en
Feedback
Genius Doctor

Genius Doctor

Open in Telegram

မြန်မာဘာသာပြန်

Show more
1 008
Subscribers
No data24 hours
+27 days
+530 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+9
in 0 channels
August '26
+11
in 0 channels
Get PRO
July '26
+23
in 1 channels
Get PRO
June '26
+23
in 1 channels
Get PRO
May '26
+81
in 1 channels
Get PRO
April '26
+18
in 1 channels
Get PRO
March '26
+27
in 1 channels
Get PRO
February '26
+47
in 1 channels
Get PRO
January '26
+33
in 1 channels
Get PRO
December '25
+48
in 1 channels
Get PRO
November '25
+28
in 1 channels
Get PRO
October '25
+27
in 1 channels
Get PRO
September '25
+39
in 1 channels
Get PRO
August '25
+31
in 1 channels
Get PRO
July '25
+33
in 1 channels
Get PRO
June '25
+23
in 1 channels
Get PRO
May '25
+16
in 1 channels
Get PRO
April '25
+20
in 1 channels
Get PRO
March '25
+40
in 1 channels
Get PRO
February '25
+28
in 1 channels
Get PRO
January '25
+50
in 1 channels
Get PRO
December '24
+50
in 1 channels
Get PRO
November '24
+70
in 2 channels
Get PRO
October '24
+72
in 1 channels
Get PRO
September '24
+92
in 1 channels
Get PRO
August '24
+85
in 1 channels
Get PRO
July '24
+20
in 1 channels
Get PRO
June '24
+37
in 1 channels
Get PRO
May '24
+24
in 0 channels
Get PRO
April '24
+283
in 1 channels
Date
Subscriber Growth
Mentions
Channels
10 September+2
09 September+2
08 September+2
07 September+1
06 September0
05 September0
04 September0
03 September+1
02 September+1
01 September0
Channel Posts
၃၁၂၃။ နိဂုံး - အောင်သွယ်ခြင်း   ဤနေရာမှာ သီချင်းသံ ကြားရပြီး ထိုနေရာမှာ ဖန်ခွက်တိုက်သံ ကြားရသည်။ စားသောက်ပွဲက ညနက်သည်အထိပင်။ သို့တိုင် လူတိုင်း အကြီးအကျယ် ရွှင်လန်းတက်ကြွလျက် ရှိသည်။   ဂျန်ဝုရှီနှင့် ရှန်ယန်ရှောင်က အချင်းချင်း မတွေ့ရတာ အတော့်ကို ကြာညောင်းခဲ့သည်။ အချင်းချင်း ပြောစရာကား မကုန်နိုင်။   ဒီရှို့နှင့် ဂျန်ဝုယောင်းက သူတို့၏ သက်ဆိုင်ရာ ဇနီး၏ ဟိုဘက် ဒီဘက်မှာ ထိုင်ကြသည်။ သူတို့၏ ရန်ငြိုးကား အခု အတိတ်မှ ကိစ္စလေးတခုမျှသာ။ အခု သူတို့က သူတို့ဘေးနားမှ ဇနီးများကို ဂရုစိုက်ကြဖို့သာ အာရုံရှိကြသည်။   ကြာရှည်ခဲ့သော အမုန်းတရားကား ဖြေရှင်းပြီးသွားလေပြီ။   ဖန်ဇိုက သူ့ရှေ့မှ ပျော်စရာ မြင်ကွင်းကို လေ့လာဆန်းစစ်၏။ တဖြည်းဖြည်း သူ့အကြည့်က ချောမော၍ ပြုံးနေသည့်, သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လူဆီ ရောက်သွားသည်။ သူကား စကားနည်းသော လူတယောက် ဖြစ်သည်။ မူးယစ်နေသည့် ထန်နာကျစ်က သူ့အား တစုံတရာ ကပ်ပြောလျှင် သူ့ဆံပင်မွေးများ ထောင်ထကုန်သည်။   သူ မှတ်မိတာသာ မှန်လျှင်, ထိုလူ၏ နာမည်က ချီရှဲ့ ဖြစ်သည်။   ထိုလူအကြောင်းကို ဖန်ဇို သိချင်မိသဖြင့် အနီးကပ် စူးစမ်း၏။ အတော်ကြာပြီးနောက် သူက အပြင်ပန်းမှာ သာမန်လို အမူအရာ ရှိနေသော်ငြား, သူနှင့် အတူ မထင်ရှားသော ဝမ်းနည်းခြင်း အရိပ်အငွေ့ကို သယ်ဆောင်ထားတာကို သူ သတိပြုမိသွားသည်။   သောက်နေဆဲ ဖြစ်သော ချီရှဲ့က တယောက်ယောက်က သူ့အား စိုက်ကြည့်နေတာကို ခံစားမိသဖြင့် ခေါင်းမော့ကာ ဖန်ဇိုကို မျက်လုံးချင်း ဆိုင်ကြည့်၏။   ဉာဏ်သွက်သော ထိုနှစ်ယောက်ကား အချင်းချင်း ဘာမှ မပြော။ ချီရှဲ့က သူ့ဖန်ခွက်ကို မြှောက်၍ အချင်းချင်း တိတ်တဆိတ် ခွက်တိုက်ကြသည်။   ဖန်ဇိုကား ဝိုင်သောက်ပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်။   လရောင်က ရွှန်းလဲ့စွာ တောက်ပနေ၏။ ဝိုင်နံ့ကား လေထုထဲ ပြည့်လျှမ်းလျက် ရှိသည်။   ကလေးနှစ်ယောက်ကို ကျူးချွယ်နှင့် ထောင်ထျဲက ခန်းမထဲသို့ ပြန်ခေါ်လာကြကာ သူတို့၏ သက်ဆိုင်ရာ မိခင်များဆီ လာပို့ကြသည်။ အိပ်ပျော်နေသော ကလေးနှစ်ယောက်ကို ကြည့်ပြီး ရှန်ယန်ရှောင်က စနောက်လိုသော အပြုံး ဖြစ်လာကာ ဂျန်ဝုရှီကို သိမ်းကြုံးကြည့်လေ၏။   ထိုအကြည့်၏ ဆိုလိုရင်းကို ဂျန်ဝုရှီ တိကျစွာ သိသည်။   “ဝုရှီလေး, ကြည့်စမ်း... နင့်ရဲ့ မိုယဲ့လေးက အရမ်းကို လိမ်မာယဉ်ကျေးတာ၊ ငါ့သားက ရုပ်မဆိုးဘူး၊ သူတို့ တွေ့တွေ့ချင်း အဆင်မပြေကြပေမဲ့ အခုတော့ သူတို့ အဆင်ပြေသွားကြပြီ၊ ငါတို့လေ...”   ရှန်ယန်ရှောင်က ဂျန်ဝုရှီကို မျက်တောင် တဖျတ်ဖျတ် ခတ်ပြ၏။   သူ့မိတ်ဆွေ၏ စဉ်းစားပုံ နည်းလမ်းကြောင့် ဂျန်ဝုရှီကား ကူကယ်ရာမဲ့ရ၏။ သို့သော်...   သည်အဆိုပြုချက်နှင့် ပတ်သက်၍ သူ ငြင်းစရာ အကြောင်းမရှိ။ သူ ပျော်ရွှင်စွာ ပံ့ပိုးပေးသည်။   “ဒါ အရာအားလုံး အဆင်ပြေပြီး ကောင်းတယ်၊ ဒါပေမဲ့ ငါတို့က မတူညီတဲ့ ကမ္ဘာတွေမှာ နေကြတာ၊ ငါတို့ အတူတူ နေကြရင် ဒီအကြောင်း ပြောရတာ လွယ်တယ်၊ ဒါပေမဲ့ အချိန်ကျလာရင် ငါတို့ထဲက တယောက်ယောက်တော့ ငါတို့ ကလေးတွေနဲ့ ခွဲခွာ နေထိုင်ကြရတော့မှာ၊ ဒါဆို အခက်အခဲ တချို့ ဖြစ်လိမ့်မယ်’ ဂျန်ဝုရှီက အသာအယာ သက်ပြင်းချသည်။   ရှန်ယန်ရှောင်က သူ့မိတ်ဆွေ၏ စိုးရိမ်မူကို ဖြေဖျောက်ပေးသည် “ဒါ ကိစ္စ သေးသေးလေးပါ၊ ငါတို့ကို ဟိုမဟာနတ်ဘုရားက အရူးလုပ်တာ တော်လောက်ပြီ၊ သူ့ကို ငါတို့ လက်စားမချေတာပဲ သူ ကျေးဇူးတင်သင့်တယ်၊ သူ့ကို ဒီကိစ္စ ဖြေရှင်းခိုင်းတာ ပြဿနာ မဟုတ်လောက်ပါဘူး”   ရှန်ယန်ရှောင်က သူ့ကို ထည့်ပြောဖို့ အင်တင်တင် ဖြစ်သော်ငြား, သူက သူ(မ)နှင့် ဂျန်ဝုရှီထက် အဆင့်ပိုမြင့်တာကို သူ ဝန်ခံရမည်။   “ဒီလိုသာ ဖြစ်နိုင်ရင်, ဒါဆို ဒါကို ပြဿနာရယ်လို့ ငါ ထည့်မတွက်တော့ဘူး” ဂျန်ဝုရှီက ခေါင်းညိတ်သည်။   ကလေးနှစ်ယောက်ကား သူတို့ အိပ်ပျော်နေစဉ်မှာ သူတို့မိခင်များက သူတို့၏ အနာဂတ်ကို ဆုံးဖြတ်ပြီး ဖြစ်မည်ဟူ၍ မသိကြချေ။   ထို့ပြင် သူတို့နှစ်ယောက် တွေ့ကြုံရမည့် အနာဂတ်က နောက်ထပ် ပုံပြင်တပုဒ် ဖြစ်လာလိမ့်မည်။   လောလောဆယ်တော့, သူတို့ကား ကလေးများသာ။ သူတို့အတွက် ရှေ့ဆက်သွားရမည့် လမ်းကား အင်မတန် ရှည်လျားစွာ ရှိနေသေးသည်။   Genius Doctor: Black Belly Miss by North Night Translator: Han Thar Nyein (ပြီးပါပြီ)

2
ပါရမီရှင်သမားတောစာစဉ် တင်ရန် တစ်ပိုင်းပဲ ကျန်ပါတော့တယ်။ နောက်ဆုံးတစ်ပိုင်းကို တစ်ထောင်နဲ့ အရောင်းတင်ပါ့မယ်။ အရောင်းတင်တယ်ဆိုပေမဲ့ ကျန်တစ်ပိုင်းကို ဖတ်ကြည့်ပါ။ ဖတ်ကြည့်လို ကျေနပ်မှ တစ်ထောင်နဲ့ ဝယ်ပါ။ မကျေနပ်ရင် မဝယ်ဘဲ နေလို ရပါတယ်နော်။ ဝယ်မယ်ဆိုရင် အောက်မှာ ပေးနံပါတ်တွေ ပေးထားပါတယ်နော်။ Wave no... 9753144515 AYA no..... 9753144515 Kpay no....9400274246 Ma Nyein Nyein ei စိတ်ကျေနပ်လို ဝယ်ပြီးရင်လည်း စခရင်ရှော့ ရိုက်ပြီး လာပြနေစရာ မလိုပါဘူး။ ကျန်တဲ့ တစ်ပိုင်းကို မနက်ဖြန် တင်ပေးပါ့မယ်။ ခုထက်ထိတော့ မရေးရသေးပါ။ အားလုံး ဘေးကင်းကြပါစေ။ ဂွတ်အီးဗနင်းနဲ့ ဂွတ်နိုက်ပါ။ အဟဲ စတာပါ... ခုပဲ အဆုံးတစ်ပိုင်းကို တင်ပေးပါ့မယ်...
197
3
၃၁၂၂။ ရှောင်နဲ့ ရှီ (၆)   ကလေးနှစ်ယောက်ကား လက်ချင်း ဆွဲ၍ ငြိမ်းချမ်းရေး လုပ်ကြသည်။ ထို့နောက် အရာရာ အဆင်ပြေသွား၏။ ရှန်ယန်‌ရှောင်က သူ အထင်အမြင် မှားယွင်းသော်ငြား ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းကြားမှ နက်ရှိုင်းသော အချစ်ကို မြင်လျှင် အခြေအနေကို လက်ခံဖို့ အတန်ငယ် ရွေးချယ်လိုက်သည်။ သို့သော်ငြား သူက ဂျန်ဝုယောင်းအား သတိပေးဟန်ဖြင့် တင်းမာစွာ ကြည့်သည်။ သူသာ ဂျန်ဝုရှီကို ကောင်းကောင်းမွန်မွန် မဆက်ဆံလျှင်, သူနှင့် သေသည်အထိ တိုက်ခိုက်မည်ဟူ၍ သူ့ကို စိန်ခေါ်မည်ဆိုသည့် သဘောပင်။   ဂျန်ဝုယောင်းကား သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြရုံသာ တတ်နိုင်၏။   လေထုအနေအထားက ပြေလျော့သွားသဖြင့် ဂျန်ဝုရှီနှင့် ရှန်ယန်ရှောင်က လူတိုင်းအား အချင်းချင်း မိတ်ဆက်ပေးကြသည်။ အချင်းချင်း တွေ့ဆုံရချိန်မှာ, သူတို့ စောစော တွေ့ဆုံသင့်ကြောင်း လူတိုင်း ခံစားချက် ဖြစ်ပေါ်လာကြသည်။   လူတိုင်း စိတ်အခြေအနေ ကောင်းမွန်လာကြ၏။   အသစ်စက်စက် သိကျွမ်းသော ဂျန်မိုယဲ့နှင့် ဒီကျင့်က သူတို့ဘာသာ ပျော်ရွှင်နေကြသည်။   ဂျန်မိုယဲ့ကား မျက်လုံးများ နီနေသေးသော်ငြား, အစောအနက မနှစ်သက်စရာ အကြောင်းအရာကို မေ့လျော့သွားခဲ့လေပြီ။ သူ့အနားမှာ အမြဲတမ်း လူကြီးများ ဝိုင်းရံနေခဲ့ကြသည်။ ယခင်က သူနှင့် သက်တူရွယ်တူ ကစားဖော်ကို သူ တခါမှ မရရှိခဲ့။ ထို့ကြောင့် သူက ဒီကျင့်နှင့် ကစားနေရသဖြင့် ပျော်နေတာ သဘာဝကျပေသည်။   ဂျန်အိမ်သားများတွင် မိုယဲ့လေးက သခင်အသေးလေးနှင့် တူသည်။ သူက ဒီကျင့်ကို နေရာတိုင်းကို ဆွဲခေါ်၍ သူ့အား အရာရာတိုင်းကို ပြသပေးသည်။ အစောပိုင်း သူ၏ ဆက်ဆံရေး ဆိုးရွားမှုကြောင့် အပြစ်တင်စိတ်လည်း မရှိတော့။ ဒီကျင့်က ဂျန်မိုယဲ့ လုပ်ချင်သမျှ အရာတိုင်းကို အတူတူ လိုက်ပါ၍ လုပ်ဆောင်ပေးသည်။   “ဒါ လော့မဲ့မဲ့, အရမ်း နူးညံ့တယ်” မိုယဲ့လေးက ခြံဝင်း၏ ထောင့်တနေရာမှာ ပုန်းနေသည့် လော့မဲ့မဲ့ကို တွေ့လျှင်, သူ့မျက်လုံးလေးများက တလက်လက် တောက်ပလာပြီး သူ့လက်ကို ဆန့်ထုတ်လေ၏။   လော့မဲ့မဲ့ကား မိုယဲ့လေး လာတာကို မြင်လျှင် တချိုးတည်း ထွက်ပြေးလေ၏။ သွေးယုန်နှင့် အတူတူ ထွက်ပြေးခြင်း ဖြစ်သည်။   “ဟေး, မပြေးကြနဲ့လေ, ဒါ အကို ကျင့်, သူက နင်တို့ကို ထိခိုက်နာကျင်အောင် မလုပ်ဘူး” မိုယဲ့လေးက ထွက်ပြေးသော ထိုသက်ရှိလေး နှစ်ကောင်ကို စိုးရိမ်တကြီး ဟစ်‌အော်လိုက်သည်။   ဒီကျင့်ကား တိတ်ဆိတ်၍သာ နေလိုက်သည်။   သက်ရှိလေး နှစ်ကောင်က သူ့ထံမှ ထွက်ပြေးမည်ဟူ၍ သူ ထင်မှတ်မထား။   မိုယဲ့လေးကား ဆက်၍ လိုက်ဖမ်းသည်။ ဒီကျင့်သာ သူ့ကို ဆွဲကိုင်ပေးမထားလျှင် သူ လဲကျသွားမှာ အသေအချာပင်။   ကျူးချွယ်က သူ(မ) ထိန်းပေးသော ကလေးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ နောက်ဆုံးမှာ သူ နားလည်သွား၏။ သူ မျက်ရည်စများကို သုတ်ပစ်၍ သူကိုင်ထားသော စားစရာကို ကြမ်းပြင်ပေါ် လွှတ်ချမိသည်။   “ဒါ မကောင်းဘူးလား၊ အခု နင် သူ့နောက်ကို တနေ့လုံး လိုက်ပြီး ချီပိုးနေစရာ မလိုတော့ဘူးပေါ့” ထောင်ထျဲက မက်မွန်သီးကို သူ(မ)ပါးစပ်ထဲ ပျော်ရွှင်စွာ ထိုးထည့်ပေးလိုက်သည်။   ကျူးချွယ်က အသာအယာ သက်ပြင်းချသည်။ တကယ်တော့ ကလေးထိန်း လုပ်ရတာသည်လည်း အရမ်း မဆိုးလှ။   အနည်းဆုံးတော့...   ထိုနှစ်ကောင်ကို ပြုစုပေးရတာထက် ပိုပြီး ကောင်းမွန်သည်။ (သိုးနှင့် ယုန်)   ဂျန်မိသားစုက သူတို့၏ မင်္ဂလာပွဲအခမ်းအနားကို ဆင်ယင်ကျင်းပပြီး ဖြစ်သည်။ သို့သော် မျှော်လင့်မထားစွာ ဧည့်သည်တော်များ ရောက်ရှိလာခဲ့ကြသည်။ သူတို့က မိန်းတံခါးကြီးကို ပိတ်၍ နောက်ထပ် ဧည့်ခံပွဲ ကျင်းပကြလေ၏။ ချောင်းချူနှင့် တခြားလူများသည်လည်း ထွက်မသွားကြ။ သူတို့လည်း နောက်ထပ် ပါတီပွဲကို ဆင်နွှဲကြသည်။   “နေစမ်းပါအုံး, ငါ့ညီရဲ့၊ ငါတို့ အတူတူ သောက်နေကြပြီပဲ, မင်းနာမည်လေးတော့ ပြောအုံးမှပေါ့” အတန်ငယ် မူးယစ်လာသည့် ချောင်းချူက ချောမောသော ထိုလူကို မေးသည်။   “အာ, ငါ့နာမည်က ထန်နာကျစ်၊ လာ ထပ်သောက်ကြစို့” ထိုလူက ဆက်သောက်ရင်း ပြန်ပြော၏။ သူတို့က အချင်းချင်း ပခုံးတိုက်ကြလေ၏။   လီရှောင်ဝေက မူးယစ်နေသည့် သူ(မ)အကိုကို ကြည့်၍ ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းယမ်း၏။ သူ ခေါင်းမော့ကြည့်လျှင် သူ(မ)နည်းတူ ခေါင်းတယမ်းယမ်း ဖြ်စနေသည့် ဟွာယောင်းကို တွေ့လိုက်သည်။   သူတို့အားလုံး အသုံးမကျတဲ့ ကောင်တွေပဲ။   (ဒီအပိုင်းမှာ ကျူးချွယ်ကိုလည်း မမှတ်မိ၊ ထောင်ထျဲကိုလည်း မမှတ်မိတော့ဘူး၊ စာဖတ်သူများ သိရင် ပြောပြပေးခဲ့ကြပါအုံး။)
185
4
၃၁၂၁။ ရှောင်နဲ့ ရှီ (၅)   ထိုကောင်လေးက အသက် ရှစ်နှစ် ကိုးနှစ်လောက်သာ ရှိလောက်သည်။ အင်မတန် ချောမော၏။ ရှန်ယန်ရှောင်၏ မျက်ခုံးမျက်လုံးနှင့် ဆင်တူသည်။ သူ့အသက်က ငယ်ရွယ်သော်ငြား သူ့မှာ အထင်ကြီးဖွယ်ရာ အော်ရာတခု ရှိနေသည်။   မိုယဲ့လေးကား လူတိုင်း၏ အသည်းကျော် ဖြစ်သည်။ သူ မွေးလာကတည်းက သည်လိုမျိုး ဆူပူတာ မခံရစဖူး။ သူ့ရှေ့မှ သူ့ထက် အသက်ကြီးသော ကောင်လေး၏ ပြင်းထန်စူးရှသော အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ သူ ရုတ်တရက် ငိုကြွေးတော့သည်။   “ဘူးဟူးဟူး...”   သူ ငိုကြွေးခြင်းက ခြံဝင်းထဲမှ ကသိကအောက် အနေအထားကို ဖယ်ရှားသွားသည်။ သို့သော် မည်သို့ လုပ်ရမှန်း မည်သူမျှ မသိသဖြင့် ထိတ်ပျာခြင်းက အစားထိုးသွား၏။   ဂျန်ဝုရှီနှင့် တူသော ကလေးမလေး ငိုတာကို မြင်လျှင် ရှန်ယန်ရှောင်၏ နှလုံးသားက နူးညံ့သွားကာ သူ့သားကို လှည့်ကြည့်၍ ပါးကို အသာရိုက်ပြီး ပြောသည် “သူ့အပေါ် ကြမ်းတမ်းရမယ်လို့ ဘယ်သူ ပြောလို့လဲ”   အရိုက်ခံရသည့်နောက် ထိုကောင်လေးက သူ့မိခင်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်သည်။ သူ အတော်လေး မှားသွားသလို ခံစားမိသည်။   “ဘူး ဟူး ဟူး... မားမားကို လိုချင်တယ်... ဘူး ဟူး ဟူး... သူ သမီးအပေါ် ကြမ်းတယ်...” မိုယဲ့လေးက သူ့ဖခင်၏ လက်မောင်းကြားမှာ သနားစဖွယ် ငိုကြွေးသည်။   ထိုခဏမှာ ရှန်ယန်ရှောင်က မည်သို့မျှ မခံနိုင်တော့သဖြင့် သူ့ကလေးကို နှစ်သိမ့်ရန် ဂျန်ဝုရှီကို တိုက်တွန်း၏။   ဂျန်ဝုရှီက မျက်လုံးများ နီရဲသွားသော ကလေးကို ချီပိုး၍ မဲ့ပြုံးလေး ပြုံးပြသည်။ မိုယဲ့လေးကား ပိုလို့ပင် ငိုစပြုလာ၏။   ဂျန်ဝုယောင်းသည်လည်း ဘေးနားမှ နေ၍ သူ့သမီးကို ချော့သည်။ မိသားစုသုံးယောက်၏ ပျော်ရွှင်ဖွယ် ပုံရိပ်ကို မြင်လျှင် ရှန်ယန်ရှောင် အတန်ငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။   “ကောင်းပြီ, စေတန်က နတ်ဆိုးဖြစ်ခဲ့ဖူးတယ်ဆိုပေမဲ့ ကလေး ငိုနေတာကိုတော့ သူ မလိုချင်ဘူးဆိုတာ ကျိန်းသေတယ်၊ ဒါကို ကြည့်ရင် သူ နတ်ဆိုးမဟုတ်လောက်တော့ပါဘူး” ဒီရှို့က ဂျန်ဝုရှီကို ကြည့်၍ ပြုံးသည်။   ရှန်ယန်ရှောင်ကား မျက်မှောင်ကြုတ်တာ ပြေလျော့သွားသည်။   “အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဒီကောင်က နင့်နံဘေးမှာ နှစ်အများကြီး ဆူးညောင့် ဖြစ်ခဲ့တာ”   ဒီရှို့က ခေါင်းယမ်းပြသည် “သူ့ကြောင့်သာ မဟုတ်ရင်, ကိုယ် မင်းနဲ့ တွေ့ပါ့မလား”   ရှန်ယန်ရှောင် မျက်နှာနီသွား၏။   တဖက်မှာ ရှန်ယန်ရှောင်နှင့် ဒီရှို့က လူးလားတုံ့ပြန် လျှောက်နေကြသည်။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက သူတို့ သမီးကို ချော့နေကြရသည်။   ပြဿနာကို ဖြစ်စေသော ကောင်လေးကား ဘာဖြစ်သွားမှန်း မသိလိုက်။   ကိစ္စရပ်များကား သူ ထင်မှတ်ထားသည်နှင့် တခြားစီပင်။   “ဘာလို့ နင် အဲမှာ ရပ်နေသေးတာလဲ၊ မြန်မြန်သွားပြီး သူ့ကို တောင်းပန်လိုက်” ရှန်ယန်ရှောင်က သူ့သားကို စူးရဲစွာ ကြည့်သည်။   ကောင်လေးကား သူ့ကံကြမ္မာကို သူ လက်ခံ၍ ဂျန်မိုယဲ့ဆီ သွား၍ ပြောသည် “ငါ တောင်းပန်ပါတယ်၊ ငါ မင်းအပေါ် ကြမ်းတမ်းဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ငါ့မေမေကို လူဆိုးမကြီးလို့ မပြောစေချင်ရုံလေးပါ၊ ငိုနေတာ ရပ်တော့နော်, ဟုတ်ပြီလား”   မိုယဲ့လေးက သူ့ထက် အသက်ကြီးသော ထိုကောင်လေးကို ကြည့်၍ မျက်ရည်များကို သုတ်၍ မေးသည် “နောက်ကျရင် ငါ့အပေါ် ‌နောက်တခါ ကြမ်းတမ်းအုံးမှာလား”   ကောင်လေးက ချက်ချင်းပင် ခေါင်းယမ်းပြလေ၏။   မိုယဲ့လေးက သူပါးပါးနှင့် မားမားကို မော့ကြည့်၍ သတ္တိမွေးပြီးနောက် ဂျန်ဝုရှီ ရင်ခွင်မှ ဖြည်းညင်းစွာ ဆင်းလာပြီး ထိုကောင်လေးဆီ သွားကာ ပြောသည် “ဒါဆို ငါ နင့်ကို ခွင့်လွှတ်တယ်၊ ဒါပေမဲ့ နင့်နာမည်ကို ပြောထား၊ ဒါမှ နင် နောက်တခါ ငါ့ကို ကြမ်းကြမ်းတမ်းတမ်း ပြောရင်, နင့်နာမည်ကို လိပ်လေးရဲ့ ကျောကုန်းမှာ ထွင်းထားလို့ ရမှာ၊ ဒါမှ နင့်ကို လူတိုင်း ရယ်ကြမှာ”   ထိုခြိမ်းခြောက်မှုက အတည်ကြီး ဖြစ်သည်။ သို့သော် ထိုအစား ပရိသတ်မှ လူကြီးများအား ရယ်မောစေသည်။   သို့သော်ငြား ကောင်လေးက အလေးအနက်ဖြင့် ပြောသည် “ငါ့နာမည် ဒီကျင့်၊ ငါ ပြောထားတဲ့ အတိုင်းပဲ”   “ဒီကျင့်လား” ဂျန်မိုယဲ့ ခေါင်းရှုပ်သွား၏။   ဒီကျင့်က ရှေ့သို့ တက်လာကာ ဂျန်မိုယဲ့၏ လက်လေးကို ကိုင်၍ သူ့လက်ဖဝါးပေါ်မှာ သူ့နာမည်ကို ရေးပြသည်။   “ဒီစကားလုံး နှစ်လုံးပဲ၊ မင်း ဒါကို သေသေချာချာ မှတ်ထားနော်”
120
5
၃၁၂၀။ ရှောင်နဲ့ ရှီ (၄)   ဖေဖေ... ဖေဖေ... ဖေဖေ.....   ထိုစကားလုံး နှစ်လုံးက ရှန်ယန်ရှောင်အား မအီမသာ ဖြစ်စေသည်။ သူက ဂျန်မိုယဲ့၏ အလွန်လှပသိမ်မွေ့သော မျက်နှာကို ကြည့်လိုက်လျှင်, ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း နှစ်ဦးစလုံး၏ အသွင်များကို တွေ့လိုက်သည်။   ရှန်ယန်ရှောင်ကား ရင်ဘတ်ကို ထု၍ အသက်ပြင်းပြင်း ရှူလိုက်ရ၏။ သူက ဂျန်ဝုယောင်းကို လက်ညှိုးထိုး၍ ဂျန်ဝုရှီသို့ ပြန်လှည့်ကြည့်ကာ ပြောသည် “ဝုရှီလေး... နင် သူနဲ့...”   ဂျန်ဝုရှီက တိတ်တဆိတ် ခေါင်းညိတ်ပြသည်။ အဖြစ်သည်းလွန်းသော သူ့ညီအမကြောင့် သနားသလို သူ ခံစားမိသည်။   ရှန်ယန်ရှောင်ကား တုန်လှုပ်ခြင်းကြောင့် နောက်သို့ ယိမ်းထိုးသွားကာ နက်ရှိုင်းစွာ တိတ်ဆိတ်သွားလေ၏။   သူ့နောက်မှာ ရပ်နေသည့် ဒီရှို့သည်လည်း အံ့အားသင့်သွား၏။ သို့သော် သူက ရှန်ယန်ရှောင်ထက် ပိုပြီး တည်ငြိမ်အေးဆေးသည်။ သူက နှစ်များစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့သော ရန်သူတော်ကြီးကို ကြည့်လိုက်သည်။ ထိုခရမ်းရောင် မျက်လုံးတစုံမှာ မိစ္ဆာဆန်သော အရာကို မတွေ့ရတော့။ သူ မြင်ရသမျှက ဂျန်ဝုရှီကို တလောကလုံးမှာ တယောက်ကဲ့သို့ ချစ်မြတ်နိုးသော မျက်လုံးများသာ။   ထိုအကြည့်၏ ဆိုလိုရင်းကို ဒီရှို့ သိသည်။   “ဒါ မဖြစ်နိုင်ဘူး” ရှန်ယန်ရှောင်က ဂျန်ဝုရှီကို ပခုံးမှ ကိုင်၍ ပြောသည် “ဝုရှီလေး, သူ ဘယ်သူလဲဆိုတာ နင် သိလား၊ သူက တကမ္ဘာလုံးကို ဖျက်ဆီးမတတ် ဖြစ်စေခဲ့တဲ့ နတ်ဆိုးကြီး”   ဂျန်ဝုရှီကား သူ၏ မိတ်ဆွေကောင်းကို ကြည့်၍ ခါးသီးစွာ ရယ်ပြီး နတ်ဆိုးကြီးဆိုသူကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။   ဂျန်ဝုယောင်းက လက်နှစ်ဖက်ကို မြှောက်ပြသည်။ သူ အပြစ်ကင်းတာကို သူ့ဇနီးအား ခုခံကာကွယ်ပြသည့် သဘောပင်။   “ရှောင်ရှောင်...” ဂျန်ဝုရှီက စကားပြောရန် ကြိုးစား၏။   သို့သော်ငြား...   “သူ နင့်ကို လှည့်စားခဲ့တာပဲ ဖြစ်ရမယ်” ရှန်ယန်ရှောင်က ဇွတ်အတင်း ပြောပြန်၏။   “....” ဂျန်ဝုရှီကား ပြောစရာ စကားမဲ့ရသည်။ သူက သူတို့ နှစ်ဦးသာ သိသည့် အမူအရာဖြင့် ဂျန်ဝု‌ယောင်းကို ကြည့်ရုံသာ တတ်နိုင်တော့သည်။   ဂျန်ဝုယောင်းကား ခေါင်းကိုက်စ ပြုလာသည်။ သူ့ဇနီး၏ ဆိုလိုချက်က သူ့အရှုပ်ကို သူကိုယ်တိုင် ဖြေရှင်းဟူ၏။ သို့သော် ယခင်ဘဝမှ သူ လုပ်ခဲ့သော အရှုပ်အထွေး ကိစ္စများကား အခု သူနှင့် မည်သို့မျှ မသက်ဆိုင်။ ရှန်ယန်ရှောင် သဘောမတူလျှင်လည်း ဆိုင့်ကို မဆိုင်ပေ။   “ဘာဖြစ်နေတာလဲ” ‌ချောင်းချူက စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူ့ရှေ့မှ ကသောင်းကနင်း အနေအထားနှင့် အတူ ထိုလူစိမ်းများမှာလည်း လျှို့ဝှက်ဆန်းကြယ်သော ရွှေအလင်းတန်းများ ရှိကြသည်။   ဟွာယောင်းနှင့် တခြားလူများသည်လည်း ဇဝေဇဝါပင်။   ဂျန်မိုယဲ့က ဂျန်ဝုယောင်း၏ ခြေထောက်သို့ ကပ်လာပြီး သူ့ဘောင်းဘီစကို ဆွဲ၍ ပြောသည် “ဖေဖေ, ချီပါဆို”   ဂျန်ဝုယောင်းက ရှန်ယန်ရှောင် စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် သူ့သမီးကို ကောက်ချီလိုက်သည်။   မိုယဲ့လေးက ငယ်ပင် ငယ်သော်ငြား သူ့ရှေ့မှ လှပသော မိန်းမက သူ့ပါးပါးကို နှစ်သက်ပုံ မရမှန်း ပြောနိုင်သည်။ ထို့ပြင် သူ့မားမားရှေ့မှာ ရပ်နေသဖြင့် သူ့ကို သူ့မားမား ချီပိုးမှာကို တားမြစ်သလိုလည်း ဖြစ်နေတာကို သူ ပြောနိုင်သည်။   မိုယဲ့လေးက မကျေမနပ် ဖြစ်လာကာ ဝကစ်သော လက်ညှိုးလေးဖြင့် လူစိမ်း အမျိုးသမီးကို ထိုး၍ ပြောသည် “လူဆိုးမ”   “.....” ရှန်ယန်ရှောင်ကား ငေးကြောင်သွားသည်။   စေတန်ကို သူ သဘောမကျသော်လည်း, ဂျန်ဝုရှီကို သူ အင်မတန် သံယောဇဉ်ရှိသည်။ ထို့ကြောင့် သူ့ဆွေမျိုးသားချင်းများကိုလည်း တွယ်တာမိသည်။ သို့သော် တကြိမ်မျှ တွေ့ပြီး‌နောက် သူ ပြသသော စက်ဆုပ်ဟန်က သူ့ထံ ပြန်လာမည်ဟူ၍ ထင်မှတ်မထား။   သူ့တကိုယ်လုံး အားအင်ကုန်ခမ်းသလို ခံစားလိုက်ရသည်။   “ငါ့မေမေကို လူဆိုးမကြီးလို့ ခေါ်ခွင့် မပေးနိုင်ဘူး” ရုတ်တရက်, အစိမ်းရောင်တောက်ပနေပြီး ချောမောသော ကောင်လေးတယောက်က ရှန်ယန်ရှောင် ရှေ့မှာ ပေါ်လာသည်။ သူက ဂျန်ဝုယောင်းလက်မောင်းကြားထဲမှာ ရှိနေသည့် ဂျန်မိုယဲ့ကို စူးရဲစွာ ကြည့်သည်။
89
6
၃၁၁၉။ ရှောင်းနဲ့ ရှီ (၃)   ရှန်ယန်ရှောင်က ဂျန်ဝုရှီနောက်ဘက်မှ လူကို မယုံကြည်နိုင်စွာ စိုက်ကြည့်မိသည်။ တကယ်တော့, ထိုနှစ်များမှာ မမှားယွင်းနိုင်သော ထိုခရမ်းရောင် မျက်လုံးများက ထမင်းလုံးတစ္ဆေပမာ သူ့နောက်သို့ အမဲလိုက်နေတုန်းပင်။   စေတန် (နတ်ဆိုး)   နတ်ဆိုးဘုရင်ကြီး, သူကား ကမ္ဘာတခုလုံးကို ဖျက်ဆီးလုလု ဖြစ်စေခဲ့သည်။   သူ ဤနေရာမှာ ဘာလုပ်နေတာတဲ့နည်း။   အလိုအလျောက် တုံ့ပြန်မှုဖြင့် ရှန်ယန်ရှောင်က ဂျန်ဝုရှီကို သူ့နောက်သို့ ပို့ကာ သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးပြီး လူအုပ်ကို အော်လိုက်သည်။ “ငါ့ကို ကူပြီး ရှီလေးကို ကာကွယ်ပေးကြစမ်း”   သူ ရည်ညွှန်းသူက အရပ်မြင့်မြင့်ဖြင့် ချောမောခံ့ညားသော ယောက်ျားတယောက် ဖြစ်သည်။ သူ့မျက်လုံးများက အေးစက်စက် ‌အော်ရာကို ထုတ်လွှင့်ထားသည်။ ရှန်ယန်ရှောင်ကို ကြည့်ချိန်မှသာ ထိုအေးစက်မှု ပျောက်ကွယ်သွား၏။   ဒီရှို့က သူ့ကို ရှေ့တက်ခိုင်းသော တက်ကြွနေသည့် သူ့ဇနီးဖြစ်သူ မိန်းမငယ်လေးကို ကူကယ်ရာမဲ့စွာ ကြည့်ပြီး ရုတ်တရက် ခေါင်းကိုက်သွားသည်။   “စေတန်, ရှင် အဖျက်ဆီး မခံရသေးဘူးလား” ရှန်ယန်ရှောင်က မျက်လုံးများကို မှေးစင်း၍ သူ၏ တိုက်ပွဲဝင် စွမ်းအားကို အသုံးပြုဖို့ ပြင်ဆင်သည်။   ဂျန်ဝုယောင်းက သူ့အား သို့ကလောက် ရန်သိုသော ထိုမိန်းမငယ်လေးကို အံ့အားသင့်စွာ ကြည့်မိသည်။ သူက ရှန်ယန်ရှောင်နှင့် သူ့နောက်မှ လူများကို ပုံရိပ်ယောင်ထဲမှာသာ တကြိမ် တွေ့ဖူးသလို ခံစားမိသည်။   ပုံရိပ်ယောင်ထဲမှာ သူ့ကို ဖျက်ဆီးသူများက ဤအုပ်စုပင်။   သို့သော်ငြား...   “မင်း လူမှားနေတယ်လို့ ထင်တယ်” ဂျန်ဝုယောင်းက အရယ်ဖြင့် ပြော၏။ လက်ရှိ အခြေအနေကား အတော်လေး စိတ်ဝင်စားဖွယ် ကောင်းသည်။   “ရှင် ပြာဖြစ်သွားရင်တောင် ငါ မမှားနိုင်ဘူး” ရှန်ယန်ရှောင်က ခွန်းတုံ့ပြန်၏။   “အိုး, ဒါဆို မင်း ရှီလေးကို မေးသင့်တယ်, ငါ ဘယ်သူလဲဆိုတာ” ဂျန်ဝုယောင်းက ပြောသည်။ ရှန်ယန်ရှောင်က ဂျန်ဝုရှီအတွက် အဓိပ္ပါယ်များစွာ ရှိပြီး ဂျန်ဝုရှီကို ကယ်တင်ရန် အသက်ပင် အသေခံသွားသည်ဆိုတာကို သူ မသိထားလျှင်, သူ့အား ဤမျှလောက်ပင် ပြောနေဖို့ စိတ်ရှည်မည် မဟုတ်ပေ။   ရှန်ယန်ရှောင်ကား နောက်တကြိမ် မျက်မှောင်ကြုတ်၍ ဂျန်ဝုရှီသို့ လှည့်ကြည့်သည်။   ဂျန်ဝုရှီကား ရှုပ်ထွေးသော အမူအရာ ဖြစ်သွား၏။   “ဝုရှီလေး, သူက လူဆိုးကောင်, နင် သူနဲ့ ဝေးဝေးမှာ နေသင့်တယ်” ရှန်ယန်ရှောင်က အင်မတန် စိုးရိမ်ပူပန်ဟန်ဖြင့် ပြောသည်။   ဂျန်ဝုရှီ၏ အမူအရာကား ပိုလို့ပင် ရှုပ်ထွေးသွားလေ၏။   “ဒါပေမဲ့ မစိုးရိမ်နဲ့၊ သူ နင့်ရဲ့ ဆံပင်တချောင်းကိုတောင် ထိခိုက်ခွင့် ငါ မပေးဘူး” ရှန်ယန်ရှောင်က ရိုးသားစွာပင် ဆက်ပြောသည်။   “....” ဂျန်ဝုရှီကား မျက်မှောင်ပင် ကြုတ်လုလု ဖြစ်လာ၏။   စေတန်က ဤနေရာမှာ ဘာလုပ်နေတာလဲ, သူ တခုခု ပြဿနာ ရှာထားသလားဆိုတာကို ရှန်ယန်ရှောင်က ဂျန်ဝုရှီထံမှ အဖြေကို ရှာရန် ပြင်စဉ် နူးညံ့သိမ်မွေ့သော အသံလေးက ရုတ်တရက် ထွက်ပေါ်လာသည်။   “မေမေ...” အိပ်ပျော်နေသော ဂျန်မိုယဲ့က ရုတ်ရုတ်သဲသဲ ဆူညံသံကြောင့် နိုးထလာကာ ခြံဝင်းထဲ လှည့်ပတ်ကြည့်လျှင် သူ့မားမားကို တွေ့လိုက်သည်။   “မေ... မေမေလား” ရှန်ယန်ရှောင်က ချစ်စရာ ကလေးလေးကို ကြည့်ပြီးနောက် ဂျန်ဝုရှီကို ပြန်ကြည့်သည်။   ဂျန်ဝုရှီ ခေါင်းညိတ်ပြ၏။   ရှန်ယန်ရှောင်ကား ဘာပြောရမှန်းပင် မသိတော့။   ဂျန်ဝုရှီကို မိခင်တယောက်အနေဖြင့် စဉ်းစားဖို့ ရှန်ယန်ရှောင်အဖို့ နားမလည်နိုင် ဖြစ်ရသည်။   “မေမေ... ချီ...” မိုယဲ့ကား ခြံဝင်းထဲမှ လူစိမ်းများကို အာရုံမထား။ သူက အိပ်ချင်မူးတူးဖြင့် တအီအီ လုပ်ကာ သူ့ကို ချီပိုးခိုင်းသည်။   ဂျန်ဝုရှီက ရယ်မော၍ သူ့သမီးကြောင့် ခေါင်းယမ်းလိုက်သည်။   မိုယဲ့လေးကား သူ့မားမား ငြင်းဆိုလျှင် မကျေမနပ် ပြော၍ ကျယ်လောင်စွာ ငိုယိုလေ၏။ သူ လှည့်ပတ်ကြည့်လျှင် ဂျန်ဝုယောင်းကို မြင်၍ သနားစဖွယ် ပြောသည် “ဖေဖေ... ချီ...”   “.....” ဖေဖေဆိုသော စကားလုံးကို ရှန်ယန်ရှောင် ကြားလိုက်ချိန်မှာတော့ လျှပ်စီးမိုးကြိုးဖြင့် အပစ်ခံလိုက်ရသလို ဖြစ်သွားကာ နေရာမှာပင် ကျောက်ရုပ်လို မာတောင့်သွားလေ၏။
83
7
၃၁၁၈။ ရှောင်နဲ့ ရှီ (၂)   ခြံဝင်းတခုလုံး ချောက်ချားဖွယ်ရာ တိတ်ကျသွားသည်။ အလင်းထဲမှ ပေါ်လာသော ပုံရိပ်များသည်လည်း ထိတ်လန့်တကြား တိတ်ကျသွားကြ၏။   မိန်းမလှလေးကို ရိုက်နှက်သော နတ်ဆိုးဘုရင်မကို သူတို့ စိုက်ကြည့်ကြသည်။   သူတို့အား ပို၍ အံ့အားသင့်စေတာက လက်တုံ့ပြန်တာ ဖြစ်မလာခြင်းပင်။   “ဝုရှီလေး, ဒါ တကယ်ပဲ... တယောက်ယောက်ကို အထူးတလည် ကြိုဆိုတဲ့ နည်းလမ်းကိုး...” ရှန်ယန်ရှောင်က နာကျင်သွားသော သူ့မျက်နှာကို ပွတ်သပ်သည်။ သည်လို ကြမ်းကြုတ်သွားရအောင် ဝုရှီလေးမှာ ဘာဖြစ်သွားခဲ့တာပါလိမ့်။   ဂျန်ဝုရှီက သက်ပြင်းနက်နက် ရှိုက်၍ ရှေ့သို့ တိုးကာ မိန်းမချောလေးကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်သည်။ “နင့်ကို နှုတ်ဆက်တာလား၊ နင့်လို မောက်မာပြီး ရူးသွပ်တဲ့ မိန်းမကို ငါက ဘာလို့ ယဉ်ကျေးပြနေရမှာလဲ”   “....” ရှန်ယန်ရှောင်ကား မှင်တက်သွားရသည်။ နှစ်များစွာ မဟာနတ်ဘုရား ဖြစ်လာသဖြင့် လူများစွာ၏ ဖားယားသော စကားများဖြင့် သူ အသားကျနေခဲ့သည်။ သို့သော် ဂျန်ဝုရှီ၏ ပြင်းထန်သော အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ, သူ ကျေနပ်သည်အထိ ဒေါသအိုး ပေါက်ကွဲစေရန် ရှန်ယန်ရှောင်က တိတ်တိတ်လေး နေပေးရသည်။   “နင်က အရမ်း လုပ်ရည်ကိုင်ရည် ရှိတယ်, ဟုတ်တယ်မို့လား၊ နင်က ငါ့ရှေ့မှာ ရပ်နေချိန် အရမ်း စွမ်းအားကောင်းခဲ့တာလား၊ နင် ဒီလိုမျိုး စွန့်လွှတ်နိုင်တဲ့ အထိ စွမ်းရည်ရှိတယ်ဆိုတာ ငါ ဘယ်လိုလုပ် မသိခဲ့ရတာလဲ၊ နင့်အကာအကွယ်ကို ငါ မလိုဘူး” ဂျန်ဝုရှီက မထိန်းသိမ်းတော့ဘဲ သူ့အတွက် သေပေးခဲ့သော ထိုမိန်းကလေးကို စူးရဲစွာ ဆက်ကြည့်သည်။   ဂျန်ဝုရှီက ယခင်ဘဝကို မည်သို့မျှလည်း ဂရုမစိုက်ခဲ့။ အစွဲအလမ်းလည်း မထား။ သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့သူ, သို့မဟုတ် သူ့နှလုံးသားထဲထိ ချဉ်းနင်းဝင်ရောက်နိုင်သူက တဦးတည်းသာ။ သူက အခု သူ့ရှေ့မှာ ရပ်နေသည့် မုန်းစရာကောင်းသော မိန်းမချောလေးပင်။   သို့သော် ထိုမိန်းမချောလေးသည်ပင် ယခင်ဘဝမှာ အန္တရာယ်ကြီးနှင့် တွေ့ကြုံရချိန်မှာ အသက်ပေး၍ သူ့ကို ကာကွယ်ပေးသွားခဲ့သည်။   သို့သော် ထိုမြင်ကွင်းက ဂျန်ဝုရှီ လုံးဝ မမေ့နိုင်သော အိပ်မက်ဆိုးတခု ဖြစ်လာခဲ့၏။   သူ့ရှေ့မှာ ရှန်ယန်ရှောင် လဲကျသွားသော မှတ်ဉာဏ်ကို သူ ဖျောက်ပစ်ခြင်းငှာ မစွမ်းနိုင်ခဲ့။   ၎င်းက ယခင်ဘဝမှ အဖြစ်အပျက်ပင်။ သူ သိသမျှ နွေးထွေးမှုက ထိုမိန်းမချောလေးမှ လာသည်။ သို့သော် သူသည်ကား သူ့ရှေ့မှာပင် လဲကျသေဆုံးခဲ့ရသည်။   သေရမည့်သူက ရှန်ယန်ရှောင်အစား သူသာ ဖြစ်ချင်မိသည်။   “နင်... နင်ဟာ... ငါ့ကို ကယ်ပါလို့ ဘယ်သူ ပြောလို့လဲ” ဂျန်ဝုရှီက ‌ဟောက်လိုက်သည်။ နှစ်ဘဝလုံးလုံး ဖိနှိပ်ထားရသော အမျက်ဒေါသက မျက်နှာပြင်သို့ ဆူပွက် တက်လာသည်။   ဂျန်ဝုရှီ၏ အမျက်သည်းစွာ မာန်မဲနေတာကို ရှန်ယန်ရှောင်က သည်းခံကာ ရပ်နေရင်း သူ၏ ဝမ်းနည်းခြင်းက လုံးလုံး ပျောက်ပျက်သွားကာ ဂျန်ဝုရှီကို ဆက်ကြည့်နေရင်း ပြုံးလာ၏။ ထို့နောက် သူက လက်ဆန့်တန်း၍ ဂျန်ဝုရှီကို ပွေ့ဖက်လိုက်သည်။   “ကောင်းပြီ, ငါ့အမှားကို ငါ ဝန်ခံတယ်၊ စိတ်မဆိုးတော့နဲ့နော်၊ နင် ငါ့ကို ကယ်တင်ခဲ့တာ အကြိမ်ပေါင်း မနည်းခဲ့ဘူး၊ ဒါပေမဲ့ တကြိမ်လောက်တော့ ငါ့ကို မျက်နှာသာ ပေးရမှာပေါ့, မဟုတ်ဘူးလား” ရှန်ယန်ရှောင်က ချိုချိုသာသာ ပြော၏။ သို့သော် သူ့လေသံမှာ ခါးသီးခြင်းလည်း ပါဝင်သည်။   သူတို့ အချင်းချင်း မေ့လျော့မသွားတာ ကောင်းမွန်သော ကိစ္စပင်။   “ဒါကို ငါ ကျေးဇူးမတင်ဘူး” ဂျန်ဝုရှီက ခွန်းတုံ့ပြန်သည်။   ရှန်ယန်ရှောင်က တခစ်ခစ် ရယ်လေ၏။   ဝုရှီလေးကား ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့။ သူကား လက်ဖျားခါလောက်အောင် စိတ်နှလုံး နူးညံ့သိမ်မွေ့သည်။ သို့သော် သူ့မာနက သူ့အား ရေခဲပြင်လို အေးစက်မာကျောစေသည်။ နှုတ်ကတော့ ပိုမို၍ ထက်မြိ၏။   ဂျန်ဝုရှီသည် အစပိုင်း ပေါက်ကွဲပြီးနောက် တဖြည်းဖြည်း တည်ငြိမ်လာ၏။ တော်ဝင်မြင့်မြတ်သော အလင်းက လူတချို့ကို ဆွဲ‌ဆောင်သွားသည်။ အိမ်ထဲမှာ အနားယူနေကြသည့် ချောင်းချူတို့သည်လည်း အဖြစ်အပျက်ကို ကြည့်ရန် ထွက်လာကြ၏။   သူတို့ ခြံဝင်းထဲ ရောက်လာကြလျှင် ဂျန်ဝုရှီကို သူတို့ တခါမှ မမြင်ဖူးသော မိန်းမချောလေး တယောက် တင်းကျပ်စွာ ပွေ့ဖက်ထားတာကို မြင်လိုက်ကြရသည်။ ထိုမိန်းမချောလေး၏ နောက်မှာ အရပ်မြင့်မြင့် လူတချို့ ရပ်နေကြသည်။   “အကိုကြီး ဝုယောင်း... ဒါက...” ချောင်းချူက တုံ့ဆိုင်းဆိုင်းဖြင့် စူးစမ်းသည်။   ဂျန်ဝုယောင်း ခေါင်းခါပြသည်။   “အားနာပါတယ်, ငါက ဝုရှီလေးရဲ့ ဟိုးဟိုးတုန်းကတည်းက မိတ်ဆွေပါ၊ သူ ဘာလုပ်နေသလဲ ငါ လာကြည့်တာပါ” ရှန်ယန်ရှောင်က အားရဝမ်းသာစွာ ပြော၍ ဂျန်ဝုရှီ၏ မိသားစုနှင့် မိတ်ဆွေများကို နှုတ်ဆက်ရန် ကြည့်လာ၏။ သို့သော် အရင်ဆုံး သူ့မျက်လုံးထဲ ဝင်ရောက်လာသော ပုံရိပ်ကြောင့် သူ ပြာဝေသွားသည်။   “စေတန်”
82
8
၃၁၁၇။ ရှောင်နဲ့ ရှီ (၁)   ညကား တိတ်ဆိတ်လျက်...   ချူလင်းယွဲ့ ထွက်သွားပြီးနောက် ဂျန်ဝုရှီက ခြံဝင်းထဲမှာ အတော်ကြာအောင် ဆက်ထိုင်နေခဲ့သည်။ ထို့နောက် ဂျန်ဝုယောင်း ရောက်ရှိလာကာ သူ့ဘေးမှာ ဝင်ထိုင်သည်။   “မင်း ဘာတွေ စဉ်းစားနေတာလဲ” ဂျန်ဝုယောင်းက ချစ်ခင်မြတ်နိုးသော အကြည့်ဖြင့် ကြည့်သည်။   ဂျန်ဝုရှီ ခေါင်းခါပြသည်။   “ဘာရယ်တော့ မဟုတ်ပါဘူး၊ အချိန်တွေက အကုန် မြန်လိုက်တာ၊ လူတွေ အရာဝတ္ထုတွေလည်း မြန်မြန်ပဲ ပြောင်းလဲသွားတတ်ကြပါလားလို့”   “အကောင်းအတွက် ပြောင်းတာလား အဆိုးဆုံးအတွက် ပြောင်းကြတာလား” ဂျန်ဝုယောင်းက သိလိုစွာ မေးသည်။   ဂျန်ဝုရှီ သက်ပြင်းချသည် “ဖန်ဇိုက တကယ်ပဲ ဒီအတိုင်း ခွင့်လွှတ်ပေးလိုက်တယ်လို့ နင် ထင်လား”   ဂျန်ဝုယောင်း မည်သို့ တုံ့ပြန်ရမှန်း မသိ။   ဖျက်ဆီးခြင်း နတ်ဘုရား ပျောက်ကွယ်သွားချိန်မှာ, သူနှင့် အတူ ဖျက်ဆီးမခံရသော သက်ရှိတ‌ယောက် ကျန်ခဲ့သည်။ ၎င်းက ဂုယင်ပင်။ ဂုယင်က ဖျက်ဆီးခြင်း နတ်ဘုရား လွှတ်ပေးထားသော ဝိညာဉ် ဖြစ်သည်။ သို့သော် နည်းတခုခုဖြင့် ကိုယ်ပိုင် အသိစိတ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။   ဖျက်ဆီးခြင်း နတ်ဘုရား သေသွားသည့်နောက်, ဂုယင်၏ ဝိညာဉ်က တကယ် လွတ်မြောက်ခဲ့သည်။ မည်သူ့အထိန်းအချုပ်ကိုမျှ မခံရတော့။ ဖျက်ဆီးခြင်း နတ်ဘုရား သေသွားချိန်မှာ, ဂုယင်က ထွက်ခွာမသွားပေ။ သို့သော် သူက ဂျန်ဝုရှီ ရှေ့မှာ ပေါ်လာသည်။ သူက တခုခုကို စောင့်ဆိုင်းနေသကဲ့ပင်။   ထိုအချိန်မှာ ဖန်ဇိုက သတိပြန်ဝင်လာခဲ့သည်။ သို့သော် အဆုံးသတ်တွင် ဂုယင်ကို သူ လွှတ်ပေးခဲ့၏။   သူတို့ထဲမှာ ဖန်ဇိုတဦးတည်းသာ ဂုယင်နှင့် သွေးကြွေး ရှိသည်။ သို့သော် ဖန်ဇိုက သူ့ကို ထွက်သွားခွင့် ပေးလိုက်၏။   ဂုယင်၏ ဝိညာဉ်ကို နောက်ဆုံးမှာ ဂုရှင်းယန် ခေါ်ထုတ်သွားသည်။ သို့သော် မည်သည့် နေရာသို့ ခေါ်သွားသလဲ မည်သူမျှ မသိကြရ။   “ဒါ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ၊ ဒါ့ကြောင့် သူလည်း ငြိမ်းချမ်းမှာပါ” ဂျန်ဝုယောင်း ပြန်ပြောသည်။   ကျားကစားကွက်ထဲမှာ လူတိုင်းက ဖျက်ဆီးခြင်း နတ်ဘုရား၏ ကျားစေ့လေးများသာ။   ဂျန်ဝုရှီက ပေါ့ပါးစွာ သက်ပြင်းချသည် “မိုယဲ့လေး ဘယ်လိုလဲ”   “သူ အိပ်ပျော်သွားပြီ၊ ဟွာယောင်း သူ့ကို ချီသွားတယ်၊ ငါ မင်းကို လာကြည့်တာ” ဂျန်ဝုယောင်းက ပြန်ပြော၏။   ဂျန်ဝုရှီက ပြုံး၍ သူ့လက်ကို ကိုင်ပြီး ထရပ်သည်။   ခြံဝင်းထဲမှ သူ ထွက်ဖို့ လုပ်နေစဉ်မှာပင်, တော်ဝင်မြင့်မြတ်သော အလင်းက ရုတ်တရက် ပေါ်လာသည်။ ခြံဝင်းအတွင်း နေရာလပ်တိုင်း တောက်ပလင်းလက်သွား၏။   တော်ဝင်အလင်းက မျက်စိကျိန်းမတတ် တောက်ပ၏။ လူများအား မျက်စိဖွင့်၍ ကြည့်မရ‌အောင်ပင် လုပ်နိုင်သည်။   အထွတ်အမြတ် ဖြစ်ပြီး သန့်စင်သော အလင်းက ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းကို ရပ်တန့်သွားစေသည်။   ပိန်ပါးသော ရုပ်သွင်က အလင်းထဲမှ ပေါ်လာသည်။   “ဟမ်, ဒါ ဘယ်လို နေရာလဲ၊ မဟာနတ်ဘုရားက ငါ့ကို နောက်တခါ လှည့်စားပြန်ပြီလား” သံသယဝင်သော အသံက တိတ်ဆိတ်သော ခြံဝင်းသို့ ထိုးဖောက်ဝင်ရောက်လာလေ၏။   ဂျန်ဝုရှီ ထိုအသံကို ကြားလျှင်, လျှပ်စီးမိုးကြီးဖြင့် ပစ်ချခံရသူနှယ် နေရာမှာပင် တောင့်တောင့်ကြီး ဖြစ်သွားသည်။   ထိုပုံရိပ်က ခြံဝင်းကို သိမ်းကြုံး ကြည့်သည်။ ဂျန်ဝုရှီကို မြင်လိုက်ချိန်မှာ သူက ရုတ်ချည်းပင် ရွှန်းရွှန်းစားစား ပြုံးလာ၏။   “ဝုရှီ” ချိုမြိန်လှပသော အသံက ထိုလူ၏ အသံမှ ထွက်ကျလာသည်။ သူကား လှပကာ ညှို့ဓာတ်ရှိသော မိန်းမငယ်လေး ဖြစ်သည်။ သူ့မျက်နှာမှာ အပြစ်အနာအဆာကား လုံးလုံး မရှိ။ သန်မာသော စွမ်းအင်လည်း လက်ဖြာထွက်နေသည်။   သူ၏ နွေးထွေးသော အလှက ဂျန်ဝုရှီ၏ အေးစက်သော အလှနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ပင်။ သို့သော် သူတို့ နှစ်ဦးလုံး၏ အလှကား ညီတူညီမျှပင်။   “ဝုရှီလေး, နောက်ဆုံးတော့ နင့်ကို ရှာတွေ့ပြီပဲ၊ ငါ နင့်ကို အရမ်း လွမ်းနေတာ” ထိုမိန်းမလှလေးက ကျောက်ချ ရပ်နေသည့် ဂျန်ဝုရှီထံ လက်နှစ်ဖက် ဆန့်တန်း၍ အပြေးလာသည်။   သို့သော် ဂျန်ဝုရှီက နောက်ဆုံးမှာ သတိပြန်ဝင်လာပြီး သူ့လက်ကို မြှောက်၍ အပြေးလာသည့် ထိုမိန်းကလေးကို ပါးပိတ်ရိုက်လေသည်။   မိန်းမလှလေးကား မှင်တက်သွားကာ ဂျန်ဝုရှီကို ကြည့်သည်။ သူ့မျက်လုံးများမှာ အမျက်ဒေါသကား မရှိ။ ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းသာ ရှိသည်။
75
9
၃၁၁၆။ သံမဏိ သွေး ဧကရီ   ဂျန်ဝုရှီကား ခဏလောက် မှင်တက်သွားသည်။ မျက်ရည်များ ပြည့်လျှမ်းလာသည့် ချူလင်းယွဲ့၏ မျက်လုံးများကို သူ ကြည့်လိုက်၏။ ဟိုးတုန်းက နုံအပြီး အပြစ်ကင်းစင်သော မိန်းမငယ်လေးကို ပြန်တွေ့ရသလိုပင်။   ဂျန်ဝုရှီက ထရပ်၍ လက်ဆန့်တန်းပေးကာ ချူလင်းယွဲ့ကို သိုင်းဖက်၏။ စကားတခွန်းမျှ မပြော။ ပြောစရာလည်း မလိုပေ။   ဒါက သူ့ဇနီးဟူ၍ သိထားသော အမျိုးသမီးကို ပထမဆုံးအကြိမ်အနေဖြင့် ဖက်ခြင်း ဖြစ်သည်။   သူ မည်သို့မျှ ပြောင်းလဲမသွားဆိုတာကို ဂျန်ဝုရှီ သဘောပေါက်သည်။ ချူလင်းယွဲ့၏ သေးသွယ်သော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်မှာ အင်မတန် အားနည်းချည့်နဲ့တာကို ဂျန်ဝုရှီ ခံစားမိသည်။   အင်အားကြီးမား၍ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားသော မျက်နှာဖုံးအောက်တွင် ချူလင်းယွဲ့က ဒဏ်ရာဒဏ်ချက်များဖြင့် မိန်းမငယ်လေး တဦးအဖြစ်သာ ရှိနေတုန်းပင်။   ကွဲပြားသွားတာဆိုလို့...   မိန်းမငယ်လေးမှာ ကိုယ်ပိုင် ယုံကြည်ချက်များ ရှိခြင်းပင်။ ထိုယုံကြည်ချက်က သူ့အား သန်မာလာစေခဲ့သည်။   ချူလင်းယွဲ့က မျက်လုံးများ မှိတ်၍ ဂျန်ဝုရှီ၏ သိုင်းဖက်မှုမှ နွေးထွေးမှုကို တသိမ့်သိမ့် ခံစားသည်။ တမ်းတသော်လည်း ထိုနွေးထွေးသော ဖက်ပွေ့မှုက သူ့အတွက် နောက်ဆုံးသာ ဖြစ်ပြီး သူနှင့် မသက်ဆိုင်ဆိုတာကို သူ သိသည်။   “ဝုရှီ, ကျေးဇူးပါ”   ထိုသိမ်မွေ့နူးညံ့သော ကျေးဇူးတင်စကားက သူ၏ နှလုံးသားမှ တိုက်ရိုက်လာခြင်းပင်။   “နင့်ကို ချစ်ခဲ့လို့ ငါ နောင်တ မရခဲ့ပါဘူး၊ နင်က အားလုံးထက်လည်း အရမ်း ကောင်းခဲ့တယ်”   ခုတော့ နှစ်များစွာ ဖိနှိပ်ထားခဲ့သော အချစ်က ပေါက်ကွဲထွက်လာသည်။ မျက်ရည်များလည်း တသွင်သွင် စီးကျလာ၏။   ဂျန်ဝုရှီက သူ့ကို တိတ်ဆိတ်စွာသာ ဖက်ပေးထားသည်။ သူ့နှလုံးသားထဲ မည်သို့ ရှိနေသလဲဆိုတာ သူ သိသည်။ သို့သော် သူ တုံ့လှယ်မပေးနိုင်။   သူ ယခင်တုန်းက ချူလင်းယွဲ့ကို ပြောထားခဲ့သည်, သူက ချူလင်းယွဲ့၏ အကြီးမားဆုံးသော ကာကွယ်သူနှင့် ထောက်ပံ့သူ ဖြစ်ပေးနိုင်သည်။ သို့သော် သူ အလိုရှိဆုံးသော အရာကိုတော့ သူ ပေးနိုင်မည် မဟုတ်ဟူ၍။   လရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်သွား၏။   လေ့ချန်က ဥယျာဉ်ထောင့်လေးမှာ ရပ်နေသည်။ သူ မြင်နေရသည့် အရာက သူ့အား ကမောက်ကမ ဖြစ်စေ၏။ အခု သူ မည်သို့ ခံစားနေရသလဲဆိုတာပင် မသဲကွဲ။   ခဏလောက် တိတ်ဆိတ်ပြီးနောက်, ချူလင်းယွဲ့က ဂျန်ဝုရှီမှ ခွာ၍ မတ်တပ်ရပ်ပြီး မျက်ရည်များကို သုတ်သည်။ သူ့မျက်လုံးများ မျက်ရည်များဖြင့် ပြည့်နှက်နေသည့်တိုင် သူ တောက်ပစွာ ပြုံးလေ၏။   “ငါ ဘဝအသစ် စတော့မယ်၊ အတိတ်မှာ နစ်မြော မနေတော့ဘူး၊ နင် ငါ့ကို ပေးခဲ့တဲ့ ကြင်နာမှုကို ငါ ပေးဆပ်ပြီးပြီ၊ ငါ့ကို ကာကွယ်ပေးခဲ့တဲ့ နင့်ကို ငါ ကာကွယ်ပေးခဲ့ပြီးပြီ၊ အခု ငါတို့ ညီမျှသွားကြပြီ” ချူလင်းယွဲ့က အပြုံးဖြင့် ပြော၏။   ဂျန်ဝုရှီ အသာအယာ ခေါင်းညိတ်ပြ၏။ ချူလင်းယွဲ့နှင့် ပတ်သက်လျှင် အပြစ်ရှိသလို သူ ခံစားရသည်။ သူကား ဂျန်ဝုရှီ ပြောသမျှ ဘယ်တုန်းကမှ မတွန့်တိုခဲ့။   ချူလင်းယွဲ့ နောက်နောင် မည်သည့် အရာကိုပင် ရွေးချယ်ပါစေ, သူ ချူလင်းယွဲ့အား တိတ်တဆိတ် ထောက်ပံ့ပေးနေအုံးမည်သာ။   ချူလင်းယွဲ့၏ အပြုံးက ပိုပြီး တောက်ပလာကာ ရှေ့သို့ ခြေတလှမ်းတိုးကာ ဂျန်ဝုရှီ၏ ပါးပြင်ကို နှုတ်ခမ်းဖြင့် ဖိကပ်၍ နမ်းလိုက်သည်။   အင်မတန် ပေါ့ပါးသော အနမ်း ဖြစ်သည်။   ထိုအနမ်းက လေပြေလေး တိုက်ခတ်သွားသလို။   “တကယ် ညီမျှသွားပြီ” ချူလင်းယွဲ့က ဂျန်ဝုရှီကို စိုက်ကြည့်၏။   အဖြေကိုပင် မစောင့်တော့ဘဲ, ချူလင်းယွဲ့က လှည့်ထွက်သွားသည်။   ဂျန်ဝုရှီက စိတ်ရှုပ်ထွေးသွားသလို ခံစားမိသည်။ သို့သော် ဘာမှ မလုပ်နိုင်။   ဥယျာဉ်၏ ထွက်ပေါက်သို့ ချူလင်းယွဲ့ ရောက်ရှိလာလျှင်, လေ့ချန် စောင့်နေတာကို သူ မြင်သည်။   လေ့ချန် အံ့အားသင့်သွားကာ လူမိသွားသဖြင့် ရှက်သွားလေ၏။   “ငါ... ငါ  ဖြတ်သွားရုံလေးပါ...”   “လေ့ချန်” ချူလင်းယွဲ့ ရုတ်တရက် ခေါ်သည်။   “အင်း”   “နင် စိတ်ထဲ ထည့်ထားသလား” ချူလင်းယွဲ့က မေး၏။   “စိတ်ထဲ ထည့်ထားရမှာလား, ဘာကိုလဲ” လေ့ချန်က ချူလင်းယွဲ့ ပြောတာကို မသိ။   “ငါ့အတိတ်နဲ့ ငါ လုပ်ခဲ့သမျှ အရာအားလုံး” ချူလင်းယွဲ့က ပြန်ပြောသည်။   လေ့ချန်က တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းယမ်းပြသည် “မင်းက အားလုံးထက် ကောင်းတယ်၊ ငါလည်း အဲဒါကို အမြဲတမ်း မြင်ခဲ့တယ်၊ အဲဒီ နှစ်တွေမှာ မင်းက...”   သူ စကားဆုံး‌အောင်ပင် မပြောလိုက်ရ, ချူလင်းယွဲ့ သူ့နှုတ်ခမ်းကို သူ့လက်ချောင်းဖြင့် ဖိကပ်၍ တိတ်စေသည်။   “နင် ငါ့ကို လက်ထပ်ရဲလား”   လေ့ချန်၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။ ချူလင်းယွဲ့ လက်ချောင်းကို သူ့နှုတ်ခမ်းမှ ဖယ်၍ ထိုလက်ကို တင်းကျပ်စွာ ကိုင်ပြီး သူ အားရဝမ်းသာစွာ ပြောသည် “မင်းကို လက်ထပ်တာက ငါ့ဘဝမှာ အပျော်အရဆုံး ကိစ္စပဲ ဖြစ်လိမ့်မယ်”
68
10
၃၁၁၅။ နင့်ကို ဖက်လို့ ရမလား   ဂျန်ချင်းက ယိုင်ထိုးနေ၏။ လုံချီက သူ့ကို ကူညီပေးကာ အခန်းသို့ လိုက်ပို့ပေးရသည်။ သို့သော် လုံချီလည်း မူးနေလေသည်။ ရူလင်းစစ်သားများကား သူတို့ အလယ်မှ ပန်းလေးတပွင့်ကို အခူးခံလိုက်ရပြီ ဖြစ်သဖြင့် ဝမ်းနည်းကြရသော်လည်း ထိုလူက သူတို့ အကြွင်းမဲ့ လေးစားရသူ ဖြစ်သဖြင့် ပစိပစပ် ပြောခြင်းကို ရပ်တန့်လိုက်ကြ၏။   စားသောက်ပွဲက ပြီးဆုံးခါနီးလေပြီ။ လူအုပ်ကြီးလည်း တဖြည်းဖြည်း ကျဲပါးလိုက်လာ၏။   ဂျန်မိသားစုဝင် ဖြစ်သဖြင့်, ဂျန်ဝုရှီက ဂျန်ဂုနှင့် အတူ တခြားလူများကို ပြန်လွှတ်လိုက်သည်။ အစောင့်များပါ ပြန်လွှတ်လိုက်ခြင်းပင်။   ဂျန်အိမ်တော်၏ တံခါးဝသို့ လူတယောက် နှေးတိနှေးတုံ့ဖြင့် လျှောက်လာသည်။   “နင့်နဲ့ အတူ စကားနည်းနည်း ပြောလို့ ရမလား” ချူလင်းယွဲ့က ဂျန်ဝုရှီကို မေးသည်။ ဂျန်ဝုရှီက မိခင်တယောက် ဖြစ်လာပြီး လွန်ခဲ့သော နှစ်များမှာ ငြီးငွေ့ဟန်တချို့ကို ပြသထားသော်ငြား, ဟိုးတုန်းကလိုပင် ဂျန်ဝုရှီက တောက်ပလင်းလက်နေတုန်းပင်။   ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ ပင်ပန်းနေသည့် သူ့သမီးလေးကို ဂျန်ဝုယောင်းထံ လွှဲပေး၍ ချူလင်းယွဲ့နှင့် အတူ နောက်ဘက် ခြံဝင်းသို့ လမ်းလျှောက်သွားကြသည်။   ချူလင်းယွဲ့နှင့် အတူ ညစာစားပွဲသို့ ရောက်ရှိလာသည့် လေ့ချန်က သူတို့နောက်သို့ လိုက်ပါမသွား။ သို့သော် သူက တံခါးဝမှာ ရပ်နေရင်း အဝေးသို့ လျှောက်လှမ်းသွားသော သူတို့ကို ကြည့်နေသည်။ သူ့နှလုံးသားက ခါးသီးခြင်းနှင့် ပြည့်နှက်နေသည်။   ဂျန်ဝုရှီနှင့် ချူလင်းယွဲ့က ဥယျာဉ်ထဲမှာ လရောင်အောက်တွင် လျှောက်နေကြသည်။ ပန်းများက ဂျန်ဝုရှီ၏ နတ်ဘုရားအော်ရာကို သတိပြုမိပုံ ရသည်။ ၎င်းတို့က အစွမ်းကုန် ရွှန်းရွှန်းစားစား ပွင့်လန်းလာကြ၏။   အနီရောင် မီးအိမ်ကို အမြင့်မှာ ချိတ်ဆွဲထားသည်။ လူများလည်း ထွက်ခွာသွားကြသည်။ ဂျန်မိသားစု ပျော်နေတာ သိသာထင်ရှား၏။ သို့သော် သူတို့၏ အပျော်ကို တက်ရောက်လာသူတိုင်း မျှဝေခံစားနိုင်ကြသည်တော့ မဟုတ်။   ချူလင်းယွဲ့နှင့် ဂျန်ဝုရှီ နှစ်ယောက်စလုံး မည်သည့် စကားမျှ မပြောဘဲ ဥယျာဉ်တောက်လျှောက် လျှောက်လာကြပြီး ထိုင်လိုက်ကြသည်။ နှစ်ယောက်စလုံးက လှပကြသည်။ သို့သော် အမူအရာသည်တော့ လုံးလုံး ဆန့်ကျင်ဘက် ဖြစ်နေကြ၏။   ချူလင်းယွဲ့က ဟိုးတချိန်တုန်းက အကြောင်းကို ပြန်မြင်ယောင်သည်။ ထိုစဉ် သူမက နုံအသော အမျိုးသမီးတယောက်မျှသာ။ မရေမတွက်နိုင်သော တိုက်ပွဲများ ဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရပြီးနောက် အလွန်ရဲတင်းသော ယောက်ျားသားများသည်ပင် သူ့ကို အထင်အမြင် မသေးရဲကြတော့။   သူကား ပြတ်သား ရဲရင့်သော ဘုရင်မ ဖြစ်သည်။ ဟိုးယခင်က အလိုလိုက်ခံရသော ထောင်ချီသားရဲ မြို့တော်သခင်မလေး ချူလင်းယွဲ့ မဟုတ်တော့။   အခုလောလောဆယ်မှာတော့ ချူလင်းယွဲ့က ဂျန်ဝုရှီအနားမှာ ထိုင်သည်။ သူ့မျက်နှာမှ အပြုံးကို မြင်နိုင်၏။ သူတို့၏ ရှည်လျားသော အရိပ်များက လရောင်ကြောင့် ထင်ဟပ်နေသည်။ သူတို့က အချင်းချင်း အရမ်း နီးကပ်သော်ငြား ကမ္ဘာခြားထားသလို ထင်မြင်ရစေသည်။   “ထောင်ချီသားရဲ မြို့တော်မှာ ငါ ကြီးပြင်းခဲ့တယ်၊ ငါ့မေမေက ငယ်ငယ်လေးကတည်းက သေသွားခဲ့တယ်၊ ဒါပေမဲ့ ဖေဖေက ငါ့ကို အရမ်း ချစ်ခဲ့တာ၊ ဘာအခက်အခဲတွေကိုမှ မခံစားစေခဲ့ဘူး၊ လောကကြီးက အကောင်းတွေချည်းနဲ့ပဲ ပြည့်နှက်နေမယ်လို့ ငါ ထင်ခဲ့မိတယ်၊ တခါတရံ ယုတ်မာမှုတွေကို မြင်ရပေမဲ့ ငါနဲ့ မသက်ဆိုင်သလိုပဲ၊ ဖေဖေက ပြောလေ့ပြောထ ရှိခဲ့တာက, ငါ အသက်ကြီးလာရင်, ကိုယ့်ကို တကယ် ချစ်တဲ့ ယောက်ျားတယောက်နဲ့ လက်ထပ်တဲ့၊ ငါ့ရဲ့ ပျော်ရွှင်ခြင်းမှန်သမျှအတွက် ရင်းနှီးမြှုပ်နှံလိုက်တဲ့၊ သူက ချမ်းသာသလား, အရည်အချင်း ရှိသလားဆိုတာ အရေးမပါဘူးတဲ့”ချူလင်းယွဲ့က ရယ်သည်။ သူ့အရိပ်လည်း သူ့ကိုယ်လုံးနှင့် အတူ လိုက်ပါ လှုပ်ယမ်း၏။   “ငါ တွေ့ကြုံခံစားခဲ့ရတာတွေကို အဲသလို တွေ့ကြုံခံစားရမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး၊ ခုထက်ထိ ငါ့မှာ အိပ်မက်ဆိုး ဖြစ်နေတုန်းပဲ၊ အဲဒါက တကယ် မဟုတ်သလိုပဲပေါ့၊ ဒါပေမဲ့ အဲဒါက တကယ် ဖြစ်ခဲ့တာ၊ အဲဒီ အဖြစ်အပျက်ကို အရာရာတိုင်း ငါ အခု မမှတ်မိတော့ဘူး၊ ဖြစ်နိုင်တာက ငါ့ရဲ့ အသိစိတ်ကိုယ်တိုင်က အဲဒီ အဖြစ်အပျက်တွေကို မေ့ပျောက်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်လေ”   ချူလင်းယွဲ့၏ အသံက အက်ကွဲနေ၏။ သူမကို တည်ငြိမ်စွာ ကြည့်နေသည့် ဂျန်ဝုရှီကို ချူလင်းယွဲ့ လှည့်ကြည့်သည်။ တိတ်ဆိတ်၏။ သို့သော် ထိုအကြည့်မှာ အမှတ်မမှားနိုင်သော နူးညံ့သိမ်မွေ့မှုကို သူ ခံစားနိုင်သည်။   နူးညံ့သိမ်မွေ့မှု...   ထိုအရာက သူ့အား ငိုကြွေးစေသည်။   “ဝုရှီ” ချူလင်းယွဲ့က ချိုသာစွာ ခေါ်သည်။   “အင်း”   “နင့်ကို ဖက်လို့ ရမလားဟင်” ချူလင်းယွဲ့၏ အသံက ကြားရရုံမျှသာ။ အတန်ငယ်လည်း တုန်ယင်လျက် ရှိသည်။
67
11
၃၁၁၄။ အနီရောင် မီးအိမ်ကြီးကို အမြင့်မှာ ချိတ်ဆွဲထားပြီ   ဂျန်ချင်းက မည်မျှလောက် ခေါင်းမာသလဲဆိုတာ မည်သူမျှ တိကျစွာ မသိကြ။   ထိုညမှာ, သူသည်သော်၎င်း ယွဲ့ရဲ့သည်သော်၎င်း ဂျန်အိမ်တော်သို့ ပြန်မလာကြ။   သို့သော် စုယာနှင့် ပြန်လည် ပေါင်းစည်းရသော ယန်ဘူဂွေ့က ယွဲ့ရဲ့ကို ဂျန်ချင်းက ညပိုင်း ခေါ်ထုတ်၍ ရေကန်သို့ သွားတာကို မြင်တွေ့ပြီး ဖြစ်သည်။   ထိုသို့ ဖြစ်ပျက်ပြီးနောက်...   ဂျန်ရှန်းက ဂျန်ချင်းကို မိန်းမယူဖို့ ထပ်မပြောတော့။ ဂျန်အိမ်သူအိမ်သားများသည်လည်း မင်္ဂလာပွဲအတွက် စတင်၍ ပြင်ဆင်ကြသည်။   ဂျန်ဝုရှီကား စိတ်အားငယ်သွားသည်, နောက်ကျရင် သူ့တပည့်ကို သူ မည်သို့သော အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ရမလဲ သူ စဉ်းစားနေရလို့ ဖြစ်သည်။ (အန်တီလို့ ခေါ်ရမလားပဲ)   …   မင်္ဂလာပွဲနေ့မှာ, ဂျန်ချင်းက ယွဲရဲ့ကို အောင်မြင်စွာ ခေါ်ထုတ်သွားနိုင်ခဲ့သည်။ ရူလင်းစစ်သားများကား အသဲကွဲသွားကြ၏။ သူတို့ ဂျန်ချင်းကို မည်သို့မျှ စိန်မခေါ်ရဲကြ။ သူတို့ သေသွားမှာ ကြောက်ကြရသည်။   ချောင်းချူတို့ အုပ်စု မင်္ဂလာပွဲသို့ တက်ရောက်လာချိန်မှာ သူတို့ကို ဆီးကြိုနေတာက အနီရောင် အခမ်းအနားပင်။ သတို့သားကို ကြည့်တိုင်း, သတို့သား ဖြစ်သူ ဂျန်ချင်းက ဝိုင်ကို ဆက်ဆက် သောက်ပေးနေရသဖြင့် ပိုပိုပြီး မျက်နှာ နီရဲလာသည်။   “ကြည့်ရတာ ဦးလေးတော့ ကနေ့ည မင်္ဂလာခန်းထဲ ဝင်ရင် ကောင်းကောင်း ဖျော်ဖြေနိုင်မှာ မဟုတ်လောက်ဘူး” ချောင်းချူက အရယ်ဖြင့် ပြောသည်။ တဖက်မှာတော့ ရူလင်းစစ်သားများက စိန်မခေါ်ရဲကြသော်လည်း, သူနှင့် အရက်ပြိုင်သောက်ရာမှာတော့ နောက်မတွန့်သွားကြ။   ဂျန်ချင်းက သူ၏ အရက်ဒဏ် ခံနိုင်ရည်က မြင့်မားလို့သာ, သို့မဟုတ်ပါက ကြမ်းပြင်ပေါ်မှာ မှောက်သွားလောက်လေပြီ။   ထို့ပြင် လုံချီက သူ့ကိုယ်စား အရက်သောက်ပေးတာ မပါသေး။   “ဒါဆို မင်း မှားသွားပြီ၊ သူ ကြမ်းပေါ်မှာ ပြားပြားဝပ်သွားရင်တောင်, သူ အဲဒါ လုပ်နိုင်အုံးမှာပဲ” ဖေးယန်က ရယ်သည်။ သူ့ရုပ်ရည်က အပြည့်အဝ ပြန်ကောင်းပြီး ဖြစ်သည်။ သို့သော် သူ့စရိုက်က မပြောင်းမလဲဘဲ ရှိသေး၏။   “ဒီလောက် စောစော သူ မူးတာ ငါ ယုံတောင် မယုံဘူး၊ ဒီလိုသာ ဆက်ဖြစ်နေရင်, လုံချီက သူ့ကို ချီပိုးပြီး ပြန်ပို့နေရအုံးမယ်” ‌ချောင်းချူက သူ့အတွေးအတိုင်း ထုတ်ပြောသည်။   ဖေးယန်က သူ့လက်ထဲမှ ဝိုင်ခွက်ကို အသာအယာ မွှေနှောက်၍ ပြောသည် “ယွဲရဲ့ဆရာက ဘယ်သူလဲ မင်း မေ့သွားပြီလား၊ သူ့လက်ထဲမှာ အရက်မူးပြေစေတဲ့ ဆေးလောက်တော့ ရှိမှာပေါ့ဟ” (တကယ်တော့ ကာမအားတိုးဆေးကို ပြောတာပါ။)   “....”ချောင်းချူ တိတ်ဆိတ်သွား၏။ ထိုစကားကို တခါမှ မပြောဖူးသလို သူ ဟန်ဆောင်လိုက်သည်။   “မေမေ... ချီပေး...” ဂျန်မိုယဲ့က သတို့သမီးအခန်းသို့ သွားကြည့်ပြီး ဧည့်ခံခန်းမသို့ ပြန်လာပြီး ချက်ချင်းပင် သူ့မိခင်ကို မြင်လျှင် ချီထားပေးဖို့ ပြောသည်။   ဂျန်ဝုရှီက ရယ်မော၍ သူ့သမီးကို ကောက်ချီ၍ ပေါင်ပေါ်မှာ တင်ပေးသည်။ ဘေးမှာ ဂျန်ဝုယောင်းက ထိုင်နေသည်။ သူက ပြုံးနေရင်း သူ့ဇနီးနှင့် ကလေး စားရန် အရသာရှိသော စားစရာများကို ပန်းကန်ပြားထဲ ထည့်ပေးသည်။   ထိုမိသားစု သုံးယောက်က ချစ်မေတ္တာဖြင့် ပြည့်လျှမ်းစေသော ပန်းချီကားချပ်တခုနှယ်။   ဖေးယန်က ထိုမြင်ကွင်းကို မနေနိုင်စွာ ပြုံးနေရင်း ကြည့်သည်။ ဝိုင်ခွက် အနည်းငယ် သောက်ပြီးနောက်, သူ့မျက်လုံးများလည်း ရောင်းရူထံ တရစ်ဝဲဝဲ ဖြစ်နေလေသည်။ ရောင်းရူက သူ့ဘေးနားမှာ ထိုင်သည်။   ရောင်းရူ၏ စိတ်ဝိညာဉ်ကို ဂျန်ဝုရှီက ရုပ်သေးရုပ်မှ ဆွဲနှုတ်၍ ခန္ဓာသစ်မှာ ထည့်ပေးသည်။ ယောက်ျားခန္ဓာကိုယ်မှာ ထည့်ပေးရန် ရောင်းရူက တောင်းဆိုခဲ့သည်။ သူ့မျက်နှာသွင်ပြင်သည်တော့ နည်းနည်းပါးပါး ပြောင်းလဲသွား၏။ ကျယ်ပြန့်သော ပခုံးနှင့် ရင်ဘတ်က မည်သို့ပင် ကြည့်ကြည့် ယောက်ျားဆန်သည်။ သူကား ချောမောခံ့ညားသော ယေက်ျားပျိုတယောက် ဖြစ်လာခဲ့သည်။   ရောင်းရူက ဗီဇအားဖြင့် ကြင်နာတတ်သည်။ မင်္ဂလာပွဲသို့ တက်ရောက်လာကြသည့် အမျိုးသမီးများ သူ၏ နူးညံ့သိမ်မွေ့သော အပြုံးကို မြင်လျှင်, အထာမပေးဘဲ မနေနိုင်ကြ။ သို့သော်ငြား ထိုသို့ ဆွဲဆောင်ခံရသော ရောင်းရူကား ဖေးယန်ဆီမှ မွန်းကျပ်ဖွယ် ခံစားချက်ကို ရရှိတော့သည်။   သူကား ရောင်းရူကို သူ့အိပ်ကတ်ထဲမှာသာ ထည့်ထားလိုသည်။ သို့မှသာ ဏှာဗူးထသော ထိုမိန်းမများ၏ အကြည့်မှ ရှောင်လွှဲနိုင်လိမ့်မည်။
66
12
၃၁၁၃။ မိန်းကလေးဆိုတာ ပန်းတပွင့်လို နူးညံ့ပြီး ကျောက်စိမ်းလို သိမ်မွေ့တယ်   ယွဲ့ရဲ့ကို ဂျန်အိမ်သူအိမ်သားများက ပြုစုပျိုးထောင်ပေးသဖြင့် သူက ရူလင်းစစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်သည်။ ပိုင်ကျိုးအပြင် ထင်ရှားကျော်ကြားသော သမားတော်များလည်း ရူလင်းစစ်တပ်မှာ ရှိနေကြသည်။ သူ၏ ဆေးပညာ ဗဟုသုတ ကြွယ်ဝမှုနှင့် ဂျန်ဝုရှီ၏ ကောင်းချီး အပ်နှင်းထားမှုကြောင့် ယွဲရဲ့ကို နာမည်ကျော်သမားတော်များတွင် ထည့်သွင်းထားသည်။   သူ ငယ်ရွယ်ချိန်တုန်းမှာ ရူလင်းစစ်တပ်မှ စစ်သားအများအပြားက သူ့ကို ညီမလေးတယောက်လို ဂရုစိုက်ကြသည်။   သူက အကျင့်စရိုက် ကောင်းမွန်ပြီး လှပသော ရုပ်ရည် ရှိသည်။ ထို့ကြောင့် ယွဲရဲ့က စစ်သားများစွာ ချစ်ကြိုက်ခြင်းကို ခံရသည်။   “ယွဲရဲ့က ဘာဖြစ်လို့လဲ” ဂျန်ဝုရှီက ဟန်ကျီဖေးကို မေးသည်။ ဟန်ကျီဖေး၏ အဓိပ္ပါယ်ကို သူ နားမလည်။   “သူ ကလေး မဟုတ်တော့ဘူး၊ သူ့ဖိုးဖိုးလည်း ငါ့ကို ပြောထားတယ်, သူ့ကို သင့်တော်တဲ့ ယောက်ျားရှာပြီး ပေးစားလိုက်ပါတဲ့၊ သူ့ဆရာသခင်အနေနဲ့ မင်း ဒီကိစ္စကို အားစိုက်ပေးသင့်တယ် မဟုတ်ဘူးလား” ဟန်ကျီဖေးက သဘောကျစွာ ရယ်၍ ပြောသည်။   “မေမေ စိတ်တိုင်းကျ လုပ်နိုင်ပါတယ်၊ ကျမက ဒီနယ်ပယ်မှာ မကျွမ်းကျင်ဘူး” ဂျန်ဝုရှီ၏ လေသံက အနည်းငယ် ဆန္ဒစောနေပုံပင်။   “အင်း, ငတုံး ချောင်းနဲ့ တခြားလူတွေက ကောင်းတဲ့ ရွေးချယ်ခံတွေ၊ သူတို့ နည်းနည်း အသက်ကြီးနေပေမဲ့, ကိစ္စမရှိဘူး၊ သူတို့က နတ်ဘုရားတွေ ဖြစ်နေပြီဆိုတော့ ရုပ်ရည်လည်း မရင့်တော့ဘူး၊ မင်း ဘယ်လို ထင်...” ဟန်ကျီဖေးက အကြံပြုသည်။   သို့သော် ထိုအကြံပြုချက်က ဂျန်ဝုရှီအား ရယ်ရမလို ငိုရမလို ဖြစ်စေသည်။   ထိုငါးယောက်အုပ်စုကား သူ့ဦးလေးထက်ပင် ပိုပြီး ထူးဆန်းကြ၏။   ဖေးယန်က သူ့မျက်နှာ ပြန်ကောင်းပြီး အမြင်အာရုံ ပြန်ရလာပြီး နတ်ဘုရားတပါး ဖြစ်လာခဲ့သည်။ သူက ရောင်းရူကိုသာ မျက်စိကျသည်။ ရောင်းရူလည်း နတ်ဘုရားတပါး ဖြစ်လာခဲ့၏။   ချောင်းချူနှင့် ဟွာယောင်းက သွားအတူ လာအတူ ဖြစ်နေကြပြီး မိန်းမများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိကြ။   ဖန်ဇိုတယောက်တည်းသား နှိုင်းယှဉ်ချက်အရ သာမန်ဆန်သည်။ သို့သော် သူက အောက်ဘုံသို့ ပြန်လာတိုင်း လေညင်းကျောင်းတော်သို့သာ သွား၍ ဖန်ဂျင်နှင့်သာ နာရီပေါင်းများစွာ စကားတွတ်ထိုးတတ်သည်။ သူတို့အား ဂျန်ဝုရှီ ကြားဝင်ရန်ပင် အကန့်မရှိ။   ထိုအကြောင်းကို စဉ်းစားမိလျှင်, ယွဲရဲ့အတွက် သင့်တော်သော သတို့သားကို ဂျန်ဝုရှီ မစဉ်းစားနိုင်တော့။   ယဲ့မေ့နှင့် တခြားလူများ၏ ခန္ဓာကိုယ်များမှာ အချစ်နှင့် ပတ်သက်သော အရိုး မပါ (မချစ်တတ်ကြ)။ သူတို့ကား နတ်ဘုရားဘုံဗိမာန်သို့ ဝင်ရောက်ပြီးကတည်းက သူတို့၏ စောင့်ကြပ်ရေး အလုပ်ကိုသာ အာရုံစိုက်ထားကြသည်။   အတော်ကြီးကြာအောင် စဉ်းစားပြီးနောက် ဂျန်ဝုရှီက ရုတ်တရက် တယောက်ယောက်ကို စဉ်းစားမိသွား၏။   “ငတုံး ချောင်းနဲ့ တခြားလူတွေ မသင့်တော်ပေမဲ့ နန်ဂုန်း‌လေ့တော့ အဆင်ပြေလောက်တယ်”   “မရဘူး” ယခင်က တိတ်ဆိတ်နေခဲ့သော ဂျန်ချင်းက ရုတ်တရက် အသံထွက်လာသည်။   “…..”   ခန်းမကြီးကား တိတ်ကျသွားသည်။ လူတိုင်း ဂျန်ချင်းကို လှည့်ကြည့်လာကြ၏။   “ဘာလို့ မရ,ရမှာလဲ၊ ငါတို့အားလုံး နန်ဂုန်းလေ့ကို သိထားကြတာပဲလေ၊ သူက ယောက်ျားကောင်း တယောက်ပါ၊ သူ့လို ယောက်ျားကောင်းက သုံးလောကမှာ ရှားရှားပါးပါးပဲ” ဟန်ကျီဖေးက ပြောသည်။ နန်ဂုန်းလေ့က သင့်တော်သည်ဟူ၍ ဟန်ကျီဖေး ခံစားရလေ, ဂျန်ချင်း၏ အမူအရာက ဆိုးရွားလာလေပင်။   သူက သူ၏ မရီးကို စိတ်မရှည်စွာ ကြည့်၍ “ငါ အပြင် ခဏထွက်အုံးမယ်” ပြောရင်း ထရပ်သည်။   ထိုသို့ ပြောပြီးနောက် မည်သူ့ ပြန်အပြောကိုမျှ မစောင့်တော့ဘဲ ထွက်သွားလေ၏။   ဂျန်ဝုရှီ ခေါင်းရှုပ်သွားသည် “ဦးလေး ဘာဖြစ်သွားတာလဲ”   ဟန်ကျီဖေးကား ရုတ်တရက် ရယ်လိုက်သည်။ သူ့မျက်လုံးများမှာ စနောက်ကျီစယ်လိုဟန် ဖြစ်လာ၏ “ဘာဖြစ်နိုင်မှာတဲ့လဲ၊ သူ ပြုစုပျိုးထောင်ခဲ့တဲ့ ကောင်မလေးက အရွယ်ရောက်လာပြီလေ, ပြီးတော့ လက်ထပ်တော့မှာ, သူ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
60
13
၃၁၁၂။ ဦးလေးကို အတင်းအကျပ် လက်ထပ်ခိုင်းခြင်း   ဂျန်ဂုက ဟာသပြက်လုံး ထုတ်သော သူ့ဇနီးကို ကြည့်လိုက်သည်။ သို့သော် ဘာမျှ မပြော။   သို့သော် ဂျန်မိုယဲ့က စကားလုံးတိုင်းကို ယုံကြည်၍ သူ့ဖိုးဖိုးကို အင်မတန် အထင်ကြီးဟန်ဖြင့် ကြည့်သည်။ ဂျန်ဂုကို စူပါလူသားအနေဖြင့် သူ့စိတ်ထဲ စွဲမြဲစွာ မှတ်ထား၏။   ဂျန်မိုယဲ့အား ပြုံးပျော်အောင် ဟန်ကျီဖေး လုပ်ပေးတာကို မြင်လျှင်, ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းလည်း မရယ်ဘဲ မနေနိုင်ကြ။   ဂျန်မိုယဲ့၏ စိတ်ရှုပ်ထွေးခြင်းကို ဖြေရှင်းပြီး ဖြစ်သည်။ သို့သော် ဂျန်ရှန်းက ရုတ်တရက် တခုခုကို စဉ်းစားမိပုံ ပေါ်လာသဖြင့် ပြုံးနေသည့် ဂျန်ချင်းကို လှည့်ကြည့်လာသည်။   “မင်းက ရယ်ဝံ့သေးတယ်လား၊ မင်းအကိုရဲ့ မြေးမလေးတောင် ဒီလောက် အသက်အရွယ် ရောက်နေပြီ၊ မင်းကျတော့ရော” ဂျန်ရှန်းက သူ့သားငယ်ကို ကြည့်သည်။ သူ့သားငယ်က ခုထက်ထိ အလုပ်မဖြစ်သေး။ (မိန်းမမရသေး။)   ဂျန်ဝုရှီ၏ ဟန့်တားပေးမှုကြောင့် ဂျန်မိသားစုတွင် မည်သူမျှ အိုယောင် မထင်ရတော့။ ဂျန်ချင်းက အသက်နှစ်ဆယ်ကျော်ဟူ၍ ထင်ရသော်လည်း သူက ထို့ထက် အများကြီး အသက်ကြီးသည်။   မိသားစု၏ အပျော်များကြားတွင် ဂျန်ရှန်းက သူ့သားငယ်အတွက် ဝမ်းမနည်းဘဲ မနေမိ။ စရိုက်ချင်း သို့မဟုတ် ရုပ်ရည်ချင်းအားဖြင့် သူကား မချို့တဲ့။ သို့သော် နှစ်များစွာ ကြာပြီးနောက် သူက တယောက်တည်း နေသားကျခဲ့သည်။ သင့်တော်သော တွဲဖက်ကို ရှာမတွေ့နိုင်သေး။   အတိတ်တုန်းက လက်ထပ်ပွဲ ပျက်သွားတုန်းက, ဂျန်ချင်းက ထိုကိစ္စကို ဘေးချိတ်ထားခဲ့သည်။ သုံးလောက တည်ငြိမ်ရေးအတွက် ဂျန်ဝုရှီကို ကူညီပေးအုံးမည်ဟူ၍သာ သူ ပြောခဲ့သည်။ အခု သုံးလောကက ပြန်လည် တည်ငြိမ်အေးချမ်းမှုကို ရရှိထားသည်။ သူ အကြောင်းပြချက် ရှာမရတော့။   သူ့ဖခင်က ထိုကိစ္စကို ဆွဲထည့် ပြောလာသဖြင့် ဂျန်ချင်းကား မပြုံးနိုင်တော့။   “ဟုတ်ပါပြီ...” ဂျန်ချင်းက အတော်ကြာအောင် ပါးစပ် ဟစိဟစိ ဖြစ်သွားသည်။ သို့သော် ဘာစကားမျှ ထွက်မလာ။   ဂျန်ရှန်းကား သူ့ကို အလွယ်ဖြင့် အလွတ်မပေးဘဲ တင်းမာစွာ ဆက်ပြော၏ “မင်း အကြောင်းပြချက်တွေ ပေးတာ တော်တော့၊ မင်း သုံးလအတွင်း မိန်းမတယောက် ရှာမလာနိုင်ရင်, မင်းအတွက် တယောက် ငါ ရှာပေးမယ်၊ သူက ရက်ရက်စက်စက် မလှရင်တော့ ငါ့ကို အပြစ်မတင်နဲ့”   ဂျန်ချင်းက ငိုမလိုလို ရယ်မလိုလို ပုံစံမျိုးဖြင့် သူ့ဖခင်ကို ကြည့်သည်။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း သူတို့၏ ကလေးနှင့် အတူ အိမ်တော်သို့ လာတိုင်း, ထိုစကားကို သူ့ဖခင်က ပြောစမြဲ။ သို့သော် သည်တခါတော့ သူက ဆုံးဖြတ်ချက် ပြတ်သားပုံပင်။ နောက်ထပ် ငြင်းဆန်လို့ ရတော့မည့်ပုံ မပေါ်။   သို့သော်...   ဂျန်ချင်းက သည်လို ကိစ္စမျိုးမှာ မည်သည့် အမြင်မျှ မရှိ။ သို့သော် သူ သိထားတာ တခုတော့ ရှိသည်။   ဂျန်မိုယဲ့ကို သူ မြင်တိုင်း, သူသည်လည်း ကိုယ်ပိုင် ကလေးတယောက် လိုချင်မိလာသည်။   သို့ပင် ဖြစ်သော်ငြား...   သင့်မှာ ဇနီးတ‌ယောက် မရှိဘဲနှင့် သင် မည်သို့ ကိုယ်ပိုင် ကလေးတယောက် ရရှိနိုင်မည်နည်း။   ဂျန်ရှန်းက ဆက်၍ တပူပူတကျီကျီ လုပ်သည်။ ဂျန်ချင်းကား ခေါင်းကြီး ငုံ့ထား၍ သူ့အကိုကို ကြည့်၍ အကူအညီ တောင်းသည်။ သို့သော် သူ့အကိုကား ဂျန်မိုယဲ့နှင့် ကစားနေသဖြင့်  သူ အကူအညီ လှမ်းတောင်းတာကို သတိမထားမိ။   သို့သော် ဟန်ကျီဖေးက သူ့အခက်အခဲကို သတိပြုမိကာ ပြောသည် “ဝုရှီလေး, ငါ မှတ်မိတာသာ မမှားရင်, ယွဲရဲ့က မင်းရဲ့ တပည့်ပဲ, ဟုတ်တယ်မလား”   ဂျန်ဝုရှီက ခဏလောက် မှင်တက်သွားသည်။ သူ့မိခင်က ယွဲ့ရဲ့ကို စကားထဲ ထည့်သွင်းလာမည်ဟူ၍ သူ ထင်မှတ်မထား။   ယွဲရဲ့ကို အသက်ငယ်ငယ်ကတည်းက အောက်ဘုံသို့ ပို့ထားခဲ့သည်။ ယွဲ့ရဲ့ကို ဂျန်ဝုရှီက သူ့တပည့်အဖြစ် လက်ခံထားခဲ့သည်။ သူက အဆိပ်ဆေးပညာမှာ ထူးချွန်၏။ သို့သော် ယွဲရဲ့က သူ့တပည့် ဖြစ်သော်ငြား, အာရုံများစွာ မစိုက်မိခဲ့။ သူ့ကို ဂရုစိုက် စောင့်ရှောက်ဖို့ ဂျန်မိသားစုသို့သာ ပို့ထားခဲ့သည်။   အချိန်ကြာလာသည်နှင့် ယွဲရဲ့လေးသည်လည်း အစွမ်းကုန်ပွင့်သော ပန်းလေးတပွင့်နှယ် လှပသော မိန်းမပျို ဖြစ်လာခဲ့သည်။
65
14
၃၁၁၁။ ဂျန်မိုယဲ့၏ ရှုပ်ထွေးမှု (၁)   နတ်ဘုရားနှစ်ပါး၏ ကလေးတယောက် ဖြစ်သဖြင့် ဂျန်မိုယဲ့ နေ့တိုင်း လုပ်ချင်တာက, လော့မဲ့မဲ့ကို တက်စီးမည်။ နေရောင်အောက်မှာ သွေးယုန်ကို ပွေ့ဖက်မည်။ သူ့ဦးလေး ကောင်းကင်ဘုံ ဆီးနှင်းကြာပန်း ဘုရင်နှင့် ကြယ်များကို ကြည့်မည်။ ထိုအရာများပင်။   ဂျန်မိုယဲ့ကား သုံးနှစ်သို့ ရောက်ရှိနေလေပြီ။ သို့သော် သူ့မှာ အကျပ်အတည်း တခု ရှိနေ၏။   သူ့မိဘများနှင့် အတူ သူ့အဖိုးအဖွားများ၏ အိမ်သို့ သူ လိုက်ပါလာခဲ့သည်။ သို့သော်...   “မေမေ, မေမေ့ဘက် ဖိုးဖိုးက ဘာလို့ နှစ်ယောက် ဖြစ်နေရတာလဲ” ဂျန်မိုယဲ့က သူ့ကို ပွေ့ချီထားသော မိခင်ဖြစ်သူကို ကြည့်၍ မေးသည်။ သူ၏ ပါးဖောင်းဖောင်းဖြင့် ချစ်စရာ မျက်နှာလေးမှာ စိတ်ရှုပ်ထွေးဟန်ကို အထင်းသား တွေ့နေရသည်။   ဂျန်မိသားစုမှ လူတိုင်း ဂျန်အိမ်တော်၏ ခန်းမကြီးမှာ အချင်းချင်း ပျော်ရွှင်ကျေနပ်ဟန်ဖြင့် စုဝေးနေကြသည်။ သို့သော်ငြား အပြစ်ကင်းစင်သော ထိုကလေး၏ မေးခွန်းကြောင့် ခန်းမတခုလုံး တိတ်ကျသွားလေ၏။   ဂျန်ရှန်းက စိတ်ရှုပ်ထွေးနေသည့် သူ့မြေးမလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက ဂျန်ဂုနှင့် ဟန်ကျီဖေးကို ကြည့်၍ သူ့ကို အာရုံစိုက်လာစေရန် ချောင်းဟန့်လိုက်၏။ ဂျန်ရှန်းကား ဆံပင်များ ဖြူနေသော်လည်း အားအင်အပြည့်ဖြင့် ပြုံးပျော်နေသည်။   ဂျန်ဂုကား ခဏလောက် စကားပျောက်သွားပြီး မည်သို့ လုပ်ရမှန်း မသိ။   လွန်ခဲ့သော လေးနှစ်ကျော်တုန်းက, ဖျက်ဆီးခြင်း နတ်ဘုရားကို နှိမ်နင်းပြီးနောက်, သုံးလောကသည် ပြန်လည် ငြိမ်းချမ်းခဲ့၏။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက ကောင်းကင်ဘုံသို့ (နတ်ဘုရားများ၏ ဘုံဗိမာန်သို့) ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ ဂျန်ဂုနှင့် ဟန်ကျီဖေးက အောက်ဘုံသို့ ပြန်ကာ ဂျန်ရှန်း ဂျန်ချင်းတို့နှင့် အတူ ဂျန်နေအိမ်တော်မှာ နေထိုင်ကြသည်။ ဂျန်ဝုရှီနှင့် ဂျန်ဝု‌ယောင်းက အခါအားလျော်စွာ အလည်အပတ် လာကြသည်။ ခရီးလှမ်းသော်လည်း သူတို့၏ အစွမ်းကြောင့် ၎င်းက ပြဿနာတခု မဟုတ်။ အလည်လာတိုင်း လူတိုင်းက သူတို့ကို ချစ်ခင်မြတ်နိုးစွာ ဆက်ဆံကြသည်။   “ယဲ့ယဲ့လေး, ဘာလို့ မေးတာလဲ” ဟန်ကျီဖေးက သူ့ယောက်ျား၏ ပုံစံကို သ‌ဘောကျဟန်ဖြင့် ကြည့်၍ ကလေးကို ပြုံး၍ လက်ဆန့်ထုတ်ပေးကာ မေးသည် “လာ, ဖွားဖွားဆီ”   မိခင်ဖြစ်သူ ခေါင်းညိတ်ပြတာကို မြင်ပြီးနောက်, ဂျန်မိုယဲ့က သူ့ဖွားဖွားဆီ ဖြည်းညင်းစွာ သွား၍ သူ့ကို ကောက်ချီရန် ပြောလေ၏။   “ခြံဝင်းထဲက အခန်းတခုမှာ ဖိုးဖိုးကို သမီး တွေ့ခဲ့တယ်” ဂျန်မိုယဲ့က သူ့ဖွားဖွားကို ကြည့်၍ ပြောသည်။ ဂျန်မိုယဲ့၏ မျက်လုံးများကား နက်မှောင်သော ရွှေရောင်အဆင်း ရှိသည်။   ချက်ချင်းပင် သူ ပြောချင်တာကို တမိသားစုလုံး နားလည်သွားကြ၏။   ဂျန်ဂုကို ဖျက်ဆီးခြင်း နတ်ဘုရား ရွေးချယ်ခဲ့တုန်းက, သူ့အား ခန္ဓာအသစ် ‌ပေးအပ်ခဲ့သည်။ သူနှင့် ဟန်ကျီဖေး အောက်ဘုံသို့ ပြန်လာတော့, သူ၏ မူလခန္ဓာကိုယ်ကို မိသားစုက မပျက်မစီး ထိန်းသိမ်းထားတာကို သူ တွေ့လိုက်၏။ သို့သော်ငြား သူ့ဝိညာဉ်က လက်ရှိခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်နှင့်လေပြီ။ ဝိညာဉ်ကို ရွှေ့ပြောင်းလျှင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်၏။ ထို့ကြောင့် မိသားစုနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် သူ၏ လက်ရှိခန္ဓာကိုယ်နှင့်သာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။   သူ၏ မူရင်းခန္ဓာကိုယ်အနေဖြင့် မိသားစုထဲမှ မည်သူမျှ ထိုခန္ဓာကိုယ်ကို အခွံချည်းသက်သက်သာ ဖြစ်သော်ငြား ဖယ်ရှားပစ်ဖို့ မလိုလားကြ။ သည်ကိစ္စမှာ ဂျန်ဝုရှီ၏ စွမ်းအားက ထိုခန္ဓာကိုယ်ကို ကာကွယ်ပေးထားသဖြင့် ပျက်စီးခြင်းတော့ မရှိ။ ထို့ကြောင့် ခြံဝင်းအတွင်း အခန်းထဲမှာ သည်အတိုင်း ထား၍ ပုံမှန်အတိုင်း အစေခံတယောက်က သန့်ရှင်းရေး လုပ်ပေးသည်။   သည်ကိစ္စနှင့် ပတ်သက်၍ ဂျန်ဂုက အမြဲတမ်း အနေခက်ခဲ့သည်။ သူ၏ တခြား ကိုယ်ကို အိပ်ရာပေါ်မှာ လှုပ်ရှားခြင်းကင်းမဲ့လျက် လှဲနေတာကို မြင်တိုင်း, အံ့ဩရသဖြင့် အတန်ငယ် အသက်ရှူ မေ့သွားရသည်။   သူဖခင်ဖြစ်စေ, သူ့ဇနီးဖြစ်စေ, မည်သူမျှ ထိုခန္ဓာကိုယ်ကို မြေချရန် မလိုလားကြသဖြင့်, သူ ထိုအတိုင်း နေသားကျအောင် လုပ်ဖို့မှ တပါး ‌ရွေးချယ်စရာ မရှိတော့။   နှစ်များစွာ ကျော်လွန်ပြီးနောက် ဂျန်ဂုမှာ အရာအားလုံး ပြည့်စုံနေသဖြင့် ထိုအရာကို မေ့ပင် မေ့နေခဲ့သည်။ သို့သော် သူ့မြေးမလေးက ထိုခန္ဓာကိုယ်ကို ရှာတွေ့မည်ဟူ၍ ထင်မှတ်မထား။   “အဲဒါလည်း သမီးရဲ့ ဖိုးဖိုးပဲ၊ သူ့မှာ ခန္ဓာကိုယ် နှစ်ခု ရှိတယ်၊ သူ ပျင်းတိုင်း ဟိုဘက် ဒီဘက် ရွှေ့ပြောင်းနိုင်တယ်လေ၊ သူ မကြီးကျယ်ဘူးလား” ဟန်ကျီဖေးက သူ့မြေးမလေးကို ပြုံးပြ၏။
69
15
မနက်ဖြန်ဆို ဇာတ်သိမ်းပါပြီ။ ဒီညတော့ ဂွတ်နိုက်ပါ။ အိပ်မက်ကောင်းများ မက်ကြပါစေ...
120
16
၃၁၁၀။ အဆုံးသတ် (၉)   နတ်ဘုရားများ၏ ဘုံဗိမာန်။   ထိုလူ ပေါ်လာချိန်မှ ပြန်ရေတွက်လျှင် ၂နှစ်ဆိုသော အချိန် ကျော်လွန်သွားခဲ့လေပြီ။ ဂျန်ဝုရှီက နတ်ဘုရားကြေးမုံမှ တဆင့် သုံးလောကကို လေ့လာဆန်းစစ်သည်။ လူများလည်း ဟန်ချက်ညီစွာ ပျော်ရွှင်နေကြသည်။ ဂျန်ဝုရှီက ကြောင်နက်လေးကို ပေါင်ပေါ်တင်ထား၍ ပွတ်သပ်ပေးနေသည်။ ထိုစဉ် သူ့ခြေထောက်နောက်သို့ အလုံးဝိုင်းလေး ရုတ်ချည်း လှိမ့်၍ ကပ်လာသည်။   သူ ငုံ့ကြည့်လျှင် မြင်ရတာကြောင့် မှင်တက်သွားသည်။   ၎င်းကား လော့မဲ့မဲ့ပင်။ သူက ဝမ်းနည်းခြင်း အပြည့်ဖြစ်သော, တောင်းပန်ခယဟန် မျက်လုံးများဖြင့် ဂျန်ဝုရှီကို မော့ကြည့်၍ သူ့စကတ်စကို ဆောင့်ဆွဲနေလေသည်။   ဘာဖြစ်နေသလဲဆိုတာ ဂျန်ဝုရှီ နားမလည်နိုင်သေးခင်မှာပင်, ဖြူနု၍ နူးညံ့သော အရုပ်လေး တရုပ်က ယိုင်ထိုးယိုင်ထိုးဖြင့် သူ့ဆီ ဦးတည်လာတာကို တွေ့လိုက်ရသည်။ ၎င်းက သွေးယုန်ပင်။ သွေးယန်၏ အမြီးကို ကလေးလေး တယောက်က ဆွဲထားသည်။ ထိုကလေးလေးက သွားမပါသော ပါးစပ်ဖြင့် ဗလုံးဗထွေး ပြောဆိုလျက် ဂျန်ဝုရှီ၏ ခြေထောက်နားမှ မခွာလိုသော လော့မဲ့မဲ့ကို လက်ညှိုးထိုး၍ မာန်မဲနေလေ၏။   “မက် မက် မက်” လော့မဲ့မဲ့က ထိုကလေးလေး အနားကပ်လာသည်နှင့် ကြောက်လန့်တကြား အော်ဟစ်သည်။   ထိုကလေးလေး လော့မဲ့မဲ့ကို ကောက်ကိုင်တော့မည့် အချိန်မှာ, ပုံရိပ်ကြီး တခု ပေါ်လာပြီး ကလေးလေးကို ကောက်ချီလိုက်သည်။   “အာ့...” ကလေးလေးက သွေးယုန်၏ အမြီးကို လက်မှ လွှတ်ပေး၍ ဗလုံးဗထွေး ဆက်ပြောနေလေသည်။   ကလေးလေးက မော့ကြည့်လျှင်, ဂျန်ဝုယောင်း၏ ခံ့ညားသော မျက်နှာကို မြင်သဖြင့် ရေကြီးခွင်ကျယ် လုပ်နေတာကို ရပ်တန့်လိုက်သည်။   “မင်း အဲကောင် အကြံပေးတာကို လက်မခံခဲ့သင့်ဘူး၊ အဲကောင်က လူကောင်းတယောက် မဟုတ်ဘူး” ဂျန်ဝုယောင်းက သူ့ကလေးကို ချီပိုး၍ သူ့ဇနီးအနားသို့ လျှောက်သွားသည်။ သူ့မျက်နှာမှာတော့ ကျွဲမြီးတိုနေပုံကို မြင်ရသည်။   ထိုအဆိုပြုချက်ကို သူတို့ လက်ခံပြီးနောက်, သူတို့ နှစ်ယောက်စလုံး ဤကမ္ဘာ၏ နတ်ဘုရားများ ဖြစ်လာကြသည်။ ဂျန်ဝုရှီက ယန်ဘူဂွေ့နှင့် ကျန်လူများ၏ ဝိညာဉ်များကို ဆင့်ခေါ်ခဲ့သည်။ ဤကမ္ဘာကို ကာကွယ်ရာမှာ လက်ထောက်အဖြစ် နတ်ဘုရားများ ဖြစ်လာစေခဲ့သည်။   သို့သော်ငြား...   အင်မတန် ရှုပ်ထွေးပွေလီသော ကမ္ဘာတခုကို ဟန်ချက်ညီအောင် ထိန်းဖို့ဆိုတာ မလွယ်ကူသော ကိစ္စ ဖြစ်သည်။ ချောင်းချူနှင့် ကျန်လူများက ကူညီပေးနေကြသော်ငြား, ဂျန်ဝုယောင်းသည်ပင် သူ မျှော်လင့်ထားတာထက် ပိုပြီး အလုပ်များနေတာကို တွေ့ရှိပြီး သူ့ဇနီးနှင့် အေးအေးဆေးဆေး အချိန်ဖြုန်းဖို့ပင် မအားလပ်ခဲ့။ သူ ချီပိုးထားသော ကလေးလေးသည်ပင် သူ့ဆီမှ အချိန်တချို့ ခိုးယူသွားပြန်သေးသည်။   ဂျန်ဝုရှီက သူ့ယောက်ျားနှင့် ကလေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပျော်ရွှင်ခြင်းဖြင့် ပြည့်နှက်နေလေ၏။   ကလေးလေးက သူ့မိခင်ကို မြင်လျှင် ချက်ချင်းပင် လက်ဝှေ့ယမ်း၍ သူ့အား ပွေ့ချီရန် ပြောသည်။ သူ့ဖခင်ကို လုံးလုံး လျစ်လျူရှူထားလေ၏။   “ကြာပန်းလေးနဲ့ တခြားလူတွေလည်း ကူညီမနေကြဘူးလား” ဂျန်ဝုရှီက တခစ်ခစ် ရယ်သည်။   ဂျန်ဝုယောင်း သက်ပြင်းချသည်။ သူတို့၏ လက်စွပ်ဝိညာဉ်များလည်း နတ်ဘုရားအဆင့် လက်စွပ်ဝိညာဉ်များ ဖြစ်လာကြသည်။ စွမ်းအားကား အဆများစွာ တိုးတက်လာခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းအားဆိုလျှင် ပြောနေစရာပင် မလိုတော့။ ဝိညာဉ်လောကကို ပြန်ဖွင့်လှစ်ခဲ့ပြီး သုံးလောကသည် တဖြည်းဖြည်း ပြောင်းလဲလိုက်လာ၏။ တခုသာ...   “ဒါပေမဲ့ မင်း ငါနဲ့ အချိန်ဖြုန်းရတာ နည်းသထက် နည်းလိုက်လာပြီလေ” ဂျန်ဝုယောင်းက အထွန့်တက်လေသည်။   ဂျန်ဝုယောင်း၏ သနားစဖွယ် မျက်နှာကို ကြည့်ပြီး ဂျန်ဝုရှီကား တခစ်ခစ် မရယ်ဘဲ မနေနိုင်တော့။ သို့ဖြင့် သူ့ကို အနားသို့ ခေါ်ကာ နွေးထွေး၍ ခံစားချက်ပါသော အနမ်းကို သူ့ပါးပြင်ပေါ် ချထားပေးလိုက်သည်။   “ကျမတို့ ရှေ့ဆက်ဖို့ အချိန်တွေ အရှည်ကြီး ကျန်ပါသေးတယ်ရှင်” ဂျန်ဝုရှီက အပြုံးဖြင့် ပြောသည်။   ဂျန်ဝုယောင်းလည်း ပြုံးဖြီးဖြီး ဖြစ်လာ၏။ သူက ဂျန်ဝုရှီကို သိုင်းဖက်သည် “ဘယ်လောက်ပဲ ရှည်ရှည်, လုံလောက်တယ်ရယ်လို့ ရှိလာမှာ မဟုတ်ဘူး”
144
17
(ယန်လေး, အဲဒီ ကိစ္စတွေ အားလုံးကို မင်းရဲ့ သဘောထား ကွဲလွဲမှုလို့ ထင်သလား။ ဂျန်ဝုရှီက အင်းလို့ ပြောရင်, ဂျန်ဝုယောင်းက ဘယ်တော့မှ ဟင့်အင်လို့ ပြောမှာ မဟုတ်ဘူး။) (သူလည်း ရှန်ယန်ရှောင် အင်းလို့ ပြောရင် ဟင့်အင်လို့ မပြောဘူးလို့ ဆိုလိုတာပါ။ သူ့နာမည်ကို နောက်ကျ တွေ့မှာပါ။)   ထိုလူက သူ့အကြံအစည် အောင်မြင်သဖြင့် သူ့ကိုယ်သူ အလွန် ဂုဏ်ယူသွားသည်။   သူတို့၏ မျက်ခုံးနှစ်ခုကြားမှ တဆင့် နတ်ဘုရားစွမ်းအား ဝင်ရောက်သွားချိန်မှာ, သူတို့နှစ်ယောက်လုံး ထိုနတ်ဘုရားစွမ်းအားက သူတို့၏ တကိုယ်လုံးသို့ စိမ့်ဝင်ပျံ့နှံ့သွားတာကို ခံစားရပြီး သူတို့စိတ်တွင်းမှာ ထူးဆန်းသော အာရုံခံစားမှုတခု နိုးထလာလေသည်။
77
18
၃၁၀၉။ အဆုံးသတ် (၈)   ဂျန်ဝုယောင်း ပြန်ရောက်လာခြင်းက လူတိုင်း၏ နှလုံးသားမှ ညှိုးငယ်ထိုင်းမှိုင်းခြင်းကို ပပျောက်သွားစေသည်။ သူတို့အားလုံး ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းအတွက် ပျော်ကြသည်။   “အာ... မင်းတို့ နှစ်ယောက် နောက်ကျမှ အလွမ်းသယ်ကြပါလားကွာ, အခု ငါတို့ အရေးကြီး ကိစ္စ ဆွေးနွေးဖို့ ရှိသေးတယ်” ထိုလူက မတတ်နိုင်ဘဲ ထိုချစ်သူနှစ်ယောက်ကို နှောင့်ယှက်လိုက်သည်။   ဂျန်ဝုယောင်းက ထိုလူကို အေးစက်စွာ ကြည့်သည်။ ရှင်းမပြတတ်သော အကြောင်းတချို့ကြောင့် ဂျန်ဝုယောင်းက ထိုလူ၏ ထိုအပြုံးမျက်နှာကို မြင်တိုင်း လက်သီးဖြင့် ဆွဲထိုးပစ်ချင်စိတ် အမြဲတမ်း ဖြစ်ပေါ်ခဲ့သည်။   “ငါ့ကို ဒီလိုမျိုး မကြည့်နဲ့၊ ငါ့ကြောင့်သာ မဟုတ်ရင်, မင်း လီ... အာ ဝုရှီနဲ့ ပြန်လည် ပေါင်းဆုံဖို့တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး” ထိုလူက ညည်းညူ ပြောဆိုသည်။ (လီဆိုတာ လီယာကို ပြောတာပါ၊ ဂျန်ဝု‌ယောင်းနဲ့ အခု ရောက်လာတဲ့ ကိုလူချော နတ်ဘုရားကို နတ်ဘုရားဖြစ်အောင် သင်ကြားပေးတဲ့ နတ်ဘုရားသံတမန်ပါ။ ဂျန်ဝုရှီပါပဲ။ ၂၅၉၆မှာ ပါပါတယ်။ ပြီးတော့ လီယာထွက်သွားပြီးနောက်ပိုင်း ဂျန်ဝုယောင်း အရင်ဆုံး ဖန်ဆင်းတဲ့ မိန်းကလေးလည်း လီယာပါ။ အဲမိန်းကလေး သေသွားလို့ နတ်ဘုရားနဲ့ နတ်ဆိုး (စေတန်)ဘက်တော်သားများ အကြီးအကျယ် စစ်ဖြစ်ခဲ့တယ်ဆိုတာ ကောင်းကျိုးမပေးသော သမီးပျိုဇာတ်လမ်းထဲမှာ ပါပါတယ်။)   “မင်း တခုခု ပြောစရာ ရှိတယ်ဆိုရင် ပြောတော့” ဂျန်ဝုယောင်းက သူ့သဘောထားကို ပြောသည်။ သူက မသင့်တော်ဟူ၍ မယူဆ။   ထိုလူ နှုတ်ခမ်းစူသွား၏။ သူနှင့် ဂျန်ဝုယောင်းကား အဆင်မပြေနိုင်ကြ။ ထို့နောက် သူက ဂျန်ဝုရှီကို လှည့်ကြည့်၍ ပြောသည် “ဖျက်ဆီးခြင်း နတ်ဘုရားဆိုတဲ့ကောင် ပျက်စီးပြီး သုံးလောကက နဂိုအတိုင်း ပြန်ငြိမ်းချမ်းသွားတယ်ဆိုပေမဲ့, သူ လုပ်ခဲ့တဲ့ ဗရမ်းဗတာ ကိစ္စကို ပြန်ပြင်ဖို့ဆိုတာ သိပ်မလွယ်ကူဘူး၊ မင်းစွမ်းအားတွေ ပြန်ရလာပြီ၊ ဒီကမ္ဘာက လူတွေဆီကနေ ယုံကြည်မှုစွမ်းအားကိုလည်း မင်း ရရှိခဲ့ပြီးပြီ၊ ဒီတော့ နတ်ဘုရား မရှိတဲ့ ဒီကမ္ဘာကို မင်း ဆက်ပြီး စောင့်ရှောက် ကာကွယ်ပေးဖို့ လိုတယ်”   “ဘယ်လို” ဂျန်ဝုရှီ တုန်လှုပ်သွား၏။   “အာ... မင်း ပြန်လာမှာကို ငါတို့ မျှော်နေကြတာပါ၊ ဒါပေမဲ့ လေလောဆယ်တော့ မင်းက ဒီကမ္ဘာရဲ့ နတ်ဘုရား ဖြစ်ဖို့ လိုတယ်၊ သူတို့ကို ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ မင်း ညွှန်ကြားပေးဖို့ လိုသေးလို့ပေါ့” ထိုလူက ပြောသည်။   ဂျန်ဝုရှီက တိတ်ဆိတ်သွားသည်။ သို့သော် ဂျန်ဝုယောင်းက ခွန်းတုံ့ပြန်သည် “ဘာလို့ သူ ဖြစ်နေရတာလဲ”   ထိုလူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ သူကား အကြိမ်များစွာ ပြန်လည် မွေးဖွားလာသည့်တိုင် စိတ်အနှောင့်အယှက် ပေးနိုင်တုန်းပင်။ ဘာ့ကြောင့် သူက ဂျန်ဝုရှီနှင့် အတူ ရှိနေရသနည်းဆိုတာ သူ တကယ်ပင် နားမလည်တော့။   “ငါ မင်းကို မေးနေတာ မဟုတ်ဘူး၊ ဝုရှီကို ငါ မေးနေတာ” ထိုလူက ပြန်ပြော၏။   ဂျန်ဝုယောင်းက အေးစက်စက် နှာမှုတ်လိုက်သည်။   ဂျန်ဝုရှီက အတန်ငယ် မျက်မှောင်ကြုတ်သွားသည်။ သူက တခြားလူများ စီမံထားသည့် အတိုင်း လိုက်လုပ်ဖို့ စိတ်မဝင်စား။ သူ လိုချင်တာက အေးဆေးငြိမ်သက်သော နေရာကို ရှာချင်သည်။ သဘာဝရှုခင်းများ ရှိသည့် တောတောင်မှာသာ သူ၏ လက်ကျန် နေ့ရက်များကို ဂျန်ဝုယောင်းနှင့် အတူ ကုန်ဆုံးချင်သည်။   ဂျန်ဝုရှီ တွန့်ဆုတ်နေတာကို မြင်လျှင် ထိုလူက အပြုံးဖြင့် ပြောသည် “အမြန်ကြီး မငြင်းလိုက်ပါနဲ့၊ မင်း ဒီကမ္ဘာရဲ့ နတ်ဘုရား ဖြစ်လာရင်, မင်း ချစ်ခင်တဲ့ လူတွေ အကုန်လုံးကို ဖန်တီးနိုင်တယ်၊ ကွယ်လွန်သွားသူတွေကိုတောင် ပြန်ခေါ်နိုင်တယ်၊ ဒီကမ္ဘာကို မင်းနဲ့ အတူ ကာကွယ်ဖို့ ဒီကမ္ဘာရဲ့ နတ်ဘုရားတွေကိုလည်း မင်း ဖန်တီးပေးနိုင်တယ်”   ဂျန်ဝုရှီက ရောင်းရူ, ယန်ဘူဂွေ့နှင့် တခြားလူများကို စဉ်းစားမိသဖြင့် အတော်လေး ဆန္ဒဖြစ်မိလာသည်။   “ပြီးတော့, မင်းရဲ့ အရင်ဘဝတုန်းက မင်းအတွက် အသက် အသေခံသွားတဲ့ ကောင်မလေးကိုတောင် မင်း ပြန်တွေ့နိုင်တယ်ဆိုတာတော့ ငါ မပြောတော့ဘူး” ထိုလူက ဂျန်ဝုရှီအား ထပ်မံ၍ နှိုးဆော်လိုက်သည်။   ဂျန်ဝုရှီကား အံ့အားသင့်မှင်တက်သွားသည် “ရှောင်ရှောင်လား”   ထိုလူက ပြုံး၍ ခေါင်းညိတ်ပြသည် “အင်း, သူက အခု ငါတို့ကမ္ဘာမှာ အဓိကကျတဲ့ နတ်ဘုရား ဖြစ်နေပြီ၊ မင်းသာ နတ်ဘုရား ဖြစ်လာရင်, မင်းတို့ အချင်းချင်း ပြန်တွေ့ရဖို့ သေချာတယ်”   ဂျန်ဝုရှီက သက်ပြင်းနက်နက် ရှိုက်၍ ပြောသည် “ကောင်းပြီ, ငါ သဘောတူတယ်”   ထိုလူကား အားရဝမ်းသာဟန်ဖြင့် ပြုံးသည်။ ဂျန်ဝုယောင်း၏ အထင်အမြင်သေးသော အကြည့်ကို သူ လုံးလုံး လျစ်လျူရှူထား၏။   “ဒါဆို ဒီကမ္ဘာကို မင်းလက်ထဲ ထည့်ထားခဲ့မယ်၊ ဒီကမ္ဘာကို ဟန်ချက်ညီအောင် ငြိမ်းချမ်းအောင် မင်း လုပ်နိုင်မယ်လို့ ငါ မျှော်လင့်ချက် အပြည့်ရှိတယ်” ထိုလူက သူ့လက်ကို မြှောက်လိုက်လျှင် သူ့လက်ချောင်း ထိပ်ဖျားမှ ရွှေရောင်အလင်းလုံး နှစ်ခု ထွက်လာပြီး ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း၏ နဖူးကြားသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
76
19
၃၁၀၈။ အဆုံးသတ် (၇)   “ဘာကိစ္စလဲ” ဂျန်ဝုရှီက သံသယဖြင့် ‌မေးသည်။   ထိုလူက ပြန်ပြော၏ “ဒါက ဒီလိုပါ၊ ငါက နတ်ဘုရားကမ္ဘာကနေ လာခဲ့တာပါ၊ အဲဒီ နေရာက ကမ္ဘာအသီးသီးက ပါရမီရှင် နတ်ဘုရားတွေရဲ့ နောက်ဆုံး ခရီးပန်းတိုင်ပေါ့၊ မင်း နှိမ်နင်းခဲ့တဲ့ လူစုတ်က ငါတို့ရဲ့ နတ်ဘုရားကမ္ဘာထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာ၊ သူက ငါတို့ ဖြေရှင်းသင့်တဲ့ ပြဿနာပေါ့၊ ဒါပေမဲ့ ငါတို့ ကမ္ဘာရဲ့ စည်းမျဉ်းက, ငါတို့ နတ်ဘုရားကမ္ဘာထဲ ဝင်ရောက်ပြီးတာနဲ့ မူလကမ္ဘာအရေးကိစ္စပဲ ဖြစ်ဖြစ်, တခြားကမ္ဘာရဲ့ အ‌ရေးကိစ္စပဲ ဖြစ်ဖြစ်, ဝင်ရောက် မစွက်ဖက်ဖို့ ငါတို့ကို တားမြစ်ထားတယ်”   “ဒါပေမဲ့ သူ့ကို ဒီအတိုင်း ဆက်လွှတ်ထားရင် ရလဒ်က ပြန်ပြင်မရတဲ့ ပျက်စီးခြင်း ဆိုက်သွားမှာ၊ ဒါ့ကြောင့် ငါတို့က ရွေးချယ်စရာ မရှိလို့ သူ့ကို ကိုင်တွယ်ဖြေရှင်းပေးဖို့ မင်းကို တောင်းဆိုခဲ့ကြတာ၊ မင်း ဒုက္ခအများကြီး ခံလိုက်ရလို့ ငါတို့ တောင်းပန်ပါတယ်” ထိုလူက အနေခက်ဟန်ဖြင့် ဆက်ပြောသည်။   နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ရေးမှာ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းကို အခြေခံ၍ နတ်ဘုရားများကို ရွေးချယ်သည်။ သူတို့က တင်းကျပ်သော အခြေအနေနှင့် တွေ့ကြုံခဲ့ပါမှ သူတို့ကို ဝင်ရောက်ခွင့် ပြုသည်။   ဖျက်ဆီးခြင်း နတ်ဘုရားက ဝင်ရောက်နိုင်မည့် လမ်းကြောင်းများနှင့် နည်းလမ်းများကို ရှာဖွေခဲ့သည်။ သို့သော် သူ၏ ပြုမူဆောင်ရွက်ချက်က နတ်ဘုရားကမ္ဘာ၏ စည်းမျဉ်းများကို ချိုးဖောက်မိမှန်း သူ သဘောမပေါက်ခဲ့။ သို့ဖြင့် သူက သုံးလောကကို ညီမျှခြင်း ပျက်ပြားစေခဲ့သည်။   နတ်ဘုရားကမ္ဘာမှ နတ်ဘုရားများက ဖျက်ဆီးခြင်း နတ်ဘုရားကို မည်သို့ ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးခဲ့ကြသည်။ သူတို့ ဆုံးဖြတ်ကြတာက, ယခင် နတ်ဘုရားသံတမန်၏ ဝိညာဉ်ကို သုံးလောကထဲ စေလွှတ်၍ ထိုမိစ္ဆာကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ အရွေးချယ်ခံက ဂျန်ဝုရှီပင်။   ဂျန်ဝုရှီက နတ်ဘုရားများအား လမ်းညွှန်ပြသလေ့ ရှိခဲ့သည်။ သူမ လမ်းညွှန်ပြသခဲ့သူများတွင် ထိုလူချောနှင့် ဂျန်ဝုယောင်းက အရင်ဆုံး ပေါ်လာခဲ့သည်။ ဂျန်ဝုရှီက ထိုနှစ်ယောက်ကို နတ်ဘုရားဖြစ်အောင် လမ်းညွှန်နိုင်ခဲ့သဖြင့် သူ အရည်အချင်း ပြည့်မီတာ သက်သေပင်။ သူ့ဝိညာဉ်မှာ နတ်ဘုရားစွမ်းအား တည်ရှိသည်။ သို့သော် သူ ပြန်လည်မွေးဖွားလာရမှာ ဖြစ်သဖြင့် နတ်ဘုရားကမ္ဘာ၏ စည်းမျဉ်းနှင့် ချည်နှောင်ထားခြင်း မရှိတော့။   “မင်း ပြောတာ, ငါ ဒီကမ္ဘာကို လာဖို့ စီမံပေးတာ မင်းတို့လို့ ပြောချင်တာလား၊ ဒါဆို ဝုယောင်း...” ဂျန်ဝုရှီ၏ စိတ်က အမြန် လည်ပတ်သွားသည်။ သူ့ကို တခြားလူများက စေလွှတ်ခဲ့သည် ဆိုပါက, ဂျန်ဝုယောင်းကိုလည်း စေလွှတ်ခဲ့သလော။   “အာ, သူလား, သူက စကားနားမထောင်တဲ့ လူ၊ ငါတို့ကမ္ဘာမှာ ဆိုးရွားတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့တာ၊ ဒါ့ကြောင့် သူ့ကို အပြစ်ပေးဖို့, ဒီကမ္ဘာကို စေလွှတ်ထားတာ၊ တချို့ မဖြစ်စလောက် ကိစ္စလေးတွေ ဖြေရှင်းဖို့နဲ့ မင်းနဲ့ အတူ ဒီကမ္ဘာကို ကယ်တင်ရင်း သူ့အပြစ်ကို ပြန်ပေးဆပ်ခိုင်းတာလောက်ပါ”   “ပြန် ပေးဆပ်ခိုင်းတာလား၊ မင်းတို့ရဲ့ ပြန်ပေးဆပ်ခိုင်းတဲ့ အစီအစဉ်မှာ သူ့ဝိညာဉ် ဖျက်ဆီးတာပါ ပါတာလား” ဂျန်ဝုရှီ ဒေါသထွက်သွား၏။   သူ ဒေါသထွက်လာတာကို ထိုလူ မြင်လျှင် ကာကွယ်ဟန်ဖြင့် လက်ကာ၍ ပြောသည် “မစိုးရိမ်ပါနဲ့၊ သူ ဒါကို သည်းခံဖို့ လိုလို့ပါ၊ ဒါပေမဲ့ သူ့ရဲ့ အတိတ်က မကောင်းတဲ့ လုပ်ရပ်တွေ အတွက် ပေးဆပ်ပြီးပါပြီ, ဒါ့ကြောင့်...”   ထိုလူက လက်ကို မြှောက်လိုက်လျှင် အနက်‌ရောင် မီးလျှံက သူ့လက်ဖဝါးမှာ ပေါ်လာသည်။   “သူ့အပြစ်တွေ ပြေသွားပြီဆိုတော့, သူ ပြန်လည် မွေးဖွားနိုင်ပြီ” သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မီးလျှံက မြေပြင်သို့ ကျဆင်းသွားသည်။ ၎င်းက မြေပြင်ကို ထိမိသည်နှင့် ပြန့်ကားလာပြီး လူတယောက်အသွင်သို့ ပြောင်းသွားသည်။   ထိုလူ၏ အဆုံးသတ် ပုံသဏ္ဌာန်ကို ရယူချိန်မှာ, ဂျန်ဝုရှီ မျက်လုံး ပြူးသွားကာ တုံ့ဆိုင်းခြင်း မရှိဘဲ ထိုလူ၏ လက်မောင်းကြားထဲ တိုးဝင်သွားလေ၏။   “ငါ ပြန်လာပြီ” အသစ်တဖန် ပြန်လည် မွေးဖွားလာသော ဂျန်ဝုယောင်းက ဂျန်ဝုရှီကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။ သူ့မျက်လုံးများ ပြောနေတာက, သူ ဘယ်တော့မှ ထွက်ခွာမသွားချင်ဟူ၍ ဖြစ်သည်။   ဂျန်ဝုရှီက ဂျန်ဝုယောင်း၏ ရင်ခွင်မှာ တိုးဝှေ့နေရင်း တိတ်တဆိတ် ခေါင်းညိတ်သည်။ သူ့နှလုံးသား၏ ထောင့်စွန်းတိုင်း ဖော်ညွှန်းမပြနိုင်သော အပျော်ဖြင့် ပြည့်နှက်သွားသည်။   “အခု အရာရာတိုင်း နောက်တကြိမ် အဆင်ပြေသွားပြီ မဟုတ်ဘူးလား” ထိုလူက အပြုံးကြီးကြီးဖြင့် ပြောသည်။   ဂျန်ဝုယောင်းက ထိုလူကို ကြည့်သည်။ သူ့မျက်လုံးများက အထင်သေးဟန်ဖြင့် ပြည့်နှက်နေ၏။   ထိုလူကား ပခုံးသာ တွန့်ပြလိုက်သည်။
62
20
၃၁၀၇။ အဆုံးသတ် (၆)   နိုင်ပွဲက ပျော်ရွှင်မှုကို ယူဆောင်လာမပေး။ နေရာတိုင်း ပျံ့နှံ့သော ဝမ်းနည်းခြင်းကိုသာ ယူဆောင်လာပေးသည်။   သွေးမြူက သုံးလောကမှ တဖြည်းဖြည်း ယုတ်လျော့လိုက်လာသည်။ ကုန်းမြေတခွင်သို့ နံနက်ခင်း လတ်ဆတ်သော နေအလင်းက ကျဆင်းလာသည်။   သို့သော် နေရောင်က ဂျန်ဝုရှီ၏ နှလုံးသားသို့ မည်သည့် နွေးထွေးမှုကိုမျှ ယူဆောင်မလာ။   လူတိုင်း ဝမ်းနည်းခြင်းမှာ နစ်မြုပ်နေစဉ်, တောက်ပသော အလင်းတန်းတခုက ကောင်းကင်ယံကို ဖြတ်သန်း၍ ရောက်ရှိလာသည်။ ၎င်းက ရွှေရောင် အော်ရာဖြင့် လွှမ်းခြုံထားသော လူတယောက် ဖြစ်သည်။   သူတို့ ထိုလူကို မြင်လျှင်, လူတိုင်း မိန်းမောတွေဝေခြင်းမှ နိုးထလာကြသည်။   ဖျက်ဆီးခြင်း နတ်ဘုရားက မသေနိုင်သေးတာလော။   အလင်းလုံးထဲမှ ထိုလူ လျှောက်လှမ်း ထွက်လာချိန် လူတိုင်း မှင်တက်သွားကြသည်။   အလင်းထဲမှ ပေါ်လာသူက အင်မတန် ချောမောသော ရွှေမျက်လုံးရှင် ယောက်ျားတယောက် ဖြစ်သည်။ သူက ပြုံးနေ၏။ နွေးထွေးပြီး နှစ်လို့ဖွယ် ရှိသည်။   “လမ်းကြောင်း ပွင့်သွားပြီလို့ ငါ ထင်တယ်” ထိုလူက သူ့ပတ်လည်မှ အရှုပ်အထွေးကို ကြည့်၍ အလိုလို သက်ပြင်းချသည်။   “ဒီက ဖျက်ဆီးခြင်း စွမ်းအားက ဟိုကောင်စုတ်, စေတန်ရဲ့ စွမ်းအားနဲ့ နှိုင်းယှဉ်လို့ ရနေပါလား”   “မင်း ဘယ်သူလဲ” ဂျန်ဂုက သူ့ဇနီးနှင့် သမီးရှေ့မှာ ကာကွယ်ကာ ရပ်တည်ရင်း ထိုလူစိမ်းကို မေးသည်။   ထိုလူက ဂျန်ဂု စိုးရိမ်ကြောင့်ကြတာကို ခံစားမိသဖြင့် လက်ဝှေ့ယမ်း၍ ရယ်သည် “စိုးရိမ်မနေပါနဲ့၊ ငါက လူဆိုး မဟုတ်ပါဘူး၊ ငါ သူ့ကို တွေ့မလို့ ဒီ လာတာ” ထိုလူက ဟန်ကျီဖေး၏ ရင်ခွင်ထဲမှာ ရှိနေဆဲ ဖြစ်သည့် ဂျန်ဝုရှီကို ညွှန်ပြသည်။   ဂျန်ဂု အတန်ငယ် မျက်မှောင်ကြုတ်သွားကာ ဟန်ကျီဖေးနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။   ဟန်ကျီဖေးက ရှေ့သို့ ခြေတလှမ်း တက်လာသည် “မင်းက တကယ် ဘယ်သူလဲ”   ထိုလူက ရယ်သည် “ငါက နတ်ဘုရားတပါး၊ ဒါပေမဲ့ ဒီကမ္ဘာကတော့ မဟုတ်ဘူး၊ ငါက ဒီကမ္ဘာတွေကို ဖြတ်သွားတာ၊ ငါက နတ်ဘုရားကမ္ဘာက လူပါ၊ တယောက်ယောက် တောင်းဆိုလိုက်လို့ ငါ ဒီရောက်လာတာ၊ ဒါပေမဲ့ မမလေး ဝုရှီရဲ ကံကြွေးကို ကူညီ ဖြည့်ဆည်းပေးမလို့လည်း ရောက်လာတာပါ”   “မင်း ဘာပြောချင်တာလဲ” ဟန်ကျီဖေးက သူ့ရှေ့မှ လူကို သတိထားကာ စိုက်ကြည့်သည်။ သူက ရန်လိုစိတ်ကို နည်းနည်းလေးပင် ထုတ်လွှတ် မထားသောကြောင့်သာ, သို့မဟုတ်ပါက ပြဿနာ လာရှာသူဟူ၍ သူ သံသယဝင်မိလိမ့်မည်။   “ငါ ထင်တာ... ဒါ ဝုရှီကိုယ်တိုင် ငါနဲ့ ပြောတာ ပို သင့်တော်မလားလို့” ထိုလူက အခက်တွေ့ဟန်ဖြင့် ပြောသည်။   ဟန်ကျီဖေးက ခဏလောက် တုံ့ဆိုင်းပြီးနောက် ဂျန်ဂုနှင့် အမြင်ချင်း ဖလှယ်ကာ ဂျန်ဝုရှီကို ပွေ့ဖက်ထားရာမှ လွှတ်ပေးသည်။   ဂျန်ဝုရှီ၏ မျက်လုံးများကား ငိုကြွေးထားသဖြင့် နီရဲနေသည်။ သို့သော် ထိုလူကို မြင်လျှင် သူ မှင်တက်သွားလေ၏။   “မတွေ့ရတာ အတော်ကြာပြီ” ထိုလူက ဂျန်ဝုရှီကို လွမ်းလွမ်းဆွေးဆွေးဖြင့် ကြည့်သည်။   “မင်းကိုး” ဂျန်ဝုရှီ အံ့အားသင့်သွား၏။   “ဝုရှီလေး, သူ့ကို သိတာလား” ဟန်ကျီဖေးက သိလိုစွာ မေးသည်။   ဂျန်ဝုရှီ ပြန်ပြောသည် “သိတယ်လို့တော့ မပြောနိုင်ဘူး၊ ဒါပေမဲ့ ပုံရိပ်ယောင်ထဲမှာ သူ့ကို တွေ့ဖူးတယ်”   ဝိညာဉ်သစ်ပင် ဖန်တီးပေးသော ပတ်ဝန်းကျင်မှာ ဂျန်ဝုယောင်းအပြင်, နောက်ထပ် ကလေးတယောက်လည်း ရှိသည်။ ထိုကလေးမှာ ရွှေရောင် မျက်လုံးများ ရှိသည်။ ဂျန်ဝုယောင်းနှင့် မတူညီစွာ သူက အမြဲတမ်း ပြုံးနေသည်။ သူ့ရှေ့မှ ထိုမျက်နှာက ပိုပြီး ရင့်ကျက်သွားသော်ငြား သူ မှတ်မိတာနှင့် တထေရာတည်းပင်။   ဟန်ကျီဖေးနှင့် ဂျန်ဂုက ဖြစ်ပျက်တာနှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိကြ။ သို့သော် ဂျန်ဝုရှီက သူ့ကို တွေ့ဖူးသည်ဟူ၍ ဆိုလျှင်, သူက ရန်သူ မဟုတ်တာ ဖြစ်နိုင်လောက်သည်။   “ငါ့ကို မှတ်မိသေးလို့ ငါ အရမ်း ပျော်တယ်” ထိုလူက ပြုံး၍ သူ၏ ခေါင်းနောက်ဘက်ကို ကုတ်သည်။ “မင်းဆီကနေ ကောင်းချီမင်္ဂလာတွေ အများကြီး ငါ ရရှိခဲ့တယ်၊ ဒါပေမဲ့ မင်းကို ကျေးဇူးတင်စကား ပြောခွင့် မကြုံခဲ့ဘူး၊ ဒါပေမဲ့ ငါတို့ ဒါတွေ ပြောဖို့ နောက် ထပ်တွေ့ကြရအုံးမှာပဲလေ၊ ဒီတော့ လာရင်းကိစ္စကိုသာ အရင် ပြောကြတာပေါ့”
66