင်းသား၏ ယောက္ခမအပါအဝင် နောက်ပါ၁၂ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ညောင်ရမ်းမင်းသားကြီးကိုယ်တိုင် မိမိမှာ
ဘုန်းတော်ကြီးကောလ်ဘက်ပေးသည့် အ
သက်သာရှိတော့ကြောင်း ကျေးဇူးတင်
အထပ်ထပ်ဆိုခဲ့သည်ဟု သိရ၏။ | 0 |
| 15 | တော်ပါ မြောက်ရွှေရေးဆောင်မိဖုရားကြီး
ဥမ္မာဒေဝီမှဖွားမြင်တော် သားတော်နှစ်ပါးဖြစ်
ပြီး ညီနောင်ချင်းစိတ်ဝမ်းနှလုံးညီသော မင်းသားများဖြစ်ကြပါသည်။ညောက်အုပ်မင်းသားမှာ
ငယ်စဉ်က ငရနဲမြို့ကိုစားရပြီး နောင်တွင် ညောင်အုပ်မြို့ကိုစားရသဖြင့် ညောင်အုပ်မင်း
သားဟု အမည်တွင်ခဲ့သည်။မင်းတုန်းမင်း
အနေဖြင့် အထက်ပါသားတော်ကြီး ၃ပါး
အနက်မှ တစ်ပါးပါးကို နန်းလျာအဖြစ်ရွေး
ချယ်သင့်သော်လည်းမလျာထားရသေးမီပင် ၁၈၇၈ခုနှစ် သြဂုတ်လ၌ ပြင်းစွာနာမကျန်း
ဖြစ်ခဲ့ရသည်။
ရောဂါဝေဒနာမှာ သက်သာလာသည်
မရှိပဲ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာသဖြင့်
မင်းတုန်းမင်းကြီးကိုယ်တော်တိုင် နန်းလျာ
ရွေးချယ်ပေးနိုင်သော အခြေအနေမရှိ
တော့ပေ။ထိုအချိန်မှာပင် ဆင်ဖြူမရှင်မိဖု
ရားကြီးနှင့်ကင်းဝန်မင်းကြီးတို့ကလည်း
သီပေါမင်းသားကိုနန်းတင်ရန်လျှို့ဝှက်ကြံ
စည်ခဲ့ကြသည်။ ဆင်ဖြူမရှင်မိဖုရားကြီး
အနေဖြင့် ထက်ထက်မြက်မြက်ရှိသော သား
တော်ကြီး၃ပါး နန်းရမည်ကိုမလိုလား မိမိလို
ရာပုံသွင်းနိုင်ကာ မိမိတန်ခိုးသြဇာလွှမ်းမိုး
နိုင်မည့် အေးဆေးစွာနေတတ်သူ စာကြိုးစား
သော သီပေါမင်းသားကိုသာ မိမိသမီးတော်
သုံးပါးအနက် တစ်ပါးပါးနှင့်လက်ဆက်ကာ
နန်းတက်စေလိုသည်။
ကင်းဝန်မင်းကြီးအနေနှင့်လည်း ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
လာစံနစ်မျိုးဖြစ်ပြီးအနောက်နိုင်ငံများသို့
အရောက်အပေါက်များသူပီပီတွေ့ကြုံခဲ့ရ
သော စည်းမျဉ်းခံဘုရင်စံနစ်ကို မြန်မာနိုင်
ငံတွင် ကျင့်သုံးနိုင်ရန်အကြံအစည်ရှိသူ
ဖြစ်သည်။ထို့ကြောင့်လည်း မိမိတို့အလိုရှိရာ ကြိုးဆွဲနိုင်မည်ထင်ရသော သီပေါမင်းသား
ကို နန်းလျာအဖြစ် ရွေးချယ်ရန်သဘောတူ
ခဲ့ခြင်းဖြစ်သည်။သို့ဖြင့်ကင်းဝန်မင်းကြီး
ဦးကောင်းသည် မှုးမတ်အချို့ကို တောင်ပန်း
ခုံတော်အုတ်တိုက်၌ အစည်းအဝေးခေါ်သည်။
ထိုအစည်းအဝေးတွင် သူ၏ဆန္ဒကိုပြောပြ
သည်။ ထိုအခါ ရေနံချောင်းဝန်ကြီးဦးရွှေစို
နှင့် ခန်းပတ်ဝန်ကြီးဦးရွှေမောင်တို့ မကန့်
ကွက်။ယင်းတော်မြို့စားဝန်ထောက် ဦးပေ
စေ့ကငြိမ်နေသည်။မြို့သစ်ဝန်ထောက်
ဦးအောင်ကိုကမူ အသက်အရွယ်ကြီးသူ
ပညာဥာဏ်ကြီးသူကိုသာ ရွေးချယ်စေချင်
ကြောင်း ပြောသည်။ယောအတွင်းဝန်ဦးဘိုး
လှိုင်ကလည်း'ဤသဘောမျိုးသာ ဆိုသည်။
ဦးကောင်းလည်း သူဆန္ဒကို ထပ်မံညှိနှိုင်း
သည်။အောင်မြင်ပါ၏။သီပေါမင်းသားကို
သာ နန်းလျာရွေးရန် အစည်းအဝေးက သ
ဘောတူလိုက်ကြလေသည်။
သို့သော် သီပေါမင်းသားကို အိမ်ရှေ့
ခန့်ရန်အမိန့်ထုတ်ပြန်လိုက်သည်နှင့် ကျန်
မင်းသားများဆူပူထကြွကြမည်ကို စိုးရိမ်
ရသဖြင့် သူတို့တစ်တွေကို ထိမ်းသိမ်းထား
ရန်လိုအပ်ပေသည်။သို့ဖြင့် ဆင်ဖြူမရှင်နှင့်
ဦးကောင်းတို့က မင်းတုန်းမင်းအမိန့်နှင့်ဟု
ဆို၍ သံတော်ဆင့်များကိုမင်းသားများထံ
လွှတ်ကာ နန်းတော်သို့ခေါ်ယူလေသည်။
ထိုအခါ ညောင်ရမ်းစားနှင့်ညောင်အုပ်စား
မင်းသားညီနောင်က မလိုက်။နန်းတွင်းရှိ
သူတို့မယ်တော်မြောက်ရွှေရေးဆောင်မိဖု
ရားကြီးထံမှ တိတ်တဆိတ်သတင်းရရှိပြီး
ဖြစ်သည်။ကျန်မင်းသားတို့မှာ ယုံယုံကြည်
ကြည်ဖြင့်လိုက်ခဲ့ကြရာ ဗြဲတိုက်အရောက်
တွင် အဖမ်းခံကြရလေသည်။
လင်ပန်း၊သက်ပန်း၊ခုနှစ်ရွာစသော
မင်းသားတို့၏မယ်တော်မိဖုရားများမှာ
အလွန်နာကြည်းကာ မင်းတုန်းမင်းထံဝင်
ရောက်ရန်ကြိုးစားခဲ့သော်လည်း ဆင်ဖြူ
မရှင်၏ အကြံဖြင့် အစောင့်အကြပ်ထူထပ်
စွာချထားခြင်းကြောင့်ဝင်ရောက်ခွင့်မရခဲ့
ပေ။မင်းသားများအား ဖမ်းဆီးပြီးတစ်ပတ်
အကြာ ၁၈၇၈ခုနှစ် စက်တင်ဘာလ ၁၉ရက်
နေ့တွင် သီပေါမင်းသားအား အိမ်ရှေ့အပ်
နှင်းကြောင်းအမိန့်တော်ထွက်လာပေသည်။
"ငါ့သားတော် သီပေါမင်းသားသည် ကုန်း
ဘောင်နန်းရိုးနေမျိုးစစ်ဖြစ်ခြင်း၊ ပိဋကတ်
သုံးပုံကိုချောက်ချားလျှက် သုံးကြိမ်တိုင်
ပထမပြန်ဆို၍ သာသနာကိုထမ်းရွက်နိုင်
ခြင်း လောကဓမ္မကျေပွန်သဖြင့် နောင်
ငါနှင့်ထပ်တူ တိုင်းပြည်နိုင်ငံကို အုပ်စိုးနိုင်
မည့် နှလုံးလက်ရုံး ဘုန်းပညာလက္ခဏာနှင့်
ပြည့်စုံခြင်း နှင့်အညီ သာသနာရေးတိုင်းရေးပြည်ရေး တို့ကိုဆောင်ရွက်စေခြင်း
ငှာ အိမ်ရှေ့ဥပရာဇာအဖြစ် ဆောင်နှင်း
တော်မူမည်။အိမ်ရှေ့မင်းအဆောင်အယောင်အခမ်းအနား၊ ဝန်၊ဝင်းမှူး၊အတွင်းဝန်မှစ၍
သင်းစုပင်းစုပေးဖွဲ့ရန်စာရင်းကိုလည်းသွင်း…"
ဟူ၍ အမိန့်တော်၌ပါရှိလေသည်။(ဦးမောင်
မောင်တင်မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း)
ထိုအမိန့်တော်ကို အမှန်ပင်မင်းတုန်း
မင်း၏ သဘောဖြင့်ထုတ်သည် သို့မဟုတ်
ဆင်ဖြူမရှင်၏ သဘောအတိုင်း မင်းတုန်း
မင်းအားအသိမပေးပဲ ထုတ်သည်ဟူ၍ ဝိဝါ
ဒကွဲပြားကာ တပ်အပ်သေချာမသိသော်ငြား
ထိုရက်နောက်ပိုင်းတွင် မင်းတုန်းမင်းသည်
ရောဂါမှ အနည်းငယ်သက်သာလာခဲ့လေ
သည်။ထိုအခါ အအခြေအနေကိုစောင့်
ကြည့်နေသည့် လင်ပန်း၊သက်ပန်း၊ခုနှစ်ရွာ
နှင့်မြောက်ရွှေရေးစသောမိဖုရားတို့က မှန်နန်းဆောင်အတွင်းရအောင်ဝင်ရောက်ကာ မင်း
သားတို့ဖြစ်ပျက်ပုံကို တင်လျှောက်ကြလေ
သည်။မင်းတုန်းမင်းသည် ချက်ချင်းပင်
မင်းသားတို့ကို လွှတ်ပေးရန်အမိန့်ထုတ်
လိုက်သည်။သက်ဆိုင်ရာကလည်း လွှတ်ပေး
ခဲ့ရသည်။ | 0 |
| 16 | သည် သင်္ဘောဦး၌ ရွှေထီးမိုးလျှက် ညောင်ရမ်းမင်းသားဟန်ဆောင်ထားသူမှာရန်ကုန်၌
ကျောင်းအတူတက်ခဲ့ပြီး ရုံးစာရေးဝင်လုပ်
နေသော မောင်ဘိုးကျန်ဖြစ်ကြောင်း သတင်း
စကားမှာ သရက်မြို့နယ်တစ်ခွင် ဟိုးလေး
တကျော်ဖြစ်သွား၍ ဗြိတိသျှတို့အဖို့ အကြပ်
ရိုက်ကာ ချက်ချင်းပင်လူပြောင်းလဲရန် စီမံခဲ့
ရလေတော့သည်။
ညောင်ရမ်းမင်းသားမဟုတ်ပဲကျောင်း
နေဖက်မောင်ဘိုးကျန်ဖြစ်ကြောင်း တွေ့ခဲ့သူ
မောင်ဖိန်းဆိုသူမှာ နောင်တွင် နိုင်ငံခြားရေး
ဝန်ကြီးဦးတင်ထွဋ်၊တရားရေးဝန်ကြီးဦးကျော်
မြင့်၊တရားသူကြီးချုပ်ဦးမြင့်သိန်း၊ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာထင်အောင်၊ဒေါ်မြမူ(မဟာဝိဇ္ဇာ)၊ဒေါ်တင်စောမူနှင့်ခေတ်
စမ်းစာဆိုတော်ဒေါ်ခင်စောမူတို့ကိုမွေးဖွားခဲ့
သည့် ဖခင်ဖြစ်သူ အရေးပိုင်ဦးဖိန်းပင်ဖြစ်ပါ
သည်။ထိုမှ အင်္ဂင်္လိပ်စစ်သင်္ဘောများချီတက်
လာခဲ့ရာ မောင်ဘိုးကျန်ကိုမူ မြင်းခြံမြို့အ
ရောက်တွင်အစောင့်အရှောက်နှင့် ချန်ထား
ရစ်ခဲ့၏။ယင်းသို့ညောင်ရမ်းမင်းသားဟန်
ဆောင်ရာမှ ကျောင်းနေဘက်သူငယ်ချင်းနှင့် ပက်ပင်းတိုးသူ မောင်ဘိုးကျန်ဆိုသူကလည်း
အခြားမဟုတ် မန္တလေးတက္ကသိုလ် ရာဇဝင်
သမိုင်းဆရာကြီးမြကေတုခေါ် ပါမောက္ခဦး
ချမ်းမြ၏ ဘကြီးတော်စပ်သူပင် ဖြစ်ပါ
တော့သည်။
သို့ဖြင့် မြင်းခြံအရောက်တွင် ညောင်ရမ်းမင်းသားဟန်ဆောင်သူနေရာတွင် လူစားထိုးရန်ရွေးချယ်ထားသောသူမှာ မော်လမြိုင်မြို့ဝန်
ထောက်ဦးအုန်း၏ သားစကားပြန်မောင်ဘ
သန်းဆိုသူဖြစ်သည်။မြင်းခြံအထွက်မှ မန္တလေးရောက်သည်အထိ ရွှေထီးမိုးကာ ညောင်ရမ်းမင်းသားဟန် လိုက်ပါလာသူမောင်ဘသန်း
သည်လည်း အခြားမဟုတ် မွန်လူမျိုး စစ်ကဲ
ကြီးမောင်ထော်လေး၏ မြစ်တော်စပ်သူဖြစ်
၏။(တူ၊ သာ၊ သင်း)အဖွဲ့မှ ဦးဘတူသည် မောင်
ဘသန်း၏ အကိုအရင်းဖြစ်ပေသည်။ထိုသို့
ဖြင့် ဗြိတိသျှတို့သည် ညောင်ရမ်းမင်းသားဟန်
ဆောင်စေလျှက် သင်္ဘောဦးမှ တင်ဆောင်လာ
ခဲ့သည့် ရည်ရွယ်ရင်းမှာ မြန်မာ့နန်းတွင်းကို
လှည့်စားရန်ထက် ချီတက်လာသည့် မြစ်စဉ်တလျှောက်တတ်နိုင်သမျှ အတိုက်အခိုက်အနှောင့်အယှက် နည်းပါးစေရန် မြန်မာလူထုကိုလှည့်
စားလိုသည့်သဘောဟု ယူဆမိပါသည်။
စာကိုး ဒဂုန်ခင်ခင်လေး"ရတနာပုံနိဒါန်းနှင့်နိဂုံး"
အမျိုးသားပညာဝန်ဦးဖိုးကျား"သီပေါ
မင်းပါတော်မူအရေးတော်ပုံ"
တင်နိုင်တိုး"သမိုင်းအတွေးသမိုင်းအရေး"
တို့ကိုမှီငြမ်းကိုးကားပါသည်။®Phoe K
ယှဉ်တွဲဖတ်ရှု့နိုင်ရန် ညောင်ရမ်းမင်းသားနှင့်
ညောင်အုပ်မင်းသားအကြောင်း
"ညောင်ရမ်းမင်းသား နှင့် ညောင်အုပ်မင်းသား "
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
" ဖြစ်က ပျက်မြဲ ၊ မလွဲစသာ၊
ကြုံရလာသား၊ သံသရာသဘော၊
တွေ့ရသောဟု၊ စိတ်ဇောသိမ်မွေ့
တထေ့ထေ့ဖြင့်၊ စေ့စေ့မှတ်သား၊
ထပ်ထပ်ပွား၍
တရားသံဝေ၊ ယူကြလေ…"
ဆီးဘန်နီဆရာတော်
ညောင်ရမ်းမင်းသားကို မင်းတုန်းမင်းနှင့်မြောက်ရွှေရေးဆောင်မိဖုရားကြီးတို့မှ ဖွားမြင်
ခဲ့သည်။ဥာဏ်ပညာအမြော်အမြင် ကြီးမား
သည့်အလျောက် စစ်မက်ရေးရာ၌လည်း
တတ်သိလိမ္မာ၏။ ညီတော်နောင်တော်အား
လုံးနှင့်လည်း သင့်တင့်ညီညွတ်သူဖြစ်သည်။
ညောင်ရမ်းမင်းသားသာ ထီးမွေနန်းမွေ ရရှိ
မည်ဆိုပါက ညီတော်နောင်တော်များ မည်
သူကမျှ တော်လှန်ကန့်ကွက်မည်မဟုတ်
ကြောင်း ကတိပြုထားကြသည်ဟု ဆိုသည်။
၁၂၂၈ခုနှစ်(ခရစ်နှစ်-၁၈၆၆)မြင်ကွန်း မြင်း
ခုံတိုင်အရေးအခင်း နှင့် အိမ်ရှေ့မင်း၏သား
တော် ပတိမ်းစားအရေးတော်ပုံတို့တွင်လည်း ညောင်ရမ်းမင်းသားသည် သက်စွန့်ဆံဖျား
အမှု့တော်ထမ်းရွက်ခဲ့သဖြင့် ခမည်းတော်
မင်းတုန်းမင်းကြီးက အလွန်အားထားယုံ
ကြည်ခြင်းခံရသူလည်း ဖြစ်သည်။
အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်
ကြံခံရပြီးချိန်မှစ၍ မင်းတုန်းမင်းသည် မည်
သည့်မင်းသားကိုမှ အိမ်ရှေ့ဥပရာဇာအဖြစ်
ခန့်အပ်နိုင်ခြင်းမပြုသေးပေ။မင်းတုန်းမင်း
ကြီးကိုယ်တော်တိုင် နှစ်သက်သဘောကျ
သော သားတော်သုံးပါးရှိရာ မက္ခရာမင်း
သားမှာ အရွယ်လည်းအကြီးဆုံးစက်ရုံအလုပ်
ရုံ အုပ်ချုပ်ရေးတာဝန်များကိုလည်း အိမ်ရှေ့
စံကနောင်ကိုယ်တော်ကြီးနှင့်အတူ တာဝန်ယူ
ခဲ့ဖူးသူဖြစ်သည်။ သုံးဆယ်မင်းသားမှာ သူရ
သတ္တိကောင်းသူဟုကျော်ကြား၏။ ညောင်ရမ်းမင်းသားမှာ ဥာဏ်ပညာထက်မြက်သလို
ဆေးကျမ်းဓါတ်ကျမ်းနက္ခတ်ကျမ်းများကို
လည်း ထဲထဲဝင်ဝင်လေ့လာတတ်ကျွမ်းကာ
မင်းတုန်းမင်းကြီးနာမကျန်းဖြစ်လျှင် ကိုယ်
တိုင်ဆေးဖော်စပ်ကာ ဆက်သသူလည်း
ဖြစ်သည်။ ဘာသာရေးကိုလည်း အလွန်
ကိုင်းရှိုင်းကာ ညီတော်နောင်တော်အပေါင်း
နှင့်လည်း ဆက်ဆံရေးပြေပြစ်သူဖြစ်၏။
ညောင်ရမ်းမင်းသား(ငယ်မည် မောင်မျိုးပုံ)
နှင့်ညောင်အုပ်မင်းသား(ငယ်မည် မောင်မျိုးယုံ)တို့သည် မင်းတုန်းမင်းကြီး၏ မင်္ဂလာအိမ် | 0 |
| 17 | " ညောင် ရမ်း မင်း သား ဟန် ဆောင် လာ သူ "
""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်
သော ရတနာပုံနေပြည်တော်၏ နောက်ဆုံး
မြန်မာမင်းဆက် သီပေါမင်းကို နန်းချရန်
ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာ
သော ဗြိတိသျှစစ်သင်္ဘောဦး ရှေ့ ထိုင်ခုံတွင်
မြန်မာလူငယ်တစ်ဦးအား ညောင်ရမ်းမင်း
သားဟန် ဝတ်ဆင်စေ၍ တင်ဆောင်လာခဲ့
ကြောင်းကို စာအုပ်စာတမ်းများ၌ ဖော်ပြခဲ့
ကြသည်ကို တွေ့ရသည်။ညောင်ရမ်းမင်းသား
နှင့် ညီတော်ညောင်အုပ်မင်းသားတို့သည်
မင်းတုန်းမင်းနှင့် ဒုတိယ၊ မြောက်ရွှေရေး
ဆောင် မိဖုရားတို့က ဖွားမြင်သူ ညီနောင်နှစ်
ပါးဖြစ်သည်။
သီပေါမင်းနန်းတက်စတွင် နန်းတွင်း
ရေးအရှုပ်အထွေးများကြောင့် ညောင်ရမ်းနှင့်ညောင်အုပ်မင်းသားတို့သည် ဗြိတိသျှတို့
အကူအညီဖြင့် သံတဲဝင်းထဲသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ဗြိတိသျှအာဏာ
ပိုင်တို့က မင်းသားညီနောင်အား အန္ဒိယနိုင်ငံ
သို့ ပို့ဆောင်ပေးခဲ့ကြသည်။ကျန်မင်းသား
အများစုမှာ ကွပ်မျက်စီရင်ခြင်း ခံကြရလေ
သည်။ညောင်ရမ်းနှင့်ညောင်အုပ်မင်းသား
များ ထွက်ပြေးလွတ်မြောက်သွားသော
အခါ မယ်တော် ရွှေရေးဆောင်မိဖုရားနှင့်
နှမတော် ကျောက်ဆောက်မင်းသမီးတို့ကို
ထောင်သွင်းအကျဉ်း ချထားခြင်းခံခဲ့ရသည်။ဗြိတိသျှတို့က မင်းသားညီနောင်အား အန္ဒိယ
နိုင်ငံသို့ပို့ထားပြီး အခြေအနေပေးလျှင် သီ
ပေါမင်းနှင့်လဲလှယ်နန်းတင်ပေးမည်ဟုလည်း
အယုံသွင်းထားခဲ့ကြ၏။
ညောင်ရမ်းမင်းသား၌ အန္ဒိယနိုင်ငံ၌ နေ
ထိုင်စဉ်အတွင်း ၂၆ရက် ဇွန်လ ၁၈၈၅ခုနှစ်
တွင် ကံတော်ကုန်ခဲ့၏။ယင်းကိစ္စကို ဖုံးဖုံးဖိဖိ
လုပ်ထားသည်ဆို၏။ထိုစဉ်ကမန္တလေးရတနာ
ပုံနေပြည်တွင် သီပေါမင်းစိုးစံနေဆဲဖြစ်သည်။၂၈ရက် နိုဝင်ဘာလ ၁၈၈၅ခုနှစ်တွင် သီပေါ
မင်းအား ဖမ်းဆီးနန်းချမည့် ဗြိတိသျှစစ်
သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း
ဆန်တက်လာကြသောအခါ မြန်မာလူငယ်
တစ်ဦးကို ညောင်ရမ်းမင်းသားဟန်ဆောင်
စေလျှက် သင်္ဘောဦးတွင် ကုလားထိုင်ပေါ်
ထိုင်စေ၍ တင်ဆောင်လာခဲ့သည်။ ဤတွင်
ကင်းဝန်မင်းကြီးကိုယ်တိုင် ဆင်ဖြင့် ဂေါဝိန်
ဆိပ်ကမ်းသို့ဆင်း၍ သွားရောက်ကြည့်ရှု့ခဲ့
သေးရာ ထိုသူနှင့်တွေ့ခွင့်မရခဲ့ကြောင်းဆို
သည်။ သီပေါမင်းကိုယ်တိုင်လည်း ဖမ်းဆီး
ခံရပြီးနောက် သင်္ဘောပေါ်မှ ဆိပ်ကမ်း၌
ဆိုက်ကပ်ထားသော ညောင်ရမ်းမင်းသားပါ
သည့် သင်္ဘောကိုလှမ်းကြည့်ပြီးနောက် "ဒါ
ညောင်ရမ်းကိုယ်တော်ကြီးမဟုတ်ဘူး။ဘယ်
ကလူလည်း မသိပါဘူး။ငါ့နောင်တော်ကို ငါ
မှတ်မိပါတယ်"ဟု မိန့်ဆိုကြောင်း စာအုပ်
များတွင် ဖော်ပြခဲ့ကြပါသည်။
သို့သော်ထိုအချိန်က ညောင်ရမ်းမင်း
သားကြီးမှာ ကံတော်ကုန်ခဲ့ပြီဖြစ်သည်ကို
မြန်မာအစိုးရသို့ တရားဝင်အကြောင်းကြား
မှု့ရှိခဲ့ကြောင်း နှင့် ၁၁ရက်သြဂုတ်လ ၁၈၈၅
ရက်စွဲပါ Time of India သတင်းစာတွင်လည်း ညောင်ရမ်းမင်းသားကြီးကွယ်လွန်အနိစ္စ
ရောက်ကြောင်းသတင်းကို ဖော်ပြထားသည်။မည်သို့ဆိုစေ မြန်မာ့နန်းတွင်း၌ ထိုသတင်း
ရောက်မလာခဲ့ကြောင်း သိသာလှပေသည်။
သို့သော် ညောင်ရမ်းမင်းသား ဖြစ်စေ ညောင်
အုပ်မင်းသား ဖြစ်စေ ဟန်ဆောင်ကာ အင်္ဂလိပ်စစ်သင်္ဘောဦးတွင် တင်ဆောင် လာခဲ့သည်မှာ အသေအချာပင်ဖြစ်သည်။ထိုသို့မြန်မာလူ
ငယ်တစ်ဦးကို ဟန်ဆောင်ကာတင်ဆောင်
လာခဲ့သည်မှာလည်း မြန်မာ့နန်းတွင်းကို
လှည့်စားလိုခြင်းထက် ဧရာဝတီမြစ်ကြောင်း
တလျှောက်ရှိ ပြန်လည်တိုက်ခိုက်ခုခံမည့် မြို့
ရွာများ ခံတပ်များနှင့် မြန်မာလူထုကို အထိုက်
အလျှောက် ငြိမ်ဝပ်စေရန် လှည့်စားခဲ့ခြင်း
ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ထို့အပြင် ဤသို့ညောင်ရမ်းမင်းသား
ဟန်ဆောင်လာသူမှာလည်း တစ်ဦး မဟုတ်
နှစ်ဦးရှိခဲ့၏။ဗြိတိသျှအစိုးရက ပထမဦးစွာ မင်းသားဟန်ဆောင်မည့်သူကို ရွေးချယ်ခဲ့ရာ
ရန်ကုန်မြို့ ဝန်ရှင်တော်မင်းကြီးရုံးမှဝန်ထမ်း
ဖြစ်သည့် အသက်၂၄နှစ်အရွယ်မောင်ဘိုးကျန်
ဆိုသူကို ဦးစွာရွေးချယ်ခဲ့၏။မောင်ဘိုးကျန်
သည် အသားဖြူဖြူရုပ်ရည်သန့်သန့် နှုတ်
ခမ်းမွှေးသဲ့သဲ့နှင့်ဖြစ်သည်။၇တန်းအောင်မြင်
ပြီးနောက် ရုံးစာရေးအဖြစ် ဝင်ရောက်လုပ်
ကိုင်နေသူဖြစ်၏။သို့ဖြင့် မောင်ဘိုးကျန်ကို မင်းသားကဲ့သို့ဝတ်ဆင်စေကာ ညောင်ရမ်း
မင်းသားအသွင် သင်္ဘောဦးတွင်တင်၍ ဧရာ
ဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့
ကြရာ သရက်မြို့အရောက်တွင် ပြဿနာရှိ
လာခဲ့သည်။
ရန်ကုန်မှ ကျောင်းပိတ်ထားသဖြင့် ဇာတိရပ်ရွာသရက်မြို့သို့ပြန်ရောက်နေသော
ဆင်ပေါင်ဝဲ အကောက်တော်အရာရှိ၏ သား
မောင်ဖိန်းသည် ဗြိတိသျှစစ်သင်္ဘောများချီ
တက်လာရာ ညောင်ရမ်းမင်းသားပါလာသည်
ဆိုသဖြင့် ဖခင်ဖြစ်သူနှင့်အတူ မြစ်ဆိပ်သို့သွားရောက်ကြည့်ရှု့ကြသည်။ထိုအခါ ညောင်
ရမ်းမင်းသားဟန်ဆောင်ထားသူမှာ ရန်ကုန်၌
မိမိနှင့်ကျောင်းနေဘက် သူငယ်ချင်း မောင်
ဘိုးကျန်ဆိုသူဖြစ်နေကြောင်းကို မောင်ဖိန်း
အံ့သြစွာတွေ့ရလေသည်။ဤတွင် မောင်ဖိန်း | 0 |
| 18 | ညောင်ရမ်းမင်းသားတို့ထံ ဥစ္စာပစ္စည်း
များလျှို့ဝှက်ပေးပို့ခဲ့ပြီး "ယင်းတို့ကို ထုခွဲ
စရိတ်ပြုပြီးအထက်မြန်မာနိုင်ငံကိုကြံပါ
အလွယ်နှင့်ရပါစေမည်"ဟုအကြောင်း
ကြားလိုက်သည်။(ညောင်ရမ်းမင်းသားတို့အောင်မြင်သောအခါ ထိုကြံရာပါမင်းသမီး
နှင့်လက်ထပ်နန်းတင်ရန်ကြံရင်းရှိပြီး ပေးပို့
သောရတနာပစ္စည်းများမှာလည်းအများစု
မှာ ထိုမင်းသမီး၏ ပစ္စည်းများပင်ဖြစ်သည်။)
ထိုပစ္စည်းများကို မြင်ကွန်းမင်းသားအရေး
တော်ပုံကပါလာပြီး အထက်မပြန်ဝံ့ပဲမှော်
ဝန်းကျောက်တန်းမြို့နယ်ပျဉ်းမကန်ရွာ
အညာစုတွင် အခြေချနေထိုင်သောတောင်
သာဗိုလ်မှ တဆင့် အန္ဒိယသို့ လူလွှတ်အပို့
ခိုင်းစေခဲ့သည်။
မူရင်းပို့စ်တွင် ဆက်လက်ဖတ်ရူပါ
https://www.facebook.com/share/1BLn71sSuF/
✍️ ဆရာဖိုးကျော် | 0 |
| 19 | မြန်မာအာဏာပိုင်တို့သည် မင်းသား
နှစ်ပါး ထွက်ပြေးလွတ်မြောက်သွားသည့်
သတင်းကို ကြားသိရသည့်အချိန်မှစ၍ ပြန်
လည်ရရှိအောင်ကြိုးပမ်းခဲ့ကြသည်။ဗြိ
တိသျှကိုယ်စားလှယ် အရေးပိုင် ရောဘတ်
ဘာကလေရှော(Robert Barkley Shaw)ထံ မင်းသားနှစ်ပါးကိုပြန်လည်အပ်နှံရန်တောင်းဆိုသည်။မစ္စတာရှောကလည်းမင်းသားနှစ်
ပါးမှာ ဗြိတိသျှပိုင်နက်သို့ခိုဝင်ရောက်ရှိလာ
သူများဖြစ်သဖြင့် ၎င်းင်းတို့အသက်ကိုကာ
ကွယ်ပေးရန်တာဝန်ရှိကြောင်း ပြန်လည်တင်ပြသည်။ထိုအခါ ရန်အောင်မြင်ဝန်
ထောက်က မင်းသားများကို အတင်းအကြပ်
ဝင်ရောက်ဖမ်းဆီးရန် စီမံရာ ကင်းဝန်မင်း
ကြီးက ကန့်ကွက်သဖြင့် လုယူရန်အကြံပျက်
ခဲ့ရသည်ဟု အဆိုရှိသည်။
၁၈၇၈ခုနှစ် အောက်တိုဘာလ၂၆ရင်နေ့
တွင် ဗြိတိသျှသံတဲသို့ မြို့သာဝန်ထောက်
ရောက်ရှိလာပြီး မစ္စတာရှောနှင့်တွေ့ဆုံကာ
သီပေါမင်းတရားမှ ညောင်ရမ်းမင်းသားထံ
ပေးပို့သော စာတစ်စောင်ကိုယူဆောင်လာခဲ့
သည်။ထိုစာတွင် ညောင်ရမ်းမင်းသားအား
နန်းတော်သို့ပြန်လာ ရန်ဘေးအန္တရာယ်အ
ပေါင်းမှ လုံခြုံစိတ်ချရကြောင်းနှင့်မိမိတို့သဘောဆန္ဒကိုလည်း ပြန်ကြားပါရန်တိုက်
တွန်းထားသည်။ မင်းသားနှစ်ပါးကလည်း
သီပေါမင်း၏ သနားညှာတာမှု့ကိုကျေးဇူးတင်ကြောင်း ၎င်းတို့ပိုင် ဘုရားဆင်းတုတော်များ
နှင့် စာပေကျမ်းဂန်များကို ယူဆောင်ပြီး ဗြ်ိ
တိသျှ ပိုင်နက်တွင် သွားရောက်နေထိုင်ရန်သာ
ဆန္ဒရှိပါကြောင်း စာပြန်ကြားခဲ့သည်။
ဗြိတိသျှသံတဲမှ ဘေးရန်ကင်းရှင်းစွာ
ထွက်ခွာခွင့်ပြုပါရန် မစ္စတာရှောနှင့် မြန်မာအာဏာပိုင်များအကြိမ်ကြိမ်ဆွေးနွေး ညှိနှိုင်း
ခဲ့ကြသည်။၁၈၇၈ ခုနှစ်နိုဝင်ဘာလ၁၄ရက်
နေ့တွင် ညောင်ရမ်းမင်းသားနှင့်ညောင်အုပ်
မင်းသားတို့ကို ၎င်းင်းတို့၏ မိသားစုများနှင့်
အတူ မန္တလေးနေပြည်တော်မှ ထွက်ခွာခွင့်ပြုလိုက်ပါသည်။ နေပြည်တော်မှထွက်ခွာသည့် အစီအစဉ်တွင် ရှေ့ဆုံးမှမြန်မာအရာရှိစစ်
သည်များ ထို့နောက် ညောင်ရမ်းမင်းသားနှင့်
၎င်းင်း၏မိသားစုများ စီးနင်းလိုက်ပါသည့်နွားလှည်း၊ထို့နောက်ညောင်အုပ်မင်းသားနှင့် ၎င်းင်း၏မိသားစုများလိုက်ပါလာသောနွားလှည်း၊ထို့နောက် အင်္ဂလိပ်လက်ထောက်သံအရာရှိ၊ဆရာဝန် နှင့် ဘုန်းတော်ကြီးကောလ်ဘက်၊
နောက်တွင် မင်းသားတို့၏ အခြွေအရံများနှင့်ပစ္စည်းများတင်ဆောင်လာသည့် လှည်းပေါင်း
၁၃စီးတို့ အစဉ်အတိုင်းဗြိတိသျှသံတဲဝန်းမှ ဧရာဝတီမြစ်ဆ်ိပ်သို့ ထွက်ခွာလာခဲ့ကြသည်။
မြို့သူမြို့သားများလည်း လာရောက်ကြည့်
ရှု့ခဲ့ကြသည်ဟု သိရှိရသည်။ကောလ်ဘက်က ညောင်ရမ်းမင်းသား ခံစားရပုံကိုလည်း ဤ
သို့မှတ်တမ်းတင်ထားခဲ့သည်။ "ညောင်ရမ်း
မင်းသားသည် အမိမြေမှစွန့်ခွာသွားရမည့်
အရေးအတွက် ဝန်လေးကာ ပူဆွေးနေဟန်
ပေါ်နေပုံရပြီး မည်သည့်အရပ်ဒေသသို့ သွား
ရမည်ကိုလည်းသိရှိပုံမရသေးသဖြင့် ဝမ်း
နည်းနေပုံရသည်။အသက်၁၀နှစ်အရွယ် မင်း
သားလေးထိပ်တင်ဦးစွန်းနှင့် အသက်၁၂နှစ်
အရွယ် မင်းသမီးလေး ထိပ်တင်မကလေးတို့
မှာ ကျွန်ုပ်အား များစွာချစ်ခင်နေရှာသည်ဟု
ညောင်ရမ်းမင်းသားက ပြောကြားကြောင်း "ရေးသားဖော်ပြခဲ့ပါသည်။
မင်းသားတို့သည် လိုက်ပါပို့ဆောင်ကြသူ
များကို မြစ်ဆိပ်တွင် အနည်းငယ်ကြာနှုတ်
ဆက်ခဲ့ကြပြီးနောက် ရန်ကုန်သို့ ပို့ဆောင်မည့် သင်္ဘောပေါ်သို့တက်ရောက်သွားခဲ့ကြလေ
သည်။ ရန်အောင်မြင်မြို့စာဝန်ထောက်ဦးအို
ကအတင်းအကြပ်လုယူရန် ကြံစည်တင်ပြခဲ့သော်လည်းကင်းဝန်မင်းကြီးက ကန့်ကွက်ခဲ့ပြီး
ထိုနေ့က ညောင်ရမ်းညောင်အုပ်မင်းသားတို့ကို အင်္ဂလိပ်သံတဲမှ မြစ်ဆိပ်ရှိ တုလွတ်ယာဉ်ပျံမီးသင်္ဘောတွင်တင်၍ အင်္ဂလိပ်ပိုင်နက်အ
ရောက် စာရေးတော်ကြီးဦးဖိုးလှ ခန်းပတ်ဝန်
ဟောင်းဦးကြယ်တို့နှင့်အတူ တောင်မာရဘင် သေနတ်အမှု့ထမ်း၂၀၀ ဝန်းရံစောင့်ရှောက်
လိုက်ပို့စေသည်တို့ကို သီပေါဘုရင်ကြားသိရသောအခါ ကင်းဝန်မင်းကြီးအပေါ် သင်္ကာ
မကင်းရှိသည်ဟု ဆို၏။များမကြာမီအင်္ဂလိပ်တို့သည် ညောင်ရမ်း ညောင်အုပ်မင်းသားညီ
နောင်တို့အားမိသားစုနောက်ပါအခြွေအရံတို့
နှင့်အတူအန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ ပို့
ဆောင်ပေးခဲ့သည်။
မန္တလေးနေပြည်တော်၌လည်း ကင်းဝန်
မင်းကြီးသည်မူလအကြံအစည်ဖြစ်သော
စည်းမျဉ်းခံဘုရင်စံနစ်ကို အကောင်အထည်
မဖော်နိုင်ရုံသာမက စစ်လိုလားသော တိုင်တားမင်းကြီးနှင့် မိဖုရားကြီးစုဖုရားလတ်တို့တန်
ခိုးသြဇာထက်မြက်နေသဖြင့် မိမိသြဇာတဖြည်း
ဖြည်းကျဆုံးလျှက်ရှိသည်။ထိုအတွင်းမိမိအားထောက်ခံသူများဖြစ်သည့် ပထမရေနံချောင်းမြို့စားဝန်ကြီး၊မကွေးမြို့စားမင်းကြီးဦးလှိုင်၊
မြို့သစ်မြို့စားဝန်ထောက်ဦးဖီတို့အားအရာချ
ကာ အချုပ်နှင့်ထားသဖြင့် အရှင်နှစ်ပါး
အပေါ်များစွာ စိတ်နာခဲ့ကာ အကြံအစည်တစ်
ခုကိုအကောင်အထည်ဖော်ခဲ့သည်။ထိုအကြံမှာ ကင်းဝန်မင်းကြီးဦးကောင်း၊မင်းတုန်းမင်းကြီး
၏ မိဖုရားကြီးတစ်ဦးနှင့်ထိုမိဖုရားကြီး၏
သမီးတော်ကြီးတို့ ၃ဦးတိုင်ပင်ကာ အန္ဒိယရှိ
ညောင်ရမ်းမင်းသားတို့ထံဆက်သွယ်ခဲ့
ကြသည်။ | 0 |
| 20 | မင်းသားတို့နန်းတော်အတွင်းရောက်
လာရာ မင်းတုန်းမင်းကြီး ကျန်းမာရေးအား
နည်းနေသည်ဟူသောအကြောင်းပြချက်ဖြင့်
မက္ခရာမင်းသားကြီးတစ်ဦးသာလျှင် သလွန်
တော်အနီးကပ်ခွင့်ရခဲ့သည်။မင်းတုန်းမင်းမှာ
သားတော်တို့၏ အခြေအနေမှန်ကိုသဘော
ပေါက်စပြုမိသည်နှင့် အားနည်းနေသည့်ကြား
မှ သားတော်ကြီးမက္ခရာမင်းသားကို ကျောက်
ဆည်နှင့်တောင်ငူကြားဒေသတွင် လည်း
ကောင်း၊ သုံးဆယ်မင်းသားကို ဗန်းမော်နှင့်
ရွှေဘိုကြားဒေသတွင် လည်းကောင်း၊
ညောင်ရမ်းမင်းသားကို မြင်းခြံနှင့်မြေထဲကြား ဒေသကိုလည်းကောင်း ဘုရင်ခံအဖြစ် အသီး
သီးခန့်အပ်ကာ သူတို့အတွက်လိုအပ်မည့်
အထည်အအုပ် နှင့်ငွေတော်ထုတ်ပေးရန်၊လွှတ်တော်စာရေးတစ်ဦးစီလိုက်ပါသွားရန်
နှင့် သင်္ဘောတစ်စီးစီယူဆောင်ကာ ကိုယ့်
နယ်ကိုယ့်ဒေသကို လွတ်လပ်စွာအုပ်ချုပ်ရန်၊
ကျန်မင်းသား မင်းသမီး ဆွေတော်မျိုးတော်
များမှာမူ သူတို့ဆန္ဒရှိရာ ဘုရင်ခံအောက်တွင်နေထိုင်အမှု့ထမ်းနိုင်ကြောင်း အမိန့်တော်ချ
မှတ်ခဲ့သည်။
သို့သော် ပြန်လွတ်လာသော မင်းသား
များအားလုံးဘုရင့်ရှေ့မှောက်မှထွက်၍ နန်း
တော်အပြင်မရောက်ခင်၌ပင် ဆင်ဖြူမရှင်
နှင့်မှုးမတ်တို့က ထပ်မံဖမ်းဆီးခြင်းခံရ
လေသည်။မင်းတုန်းမင်းကား အခြေအနေ
ဆိုးမှအတတ်နိုင်ဆုံးစီမံနိုင်ခဲ့ပြီဟု ဘဝင်
ကျထင်မှတ်လျှက် နန်းသက်တလျှောက်
လှူဒါန်းခဲ့သမျှ ကောင်းမှု့ကုသိုလ်တော်စာ
ရင်းကို ဖတ်ကြားတင်လျှောက်ချက်ကို ကြား
နာရင်း ၁၈၇၈ခုနှစ် အောက်တိုဘာလ ၁ရက် အင်္ဂါနေ့ နေ့လည်ခင်းတွင် နတ်ရွာစံတော်မူ
လေသည်။
နေပြည်တော်တွင် မင်းတုန်းမင်း အပြင်း
အထန်နာမကျန်းဖြစ်နေခိုက် မင်းသားများကို ဖမ်းဆီးခေါ်ဆောင်နေစဉ်မှာပင် အထက်
မြန်မာနိုင်ငံအတွက် သာသနာပြုရန်ခရစ်
ယာန်ဘုန်းတော်ကြီး ဂျိမ်းအဲဖရက်ကောလ်
ဘက်(Jame Alfred Colbeck)သည် ၁၈၇၈
ခုနှစ် သြဂုတ်လအတွင်း မန္တလေးနေပြည်
တော်သို့ရောက်ရှိလာခဲ့၏။၁၈၇၈ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့တွင် ကောလ်
ဘက်၏ နေအိမ်သို့ ဆင်းရဲသားကူလီတစ်
ဦးရောက်ရှိလာခဲ့သည်။ကောလ်ဘက်က
"အသင်ဘယ်သူလဲ"ဟုမေးသောအခါ
"ညောင်ရမ်းမင်းသားပါ၊ကျွန်ုပ်အားကူညီပါ"
ဟု ကူလီယောင်ဆောင်ထားသော ညောင်ရမ်းမင်းသားကပြန်ဖြေသည်။ညောင်ရမ်းမင်း
သားနှင့်အတူ ကြင်ယာတော်၊သမီးတော်နှစ်
ပါး၊သားတော်တစ်ပါးနှင့် အခြွေအရံများ အဝတ်အစားညှိုးနွမ်းစွာ ဝတ်ဆင်လျှက် ပါ
ရှိလေသည်။ဘုန်းတော်ကြီးကောလ်ဘက်က
ညောင်ရမ်းမင်းသားအား လုံခြုံရာအရပ်သို့
လျို့ဝှက်ပို့ဆောင်ပေးခဲ့ပုံကိုသူ၏ "မန္တလေး
မှပေးစာများ"စာအုပ်တွင် အသေးစိတ်
အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်။
ကောလ်ဘက်အနေနှင့် မိမိ၏နေအိမ်
ကို ဘုရင့်တပ်သားများလာရောက်ရှာဖွေ
တော့မည်ကို တွက်ဆထားပြီးဖြစ်သည်။ထို
စဉ်တွင် ညောင်ရမ်းမင်းသားနှင့်မိသားစု
အခြွေအရံများ ထွက်ပြေးသွားပြီကို ကြိုတင်ကြံစည်ရင်းထားရှိပြီးဖြစ်သော ညီတော်
ညောင်အုပ်မင်းသားနှင့်မိသားစုတို့ကို လူ
ချင်းခွဲစေပြီး သူတို့မှာ ဗြိတ်ိသျှသံတဲအတွင်း
ဦးစွာခိုဝင်နိုင်ခဲ့ပြီဖြစ်သဖြင့် နေပြည်တော်
အတွင်း အစောင့်အကြပ်များ ပိုမိုထူထပ်စွာ
ချထားသဖြင့် ညောင်ရမ်းမင်းသားနှင့်အဖွဲ့မှာ ရုပ်ဖျက်ကာ ကောလ်ဘက်နေအိမ်သို့ရောက်
ရှိခိုဝင်ခဲ့ကြခြင်းဖြစ်သည်။ညောင်ရမ်းမင်း
သားကို လိုက်လံဖမ်းဆီးနိုင်ရန်အတွက်လည်း တပ်သားများစေလွှတ်ချထားလိုက်သည်။
ထို့ကြောင့် ညနေမှောင်စပျိုးအချိန်တွင်
ကောလ်ဘက်က ညောင်ရမ်းမင်းသားကို
တမီးလ်လူမျိုးအစေခံတစ်ဦးကဲ့သို့ဝတ်ဆင်စေသည်။ထိုအချိန်တွင်မိုးဖွဲဖွဲကျလျှက်ရှိရာ
ရာမဆွာမိအမည်ခံညောင်ရမ်းမင်းသားအား
မီးအိမ်ကို ကိုင်စေပြီး အင်္ဂလိပ်သံတဲသို့ခေါ်ဆောင်သွားလေသည်။ပတ်ဝန်းကျင်မှ မရိပ်
မိစေရန်လည်း ကောလ်ဘက်က မင်းသား
အား အရှင်သခင်နှင့် အစေခံတစ်ဦးပြောဆို
နေကျပုံစံအတိုင်း လမ်းတစ်လျှောက်လုံး ဆူ
ပူကြိမ်းမောင်း၍ ခေါ်ဆောင်လာခဲ့သည်။
ဤသို့ဖြင့် ဘုန်းတော်ကြီးကောလ်ဘတ်
သည် အင်္ဂလိပ်သံဝင်းအဝင်ဝတွင် ထူထပ်
စွာစောင့်ကြပ်ကြည့်ရှု့နေသော မြန်မာစစ်
သည်တို့ရှေ့မှဖြတ်ကျော်ကာ ညောင်ရမ်း
မင်းသားကိုဘေးကင်းလုံခြုံစွာ ပို့ဆောင်
နိုင်ခဲ့သည်။
နောက်တစ်နေ့တွင် ညောင်ရမ်းမင်းသား
၏ သမီးလတ် ထိပ်တင်လတ်မင်းသမီးကို
ယောင်္ကျင်္ားလေးကဲ့သို့ဝတ်ဆင်စေပြီး
ကောလ်ဘက်နောက်မှ စာအုပ်များကိုင်ခိုင်း
ကာ လိုက်ပို့ပေးရဟန်ဖြင့် ခမည်းတော်ရှိရာ ဗြိတိသျှသံတဲအတွင်းခေါ်ဆောင်နိုင်ခဲ့သည်။
ညောင်ရမ်မင်းသား၏ ထိပ်တင်ကြီးကိုလည်း ထိုနည်းတူဝတ်ဆင်စေပြီး ခရစ်ယာန်ဘာ
သာဝင်ကျောင်းသားလေးတစ်ဦးနှင့်အတူ
သံတဲသို့ပို့ပေးခဲ့သည်။ကောလ်ဘက်သည်
ညောင်ရမ်းမင်းသား၏ ကြင်ယာတော်ကိုမူ ကျောက်မျက်ရတနာပွဲစားတစ်ဦးအသွင်
ရုပ်ဖျက်စေပြီး သံတဲသို့ပို့ဆောင်ပေးရာ
လမ်းတွင်မြန်မာမင်းမှု့ထမ်းတစ်ဦးသင်္ကာ
မကင်းဖြစ်ပြီး အဖော်လိုက်ပါလာသည့်
တရုတ်လူငယ်နှင့်မြန်မာလူငယ်တို့ကို ဖမ်း
ဆီးခံရပြီး မင်းသမီးမှာကံအားလျော်စွာ လွတ်မြောက်ခဲ့ရသည်။ထိုနည်းဖြင့် ညောင်
ရမ်းမင်းသား၏ ယောက္ခမအပါအဝင် နောက်ပါ၁၂ဦးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ညောင်ရမ်းမင်းသားကြီးကိုယ်တိုင် မိမိမှာ
ဘုန်းတော်ကြီးကောလ်ဘက်ပေးသည့် အ
သက်သာရှိတော့ကြောင်း ကျေးဇူးတင်
အထပ်ထပ်ဆိုခဲ့သည်ဟု သိရ၏။ | 0 |
