en
Feedback
📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

📚 ကဗျာ​လေဟာနယ်နှင့် ကလောင်ပျို ကဗျာများ💕✍

Open in Telegram

အချစ်နှင့်ခံစားချက် ကဗျာများ (love & feeling poems)

Show more
Myanmar40 341The category is not specified
412
Subscribers
+524 hours
+477 days
+16330 days
Posts Archive
နောက်ဆုံးတော့လည်း ကျိုးသွားတဲ့ လက်သည်းရှည်လေးကို ဖြတ်ချလိုက်သလိုမျိုး မင်းဘဝထဲက ငါ့ကိုအလွယ်တကူဖယ်ချလိုက်နိုင်တာပဲမလား ငါကသတိရပါတယ် - သျှားညို🌻 @KLP251021

သေမလိုဖြစ်နေတဲ့အနေအထားကနေ ကယ်တင်ပြီး သေမလိုဖြစ်နေတဲ့အနေထားမှာ ပြန်ထားခဲ့တာ ကျေးဇူးတင်ပါတယ်။ -စစ်ငြိမ်း🌻 @KLP251021

မပြိုလဲတက်တဲ့မိန်းမ.....မရှိသလို... မငိုတက်တဲ့မိန်းမလဲ...မရှိဘူး... သဝန်မတိုတက်တဲ့မိန်းမ.... မရှိသလို... စိတ်မကောက်တက်တဲ့မိန်းမလဲ... မရှိဘူး... ရှိလာရင်လဲ....အဲ့ဒီမိန်းမက... တစုံတဦး....စိတ်ချမ်းသာဖို့....အတွက်... အရာအားလုံးကို...ရင့်ကျက်ချင်ယောင်.... ဆောင်နေတာပဲဗျာ့.....😥// -လမင်းလေး🌻 @KLP251021

ကိုယ့်သမိုင်း မရိုင်းစေနဲ့....ညီလေး လူတွေရဲ့ ဖြစ်တည်လာတဲ့ စိတ်သဘောတွေက မတူကြဘူး ညီလေး... ကောင်းတဲ့သူ ရှိသလို ကောင်းချင်ယောင်ဆောင်တဲ့သူလည်း ရှိတယ်... အဲ့လိုပဲ...မကောင်းတဲ့သူတွေများသလို ကောင်းချင်ယောင်ဆောင်တဲ့သူတွေလည်း များတယ်.. ဒီတော့ကွာ...ညီလေး သိထားဖို့က နှုတ်ချိုတိုင်းလည်း မယုံကြည်မိစေနဲ့ နှုတ်ကြမ်းတိုင်းလည်း အပြစ်မမြင်မိစေနဲ့... စိတ်ကောင်းစေတနာဆိုတာ ကိုယ့်ဘက်ကလည်း မှန်ကန်တဲ့ စိတ်ရင်းနဲ့ပေးဖို့လိုတယ် အနားကလူတွေ ကောင်းလား မကောင်းလား သ်ိချင်ရင် မင်းအရင်ဆုံး ဒုက္ခရောက်ကြည့်ရင် သိလိမ့်မယ်... မျက်နှာအတုတွေပေါတဲ့ လူသားတွေကို အလိုက်ထိုက်တော့ ပြုမူဆက်ဆံပေးပေါ့.... မှတ်ထား...ညီလေးရာ ဟောဒီ နိုင်ငံက လူတွေဟာ ကိုယ့်မထိရင် ကိုယ်ကျိုးပဲ ကြည့်တဲ့သူများတယ် ဘယ်သူထိထိ မထိထိ ကိုယ့်မထိပြီးရောဆိုတဲ့ လူတန်းစားတွေပေါ့.... လူ့အခွင့်ရေး မသိဘူး...နားမလည်ဘူး ကိုယ့်အခွင့်ရေးပဲ ကြည့်ကြတယ်.... အဲ့လို လူတန်းစားတွေထဲ မပါစေနဲ့...ညီလေး နောက်ဆုံးအနေနဲ့... ညီလေးကို မှာချင်တာက ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တဟိတစိတ်ကို မမွေးမြူနဲ့....ပရဟိတစိတ်ကိုပဲ နှလုံးသွင်းထား ဖေးကူစရာရှိရင် ကူညီဖို့ အသင့်ဖြစ်ပါစေ... အဆင်သင့်ရှိပါစေ...ညီလေး ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ ဒါပေမယ့် မရိုင်းစေနဲ့...ညီလေး -ဈာန်🌻 @KLP251021

"ရည်ရွယ်ပါသည်....မမဆီသို့.." ပန်းတွေကိုချစ်တဲ့မမက...ယဥ်တယ်...လှတယ်.. ကျနော်ကတော့.....အရိုင်းဆန်တယ်မမ.... ဂျစ်ကန်ကန်နိုင်တက်တာရာယ်...မဟုရင်... ငြိမ်မခံတက်တာရာယ်က..ကျနော့်စရိုက်ပဲမမ... မမက...သနပ်ခါးရနံတွေ...ကြိုက်သလောက်.. ကျနော်ဟာလဲ...စီးကရက်ငွေ့တွေကြားက... ရုန်းမထွက်နိုင်သေးတဲ့...လူရာယ်ပါ.... အရာရာကို...စိတ်ရှည်တက်လွန်းတဲ့...မမနဲ့.. ထစ်ခနဲဆို..လက်ပါတက်တဲ့...ကျနော့်အကျင့်က.. ဆန့်ကျင်ဘက်တွေ....ဖြစ်နေဆဲပါပဲ.... မမခေါ်နေတဲ့...ဒီလူဆိုးလေးက..... ထာဝရပါဆိုတဲ့....ဆိုင်ဘုတ်လေးကို...ကိုင်လို့.. မမကို...ဘယ်လောက်..မြတ်နိုးပါကြောင်း... တခမ်းတနားတွေ...နှလုံးသားက..ဆန္ဒပြနေလေရဲ့. ဒီလူဆိုးလေး...လိမ်မာစေဖို့..ဘယ်တရားတော်မှ.. နာကြားဖို့....မလိုပါဘူးဗျာ...ကျနော့်တရားက.. မမနှုတ်ခမ်းလွှာက...လွင့်ပျံလာတဲ့...စကားပဲ.. မမရဲ့အပြုံးချိုချိုလေးတွေရာယ်...ဆံနွယ်တွေ.. လေဝေ့တာကအစ..အရာရာဟာ..ရင်သတ်ရှု့မော.. ငေးမောဖွယ်ရာတွေ...ကြည့်ပါပဲမမ... မမကိုကျနော်...ချစ်တယ်...မြတ်နိုးတယ်.. မမလက်ကို..ဆုပ်ကိုင်ပြီး...လမ်းလျှောက်တော့.. ကမ္ဘာကြီးကိုပါ..ရင်ဆိုင်ဖို့...အားအင်တွေရှိခဲ့တယ်.. ဒီမယ်မမရေ...လူကို..စွဲလမ်းစေတာက... မူးယစ်ဆေးဝါးအပြင်...မမရဲ့..မခို့တရို့နဲ့.. ပြုံးတက်တဲ့..အပြုံးတွေကိုပါ..ပေါင်းထည့်ရမယ်.. ကဲကြည့်..အခုလဲ...ဒီစာဖတ်ပြီး..ပြုံးသွားပြန်ပြီ.. ကျနော်တော့လေ...မမရဲ့...အဲ့အပြုံးတွေကြား.. ရုန်းထွက်လို့...မရနိုင်တော့ပါဘူးဗျာ...🥰// -လမင်းလေး🌻 @KLP251021

ကိုယ့်နံဘေးမှာ မဟုတ်လဲ ဒီကမ္ဘာပေါ်မှာ မင်းရှိတယ်ဆိုတဲ့ သိစိတ်လေးနဲ့ ကိုယ့်ဘဝကိုယ် ပြည့်စုံပစ်လိုက်တယ် ။ တစ်ဘဝတည်းကိုပဲ တစ်မိုးထဲအောက်လို လူ့အဖြစ်ကို ကျေးဇူးတင်တယ် ။ မင်းအသက်မင်း ကောင်းစွာစောင့်ရှောက်ရုံနဲ့ ကိုယ့်အပေါ်ချစ်မြတ်ရာလည်း ရောက်ပါတယ် ။ -စောနန္ဒာခိုင်🌻 @KLP251021

ကိုယ်နေနိုင်တာမဟုတ်ဘူး အချစ်ရဲ့ ကိုယ့်မှာ မင်းကိုလွမ်းတဲ့အကြောင်းတွေ ပြောခွင့်မရှိတော့တာ။ -မာရီယာလင်း🌻 @KLP251021

ဆောင်းအငွေ့အသက်လေးတွေရတယ် အချစ်ရယ်။ ဒီရက်တွေဟာ သိပ်ကိုအေးဆေးတယ်။ နွေးနွေးထွေးထွေး ရှိရဲ့လား။ပျော်နေရဲ့လား။ အတင်းဖြတ်လိုက်တဲ့ ကြိုးကလေးကို သိပ်လွမ်းတာပဲ။ -tarmhyuunge🌻 @KLP251021

သူစိတ်ညစ်တဲ့အကြောင်း ကြားတဲ့အခါ ကိုယ်ပါ စိတ်မောရပြီး သူ့ရယ်သံတွေကို ကြားရတဲ့အခါ ကိုယ်ပါ လိုက်ပြုံးမိတာဟာ ချစ်ခြင်းမေတ္တာပဲ။ - လင်းညီ🌻 @KLP251021

ရှိပြီးမှ မရှိတော့တာထက်စာရင် အစတည်းကမရှိတာက ပိုကောင်းပါတယ်။ လူဆိုတာအကျင့်ပါတတ်တယ်မဟုတ်လား.. နွေးထွေးမှုတွေကအစ ချစ်ခြင်းမေတ္တာအဆုံး.. ခဏလေးပဲရမှာဆိုရင်တော့ အစတည်းက မရတာကမှ ပိုကောင်းသေးတယ်။ -Nayvel🌻 @KLP251021

ဘုရားသခင်ဟာ လူစေ့အောင် မစောင့်ရှောက်နိုင်ပါဘူး ဒါကြောင့် ရင်သွေးတွေအတွက် မိခင်ရှိရတယ် ငါ့အတွက် မင်းရှိရတယ် မင်းအတွက် ငါရှိရတယ် -စိုင်းဝင်းမြင့်🌻 @KLP251021

ပို ပို ချစ်လာအောင် မရစ်တတ်သလို အနားက မခွာအောင်လည်း မာယာတွေ မသုံးတတ်ဘူး ကလေးရဲ့ ဘဝဆိုတဲ့ ပင်လယ်နက်ထဲ လှိုင်းတံပိုးတွေနဲ့ ခလုတ်တိုက်မိတဲ့အခါ ကိုယ့်ကို တ,ပါ ရာသီဥတု အစ ကိုယ့်လောက်မှ မယုံရတာ ။ - ရှင်ပန်ထွာ🌻 @KLP251021

ဘာမှ မဖြစ်ပါဘူး ။ ဘာမှမဖြစ်ပါဘူးလို့ လိမ်ပြောနေရတာတွေ တစ်ခုခုဆို မျက်ရည်လွယ်နေတာတွေ စိတ်ပင်ပန်းတယ်။ - ခက်နှောင်🌻 @KLP251021

ချစ်သူဆီကအပြန် ဖိနပ်မှတ်လို့ချစီးလာတာ ငါ့မာနတွေဖြစ်နေတယ်။ သတိထားမိတဲ့အချိန် တော်တော်တောင်ပါးနေပြီ။ တာရာမင်းဝေ🌿 @KLP251021

လူ့ဘဝဟာ အပေါစား စီးကရက်တစ်လိပ် မီးလောင် ပြာကျ သွားသလိုပဲ နားလည်တာများတဲ့အခါ ပိုအကျည်းတန်လာတယ်။ #crd @KLP251021

တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနဲ့ မင်းကို ငါချစ်တယ် ဒါဟာ ဝဋ်ကြွေးတစ်ခုဆိုရင် အဲ့ဒီ ဝဋ်ကြွေးကို ငါကျေနပ်တယ်။ ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ ဘဝမှာ တစ်ခါပဲ ရွေးချယ်ခွင့်ရှိရင်တောင် မင်းရှိရာ အရပ်ကို ငါရွေးမယ်။ ငါ့ရဲ့ ရွေးချယ်မှု လွဲမှားခဲ့ရင် ကမ္ဘာကြီးက ပြောင်းလဲ ခဲ့ရင် ‌မတ်ေတာတရားက ကျောသားရင်သား ခွဲခြားခဲ့ရင် ငါတို့ဟာ မဆုံနိုင်တဲ့ မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ခဲ့ရင် နောင်တမရှိဘဲ ငါ ရှင်သန်နိုင်တယ်။ ဘဝမှာ တစ်ခါပဲ ချစ်ခွင့်ရမယ်ဆို တစ်သက်မှာ တစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို မင်းကို ချစ်စိတ် ဘယ်အခါမှ မပြောင်းလဲပါဘူး။ မင်းရဲ့ အမည်နာမက ငါ့ရဲ့ နေ့စဉ်သုံး ဘာသာစကား၊ မျှော်လင့်မထားဘဲ သတိရတတ်သွားတာ ငါ့ရဲ့အမူအကျင့်။ နတ်ပြည်နဲ့ ငရဲ ဘယ်အရာကို ရွေးမလဲလို့ မေးရင် မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ် မင်းကို ချစ်တဲ့စိတ် ဘယ်အခါမှ မပြောင်းပါဘူး။ -အကြည်တော်🌻 @KLP251021

တောင်းပန်ပါတယ် သွေးရူးသွေးတန်း လွမ်းမိတာမျိုးကလွဲရင် မင်းကို ထခိုက်စေလိုစိတ် နည်းနည်းလေးမှမရှိခဲ့ပါဘူး။ -မာရီယာလင်း🌻 @KLP251021

အသည်းလေး ကွဲရုံပါပဲ ... တစ်ဘ၀စာ မျှော်လင့်ထားသမျှ အကုန်ပါသွားတယ် ။ လမ်းလေး ခွဲရုံပါပဲ ... ဒါပေမယ့် ကိုယ်ဆိုတာပါ ပျောက်ဆုံးသွားတယ် ။ ဘာမှ ဖြစ်နေဖို့မှ မလိုပဲဟာ တဲ့ ... အင်း ဘာမှမှ ဖြစ်မနေတာ ဒီတိုင်းပဲလည်း အဆင်ပြေနေတာပါပဲလေ ။ ပြီးတော့ ... စိတ်တွေကလွဲရင် လူမှ သေဆုံးမသွားတာ ။ အဆင်ပြေပါတယ် ။ -ကျေးကို🌻 @KLP251021

ဘယ်သူ့ကိုမှ မလိုအပ်ဘူးလို့ ပြောနေခဲ့ချိန်တွေမှာလည်း ဘယ်သူမှရှိမနေခဲ့တဲ့အတွက် ရှက်ရပါတယ် ။ ။ -ဇက်ကကြိုး🌻 @KLP251021