cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Michael Saw

Show more
Advertising posts
4 715
Subscribers
+1024 hours
+197 days
+7830 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from Saw Ka Zaw
Repost from Saw Ka Zaw
လွန်ခဲ့သောရာစုက ဗြိတိသျှစီမံကိန်းချသူများမှာ မြေပုံကြည့်ကာ အကြီးအကျယ် တွေးတောစဥ်းစားခဲ့ကြ၏။ ယခုအခါ တရုတ်စီမံကိန်းချသူများကလည်း ထိုနည်းတူ လုပ်ဆောင်နေကြ၏။ တရုတ်တိုးတက်မှုသည် ၎င်း၏ အရှေ့ဘက်ကမ်းရိုးတန်းဖြစ်ပြီး၊ အနောက်ဘက်ခြမ်း ဒေသများကား ဆင်းရဲပြီး ခေတ်နောက်ကျကျန်နေဆဲ ဖြစ်သည်။ ကြွယ်ဝချမ်းသာသော အရှေ့ဘက်ခြမ်းနှင့် ဖွံ့ဖြိုးမှု နည်းသော ကုန်းတွင်းပိုင်းတို့ကြား ကွာဟမှုကို စိတ် အနှောင့်အယှက်ဖြစ်ကြ၏။ တရုတ်ပညာရှင်များက သမုဒ္ဒရာ ၂ စင်း ပေါ်လစီကို ရွေးချယ်ခဲ့ကြပြီး သူတို့က မြန်မာနိုင်ငံကို ဘဂ်လား ပင်လယ်အော်နှင့် ၎င်းအလွန်ရေလမ်းကြောင်းများ အတွက် တံတားအနေနှင့်ကား ရှင်းရှင်းလင်းလင်း မြင်ထားကြသည်။ နိုင်ငံခြားမှရေနံကို မှီခိုနေရသည့် တရုတ်ပြည်အတွက် မလက္ကာရေလက်ကြားသည် သဘာဝထိန်းချုပ်ပွိုင့်ဖြစ်နေပြီး၊ ရေနံသွင်းကုန် ၈၀ % သည် ထိုနေရာမှ ဖြတ်လာရ၏။ မှတ်ချက် ။ ကရာတူးမြောင်းသည် ဒေါ်လာ ၂၈ ဘီလျံကုန်ကျမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအနေဖြင့် ကရာတူးမြောင်းဆောင်ရွက်လျှင် တောင်ပိုင်း ခွဲထွက်မည့်အန္တရာယ်ကို ထည့်သွင်းစဥ်စား နေရသည်။ တရုတ်နိုင်ငံအနေဖြင့် စစ်ဖြစ်နိုင်ခြေသည် တောင်တရုတ်ပင်လယ်ရပ်ဝန်းတွင်ဖြစ်ကာ ထိုင်ဝမ်သည် လေယာဥ်တင်သဘော်ကြီး အမြဲတမ်းရပ်နားထားသလိုပင်ဖြစ်သည်။ ထို့အတူ ထိုင်ဝမ်ကို အနှစ် ၁၀၀ အတွင်း ပြန်တိုက်ယူ မည်ဟု တချိန်က အမေရိကန်တို့ကိုပြောဆိုထားပြီးဖြစ်ကာ၊ ကျန်ဇီမင်းလက်ထက်တွင် ၇၇ နှစ်သာ ကျန်တော့သည်ဟု ပြောဆိုခဲ့ဖူးသည်။ တရုတ်ရေတပ်သည် အမေရိကန်ကိုမှီဖို့ အချိန်ဆယ်စုနှစ်တစ်ခုမျှ လိုနေသေးသည်ဖြစ်ရာ တရုတ်တို့အနေဖြင့် လက်ရှိအချိန်တွင် စစ်ပွဲကို စတင်မည်မဟုတ်သော်လည်း အမေရိကန်တို့အနေဖြင့် သူတို့အားသာနေသေးသည့် အချိန်တွင် စစ်ပွဲကိုစတင်ပြီး တရုတ်ပြည်ကို ပိတ်ဆို့ခဲ့သော်၊ လူဦးရေ သန်းထောင်ကျော်ကို ချိန်ကိုက်ဗုံးတစ်လုံးလို ကိုင်ဆောင်ထားသည့် တရုတ်ပြည်သည် မီးပွားလေး တစ်စပင် အကျမခံနိုင်ပေ။ ကွန်မြူနစ်ပါတီသည် စီးပွားရေးအဆင်ပြေနေသဖြင့် ပြည်တွင်းကိုထိန်းထားနိုင်ခြင်းဖြစ်ကာ၊ စစ်ဖြစ်၍ အဘက်ဘက်က ပိတ်ဆို့ခံရပြီး စီးပွားရေးကျဆင်းခဲ့လျှင် ချမ်းသာသည့်သူသည် ဆင်းရဲသည့်ဒဏ်ကို ခံနိုင်မည် မဟုတ်ပေ။ ဤတွင် မည်ကဲ့သို့ဖြစ်လာမည်ကို မည်သူမျှမပြောနိုင်။ တိုင်းပြည်ကို ရေရှည်အုပ်ချုပ်ဖို့စီမံထားသည့် ကွန်မြူနစ်ပါတီသည် လူတစ်ဦးမဲတစ်မဲစနစ်နဲ့အတူ ဆိုဗီယက်လို ပြိုကွဲမှုမျိုး အဖြစ်ခံနိုင်မည် မဟုတ်ပေ။ ဤတွင် မြန်မာနိုင်ငံသည် အဓိကနေရာတစ်ခု ဖြစ်လာပြန်ပြီ။ အနာဂတ်တွင် အမေရိကန် အိန္ဒိယတို့နှင့် ပဋိပက္ခ ဖြစ်ပါက ရေနံတင်ပို့မှုကိုဖြေရှင်းရန် မြန်မာပြည်မှ တဆင့် ပိုက်လိုင်းဖြင့်သွယ်ယူရယူမည်ဖြစ်သည်။ ပြဿနာမှာ မြန်မာ့ပြည်တွင်းမတည်ငြိမ်မှု ဖြစ်ပြီး တရုတ်ခေါင်းဆောင်များသည် မြန်မာပြည်ပြဿနာကို တခါတည်းနဲ့ တသက်လုံးအဖြေရချင် နေသည်။ ၂၀၀၉ ကိုးကန့်အရေးဖြစ်သည့်အချိန်တွင် မတည်ငြိမ် သည့်နိုင်ငံတွင် မဟာဗျူဟာအင်အား ကြီးကြီးမားချတော့မည်လားဟု တရုတ်လေ့လာသူများ သုံးသပ်ရာတွင် သူတို့စိတ်ပူတာက ပါကစ္စတန် နိုင်ငံဖြစ်သည်။ ( ယနေ့အရေးအခင်းတွေသည် မြန်မာပြည်ပြဿနာကို တခါတည်းနှင့် တသက်လုံးအဖြေရှာလိုက်တာများလား။) တရုတ်တို့အလေးထားသည်မှာ မြန်မာပြည်တည်ငြိမ်ရေး ဖြစ်သည်။ တရုတ်ပြည်၏ အနောက်ဘက်ဖွံ့ဖြိုးရေးမဟာဗျူဟာကို ၁၉၉၉ ခုနှစ်တွင် တရားဝင်စတင်လုပ်ဆောင်ခဲ့ပြီး မြန်မာပြည်နှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်စပ်ပေးရန် စိတ်ကူးဖြစ်သည်။ အနောက်ဘက်ဖွံ့ဖြိုးရေး မဟာဗျူဟာသည် ဟူကျင်တောင် ၂၀၀၃ ခုနှစ်က ပြောခဲ့သော မလက္ကာအကျပ် အတည်း၏ အစိတ်အပိုင်းပင်ဖြစ်သည်။ ပေကျင်း၏ မြန်မာပြည်ပေါ်လစီမှာ ယူနန်စီးပွားရေးကို ရှေ့သို့တိုးမြှင့်ပေးရန်ဖြစ်သည်။ '' ယူနန်အစိုးရမှာ သိပ်ပြီးရှင်းလင်းတဲ့ ဖွံ့ဖြိုးမှုမဟာဗျူဟာရှိတယ်။ ယူနန်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှအတွက် တရုတ်ပြည်ရဲ့ဂိတ်တံခါးဝ'' ပဲ ဖြစ်သည်။ ယူနန်ရဲ့ပြဿနာမှာ တည်နေရာဖြစ်ပြီး ဆိပ်ကမ်းကြီးများနှင့်ဝေး၏။ ဤပြဿနာကိုဖြေရှင်းရန် ယူနန်မှ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာတို့နှင့် ဆက်သွယ်ရေးအစီအစဥ်များချမှတ်ပြီး ထိုမှတဆင့် အနောက်ဘက်ယွန်းယွန်းရှိ ဘဂ်လားဒေ့ရှ်နှင့် အိန္ဒိယသို့ ဆက်သွားမည်ဖြစ်၏။ '' ယူနန်တွင် ၇၂ ထပ်ရှိ အကြီးဆုံးအဆောက်အဦးကို တောင်အာရှဂိတ်ဝ '' ဟု ခေါ်၏။ ဤအဆောက်အဦမှနေ၍ မြန်မာ အိန္ဒိယ စသည်တို့နှင့် ကူမင်းက ဗဟိုစီးပွားရေးဌာနအဖြစ် အသုံးပြုမည်ဖြစ်၏။ မန္တလေးကိုပတ်ပြီး စက်ဝိုင်းတစ်ခုဆွဲပါ။ အချင်းကို တော့ မိုင် ၇၀၀ ထက် နည်းနည်းပိုထားပါ။ ထိုစက်ဝိုင်းသည် အနောက်ဘက်တွင် ဘဂ်လားဒေ့ရှ်ကိုကျော်ကာ အိန္ဒိယတောင်တန်းတွေနှင့် အာသံ၊ ဘဂ်လားအနောက်ပိုင်း၊ သြရိသနှင့် ဘီဟာသို့ရောက်မည်။ မြောက်ဘက်နှင့် အရှေ့ဆိုလျှင် တရုတ်ပြည်၏ ယူနန်၊ စီချွမ်ပြည်နှင့် တိဘက်အစိတ်အပိုင်းအချို့ ရောက်မည်။ တောင်ဘက်ဆိုလျှင် လာအိုနှင့် ထိုင်း။ ထိုစက်ဝိုင်းထဲတွင် လူဦးရေသန်း ၆၀၀ ထက်မနည်း နေကြ၏။
Show all...
👍 3 2
Repost from Saw Ka Zaw
မန္တလေးဗဟိုပြု ကမ္ဘာမှလူများသည် အားလုံးလောက် နီးနီးဆင်းရဲကြ၏။ တရုတ်ဘက်မှာတော့ ဆင်းရဲမှုနှုန်း ကျနှုန်းမြန်နေပြီး၊ လက်ရှိ မန္တလေးတွင် လူဦးရေ ၃ ပုံပုံ ၁ ပုံသည် တရုတ်လူမျိုးများဖြစ်နေပြီး မန္တလေးတွင် တရုတ်သြဇာကား ထက်သည်ထက် ထက်နေသည်မှာ ထင်ရှားသည်။ ၂၀၁၀ ပြည့်နှစ်တွင် စတင်ခဲ့သော ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း၊ အဝေးပြေးလမ်း၊ ရထားလမ်းတို့သည် မန္တလေးကိုဖြတ်ပြီး ပင်လယ်သို့သွားကြမည်။ မြန်မာပြည်၏ မျက်နှာပြင်သည် အရှေ့ဘက်ကို ပို၍ရေးဆွဲရမည့်ပုံပေါက်နေ၏။ ထို့အတူ တရုတ်ပြည်၏ မြေပုံကလည်း မကြာခင် ပြောင်းလဲသွားနိုင်သလား။ တချိန်က မြန်မာပြည်၏မြောက်ပိုင်းနှင့် အရှေ့ပိုင်း အချို့နေရာများကို တရုတ်တို့က သူတို့မြေပုံတွင် ထည့်ဆွဲထားခဲ့ကြ၏။ အမေရိကန်ထိတ်လန့်နေသည်မှာ တရုတ်၏ စီးပွားရေးတောင့်တင်းပြီး အလွန်အမင်း အင်အားကြီးထွားလာမှုနှင့်အတူ အာရှတိုက်မှ သူ့ကိုဖယ်ထုတ်မည့်အရေးဖြစ်ပြီး၊ တရုတ်အိပ်မက်တစ္ဆေအခြောက်ခံနေရသည်မှာ အမေရိကန် သို့မဟုတ် အိန္ဒိယက မလက္ကာရေလက်ကြားကို ပိတ်ဆို့မည်ကို စိုးရိမ်ခြင်းဖြစ်၏။ အိန္ဒိယ၏ချောက်အိပ်မက်ကား အိန္ဒိယကိုဖြတ်ကျော် လာမည့် တရုတ်ရေတပ်ဖြစ်သည်။ တရုတ်၏ စိုးရိမ်ထိတ်လန့်မှုများတိုးပွားလာသည်နှင့် အမျှ မြန်မာနိုင်ငံသည် ဇာတ်ခုံအလယ်သို့ရောက်လာ တော့၏။ မန္တလေးမြို့ပြင်ရှိ ၁၉ ရာစု တရုတ်ဘုံကျောင်းတစ်ခု၏ နံရံတွင် ရေးထားသော စာတန်းတစ်ခုမှာ- '' ပြင်ပလူရိုင်းတွေမှာတောင် ဥာဏ်ပညာက လမ်းဖောက်သွားနိုင်တယ်။ '' ###Ko Lay Nge🌿🌿🌿
Show all...
👍 5
Repost from Saw Ka Zaw
ဘောကာဆရာကြီးတွေ ခင်ဗျာတို့ပြောတော့ တပ်ကိုကူညီဖို့ဆို အခုပြောနေပြီ မဟုတ်ဘူးဆိုတာ ဘောမတာလည်းမှန်မှန်ကန်ကန်မကြပါ
Show all...
👍 4
Repost from Saw Ka Zaw
00:16
Video unavailableShow in Telegram
နောင်ချိုTNLA ဇူလိုင်၁၃၊၂၀၂၄။ နောင်ချိုသတ်ကွင်းထဲရောက်နေတဲ့TNLAပြောင်းဖူးအဖွဲ့နဲ့တောသီးPDFအဖွဲ့တွေရဲ့အလှည့်ကျရောက်နေပြီ။ နောက်ဆက်တွဲသတင်းကောင်းတွေချည်းလာပါလိမ့်မယ်😂 နေပြည်တော်
Show all...
2.25 MB
5👍 3🤣 1
00:04
Video unavailableShow in Telegram
ယနေ့ TNLAပလောင်သူပုန် ထိန်းချုပ်ရာမြို့ဖြစ်သည့် နမ့်ခမ်း၌ နေထိုင်ခွင့် စမတ်ကဒ်များကို စတင် ထုတ်ပေးနေပြီး ဗမာလူမျိုးများမပါ ဝင်ကြောင်း သိရ။
Show all...
1.37 MB
🔥 1😱 1🤣 1🍌 1
Repost from Saw Ka Zaw
00:08
Video unavailableShow in Telegram
မိုးကုတ်မြို့  ရပ်ကွက် ထဲ ကျသွားတဲ့ ရှော့တိုက်ဒုံးပါ။ DI Thameedaw 🇲🇲
Show all...
6.61 KB
🤬 6👍 4
Repost from Saw Ka Zaw
00:21
Video unavailableShow in Telegram
မိုးကုတ်မြို့ ရပ်ကွက်ထဲ နောက်တနေရာပါ ဂရုစိုက်ကြပါ။ DI Thameedaw 🇲🇲
Show all...
2.28 MB
🤬 5👍 1
Repost from Saw Ka Zaw
00:08
Video unavailableShow in Telegram
မိုးကုတ် အရှေ့ တပ်ကို လှမ်းပစ်တာ မရောက်ပဲ မိခင်နှင့်ကလေး စောင့်ရှောက် ရေးဘေး ရှော့တိုက်ဒုံး ကျပြီး မီးလောင်တာ အိမ် ၃ လုံးကုန်သွားပါပြီ။ DI Thameedaw 🇲🇲
Show all...
4.07 KB
😢 4🔥 2👍 1
Repost from Saw Ka Zaw
Breaking ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မိုးကုတ်မြို့အနီး၌ တိုက်ပွဲများ ပြင်းထန်နေသလို TNLA မှ မြို့ထဲသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင် ပျက်စီးလျက် ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ #myanma_gone
Show all...
😢 3 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.