cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

TGI Anti-Coup Team

ထောက်ပို့ကြမယ် သတင်းတွေပို့မယ် စစ်ရှောင်တွက် တိုက်ပွဲတွက် ထောက်ပို့မယ် C2D P2D Digital Strike နဲ့လဲထောက်ပို့မယ် နည်းမျိုးစုံနဲ့အာဏာရှင်ကိုတော်လှန်မယ် ထောက်တိုင်တွေကိုကူကြမယ် 🤜🤛

Show more
Advertising posts
1 105
Subscribers
-124 hours
-97 days
-3630 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
Breaking - ရှမ်းပြည်နယ်အစိုးရအတွင်းရေးမှူး ကျားဖြန့်ကိစ္စနဲ့ ဖမ်းဆီးခံရ မဲခေါင်၊ မေ ၂၉ စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းအား ကျားဖြန့်ကိစ္စနဲ့ ဆက်စပ်တယ်လို့ဆိုကာ ဒီနေ့မနက်ပိုင်းက တောင်ကြီးမြို့မှာ ဖမ်းဆီးသွားတယ်လို့ ကနဦးသိရပါတယ်။ တောင်ကြီးမြို့၊ ၄မိုင်အထွက်ရှိ TBC အိမ်ယာအတွင်းက ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ ဆိုကာ စစ်ကောင်စီနဲ့ ရဲများက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းအနေနဲ့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ CJ-001 #MeKongNews #စစ်ကောင်စီ #ကျားဖြန့် #ရှမ်းပြည်နယ်
Show all...
👍 1
⚠️မိတ္ထီလာ ရှမ်းတဲလေတပ်မှ Jet Fighter 1 စင်း အနောက်တောင်သို့ပျံတက်။ 16:04, May 14 #EAR
Show all...
👍 3
မိတ္ထီလာ မိတ္ထီလာကိုဖြတ်၍ Y-12 စစ်ထောက်ပို့လေယာဉ် ၁ စင်း မြောက်ဘက်သို့ ပျံသန်း။ 15:57, May 13 #EAR
Show all...
13 May 2024 🚨ရှမ်းတောင် ရှမ်းတောင်မြေပြင်မှာ ထိတွေ့တောက်လျှောက်ရှိနေပါတယ် ဆီဆိုင်ဘက်ကနေ စစ်ခွေးအင်အားတောက်လျှောက်ဖြည့်နေတဲ့အတွက် မိဘပြည်သူများအနေနဲ့ သတင်းနားစွင့်သွားကြပါ။ စခွေးအင်အားများ လမ်းကြောင်းများတွေ့ရှိပါကလဲ သတင်းပေးပို့နိုင်ပါတယ် @NangKitty @daktha0
Show all...
ရှမ်းတောင်(SSPDF)ရဲ့ ရိက္ခာထောက်ပို့ ချဲလန့် ၁၁၅ ရာခိုင်နှုန်း ကျော်လွန်ပြီး အောင်မြင် မဲခေါင် မေ ၁၁ ကရင်နီပြည် အခြေစိုက် ရှမ်းတောင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (SSPDF) ၁၀၀၅ တပ်ရင်းက ပြုလုပ်တဲ့ “ရဲဘော်များအတွက် ရိက္ခာထောက်ပို့ ဆန်အိတ် ၃၀” ချဲလန့် (Chellenge) အစီစဉ်ဟာ သတ်မှတ်အရေအတွက်ထက် ၁၁၅ ရာခိုင်နှုန်းကျော်လွန်ပြီး အောင်မြင်သွားတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
Show all...
9
Photo unavailableShow in Telegram
ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ မဲခေါင် မေ ၈ ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက လွိုင်ကော်မြို့ ရှေ့တန်းတိုက်ပွဲ တစ်နေရာမှာ ထိခိုက်မှုဖြစ်ခဲ့ပြီး တပ်ရင်းအနေနဲ့ ခြေတုတပ်ပေးဖို့ စီစဉ်ထားတာကြောင့် ငွေကြေးအကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။ SSPDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူက တိုက်ပွဲရှိလို့ မလိုက်ရရင် စိတ်ကောက်တတ်တယ်။ အရင်ပွဲတွေမှာလည်း ကျောထိဖူးတယ်။ အဲဒါတော့ ၇၉ ရှပ်ထိတာ။ အဲကတည်းက နားပါတော့ ဆိုတာကို မနားဘူး။ တိုက်ပွဲမထည့်လို့ တပ်ရင်းမှူးနား ဘုန်းကြီး ဝတ်မယ်ဆိုပြီး ဂျီသွားကျတာ။ အပင်ပန်းလည်း တအားခံနိုင်တာ။ အခုဒီလို ဖြစ်သွားတော့လည်း စိတ်မကောင်းဘူး။ ခြေတုလေးတပ်ဖို့အတွက် ကူညီပေးစေချင်တာပေါ့” လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူဟာ အသက် ၃၃ နှစ်အရွယ် ရဲဘော်ဂွတိုဖြစ်ပြီး တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၂ နှစ်ကျော်ခန့် ရှိပြီလို့ သူက ဆက်ပြောပါတယ်။ ရဲဘော်ဂွတိုဟာ လတ်တလောမှာ ခွဲစိတ်မှု အောင်မြင်ထားပြီး ပြန်လည်ထူထောင်ရေးကာလအတွက် ဘယ်နေရာမှာ တာဝန်ချမှတ်ရမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ SSPDF တပ်ရင်းမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုကြုံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး အရင်က လက်နက်ကြီးထုတ်လုပ်စဉ် စမ်းသပ်ပစ်ခတ်ရင်း တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးဖူးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်း အခြေစိုက်၊ SSPDF 1005 နဲ့ SSRY 1008 တပ်ရင်း ၂ ခုဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်းတွေဖြစ်ပြီး ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တပ်ရင်းတွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ 1005 Infantry https://www.facebook.com/PDF1005?mibextid=ZbWKwL MK-014 #MeKongNews #မြေမြုပ်မိုင်း #ရှမ်းတောင် #SSPDF
Show all...
Log in or sign up to view

See posts, photos and more on Facebook.

😢 5
KNDF စစ်ဗျူဟာအမှတ် ၇ မှ ရဲဘော် ၅၀၀ သင်တန်းဆင်း https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က တိုးချဲ့ဖွဲ့စည်းထားသော စစ်ဗျူဟာအမှတ်(၇)၏ အပတ်စဉ် (၁)အခြေခံ စစ်သင်တန်းဆင်းပွဲမှ ရဲဘော်(၅၀၀) သင်တန်းဆင်းကြောင်း သိရသည်။ ကရင်နီပြည်၊ ဒီမောဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာ၌ ၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့က KNDF စစ်ဗျူဟာအမှတ် (၇)၏ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဆင်းရဲ‌ဘော်များမှာ ကရင်နီဒေသတွင်းမှ ရဲဘော်များ၊ရှမ်းပြည်နယ်တောင်ပိုင်းမှ ရဲဘော် (၂၀၀)ကျော်ပါဝင်သည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/35775 #TachileikNewsAgency Photo: 1008 Infantry-Southern Shan Revolution Youth
Show all...
4
Photo unavailableShow in Telegram
😢 5
မိုးဗြဲ (၄၂၂) စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုက (၂၅) ဦး ကျဆုံး😥😥 | ဧပြီလ ၂၁ ရက် ရှမ်း - ကယားနယ်စပ် မိုးဗြဲ (၄၂၂) စခန်းသိမ်းတိုက်ပွဲ (၂) ပတ် အတွင်းမှာ တော်လှန်ရေးတပ်ပေါင်းစုတွေထဲက (၂၅) ဦး ထိခိုက် ကျဆုံးခဲ့ကာ ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် (၁၅) ဦးခန့် ရှိနေတယ်လို့ သိရပါတယ်။ "တပ်တွင်းမှာ စခ အင်အားအများကြီးမကျန်ပေမယ့် နှစ်နဲ့ချီ ခံတပ်ကာဗာ ကို အထူး တည်ဆောက်ထားတော့ ကျွန်တော်တို့ရဲဘော်ဖက်လည်း မြေပြင်အရ အနီးကဝင်ဆော်ဖို့ အရမ်းစိတ်ခေါ်မူများနေတယ်။ရဲဘော်တွေက မြေပြင်မှာ ထိခိုက်မူများတယ် မနားရဘူး။ ကင်းစောင့်လိုက် ချေမှုန်းရေးဝင်လိုက်နဲ့ အရမ်းပင်ပန်းနေကြပြီဆိုပေမဲ့ ဆက်ပြီးတောင့်ခံနေအုံးမှာဖြစ်တယ်" လို့ ရှေ့တန်းရောက်နေတဲ့ ရဲဘော်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြေပြင်မှာ ဝင်တိုက်တဲ့ ရဲဘော်တစ်ချို့လည်း ခြေတုတစ်ဖက်နဲ့ ဝင်တိုက်တာ (၄) ယောက်လောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ မိုးဗြဲ ၄၂၂ တစ်နေရာမှာပဲ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ ဖယ်ခုံ-ပင်လောင်း အစွန်မှာလည်း တိုက်ပွဲငယ်ဖြစ်ကာ ဆောင်းပြောင်း-တောင်မဲသင်း နဲ့ နောင်ဝိုးဖက်မှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ သိရပါတယ်။ စောလားဘွယ် / FFM ရုပ်သံ - credit/ ဆီဆိုင်တိုက်ပွဲမှာ ရှေ့တန်းရောက်ရဲဘော်တစ်ဦး၏ မှတ်တမ်း #မိုးဗြဲ #စခန်းသိမ်းတိုက်ပွဲ #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
Show all...
😢 2👍 1