cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

Genius Doctor

မြန်မာဘာသာပြန်

Mostrar más
Publicaciones publicitarias
318
Suscriptores
+124 horas
+37 días
+2730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

အခန်း (၂၅၅) တိမ်ထူတောင်ထွတ် - ၂ ဂျန်ဝုရှီက လူအုပ်ထဲ ညပ်နေပြီး မျက်မှောင်ကြီး ကုတ်နေသည်။ သူမက လိမ္မော်ရောင်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူမ၏ အာရုံငါးပါးခံစားနိုင်စွမ်းက မြင့်မားလာသည်။ သူမအား လှောင်ပြောင်သည့် စကားလုံးတိုင်းက သူမနားထဲ တန်းရောက်လာသည်။ သို့သော် သူမက သူတို့အားလုံးကို လျစ်လျူရှူထားသည်။ သည်က‌လေးများက သူမ၏ အာရုံစိုက်မှုကို ခံထိုက်သူများ မဟုတ်ကြပေ။ ဝင်ခွင့်လျှောက်ထားသူ အရေအတွက် များလွန်းခြင်းကြောင့် ချင်းယန်ကလန်က သူတို့ကို တစ်ဦးချင်း စီစစ်ဆေးဖို့ မဖြစ်နိုင်ပေ။ သို့မဟုတ်လျှင် ရက်ပတ်ပေါင်းများစွာ ကြာသွားမည် ဖြစ်သည်။ ထို့ကြောင့် သူတို့က ပထမအချီမှာ ရိုးရှင်းသည့် စစ်ဆေးမှုကိုသာ ပြင်ဆင်ထားကြသည်။ ဒါက အခြေခံအကျဆုံး စစ်ဆေးမှုဖြစ်သည့် ဆေးပင်များကို ခွဲထုတ်ပေးရခြင်း ဖြစ်သည်။ တောက်တက်လမ်းတစ်ဝက်တွင် လမ်းတစ်ဖက်တစ်ချက်မှာ စားပွဲများကို ရာချီ၍ တန်းစီထားပြီး ၎င်းစားပွဲများပေါ်တွင် ဆေးပင်အမျိုးမျိုးကို စုပုံတင်ထားသည်။ ဝင်ခွင့်လျှောက်ထားသူ တစ်ယောက်စီက ချင်းယန်ကလန်က မေးထားသည့် ဆေးပင်များကို ငါးမိနစ်အတွင်း ရွေးထုတ်ပေးရမှာ ဖြစ်သည်။ ဆေးပင်များကို တိကျစွာရွေးထုတ်ဖို့ မခက်သော်လည်း အမျိုးအစားပေါင်း ရာချီ‌ရောနေသည့် အထဲမှ ရွေးထုတ်တာက ခက်ခဲသည့် အနေအထား ဖြစ်သွားလေပြီ။ စားပွဲများပေါ်တွင် စုပုံတင်ထားသည့် ဆေးပင်များက လတ်တ‌လော ခူးထားနှုတ်ထားမှန်း သိသာသည်။ တချို့ဆေးပင်အမြစ်များတွင် မြေကြီးများ တွဲလောင်းခိုနေတုန်းပင်။ ဆေးပင်များကို ဖြစ်ကတတ်ဆန်း ခူးနှုတ်ထားလို့ အပြည့်အစုံမပါရှိဘဲ အစိတ်အပိုင်းများစွာ ဖြစ်နေကြသည်။ သူတို့ဖြေဆိုရမည့် မေးခွန်းများကို လက်ခံရရှိထားကြစဉ် ယုံကြည်ချက် အပြည့်ရှိနေခဲ့ကြသည့် စာမေးပွဲဖြေဆိုသူများသည် ပေါင်းပင်များအပြည့်ဖြစ်နေသည့် စားပွဲများကို မြင်ရချိန်မှာတော့ ဖြူရော်သွားကြသည်။ ဆေးပင်များကို အမျိုးအစား ခွဲခြားဖို့ အဓိကဦးစားပေးအနေဖြင့် ၎င်းဆေးပင်များ၏ ပုံပန်းသွင်ပြင်ကို မှတ်မိရမည် ဖြစ်သည်။ သို့သော် ကျိုးပဲ့ပျက်စီးနေသည့် အပုံထဲမှ ရွေးထုတ်ဖို့ သူတို့ မည်သို့ ယုံကြည်မျှော်လင့် နိုင်ကြမည်နည်း။ လွယ်ကူပုံရသော ပထမဆုံး စမ်းသပ်စစ်ဆေးမှုက ဖြေဆိုသူများကို အခက်တွေ့စေပြီး အမြောက်အမြား ထွက်ခွာသွားစေသည်။ ငယ်ရွယ်သည့် ဆယ်ကျော်သက်များအနေဖြင့်, ဆေးပညာဖြင့် အသက်မွေးသည့် လောကမှ လာရောက်သူများပင် ဖြစ်ပါစေ, နုနယ်စဉ်ကပင် ဆေးပင်အမျိုးမျိုးနှင့် ထိတွေ့စေသော်လည်း ဆေးပင်မျိုးစုံကို မှတ်သားနိုင်ဖို့က ဖြစ်နိုင်ဖွယ်ရာမရှိချေ။ အပိုင်းပိုင်းအစစ ဖြစ်နေသည့် ဆေးပင်များ မြက်များ အခြားအပင်များဖြင့် ရောနှောနေသည့် နေရာမှ ရွေးထုတ်ဖို့ဆိုတာ ပြောနေစရာပင် မလိုတော့ချေ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေသူများက သူတို့ရှေ့မှ ရှုပ်ထွေးနေသော အပုံကိုကြည့်၍ တုန်လှုပ်သွားကြပြီး ခေါင်းစိုက်၍ မှန်ကန်သည့် ဆေးပင်များကို အချိန်မီရှာဖွေ‌နေကြစဉ် အချိန် ပြည့်သွားလေ၏။ ထိုစဉ်အတွင်း ဂျန်ဝုရှီက အလျင်မလိုဘဲ စားပွဲရှေ့သို့ သွားရပ်သည်။ တောင်တစ်ဝက်လောက် ရောက်လျှင် ချင်းယန်ကလန်တပည့်များက သူမရှာဖွေဖို့ ဆေးပင်နာမည်ကဒ်ပြားကို လှမ်းပေးသည်။ ခွဲခြားဖော်ထုတ်ခြင်း။ ပုံမှန် တွေ့နေကျ ဆေးပင်များက ပေါင်းပင်များနှင့် မနီးယိုးစွဲ တူညီနေတတ်ကြသည်။ လူငယ်အချို့က ဂျန်ဝုရှီနှင့် အတူတူလောက် ရောက်လာကြပြီး တူညီသည့် တာဝန်ကို လက်ခံရရှိကြသည်။ သူတို့ ရှာဖွေရမည့် ဆေးပင်နာမည်များကို တွေ့ရလျှင် သူတို့မျက်နှာများ အပျော်ဖြင့် ဝင်းပသွားပြီး ချက်ချင်းပင် ကူကယ်ရာမဲ့သည့် အမူအရာ ဖြစ်ကုန်ကြသည်။ "ဒါကို ဘယ်သူမဆို ရှာနိုင်မယ်လို့ ဘယ်လိုလုပ် သူတို့ မျှော်လင့်နေကြတာလဲ" ရှိုက်ငိုနေသည့် လူငယ်က အမည်ကဒ်ပြားကို တင်းတင်းဆုပ်ကိုင်လိုက်လျှင် ကဒ်ပြားက တွန့်ကြေသွားရသည်။ တချို့က စားပွဲအသီးသီးကို အပြေးအလွှား သွားကြသော်လည်း ဂျန်ဝုရှီက လွန်လာခဲ့သည့် စားပွဲတစ်လုံးဆီ လျှောက်သွား၍ သွယ်လျသော လက်ချောင်းများဖြင့် တွန့်ဆုတ်ခြင်း အလျင်းမရှိဘဲ ဆေးပင်များကို ရွေးချယ်ယူလိုက်သည်။ သူမနောက်မှ လူငယ်အချို့က ဂျန်ဝုရှီ သွက်သွက်လက်လက် ရွေးချယ်‌နေတာကို သတိပြုမိပြီး သူမ အဝေးသို့ ဆက်လက် ထွက်ခွာသွားတာကို အံ့အားတသင့် ကြည့်နေမိကြသည်။ ဂျန်ဝုရှီ ခြေလှမ်း အနည်းငယ်လှမ်းပြီးလျှင် လူငယ်နှစ်ယောက်က သူမရှေ့တွင် ပိတ်ရပ်တာ ခံလိုက်ရသည်။ သူမ ခေါင်းမော့ကြည့်လျှင် တောင်ခြေတွင် သူမအား ခေါင်းစခြေဆုံး ဝေဖန်ခဲ့သူများ ဖြစ်နေတာကို မှတ်မိသွားသည်။ သူတို့က အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားကြသည်။ "ဖယ်စမ်း" ဂျန်ဝုရှီက အေးစက်စက် ပြောသည်။ သူတို့က ဂျန်ဝုရှီအား လမ်းဖယ်ပေးရန် စိတ်ကူးမရှိသည့်အပြင် သူမလက်ထဲ ကိုင်ထားသည့် ဆေးပင်များကိုပင် စူးစိုက်ကြည့်နေကြသည်။ သည်ဆေးပင်များက အပိုင်းအစ အနည်းမျှသာ ဖြစ်သည်။ သို့သော် ၎င်းအပိုင်းအစလေးက သူတို့အား ထူးချွန်စွာ အောင်မြင်ဖို့ ကျိန်းသေသွားစေမည် ဖြစ်သည်။
Mostrar todo...
သည်ကောင်လေးက ဘယ်လိုများ သည်လို လုပ်နိုင်ရတာလဲ။ သူတို့က တစ်ချိန်တည်း အမည်ကဒ်ပြားများကို လက်ခံရရှိခဲ့သည်။ သူတို့ထဲမှ မည်သူမျှ ပြီးစီးအောင် မဆောင်ရွက်နိုင်ခင်မှာပင် သည်ကောင်လေးက တုံ့ဆိုင်းမှုမရှိ တွေးတောနေခြင်းပင် မရှိဘဲ ရွေးချယ်သွားခဲ့သည်။
Mostrar todo...
အခန်း (၂၅၄) တိမ်ထူ တောင်ထွတ်များ - ၁ လတိုင်း၏ ၁၅ရက်မြောက်နေ့တွင် ချင်းယန်ကလန်၏ တိမ်ထူတောင်ထွတ်များက အလွန် အလုပ်များနေပြီး အလွန်ပင် သက်ဝင်လှုပ်ရှားနေကြသည်။ အုတ်အုတ်ကျက်ကျက်ဖြင့် ပျာယာခတ်နေကြသည်။ တိမ်ထူတောင်ထွတ်များသည် တိုင်းပြည်များ၏ နယ်ခြားတွင် တည်ရှိနေကြသော်လည်း မည်သည့် တိုင်းပြည်ကမျှ မပိုင်ဆိုင်ကြချေ။ သီးခြားလွတ်ကင်းသည့် နယ်မြေဖြစ်သည်။ တိမ်ထူတောင်ထွတ်များက သွားလာရ ခက်ခဲကြပြီး တောင်ထွတ် ၁၂ခုရှိသော်လည်း တောင်တက်လမ်းတစ်ခုတည်းသာ ရှိသည်။ တိမ်ထူတောင်ထွတ်များက ခမ်းနားထည်ဝါသောကြောင့် အားကျရှုစားစရာ ဖြစ်နေသည်မဟုတ်ဘဲ ချင်းယန်ကလန်က တောင်ထွတ် ၁၂ခုစလုံးကို ပိုင်ဆိုင်ထားသောကြောင့် အားကျရှုစားစရာ ဖြစ်နေခြင်း ဖြစ်သည်။ သူတို့၏ ဆေးပညာစွမ်းရည်က ဂုဏ်သတင်းကြီးမား၍ ကုန်းမြေတစ်ခုလုံးကို ဖြတ်ကျော်ကာ အင်အားကြီး ကလန်တစ်ခု ဖြစ်လာပြီး ဆေးပညာမှာ အရည်အချင်းမြင့်မားသည့် တပည့်များကို စုဆောင်းရန် တောင်တံခါးကို စမ်းသပ်ချိန်မှာ ဖွင့်ပေးလေ့ရှိသည်။ စမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်နိုင်သူများက ချင်းယန်ကလန်၏ တပည့်အနေဖြင့် ဝင်ခွင့်ရကြသည်။ ချင်းယန်ကလန်က ကျယ်ပြန့်သော ကုန်းမြေပြင်မှာ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ ထို့ပြင် အထူးကျွမ်းကျင်သော အကြီးအကဲများက တောင်ထွတ်တိုင်းမှာ ကြီးကြပ်ကွပ်ကဲနေကြသည်။ ချင်းယန်ကလန်တွင် ရေတွက်မရနိုင်သော အထွတ်အထိပ်ဆေးပညာ လက်ရေးမူများ, မှတ်တမ်းများ တည်ရှိနေကြသည်။ ဆေးပညာလိုက်စားသူများအတွက် အထွတ်အမြတ်နေရာတစ်ခု ဖြစ်သည်။ ချင်းယန်ကလန်သို့ ဝင်ခွင့်ရသူ မည်သူမဆို, အဆင့်အတန်းက လျင်မြန်စွာ တိုးတက်သွားသည်။ အတွင်းသား တပည့်ဖြစ်လာလျှင်, သူတို့၏ အဆင့်အတန်းက ကောင်းကင်သို့တိုင် ချက်ချင်း ခုန်တက်သွားကြသည်။ မည်သည့်အမှတ်အသားမျှ မပါသည့် မြင်းဆွဲရထားလုံးက တောင်ခြေတွင် ရပ်တန့်သွားပြီး ကျောင်းသားပုံစံ လူငယ်တစ်ယောက် ဆင်းလာသည်။ သူက သိမ်မွေ့နူးညံ့ဟန်ရပြီး ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။ ရထားမောင်းသူနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လူငယ်လေးက တိမ်ထူတောင်ထွတ်များဆီသို့ လှမ်းထွက်လာသည်။ တိမ်ထူတောင်ထွတ်များသို့ ဦးတည်နေသည့် လမ်းမကြီးက လူများဖြင့် ပြည့်ကျပ်နေသည်။ အသက် ၁၄နှစ်နှင့် အသက် ၁၈နှစ်ကြား လူငယ်များ ဖြစ်ကြသည်။ ချင်းယန်ကလန်၏ တပည့်သစ်လက်ခံခြင်းက တင်းကျပ်ပြီး မြန်ဆန်သည်။ သူတို့က ၁၄နှင့် ၁၈နှစ်ကြားသာ လက်ခံကြသည်။ ထို့ထက်ကြီးသူ, ငယ်သူ မည်သူ့ကိုမဆို မည်မျှပင် အံ့မခန်း ကြီးကျယ်သူ ဖြစ်ပါစေ, လုံးဝ လက်မခံပေ။ သည်စည်းမျဉ်းစည်းကမ်းများက တခြားသူများအတွက် များလွန်းနေသော်လည်း ဂျန်ဝုရှီအတွက် ထူးခြားချက်မရှိပေ။ ၁၄နှစ်မှ ၁၈နှစ်အတွင်းက ဝိညာဉ်စာချုပ်နိုးထလာပြီး အသိဉာဏ်ပွင့်လင်းလာကာ ရင့်ကျက်လာကြသည်။ ထို့ပြင် သူတို့ကို အကောင်းဆုံး ဦးနှောက်ဆေးပေးလို့ ရပြီး ချင်းယန်ကလန်၏ ဒဿနိကများကို သွပ်သွင်းပေးလို့ အကောင်းဆုံး အသက်အရွယ်ဖြစ်နေသည်။ ပျားပန်းခတ်နေသည့် လူအုပ်ကြားထဲတွင် လူငယ်များစွာက ယုံကြည်ချက်အပြည့်ဖြင့် သူတို့၏ မိသားစုဝင်များကို စိတ်ချလက်ချနေရန် ပြောနေကြပြီး ရှေ့ဆက် လှမ်းတက်သွားကြသည်။ သူတို့က ရဲရင့်ခြင်း အပြည့်ဖြင့် ချီတက်သွားကြသည်။ စာရင်းသွင်းကြမည့် လူငယ်များသာ ရှေ့ဆက်သွားနိုင်ကြသည်။ သူတို့မိသားစုဝင်များက တောင်ခြေတွင် သတင်းစောင့်နေကြရသည်။ တစ်ယောက်ယောက်က စည်းကမ်း ချိုးဖောက်လျှင်, သူတို့ကို ချက်ချင်းပင် တောင်ခြေတွင် စောင့်ကြပ်နေကြသည့် ချင်းယန်ကလန်တပည့်များက ဆွဲထုတ်ပစ်ကြသည်။ လူငယ်များစွာက သူတို့ဆံပင်များကို ဆွဲဆုပ်နေကြပြီး တချို့က ဆေးစာအုပ်များကြား ခေါင်းငုံ့ကာ နောက်ဆုံးမိနစ်အထိ အသည်းအသန် စာအုပ်ထဲပါ စကားလုံးတိုင်းကို ခေါင်းထဲ ရိုက်ထည့်နေကြသည်။ ဂျန်ဝုရှီက ထူးမခြားနားဟန်ဖြင့် သူမ ပတ်လည်ရှိ ရယ်စရာမြင်ကွင်းကို စူးစမ်းလေ့လာကြည့်နေသည်။ ဘာ့ကြောင့် သာမန်လောက်သာ ဆေးပညာတတ်ကျွမ်းသည့် ကလန်သို့ ဝင်ခွင့်ရရန် လူများက အသည်းအသန် ဖြစ်နေကြသလဲ သူမ မစဉ်းစားတတ်တော့ပေ။ ဂျန်ဝုရှီက တုန်လှုပ်ခြင်း လုံးဝမရှိဘဲ တည်ငြိမ်နေသည်။ သူ့အသွင်အပြင်က တခြား ကြောက်ရွံ့နေပြီး မျှော်လင့်တကြီး ဖြစ်နေကြသူများကို ဆွဲဆောင်သွားသည်။ သူတို့က သူတို့နှင့် ကွဲပြားစွာ ရပ်နေသည့် သေးသွယ်သည့် လူငယ်ကို မျက်စိကစားလိုက်ကြသည်။ သူမ၏ အဝတ်အစားများက လုံးဝ သာမန်ဆန်နေသည်။ သူမအသက်အရွယ်က ငယ်နေသည်။ သူတို့အားလုံးက ပျက်ရယ်ပြုလိုသဖြင့် တဟီးဟီးတဟားဟား ရယ်လိုက်ကြသည်။ “မင်းလို ကလေးငယ်လေးက ချင်းယန်ကလန်ကို ဝင်ချင်သတဲ့လား” “မဟုတ်ဘူး, သူက ကမ္ဘာကြီးကို ကြည့်ဖို့ ဒီကို လာတာ၊ ကြည့်စမ်းပါအုံး, သူ့လက်ထဲမှာ ဘာမှကို မပါတာ”
Mostrar todo...
“အဲဒါ အမှန်ပဲ၊ မင်းကို ချင်းယန်ကလန်က ငြင်းဆိုလိုက်တဲ့နောက်, အကြီးကျယ်ဆုံး ကလန်ဆိုတာကို မင်း မျက်လုံးတွေ ပွင့်သွားတာပေါ့၊ အင်း... ငါ ပြောနိုင်တာက, ချင်းယန်ကလန်ရဲ့ တပည့်သစ်တွေကို စုဆောင်းတဲ့ သတ်မှတ်အဆင့်က အရမ်းနိမ့်လွန်းနေတာပဲ၊ သင်းကွဲကြောင်နဲ့ ယုန်လိုက်ခွေးတောင် ပျော်ပျော်ကြီး ဝင်နိုင်သေးတာပဲလေ” ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသည့် ဆေးပညာနယ်ပယ်မိသားစုမှ ဆင်းသက်လာကြသည့် လူငယ်များက သူတို့ စာအုပ်များကို ချထားပြီး ဂျန်ဝုရှီကို လက်ညှိုးထိုး၍ လှောင်ပြောင်နေကြသည်။ သူမက သိသာမြင်သာ ဖြစ်နေသည်မဟုတ်‌လော။ သူတို့ လှောင်ပြောင်နေသည့် လူငယ်က, သူတို့ အမြတ်တနိုး ကိုးကွယ်ယုံကြည်နေသော, ကုန်းမြေတစ်ခွင်တွင် အင်အားအကြီးဆုံး ကလန်ကို မကြာခင် ပျောက်ကွယ်သွားအောင် လုပ်မည့်သူဆိုတာကို သူတို့ နည်းနည်းလေးပင် မသိကြချေ။
Mostrar todo...
အခန်း (၂၅၃) ခရီးထွက်ခြင်း သူမ၏ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ တခြားနည်းလမ်းမရှိတော့သည်မို့ ဂျန်ဝုရှီက တခြားအပင်များအပေါ် အာရုံပြောင်းလိုက်သည်။ သူမ၏ ဝိညာဉ်စွမ်းအားက ဆီနှင်းကြာပန်းကို စိုက်ပျိုးခြင်းမှ တဆင့် တိုးတက်လာခြင်း ဖြစ်သည်။ တခြားအပင်များကို စိုက်ပျိုးလျှင်လည်း နည်းတူ အကျိုးသက်ရောက်မှု ရှိနိုင်မည်လော။ သက်သေပြနိုင်ဖို့ ဂျန်ဝုရှီက အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များကို စိုက်ပျိုးပြီး လေ့လာလေ၏။ ဆယ်ရက်မျှလောက် အပင်ပေါင်းစုံကို စိုက်ပျိုးပြီးနောက် တချို့ရှားပါးမျိုးစိတ်များကသာ သူမအား ဝိညာဉ်စွမ်းအား အနည်းငယ် ပေးစွမ်းနိုင်တာကို တွေ့ရှိရသည်။ ဆီးနှင်းကြာပန်းနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။ သို့သော် မပြောပလောက်သော စွမ်းအားက ဘာမျှ မရှိတာထက် စာလျှင် ကောင်းနေ၏။ နောက်လ ဆယ့်ငါးရက်မြောက်နေ့ ရောက်ရန် ၁၇ရက်မျှသာ ကျန်တော့သည့် နေ့တွင် ဂျန်ဝုရှီက ဂျန်ရှင်းယန်နှင့် ဂျန်ချင်းကို နှုတ်ဆက်၍ မြင်းဆွဲရထားလုံးပေါ်သို့ တက်ကာ ချင်းယန်ကလန်တောင်ထွတ်များဆီသို့ ဦးတည်လိုက်သည်။ သူမ ထွက်ခွာတာကို ကြည့်ဖို့ သက်သာနေပြီ ဖြစ်သည့် မိုချင်းယွမ်က မြို့တော် ဂိတ်တံခါးသို့ လာရောက်ကာ ဂျန်မိသားစုများ နည်းတူ ဝမ်းနည်းကြေကွဲစွာ ဂျန်ဝုရှီကို မြို့အထွက်လမ်းအထိ လိုက်လံ ပို့ဆောင်သည်။ ခွဲခွာရပြီးနောက် သူမကို ဘယ်တော့ ပြန်တွေ့ရမလဲ သူ မသိပေ။ မိုချင်းယွမ်က တဖြည်းဖြည်း တလှုပ်လှုပ်ဖြင့် ထွက်ခွာသွားသော မြင်းဆွဲ ရထားလုံးကို သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ အထီးကျန်စွာ ကြည့်နေခဲ့သည်။ ရထားလုံးထဲတွင် နူးညံ့သိမ်မွေ့ပြီး လှပသည့် မိန်းမငယ်လေးတစ်ယောက်သာ ထိုင်နေသည်။ သူမလက်မောင်းကြားမှာ ကျိုးနွံသိမ်မွေ့သည့် ကြောင်နက်လေး ရှိသည်။ သူမ လင်းအိမ်တော်မှ မထွက်ခွာလာခင်, ဂျန်ဝုရှီက ရုပ်သွင်ကို ပြောင်းလိုက်သည်။ သူမ တစ္ဆေမြို့တော်ကို သွားတုန်းက လူငယ်ပုံဟန်ကို ယူထားသည်။ သူမက ကြောင်နက်လေးနှင့် ကြာပန်းလေးကို ခေါ်လာခဲ့သည်။ ခရီးဆောင်အိတ်နှင့် ကျောက်စိမ်းဝတ်ရည်ကရားအနည်းငယ်ကိုလည်း ယူလာခဲ့သည်။ သည်ခရီးစဉ် အတွင်းမှာ သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်အောင် လုပ်ရအုံးမည် ဖြစ်သည်။ သူမ ထွက်ခွာမလာခင်, ဂျန်ဝုယောင်းကို နှုတ်ဆက်ချင်သော်လည်း သူ့ကို အရိပ်အယောင်ပင် ရှာမတွေ့ခဲ့။ သို့အတွက် သူမက သူ့အား နှုတ်မဆက်ခဲ့ရချေ။ (သခင်မလေး, နင်က ရယ်စရာကောင်းတဲ့ ကချောက်ချိ ကချောက်ချက် နေရာကို တကယ်ပဲ သွားမလို့လား၊ သူတို့ တပည့် တကယ် လုပ်မလို့လား။) ကြောင်နက်လေးက သက်သောင့်သက်သာ အနေအထားသို့ ပြောင်းကာ ခွေအိပ်နေပြီး သူမကို မေးသည်။ သူက ဂျန်ဝုရှီ၏ ရည်ရွယ်ချက်ကို သိသော်လည်း သူ့သခင်မလေးက သမားယောင်များကို ဆရာအဖြစ် တင်မြှောက်ဖို့က သူ့အတွက် မသက်မသာ ခံစားရစေသည်။ သည်ကမ္ဘာပေါ်တွင် ဂျန်ဝုရှီအား ဆေးပညာသင်ကြားပေးနိုင်သည့် ဆရာဆိုသူကား အခုထိ မမွေးဖွားသေးပေ။ “ချင်းယန်ကလန်” ဂျန်ဝုရှီက နှိုးဆော်စကား ပြောသည်။ ပိုင်ယွင်ရှန်းမှ သိထားရသဖြင့် ဂျန်ဝုရှီက ချင်းယန်ကလန်သို့ ခရီးအတွက် ပစ်မှတ်ထားပြီး ဖြစ်သည်။ သူမက တိမ်လှေခါးတောင်ထွတ် မုချန်ထံ ဝင်ရောက်ရန် ဆုံးဖြတ်ထားသည်။ သူမ ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်နိုင်သည်မို့ ဂျန်ဝုရှီက မိတ်ဖွဲ့မှာသာ ဖြစ်သည်။ မြင်းဆွဲ ရထားလုံးက တရွေ့ရွေ့ဖြင့် အဆက်မပြတ် သွားနေသည်။ ရထားလုံးက နေပြည်တော်မှ လှမ်းကြည့်လို့ မမြင်နိုင်တော့။ မြို့တော် ဂိတ်တံခါး အပြင်ဘက်တွင်, ဂျန်ဝုယောင်းက မည်းနက်နေသော မျက်လုံးများဖြင့် ပျောက်ကွယ်သွားပြီဖြစ်သည့် ရထားလုံးကို အတွေးနယ်ချဲ့လျက် စူးစူးစိုက်စိုက် ကြည့်နေသည်။ အရိပ်တစ်ခုက လူသားအသွင် ဖြစ်လာပြီး ဂျန်ဝုယောင်း၏ ခြေထောက်အနီးတွင် ဒူးထောက်နေသည်။ သူ့မျက်လုံးများက အံ့ဩဟန် ရနေသည်။ သူ့သခင်ကြီးက ယနေ့ ဂျန်ဝုရှီ ခရီးထွက်မည်ကို သိနေပြီး ဖြစ်သည်။ သို့သော် သူက ပုန်းကွယ်လျက်သာ နေသည်။ မမလေး ထွက်ခွာသွားပြီးမှသာ သူက မြို့တော်ဂိတ်တံခါး အပြင်တွင် ကြာမြင့်စွာ ရပ်တည်နေခြင်း ဖြစ်သည်။ သူ့သခင်ကြီး၏ သွင်ပြင်အရ, မမလေးနှင့် အတူတူ သွားချင်နေတာကို သူ သိသည်။ “ယဲ့ရှ” ဂျန်ဝုယောင်းက ရုတ်တရက် ခေါ်လိုက်သည်။ “ဟုတ်, ရှိ” အနက်ရောင်ဝတ်စုံပိုင်ရှင် ယဲ့ရှက ချက်ချင်း ဖြေသည်။ “သူ့နောက်ကို လိုက်သွား, သူ့ကို ကောင်းကောင်းကာကွယ်ချေ” ဂျန်ဝုယောင်းက သူ့မျက်လုံးများကို မှေးစင်းထားသည်။ သည်နေရာမှာ လုပ်စရာကိစ္စများကို သူ လက်စမသတ်ရသေးချေ။ သို့မဟုတ်လျှင် သူမတစ်ယောက်တည်း သွားခွင့်ပြုမည် မဟုတ်ပေ။ “အမိန့်အတိုင်း ဆက်လက် ဆောင်ရွက်လိုက်ပါ့မယ်” ယဲ့ရှက အမိန့်လက်ခံလိုက်သည်။ သူက ဒါကို မျှော်လင့်ပြီးသား ဖြစ်သည်။ “သူ အန္တရာယ်မရှိရင်, မင်းကိုယ်ကို ဖော်ထုတ်စရာ မလိုဘူး” ဂျန်ဝုယောင်း ဆက်ပြောသည်။ သူ့အသံက ရေခဲလို အေးစက်နေသည်။ သေးငယ်သည့် ချင်းယန်ကလန်သည် သူ့မျက်စိရှေ့တွင် မဖြစ်စလောက် အစက်အပြောက်လေးသာ ဖြစ်သည်။ ချင်းယန်ကလန်လောက်သာ ဆိုလျှင်, သူ့ချစ်ချစ်လေးက သူမဘာသာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။ သူ စိုးရိမ်နေတာက ချင်းယန်ကလန် နောက်ကွယ်မှာ ပုန်းအောင်းနေသည့် အင်အားစုများ ဖြစ်သည်။ နန်းတော် ၁၂ခုတွင် မည်သည့် နန်းတော်မဆို ဂျန်ဝုရှီက သူမကိုယ်တိုင် ဖြေရှင်းနိုင်မည့် အရာ မဟုတ်ပေ။
Mostrar todo...
သို့သော် မှတ်တမ်းတင်ထားည့် အပင်များအားလုံးကို သူမ အရင်က တစ်ခါမျှ မကြားဖူးခဲ့ပေ။ သူမ၏ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ တခြားနည်းလမ်းကို ရှာဖွေရတာက ထင်သလောက် မလွယ်ကူလှပေ။ ချင်ယုယန်ကို နန်းတော် မြေအောက် အကျဉ်းခန်းတွင် အကျဉ်းချထားပြီး ၇ရက်မြောက်နေ့မှာ ချင်ယုယန် သေပြီဆိုသည့်အကြောင်းကို မိုချင်းယွမ်က သတင်းပို့လာသည်။ ချင်ယုယန်က သူမအဆုံးသတ်နေ့က ဒီလို ဖြစ်လာမည်လို့ မမျှော်လင့်ခဲ့ပေ။ အင်အားကြီး ချင်းယန်ကလန်၏ အမကြီးက သေးငယ်ပြီး အရေးမပါသည့် တိုင်းပြည်၏ မြေအောက်အကျဉ်းထဲမှာ သနားစဖွယ် အဆုံးသတ်ခဲ့ရလေသည်။
Mostrar todo...
အခန်း (၂၅၂) ကြိုတင်ပြင်ဆင်ခြင်း သည်ရက်များမှာ ဂျန်ရှင်းယန်က ခေါင်းကိုက်စရာ ကိစ္စများကြောင့် ဒုက္ခရောက်နေသည်။ လင်းအိမ်တော်က နန်းတွင်းအရာရှိများဖြင့် ရောနှောလေ့ မရှိပေ။ စစ်သူကြီးများက အတင်းအဖျင်းစကားကို ရှောင်လွှဲနိုင်ရန် နန်းတွင်းအရာရှိများကို ရှောင်ကြဉ်ခဲ့ကြပြီး ဂျန်ရှင်းယန်က စာပေအရာရှိများ၏ အဆုံးသတ်မရှိသည့် စကားကြောများကို မခံမရပ်နိုင် ဖြစ်နေရသည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ, စစ်ရေးအရာရှိများ စာပေအရာရှိများဖြစ်သည့် နန်းတွင်းအရာရှိများအားလုံးက တိုင်ပင်ထားသလိုပင် နေ့စဉ် လင်းအိမ်တော်သို့ အလည်လာနေကြသည်။ သူတို့က လင်းအိမ်တော်ထဲ ရောက်သည်နှင့် အပြုံးပန်းများ ဖူးပွင့်ဝေဆာနေကြပြီး သူတို့စကားပြောဆိုတာက ဂျန်ဝုရှီအား မေးမြန်းခြင်းသို့ ဦးတည်သွားကြသည်။ ဂျန်ရှင်းယန်က အစတွင် သူတို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာခြင်း၏ အကြောင်းကို မရိပ်မိခဲ့ပေ။ သို့သော် သူတို့စကားအားလုံးက သူ့မြေးမလေးအကြောင်းသို့သာ ရောက်ရောက်သွားသဖြင့် နောက်ဆုံးမှ သူ သဘောပေါက်သွားတော့သည်။ ထိုအရာရှိများအားလုံးက သူ့ ဝုရှီအပေါ် မျက်စိကျနေကြပြီး အောင်သွယ်ရန် လာရောက်ကြခြင်း ဖြစ်သည်။ အရင်တုန်းက ဂျန်ဝုရှီ၏ ဂုဏ်သတင်းက ဆိုးရွားခဲ့သည်။ သူမက ဇွတ်တရွတ်နိုင်ပြီး စည်းမျဉ်းစည်းကမ်းလည်း မရှိခဲ့ပေ။ ထို့ပြင် ဒုတိယမင်းသားလေး မိုရွှမ်ဖေးနှင့် စေ့စပ်မှု ပျက်ပြားခြင်းကြောင့် အရှက်ရစရာ အဖြစ် အရာရှိများက သတ်မှတ်ယူဆထားကြသည်။ ဘုရင်အသစ်က ဂျန်ဝုရှီကို များစွာ ချီးမြှင့်မြှောက်စားသော်လည်း အရာရှိများ၏ ဂျန်ဝုရှီအပေါ်ထားသည့် အဆိုးမြင်ချက်ကို ပြောင်းလဲပစ်ဖို့ မလုံလောက်ခဲ့ပေ။ သို့သော် သူမက အသာစီး ပြန်ရောက်သွားဟန် တူသည်။ ဂျန်ဝုရှီ၏ သူရဲကောင်းဆန်ပြီး ချီတိုင်းပြည်ဘုရင်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့ခြင်းက တောမီးပမာ နေပြည်တော်တခွင် ပျံ့နှံ့ထင်ရှားခဲ့သည်။ ထို့နောက် စစ်ရေးအရာရှိများ, စာပေအရာရှိများအားလုံးက ဂျန်ဝုရှီအပေါ် အမြင် ပြောင်းသွားခဲ့လေသည်။ မိန်းမငယ်လေးက အရမ်းလှပပြီး သတ္တိနှင့် ဗျတ္တိ နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်။ သူမက လုံးဝ ပြည့်စုံသည့် ချွေးမကောင်းလေး ဖြစ်သည်။ ထို့ကြောင့် မိသားစုမှာ သားယောက်ျား မြေးယောက်ျားရှိသူများက သိမ်မွေ့လှပသည့် ဂျန်ဝုရှီကို မျက်စိကျလာကြသည်။ သူမက အစွမ်းကုန် ပွင့်သည့် ပန်းလို, လက်ရာမြောက်စွာ ထွင်းထုထားသည့် ကျောက်စိမ်းလို လှပ၍ တန်ဖိုးကြီးလွန်းသည်။ လင်းအိမ်တော်၏ ကြီးမားလှသည့် ဩဇာအာဏာကြောင့်သာ မဟုတ်လျှင်, ခိုးယူ လက်ထပ်ဖို့ ကြိုးစား လုပ်ဆောင်ကြမှာ အမှန်ပင် ဖြစ်သည်။ သို့သော် လင်းအိမ်တော်က ရူလင်းစစ်တပ် အစောင့်အကြပ်ရှိနေပြီး ထိုသို့ အတွေးများကို အကောင်အထည်ဖော်ဖို့ ‌ဖျောက်ဖျက်ပစ်ကြရသည်။ သူတို့အားလုံးက သူတို့ဘက်ပါလာအောင် ကြိုးစားလုပ်ဆောင်ဖို့သာ တတ်နိုင်ကြတော့သည်။ သူတို့က သူတို့၏ သားများ မြေးများကို မိုးကောင်းကင်တမျှ မြှောက်ပင့်ကြပြီး, ဂျန်ဝုရှီအတွက် သူရဲကောင်းများအကြောင်းကို အသေးစိတ် ရှင်းပြကြပြီး တခြားပြိုင်ဘက်များကို မှိုချိုးမျှစ်ချိုး ပြောကြသည်။ လင်းအိမ်တော်က တကယ့်ကို သက်ဝင်လှုပ်ရှားနေလေ၏။ ဂျန်ရှင်းယန်က သူတို့အား မငြင်းရက်၍ အပြုံးမျက်နှာဖြင့်သာ ရင်ဆိုင်ဖြေရှင်းနေခဲ့ရသည်။ အရာရှိများက ဖော်ရွေပျူငှာခြင်းကို ပြသလာသဖြင့် သူတို့ကို သူက နှင်မထုတ်ရက်ခဲ့ပေ။ သူ့ဆီမှ တန်ဖိုးဖြတ်မရသည့် သူ့မြေးမလေးကို ခိုးယူရန် ကြံရွယ်နေကြသူများကို သူက စိတ်ရှည်ရှည်ဖြင့် ဧည့်ခံနေခဲ့ရသည်။ ဂျန်ဝုရှီက သည်ကိစ္စများကို သတိမပြုမိပေ။ ဂျန်ချင်းက အိမ်တော်ရှေ့မှာပင် ရင်ဆိုင်ဖြေရှင်းနေသောကြောင့် ဖြစ်သည်။ သူမခြံနယ်နိမိတ်ထဲ ဝင်ရောက်ရန် ကြိုးပမ်းသူများကို လောင်ချီက စောင့်ကြပ်ပြီး တင်းတင်းမာမာဖြင့် ပြန်လွှတ်သည်။ ချင်းယန်ကလန်က တပည့်သစ်များကို လက်ခံရန် ရက်ပေါင်း ၂၃ရက်သာ ကျန်တော့သည်။ သည်ကာလအတွင်း, ဂျန်ဝုရှီက ခရီးရှည်အတွက် ပြင်ဆင်စရာများကို ပြင်ဆင်ဖို့ လိုအပ်နေသည်။ ချီတိုင်းပြည်မှ သူမ မထွက်ခွာခင်, လင်းအိမ်တော်အတွက် သက်စောင့်ဆေးများ ကျန်ဆေးဝါးများကို လုံလောက်အောင် ပြင်ဆင်ထားလိုသည်။ ထို့ပြင် သူမ၏ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ သူမ မချင့်မရဲ ဖြစ်နေရသည်။ သူမ၏ လတ်တလော ဝိညာဉ်စွမ်းအား တိုးတက်လာခြင်းက ရှေးဟောင်းစာအုပ်တွင် ဖော်ပြထားသည့် ဆီးနှင်းကြာပန်းကို စိုက်ပျိုးခြင်း နည်းလမ်းဖြစ်သည်။ ဆီးနှင်းကြာပန်းကို စိုက်ပျိုးဖို့ ကျောက်စိမ်းဝတ်ရည်ကို လိုအပ်သည်။ သို့သော် ကျောက်စိမ်းဝတ်ရည်ကရားများကို ချင်းယန်ကလန်သို့ အသွားမှာ ယူဆောင်သွားဖို့ဆိုတာကလည်း မဖြစ်နိုင်ပေ။ ကျောက်စိမ်းဝတ်ရည်မရှိဘဲ, သူမက ဆီးနှင်းကြာပန်းကို စိုက်ပျိုးလို့ မရပေ။ ဒါဆို ချင်းယန်ကလန်သို့ သူမသွားနေသည့် လများမှာ သူမ၏ ဝိညာဉ်စွမ်းအားကိုလည်း တိုးတက်အောင် လုပ်လို့မရပေ။ ဒါက သူမ လိုချင်သည့် အရာမဟုတ်ပေ။ သူမအတွက် အကျိုးဆက်က မနှစ်သက်ဖွယ်ရာ ဖြစ်နေသည်။ တခြား ရွေးချယ်စရာ မရှိသည်မို့ ဂျန်ဝုရှီက ရှေး‌ဟောင်းစာအုပ်များကို လှန်လှောလို့သာ ကြည့်နေသည်။ သူမ၏ ဝိညာဉ်စွမ်းအားကို တိုးတက်စေနိုင်မည့် တခြားအပင်များကို ရှာဖွေနိုင်မလားလို့ သိချင်နေ၍ ဖြစ်သည်။
Mostrar todo...
========================== လင်းအိမ်တော်။ ဂျန်ဝုရှီက မိုချင်းယွမ်အား ကယ်တင်ရန် နန်းတော်သို့ တိုးဝင်သွားခဲ့စဉ်ကတည်းက, ခေါင်းမာပြီး သစ္စာမပျက်သည့် နန်းတွင်းအရာရှိအိုကြီးများက ရုတ်တရက် ဂျန်ဝုရှီကို အကောင်းမြင်လာကြသည်။ မဟုတ်တရုတ် ကောလာဟလများကို ရှောင်ဖယ်လိုသဖြင့် ပုံမှန်အတိုင်း ခပ်ကင်းကင်း နေခဲ့သည့် လင်းအိမ်တော်က အရာရှိများ၏ နေ့စဉ် လာရောက်ရသည့် ဦးစားပေး နေရာတစ်ခု ချက်ချင်းပင် ဖြစ်လာခဲ့သည်။
Mostrar todo...
အခန်း (၂၅၁) ဘုရင်တစ်ပါး၏ လမ်း - ၂ “ငါ ငယ်ငယ်တုန်းက, ငါ့အဖေနဲ့ အမေက အိမ်ထောင်ရေး အဆင်ပြေနေတယ်လို့ တွေးခဲ့မိတယ်၊ အဲလူက အလှလေးတွေ ဝိုင်းနေတာတောင်, အမေ့ကို ရည်ရည်မွန်မွန် လေးလေးစားစား ဆက်ဆံခဲ့တယ်၊ ဒါကလည်း ငါ အဲလူကြီးရဲ့ လိမ်ညာတတ်တဲ့ သဘာဝကို မသိခင်အထိပေါ့” “ကိစ္စတွေက ငါ့အမေ သေဆုံးပြီးတော့ အရာအားလုံး ထင်ရှားလာခဲ့တယ်၊ ငါ့အမေဘက်က မိသားစုတွေ အသတ်ခံလိုက်ရတယ်၊ ဥစ္စာဓနကြွယ်ဝတဲ့ ကျန်မိသားစုတွေ ပြည်နှင်ဒဏ်ခံခဲ့ရတယ်၊ ကိစ္စတွေက ဒီလောက်အထိ ပေါ်ပေါက်လာတော့မှ အထင်နဲ့ အမြင် တခြားစီ ဖြစ်လာတော့တာပဲ၊ ငါ့ကိုလည်း ကြီးကျယ်ခမ်းနားတဲ့ နန်းဆောင်မှာ အကျဉ်းချထားလိုက်သေးတယ်၊ ပြီးတော့လည်း ကြာရှည် အဆိပ်ခပ်ခဲ့သေးတယ်၊ ငါ လူမှားပြီး ယုံကြည်ခဲ့တာ ဘယ်လောက် နာကျင်စရာကောင်းလိုက်သလဲ၊ အဲဒီနောက် ငါ သူ့ကို မုန်းတီးလာတော့တာပဲ၊ ငါ နားလည်လာတော့ သနားကျင်နာခြင်းဆိုတာကို ငါကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့တယ်” “ဒါပေမဲ့ ငါ အခုထိ မိုက်မဲနေတုန်းဆိုတာ အခု သက်သေပြနေတယ်၊ ဂျန်ဝုရှီ, ငါ နင့်ကို အကြွေးတင်သွားပြီ... အများကြီး တင်သွားတာ၊ ဒီဘဝမှာ ငါ နင့်ကို ပြန်ပေးဆပ်လို့ မရလောက်အောင်ကို များပြားလွန်းတယ်၊ ငါ့ ဘဝက, ကနေ့ကစပြီး နင့်အပိုင်ပဲ၊ နင် ဘာပြောပြော, နင် ဘာလုပ်လုပ်, ငါ ဘယ်တော့မှ နင့်ကို ဆန့်ကျင်ဘက် လုပ်မှာ မဟုတ်ဘူး” မိုချင်းယွမ်က ရန်သူများအား သနားငဲ့ညှာခြင်းက သင့်ကိုယ်သင် နှိပ်စက်ခြင်းပင်ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားခဲ့သည်။ သူက ကိုယ့်ကိုယ်ကို ဒုက္ခပေးခြင်းက လုံလောက်နေလေပြီ။ သူက ဖြစ်နေကျအတိုင်း သူ့ကိုယ်သူ လွယ်ကူသည့် ပစ်မှတ် အဖြစ်ခံတော့မည် မဟုတ်ပေ။ သူကိုယ်တိုင် ဝင်တိုးသည့် အကြပ်အတည်းများမှ ကယ်တင်ရန် သူတပါးအား စောင့်မျှော်နေသည့် အဖြစ်မျိုးကိုလည်း ထပ်မံ အဖြစ်ခံတော့မည် မဟုတ်ပေ။ မိုချင်းယွမ် အသံတိုးဝင်သွားတော့မှ, ဂျန်ဝုရှီက နောက်ဆုံးတွင် သူ့အား ပြန်ပြောလာသည်။ “ငါ နင့်ဘဝကို မလိုချင်ဘူး၊ ပြီးတော့ ချီတိုင်းပြည်တစ်ခုလုံးရဲ့ ဘုရင်က ငါ့စကားကို နားထောင်ရမယ်ဆိုတာလည်း မဖြစ်သင့်ဘူး” မိုချင်းယွမ်က ပြန်ပြောချင်သော်လည်း သူ့လည်ချောင်းက ခြောက်ကပ်နေ၍ စကားတစ်လုံးတစ်လေကိုပင် ညှစ်ထုတ်ယူမရ ဖြစ်နေသည်။ “ဒီချီတိုင်းပြည်တစ်ခုလုံးက နင့်လက်ထဲမှာ တည်မှီနေတယ်၊ နင် လုပ်ချင်တာကို ဘယ်သူ့ဆီကနေ အမိန့်စောင့်နေရတယ်ဆိုတာ မဖြစ်သင့်ဘူး၊ ဒါပေမဲ့ နင်က ဘုရင်တစ်ပါးရဲ့ လမ်းကြောင်းကို သင်ယူဖို့ လိုတယ်၊ လတ်တလော ချင်းယွမ်ကလန်နဲ့ အဖြစ်အပျက်မှာ, လုပ်သင့်တာနဲ့ မလုပ်သင့်တာကို နင် သင်ယူပြီးပြီလို့ ငါ ယုံကြည်တယ်” “ငါ နောက်လဆိုရင် ခရီးဝေးသွားရမယ်၊ အနည်းဆုံး သုံးလကနေ ခြောက်လအထိ ကြာလိမ့်မယ်၊ ငါ ပြန်မလာခင် ပိုင်ယွင်ရှန်းကို ထားပခဲ့မယ်၊ သူက မယုံကြည်ရပေမဲ့, သူ့ ဆေးပညာစွမ်းရည်က နင့် နန်းတွင်းသမားတော်တွေထက် အဆများစွာ သာတယ်၊ သူ့အတွက် အဆိပ်ဖြေဆေးကို ဦးလေးဆီမှာ ထားခဲ့မယ်၊ ဆေးဖော်နည်းကို နင့်ဆီမှာ ထားခဲ့မယ်၊ ပိုင်ယွင်ရှန်းကို အသုံးဝင်တဲ့ လူဖြစ်အောင် လုပ်တာက နင့်ကို ငါ ပေးအပ်တဲ့ တာဝန်ဖြစ်လိမ့်မယ်” ဂျန်ဝုရှီက မည်သည့် အမူအရာကိုမျှ မပြဘဲ ပြောသည်။ သူမက ပိုင်ယွင်ရှန်းကို သတ်ဖို့ ရည်ရွယ်ချက် မရှိတော့။ ဂျန်ဝုရှီက သူမကို သတ်ဖြတ်ပစ်ဖို့ စိတ်ရှုပ်မခံလိုတော့ဘဲ ချီတိုင်းပြည်မှ ထွက်ခွာဖို့ သူမ ပြင်ဆင်ရအုံးမည် ဖြစ်သည်။ ချီတိုင်းပြည်၏ သမားတော်များက ပေါ့ပျက်ပျက်နိုင်လွန်းကြပြီး ပိုင်ယွင်ရှန်း၏ စွမ်းရည်က သူမကို နှိုင်းယှဉ်လို့ မရသော်လည်း ချီတိုင်းပြည်၏ သမားတော်များနှင့် နှိုင်းယှဉ်လိုက်လျှင်, အဆပေါင်းများစွာ သာလွန်နေပေသည်။ ပိုင်ယွင်ရှန်းကို မသတ်ဘဲ ထားတာက အသွားနှစ်ဖက်ပါ ဓားကို သိမ်းထားသည်နှင့် တူသည်။ မိုချင်းယွမ်က သူ့လက်နှင့် ကိုက်ညီအောင် ပြုလုပ်နိုင်ခြင်း ရှိ မရှိဆိုတာကို သည်ဘုရင်၏ စွမ်းဆောင်ရည်က သက်သေပြလိမ့်မည်။ ချီတိုင်းပြည်၏ ဘုရင့်နာမည်က မို ဖြစ်သည်။ ဂျန် မဟုတ်ပေ။ သူမက ပြောသင့်ရာ ပြောပြီးနောက် မိုချင်းယွမ်၏ ဒဏ်ရာများကို ဆက်လက် စစ်ဆေးသည်။ မိုချင်းယွမ်က ဂျန်ဝုရှီကို ဘယ်သွားမှာလဲ မေးချင်နေသည်။ သို့သော် ဂျန်ဝုရှီ၏ အေးစက်စက် အမူအရာကို တွေ့မြင်ရလျှင် ပြန်လည် မျိုသိပ်ထားလိုက်တော့သည်။ ဂျန်ဝုရှီက သူ့ကို အမှီအခို ကင်းအောင် သင်ယူလေ့လာစေချင်သည်။ သူက ယုံကြည်မှုကို အလွဲသုံးစား မလုပ်လို။ မိုချင်းယွမ်က သည်တစ်ကြိမ် အပြင်းအထန် ဒဏ်ရာ ရခဲ့သည်။ ကံကောင်းတာက သူက ဆီးနှင်းကြာစေ့ကို စားထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က အနည်းငယ် ခံနိုင်ရည် ရှိနေခဲ့သည်။ ဂျန်ဝုရှီ၏ ရက်ရက်ရောရော သက်စောင့်ဆေးများကို တစ်ပုံတပင် တိုက်ကျွေးခြင်းကြောင့်လည်း သူ့အသက်ကို နောက်ဆုံးတွင် ကယ်တင်နိုင်ခဲ့သည်။ ဂျန်ဝုရှီ၏ စေ့စေ့စပ်စပ် ကုသပေးခြင်းကြောင့် သူ ပြန်ကောင်းလာလျှင်လည်း ဘေးထွက် ဆိုးကျိုးတစ်ခုမျှ ကျန်ရစ်ခဲ့မည် မဟုတ်ပေ။ သို့သော် ကုသစဉ်မှာတော့ နာကျင်ခြင်း ပင်ပန်ခြင်းကို ရှောင်လွှဲလို့ မရပေ။ မိုချင်းယွမ် အိပ်ရာပေါ်မှာ လဲနေစဉ်အတွင်း, နန်းတွင်းအရာရှိများက ညီလာခံတက်စရာ မလိုအပ်ခဲ့ကြပေ။ နန်းတွင်းညီလာခံ မတက်ရောက်ရသည်မို့ နန်းတွင်းအရာရှိများ သွားရောက်ရမည့် နေရာအသစ်ကို တွေ့ရှိသွားကြသည်။
Mostrar todo...
အခန်း (၂၅၀) ဘုရင်တစ်ပါး၏ လမ်း - ၁ “ငါ့မမလေး ချင်းယန်ကလန်ကို ရောက်ပြီဆိုရင်, တိမ်ဖုံးတောင်ထွတ်ကို ဘယ်တော့မှ သွားဖို့ မလုပ်ပါနဲ့” ပိုင်ယွင်ရှန်းက သတိအပြည့်ပေးသည်။ တိမ်ဖုံးတောင်ထွတ်မှ တပည့်များသည် လျှို့ဝှက်စွာ ပျောက်ဆုံးသွားတတ်ကြသည်။ သို့မဟုတ် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ သေဆုံးသွားတတ်ကြသည်။ သည်အကြောင်းအရာကို အပြင်လူများ မသိကြချေ။ သို့သော် ချင်းယန်ကလန် တပည့်တစ်ယောက်အနေဖြင့် လက်ခံနိုင်ဖို့ လူတိုင်းက အရည်အချင်းရှိကြသည် မဟုတ်ပေ။ သူတို့ကို ခိုးကြောင်ခိုးဝှက်ဖြင့် ခဲ့စန်းကျွီက လက်ခံပြီး တိမ်ဖုံးတောင်ထွတ်ကို ခေါ်ဆောင်သွားသည်။ ထိုအခေါ်ခံရသူများက သူတို့အား ဘုရားသခင်က အခွင့်အရေးပေးခြင်းဖြစ်သည်ဟူ၍ အမြဲတမ်း တွေးကြသည်။ သို့သော် အနည်းစုကသာ သူတို့က သေမင်းတံခါးထဲသို့ ပို့ခံရမည့် အစာများသာ ဖြစ်ကြောင်းကို သိကြသည်။ “ခဲ့စန်းကျွီ အကြောင်းကို ပိုပြောပြ” ချင်းယန်ကလန်က မြင်ရသလောက် ရိုးရှင်းဟန်မရသော နေရာဖြစ်သည်ဟု ဂျန်ဝုရှီ ဆုံးဖြတ်မိသည်။ သူတို့က ပိုင်ယွင်ရှန်းလို တပည့်မျိုးကို ပြုစုပျိုးထောင်ပေးပြီး ချင်ယုယန်လို သမီးမျိုးကို မွေးဖွားပေးခဲ့သည်။ သည်လိုမျိုး လူတိုင်း လုပ်နိုင်သည် မဟုတ်ပေ။ ချင်းယန်ကလန်၏ အဓိပတိကိုယ်တိုင်ပင် စက်ဆုပ်ရွံ့ရှာဖွယ်လူ ဖြစ်နေနိုင်သည်။ “ခဲ့စန်းကျွီက မူရင်းက ချင်းယန်ကလန်တပည့်မဟုတ်ဘူး၊ သူ့ကို ချင်ယွဲ့က အဓိပတိဖြစ်ပြီးမှ ခေါ်ဆောင်လာခဲ့တာ၊ နှစ်အနည်းငယ်နဲ့ သူ့ကို အကြီးအကဲ ရာထူး တိုးပေးလိုက်တယ်” ပိုင်ယွင်ရှန်းက ရိုးရိုးသားသား ပြောပြသည်။ “ခဲ့စန်းကျွီရဲ့ မူလဇာစ်မြစ်ကို ငါ မသိဘူး၊ ဒါပေမဲ့ သူက ညှိုးမှိုန်းနေတတ်တယ်၊ သူ့ကို ချင်းယန်ကလန်အတွင်းမှာ မကြခဏ တွေ့ရလေ့ မရှိဘူး၊ သူ့တိမ်ဖုံးတောင်ထွတ်ကို တခြားတပည့်တွေ ဝင်ရောက်ခွင့် တားမြစ်ထားတယ်၊ ချင်ယွဲ့တောင် လာချင်ရင် ကြိုတင် အကြောင်းကြားထားရတယ်” ဂျန်ဝုရှီက ထိုလူ့အကြောင်းကို မှတ်သားထားလိုက်သည်။ ပိုင်ယွင်ရှန်း ပြောပြသည့် ချင်းယန်ကလန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အတော်ကြာကြာ နားထောင်ပြီးနောက် ပိုင်ယွင်ရှန်းကို ထွက်ခွာခွင့်ပြုလိုက်ပြီး မိုချင်းယွမ်၏ အိပ်ခန်းဆောင်သို့ ဆက်သွားသည်။ တစ်ညလုံး သတိလစ်မေ့မြောနေခဲ့ပြီးမှ မိုချင်းယွမ်က သတိပြန်လည်လာသည်။ သို့သော် နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဆက်လက် နှိပ်စက်နေတုန်းပင်။ သူ့ကို ခေါင်းစ ခြေဆုံး ပတ်တီးစည်းထားသည်မို့ သူ ထထိုင်ဖို့ပင် မဖြစ်နိုင်ချေ။ ဂျန်ဝုရှီ အိပ်ဆောင်ထဲ ဝင်ရောက်လာခဲ့လျှင်, မနေ့က သူမ ဆင့်ခေါ်ထားသည့် အစောင့်နှစ်ယောက်ကို အိပ်ရာဘေးမှာ မတ်တပ်ရပ်နေတာကို တွေ့လိုက်သည်။ တစ်ယောက်က လက်ဖက်ရည်အိုး ကိုင်ထားပြီး တစ်ယောက်က ဆေးလင်ပန်းကို ကိုင်ထားသည်။ သူတို့ မျက်နှာများက မအိပ်ရသည့် အတွက် ဟောက်ပက် ဖြစ်နေကြသည်။ “မမလေး ဂျန်” အစောင့်နှစ်ယောက်က ဂျန်ဝုရှီ ရောက်လာတာကို တွေ့ရ၍ အလျင်အမြန် ဒူးထောက်ချလိုက်ကြသည်။ “ထွက်သွားကြတော့” ဂျန်ဝုရှီက အေးစက်စက် ပြောသည်။ အစောင့်နှစ်ယောက်က တွန့်ဆုတ်မနေကြဘဲ အလျင်အမြန် ထွက်သွားကြသည်။ သူတို့လက်ထဲမှ အရာများကို ချထားခဲ့ဖို့ သူတို့ မမေ့ကြပေ။ “နင် ရောက်လာပြီလား....” မိုချင်းယွမ်က မလှုပ်ရှားနိုင်ပေ။ ဂျန်ဝုရှီကို ကြည့်ဖို့ မျက်လုံးများကိုသာ လှုပ်ရှားနိုင်သည်။ “နင် ခေါင်းကြည်သွားပြီလား” ဂျန်ဝုရှီက မိုချင်းယွမ်၏ ဒဏ်ရာများကို စစ်ဆေးမနေတော့ဘဲ ဘေးနားမှာ ရှိသည့် ထိုင်ခုံတွင် ထိုင်ချသည်။ မိုချင်းယွမ်က ခါးသီးစွာ ရယ်လိုက်သည်။ သို့သော် ဒဏ်ရာများက အက်သွားပြီး နာကျင်သဖြင့် သူ့မျက်နှာက တွန့်သွားသည်။ “အခုထိ မကြည်သေးဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒါကို ငါကိုယ်တိုင် မေးသင့်တယ်လို့ နင် မထင်ဘူးလား” သူက ဂျန်ဝုရှီကို မဖျောင်းဖြခဲ့လျှင်, ဒီလို နာကျင်မှုကို သူ ခံစားရမည် မဟုတ်ပေ။ ကုန်းမြေတစ်ခုလုံးမှာ အင်အားကြီး ကလန်တစ်ခုကို သူက မျက်လုံးမှိတ်ကာ ယုံကြည်ထားခဲ့သည်။ သူတို့က ပြောဆိုရ လွယ်ကူပြီး နားလည်လွယ်မည်လို့ တွေးထင်ခဲ့သည်။ တကယ်တော့ သူတို့က အကြင်နာမဲ့ ရက်စက်ကြပြီး ခံစားချက်ကင်းမဲ့နေသည့် တောရိုင်းတိရစ္ဆာန်အုပ်စုမှန်း သူ သတိမပြုမိခဲ့ပေ။ ဂျန်ဝုရှီထံမှ မည်သည့် စကားကိုမျှ ပြန်ပြောမည့် အရိပ်အယောင်ကို မတွေ့ရ၍ မိုချင်းယွမ်က သူ့ကိုယ်သူ အထင်သေးမိပြီး ရှည်ရှည်ဝေးဝေး တစ်ကိုယ်တည်း ဆက်ပြောသည်။ “ငါ တကယ့်ကို နုံအခဲ့တယ်၊ အဲလိုသာ မဟုတ်ရင်, ဒီလို အခြေအနေမျိုး ဆိုက်ရောက်လာမှာ မဟုတ်ဘူး၊ နင်လည်း ငါ့ကို အကြိမ်တိုင်း ကယ်နေရမှာ မဟုတ်ဘူး၊ ငါ ငယ်ငယ်တုန်းက, ငါ့အမေ မိဖုရားခေါင်ကြီးက, အမြဲတမ်း ငါ့ကို ပြေဆိုခဲ့တယ်, လူတစ်ယောက်ဟာ ကြင်နာတတ်ရမယ်တဲ့၊ လူတစ်ယောက်ဟာ ဘယ်လိုပဲ ရက်စက်ကြမ်းကြုတ်နေပါစေ, သူ့မှာ ကြင်နာတတ်တဲ့ ဘက်ခြမ်း ရှိနေတယ်၊ ဒါ့ကြောင့် လူတွေကို ရိုးရိုးသားသား ဆက်ဆံရင် တူညီတဲ့ တုံ့ပြန်မှုကို ပြန်လည် ရရှိတတ်တယ်လို့ ပြောခဲ့တယ်”
Mostrar todo...
1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.