cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Infinity Group

ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တွင်း သတင်းများ​ဖော်ပြ​နေ​သော လွတ်လပ်​​သည့် ပြည်သူ့ကွန်ယက်သတင်းချန်နယ်လ် သတင်း​ပေးပို့ရန်နှင့်စုံစမ်း​မေးမြန်းရန် – ကိုအနန္တ @iggp21 ကို​ရွှေကြာ @shwekyarinfinitygroup ရင်ငြိမ်းမိုး @iggp23 ကိုဉာဏ်ဇင် @nzigp

Show more
Advertising posts
2 973
Subscribers
-324 hours
+57 days
+1430 days
Posting time distributions

Data loading in progress...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Publication analysis
PostsViews
Shares
Views dynamics
01
ကျနော်တို့ ကန့်ဘလူနယ်ဘက်က စစ်ဘေးရှောင်တွေ သတိနဲ့နေကြပါနော်။ဒီရက်ပိုင်း စစ်ကိုင်းတိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။ အခုထိတော့ ကန့်ဘလူတနယ်လုံး မိုးအုံ့နေပီး မိုးဖွဲဖွဲစရွာတဲ့နေရာရွာနေပါပီ။ကျွန်းလှနယ်ဘက်တော့ မနက် ၃း၀၀ နာရီလောက်ထဲက မိုးရှယ်ရွာနေပါတယ်တဲ့။ ချောင်းဘေး၊မူးဘေးနေပြည်သူများ မိုးကြီးရေလျှံအထူးသတိပြုကြပါ။ #infinitygroup
6850Loading...
02
ကန့်ဘလူအခြေအနေက အရင်ကထက်ဆိုးလာပါပီ။ဒီရက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖြစ်နေထိုင်တဲ့မြို့နဲ့ ပျူစောထီးကျေးရွာတွေက လူငယ်၊လူလတ်ပိုင်းတွေကို ထပ်မံပီး အတင်းအဓမ္မမဲနှိုက်တာ၊အလိုမတူပဲ စစ်မှုထမ်းခိုင်းတာတွေကို ရက်ပိုင်းခြားပီး လုပ်လာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရင်ကပျူစောထီးအဖွဲ့ဝင်လုံးဝမရှိသေးတဲ့ သင်ပန်းတော၊စန္ဒယား၊ကျောက်အိုင် အစရှိတဲ့ကျေးရွာတွေကိုလဲ အတင်းအဓမ္မလူသစ်စုဆောင်းကာ သင်တန်းပေးလာတာကို တွေ့ရပါတယ်။ပီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စစ်တပ်လော်ဘီချန်နယ်လ်တွေမှာ သင်ပန်းတောရွာကပျူစောထီးသင်တန်းဆင်းပွဲဗီဒီယိုဖိုင်ကို ထုတ်ပြန်လာတာတွေရပါတယ်။နီးစပ်သူတွေကတော့ သင်တန်းဆင်းသူဦးရေ ၁၅၀ ရှိတယ်လို့ပြောပါတယ်။ တခါ ကန့်ဘလူနယ်အနောက်ခြမ်းက မွတ်စ်လင်ဘာသာဝင်တွေအများစု နေထိုင်တဲ့ကျေးရွာတွေကိုလည်း ဒီရက်ပိုင်းမဲတွေနှိုက်ပီးလူသစ်စုရာမှာ မွတ်စ်လင်လူငယ်တွေမဲပေါက်ကြလို့ စိတ်သောကရောက်နေတယ်လို့ဆိုပါတယ်။အရင်ကလည်း မဲပေါက်တဲ့မွတ်စ်လင်လူငယ်တွေကို ရွှေဘို လေ့ကျင့်ရေး (၈) ၊ မုံရွာ နမခ တို့ဘက်ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ ကန့်ဘလူနယ် ပျူစောထီးကျေးရွာတွေဘက်က ရွာမှာအကြောင်းအမျိုးမျိုးကြောင့် အဝေးမသွားနိုင်တဲ့ အမျိုးသားလူငယ်အများစုဟာ ခရီးထွက်ဖို့သွားရာမှာ ပျူစောထီးဂိတ်တွေက ဖမ်းဆီးပီး ရွာပြန်ပို့ခံရတဲ့အဖြစ်မျိုးတွေတောင် မကြာမကြာဖြစ်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်တိုင်က စစ်မှုမထမ်းနိုင်ဘူးဆိုရင် ရွာမှာကျန်ရစ်တဲ့သူတွေက ရရာလမ်းကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်ကို ရအောင်ထွက်ကြပါ။အဝေးအလုပ်ထွက်လုပ်နေတဲ့သူတွေကလည်း ဘယ်လိုအခက်အခဲကြုံနေပါစေ နေရပ်မပြန်ပါနဲ့။ တော်လှန်ရေးထဲမပါဝင်နိုင်စေအုံးတော့ တော်လှန်ရေးကိုအနှောက်အယှက်ဖြစ်စေမယ့်လူစားမျိုးတွေအဖြစ်မခံပါနဲ့။ဝါသဝလိုအရေခြုံတယောက်ရဲ့ ဝါဒမှိုင်းအောက်ကနေ မိမိတို့အသက်ခန္ဓာကို မပေးဆပ်ပါနဲ့။စစ်ကောင်စီဟာ စစ်ရှုံးနေပီဆိုတာ မမေ့ပါနဲ့။ #infinitygroup
2 8885Loading...
03
ထိုးစစ် ၆ လအတွင်းမှာ AA ဟာ ခရီးတော်တော်ပေါက်နေပြီ။ဒီနှုန်းအတိုင်းသာဆို ၂၀၂၄ ခုနှစ်ကုန်တာနဲ့ ရခိုင်တပြည်လုံး AA ထိန်းချုပ်နိုင်မယ့်အခြေအနေလို့ဆိုနိုင်ပါတယ်။ ရခိုင်က AA ရဲ့ထိုးစစ်အောင်မြင်မှုတင်မက ​ကချင်က KIA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကလည်း ခြေသံလုံလုံနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိရာ မြစ်ကြီးနားမြို့နားထိနီးကပ်နေပီလို့သိရတယ်။ လက်နက်မစုံသေးတဲ့ အညာမြေပြန့် PDF တပ်ရင်းကရဲဘော်တွေ စိတ်ဓာတ်မကျ,ပါနဲ့။အောင်ပွဲတွေ တရက်ထက်တရက် နီးကပ်လာနေပါပြီ။ #infinitygroup
1 2880Loading...
04
ဝမ်းသာစရာပါပဲဗျာ။အလှူရှင်တွေပေါ်လာလို့ လိုအပ်တဲ့ငွေပမာဏတော့ ရသွားပီလို့ပြောပါတယ်ဗျာ။ကျနော်တို့ဆီ ထပ်မံဆက်သွယ်ထားတဲ့ အလှူရှင်များ ကူညီပေးလိုက်ကြပါအုံးဗျာ။တကယ်အခက်အခဲဖြစ်နေတဲ့ နေရာမို့ပါ။ကျေးဇူးပါခင်ဗျာ။
1 3440Loading...
05
တနေ့က ဖုန်းမပြောဖြစ်တာကြာပီဖြစ်တဲ့ တော်လှန်ရေးသမားလူငယ်တယောက်နဲ့ စကားပြောဖြစ်ကြတယ်။သူနဲ့ကျနော် အများဆုံးပြောဖြစ်ရင် အဆင်ပြေရဲ့လား၊ဘာလိုအပ်ချက်ရှိသေးလဲ စသဖြင့်နဲ့ပဲ အဆုံးသတ်တာများပါတယ်။ သူ့မှာ လူငယ်တယောက်နဲ့မမျှတဲ့ ဖိအားတွေအများကြီးရှိပါတယ်။မိသားစုကတဖက် တော်လှန်ရေးကတဖက်နဲ့ လူတိုင်းမလုပ်နိုင်တဲ့ တာဝန်မျိုးထမ်းရွက်ထားသူဖြစ်ပါတယ်။အဖွဲ့အစည်းအတွက်လိုအပ်တာတွေလဲ ပြေးပီးစီမံလိုက်ရ မိသားစုစားဝတ်နေရေးအတွက်လဲ မနိုင်တနိုင်ထမ်းပေးရနဲ့ သိပ်တော့အဆင်မပြေလှပါ။ အခုလဲ လာမယ့်မိုးတွင်း စစ်ကြောင်းထိုးရင် တောထဲစစ်ရှောင်တဲတွေကသူတွေ တခြားရွာတွေဖက် သွားရလာရ(ပြေးဖို့လွှားဖို့)အဆင်ပြေစေဖို့ လမ်းဖောက်တာ ၅ သိန်းခွဲဝန်းကျင်လောက်ကျတယ်လို့​ပြောပါတယ်။ ကျတဲ့ကုန်ကျငွေကို ဟိုကဆွဲ ဒီကဆွဲနဲ့ လောလောဆယ် အဆင်ပြေအောင်လုပ်ထားရတယ်လို့ပြောပါတယ်။အကြွေးပြန်ဆပ်ရမယ့်သဘောပေါ့။ " မလုပ်လို့ကလဲမရဘူးလေ၊မိုးတွင်းကျ ကျနော်တို့ဘက်က လမ်းတအားဆိုးတာ၊စစ်ကြောင်းထိုးရင် စစ်ရှောင်တွေ အဆင်ပြေပြေတိမ်းနိုင်ဖို့လိုတယ် " လို့ဆိုပါတယ်။ စစ်ရှောင်တွေသွားလာရတာအဆင်ပြေဖို့ လမ်းဖောက်ထားတဲ့နေရာအတွက် တကယ်လို့ ကူညီနိုင်တဲ့သူများရှိရင် ကျနော်တို့ဆီကိုဆက်သွယ်ပေးပါခင်ဗျ။​အထက်ပါလူငယ်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးပါ့မယ်။ကျနော်တို့ကနေတဆင့်တော့ အလှူခံမပေးချင်လို့ပါ။ မြေပြင်လဲရောက်မယ် မိမိတို့ကူညီတဲ့ငွေ အလေအလွင့်လဲမဖြစ်ချင်ဘူး၊တကယ်လဲ အကျိုးရှိတဲ့နေရာမျိုးလှူချင်တဲ့ဆိုတဲ့ အလှူရှင်များ ဆက်သွယ်ပေးပါခင်ဗျ။ ဆက်သွယ်ရန်- ကိုအနန္တ @iggp21 #infinitygroup
1 3541Loading...
06
ရဲဘော်ရဲဘက်စိတ်အပြည့်ရှိဖို့လိုသည် မေ ၁၅ ၊ ၂၀၂၄ ရဲဘော်တွေက ရဲဘော်စိတ်မွေးကြသလို ခေါင်းဆောင်းပိုင်းကသူတွေကလည်း ရဲဘော်စိတ်အပြည့်အဝမွေးသင့်ပါတယ်။ဘာလို့ဆို တော်လှန်ရေးကာလမှာ အားလုံးဟာ သူ့တာဝန်နဲ့သူ ကြုံသလိုအသီးသီးယူထားကြပေမယ့် ဒီအပေါ်မှာ ရာထူးတခုရထားသလို အခွင့်အရေးယူတာမျိုး၊အသားယူတာမျိုးမလုပ်သင့်ပါ။ ကျနော်နဲ့ညီအကိုတွေလို ရင်းနီးတဲ့ ရဲဘော်တယောက်က မကြာမကြာပြောဖူးတာရှိတယ်။ " အကိုရာ အဆင်မပြေပါဘူးဗျာ။ကျနော်တို့ကသာ တော်လှန်ရေးဆိုပီး စိတ်အားထက်သန်နေလို့သာ၊သူကတော့ ကျနော်တို့ဆိုမကြည့်ဘူး။သူ့တကိုယ်စာ အဆင်ပြေနေရင် ပီးရော့ဆိုတဲ့လူ။ကျနော်တို့မှာတော့ ရှူးရှဲနဲ့ စားနေရတာ။သူကျ ဘယ်လက်က တမျိုး ညာလက်ကတမျိုး ဘီယာ ၁ ဗူးဆီကိုင်ပီး သာယာနေတာ။အနေအထိုင်ကအစ မင်းသားရှုံးတယ်။ကျနော်တို့ရဲဘော်တွေမှာတော့ ပွိုင့်ဖိနပ်အစုတ်နဲ့။ " အပေါ်ကစကားတွေက ကျနော်လုပ်ကြံပြောထားတာမဟုတ်သလို အထက်ကရဲဘော်ဆီက ခံစားချက်ရှိရှိနဲ့ တသီကြီးအံထွက်လာတဲ့ စကားလုံးတွေ။ဒါတွေကိုပြောနေပြန်ရင်လည်း မြေပြင်မရှိ အွန်လိုင်းအာသာပြေတဖက်ပိတ်သမားတချို့ ကျနော့်က သပ်လျှိုနေတယ်ဆိုတာမျိုး ပြောလာလိမ့်မယ်။အဲ့လိုပြောလာတဲ့သူတွေကိုလည်း ကျနော် ဒေါသမဖြစ်ပါ။သူတို့မသိလို့ ပြောကြတာပဲလေ အချိန်တန်ရင်တော့ ကျနော်ပြောရတဲ့အကြောင်းအရင်းကို နားလည်လာမှာပါဆိုတဲ့ စိတ်နဲ့ပဲ ခွင့်လွှတ်ထားပီးသား။ ဆိုလိုရင်း ပြန်ဆက်ရမယ်ဆို အထက်ကအဖြစ်အပျက်အကြောင်းအရာလို ကြုံနေရတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေက အများသားပဲ။ဘာကြောင့် အထက်ကအရာရှိနဲ့အောက်ကရဲဘော်တွေကြား ဒီလိုဖြစ်ရသလဲဆိုရင် ဂရုမစိုက်လို့ဖြစ်တာ။ ဘယ်သူက ဂရုမစိုက်လို့ဖြစ်ရတာလဲဆို အဖြေက ရှင်းပါတယ်။အရာရှိဖြစ်သူက သူတာဝန်ယူထားတဲ့အပိုင်းကြောင့် သူပေါင်းသင်းရတဲ့ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း သူလုပ်ရတဲ့အလုပ်တာဝန်တွေကြောင့်သော်လည်းကောင်း ရဲဘော်တွေနဲ့ ထိတွေ့ဆက်ဆံတာမရှိတော့လို့ဖြစ်ပါတယ်။တချို့ဆိုရင် ၆ လကြာမှ ၁ ခါလေးတောင် သက်ဆိုင်ရာတပ်ခွဲတွေကို မရောက်ဘူးဆိုတာမျိုးရှိတယ်။ ဖြစ်သင့်လားဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ပြောရမှာပဲ။အရာရှိတယောက်ဟာ အလုပ်တာဝန်ကြောင့်ဖြစ်စေ၊သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်အပေါင်းအသင်းကြောင့်ဖြစ်စေ မိမိရဲ့သက်ဆိုင်ရာ တပ်ရင်း၊တပ်ခွဲက ရဲဘော်တွေကို ထိတွေ့ဆက်ဆံခြင်းမရှိဘူးဆိုရင် ဒါဟာ တာဝန်ပျက်ကွက်တာအပြင် ရဲဘော်ရဲဘက်စိတ်မရှိတာပဲလို့ ပြောရမှာပါ။ အရာရှိဖြစ်သူဟာ အောက်ခြေရဲဘော်ရဲဘက်တွေနဲ့ မကြာမကြာတွေ့ဆုံနေရမှာဖြစ်ပီး သူတို့လိုအပ်တာ၊သူတို့ဖြစ်ချင်တာတွေကို အမြဲတစေ နားထောင်ပေးသင့်ပါတယ်။မလုပ်ပေးနိုင်တဲ့ကိစ္စဖြစ်ပါစေအုံးတော့ ဘယ်လိုအခြေအနေလေးတော့ရှိတယ်ဆိုတာမျိုး အကျိုးအကြောင်းသင့်သင့် ပြောပြပေးနိုင်မှသာ အောက်ခြေရဲဘော်တွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုအမြဲလေးစားနေမှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ငါတို့ကျ ဘယ်လိုစားရတယ်၊ဘယ်လိုနေရတယ်၊သူကျတော့ ဘယ်လိုပါကွာဆိုတာမျိုးဟာ ရဲဘော်ရဲဘက်စိတ်ပျောက်ဆုံးဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အရာရှိဖြစ်သူတွေဟာ ထစ်ကနဲရှိ အချုပ်ထဲထည့်ဖို့၊ခြောက်ပေါက်ချဖို့လောက်ပဲ မဆုံးဖြတ်သင့်ပါ။ ဘာကြောင့် ဒီရဲဘော် အရက်ခိုးသောက်ရသလဲ၊ရည်းစားနဲ့ခိုးတွေ့ရသလဲ ကုန်ကုန်ပြောရရင် ဘာကြောင့် တပ်ပြေးဖြစ်ရသလဲဆိုတာတွေဟာ မိမိတို့အရာရှိဖြစ်သူတွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်လို့ပဲ မှတ်ယူသင့်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးကာလအတွင်းမှာ မိမိကိုယ်ကို အခွင့်ထူးခံဆိုတဲ့ပုံစံမျိုးတွေမေ့ထားပီး အောက်ခြေနဲ့အထက် တသားတည်းဖြစ်လာစေဖို့ အရာရှိဖြစ်သူတွေဟာ ရဲဘော်ရဲဘက်စိတ်အပြည့်အဝမွေးဖို့ လိုပါတယ်။ရဲဘော်ရှူးရှဲ ဆို မိမိလည်း ရှူးရှဲဖြစ်ဖို့လိုပါတယ်။ (PDF အတွေအတွက်ရည်ညွှန်းတာဖြစ်ပါတယ်) ကိုအနန္တရေးသည် #infinitygroup
1 5112Loading...
07
ကန့်ဘလူခရိုင်၊ မလည်ရွာ စစ်ကောင်စီစခန်းအား တိုက်ခိုက် မေလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းအား ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် (၅၁၀) တပ်ရင်းတို့မှ မေလ (၇) ရက်တွင် တိုက်ခိုက်ခဲ့သည်။ ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့မှ ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့သည်။ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ (၆) ဦး သေဆုံးပြီး လက်လုပ်သေနတ်အပါ လက်နက်ငယ် (၁၄) လက်၊ ကျည်မျိုးစုံ (၇၀၀) ကျော်၊ ကျည်အိမ် (၁၁) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ အီနာဂါ (၆) လုံး၊ Jammer (၁) ခု၊ Equipment (၄) ခု၊ Uniform (၃) စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက် တတက-၁၃ မှ လက်နက်ကြီးဖြင့် ဗုံးအလုံး (၆၀) ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင် (အနီးစခန်း) မှ Mi-35 (၁) စီးဖြင့် လေကြောင်း ပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် တံတားဦးမှ Jet Fighter (၁) စီးဖြင့် (၄) ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးအလုံး (၆၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်။ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား (၇၀) ခန့်မှလည်း ကျောက်လုံးကြီးရွာသို့ ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း မိမိတို့ဘက်မှ ရဲဘော် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ထို့အပြင် ပြည်သူ (၁) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အမှတ် (၁) စစ်ဒေသ
1 8174Loading...
08
Media files
1 7112Loading...
09
တလောက ပကဖတာဝန်ခံတယောက်နဲ့တွေ့လို့ ခဏတဖြုတ်စကားပြောဖြစ်တယ်။လူတွေက သူ့ကိုစရိုက်ကြမ်းတယ်ဆိုပီး သိပ်မကြိုက်ကြဘူး။သူကလည်း ဆိုးတဲ့နေရာတွေကျတော့ တကယ်ဆိုးတာကိုး။ သူ့ရပ် သူ့ရွာမှာ ပြဿနာတွေဖြစ်လို့ အချင်းချင်း ပြေလည်အောင် အဆင်ပြေအောင်ညှိကြပါလားလို့ ကျနော်ကပြောတော့ ပြုံးစိစိနဲ့ အကြောင်းပြချက်တွေပဲပြောပြသွားတယ်။ပြဿနာတွေတော့ ဆက်တက်နေတုန်းပါပဲ။ ကျနော်တို့က ပကဖ တွေ PDF တွေ ပအဖ ထဲကလူတွေအကြောင်းရေးတာ ဘယ်လိုမြင်လည်းဆိုတော့ ကောင်းပါတယ် ရေးပေါ့တဲ့။ခင်များတို့ရေးတော့ မဟုတ်တာလုပ်မယ်ဆိုရင်တောင် နည်းနည်းတော့ လက်တွန့်တာပေါ့တဲ့။ဒါပေမယ့်လည်း မဟုတ်တာလုပ်တဲ့သူတွေလည်း လုပ်နေကြတာပါပဲ။ ကျနော်ပြောချင်တာကတော့ အထက်က ကျနော်နဲ့ဆုံခဲ့တဲ့ ကျနော့်မိတ်ဆွေပကဖတာဝန်ခံအပါအဝင် မိမိကိုယ်မိမိ ပြည်သူ့အတွက်လုပ်နေတာလို့ ခံယူထားတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ဒီအချိန်ကာလမှာ မာန်မာနတွေလျှော့ကြပါ။ ကျနော်တို့သွားနေတဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်တို့လုပ်တဲ့လုပ်ရပ်မျိုးစုံကိုမကြိုက်လို့ သွားနေတဲ့ လက်နက်ကိုင်လမ်းစဥ်ဖြစ်တာကြောင့် ကိုယ့်တဦးတယောက်ထဲကိုပဲ ထိခိုက်တဲ့ အပြောအဆို၊အမူအယာမျိုးဆိုရင်တောင် သည်းခံပီး သဘောထားကြီးပေးကြပါ။ ငါ့ကို ဒီကောင်က ဒီလိုပြောရသလား၊ဒီလိုဝေဖန်ရသလားဆိုပီး ဖမ်းဆီးတာ၊ရိုက်နှက်တာဆိုတဲ့ကိစ္စရပ်တွေဟာ မိမိတို့အဖွဲ့အစည်းအတွက်တင်မက တော်လှန်ရေးအတွက်ပါထိခိုက်နိုင်တဲ့အတွက် မလုပ်ခင် ခေါင်းအေးအေးနဲ့စဥ်းစားပါ။ ကိုယ့်နယ်မြေမှာ တော်လှန်ရေးလုပ်နေတဲ့သူအချင်းချင်းကြား ပြေလည်အောင် မျက်နှာချင်းဆိုင် ဆွေးနွေးပါ၊အဖြေရှာပါ၊ညှိနှိုင်းပါ။အထက်ပုဂ္ဂိုလ်ဆိုတဲ့ လူစားမျိုးတွေကလည်း စာထုတ်တဲ့နေရာလောက်ပဲရကြတာ။တကယ်ပြဿနာတက်လာရင် ဘာမှမဖြေရှင်းနိုင်ပါဘူး။ကိုယ့်နယ်မြေထဲက ကိုယ့်အချင်းချင်းကြား အဆင်ပြေမှသာ တော်လှန်ရေးဟာ ရှေ့ရောက်မှာပါ။ တခါ ပြည်သူငြိုငြင်မယ့် ကိစ္စရပ်တိုင်းကို အတတ်နိုင်ဆုံး ရှောင်ပါ။ဒီကာလမှာ ပြည်သူမထောက်ခံတဲ့ပုဂ္ဂိုလ်၊အဖွဲ့အစည်းဟာ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပါ။ပြည်သူသာ အဓိကပါ။ ~ကိုအနန္တရေးသည်~ #infinitygroup
1 7013Loading...
10
ဒီမိုကရေစီစနစ်ကို အမှန်တကယ်သွားချင်ရင် ကိုယ်တိုင်က ကွမ်းသွေးကို တွေ့ကရနေရာမှာ မထွေးပါနဲ့။ထွေးခံတခုခုထဲထွေးပီး စနစ်တကျ စွန့်ပစ်ပါ။ #infinitygroup
1 4031Loading...
11
ရွှေဘိုမြို့ပေါ်၌ စစ်ကောင်စီတပ်က နေ့စဥ်လူဖမ်းပွဲပြုလုပ်နေကာ ဖမ်းခံရသည့်လူများအား ငွေဖြင့်ရွေးခိုင်သည်ဟုဆို မေ ၉ ၊ ၂၀၂၄ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်၌ စစ်ကောင်စီတပ်က နေ့စဥ်လူဖမ်းပွဲပြုလုပ်နေကြောင်း သိရသည်။မေလဆန်းပိုင်းမှစတင်ကာ ရွှေဘိုမြို့ပေါ်ရှိ လူသွားလူလာအများဆုံးဖြစ်သည့် လမ်းများ၌ အိမ်စီးကားများအသုံးပြုကာ ရှောင်တခင်စစ်ဆေးသည့်ပုံစံဖြင့် နေ့စဥ်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာပြည်သူများအား တားဆီးကာ ကား၊ဆိုင်ကယ်များအားစစ်ဆေးခြင်း၊ဖုန်းထဲ၌ နှံ့နှံ့စပ်စပ်ရှာဖွေစစ်ဆေးခြင်းများပြုလုပ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လူငယ်တဦးကဆိုသည်။ " အခုက မြို့ထဲမှာတော်တော်ဆိုးလာတယ်။ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် ကားနဲ့ပဲဖြစ်ဖြစ် အသေစစ်တယ်။ဖုန်းထဲဆိုရင်လဲ ဖေ့စ်ဘုတ် မက်ဆင်ဂျာ ဂယ်လာရီ အကုန်စစ်တယ်။ဖေ့စ်ဘုတ် မသုံးဘူးဆိုရင်လည်း ဘာလို့မသုံးတာလဲဆိုပီး ရစ်တာ။ဖုန်းထဲမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ဟာတွေ့မှမဟုတ်ဘူး ၂ လုံး ၃ လုံး ထိုးထားတဲ့လူလဲ ဖမ်းပီး ငွေညစ်တာ။ " ဟု အဆိုပါလူငယ်က ပြောသည်။ စစ်ကောင်စီသည် ရွှေဘိုမြို့နေပြည်သူများအား ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားကာ နံနက် ၆ နာရီမတိုင်ခင် လှည့်ကင်းပတ်လေ့ရှိပြီး ဈေးခင်းရန် နံနက်စောစောထွက်သည့်ဈေးသည်များကိုလည်း ပစ်မှတ်ထားဖမ်းဆီးကာ ငွေဖြင့်ရွေးခိုင်းလျက်ရှိကြောင်း သိရသည်။ ရွှေဘိုမြို့ပေါ်၌ စစ်တပ်ကလူဖမ်းနေသည့် အခြေအနေနှင့်ပတ်သက်၍ " အခုက တွေ့ရာလူဖမ်းတာပါ။အဓိက,ကတော့ လူငယ်ယောကျ်ားလေးအများစုကို ပစ်မှတ်ထားဖမ်းတာ။ငွေနဲ့ရွေးနိုင်သူရွေးပေါ့။မရွေးနိုင်တဲ့လူလဲ စစ်မှုထမ်းပေါ့။တချက်ခုတ် နှစ်ချက်ပြတ်လုပ်နေတာ။ပြန်ရွေးရတဲ့သူတွေဆိုရင်လဲ အနည်းဆုံး ၅ သိန်းကနေ သိန်း ၂၀ ထိတောင်းတာများတယ်။ " လို့ အခြေအနေသိရှိသူတဦးက ရှင်းပြသည်။ ရွှေဘိုမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်သည့် တော်လှန်ရေးအင်အားစုများ အားကောင်းသည့်အပြင် မြို့တွင်းရှိစစ်ကောင်စီတပ်ဆွဲထားရာနေရာများအား တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ ပြောက်ကြားဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ #infinitygroup
4 4038Loading...
12
မလည်ရွာတိုက်ပွဲနဲ့ပတ်သက်ပီး ဝါသဝဘာပြောလဲ မေ ၈ ၊ ၂၀၂၄ ဒီနေ့ညမှာပဲ အရေခြုံဝါသဝက စစ်တပ်လော်ဘီချန်နယ်လ်ကနေ မလည်ရွာတိုက်ပွဲအကြောင်းနဲ့ပတ်သက်ပီး ပြောသွားတာတွေ့ရပါတယ်။သူပြောတဲ့အကြောင်းအရာတွေထဲမှာ တစွန်းတစလောက်ရတဲ့ အချက်အလက်တခုတလေနဲ့ ပြည်သူကို ဝေဝါးအောင်လုပ်သွားတာတွေ့ရပါတယ်။ တစ်အချက်အနေနဲ့ မလည်ရွာစခမ်းသိမ်းတိုက်ပွဲမှာ PDF အယောက် ၅၀ ကျတယ်၊တပ်ခွဲမှူး ကိုမုတ်ဆိတ်ကျတယ်လို့ ပြောသွားတယ်။ (တပ်ခွဲမှူး ကိုမုတ်ဆိတ် တိုက်ပွဲတွင်းကျသွားတာ မှန်ပါတယ်။PDF အယောက် ၅၀ ကျတာ လုံးဝမဟုတ်ပါဘူး) နှစ်အချက် ရင်း ၁ ၊ ရင်း ၄ က ဖြတ်တောက်ရေးလိုလို ဘာလိုလိုနဲ့ ရှောင်သွားတယ်။ရင်း ၂ က တပ်ရင်းမှူး ရဲဝင်းနိုင်နဲ့ ရဲဘော် ၆၀ က ထွက်ပြေးသွားတယ်လို့ဆိုတယ်။ (ဒါလည်း လုံးဝမှားပါတယ်။လေကြောင်းရန်၊လက်နက်ကြီးရန်ကြားကနေ ကန့်ဘလူခရိုင်တပ်ရင်းတွေဟာ ဟန်ချက်ညီညီ ရန်သူ့စခမ်းကို တိုက်ခိုက်ခဲ့တာပါ။) သုံးအချက်အနေနဲ့ အခါတိုင်း Videoတွေမှာလို PDF တွေကိုဆဲတာလုံးဝမတွေ့ရတဲ့အပြင် " ငါ့ညီကိုတို့ " ဆိုတဲ့စကားလုံးကို မကြာမကြာသုံးသွားပီး " နိုင်ငံရေးဆိုတာရှုပ်ထွေးတယ်၊သူများပါးစပ်တင်လမ်းမဆုံးစေနဲ့ " ဆိုပီး စကားချိုချိုနဲ့ သပ်လျှိုလာတာတွေ့ရတယ်။ အရေးကြီးဆုံးအချက်က " ဆရာတော့်ထံကို အချိန်နဲ့တပြေးညီ သတင်းပေးပို့လာတဲ့ ရင်း ၁၊၂၊၃၊၄ အဖွဲ့က ညီကိုတွေကို ကျေးဇူးတင်တယ် " ဆိုတဲ့ စကားကိုပြောသွားတာ တွေ့ရတယ်။ဒါဟာ တပ်ရင်းတပ်ဖွဲ့တွေအချင်းချင်းကြား၊တပ်ရင်းထဲက ရဲဘော်တွေအချင်းချင်းကြား၊ပြည်သူနဲ့PDFတွေကြားက ယုံကြည်မှုကို ပြိုကွဲအောင်ပြောနေတာဖြစ်ပါတယ်။ မလည်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပီး PDF အယောက် ၅၀ ကျတာမှန်ကန်တယ်ဆို ဝါသဝဟာ တဟီးဟီး တဟားဟားနဲ့ လက်သီးလက်မောင်းတန်းပီး ပြောနေမှာဖြစ်ပါတယ်။အခုတော့ ယုံကြည်မှုပျောက်ဆုံးပီး မျက်နှာက ညှိုးနွမ်းနေတဲ့အပြင် စကားချိုသွေရင်း သပ်လျှိုသွေးခွဲစကားတွေပဲပြောသွားတာဖြစ်ပါတယ်။ ဘာလို့ဒါတွေပြောနေရလဲဆိုရင် တချို့ပြည်သူတွေဟာ လော်ဘီချန်နယ်လ်တွေကတင်ရင် သတင်းအမှန်လို့ ထင်လာတာကတကြောင်း၊တချို့သော မီဒီယာက သတင်းသမားတွေက လော်ဘီချန်နယ်လ်တွေကသတင်းတွေကို ဟုတ်သလားလို့ လာလာမေးတာကတကြောင်းမို့ ပြောပြရခြင်းပါ။ ဓာတ်ပုံ-မကြာခင် ပိန္နဲသီးတဝကြီးစားရတော့မယ့် စိတ်ဓာတ်ကျနေသော ဝါသဝ #infinitygroup
3 99810Loading...
13
Media files
3 3372Loading...
14
မီဒီယာတွေရေးတဲ့ မလည်ရွာစစ်ရေးသတင်းတွေဖတ်ပီး မိုတီတွေတက်မနေကြနဲ့ဗျ။ ကိုယ့်ဘက်ကလည်း ကြီးကြီးမားမားပေးဆပ်ထားရတဲ့နေ့တနေ့ပါ။ ဒါကြောင့် အသက်စွန့်တိုက်ပွဲဝင်ရဲကြတဲ့ PDF တွေအတွက် တက်နိုင်သလောက်လှူကြပါ။ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက ကမ်ပိန်းတွေလုပ်တဲ့အခါ တတ်စွမ်းသမျှ ပါဝင်ကြပါ။ #InfinityGroup
1 4143Loading...
15
CDM ဆိုသောစကားလုံးသည် လူတိုင်း၊အမည်နာမတိုင်းအတွက်မဟုတ် မေ ၇ ၊ ၂၀၂၄ တခါတလေကျရင် ကျနော်စဥ်းစားမိတယ်။လူတွေက တခုခုဆို ရှေ့ကနေ စကားလုံးလေးတလုံး လွယ်လွယ်ကူကူကောက်တပ်ပစ်လိုက်ကြတာ။ ဥပမာ "CDM" ဆိုတဲ့ စကားလုံးပေါ့။ဆရာဝန်တယောက် အာဏာရှင်ကို မကြိုက်လို့ "CDM" လုပ်လိုက်တယ်။အဲ့ဆရာဝန်ကို CDM ဆရာဝန်လို့ အလေးအမြတ်နဲ့ခေါ်ကြတယ်။တခြား CDM ကျောင်းဆရာ၊CDM သူနာပြု၊CDM မီးရထားဝန်ထမ်း၊CDM ကျောင်းသား အစရှိသဖြင့်ပေါ့လေ။ သို့ပေမယ့် CDM ဆိုတဲ့စကားရပ်ဟာ အမည်နာမတိုင်းရဲ့ရှေ့ကနေ တပ်ဖို့တော့မသင့်ဘူး။CDM ဆိုတဲ့စကားလုံးဟာ အာဏာသိမ်းစစ်တပ်ကို အာဏာရှင်လို့သိပီး ဘယ်သူမှဖြောင်းဖျစရာမလိုတဲ့အချိန်ကတည်းက လစာမယူတော့ပဲ မိမိတို့သက်ဆိုင်ရာအလုပ်ခွင်ကနေ ထွက်ခွာပီး အာဏာရှင်ကိုမကြိုက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့သူတွေအတွက်ပဲ ရည်ညွှန်းသင့်တာမို့ပါ။ တချို့အရပ်မှာရှိတယ်။စစ်တပ်ကို တော်လှန်ရေးသတင်းတွေပေးပီး ဒလန်လုပ်ခဲ့တဲ့လူတယောက်က အခြေအနေမကောင်းချိန်မှ တော်လှန်ရေးဘက်ကို ဘက်ပြောင်းလာတယ်။ဒါကိုလည်း CDM လုပ်တယ်လို့ တချို့ကသုံးကြတယ်။သူတို့အပြောအရဆို CDM ဒလန်ပေါ့လေ။ အဲ့လိုပဲ အာဏာသိမ်းချိန်က စစ်တပ်အလိုကျ လစာတွေယူအလုပ်တွေလုပ် အခြေအနေမကောင်းချိန်ကျမှ ပြည်သူနဲ့လာပူးပေါင်းတဲ့သူကိုလည်း CDM လို့ပဲ ကင်ပွန်းတပ်ကြပြန်ရော။ဒီလိုဆိုတော့လည်း တောထဲမှာ လူခိုင်းသမျှလုပ်နေရတဲ့ ဆင်လို သတ္တဝါမျိုးကိုတောင် CDM ဆင် လို့ ကင်ပွန်းတပ်တာ မဆန်းတော့ပါဘူးပေါ့လေ။လူတွေကိုက နာမည်ရှေ့မှာ ကင်းပွန်းလှလှလေးတပ်ရတာ ကြိုက်ကြတာကိုး။ #infinitygroup
1 5813Loading...
16
တချို့ဆို ဘီယာဝိုင်းမှာ တချို့က ဇိမ်ခံကားဗျ တချို့တချို့တော့ အိမ်ယာဆောက်ကြ တချို့ကျ ခရိုနီဖြစ်ကြ တချို့က တမလွန်ဘဝမှာ တချို့တချို့တွေများ ဒုက္ခိတဘဝ တချို့က ပြာပုံကြားမှာ။ အကုန်လုံးတော့မဆိုလို။ဒါပေမယ့် ငြင်းမရတဲ့ ရင်နာစရာဖြစ်ရပ်မှန်တွေပါလေ..... photo;crd
1 5210Loading...
17
စစ်မှုထမ်းဥပဒေကအိမ်တိုင်းဆီရောက်လာပီ စစ်မှုထမ်းခေါ်ဖို့နေရာတိုင်းမှာလူဖမ်းပွဲလုပ်နေပီ ထွက်ပြေးလိုမရတော့မှ လာကယ်ပါအုံးအော်နေမှာထက် အားသွန်ခွန်စိုက် ရုန်းကြပေါ့ဗျာ။ဘယ်အရာမှ လွယ်လွယ်ကူကူဖြစ်မလာဘူးဆိုတာ ခင်ဗျားတို့ ကောင်းကောင်းလည်းသဘောပေါက်နေပီလို့ ယုံကြည်ပါတယ်။ဒါကြောင့် စစ်ကောင်စီကင်းစင်နယ်တွေဘက် ထွက်ကြပါ။ ဘယ်သူမှ လာမကယ်ချင်နေ ကိုယ့်ဘာသာထွက်ပေါက်ရှာကြ။စီးပွားရေးကိစ္စတို့ သမီးရည်းစားကိစ္စတို့အတွက်ဆို ချိန်းတဲ့နေရာရောက်အောင်တောင် ခင်ဗျားတို့ သွားကြတာပဲမဟုတ်လား။ဘယ်နေရာကနေ ဘယ်အရပ်ကိုထွက်ရင် လွတ်မြောက်မယ့်နေရာရောက်မလည်းဆိုတာ ခင်ဗျားတို့အသိဆုံးပါ။ ကဲ မိမိအိမ်ကို စွန့်ခွာချိန်တန်ပြီ။ #infinitygroup
1 5730Loading...
18
Update အလှူရှင်ရသွားပါပီခင်ဗျာ
1 3590Loading...
19
ကျနော်တို့အလှူခံပို့စ်မတင်ဖြစ်တာကြာပါပီ ရဲဘော်လေးတွေလိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေဝယ်ဖို့ မြန်မာငွေ ငါးသောင်းလိုနေလို့ပါဗျ။လာလှူပေးကြပါအုံးဗျာ။ NUGPay QR ကို Scan ဖတ်ပီး လှူပေးပါခင်ဗျ။ Wave money နဲ့ လှူချင်သူများ Chat box လာပေးပါခင်ဗျာ။KBZ Pay အကောင့်တွေပိတ်ခံထားရလို့ မရသေးပါခင်ဗျ။ #InfinityGroup
1 4761Loading...
20
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်” ၂၀၂၄ ခုနှစ်၊ မေလ (၃) ရက် အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ "သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်" ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အောက်ပါ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန် ကြေညာ လိုက်သည်။ ၁။ ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုသည်။ ၂။ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသည်။ ၃။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်သည်။ ၄။ သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်သည်။ ၅။ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်။ ၆။ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်။ ၇။ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွား မည်။ ၈။ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်။ အမျိုးသားညီညွတ်ရေးအစိုးရ
1 6741Loading...
21
Media files
1 4960Loading...
22
ကန့်ဘလူအနောက်ခြမ်း ပျူစောထီးရွာတွေက အိမ်တွေ မနေ့က လေကြီးမိုးကြီးမိလို့ ပျက်ဆီးကြတယ်ဆို။ သူများပစ္စည်းတွေ၊အိမ်လေးတွေကျ ဖျက်သယ်လိုက်၊ရောင်းစားလိုက်နဲ့ ဝဋ်ဆိုတာ ဘဝမကူးဗျ။စိတ်ကောင်းလေးဘာလေးလဲ မွေးကြအုံး.....
1 4262Loading...
23
Breaking News အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်ပင် ------- အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လည်ပိုင်းတွင် အတည်ပြုခဲ့သည်။ မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်ကြောင်း ဝန်ကြီးဌာနတာဝန်ရှိသူက ကပြောဆိုခြင်းမရှိသော်လည်း စစ်တပ်ကအလုံးအရင်းဖြင့် လူသစ်ခေါ်ရန်ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေကြောင့် ယင်းကဲ့သို့ကန့်သတ်ခြင်းဟု Myanmar Now က နားလည်းထားသည်။ "ဘယ်နိုင်ငံမဆိုပါပဲ။ဒီ (မေ ၁) ရက်နေ့ကစပြီး Demand(အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများအကြုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲမူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်" ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။ စစ်မှုထမ်းဥပဒေကြောင့် ထိုကဲ့သို့ကန့်သတ်ခြင်းဟုတ်မဟုတ် Myanmar Now က မေးမြန်းသော်လည်း အခြေအနေလိုအပ်ချက်အရဆောင်ရွက်ခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆိုသည်။ ကန့်သတ်ချက်သည် PJ အမျိုးအစား Passport ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကဆိုသည်။ ထိုကန့်သတ်ချက်ကို စစ်ကောင်စီက တရားဝင်စာဖြင့် ညွှန်ကြားစာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က စစ်ကောင်စီ အလုပ်သမား ဝန်ကြီး ဦးမြင့်နောင်နှင့် အလုပ်ကိုင်ရှာဖွေရေး အေဂျင်စီအသင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ "ရန်ကုန်လာတော့ ခေါ်တွေ့ပြီးတော့ အဲ့ဒီလိုပြောလိုက်တယ်။ ယောက်ကျားလေးတွေကို လောလောဆယ် Temporary(ယာယီ) ပိတ်မယ်ပေါ့်နော်။ အမှန်တော့ သူပိတ်တာမဟုတ်ဘူး။ အပေါ်က ပိတ်ခိုင်းတယ်ပေါ့။ တခြားအကြောင်းတွေလည်းပါတာပေါ့။ စစ်မှုထမ်းဥပဒေကြောင့် ကလေးတွေအရမ်းထွက်တယ်ပေါ့" ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးပြောဆိုချက်ကို ၎င်းက ပြန်လည်ပြောပြသည်။ စစ်မှုထမ်းဥပဒေကြောင့် တရားဝင်နှင့် တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးမှ ပြည်ပနိုင်ငံများသို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူငယ်များထွက်ခွာနေသဖြင့် ထိုကဲ့သို့ပိတ်ပင်ကြောင်း၊ ထိုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှုပိုတိုးလာနိုင်ကြောင်း သူက ဆိုသည်။ "နောက်ပိုင်း တရားမဝင်တွေက ပိုများသွားလိမ့်မယ်။ ကလေးတွေကတော့ ထွက်မှာပဲလေ" ဟု ၎င်းက ဆိုသည်။ ပြည်ပမှ အလုပ်ခေါ်စာအသစ်များတင်ပြခြင်းကို ယနေ့တွင် တင်ပြခွင့်ယာယီပိတ်ပင်ထားကြောင်း အလုပ်အကိုင်အေဂျင်စီများထံ သိရသည်။ ပြည်သူလူထုဆန့်ကျင်နေသည့် အာဏာသိမ်းစစ်တပ်အတွင်း မဝင်ရောက်လိုသဖြင့် လူငယ်အများအပြား ပြည်ပကို အုံလိုက်ကျင်းလိုက်ထွက်ခွာတိမ်းရှောင်နေသလို တော်လှန်ရေးတပ်ဖွဲများထံ ဝင်ရောက်နေချိန် အမျိုးသားများပြည်ပထွက်အလုပ်လုပ်ခွင့်ကို တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။ စစ်မှုထမ်းဥပဒေကိုရှောင်ရှားရန် ပြည်ပထွက်ခွာခြင်းနှင့် တော်လှန်ရေးအင်အားစုများထဲသို့ဝင်ခြင်း နည်းလမ်းနှစ်ခုရှိရာ ယခုအခါ ရွေးချယ်စရာတစ်ခုသာရှိတော့ကြောင်း ပြည်ပထွက်ရန်စီစဉ်နေသည့် ဧရာဝတီတိုင်းမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။ "တကယ်လို့ သူက အလုပ်သမားအနေနဲ့ ထွက်ခွင့်မရှိဘူးဆိုရင် တခြားနည်းလမ်းနဲ့‌ရောဖြစ်နိုင်မလား။ ဥပမာ Visit နဲ့သွားပြီးကျောင်းတက်တဲ့ပုံစံမျိုးဖြစ်နိုင်မလား။ ပြန်ကြည့်ရမှာပေါ့။ တကယ်လို့သာ အကုန်လုံးလမ်းကြောင်းတွေ Visit လည်းပိတ်မယ်ဆိုရင် ရွေးချယ်စရာက တစ်ခုပဲရှိတယ်။ စိုးရိမ်စရာတော့ တော်တော်ဖြစ်လာပြီ" ဟု ၎င်းက ဆိုသည်။ စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက ခေါ်ယူနေပြီး လက်ရှိတွင် အပတ်စဉ် ၂ ကိုဆက်လက်ခေါ်ယူနေသည်။ သတင်းအပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/51821/
1 4662Loading...
24
အဖွဲ့အစည်းနဲ့အများပြည်သူ ပြဿနာမတက်​အောင် လူတိုင်းကို မူးယစ်​ရောင်းဝယ်​ရေးကလွဲရင် ကျန်တာအကုန် လုပ်ပိုင်ခွင့်​ပေးလိုက်ကြဗျာ။ နယ်​မြေ​ဒေသအလိုက် ရွှေ​မျောလုပ်ချင်လား ​​ပေးလုပ်လိုက်။ သစ်ထုတ်ချင်လား ​ပေးထုတ်လိုက်။ ​ရေနံတူးချင်လား ​ပေးတူးလိုက်။ KTV ဖွင့်ချင်လား ​ပေးဖွင့်လိုက်။ မာဆက်ဖွင့်ချင်လား ​ပေးဖွင့်လိုက်။ ကြက်ဝိုင်း၊ဖဲဝိုင်း၊​လောင်းကစားဝိုင်း လုပ်ချင်လား ​ပေးလုပ်လိုက်။ ယုတ်စွအဆုံး ဖျာခန်း​ထောင်ချင်လား ​ပေး​ထောင်လိုက်။ အခုလည်း လုပ်တဲ့လူ​တွေ လုပ်​နေကြတာပဲကို။တရားမဝင်တာ​တွေ တရားဝင်တာ​တွေက ​နောက်မှကြည့်လုပ်ကြ​ပေါ့။ဒီကာလမှာ သယံဇာတပြုန်းတာ​တွေ မပြုန်းတာ​တွေက ပုံပြင်သပ်သပ်ပဲ လက်​တွေ့မကျဘူး။ရန်ပွဲမဖြစ်​အောင် ပြဿနာမတက်​အောင်​တော့ စည်းစနစ်​ကောင်း​ကောင်းချမှတ်​ပေးလိုက်။ အခုက လုပ်ပိုင်ခွင့်ရတဲ့လူတစုက လုပ်​နေကြပီး လူတိုင်းလုပ်ခွင့်မရ​တော့ ဘယ်အဆင်​ပြေမလဲဗျာ ခင်များတို့ဟာက။ အဲ့လိုလုပ်ပိုင်ခွင့်​ပေးလိုက်ခြင်းအားဖြင့် ခင်များတို့​ပြောတဲ့ တရားဝင်အ​ကောက်ခွန်ဂိတ်မဟုတ်တဲ့ ဂိတ်ထိုးငွေ​တောင်းတဲ့ကိစ္စအများစု ​လျော့ကျသွားမယ်။ အဖွဲ့အစည်းနဲ့ပိုင်တဲ့သူလည်းလုပ် အများပြည်သူလည်းလုပ်ဆို​တော့ အဖွဲ့အစည်းနဲ့ပြည်သူ ချစ်ကြည်ဖြူသွားမယ်ဗျာ။ စီးပွား​ရေးကြပ်တည်း​နေတဲ့ကာလဆို​တော့ လူတိုင်းနီးပါးမဟုတ်​တောင် လူ​တော်​တော်များများ စားဝတ်​နေ​ရေးပြန်ပီး​ချောင်လည်လာမယ်လို့လည်း မြင်မိပါတယ်။ #infinitygroup
1 6236Loading...
25
စစ်ကိုင်းတိုင်းရဲ့စစ်ရေး၊နိုင်ငံရေးအရွေ့ကို တကယ်သိသိသာသာမြင်ချင်ရင် ဒီနှစ်ထဲအရေးတကြီးလုပ်ရမယ့်အရာတွေက - ၁။ ခွေးကျိုးနဲ့ယုန်လိုက်နေတဲ့ပသုံးလုံးယန္တရားကို အသစ်ပြန်လည်ဖွဲ့စည်းရပါမယ်။ ၂။ ကွပ်ကဲရေး၊ပကဖ၊ဗျူဟာရင်း၊တပ်ရင်း၊Local PDF ဆိုပြီး Protocol မခွဲခြားဘဲ လက်တွေ့ဆန်တဲ့မဟာမိတ်တပ်ပေါင်းစုအသွင်သဏ္ဍာန်ကို ဦးစားပေးတည်ဆောက်ရပါမယ်။ ၃။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို အလွန်အကြူးမဖက်တွယ်ပါနဲ့။ ၄။ လက်နက်နဲ့ပဲရင်ဆိုင်ဖြေရှင်းချင်တဲ့ စစ်ဘုရင်ဝါဒကို ကိုယ်စီလျှော့ချရပါမယ်။ ၅။ ပသုံးလုံးနဲ့ လက်နက်ကိုင်ရဲဘော်တွေကို နိုင်ငံရေးသင်တန်းတွေ၊လူထုဆက်ဆံရေးသင်တန်းတွေ စဥ်ဆက်မပြတ်ထိတွေ့စေရပါမယ်။ ၆။ တရားစီရင်ရေးကို မောင်ဖြူမောင်နီမခွဲခြားဘဲ၊ ဒဏ်ကြေးနဲ့ အလေးပေးမဆုံးဖြတ်ဘဲ သမာသမတ်ကျကျဆောင်ရွက်ပါ။ ၇။ ဂိတ်ထောင်ပြီး ဆက်ကြေးကောက်တာတွေ၊ သယံဇာတခိုးယူသုံးစွဲတာတွေ လျော့ပါးပပျောက်အောင် နည်းလမ်းရှာပါ။ ၈။ တပ်ရင်းတပ်ဖွဲ့နဲ့ပကဖ၊ပအဖအမည်ခံပြီး ကိုယ်ကျိုးစီးပွားရှာတာတွေ(ဥပမာ - လက်နက်ကူးခြင်း၊ကျည်ကူးခြင်း)ကို ထိရောက်စွာအရေးယူပါ။ ၉။ စုံလင်ကွဲပြားမှု (Pluralism)ကိုအခြေခံလို့ စုပေါင်းခေါင်းဆောင်မှု( Collective Leadership)ဆီဦးတည်စေမယ့် အတိုင်ပင်ခံကောင်စီအပြင် ပြည်နယ်အစိုးရပါ ပေါ်ပေါက်လာရပါမယ်။ ၁၀။ တပ်ရင်းတိုင်းကို နိုင်ငံရေးမှူးတယောက်စီခန့်အပ်တာဝန်ပေးသင့်ပါတယ်။ဒါ့အပြင် ဗျူဟာစောင့်ကြည့်ရေးနဲ့တန်ပြန်ဗျူဟာခင်းကျင်းရေးအဖွဲ့တွေ၊သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေ၊လူထုစည်းရုံးရေးနဲ့ဝါဒဖြန့်ချိရေးအဖွဲ့တွေပါ မြို့နယ်တိုင်းမှာ မဖြစ်မနေရှိသင့်ပါတယ်။ ၁၁။ ကြားကာလဖွဲ့စည်းပုံဥပဒေကို ဖက်ဒရယ်ယူနစ်​လွှတ်တော်တခုတည်းကပဲ ကမ္မကထပြုရေးဆွဲယူမယ့်အစား တခြား De Facto အင်အားစုတွေနဲ့ပါ အကျေအလည်ညှိနှိုင်းဆွေးနွေးရပါမယ်။ ၁၂။ လူထုအသံဟာ အောင်ပွဲအလံဖြစ်ပါတယ်။ လူထုကို လွတ်လပ်စွာဝေဖန်ခွင့်ပေးရပါမယ်။ ၁၃။ တိုက်ရင်းစည်းရုံး၊စည်းရုံးရင်း တည်ဆောက်ဆိုတဲ့လမ်းစဥ်နဲ့ ကျွဲကူးရေပါသွားရပါမယ်။စစ်ရေးချည်းပဲ အသားပေးနေလို့မရပါ။ ၁၄။ နိုင်ငံရေးမှာ ဗဟိုထိန်းချုပ်မှု(Central Command) လျှော့ချရပါမယ်။ စစ်ရေးမှာတော့ Central Command ဖြစ်လာအောင် အရှိန်မြှင့်တည်ဆောက်ယူရပါမယ်။ #နှင်းရိပ်နွေ
4 6217Loading...
ကျနော်တို့ ကန့်ဘလူနယ်ဘက်က စစ်ဘေးရှောင်တွေ သတိနဲ့နေကြပါနော်။ဒီရက်ပိုင်း စစ်ကိုင်းတိုင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။ အခုထိတော့ ကန့်ဘလူတနယ်လုံး မိုးအုံ့နေပီး မိုးဖွဲဖွဲစရွာတဲ့နေရာရွာနေပါပီ။ကျွန်းလှနယ်ဘက်တော့ မနက် ၃း၀၀ နာရီလောက်ထဲက မိုးရှယ်ရွာနေပါတယ်တဲ့။ ချောင်းဘေး၊မူးဘေးနေပြည်သူများ မိုးကြီးရေလျှံအထူးသတိပြုကြပါ။ #infinitygroup
Show all...
👍 30😁 3 1
ကန့်ဘလူအခြေအနေက အရင်ကထက်ဆိုးလာပါပီ။ဒီရက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖြစ်နေထိုင်တဲ့မြို့နဲ့ ပျူစောထီးကျေးရွာတွေက လူငယ်၊လူလတ်ပိုင်းတွေကို ထပ်မံပီး အတင်းအဓမ္မမဲနှိုက်တာ၊အလိုမတူပဲ စစ်မှုထမ်းခိုင်းတာတွေကို ရက်ပိုင်းခြားပီး လုပ်လာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရင်ကပျူစောထီးအဖွဲ့ဝင်လုံးဝမရှိသေးတဲ့ သင်ပန်းတော၊စန္ဒယား၊ကျောက်အိုင် အစရှိတဲ့ကျေးရွာတွေကိုလဲ အတင်းအဓမ္မလူသစ်စုဆောင်းကာ သင်တန်းပေးလာတာကို တွေ့ရပါတယ်။ပီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စစ်တပ်လော်ဘီချန်နယ်လ်တွေမှာ သင်ပန်းတောရွာကပျူစောထီးသင်တန်းဆင်းပွဲဗီဒီယိုဖိုင်ကို ထုတ်ပြန်လာတာတွေရပါတယ်။နီးစပ်သူတွေကတော့ သင်တန်းဆင်းသူဦးရေ ၁၅၀ ရှိတယ်လို့ပြောပါတယ်။ တခါ ကန့်ဘလူနယ်အနောက်ခြမ်းက မွတ်စ်လင်ဘာသာဝင်တွေအများစု နေထိုင်တဲ့ကျေးရွာတွေကိုလည်း ဒီရက်ပိုင်းမဲတွေနှိုက်ပီးလူသစ်စုရာမှာ မွတ်စ်လင်လူငယ်တွေမဲပေါက်ကြလို့ စိတ်သောကရောက်နေတယ်လို့ဆိုပါတယ်။အရင်ကလည်း မဲပေါက်တဲ့မွတ်စ်လင်လူငယ်တွေကို ရွှေဘို လေ့ကျင့်ရေး (၈) ၊ မုံရွာ နမခ တို့ဘက်ကို ရဟတ်ယာဥ်နဲ့ ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။ ကန့်ဘလူနယ် ပျူစောထီးကျေးရွာတွေဘက်က ရွာမှာအကြောင်းအမျိုးမျိုးကြောင့် အဝေးမသွားနိုင်တဲ့ အမျိုးသားလူငယ်အများစုဟာ ခရီးထွက်ဖို့သွားရာမှာ ပျူစောထီးဂိတ်တွေက ဖမ်းဆီးပီး ရွာပြန်ပို့ခံရတဲ့အဖြစ်မျိုးတွေတောင် မကြာမကြာဖြစ်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်တိုင်က စစ်မှုမထမ်းနိုင်ဘူးဆိုရင် ရွာမှာကျန်ရစ်တဲ့သူတွေက ရရာလမ်းကနေ ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေဘက်ကို ရအောင်ထွက်ကြပါ။အဝေးအလုပ်ထွက်လုပ်နေတဲ့သူတွေကလည်း ဘယ်လိုအခက်အခဲကြုံနေပါစေ နေရပ်မပြန်ပါနဲ့။ တော်လှန်ရေးထဲမပါဝင်နိုင်စေအုံးတော့ တော်လှန်ရေးကိုအနှောက်အယှက်ဖြစ်စေမယ့်လူစားမျိုးတွေအဖြစ်မခံပါနဲ့။ဝါသဝလိုအရေခြုံတယောက်ရဲ့ ဝါဒမှိုင်းအောက်ကနေ မိမိတို့အသက်ခန္ဓာကို မပေးဆပ်ပါနဲ့။စစ်ကောင်စီဟာ စစ်ရှုံးနေပီဆိုတာ မမေ့ပါနဲ့။ #infinitygroup
Show all...
👍 31😁 2
Photo unavailableShow in Telegram
ထိုးစစ် ၆ လအတွင်းမှာ AA ဟာ ခရီးတော်တော်ပေါက်နေပြီ။ဒီနှုန်းအတိုင်းသာဆို ၂၀၂၄ ခုနှစ်ကုန်တာနဲ့ ရခိုင်တပြည်လုံး AA ထိန်းချုပ်နိုင်မယ့်အခြေအနေလို့ဆိုနိုင်ပါတယ်။ ရခိုင်က AA ရဲ့ထိုးစစ်အောင်မြင်မှုတင်မက ​ကချင်က KIA ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကလည်း ခြေသံလုံလုံနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိရာ မြစ်ကြီးနားမြို့နားထိနီးကပ်နေပီလို့သိရတယ်။ လက်နက်မစုံသေးတဲ့ အညာမြေပြန့် PDF တပ်ရင်းကရဲဘော်တွေ စိတ်ဓာတ်မကျ,ပါနဲ့။အောင်ပွဲတွေ တရက်ထက်တရက် နီးကပ်လာနေပါပြီ။ #infinitygroup
Show all...
👍 20 3😁 1😢 1
ဝမ်းသာစရာပါပဲဗျာ။အလှူရှင်တွေပေါ်လာလို့ လိုအပ်တဲ့ငွေပမာဏတော့ ရသွားပီလို့ပြောပါတယ်ဗျာ။ကျနော်တို့ဆီ ထပ်မံဆက်သွယ်ထားတဲ့ အလှူရှင်များ ကူညီပေးလိုက်ကြပါအုံးဗျာ။တကယ်အခက်အခဲဖြစ်နေတဲ့ နေရာမို့ပါ။ကျေးဇူးပါခင်ဗျာ။
Show all...
👍 18😁 2
တနေ့က ဖုန်းမပြောဖြစ်တာကြာပီဖြစ်တဲ့ တော်လှန်ရေးသမားလူငယ်တယောက်နဲ့ စကားပြောဖြစ်ကြတယ်။သူနဲ့ကျနော် အများဆုံးပြောဖြစ်ရင် အဆင်ပြေရဲ့လား၊ဘာလိုအပ်ချက်ရှိသေးလဲ စသဖြင့်နဲ့ပဲ အဆုံးသတ်တာများပါတယ်။ သူ့မှာ လူငယ်တယောက်နဲ့မမျှတဲ့ ဖိအားတွေအများကြီးရှိပါတယ်။မိသားစုကတဖက် တော်လှန်ရေးကတဖက်နဲ့ လူတိုင်းမလုပ်နိုင်တဲ့ တာဝန်မျိုးထမ်းရွက်ထားသူဖြစ်ပါတယ်။အဖွဲ့အစည်းအတွက်လိုအပ်တာတွေလဲ ပြေးပီးစီမံလိုက်ရ မိသားစုစားဝတ်နေရေးအတွက်လဲ မနိုင်တနိုင်ထမ်းပေးရနဲ့ သိပ်တော့အဆင်မပြေလှပါ။ အခုလဲ လာမယ့်မိုးတွင်း စစ်ကြောင်းထိုးရင် တောထဲစစ်ရှောင်တဲတွေကသူတွေ တခြားရွာတွေဖက် သွားရလာရ(ပြေးဖို့လွှားဖို့)အဆင်ပြေစေဖို့ လမ်းဖောက်တာ ၅ သိန်းခွဲဝန်းကျင်လောက်ကျတယ်လို့​ပြောပါတယ်။ ကျတဲ့ကုန်ကျငွေကို ဟိုကဆွဲ ဒီကဆွဲနဲ့ လောလောဆယ် အဆင်ပြေအောင်လုပ်ထားရတယ်လို့ပြောပါတယ်။အကြွေးပြန်ဆပ်ရမယ့်သဘောပေါ့။ " မလုပ်လို့ကလဲမရဘူးလေ၊မိုးတွင်းကျ ကျနော်တို့ဘက်က လမ်းတအားဆိုးတာ၊စစ်ကြောင်းထိုးရင် စစ်ရှောင်တွေ အဆင်ပြေပြေတိမ်းနိုင်ဖို့လိုတယ် " လို့ဆိုပါတယ်။ စစ်ရှောင်တွေသွားလာရတာအဆင်ပြေဖို့ လမ်းဖောက်ထားတဲ့နေရာအတွက် တကယ်လို့ ကူညီနိုင်တဲ့သူများရှိရင် ကျနော်တို့ဆီကိုဆက်သွယ်ပေးပါခင်ဗျ။​အထက်ပါလူငယ်နဲ့တိုက်ရိုက်ချိတ်ဆက်ပေးပါ့မယ်။ကျနော်တို့ကနေတဆင့်တော့ အလှူခံမပေးချင်လို့ပါ။ မြေပြင်လဲရောက်မယ် မိမိတို့ကူညီတဲ့ငွေ အလေအလွင့်လဲမဖြစ်ချင်ဘူး၊တကယ်လဲ အကျိုးရှိတဲ့နေရာမျိုးလှူချင်တဲ့ဆိုတဲ့ အလှူရှင်များ ဆက်သွယ်ပေးပါခင်ဗျ။ ဆက်သွယ်ရန်- ကိုအနန္တ @iggp21 #infinitygroup
Show all...
👍 12😁 2
ရဲဘော်ရဲဘက်စိတ်အပြည့်ရှိဖို့လိုသည် မေ ၁၅ ၊ ၂၀၂၄ ရဲဘော်တွေက ရဲဘော်စိတ်မွေးကြသလို ခေါင်းဆောင်းပိုင်းကသူတွေကလည်း ရဲဘော်စိတ်အပြည့်အဝမွေးသင့်ပါတယ်။ဘာလို့ဆို တော်လှန်ရေးကာလမှာ အားလုံးဟာ သူ့တာဝန်နဲ့သူ ကြုံသလိုအသီးသီးယူထားကြပေမယ့် ဒီအပေါ်မှာ ရာထူးတခုရထားသလို အခွင့်အရေးယူတာမျိုး၊အသားယူတာမျိုးမလုပ်သင့်ပါ။ ကျနော်နဲ့ညီအကိုတွေလို ရင်းနီးတဲ့ ရဲဘော်တယောက်က မကြာမကြာပြောဖူးတာရှိတယ်။ " အကိုရာ အဆင်မပြေပါဘူးဗျာ။ကျနော်တို့ကသာ တော်လှန်ရေးဆိုပီး စိတ်အားထက်သန်နေလို့သာ၊သူကတော့ ကျနော်တို့ဆိုမကြည့်ဘူး။သူ့တကိုယ်စာ အဆင်ပြေနေရင် ပီးရော့ဆိုတဲ့လူ။ကျနော်တို့မှာတော့ ရှူးရှဲနဲ့ စားနေရတာ။သူကျ ဘယ်လက်က တမျိုး ညာလက်ကတမျိုး ဘီယာ ၁ ဗူးဆီကိုင်ပီး သာယာနေတာ။အနေအထိုင်ကအစ မင်းသားရှုံးတယ်။ကျနော်တို့ရဲဘော်တွေမှာတော့ ပွိုင့်ဖိနပ်အစုတ်နဲ့။ " အပေါ်ကစကားတွေက ကျနော်လုပ်ကြံပြောထားတာမဟုတ်သလို အထက်ကရဲဘော်ဆီက ခံစားချက်ရှိရှိနဲ့ တသီကြီးအံထွက်လာတဲ့ စကားလုံးတွေ။ဒါတွေကိုပြောနေပြန်ရင်လည်း မြေပြင်မရှိ အွန်လိုင်းအာသာပြေတဖက်ပိတ်သမားတချို့ ကျနော့်က သပ်လျှိုနေတယ်ဆိုတာမျိုး ပြောလာလိမ့်မယ်။အဲ့လိုပြောလာတဲ့သူတွေကိုလည်း ကျနော် ဒေါသမဖြစ်ပါ။သူတို့မသိလို့ ပြောကြတာပဲလေ အချိန်တန်ရင်တော့ ကျနော်ပြောရတဲ့အကြောင်းအရင်းကို နားလည်လာမှာပါဆိုတဲ့ စိတ်နဲ့ပဲ ခွင့်လွှတ်ထားပီးသား။ ဆိုလိုရင်း ပြန်ဆက်ရမယ်ဆို အထက်ကအဖြစ်အပျက်အကြောင်းအရာလို ကြုံနေရတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေက အများသားပဲ။ဘာကြောင့် အထက်ကအရာရှိနဲ့အောက်ကရဲဘော်တွေကြား ဒီလိုဖြစ်ရသလဲဆိုရင် ဂရုမစိုက်လို့ဖြစ်တာ။ ဘယ်သူက ဂရုမစိုက်လို့ဖြစ်ရတာလဲဆို အဖြေက ရှင်းပါတယ်။အရာရှိဖြစ်သူက သူတာဝန်ယူထားတဲ့အပိုင်းကြောင့် သူပေါင်းသင်းရတဲ့ပတ်ဝန်းကျင်ကြောင့်သော်လည်းကောင်း သူလုပ်ရတဲ့အလုပ်တာဝန်တွေကြောင့်သော်လည်းကောင်း ရဲဘော်တွေနဲ့ ထိတွေ့ဆက်ဆံတာမရှိတော့လို့ဖြစ်ပါတယ်။တချို့ဆိုရင် ၆ လကြာမှ ၁ ခါလေးတောင် သက်ဆိုင်ရာတပ်ခွဲတွေကို မရောက်ဘူးဆိုတာမျိုးရှိတယ်။ ဖြစ်သင့်လားဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ပြောရမှာပဲ။အရာရှိတယောက်ဟာ အလုပ်တာဝန်ကြောင့်ဖြစ်စေ၊သူကျင်လည်ရတဲ့ ပတ်ဝန်းကျင်အပေါင်းအသင်းကြောင့်ဖြစ်စေ မိမိရဲ့သက်ဆိုင်ရာ တပ်ရင်း၊တပ်ခွဲက ရဲဘော်တွေကို ထိတွေ့ဆက်ဆံခြင်းမရှိဘူးဆိုရင် ဒါဟာ တာဝန်ပျက်ကွက်တာအပြင် ရဲဘော်ရဲဘက်စိတ်မရှိတာပဲလို့ ပြောရမှာပါ။ အရာရှိဖြစ်သူဟာ အောက်ခြေရဲဘော်ရဲဘက်တွေနဲ့ မကြာမကြာတွေ့ဆုံနေရမှာဖြစ်ပီး သူတို့လိုအပ်တာ၊သူတို့ဖြစ်ချင်တာတွေကို အမြဲတစေ နားထောင်ပေးသင့်ပါတယ်။မလုပ်ပေးနိုင်တဲ့ကိစ္စဖြစ်ပါစေအုံးတော့ ဘယ်လိုအခြေအနေလေးတော့ရှိတယ်ဆိုတာမျိုး အကျိုးအကြောင်းသင့်သင့် ပြောပြပေးနိုင်မှသာ အောက်ခြေရဲဘော်တွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုအမြဲလေးစားနေမှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ငါတို့ကျ ဘယ်လိုစားရတယ်၊ဘယ်လိုနေရတယ်၊သူကျတော့ ဘယ်လိုပါကွာဆိုတာမျိုးဟာ ရဲဘော်ရဲဘက်စိတ်ပျောက်ဆုံးဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။ဒါကြောင့် အရာရှိဖြစ်သူတွေဟာ ထစ်ကနဲရှိ အချုပ်ထဲထည့်ဖို့၊ခြောက်ပေါက်ချဖို့လောက်ပဲ မဆုံးဖြတ်သင့်ပါ။ ဘာကြောင့် ဒီရဲဘော် အရက်ခိုးသောက်ရသလဲ၊ရည်းစားနဲ့ခိုးတွေ့ရသလဲ ကုန်ကုန်ပြောရရင် ဘာကြောင့် တပ်ပြေးဖြစ်ရသလဲဆိုတာတွေဟာ မိမိတို့အရာရှိဖြစ်သူတွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်လို့ပဲ မှတ်ယူသင့်ပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးကာလအတွင်းမှာ မိမိကိုယ်ကို အခွင့်ထူးခံဆိုတဲ့ပုံစံမျိုးတွေမေ့ထားပီး အောက်ခြေနဲ့အထက် တသားတည်းဖြစ်လာစေဖို့ အရာရှိဖြစ်သူတွေဟာ ရဲဘော်ရဲဘက်စိတ်အပြည့်အဝမွေးဖို့ လိုပါတယ်။ရဲဘော်ရှူးရှဲ ဆို မိမိလည်း ရှူးရှဲဖြစ်ဖို့လိုပါတယ်။ (PDF အတွေအတွက်ရည်ညွှန်းတာဖြစ်ပါတယ်) ကိုအနန္တရေးသည် #infinitygroup
Show all...
👍 30 4😁 1
ကန့်ဘလူခရိုင်၊ မလည်ရွာ စစ်ကောင်စီစခန်းအား တိုက်ခိုက် မေလ ၁၁ ရက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီ၊ ရဲ နှင့် ပျူစောထီးအဖွဲ့ အခြေချစခန်းအား ကန့်ဘလူခရိုင် တပ်ရင်း (၂၊ ၃)၊ ရွှေဘိုခရိုင် တပ်ရင်း-၃၊ အမှတ် (၅၁၀) တပ်ရင်းတို့မှ မေလ (၇) ရက်တွင် တိုက်ခိုက်ခဲ့သည်။ ကန့်ဘလူမြို့နယ် ပကဖနှင့် ခင်ဦးမြို့နယ် ပလဖ တို့မှ ထောက်ပို့နှင့် ဖြတ်တောက်ရေး ပါဝင်ခဲ့သည်။ ၎င်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ (၆) ဦး သေဆုံးပြီး လက်လုပ်သေနတ်အပါ လက်နက်ငယ် (၁၄) လက်၊ ကျည်မျိုးစုံ (၇၀၀) ကျော်၊ ကျည်အိမ် (၁၁) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ အီနာဂါ (၆) လုံး၊ Jammer (၁) ခု၊ Equipment (၄) ခု၊ Uniform (၃) စုံ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက် တတက-၁၃ မှ လက်နက်ကြီးဖြင့် ဗုံးအလုံး (၆၀) ကျော် ပစ်ခတ်ခဲ့ပြီး ပြင်ဦးလွင် (အနီးစခန်း) မှ Mi-35 (၁) စီးဖြင့် လေကြောင်း ပစ်ခတ်မှု (၁၀) ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် တံတားဦးမှ Jet Fighter (၁) စီးဖြင့် (၄) ကြိမ်ဗုံးကြဲ တိုက်ခိုက်ပြီး Y-12 ဖြင့် ဗုံးအလုံး (၆၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့သည်။ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ စစ်ကောင်စီ အင်အား (၇၀) ခန့်မှလည်း ကျောက်လုံးကြီးရွာသို့ ရေလမ်းကြောင်းဖြင့် လာရောက်ပြီး စစ်ကူပေးခဲ့သဖြင့် တိုက်ပွဲအတွင်း မိမိတို့ဘက်မှ ရဲဘော် (၁၀) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ထို့အပြင် ပြည်သူ (၁) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အမှတ် (၁) စစ်ဒေသ
Show all...
👍 18😢 6 4😁 4
👍 5😁 1
တလောက ပကဖတာဝန်ခံတယောက်နဲ့တွေ့လို့ ခဏတဖြုတ်စကားပြောဖြစ်တယ်။လူတွေက သူ့ကိုစရိုက်ကြမ်းတယ်ဆိုပီး သိပ်မကြိုက်ကြဘူး။သူကလည်း ဆိုးတဲ့နေရာတွေကျတော့ တကယ်ဆိုးတာကိုး။ သူ့ရပ် သူ့ရွာမှာ ပြဿနာတွေဖြစ်လို့ အချင်းချင်း ပြေလည်အောင် အဆင်ပြေအောင်ညှိကြပါလားလို့ ကျနော်ကပြောတော့ ပြုံးစိစိနဲ့ အကြောင်းပြချက်တွေပဲပြောပြသွားတယ်။ပြဿနာတွေတော့ ဆက်တက်နေတုန်းပါပဲ။ ကျနော်တို့က ပကဖ တွေ PDF တွေ ပအဖ ထဲကလူတွေအကြောင်းရေးတာ ဘယ်လိုမြင်လည်းဆိုတော့ ကောင်းပါတယ် ရေးပေါ့တဲ့။ခင်များတို့ရေးတော့ မဟုတ်တာလုပ်မယ်ဆိုရင်တောင် နည်းနည်းတော့ လက်တွန့်တာပေါ့တဲ့။ဒါပေမယ့်လည်း မဟုတ်တာလုပ်တဲ့သူတွေလည်း လုပ်နေကြတာပါပဲ။ ကျနော်ပြောချင်တာကတော့ အထက်က ကျနော်နဲ့ဆုံခဲ့တဲ့ ကျနော့်မိတ်ဆွေပကဖတာဝန်ခံအပါအဝင် မိမိကိုယ်မိမိ ပြည်သူ့အတွက်လုပ်နေတာလို့ ခံယူထားတဲ့ ဘယ်ပုဂ္ဂိုလ်မဆို ဒီအချိန်ကာလမှာ မာန်မာနတွေလျှော့ကြပါ။ ကျနော်တို့သွားနေတဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်တို့လုပ်တဲ့လုပ်ရပ်မျိုးစုံကိုမကြိုက်လို့ သွားနေတဲ့ လက်နက်ကိုင်လမ်းစဥ်ဖြစ်တာကြောင့် ကိုယ့်တဦးတယောက်ထဲကိုပဲ ထိခိုက်တဲ့ အပြောအဆို၊အမူအယာမျိုးဆိုရင်တောင် သည်းခံပီး သဘောထားကြီးပေးကြပါ။ ငါ့ကို ဒီကောင်က ဒီလိုပြောရသလား၊ဒီလိုဝေဖန်ရသလားဆိုပီး ဖမ်းဆီးတာ၊ရိုက်နှက်တာဆိုတဲ့ကိစ္စရပ်တွေဟာ မိမိတို့အဖွဲ့အစည်းအတွက်တင်မက တော်လှန်ရေးအတွက်ပါထိခိုက်နိုင်တဲ့အတွက် မလုပ်ခင် ခေါင်းအေးအေးနဲ့စဥ်းစားပါ။ ကိုယ့်နယ်မြေမှာ တော်လှန်ရေးလုပ်နေတဲ့သူအချင်းချင်းကြား ပြေလည်အောင် မျက်နှာချင်းဆိုင် ဆွေးနွေးပါ၊အဖြေရှာပါ၊ညှိနှိုင်းပါ။အထက်ပုဂ္ဂိုလ်ဆိုတဲ့ လူစားမျိုးတွေကလည်း စာထုတ်တဲ့နေရာလောက်ပဲရကြတာ။တကယ်ပြဿနာတက်လာရင် ဘာမှမဖြေရှင်းနိုင်ပါဘူး။ကိုယ့်နယ်မြေထဲက ကိုယ့်အချင်းချင်းကြား အဆင်ပြေမှသာ တော်လှန်ရေးဟာ ရှေ့ရောက်မှာပါ။ တခါ ပြည်သူငြိုငြင်မယ့် ကိစ္စရပ်တိုင်းကို အတတ်နိုင်ဆုံး ရှောင်ပါ။ဒီကာလမှာ ပြည်သူမထောက်ခံတဲ့ပုဂ္ဂိုလ်၊အဖွဲ့အစည်းဟာ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပါ။ပြည်သူသာ အဓိကပါ။ ~ကိုအနန္တရေးသည်~ #infinitygroup
Show all...
12👍 8😁 1
ဒီမိုကရေစီစနစ်ကို အမှန်တကယ်သွားချင်ရင် ကိုယ်တိုင်က ကွမ်းသွေးကို တွေ့ကရနေရာမှာ မထွေးပါနဲ့။ထွေးခံတခုခုထဲထွေးပီး စနစ်တကျ စွန့်ပစ်ပါ။ #infinitygroup
Show all...
👍 17 2😁 1