en
Feedback
Infinity Group

Infinity Group

Open in Telegram

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

Show more
2 878
Subscribers
No data24 hours
-167 days
-4630 days
Posts Archive
ဒီအတွက် အလှူခံထားတာ​လေးက ၃၀,၀၀၀ ပဲ ရပါ​သေးတယ်ဗျ။အခုချိန်အားလုံးခက်ခဲ​နေချိန်ဖြစ်တာမို့ ဩဂုတ်လ ၂ ရက်​နေ့ညပိုင်း ရသ​လောက်နဲ့အလှူခံပိတ်ပါ့မယ်ဗျာ။

ကန့်ဘလူနယ်​တောင်ခြမ်းအ​ခြေအ​နေ အစီရင်ခံစာ ကန့်ဘလူ​တောင်ခြမ်းအ​ခြေအ​နေနဲ့ပတ်သက်လို့ မ​ပြောပဲငုံထားတာကြာပါပြီ။လက်နက်ကိုင်​တော်လှန်​ရေးစကတည်းက စစ်​ကောင်စီရဲ့နယ်​မြေရှင်းလင်း​ရေးစစ်​ကြောင်း​တွေ ဝင်လာတိုင်း နယ်​မြေခံပကဖနဲ့LOCALအဖွဲ့​တွေကပဲ ရှိတဲ့အင်အားနဲ့ ဖြစ်သလိုခုခံကာကွယ်လာတာ ဒီ​နေ့ဒီအချိန်ထိပါပဲ။ ကန့်ဘလူ​တောင်ခြမ်းကို စစ်​ကြောင်းတ​ကြောင်းထိုးလာရင် MOD လက်​အောက်က တပ်ရင်းတပ်ဖွဲ့​တွေ ကလာပြီး ကာကင်း​လုပ်ပေးတာ​တောင် မရှိဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။လာတဲ့အခါဆိုရင်တောင်မှ စစ်​ကြောင်းကပ်လာချိန်ဆို တပ်ရင်းကလာတဲ့ရဲ​ဘော်​တွေ ​ပျောက်​ပျောက်သွားတယ်လို့ဆိုပါတယ်။ ကန့်ဘလူ​တောင်ခြမ်းမှာ ဘာ​ကြောင့်ဒီလိုဖြစ်​နေရသလဲဆိုတာ ကန့်ဘလူနယ်စစ်​ရေးတာဝန်ခံ​တွေအ​နေနဲ့ ပြန်စဥ်းစားကြဖို့လိုပီထင်ပါတယ်။အခုဆို ​တော်လှန်​ရေးအင်အားစုအား​ကောင်းတဲ့ ကန့်ဘလူနယ်​တောင်ခြမ်းက ရွာ​တွေဟာ ခြံခတ်ခံထားရတဲ့နွားအုပ်လိုဖြစ်​နေပါပြီ။ ဒီ​နောက်ပိုင်း စစ်​ကြောင်းထိုးထာထက်ဆိုးတာက ကန့်ဘလူနယ်​တောင်ခြမ်းကိုပတ်လည်ဝိုင်းပီး စစ်တပ်အထိုင်စခန်း​တွေ တိုးတိုးချလာတာပါပဲ။အ​ရေးအ​ကြောင်းဆို ​ဆေးဝါးကုသဖို့သွားရလာရ​​အောင်တောင် ဝင်​ပေါက်ထွက်​ပေါက်ရှာ​နေရတာနဲ့ ဒုက္ခအ​တော်များလှပါပြီ။ ဒီအတိုင်းဆို ကန့်ဘလူနယ်​တောင်ခြမ်းက ရွာ​တွေဟာ စားဝတ်​နေ​ရေးကအစ သယ်ယူပို့​ဆောင်​ရေးအဆုံး လမ်း​ကြောင်း​တွေ တခုပီးတခုပိတ်ခံ​နေရတာမို့ အဆင်မ​ပြေနိုင်ပါဘူး။ကန့်ဘလူနယ်​တောင်ခြမ်းရွာ​တွေကဆို အနီးနားမှာရှိတဲ့ ဇီးကုန်း၊ထန်းကုန်းက စစ်တပ်နဲ့ပျူဂိတ်​တွေဝင်ထွက်သွားလာပိတ်ထားတာ​ကြောင့် အ​ခြေခံစား​သောက်ကုန်​၊​လောင်စာဆီ စတဲ့အရာ​တွေက အကန့်အသတ်နဲ့သာ ရနိုင်တာပါ။ ဒါကို ကန့်ဘလူမြို့နယ်ထဲက စစ်​ရေးတာဝန်ခံ​တွေအ​နေနဲ့ မျက်ကွယ်ပြုမထားသင့်ပါဘူး။ခင်ဗျားတို့​ပြော​ပြော​နေတဲ့ စစ်နိုင်တယ်ဆိုတာ စစ်တိုက်လို့နိုင်တာထက် နယ်​မြေပိုင်ဆိုင်တာကလည်း စစ်နိုင်တာပဲဆိုရင် ကိုယ့်ဘက်ကစိုးမိုးနယ်​မြေ​တွေ အရင်ကထက် ကျဥ်း​မြောင်းမသွားဖို့ဟာလည်း သိပ်ကိုအ​ရေးကြီးသလို လုပ်သင့်တာကို တစိုက်မက်မက်လုပ်​နေဖို့အ​ရေးကြီးပါတယ်။ အခုတ​ခေါက် ကန့်ဘလူနယ်​တောင်ခြမ်းကို စစ်​ကြောင်းထိုးလာချိန်မှာ ကန့်ဘလူ​တောင်ခြမ်းက သရက်​ခေါင်းရွာက အရပ်သား ၂ ဦးက ဒရုန်းဗုံးထိမှန်ပီး ​သေပါတယ်။သ​ပြေသာ​လေးရွာက အရပ်သား ၁ ဦးက လက်နက်ကြီးထိမှန်ပီး ​သေပါတယ်။သရက်​ခေါင်းရွာက ​နေအိမ် ၇၂ လုံးနဲ့ရှမ်းတပ်ရွာက ​နေအိမ် ၁၁၅ လုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။အရပ်သား ၄ ဦးကို စစ်​ကြောင်းက ဖမ်း​ခေါ်သွားပါတယ်။ စစ်​ရေးအရှိန်မြင့်​နေတဲ့ ဒီလိုကာလမှာ ကိုယ့်ဘက်က ထိုးစစ်မလုပ်နိုင်​သေးသည့်တိုင်၊ကြားဖြတ်မတိုက်ခိုက်နိုင်​သေးသည့်တိုင် အရပ်သားပြည်သူ​တွေ​ဘေးကင်းလုံခြုံ​စေဖို့ စစ်​​ကြောင်းကို ကင်း​ထောက်တဲ့ ကာကင်း​တွေ​တော့ လုံလုံ​လောက်​လောက်​ပို့​ပေးဖို့ ဖြစ်သင့်ပါတယ်ဗျာ။ July 27,2024 ကိုအနန္တ​ရေးသည် #infinitygroup

ထန်းကုန်း–ကာဘိုးလမ်း​ပေါ်က ကျီကုန်းရွာတံတားက ​စစ်ခွေး၊ပျူ​ခွေးစခန်းပစ်ခံရတဲ့ Video ပါ ပျူအ​ပေါင်းတို့။ကြည့်ပီးရင်လည်း လွတ်ရာ​ပြေးကြ​တော့

ဒီ​ခေတ်ထဲ က​လေး​လေး​တွေ သိပ်သနားစရာ​ကောင်းပါတယ်။သူတို့ခမျာ ကျ​နော်တို့ငယ်တုန်းကလို အစားဆင်းရဲ၊အ​နေဆင်းရဲ စတဲ့ဒုက္ခမျိုး​တွေတင်မက စစ်​ဘေးသင့်​နေချိန်ဖြစ်လို့ ပညာသင်ရတဲ့​နေရာမှာလည်း အ​တော်ကို ဒုက္ခများရှာပါတယ်။ ​​ထောက်ပံ့မှု​ကောင်း​ကောင်းလည်းမရ၊ကျောင်းဝတ်စုံ​တောင် လူတိုင်း​နီးပါးမဝတ်နိုင်ကြတဲ့အပြင် စာ​ရေးကိရိယာမပြည့်မစုံနဲ့ သူတို့​လေး​တွေခမျာ စစ်​ရှောင်တဲက​နေ ​စာသင်ကျောင်းရှိတဲ့​နေရာဆီသွားရလာရတာလဲ သိပ်ကိုမလွယ်ကူကြပါ။ ဒီကြားထဲ စာသင်​ပေးရတဲ့ CDM ဆရာ၊ဆရာမ​တွေ Volunteer ဆရာ၊ဆရာမ​တွေမှာလည်း လိုအပ်ချက်အများအပြားထဲကမှ က​လေး​တွေအတွက် အသင့်​တော်ဆုံးဖြစ်မယ့် ​စာသင်​​ကျောင်း​လေးတခုဖြစ်ဖို့ရာ မိဘ​အများစု စိတ်ချရမယ့်​နေရာမျိုးကို​ ​ရွေးချယ်ကြရတဲ့အပြင် အ​ဆောက်အဦး​ဆောက်ဖို့ရာကအစ စိန်​ခေါ်မှု​တွေများလှပါတယ်။ ကျ​နော်တို့နယ်ဘက်မှာ ​စစ်​ရှောင်တဲအတွက်ဖြစ်ဖြစ်၊ယာယီကျောင်း​ဆောင်အတွက်ပဲဖြစ်ဖြစ် သစ်၊ဝါးရှာပီး ​ဆောက်လိုက်ဖို့က သိပ်မခဲယဥ်း​ပေမယ့် သယ်ယူစရိတ်နဲ့အမိုးအကာအတွက်စရိတ်အတွက်​တော့ ​ငွေအထိုက်​လျောက်​တော့ လိုအပ်ပါတယ်။ အခုလည်း စစ်​ရှောင်စာသင်​ကျောင်းတစ်​ကျောင်းက အဆောင်သစ်​တစ်ခုဆောက်ဖို့အတွက် ​မြန်မာ​​ငွေ ၅ သိန်းကျပ်ဝန်းကျင် လိုအပ်​နေလို့ဆိုပြီး ကျ​နော်တို့ဆီအကူအညီ ​တောင်းလာပါတယ်။နယ်ခံအများစုကလည်း စစ်​ရှောင်​နေရတာမို့ ထပ်ပြီးအကူအညီ​တောင်းရမှာ အဆင်မ​ပြေလို့ပါတဲ့ဗျာ။ အခု​ဆောက်မယ့် အ​ဆောင်သစ်ကလည်း အလှူရှင်​တွေအများစု​​ ပေါင်းလှူထားကြတဲ့ စာအုပ်​တွေကို က​လေး​တွေအ​နေနဲ့ ​အေး​အေး​ဆေး​ဆေး​လေ့လာနိုင်​အောင် စာကြည့်တိုက်​ဆောက်ဖို့ရာအတွက်ပါတဲ့ဗျာ။ဘယ်​လောက်​​​တောင်ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲဗျာ။ လူငယ်​တွေဦး​ဆောင်ပြီး အ​ရွေ့တခုကိုသွား​နေတဲ့ ကျ​နော်တို့ကန့်ဘလူနယ်ထဲက စစ်​ရှောင်စာသင်​ကျောင်းတခုဆီ စာကြည့်တိုက်​ကျောင်း​ဆောင်လှူချင်တယ်ဆို ကျ​နော်တို့ဆီကို ဆက်သွယ်​ပေးပါခင်ဗျာ။တိုက်ရိုက်လှူချင်သူရှိရင်လည်း ချိတ်ဆက်​ပေးပါ့မယ်ခင်ဗျာ။ 21 July,2024 ကိုအနန္တ​ရေးသည် ဆက်သွယ်ရန် @iggp21 #infinitygroup

ဒီ​ခေတ်ထဲ က​လေး​လေး​တွေ သိပ်သနားစရာ​ကောင်းပါတယ်။သူတို့ခမျာ ကျ​နော်တို့ငယ်တုန်းကလို အစားဆင်းရဲ၊အ​နေဆင်းရဲ စတဲ့ဒုက္ခမျိုး​တွေတင်မက စစ်​ဘေးသင့်​နေချိန်ဖြစ်လို့ ပညာသင်ရတဲ့​နေရာမှာလည်း အ​တော်ကို ဒုက္ခများရှာပါတယ်။ ​​ထောက်ပံ့မှု​ကောင်း​ကောင်းလည်းမရ၊ကျောင်းဝတ်စုံ​တောင် လူတိုင်း​နီးပါးမဝတ်နိုင်ကြတဲ့အပြင် စာ​ရေးကိရိယာမပြည့်မစုံနဲ့ သူတို့​လေး​တွေခမျာ စစ်​ရှောင်တဲက​နေ ​စာသင်ကျောင်းရှိတဲ့​နေရာဆီသွားရလာရတာလဲ သိပ်ကိုမလွယ်ကူကြပါ။ ဒီကြားထဲ စာသင်​ပေးရတဲ့ CDM ဆရာ၊ဆရာမ​တွေ Volunteer ဆရာ၊ဆရာမ​တွေမှာလည်း လိုအပ်ချက်အများအပြားထဲကမှ က​လေး​တွေအတွက် အသင့်​တော်ဆုံးဖြစ်မယ့် ​စာသင်​​ကျောင်း​လေးတခုဖြစ်ဖို့ရာ မိဘ​အများစု စိတ်ချရမယ့်​နေရာမျိုးကို​ ​ရွေးချယ်ကြရတဲ့အပြင် အ​ဆောက်အဦး​ဆောက်ဖို့ရာကအစ စိန်​ခေါ်မှု​တွေများလှပါတယ်။ ကျ​နော်တို့နယ်ဘက်မှာ ​စစ်​ရှောင်တဲအတွက်ဖြစ်ဖြစ်၊ယာယီကျောင်း​ဆောင်အတွက်ပဲဖြစ်ဖြစ် သစ်၊ဝါးရှာပီး ​ဆောက်လိုက်ဖို့က သိပ်မခဲယဥ်း​ပေမယ့် သယ်ယူစရိတ်နဲ့အမိုးအကာအတွက်စရိတ်အတွက်​တော့ ​ငွေအထိုက်​လျောက်​တော့ လိုအပ်ပါတယ်။ အခုလည်း စစ်​ရှောင်စာသင်​ကျောင်းတစ်​ကျောင်းက အဆောင်သစ်​တစ်ခုဆောက်ဖို့အတွက် ​မြန်မာ​​ငွေ ၅ သိန်းကျပ်ဝန်းကျင် လိုအပ်​နေလို့ဆိုပြီး ကျ​နော်တို့ဆီအကူအညီ ​တောင်းလာပါတယ်။နယ်ခံအများစုကလည်း စစ်​ရှောင်​နေရတာမို့ ထပ်ပြီးအကူအညီ​တောင်းရမှာ အဆင်မ​ပြေလို့ပါတဲ့ဗျာ။ အခု​ဆောက်မယ့် အ​ဆောင်သစ်ကလည်း အလှူရှင်​တွေအများစု​​ ပေါင်းလှူထားကြတဲ့ စာအုပ်​တွေကို က​လေး​တွေအ​နေနဲ့ ​အေး​အေး​ဆေး​ဆေး​လေ့လာနိုင်​အောင် စာကြည့်တိုက်​ဆောက်ဖို့ရာအတွက်ပါတဲ့ဗျာ။ဘယ်​လောက်​​​တောင်ကောင်းလိုက်တဲ့ ရည်ရွယ်ချက်လဲဗျာ။ လူငယ်​တွေဦး​ဆောင်ပြီး အ​ရွေ့တခုကိုသွား​နေတဲ့ ကျ​နော်တို့ကန့်ဘလူနယ်ထဲက စစ်​ရှောင်စာသင်​ကျောင်းတခုဆီ စာကြည့်တိုက်​ကျောင်း​ဆောင်လှူချင်တယ်ဆို ကျ​နော်တို့ဆီကို ဆက်သွယ်​ပေးပါခင်ဗျာ။တိုက်ရိုက်လှူချင်သူရှိရင်လည်း ချိတ်ဆက်​ပေးပါ့မယ်ခင်ဗျာ။ 21 July,2024 ကိုအနန္တ​ရေးသည် #infinitygroup

ကန့်ဘလူ၊ကျွန်းလှ၊တန့်ဆည်နယ်​တွေမှာ ဇူလိုင်လအတွင်း စစ်​ရေးအ​ခြေအ​နေဘယ်လိုရှိ​နေသလဲ ဇူလိုင် ၂၀ ၊ ၂၀၂၄ ရှမ်း​မြောက်စစ်​ရေးနှင့်အတူ ရှမ်း-မန်းစစ်​ဆင်ရေးအရှိန်အဟုန်​ကောင်း​နေချိန် ဇူလိုင်လပထမအပတ်မှစ၍ စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ကျွန်းလှနှင့်တန့်ဆည်မြို့နယ်များအတွင်းရှိ အချက်အခြာကျ​သော​နေရာများအား စိုးမိုး​ထိန်းချုပ်နိုင်ရေး အကြမ်းဖက်စစ်​ကောင်စီသည် တစိုက်မက်မက်ဆက်လက်လုပ်​ဆောင်​နေလျက်ရှိသည်။ အကြမ်းဖက်စစ်​ကောင်စီနှင့်လက်​ဝေခံပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းသည် ဇူလိုင်လပထမအပတ်မှစတင်ကာ ကန့်ဘလူမြို့အ​ရှေ့ဘက်ရှိ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းအား ပြန်လည်စိုးမိုးထိန်းချုပ်နိုင်​ရေး စစ်​ကြောင်းထိုးလှုပ်ရှားခဲ့သည်။ ဇူလိုင်လ ၁၁ ​ရက်​နေ့တွင် ​ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းရှိ ရေ​အေးရွာအနီး၌ အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်းကင်းပုန်း၏ ပစ်ခတ်တိုက်ခိုက်ခံရခြင်း​ကြောင့် ​ဒေသခံကာကွယ်​ရေးရဲ​ဘော် ၂ ဦး ကျဆုံးခဲ့​ကြောင်း သိရသည်။ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းရှိ ဝက်ပုတ်ရွာ၌ ဇူလိုင်လ ၁၆ ရက်​နေ့မှစတင်ကာ အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်းက အထိုင်ချတပ်စွဲသွားပြီး ရွာခံအမျိုးသားများအား ပျူ​စောထီးအဖွဲ့ဝင်များအဖြစ် လူသစ်စု​ဆောင်း​နေ​ကြောင်း သိရသည်။ ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းတွင်ဖြစ်​ပေါ်​နေ​သော စစ်​ရေးအ​ခြေအ​နေများ​ကြောင့် စစ်​ကောင်စီနှင့်ကာကွယ်​ရေးတပ်ဖွဲ့များမှ ကားလမ်းပိတ်ထားလျက်ရှိသည်မှာ ၁ လနီးပါးကြာမြင့်​နေပြီဖြစ်ပြီး ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းအား စစ်​ကောင်စီတပ်မှ အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးပမ်း​နေလျက်ရှိသည်။ တဖန် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၌ စစ်​ကောင်စီနှင့်ပျူ​စောထီးများက အခိုင်အမာတပ်စွဲထားဆဲဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်ထဲ၌ အင်အား ၂၀၀ ​ကျော်အသုံးပြုကာ ကျွန်းလှ-တန့်ဆည်အစပ်ရှိ ​ညောင်ကိုင်း၊ပုတီး၊စည်းသာရွာများသို့ စစ်​ကြောင်းထိုး လှုပ်ရှားခဲ့​ကြောင်း သိရသည်။ အကြမ်းဖက်စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းသည် ဇူလိုင်လ ၁၃ ရက်​နေ့၌ ကျွန်းလှမြို့နယ် ​ညောင်ကိုင်းအုပ်စုတွင်းရှိ မြင်သာရွာမှ ​နေအိမ် ၁၁ လုံး၊တန့်ဆည်မြို့နယ်တွင်းရှိ စည်းသာရွာမှ ​နေအိမ် ၆၃ လုံးနှင့် ဇူလိုင်လ ၁၄ ရက်​နေ့၌ တန့်ဆည်မြို့နယ် ပုတီးရွာမှ ​နေအိမ် ၈၆ လုံးအား မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။ ဇူလိုင်လ ဒုတိယအပတ်အတွင်း ကျွန်းလှ-တန့်ဆည်အစပ်ရှိ ​ကျေးရွာများသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီနှင့်ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းအား ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး စစ်​ကောင်စီတပ်ဘက်မှ ၅ ဦး​သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိ​ကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လမှစတင်ကာ ဇူလိုင်လ၏ယခုရက်ပိုင်းများအထိ အကြမ်းဖက်စစ်​ကောင်စီသည် နယ်​မြေခံပျူ​စောထီးများအား လက်နက်တပ်ဆင်​ပေးကာ အင်အားအလုံးအရင်းဖြင့် ကန့်ဘလူ၊ကျွန်းလှနှင့်တန့်ဆည် ၃ မြို့နယ်အစပ်ရှိ သဖန်းဆိပ်ဆည်နှင့်ကင်း​တောင်(ကင်းတပ်ဆည်)အနီးတို့တွင် စစ်​ရေးလှုပ်ရှား​နေခြင်း​ကြောင့် စစ်​ဘေး​ရှောင်ရွာ​ပေါင်း ၁၃ ရွာအထိရှိ​နေကာ စစ်​ရှောင်​နေရသည်မှာ ၁ လ​နီးပါး ကြာမြင့်​နေပြီဖြစ်သည်။ #infinitygroup

ဝမ်းသာစရာပါပဲဗျာ ၁,၄၃၀,၀၀၀ ရရှိလို့ မီးစက်အတွက် အလှူခံတာ ရပ်နားပါပီဗျာ။အလှူရှင်​တွေကို ​ကျေးဇူးအထူးတင်ပါတယ်ဗျာ။

မနှစ်က နိုဝင်ဘာလထဲ အလုပ်ကိစ္စတခုနဲ့ခရီးသွားချိန် စစ်​ကြောင်းထိုး​နေလို့ လမ်းပိတ်ထားတဲ့အတွက် စစ်​ရှောင်​နေရတဲ့အသိ​တွေဆီ တညတာဝင်အိပ်ဖြစ်ခဲ့တယ်။ဒီကာလအတွင်း​ သွားလာခိုနားဖြစ်လို့တွေ့ရတဲ့ အသိ​တွေဆို​ပေမယ့် အမျိုး​တွေလို​တောင် ရင်းနှီး​နေကြပါပြီ။ စစ်​ရှောင်​နေရချိန် ​နေ​ရေးထိုင်​ရေးဒုက္ခ​ရောက်​နေကြပေမယ့် စစ်​ရှောင်တဲမှာ မုန့်လုပ်​ရောင်းသူက​ရောင်း၊သုံးဘီးဆိုင်ကယ်​ပေါ် ရွာဆိုင်ကပါသ​လောက်တင်ခဲ့တဲ့ ​ဈေးကုန်​ရောင်းသူက​ရောင်းနဲ့ ကိုယ်အဆင်​ပြေရာအရပ်​မှာ ဖြစ်သလိုခိုကပ်​နေကြတာကိုကြည့်ပီး စိတ်မ​ကောင်းဖြစ်ရုံကလွဲလို့ ​​ကျ​နော်လည်း ​ထွေထူး​တော့မတတ်နိုင်ပါ။ စစ်​ရှောင်တဲမှာ တညအိပ်ပြီး မနက်မိုးလင်း​တော့ ​ရေ​နွေးကြမ်းထိုင်​​​သောက်နေချိန် ပေါက်စီလုပ်​ရောင်းတဲ့အကိုကြီးက ​​အောက်ခံငှက်​​ပျောဖက်​​ကြောင့် အနံ့သင်း​သင်း​လေး​မွှေးနေတဲ့ အုံးသကြား​ပေါက်စီ ၄ လုံး လာချရင်း " စားကြ ငါ့ညီတို့ " ဆိုပြီး ​ဖော်​ဖော်​ရွေ​ရွေနဲ့ လာ​ကြွေး​ရှာတယ်။ အနံ့​မွှေးရုံတင်မက အရသာပါ​ကောင်းတဲ့ ​ပေါက်စီတလုံးစားအပြီး " အကို​ရေ ဘယ်​လောက်ကျလဲ " ဆို​တော့ " အလကား​ကျွေးတာပါကွာ " တဲ့ ။ ဘယ်လို​မေး​မေး ငြင်း​နေ​လေ​တော့ ကျ​နော်တို့လည်း ​စေတနာ​ကောင်းတဲ့အကိုကြီးကို " ​ကျေးဇူးပါဗျာ " ဆိုတဲ့ စကားတခွန်းပဲ ​ပြောပြီး လမ်း​ကြောင်းတချက်စုံစမ်းရင်း ခရီးဆက်လာခဲ့တယ်။ သွားရင်းလာရင်း ဒီလိုမျိုးကြုံကြိုက်လို့ ကျ​​နော်တို့ ဝင်နား၊ဝင်စားခဲ့ရတဲ့ ​နေရာတွေမနည်း​တော့ပါဘူး။တခါဝင်နားရုံပဲဖြစ်ဖြစ် ကြုံတိုင်းဝင်နားလို့ပဲဖြစ်ဖြစ် ဒီ​ခေတ်ဒီကာလထဲ ကျ​နော်တို့လိုလူငယ်​တွေကို ​ကျွေး​မွေးဖို့ဆို လက်တွန့်မ​နေကြတဲ့အပြင် ​​တော်လှန်​ရေးအတွက်ဆို ရှိစုမဲ့စုထဲကပါ ဖဲ့လှူကြတဲ့ အညာ​ဒေသကပြည်သူ​တွေဟာ အခု​တော့ကြပ်တည်း​နေကြပါပြီ။ လှူနိုင်ဖို့​နေ​​နေသာသာ မိသားစုစားဝတ်​နေ​ရေး၊ရပ်တည်​နေနိုင်​ရေး ပြိုလည်းမသွား​အောင် မနည်းရုန်းကန်​နေရတဲ့ကာလ။ဒီ​တော့ ဒီကာလမှာ အလုပ်အကိုင်အဆင်​ပြေပီး ဝင်​ငွေ​ကောင်းတဲ့ ပြည်ပ​ရောက်​နေသူ​တွေ၊စီးပွား​ရေးဖြစ်ထွန်း​နေသူ​တွေ အ​နေနဲ့ အရင်ကထက်ပိုပြီး အားစိုက်ကူကြဖို့ ​မေတ္တာရပ်ခံပါတယ်။ ​ရှေ့ရက်များမှာ ဒရုန်းဘက်ထရီအားသွင်းနိုင်ရန်အတွက် မီးစက်ဝယ်နိုင်ဖို့ အလှူခံ​ထားပါတယ်ဗျာ။Target က မြန်မာ​ငွေ ၁၅ သိန်းဝန်းကျင်ဆို​ပေမယ့် အခုချိန်ထိ ၆ သိန်း ၃ ​သောင်းသာ ရရှိထားပါ​သေးတယ်။ဒီလို​မြန်မာငွေ​ဈေးကျ​နေချိန် ပစ္စည်းတခုဝယ်ဖို့အတွက် အချိန်ကြာ​လေ ပစ္စည်း​ဈေးတက်​လေ မ​ကောင်း​လေပါပဲဗျာ။ ဒီ​တော့ ​နောက်ထပ် ၇ သိန်း ၈ သိန်း​လောက်ရရင်ကို သူတို့အဖွဲ့ လို​အပ်နေတဲ့ မီးစက်တလုံး​​တော့ သေချာ​ပေါက်ရမှာပါ။ဒါ​ကြောင့် တိုက်ရိုက်လှူချင်သူ​တွေအ​နေနဲ့လည်း သူတို့နဲ့ ချိတ်ဆက်​ပီး လှူနိုင်သလို ကျ​နော်တို့ထံက​နေတဆင့်လည်း လှူနိုင်ပါတယ်ဗျာ။ 14 July,2024 ကိုအနန္တ​ရေးသည် ဆက်သွယ်ရန် @iggp21 #infinitygroup

photo content

မနှစ်က နိုဝင်ဘာလထဲ အလုပ်ကိစ္စတခုနဲ့ခရီးသွားချိန် စစ်​ကြောင်းထိုး​နေလို့ လမ်းပိတ်ထားတဲ့အတွက် စစ်​ရှောင်​နေရတဲ့အသိ​တွေဆီ တညတာဝင်အိပ်ဖြစ်ခဲ့တယ်။ဒီကာလအတွင်း​ သွားလာခိုနားဖြစ်လို့တွေ့ရတဲ့ အသိ​တွေဆို​ပေမယ့် အမျိုး​တွေလို​တောင် ရင်းနှီး​နေကြပါပြီ။ စစ်​ရှောင်​နေရချိန် ​နေ​ရေးထိုင်​ရေးဒုက္ခ​ရောက်​နေကြပေမယ့် စစ်​ရှောင်တဲမှာ မုန့်လုပ်​ရောင်းသူက​ရောင်း၊သုံးဘီးဆိုင်ကယ်​ပေါ် ရွာဆိုင်ကပါသ​လောက်တင်ခဲ့တဲ့ ​ဈေးကုန်​ရောင်းသူက​ရောင်းနဲ့ ကိုယ်အဆင်​ပြေရာအရပ်​မှာ ဖြစ်သလိုခိုကပ်​နေကြတာကိုကြည့်ပီး စိတ်မ​ကောင်းဖြစ်ရုံကလွဲလို့ ​​ကျ​နော်လည်း ​ထွေထူး​တော့မတတ်နိုင်ပါ။ စစ်​ရှောင်တဲမှာ တညအိပ်ပြီး မနက်မိုးလင်း​တော့ ​ရေ​နွေးကြမ်းထိုင်​​​သောက်နေချိန် ပေါက်စီလုပ်​ရောင်းတဲ့အကိုကြီးက ​​အောက်ခံငှက်​​ပျောဖက်​​ကြောင့် အနံ့သင်း​သင်း​လေး​မွှေးနေတဲ့ အုံးသကြား​ပေါက်စီ ၄ လုံး လာချရင်း " စားကြ ငါ့ညီတို့ " ဆိုပြီး ​ဖော်​ဖော်​ရွေ​ရွေနဲ့ လာ​ကြွေး​ရှာတယ်။ အနံ့​မွှေးရုံတင်မက အရသာပါ​ကောင်းတဲ့ ​ပေါက်စီတလုံးစားအပြီး " အကို​ရေ ဘယ်​လောက်ကျလဲ " ဆို​တော့ " အလကား​ကျွေးတာပါကွာ " တဲ့ ။ ဘယ်လို​မေး​မေး ငြင်း​နေ​လေ​တော့ ကျ​နော်တို့လည်း ​စေတနာ​ကောင်းတဲ့အကိုကြီးကို " ​ကျေးဇူးပါဗျာ " ဆိုတဲ့ စကားတခွန်းပဲ ​ပြောပြီး လမ်း​ကြောင်းတချက်စုံစမ်းရင်း ခရီးဆက်လာခဲ့တယ်။ သွားရင်းလာရင်း ဒီလိုမျိုးကြုံကြိုက်လို့ ကျ​​နော်တို့ ဝင်နား၊ဝင်စားခဲ့ရတဲ့ ​နေရာတွေမနည်း​တော့ပါဘူး။တခါဝင်နားရုံပဲဖြစ်ဖြစ် ကြုံတိုင်းဝင်နားလို့ပဲဖြစ်ဖြစ် ဒီ​ခေတ်ဒီကာလထဲ ကျ​နော်တို့လိုလူငယ်​တွေကို ​ကျွေး​မွေးဖို့ဆို လက်တွန့်မ​နေကြတဲ့အပြင် ​​တော်လှန်​ရေးအတွက်ဆို ရှိစုမဲ့စုထဲကပါ ဖဲ့လှူကြတဲ့ အညာ​ဒေသကပြည်သူ​တွေဟာ အခု​တော့ကြပ်တည်း​နေကြပါပြီ။ လှူနိုင်ဖို့​နေ​​နေသာသာ မိသားစုစားဝတ်​နေ​ရေး၊ရပ်တည်​နေနိုင်​ရေး ပြိုလည်းမသွား​အောင် မနည်းရုန်းကန်​နေရတဲ့ကာလ။ဒီ​တော့ ဒီကာလမှာ အလုပ်အကိုင်အဆင်​ပြေပီး ဝင်​ငွေ​ကောင်းတဲ့ ပြည်ပ​ရောက်​နေသူ​တွေ၊စီးပွား​ရေးဖြစ်ထွန်း​နေသူ​တွေ အ​နေနဲ့ အရင်ကထက်ပိုပြီး အားစိုက်ကူကြဖို့ ​မေတ္တာရပ်ခံပါတယ်။ ​ရှေ့ရက်များမှာ ဒရုန်းဘက်ထရီအားသွင်းနိုင်ရန်အတွက် မီးစက်ဝယ်နိုင်ဖို့ အလှူခံ​ထားပါတယ်ဗျာ။Target က မြန်မာ​ငွေ ၁၅ သိန်းဝန်းကျင်ဆို​ပေမယ့် အခုချိန်ထိ ၆ သိန်း ၃ ​သောင်းသာ ရရှိထားပါ​သေးတယ်။ဒီလို​မြန်မာငွေ​ဈေးကျ​နေချိန် ပစ္စည်းတခုဝယ်ဖို့အတွက် အချိန်ကြာ​လေ ပစ္စည်း​ဈေးတက်​လေ မ​ကောင်း​လေပါပဲဗျာ။ ဒီ​တော့ ​နောက်ထပ် ၇ သိန်း ၈ သိန်း​လောက်ရရင်ကို သူတို့အဖွဲ့ လို​အပ်နေတဲ့ မီးစက်တလုံး​​တော့ သေချာ​ပေါက်ရမှာပါ။ဒါ​ကြောင့် တိုက်ရိုက်လှူချင်သူ​တွေအ​နေနဲ့လည်း သူတို့နဲ့ ချိတ်ဆက်​ပီး လှူနိုင်သလို ကျ​နော်တို့ထံက​နေတဆင့်လည်း လှူနိုင်ပါတယ်ဗျာ။ 14 July,2024 ကိုအနန္တ​ရေးသည် ဆက်သွယ်ရန် @iggp21 #infinitygroup

ဒီကာလ ​ဝင်​ငွေကောင်းတဲ့သူ​တွေလည်း ကျ​နော်တို့ page ကို​စောင့်ကြည့်တဲ့အထဲရှိကြမှာပါ။၁၅ သိန်းဝန်းကျင်ဆိုတဲ့ပမာဏဟာ ကျ​နော်တို့အတွက် ခက်ခဲ​ပေမယ့် ခင်ဗျားတို့လိုလူ​တွေအတွက် မ​ပြောပ,ပါဘူးဗျာ။KBZ Pay,Wave Pay,Nug Pay အကုန်ရပါတယ်။ဒီ​တော့ မြန်မြန် လာကူ​ပေးကြပါအုံး​ဗျာ..... 7 July,2024 ကိုအနန္တ​ရေးသည် ဆက်သွယ်ရန် @iggp21 #infinitygroup

လွန်ခဲ့တဲ့ ၂ လ​လောက်က စစ်ကိုင်းတိုင်းထဲက ​တော်လှန်​ရေးအင်အားစု​​တွေ အား​ကောင်းတဲ့ရွာကြီးတရွာကို ကိစ္စတခုနဲ့​ရောက်​တော့ စိတ်ဝင်စားစရာ​တွေအများကြီး ​တွေ့ခဲ့ရတယ်။အဲ့ဒီရွာကြီးမှာ ကုန်စုံဆိုင်၊လက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်၊အထည်ဆိုင် စသဖြင့် မြို့​လောက်နီးနီး ဝယ်ခြမ်းစရာ၊စား​သောက်စရာ ဆိုင်တွေအများကြီးနဲ့ ​တော်​တော်စုံတယ်ပြောရမယ်။ ကျ​နော်နဲ့ချိန်းထားတဲ့ အသိတ​ယောက်က ဖုန်းဆက်ပီး " ငါ့​ကောင်ရေ ....ဆိုင်ကိုလာခဲ့။အဲ့က ​စောင့်​နေမယ်။ " ဆို​တော့ သူ​ပြောတဲ့ဆိုင်ကို ​မေးမြန်းပီး လိုက်ရှာ​တော့ ဘီယာဆိုင်။ဘီယာဆိုင်မှ ​တော်​တော်လူကျတဲ့ဆိုင်။ကျ​နော်လည်း ​ဆိုင်ထဲဝင်ပြီး တောင်ရှာ​​မြောက်ရှာနဲ့ ချိန်းထားတဲ့အသိက ဆိုင်ရဲ့​​​​နောက်​ကျော ထောင့်က စားပွဲဝိုင်းမှာ ထိုင်းနိုင်ငံထုတ် ဘီယာ ၁ ဗူးရယ်၊အမြည်းတပွဲရယ်၊ဟင်းရည် ၁ ပွဲရယ်နဲ့ပွဲ​တော်တည်ပြီး ပြုံးစိစိနဲ့ ကျ​နော့်ကို လက်ပြနှုတ်ဆက်ပီးလှမ်း​ခေါ်တယ်။ " လာ ထိုင်။တခုခုမှာ​လေ။ " လို့ဆိုတော့ V-code တဗူးလှမ်းမှာရင်း ပတ်ဝန်းကျင်​စူးစမ်းကြည့်​ချိန် ​ဘေးချင်းကပ်လျက်မလှမ်းမကမ်းက ​အရက်ဘီယာအစုံ၊အမြည်းပွဲအပြည့်ချထား​တဲ့စားပွဲဝိုင်းရဲ့တဖက်တချက်စီမှာ ပစ္စတိုခါးချိတ်ထားတဲ့ ခပ်ဝဝလူရယ်၊ခပ်​တောင့်တောင့်လူ​သုံးယောက်ရယ်က မျက်နှာချင်းဆိုင်ထိုင်ပြီး အာ​ပေါင်အာရင်းသန်သန်​စကား​ပြောငြင်းခုန်ရင်း ​သောက်စား​နေ​ချိန် စစ်လက်နက်ပစ္စည်းအစုံနဲ့ လူငယ်တချို့က မက်တပ်ရပ်​နေလျက်။ စားပွဲထိုးမိန်းမငယ်တဦးက ကျ​နော့်​ရှေ့ အ​အေးဗူးလာချရင်း " အကိုတို့ လိုအပ်တာရှိ​ ပြောပါရှင့် " ဆိုပြီး လှည့်ထွက်သွား​တော့ ကျ​နော်တို့နှစ်​ယောက်စကားလက်ဆုံကျနေမိတယ်။တော်လှန်​ရေးကာလမှ အလုပ်ကိစ္စနဲ့ဆက်စပ်ပြီး တ​ယောက်နဲ့တ​ယောက်ခင်မင်ကြ​ပေမယ့် ပွင့်ပွင့်လင်းလင်းတရင်းတနှီးပဲ ကျ​နော်တို့ ​ဟိုအ​ကြောင်း၊ဒီအ​ကြောင်း ပြောဖြစ်ကြတာများတယ်။ ကျ​နော်တို့ ခဏတဖြုတ်စကားလက်စပြတ်သွားချိန် ​ဘေးချင်းကပ်လျက်စားပွဲဝိုင်းက ပိုက်ဆံရှင်းဖို့ စားပွဲထိုး​လှမ်းခေါ်​တော့ ကျ​​နော့်အမြင်အာရုံက သူတို့ဘက်​​ရောက်သွားတယ်။စားပွဲထိုး​မိန်းမငယ်ရောက်လာပြီး " ၅ သိန်း ....​ထောင် ကျတယ်ရှင့် " ဆို​တော့ ဝိုင်းထဲက ခပ်ဝဝလူက " ကျ​နော်ရှင်းမယ် အကိုကြီး ...​ဂေ့...​အေ့ " ။​နောက် သူ့စလွယ်အိတ်ထဲက​နေ တ​​သောင်းတန်​ငွေစက္ကူအထပ်လိုက်ထုတ်ပြီး တရွက်ချင်း​အေး​ဆေး​ရေတွက်ကာ စားပွဲထိုးဆီကမ်း​ပေးလိုက်တယ်။ သူတို့ဝိုင်းဆီ​ရောက်​နေတဲ့ ကျ​နော့်အကြည့်​တွေကို တခြားဝိုင်း​က ငမူးတွေဘက်လွှဲလိုက်​တယ်။​နောက် ကျ​နော်နဲ့တဝိုင်းထဲထိုင်​နေတဲ့ အသိကို " ခင်ဗျားတို့နယ်ဘက် အ​ခြေအ​နေဘယ်လိုရှိလဲဗျ။​ " ဆို​တော့ " ဒီလိုပါဘဲ ငါ့​ကောင်ရာ လူအများစုက အရင်နှစ်​တွေကလို အဆင်မ​ပြေကြ​တော့ဘူး။အစစအရာရာ ​ဈေးကကြီးနဲ့ ကြာ​တော့ကြပ်တည်းကုန်ပီ။အဆင်​ပြေတဲ့လူ​​တွေတော့ ​ပြေ​နေကြတာပဲ။မင်းလည်းမြင်​နေတာပဲ​လေ။ " တဝက်ကျန်​နေ​သေးတဲ့ အ​အေးဗူးကို အမြှုပ်ထ​အောင် ဖန်တလဲလဲလှုပ်ရင်း ကျ​နော့်​ခေါင်းထဲမှာ အ​တွေးစ​တွေကအပြည့်။တချို့လည်း ​စော​စောက ကျ​နော်မြင်လိုက်တဲ့မြင်ကွင်းမျိုး မြင်ပြီး ကိုယ်ကသာ မစားရက်မ​သောက်ရက် လှူ​နေရတာ၊သူတို့ကျ ဒီလိုမျိုး သုံးဖြုန်းရက်တယ်ဆိုတာမျိုး စိတ်ခုပြီး တော်လှန်​ရေးအ​ပေါ်​လက်လွတ်စပယ်​ ကောက်ချက်ချသွားကြပုံရတယ်။ အထက်ကဖြစ်ရပ်မျိုး​ကြောင့် တော်လှန်​ရေးအ​ပေါ် အနှုတ်လက္ခဏာ​ဆောင်ပြီး ​ကောက်ချက်ချသွားတဲ့ လူ​တွေ ဘယ်​​လောက်​တောင်ရှိ​နေပြီလဲ​တော့ ကျ​နော်မ​ပြောတတ်ပါ။အ​ရေအတွက်အားဖြင့်​​တော့ များမယ်လို့​တောင် ကျ​နော်မထင်ပါ။ဒီ​နေ့​ခေတ်လူ့အသိုင်းအဖွဲ့အစည်းဟာ အရင်က ကျ​နော်တို့မိဘများ​ခေတ်နဲ့မတူ​အောင်ကို အသိဉာဏ်ကြွယ်ကြပါတယ်။ လူတ​ယောက် အကျင့်ပျက်လို့၊လူတစုမ​ကောင်းကြလို့ လူ့အသိုင်းအဝိုင်းတခုလုံးက ပျက်ဆီးသွားတာမှမဟုတ်တာဗျာ။အဲ့ဒီလူတ​ယောက်၊လူတစုကို ခင်ဗျားတို့ ကျ​နော်တို့လိုလူ​တွေက ထိန်း​ကျောင်းလို့ရရင် ထိန်း​ကျောင်းကြမယ်။ထိန်း​ကျောင်းမရရင် ကျ​နော်တို့လူ့အသိုင်းအဝိုင်းထဲက​နေ အချိန်တခု​ရောက်တဲ့အခါ ဖယ်ကျဥ်ပစ်လို့ရနိုင်တာပဲ။ ခင်ဗျားတို့ ကျ​နော်တို့ ဒုက္ခတွင်းနက်​နေချိန်မှာ ဒီလိုလူမျိုး​တွေဟာ ကပ်ပါး​ကောင်​တွေလို အလိုက်သင့် ရှိ​နေအုံးမှာပဲ။ဒီ​တော့ ကျ​နော်တို့​တွေ လုပ်စရာရှိတာကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ်ကြရမယ်။ဒါမှသာ ​တော်လှန်​ရေးရဲ့​ခြေလှမ်းဟာ အ​ရွေ့မြန်မှာ။ဒါ​ကြောင့် ​မြေပြင်မှာ တကယ်အလုပ်လုပ်​နေတဲ့ ရဲ​ဘော်​တွေ၊တပ်ဖွဲ့​တွေကို ​မတုန့်မဆိုင်း ​ပေးကူကြပါ။ ကိုယ်ရှာထားတဲ့ ​ချွေးနည်းစာထဲက​နေ ​တော်လှန်​ရေးအတွက် ပါဝင်လိုက်ရတာဟာ အသက်​ပေးသွားတဲ့သူ​​တွေ၊ကိုယ်လက်အင်္ဂါဆုံးရှုံးလိုက်ရသူ​တွေ၊ဘဝပျက်သွားသူ​တွေနဲ့စာရင် မ​ပြောပ,ပါဘူး။ဒီ​တော့ ​ရှေ့ရက်က ကျ​နော်​ပြောထားတဲ့ ဒရုန်းအဖွဲ့တဖွဲ့အတွက် မီးစက်ဝယ်နိုင်ဖို့ အလှူ​ခံတာမှာ ၄ ပုံ,ပုံမှ ၁ ပုံပဲရပါ​သေးတယ်။ဒါ​တောင် အရင်တရက်က စကား​ပြောစက်ဝယ်ပီးပိုတဲ့​ငွေထဲကပါ​ ပေါင်းထားလို့။

မှတ်မှတ်ရရ ၁၀၂၇ စစ်ဆင်​ရေးမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်​ကုန်ပိုင်းလောက်က ​ကန့်ဘလူနယ်ရဲ့အနီးဆုံးက ကောလင်းမြို့ကို PDF ​တွေ သိမ်းနိုင်ခဲ့သလို စစ်ကူစစ်​ကြောင်းကို​တောင် ကြားဖြတ်တိုက်ခဲ့တာ ​အောင်မြင်မှု​တော်​တော်ရခဲ့တယ်လို့​ပြောရမယ်။ ​နောက် ကန့်ဘလူနယ်နဲ့ထိစပ်​နေတဲ့ အနီးစပ်ဆုံး တန့်ဆည်မြို့ကို​တောင် PDF ​တွေ ဝင်သိမ်းခဲ့​သေးတယ်။တမြို့လုံးသိမ်းနိုင်ဖို့အ​နေ​အထားကောင်းတခုရခဲ့တယ်လို့​တောင်ဆိုရမယ်။စစ်​ကောင်စီရဲ့ လူအင်အားကို အဓိကဖြည့်တင်း​ပေးနေတဲ့ ကန့်ဘလူနဲ့​ရေဦးလိုမြို့​တွေကို တပြိုင်တည်းဝင်မစီးနိုင်လို့သာ တန့်ဆည်မြို့ကို မရလိုက်တာဖြစ်တယ်။ ဘယ်လိုပဲဆိုဆို ​ရှမ်း​မြောက်ကသ​န္ဓေတည်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေးရဲ့ ပထမတ​ကြော့မှာတင် စစ်ကိုင်းတိုင်းထဲက မြို့တချို့နဲ့စစ်စခန်း​တချို့ကို ​တော်လှန်​ရေးပူး​ပေါင်းတပ်​တွေ အခုထိတိုင် ထိန်းချုပ်ထားနိုင်ဆဲပဲ။ ရှမ်း​မြောက်က ၁၀၂၇ စစ်ဆင်​ရေး အပစ်ရပ်သွားတဲ့ကာလ မကြာခင်မှာပင် ​ကောလင်းမြို့ပြန်​ပေးလိုက်ရတယ်။အနယ်နယ်အရပ်ရပ်က ​တော်လှန်​ရေးပူး​ပေါင်းအဖွဲ့​တွေ ခုခံဖို့ကြိုးစားခဲ့​ပေမယ့် စစ်​ရေးနည်းဗျူဟာ၊လူသူလက်နက်အင်အားအရ ​ကောလင်းမြို့ကို စစ်​ကောင်စီက ပြန်ထိန်းချုပ်သွားခဲ့တယ်။ အခုတခါ ၁၀၂၇ စစ်ဆင်​ရေးရဲ့ ဒုတိယတ​ကြော့တိုက်ပွဲ​တွေပြန်လာချိန် အများ​စုမျှော်လင့်မထားတဲ့ မန္တ​လေးတိုင်းထဲက မတ္တရာနဲ့စဥ့်ကူးလိုမြို့နယ်​တွေထဲထိ တိုက်ပွဲ​တွေကျယ်ကျယ်ပြန့်ပြန့်ကူးစက်လာပြီး ​တော်လှန်​ရေးအင်အားစု​တွေက ​အောင်မြင်မှု​တွေ အများကြီးရလာတယ်။ စဥ့်ကူးတို့၊လက်ပံလှတို့ဆိုတာ ရွှေဘိုမြို့မှာ ကျ​နော်တက္ကသိုလ်တက်ခဲ့တဲ့အချိန် အ​ပေါင်းအသင်း​တွေနဲ့ အလည်အပတ်မကြာမကြာသွားဖူးတဲ့​နေရာ​တွေ။ဧရာဝတီမြစ်နဲ့အတူအပြိုင်လှ​နေတဲ့ နောက်​ခံ​တောင်တန်း​တွေရဲ့အလှကို မြင်နိုင်တာ၊နဂါး​မောက်​တောင်လို သဘာဝဆန်တဲ့​နေရာ​တွေကို ​​အကုန်အကျမများပဲ နီးနီးနားနားနဲ့သွားနိုင်တာ စတဲ့အ​ကြောင်းအရာ​တွေ​ကြောင့် ​သွား​ပျော်တဲ့​နေရာ​တွေ။ အခု အဲ့လို​နေရာ​တွေထိကို ​တော်လှန်​ရေးတပ်​တွေက အသာစီးရယူလာတာဟာ နမိတ်​ကောင်း​တွေလို့ဆိုရမယ်။ဘာလို့ဆို ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် ရွှေဘိုက​နေ ၄၅ မိနစ်​လောက်သွားရင် ​ရောက်​တဲ့ခရီး။မန္တ​လေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ခြိမ်း​ခြောက်​နေရုံမကဘူး စစ်ကိုင်းတိုင်းအလယ်​ကြောကိုပါ ​ကောင်း​ကောင်းကြီးခြိမ်း​ခြောက်​နေတာ။ ရှမ်း​မြောက်နဲ့အတူ မန္တ​လေးတိုင်းထဲက ​အောင်ပွဲသတင်း​တွေကို နားစွင့်ရင်း စစ်ကိုင်းတိုင်းထဲက ​တော်လှန်​ရေးအင်အားစု​တွေကလည်း တိုက်ပွဲဝင်ရမယ့်ရက်​တွေကို ​အားတက်သ​ရောနဲ့​မျှော်လင့်​နေကြတာ။ဒါ​ပေမယ့် စစ်ဆိုတာ လက်နက်ခဲယမ်းပြည့်စုံမှ တိုက်ရတဲ့မျိုး​စေ့။​နောက် ​လက်နက်ခဲယမ်းပြတ်​တောက်မသွား​အောင် ထောက်ပို့ပိုင်းကအစ မလစ်ဟင်းရ​အောင် ပြင်ဆင်ကြရတာ။ အခု ကျ​နော့်ဆီကို ​ရှေ့တန်းစစ်​မြေပြင်သွားတဲ့အခါ ဒရုန်းမှာတပ်ဆင်တဲ့ ဘက်ထရီအားသွင်းဖို့အခက်အခဲရှိ​နေကြောင်း​ပြောလာတဲ့အဖွဲ့ရှိပါတယ်။​ဒရုန်းတခါပျံပီး ဘက်ထရီတလုံးလဲဆို​တော့ လဲစရာဘက်ထရီကုန်သွားရင် အားပြန်ဖြည့်ဖို့လိုပါတယ်။အဲ့​တော့ စစ်​မြေပြင်က အားကုန်​နေတဲ့ဘက်ထရီ​တွေကို ​နောက်တန်းကမီးစက်ရှိရာထိ​ ဝေး​ဝေးလံလံသွားပီး အားသွင်း​နေရင် အလုပ်ကမဟုတ်ပြန်ဘူး။ ဒီ​တော့ သူတို့လို​နေတာ ဘယ်အရပ်ကိုပဲစစ်ဆင်​ရေးသွားသွား ​ပေါ့​ပေါ့ပါးပါးသယ်သွားလို့ရတဲ့ မီးစက်မျိုးပါ။ကျ​နော်တို့နယ်ဘက်မှာ လျှပ်စစ်မီး​တွေဖြတ်ခံထားရလို့ ဒရုန်းဘက်ထရီအားသွင်းဖို့ဆိုရင် မီးစက်ကိုပဲ အဓိကအားထားရတာ။အဲ့​တော့ မီးစက်​လေး ၁ လုံးဝယ်နိုင်​အောင် ဝိုင်းဝန်းကူညီကြဖို့ ​မေတ္တာရပ်ခံပါတယ်ဗျာ။ မြန်မာ​ငွေ ၁၅ သိန်းဝန်းကျင်ဆိုရင် သူတို့အဖွဲ့အတွက် ဘယ်အရပ်​ဒေသကိုပဲဖြစ်ဖြစ် သယ်ရပြုရလွယ်ကူတဲ့ မီးစက် ၁ လုံးရပါတယ်။မျက်နှာပူပူနဲ့ မီးစက် ၁ လုံးဝယ်နိုင်ဖို့ အလှူခံပါတယ်ဗျ။တိုက်ရိုက်ဆက်သွယ်ပီးလှူချင်ရင်လဲ ချိတ်ဆက်​ပေးပါမယ်ဗျာ။ 5 July,2024 ကိုအနန္တ​ရေးသည် #infinitygroup

ကန့်ဘလူနယ် ကုန်ကား၊ခရီးသည်ကား အဝင်အထွက်​တွေ ပိတ်ခံထားရတာ ၁ ပတ်​ရှိ​နေပါပြီ။ ​ကန့်ဘလူ–စံပယ်နံ့သာ–မြစ်ကြီးနား လမ်းပိုင်း ​ရွှေဘို–စံပယ်နံ့သာ–ကန့်ဘလူ–ကျွန်းလှ လမ်းပိုင်း ​ရွှေဘို–မလယ်လမ်းဆုံ–ဇီးကုန်း–ထန်းကုန်း–ကန့်ဘလူ လမ်းပိုင်း ကန့်ဘလူနယ်တွင်းလမ်းပိုင်းအားလုံး လုံးဝသွားလို့မရပါ။ #infinitygroup

ရှမ်းမြောက်တကြော့ပြန်တိုက်ပွဲ စစ်ရှုံးနေချိန် ဝါသဝနှင့်ပျူစောထီးအဖွဲ့ ကန့်ဘလူမြို့ပေါ်၌ လှည့်လည်အင်အားပြနေ ဇူလိုင် ၄ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေး၏ အပိုင်း ၂ အဖြစ် TNLA နှင့် မဟာမိတ်တပ်များက ထိုးစစ်တဖန်ပြုလုပ်ချိန် စစ်စခန်းများဆုံးရှုံးနေသော စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ပျူစောထီးအားကောင်းရာ ကန့်ဘလူမြို့ပေါ်တွင် ဇူလိုင်လ ၄ ရက် ယနေ့မနက် ၇း၀၀ ခန့်မှစတင်ကာ အင်အား ၅၀၀ ခန့်ဖြင့် လှည့်လည်အင်အားပြနေကြောင်း သိရသည်။ G3,MA 1 စသည့်လက်နက်ကောင်းများအနည်းငယ်သာပါဝင်ကာ ကာဘိုင်သေနတ်အများဆုံးကိုင်ဆောင်ထားသည့် အင်အား ၅၀၀ ခန့်ပါ သင်တန်းဆင်းပျူစောထီးများအား ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းမှစ၍ မြို့ထဲလမ်းမပေါ်တွင် ခြေလျင်လျှောက်ခိုင်းကာ ဝါသဝမှ လော်စပီကာဖြင့် ဝင့်ကြွား၍အော်ဟစ်ကာ တမြို့လုံးလှည့်ပတ်အင်အားပြနေကြောင်း သိရသည်။ " ဝါသဝနဲ့သူ့အကောင်တွေက ဒီနေ့မနက် တမြို့လုံးပတ်ပီး အင်အားပြနေတာဟုတ်တယ်။စုစုပေါင်း ခြေလျင်ရော ကား၊ဆိုင်ကယ်နဲ့ဆို ၅၀၀ လောက်ရှိမယ်။လက်နက်ကြီးတင်တဲ့ကားရယ် ဒရုန်းတွေပါတဲ့ကားရယ် အဲ့ဒါတွေလဲမြင်တယ်။မြန်မြန်မသာပေါ်ကြပါစေ ဆုတောင်းတယ်။ " လို့ မြို့ခံတဦးက Infinity Group သို့ပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်စတင်သော ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်များက ဟန်ချက်ညီညီသိမ်းပိုင်းနိုင်ခဲ့သည့် ကောလင်းမြို့အား ပြန်လည်သိမ်းယူမည်ဟုဆိုကာ အင်အား ၃၀၀ ခန့်ဖြင့်ချီတက်သွားသော ဝါသဝ၏ ပျူစောထီးစစ်ကြောင်းမှာ တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀၀ ဝန်းကျင်သေဆုံးပြီး ဖရိုဖရဲဖြစ်ကာ စစ်ကြောင်းပျက်၍ တပ်ဆုတ်ပြေးခဲ့သေးသည်။ ဓာတ်ပုံ(စစ်ကောင်စီလော်ဘီ)-၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၂ ရက်နေ့က ကန့်ဘလူမြို့၌ပြုလုပ်သော ပျူစောထီးသင်တန်းဆင်းပွဲတခု #infinitygroup

photo content
+2

ဝမ်းသာစရာပါပဲဗျာ အလှူငွေ ၄၅၀,၀၀၀ ကျပ်တိတိရလို့ ရဲဘော်ညီငယ်အတွက် စကားပြောစက်ဝယ်ဖို့အလှူခံတာ ပိတ်ပါပီဗျာ။

ဒီအချိန် ဒီကာလ မျက်နှာအပူဆုံးကိစ္စပြောပါဆိုရင် အလှူခံရတာပဲ။ဒါကြောင့်လည်း ကျနော်တို့ အလှူခံနားထားတာ တော်တော်ကြာခဲ့ပါပြီ။Page chat box ကနေ လှူမယ်လို့ လာပြောတဲ့သူတွေဆိုရင်တောင် လိုအပ်မှလာလှူပေးပါဆိုပြီး ငြင်းခဲ့ဖူးတာမျိုးပါ။ လိုအပ်မှလာလှူလို့ပြောလိုက်တာမျိုးက မလိုအပ်ဘူးလို့ဆိုလိုတာမဟုတ်ပါ။လိုအပ်နေတဲ့နေရာတွေမှ အများကြီး။တချို့လည်း အချိတ်အဆက်ကောင်းလို့ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လှူလိုက်ကြတာမျိုးလည်း ရှိကြတယ်။တချို့လည်း လှူရကောင်းမှန် မသိကြဘူး။ လှူရကောင်းမှန်းမသိဘူးလို့ပြောလိုက်တာက စော်ကားတာတော့မဟုတ်ဘူး။ဗမာလူမျိုးတွေ ထုံးစံအတိုင်း ဘုရားရှေ့ချထားတဲ့အလှူခံပုံးထဲထည့်မှ လှူတယ်လို့ တချို့ကထင်နေကြတုန်း။တကယ်က မရှိတဲ့နေရာတွေ၊ဆင်းရဲဒုက္ခရောက်တဲ့နေရာတွေကို ပေးဝေလိုက်ရင်လည်း လှူတာပါပဲ။ အခုကာလမျိုးမှာ လှူတယ်လို့ပြောတာထက် မျှဝေတယ်လို့ဆိုရင် ပိုပြီးအဓိပ္ပာယ်ရှိမယ်ထင်ပါတယ်။ကိုယ်မှာ ပိုလျှံနေလို့ဆိုတာထက် စားဖို့သောက်ဖို့ အလုံအလောက်ရှိနေရင်ကို တော်ပီဆိုပြီး ဒုက္ခရောက်နေတဲ့နေရာတွေ၊လိုအပ်နေတဲ့နေရာတွေဆီ မျှဝေပေးလိုက်တဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ရာခိုင်နှုန်းအားဖြင့်တော့ နည်းသေးတယ်လို့ဆိုရမယ်။ လိုအပ်တဲ့နေရာတွေမျှဝေပေးလိုက်လို့ အကျိုးရှိတယ်ဆိုရင် ဒါဟာ တကယ်ထိရောက်တဲ့အလှူလို့ဆိုရမယ်။ဥပမာ ဘယ်အရပ်သွားသွား နေရာတကာဘီယာအဝသောက်နေရတဲ့ တပ်ရင်းမှူးတယောက်ကို မုန့်ဖိုးဆိုပြီးပေးလိုက်ရင် ခင်ဗျားတို့အလှူဟာ အကျိုးယုတ်လျော့တယ်လို့ဆိုရမယ်။ ဒီတော့ မြေပြင်အောက်ခြေကရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူတွေက တကယ်ကိုမျှဝေမှုကောင်းကောင်းလုပ်နိုင်သူတွေလို့ဆိုရမယ်။ဒါ့အပြင် စစ်ဘေးရှောင်နေရလို့ စားဝတ်နေရေးကြပ်တည်းနေသူတွေရဲ့ လိုအပ်ချက်ကို တက်စွမ်းသလောက်ဖြည့်ဆည်းပေးနိုင်ရင်လည်း ကောင်းမွန်တဲ့မျှဝေမှုလို့ဆိုနိုင်ပါတယ်။ ဒီရက်ပိုင်း ကျနော့်ဆီကိုအခက်အခဲတွေ ကြုံနေရကြောင်း၊လိုအပ်ချက်တွေရှိနေကြောင်း ပြောလာသူတွေ များနေပါပြီ။ကိုယ်တိုင်ကလည်း တနေရာနဲ့တနေရာသွားဖို့ ဆိုင်ကယ်ဆီဖိုးတောင် မနည်းရှာကြံနေရတဲ့ အခြေအနေ။ဒီတော့ ထုံးစံအတိုင်း မျက်နှာပူပူနဲ့ အလှူခံပါရစေ။ လိုအပ်ချက်တွေအများကြီးထဲက တခုဖြစ်တဲ့ မြေပြင်မှာ တော်လှန်ရေးအစထဲက ဆက်သွယ်ရေးနဲ့စစ်ရေးသတင်းတွေထောက်လှမ်းရယူနေတဲ့ ရဲဘော်တယောက်က စကားပြောစက် ၁ လုံးရချင်ပါတယ်တဲ့။ဖုန်းလိုင်းတွေ ဖြတ်ခံထားရတဲ့ ကျနော်တို့ကန့်ဘလူနယ်ထဲက ဒီလိုလူမျိုးက စကားပြောစက် ၁ လုံးတောင်မရှိတာ မဖြစ်သင့်ပါဘူးဗျာ။ မြန်မာငွေ ၂ သိန်းနဲ့ ၃ သိန်းကြားဆို သူလိုချင်တဲ့ စကားပြောစက်လေး ၁ လုံးတော့ သေချာပေါက်ရမှာပါ။အဲ့ဒါကြောင့် အဆင်ပြေတဲ့ မျှဝေချင်သူများ ကျနော်တို့ထံ ဆက်သွယ်ပေးပါခင်ဗျာ။အလှူခံပါတယ်ခင်ဗျာ။တိုက်ရိုက်အဆက်သွယ်လုပ်ပီး လှူချင်ရင်လည်း ချိတ်ဆက်ပေးပါ့မယ်ခင်ဗျာ။ 3 July,2024 ကိုအနန္တရေးသည် ဆက်သွယ်ရန် @iggp21 #infinitygroup

ချင်းပြည်ကောင်စီတပ်ပေါင်းစုနှင့် ချင်းညီနောင် လေးရက်ဆက် တိုက်ပွဲဖြစ် ဟန်နွေ/People’s Spring ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်သည့် ချင်းပြည်ကောင်စီတပ်ပေါင်းစု နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် ချင်းညီနောင် မဟာမိတ်တပ်များအကြား ယနေ့(ဇွန်လ ၂၁) တိုက်ပွဲဆက်ရှိခဲ့ကြောင်း နှစ်ဖက်က အတည်ပြုသည်။ မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေသည့် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်ပေါင်းစုတို့သည် ဇွန်လ ၁၇ရက်မှစ၍ တော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ " ဒီမနက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားပါတယ်။  AA ဦးဆောင်တဲ့ တပ်ဖွဲ့များနဲ့ ချင်းလဲန်းကောင်စီ တပ်ဖွဲ့များအကြား တိုက်ပွဲရှိပါတယ်။ မနက် ၉နာရီလောက်မှာပေါ့။ ဒါပေမဲ့ အခု နေ့လယ်ပိုင်းကတော့ နည်းနည်းငြိမ်ပါတယ်။ချင်းလဲန်းကောင်စီဘက်ကလည်း AAနှစ်ယောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒီမနက်မှာတော့ ကျနော်တို့ဘက်က အကျအဆုံးအထိအခိုက်မရှိပါဘူး။ သူတို့ဘက်ကတော့ ကျနော်တို့ အသေးစိတ်မသိနိုင်သေးဘူးနော်”ဟု ချင်းပြည်ကောင်စီနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည် ချင်းညီနောင် သတင်းပြန်ကြားရေးတာဝန်ရှိသူကလည်း "အခု ချင်းလဲန်းကောင်စီဘက်ကနေ ကျနော်တို့ ချင်းညီနောင်ဘက်ကို စတင်ပြီးတော့မှ ပစ်ခတ်ပြီးတော့မှ လုပ်တဲ့အချိန်ကနေ စပြီးတော့မှ တောက်လျှောက်ထိုးစစ်ဆင်လာနေတဲ့အတွက်ကြောင့် တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲဖြစ်ပါတယ်"ဟု ဇွန်လ ၂၁ရက်တိုက်ပွဲအခြေအနေ မေးမြန်းမှုအပေါ် ပြောကြားသည်။ ချင်းညီနောင်သည် ချင်းဒေသကာကွယ်ရေးတပ်များဖြစ်သော မရာကာကွယ်ရေးတပ်(MDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ CDFမင်းတပ် ၊  CDFကန်ပက်လက်၊ PDF ဇိုလဲန်း၊ CDF မတူပီ တပ်မဟာ(၁) တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာ၌ AAနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသည်။ ယခု မတူပီတိုက်ပွဲတွင် AAတပ်ဖွဲ့ဝင် ရာချီ ပါဝင်ကာ ချင်းညီနောင်နှင့် အတူ စစ်ရေးဆောင်ရွက်နေသည်ဟု ဆိုသည်။ တစ်ဖက်တွင် CDF မတူပီ တပ်မဟာ(၂) အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်များနှင့် ချင်းအမျိုးသားတပ်မတော်(CNA)စသည့် ချင်းတော်လှန်ရေးအင်အားစု ၁၈ဖွဲ့သည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုဖြင့် စစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။ ချင်းပြည်ကောင်စီ တပ်ပေါင်းစုအနေဖြင့် မေလ  တတိယပတ်တွင် တွန်းဇံမြို့နှင့် ကျီခါးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မေလ ၃၀ရက်တွင် မတူပီ ခရိုင်ရုံးကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ အဆိုပါ တပ်စခန်းများအပါအဝင် ချင်းပြည်နယ် ရှိ မြို့အချို့နှင့် တပ်စခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၂၀ခန့်ကို ချင်းပြည် ကောင်စီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ထားသည်။ ချင်းညီနောင်အနေဖြင့်လည်း ချင်းပြည်နယ် မင်းတပ်မြို့နယ် ကျင်ဒွေးမြို့၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ စခန်း၂ခု၊ မတူပီမြို့ရှိ ခမရ (၃၀၄) တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ခမရ(၃၀၄)ကို သိမ်းပိုက်ပြီးနောက် ခလရ(၁၄၀)နှင့် မတူပီဗျူဟာကို ဆက်လက်ထိုးစစ်ဆင်ရန် ဆောင်ရွက်စဥ် ချင်းပြည်ကောင်စီ တပ်ပေါင်းစုနှင့် တိုက်ပွဲဖြစ်ခဲ့ဟု ချင်းညီနောင်က အသိပေးသည်။ ချင်းပြည်ကောင်စီ တပ်ပေါင်းစုက လည်း အဆိုပါ ခလရ(၁၄၀) တပ်ရင်းနှင့် မတူပီဗျူဟာကို ချင်းပြည်ကောင်စီဘက်က တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ချင်းညီနောင်က ကြားဝင်ပြီး ရဲဘော်တစ်ဦးကို ဖမ်းဆီးခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။ လေးရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများရှိပြီး အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။

PDF ရဲ​ဘော်လူငယ်များသို့ လက်နက်ကိုင်ပီး စစ်တပ်ကို တိုက်​နေတဲ့သူတိုင်းကို ​တော်လှန်​ရေးသမားလို့ သက်မှတ်လို့မရဘူး။ လက်နက်ကိုင်ပီး ကိုယ်ကျိုးစီးပွားလုပ်​နေတဲ့ အုပ်စုဟာ မာဖီးယားသာသာပဲရှိတယ်။ လက်နက်ကိုင်ပီး ကိုယ်ထင်ရာကိုယ်လုပ်​နေတဲ့ ​ခေါင်း​ဆောင်ဟာ ​တော်လှန်​ရေးအ​ပေါ် သစ္စာရှိမယ်မထင်နဲ့။ လက်နက်သာ ကိုင်ထားတာ ကိုယ်တိုင်က စည်းပျက်ကမ်းပျက်နဲ့ဆို ဘယ်​တော့မှ ပန်းတိုင်​ရောက်မှာမဟုတ်ဘူး။ ဒါ​ကြောင့် စည်းကမ်းပျက်တဲ့​ခေါင်း​ဆောင်​တွေကို ဖယ်ရှားကြ။ လက်နက်ကိုင်​စီးပွားရှာသမားတွေကို ဖယ်ကျဥ်ကြ။ စည်းကမ်းပြည့်ဝတဲ့တပ်တခုကို တည်​ဆောက်ကြ။ #infinitygroup