en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
Repost from Khit Thit Media
ဂန့်ဂေါမြို့နယ် ၊ မြောက်ခင်ရန်းကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးတို့က တော်လှန်ရေးရဲဘော် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် အောင်ပွဲခံ။

"မလှည့်စားကြပါနဲ့" ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ် တကယ်ချစ်တဲ့သူက၊တကယ့်ကို ရူးမတက်ခံစားကြရတယ်။ သူနဲ့သာဆိုရင်ဆိုတဲ့၊အတွေးနဲ့မျှော်လင့်ချက်တွေ တသီတတန်းကြီးထားပြီး၊ယဥ်မိခဲ့တဲ့စိတ်ကူးက၊ တစ်ဘဝလုံးစာအတွက်ပါ။ ဘယ်သူမဆို၊ကိုယ်ချစ်တဲ့သူနဲ့ အတူနေချင်တဲ့စိတ်ဆန္ဒပြင်းပြကြတယ်။ အရမ်းကို မျှော်လင့်ထားကြပါတယ်။ အသက်ရွယ်နဲ့လည်း၊မဆိုင်ပါဘူး။ ရင့်ကျက်သန်မာပါတယ်လို့ဘယ်လောက်ဆိုဆို၊ အပေါ်ယံအချစ်နဲ့ကစားတက်တဲ့သူနဲ့တိုးရင် အလူးအလွန့်နဲ့ကို ခံစားကြရတာပဲ။ ရင်ထဲမှာ ကြိတ်ပြီး၊ခံစားတာနဲ့ ပေါက်ကွဲပြီး၊ခံစားတာ၊ဒါပဲကွာပါလိမ့်မယ်။ အနာတရတော့၊ဖြစ်သွားကြတာပါပဲ။ မချစ်နိုင်ရင်၊မချစ်တာကအကောင်းဆုံးပါ။ ကိုယ်ကအပျော်တမ်းချစ်ခဲ့ပေမဲ့တဖက်လူက အဲ့အချစ်မှာနစ်မြုပ်ပြီး၊သူ့ဘဝကိုပါစတေးဖို့ထိ ချစ်မိသွားတဲ့လူတွေရှိနေလို့ပါ။ -မုဒြာ "ကလောင်ပျို"{~ကဗျာများ~} 👉 @KLP251021 👈

ချစ်မြတ်နိုးမှုကို သိသာအောင်ရော မသိသာအောင်ရော ဖော်ထုတ်ပြခဲ့ပါတယ် ။ အဲ့တာဟာ ချည်နှောင်ခြင်းမဟုတ် အမြဲအသင့်ရှိနေတယ်ဆိုတဲ့အကြောင်းကို သတင်းစကားပို့ချင်ယုံလေးပါ ။ -မြကျေး🌻 @KLP251021

အကို့အပေါ်မှာ ကျန်တဲ့စိတ်ဆိုလို့ 'ပြင်းပြင်းထန်ထန် မတုံ့ပြန်လိုက်ရခြင်း' ဆိုတဲ့ နောင်တပဲ ရှိတယ်။ လွမ်းဖို့နေနေသာသာ ချစ်မိတာတောင် နောင်တရတယ်။ ချစ်သေးတယ်လို့ထင်နေရင် အကိုတော့ ဘဝင်မြင့်နေတာပဲ။ အကိုမရှိလို့ မဖြစ်ရအောင် အကိုကဘယ်လောက်များ ကျမအပေါ် ကောင်းလို့လဲ။ လွမ်းရတဲ့အထိ စိတ်ချမ်းသာအောင် ဘယ်တုန်းက ထားဖူးလို့လဲ။ သိပ်ရီစရာ ကောင်းတာပဲကွယ်။ ရှင့်ကိုယ်ရှင် ဆရာကြီး ထင်နေတယ်။ T.H🌻 @KLP251021

နားလည်သွားတဲ့အဆင့်ပါ လက်ကလေးကိုလည်း ပြဿနာမရှာပဲ လွှတ်ပေးလိုက်မှာပါ။ -မယ်စိမ်းလန်း🌻 @KLP251021

လူခြေတိတ်ချိန် သူမအိပ် ညကနက်နက်။ လုပ်ချင်ရာလုပ်သွားတော့ ငါဘဝကပျက်။ နာရီသံ နှစ်ချက်တီး ကြက်ထီးလည်း တွန်ပြီ။ ဒီခရီး ပြဿနာကြီးထဲ
လူခြေတိတ်ချိန် သူမအိပ် ညကနက်နက်။ လုပ်ချင်ရာလုပ်သွားတော့ ငါဘဝကပျက်။ နာရီသံ နှစ်ချက်တီး ကြက်ထီးလည်း တွန်ပြီ။ ဒီခရီး ပြဿနာကြီးထဲမှာ လမ်းပျောက်နေသူမို့ ငါအိပ်ဖို့ခက်။ ကလောင်ပျို ၃၀၊၁၊၂၀၂၄ ၁၂:၅၀

စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့ ငါစောင့်ခဲ့ပါတယ်။ ဒါဟာရေခဲကို နေလှမ်းပြီး ရေခဲခြောက်ဖြစ်လာမလားလို့ မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လို့ပေါ့ -လင်းချမ်းလွန်း🌻 @KLP251021

ချစ်ခြင်းမေတ္တာတစ်ခု လက်ခံရခဲ့ပါတယ် ဘယ်လောက်မှ မကြာဘူး ဒဏ်ရာအနေနဲ့ ပုံပြောင်းသွားတယ် ပိုးမွေးသလို ဆက်မွေးထားရတယ် ချစ်လွန်းလို့ပါ -ပိုပိုဖီးနစ်🌻 @KLP251021

တချို့ယောက်ျားတွေရဲ့ အချစ်က အံ့ဩစရာကောင်းတယ် ။ ချစ်တယ်လို့ တစ်ခါမှဖွင့်မပြောဘူး ။ ဒါပေမဲ့ တစ်ဘဝလုံး အနားမှာ လိုအပ်တိုင်း ရှိနေပေးတာမျိုး ။ -Nayvel🌻 @KLP251021

တစ်နေ့တော့ ရယ်ရင်းမောရင်း ခင်ဗျားအကြောင်းတွေ ပြောနိုင်တဲ့အထိ နေသားကျသွား မှာပါ။ -ဆန်းကျော်စွာဝင်း🌻 @KLP251021

နီးကပ်ချင်ပေမဲ့ မနီးစပ်ဘူး ဖြစ်နေတယ်။ ကြိုးစားပေမဲ့ အရာမထင်လာဘူး။ တစ်ခါတစ်ခါ 'မင်းနဲ့ငါ ကမ္ဘာချင်းများ မတူတာလား" မပိုင်ဆိုင်နိုင်ပုံတွေကိုမှ တွေးမိနေပြန်တယ်။ -tarmhyuunge🌻 @KLP251021

ဝေးသွားရကြောင်း တစ်ရက်ထက်တစ်ရက် ပိုသေချာလာတဲ့အခါ . . . မနက်ဖြန်တွေကို ပိုမုန်းလာတယ်။ တချို့အချစ်တွေက တစ်ဘဝစာဆိုတာ ကိုယ်မယုံကြည်ခဲ့ဘူး။ အခုအထိလည်း မယုံသေးဘူး။ အချစ်နတ်ဘုရားက ပြောတယ် သေနေတဲ့ နှလုံးသားကိုတော့ သူလည်း အသက်ပြန်မသွင်းတတ်ဘူးတဲ့။ #crd

သတိရခြင်းဟာ နေ့စဉ် ပန်းလိုပွင့်ပါတယ်။ -မြကျေး🌻 @KLP251021

လေယာဥ်ပျံကြီးကို တာတာ့ပြတဲ့ ကလေးငယ်လိုပဲ တချို့ စောက်ရူးထမှုတွေက ဖြူစင်တယ်။ -ဘုန်းပြည့်စုံမင်း🌻 @KLP251021

တချို့လူတွေဟာ.... အခြားသောဘဝမှာ အခြေကျလို့ တချို့လူတွေက ကျန်ခဲ့တဲ့ ဘဝမှာရူးခါလို့..... -စစ်ငြိမ်း🌻 @KLP251021

♡တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ ♡ တစ်ယောက်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ သူ့ရဲ့ အားနည်းချက်လေးကိုပါ ချစ်မိသွားတတ်တာမျိုးပေါ့ သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို ချစ်လာတယ် သူရခဲ့ဖူးသမျှ ဒဏ်ရာတွေဟာ ကျွန်တော့်အနာပဲ သူ့ကို နာကျင်စေသူမှန်သမျှဟာ ကျွန်တော့်ရန်သူပဲ အရာရာကို ကြောက်ရွံ့နေခဲ့ဖူးရင်တောင် သူ့လက်ကို တွဲထားရချိန်တွေမှာတော့ ကျွန်တော်... ရဲရင့်တယ် ပျော်ရွှင်စရာတွေချည်း မပေးနိုင်ရင်တောင် အထိအခိုက် အနည်းဆုံးနဲ့ ရှင်သန်နေစေချင်တယ် ဒီဘဝ.. ဘယ်လိုဆုကိုမှ မတောင်းလိုတော့ပါဘူး သူ ကျန်းမာပျော်ရွှင်နေရင်ပဲ လုံလောက်ပါပြီပေါ့ အဲဒီလို သေချာခဲ့ပါတယ်...။ ‌ဖ‌ရော်ဆန်🌼

ထပ်ချစ်ဖြစ်ခဲ့ရင် …… မည်သူတစ်ဦးတစ်ယောက်အတွက်နှင့်မျှ သဝန်တိုစရာ မလိုအပ်သော ဟန်ဆောင်လှည့်ဖျားခြင်းကင်းဝေးသော ချစ်ခြင်းမေတ္တာကိုသာ ပိုင်ဆိုင်ရပါလို၏ ။ Pheno🌿

ချိုဆိမ့် တစ်ခွက်ဗျို့ နို့များများ မထည့်နဲ့ အချစ်များများ ထည့်ခဲ့ ရှယ်နော် ... ဇွန်းတပ်ခဲ့ အလွမ်းမပါစေနဲ့ ။ ။ #crd_to_owner