en
Feedback
TGI Anti-Coup Team

TGI Anti-Coup Team

Open in Telegram

ထောက်ပို့ကြမယ် သတင်းတွေပို့မယ် စစ်ရှောင်တွက် တိုက်ပွဲတွက် ထောက်ပို့မယ် C2D P2D Digital Strike နဲ့လဲထောက်ပို့မယ် နည်းမျိုးစုံနဲ့အာဏာရှင်ကိုတော်လှန်မယ် ထောက်တိုင်တွေကိုကူကြမယ် 🤜🤛

Show more
983
Subscribers
No data24 hours
-67 days
-1330 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
February '25
February '250
in 0 channels
January '25
+11
in 0 channels
Get PRO
December '24
+24
in 0 channels
Get PRO
November '24
+11
in 0 channels
Get PRO
October '24
+14
in 0 channels
Get PRO
September '24
+14
in 1 channels
Get PRO
August '24
+20
in 1 channels
Get PRO
July '24
+9
in 0 channels
Get PRO
June '24
+7
in 1 channels
Get PRO
May '24
+1
in 0 channels
Get PRO
April '24
+5
in 0 channels
Get PRO
March '24
+10
in 0 channels
Get PRO
February '24
+228
in 1 channels
Get PRO
January '24
+156
in 2 channels
Get PRO
December '23
+213
in 2 channels
Get PRO
November '23
+13
in 1 channels
Get PRO
October '23
+2
in 0 channels
Get PRO
September '23
+2
in 0 channels
Get PRO
August '23
+1
in 0 channels
Get PRO
July '23
+2
in 0 channels
Get PRO
June '23
+3
in 0 channels
Get PRO
May '23
+5
in 0 channels
Get PRO
April '23
+7
in 0 channels
Get PRO
March '23
+40
in 0 channels
Get PRO
February '23
+5
in 0 channels
Get PRO
January '23
+12
in 0 channels
Get PRO
December '22
+1
in 0 channels
Get PRO
November '22
+6
in 0 channels
Get PRO
October '22
+28
in 0 channels
Get PRO
September '22
+30
in 0 channels
Get PRO
August '22
+22
in 0 channels
Get PRO
July '22
+29
in 0 channels
Get PRO
June '22
+32
in 0 channels
Get PRO
May '22
+52
in 0 channels
Get PRO
April '22
+33
in 0 channels
Get PRO
March '22
+122
in 0 channels
Get PRO
February '22
+79
in 0 channels
Get PRO
January '22
+65
in 0 channels
Get PRO
December '21
+121
in 0 channels
Get PRO
November '21
+187
in 0 channels
Get PRO
October '21
+218
in 0 channels
Get PRO
September '21
+496
in 0 channels
Date
Subscriber Growth
Mentions
Channels
13 February0
12 February0
11 February0
10 February0
09 February0
08 February0
07 February0
06 February0
05 February0
04 February0
03 February0
02 February0
01 February0
Channel Posts
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေးဆုံးမှုနှင့် ပျက်စီးမှုများ -၂.၁၂.၂၀၂၄ ခုနှစ် မနက် (၈)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်တစ်စီး၊ စပါးကျီ တစ်လုံးနှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ သည်။ -၄.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ပြီး သေဆုံးခဲ့ရသည်။ -၆.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁၂)ခွဲအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူပိုင် တိရိစ္ဆာန် နွား (၅)ကောင် လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့ရသည်။ -၁၀.၁၂.၂၀၂၄ ခုနှစ် ည (၇)နာရီ အချိန်တွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။ -၁၂.၁၂.၂၀၂၄ ခုနှစ် ညနေ (၃)နာရီခွဲအချိန်တွင် စကစမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှိ ရပ်ကွက်တစ်ခု‌အပေါ်ကို လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ -၁၆.၁၂.၂၀၂၄ ခုနှစ် မနက်(၇) နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ် နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။ -၁၈.၁၂.၂၀၂၄ ခုနှစ် နေ့လည် (၁၂)နာရီ (၅၀)မိနစ်အချိန်တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၃)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ထိုအထဲမှ (၁)ဦးမှာ သေဆုံးခဲ့ရသည်။ -၁၉.၁၂.၂၀၂၄ ခုနှစ် ညနေ (၃)နာရီ အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စကစ အခြေစိုက် ခမရ ၃၃၆တပ်မှ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့သည်။ #HumanRightsViolations #knhrg #motorshelling #Karenni

2
+6
No text...
169
3
အမြဲပြောပြောနေသလိုပဲ ပြည်သူများအားလုံး တော်လှန်ရေးရဲ့ “နား" များဖြစ်ဖို့လိုတယ်ဆိုတာ အကယ်လို့ ကိုယ်တိုင်က လေတပ်/လေဆိပ်တွေအနီးမ+2
အမြဲပြောပြောနေသလိုပဲ ပြည်သူများအားလုံး တော်လှန်ရေးရဲ့ “နား" များဖြစ်ဖို့လိုတယ်ဆိုတာ အကယ်လို့ ကိုယ်တိုင်က လေတပ်/လေဆိပ်တွေအနီးမှာမဟုတ်လို့ဖြစ်ဖြစ် ကိုယ့်မြို့မှာလေယာဉ်ကွင်းတွေမရှိလို့ပဲဖြစ်ဖြစ် လုံခြုံရေးဆိုင်ရာအခြေအနေတွေကြောင့်ပဲဖြစ်ဖြစ် ရန်သူ့လေတပ်လှုပ်ရှားမှုသတင်းတွေ လေယာဉ်အတက်အဆင်းနဲ့ ဖြတ်သန်းသတင်းတွေ ကို မျက်မြင်မတွေ့နေရဘူး အသံလည်းမကြားနေရဘူးဆိုရင်ကော ဘာလုပ်နိုင်ဦးမလဲ??? ဒီလိုဆိုရင်လည်း နောက်ထပ်လုပ်လို့ရနိုင်မယ့်နည်းလမ်းတွေ ကျန်ရှိပါသေးတယ် ဒါကတော့ ကိုယ့်ရဲ့မိဘဆွေမျိုးသားချင်း မောင်နှမ သူငယ်ချင်းမိတ်ဆွေ လုပ်ဖော်ကိုင်ဖက် စတဲ့ ကိုယ်နဲ့ နီးစပ်ရာလူတွေထံကို ချဉ်းကပ်ပြီး သတင်းထောက်လှမ်းရေးများအဖြစ် ပါဝင်နိုင်ဖို့ စည်းရုံးသိမ်းသွင်းခြင်းပါပဲ (*** ကိုယ်နဲ့ ရင်ဘတ်တူ တော်လှန်ရေးအသိုင်းအဝိုင်းထဲကတော့ ဖြစ်ဖို့လိုပါတယ်) ဘယ်လိုမျိုးစည်းရုံးသိမ်းသွင်းနိုင်မလဲ??? လေတပ်လေဆိပ်နဲ့ နီးစပ်ရာမြို့ကလူတွေရယ် တိုက်လေယာဉ်တွေ စစ်ထောက်ပို့လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ စတဲ့ စစ်ဘက်ဆိုင်ရာလေယာဉ်တွေကို မြင်ရကြားရသူတွေ အားလုံးကို စည်းရုံးသိမ်းသွင်းရပါမယ် (*** ခရီးသည်လေယာဉ် Oversea Flight တွေနဲ့ မှားပြီး သတင်းမပေးမိဖို့လည်း အထူးသတိပြုဖို့လိုပါတယ်) ကိုယ့်မှာစည်းရုံးလို့ရတဲ့သူတွေရှိလာပြီ ဒါမှမဟုတ် ကိုယ်စည်းရုံးထားတဲ့သူတွေဆီကသတင်းတွေရလာပြီဆိုရင်တော့ @EAR_Info နဲ့ အခြားသောယုံကြည်စိတ်ချရတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အချိန်မီ သတင်းပေးပို့နိုင်သလို မိမိစည်းရုံးထားတဲ့ တာဝန်သိသတင်းပေးများကိုလည်း EAR နဲ့ သက်ဆိုင်ရာအဖွဲ့စည်းများထံ တိုက်ရိုက်ချိတ်ဆက်ပြီး ဆက်သွယ်ပေးပို့နိုင်ကြောင်း မှာကြားထားနိုင်ပါတယ် @EAR_info ထံ ချိတ်ဆက်ပေးပို့လာတဲ့သတင်းအချက်အလက်များကိုတော့ သေချာပြန်လည်စိစစ်ပြီး စနစ်တကျပြုစုသုံးသပ်ကာ တိုင်းရင်းသား ERO အဖွဲ့များနဲ့ ဒေသအလိုက်ချိတ်ဆက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအဖွဲ့အစည်းများထံ တိုက်ရိုက်ရောက်ရှိအသုံးချနိုင်ရေးအတွက် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ် #EAR_PRteam #EAR #EAR_INFO #Photo_ShittyArtworks
297
4
No text...
271
5
တောင်ကြီးကတော့ ပေါ်တာဘယ်နှသုတ်လောက် လူသားဒိုင်းဖြစ်ပြီးလဲမသိဘူး အပတ်စဉ်၈,၉,၁၀ ဆိုတော့ 🙄
တောင်ကြီးကတော့ ပေါ်တာဘယ်နှသုတ်လောက် လူသားဒိုင်းဖြစ်ပြီးလဲမသိဘူး အပတ်စဉ်၈,၉,၁၀ ဆိုတော့ 🙄
307
6
+4
No text...
257
7
သတင်းထုတ်ပြန်ချက် ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ်အချို့နေရာများတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် အဆိပ်ငွေ့ပြားများကိုပါ ထည့်သွင်းအသုံးပြုလာပြီဖြစ်ကြောင်း အသိပေးလိုပါသည်။ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၇)၊ (၈)ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌အခြေစိုက်ထားသော ခမရ (၄၂၂)တပ်မှ မိုးဗြဲမြို့နှင့် ပတ်ဝန်ကျင်များသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့စ် )တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ အဆိပ်ငွေ့ပြားများကိုတစ်ပါတည်း ထည့်သွင်းအသုံးပြုထား၍ ဗုံးသီးကျရောက်ရာ အနီး ဝန်ကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှုရှိက်မိသော မိမိတို့ရဲဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြက်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရပါသည်။ ဒရုန်းဖြင့် လာရောက်တိုက်ခိုက် ချိန်တွင် မိမိတို့ဖက်မှ ထိခိုက်မှုများမရှိခဲ့သော်လည်း အထက်ပါဝေဒနာများ ခံစားကြရ၍ ဗုံးသီးကျရောက်ခဲ့သော နေရာများအား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ အထက်ပါအခြေနေများကြောင့် အများပြည်သူများအနေဖြင့် သတိကြီးစွာထား၍ မိမိတို့အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာ များသို့ ပုန်းခို၍ ရှောင်ရှားကြရန် အထူးအသိပေးအကြံပြုလိုပါသည်။ ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှု များ ကြိုကြားဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီဖက်မှ ဒရုန်းအားပြု၍ စစ်ဆင်ရေးများလုပ်ဆောင်လာသလို အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာ၍ အထူးသတိပြုကြရန်တိုက်တွန်းပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
222
8
ဗုံးကြဲခံရတဲ့ ဖယ်ခုံအနောက်ခြမ်းမှာ နွားကျောင်းသားတဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေ မဲခေါင်၊ ဒီဇင်ဘာ ၃ ဖယ်ခုံမြို့နယ်အနောက်ဘက်+4
ဗုံးကြဲခံရတဲ့ ဖယ်ခုံအနောက်ခြမ်းမှာ နွားကျောင်းသားတဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေ မဲခေါင်၊ ဒီဇင်ဘာ ၃ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ဆိုင်ခွန်ကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့မနက် ၃ နာရီကနေစပြီး လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နွားကျောင်းသား တဦးသေဆုံးပြီး ထိခိုက်မိသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
325
9
စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ ဒီဇင်ဘ+2
စစ်တပ်က သံဃာတော်များလိုက်ပါသော ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ဆရာတော် ၂ ပါး ဒဏ်ရာရ ဒီဇင်ဘာလ၊ ၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ တွင် တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်က ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိကြတယ်ဟု သိရပါတယ်၊၊ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ထီစဲးခါးကျောင်းဆရာတော်မှာ အပစ်ခံရ သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ၂ ပါးသည်လည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
349
10
+1
No text...
364
11
PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင် ၊ ထိတွေ့တိုက်ပွဲဖြစ် https://burmese.shannews.org/archives/45346 စိုင်းဟန်လင်း၊ ၂၀၂၄ နိုဝင်ဘာလ ၂၀ ရက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့သလို မြေပြင်၌ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ခိုက်လာနေသည်ဟု PNLA ၏ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ လက်ရှိတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ် PNO တပ်ဖွဲ့ နှင့် PNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဆိုသည်။ “အခုမြေပြင်အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ ဒီနေ့နံနက်ပိုင်းမှာ စစ်ကောင်စီက အများပြည်သူအသုံးပြုတဲ့ ပွန်ချောင်းတံတားကို ဗုံးသုံးလုံးကြဲချသွားပါတယ်။ ပြီးတော့ ပွန်ချောင်းတံတား အနီးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။ ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့ပူးပေါင်းပြီး နိုဝင်ဘာလဆန်းက ထိုးဆင်စစ်လာရာ ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ #SHANBurmese #သျှမ်းသံတော်ဆင့် #Shannews #ဆီဆိုင်မြို့ #PNLA #PNA #စစ်ကောင်စီ #ထိတွေ့တိုက်ပွဲ
290
12
9/11/2024 ရှမ်း/တောင် မိုးရွာထားတာကြောင့် ကျောက်ဂူ-နမ့်လန်လမ်း ကျောက်ဂူ-သာစည်လမ်း ကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အတိ+1
9/11/2024 ရှမ်း/တောင် မိုးရွာထားတာကြောင့် ကျောက်ဂူ-နမ့်လန်လမ်း ကျောက်ဂူ-သာစည်လမ်း ကျောက်ဂူ-ပင်ပိန်လမ်း အားလုံးကတော့မြင်တဲ့အတိုင်းဘဲ ဒီပုံစံတွေပါဘဲ။ ခရီးသွားပြည်သူများ လမ်းအခြေနေကိုစုံစမ်းသွားကြပါလို့လေးစားစွာ အကြံပြုပါရစေခင်ဗျာ။ ThaungpawTharla
352
13
+6
No text...
342
14
ဖယ်ခုံမြို့နယ် အရှေ့ခြမ်းရှိ ကာလရွာကို စစ်ကောင်စီ လေယာဥ်ဗုံးကြဲ၊ ၂ဦး သေဆုံး ကရင်နီ၊ နိုဝင်ဘာ၉ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကာလကျေးရွာကို နိုဝင်ဘာ ၈ရက်နေ့ ည ၁၁နာရီဝန်ကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး လူ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ပေါင်တွင်ဒဏ်ရာရရှိကာ သေဆုံးပြီး အသက်၄၀အရွယ် အမျိုးသမီးတစ်ဦးမှာ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွါးရာကို ရောက်ရှိခဲ့သည့် ကယ်ဆယ်ရေးလုပ်သူတို့က ပြောကြားသည်။ ဒေသခံတစ်ဦးကလည်း " ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ လေယာဥ်က ၃ကြိမ်ကြဲသွားတာ "ဟု ဆိုသည်။ ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နှင့် PNOတို့ အင်အား ၅၀၀ခန့်ဖြင့် မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးနေပြီး အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖယ်ခုံမြို့နယ် ဗန်းမောက်ကျေးရွာတွင် စပါးသယ်နေသည့် ထော်လာဂျီပေါ်ကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးနှင့် ဒေသခံတစ်ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ KPV News Photo -CJ #KarenniPeoplesVoice #ဖယ်ခုံ #ကာလရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်
205
15
No text...
230
16
ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲတွင် PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးအပါအဝင် ၅ ဦး​​သေ ရဲခေါင်/People's Spring ရှမ်းပြည်နယ်​တောင်ပိုင်း၊​ညောင်​​ရွှေ မြို့နယ်အ တွင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်လက်​အောက်ခံ PNOပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူအပါ အဝင် ငါးဦး သေဆုံးကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ပြောသည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင်ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာ အနီးတွင်တိုက်ပွဲဖြစ်ပွားရာ ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့် PNOပြည်သူ့စစ်မှဗိုလ်ကြီး ခွန်သိန်းဇော်၊ခွန်မောင်ရွေး၊ခွန်ရဲအောင် နှင့် ကျန်ရဲ​ဘော် နှစ်ဦးဖြစ်​ကြောင်း​ဒေသခံအချို့က​ပြော သည်။ ရှမ်းပြည်နယ်​တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်၍ စစ်​ရှောင်နေကြသော ပြည်သူများ၏ ကျန်ခဲ့သော ပြောင်းစိုက်ခင်းကို PNO ပြည်သူ့ စစ်များနှင့် စစ်သားများက ဝင်ရောက်ခိုးယူရိတ်သိမ်းစဥ် တော်လှန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့် တိုက်ခိုက် ခဲ့၍ ​သေဆုံးခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံတဦးက​ပြောသည်။ "ပြည်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းတွေကို စစ်ကောင်စီနဲ့ PNO တွေက ခူးပြီးတော့ရောင်းစားနေတာပေါ့။အခုလည်း အဲဒီလိုလုပ်နေရင် ဒရုန်းချခံရပြီး ကြွသွားတာဖြစ်နိုင်တယ် "ဟု ဒေသခံတဦးက ရှင်းပြသည်။ ရှမ်းပြည်နယ်​တောင်ပိုင်းတိုက်ပွဲများတွင် စစ်​ကောင်စီတပ် နှင့် PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်များစွာ​သေဆုံးခဲ့ပြီး ယခုဖြစ်စဥ်တွင်​သေဆုံးသူများ၏ အမည်နှင့် ဓါတ်ပုံပါ သတင်းထွက်​ပေါ်လာခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် PNO ၏ ထိုးစစ်ကြောင့် ထွက် ပြေးနေရ သော ရွာများအနက် ဟိုဝိုး၊ ဆောင်လန်၊ ဗန်းမောက် ၊ ကသဲ နှင့် လွယ်ပသာ ရွာတစ်ကြောရှိ ပြည်သူများစိုက်ထားသည့်စပါးခင်း ၊ပြောင်းခင်းဧကထောင်ချီရှိပြီး သုံးပုံတစ်ပုံခန့်သာ ပြည်သူများက ရိမ်သိမ်းနိုင်ခဲ့ ကြောင်း ဖယ်ခုံမြို့စစ်ရှောင်အရေးကူညီနေသူ ကိုရာဇာက အသိပေးသည်။ "PNOနဲ့စကစပူးပေါင်းတပ်ဖွဲ့ဖက်က ရိတ်ချွေစက်၄စီးနဲ့ ပြည်သူစပါးများကို ရိတ်ချွေပြီး ပင် လောင်းလမ်းအတိုင်း သယ်ယူသွားတယ်လို့ ဒေသခံလယ်သမားတစ်ယောက်ဆီကသိရပါတယ်"ဟု ကိုရာဇက ပြောသည်။ ထို့အပြင် ရိတ်ချွေပြီးလယ်ထဲ၌ ကျန်ခဲ့သောစပါးများကို ပြည်သူများကပြန်လာသယ်ချိန်တွင် PNO ကတိုက်ခိိုက်သဖြင့် သေဆုံးသူပြည်သူအချို့ရှိကြောင်းလည်း သိရသည်။ ထိုအပြင် စစ်​ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက ပြီးခဲ့သည့် တလ​ကျော်တွင် လီဆူတိုင်းရင်းသားရွာဖြစ်​သောသောင်စိန်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့​သေးသည်။ ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်ကို နယ်မြေစိုးမိုးနိုင်ရန် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO က အင်အား ၅၀၀ ဝန်းကျင်ဖြင့် စက်တင်ဘာလဆန်းပိုင်းကစ၍စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ အဆို ပါစစ်​ကြောင်းကို​တော်လှန်​ရေးတပ်များက တိုက် ခိုက်ရာ တိုက်ပွဲများနေ့စဥ်ဖြစ်ပွား​နေပြီးဒေသခံပြည်သူထောင်နှင့်ချီ စစ်ရှောင် နေရကာ အခြေခံ ရိက္ခာများစွာလိုအပ်လျှက်ရှိသည်။ ပင်လောင်း -ဖယ်ခုံ ​ဒေသတွင် စက်တင်ဘာလမှစ၍ လပေါင်းများစွာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေခြင်းဖြစ်သည်။ (တိုက်ပွဲတွင် ​သေဆုံးခဲ့​သော ဗိုလ်ကြီး ခွန်သိန်းဇော် နှင့် ရဲ​ဘော်ခွန်ရဲအောင်။ဓါတ်ပုံ--File Photo)
219
17
Taunggyi ဒီနေ့ည အစစ်ဆေးပိုကြပ်မယ်လို့သိရတယ်ဗျ ကားတွေကိုပါစစ်မယ်လို့ ကြားသိရတယ်ဗျ အဖွဲ့လည်းစုံမယ် ဒီနေ့စစ်မယ့်ထဲ ထပ်တိုးအနေနဲ့ မူးယစ်ရယ် အကြမ်းဖျက်တိုက်ဖျက်ရေးဆိုတဲ့ဖက်က ရခ အကြီးစားတွေလည်းပါမယ်လို့ သိရသလို အရပ်ဖက်က ပြည်သူတွေကိုတော့ ဒီနေ့ည လှည့်ကင်းတွေမှာ မခေါ်ထားဘူးလို့ သိရပါတယ် စစ်မယ့်နေရာတွေကတော့ အရှေ့မြို့ပတ်လမ်းတကြောဆို အထက ၄လမ်းဆုံ knk မီးပွိုင််နားရယ် ဘုရားဖြူဂျာမနီလမ်းရယ် ပီးတော့ မဂႅလာဦးလမ်းဆုံရယ်ပါ မိန်းလမ်းကတော့ စစ်နေကြ လဒကုန်းနားရယ် မြင်းရုပ်မီးပွိုင့်နားရယ် ကျားခေါင်နားရယ်ပါ အနောက်မြို့ပတ်လမ်းမပေါ်ဆိုရင်တော့ တက္ကသိုလ်နားက ဧရာဝတီလမ်းဆုံရယ် ဝါးပြားမီးပွိုင့်နားရယ် မီးသွေးတန်းရယ် မြို့အဝင် မြေပုံနားတွေပဲဖြစ်ပါတယ် ၇နာရီမတိုင်ခင် စုပေါင်းရုံး၊ အမှတ်၁ ရခရုံး ၊ စိန်ပန်းရခရုံး ကနေ ၃ဖွဲ့ လမ်း၃လမ်းကို ခွဲထွက်မယ်လို့ သိရပါတယ် tsr က ကြိုတင်လိုက်ပီဖြစ်တာကြောင့် စစ်မယ့်နေရာတွေ အပြောင်းအလဲ ရှိလာန်ိုင်ပါတယ် သွားတာလာတာ ဂရုစိုက်ကြပါ အရေးတကြီး သွားမယ်ဆို ရပ်ကွက်တစ်ခုနဲ့တစ်ခု ဆက်နေတဲ့ လမ်းသွယ်တွေကနေ သွားပါ TGi Support Revolution -TSR
296
18
ရှမ်းတောင်မှာ ရွာအတွင်းစစ်ဘေးရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေး ..................................... ခမ်းသားငေါဝ်း အောက်တိာဘာ ၂၄၊ ၂၀၂၄ ပင်လောင်းမြို့-ဖယ်ခုံနယ်စပ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဗန်းမောက် ကျေးရွာမှာ ရွာအတွင်းစစ်ရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေးဘူးလို့ ဒေသခံထံက သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် ဖယ်ခုံနယ်စပ်အနီး ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ တစ်လရှိသည့်တိုင်အောင် ယခုလက်ရှိ တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာအတွင်း ရွာသားတွေလည်းပိတ်မိနေကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့မှာ သိရပါတယ်။ လက်ရှိမှာ (စဲ့ဗွာ )ခေါ် ပအိုဝ်းပြည်သူစစ် PNO မှ ကုန်းလမ်းဘက်ကို ပိတ်ထားလိုက်တဲ့အတွက် ကုန်းလမ်းဖြင့် စစ်ရှောင်လိုသည့် ရွာသားတွေ ပိတ်မိနေတယ်လို့သိရပါတယ်။ ပိတ်ရတဲ့ကြောင်းရင်းကိုလည်း ရွာသားတွေအနေနဲ့သေချာမသိရဘူးလိုဆိုထားပါတယ်။ “အရင်ကတော့ ရေကြောင်းနဲ့စစ်ရှောင်လို့ရတယ်။ အခုက ရေကြောင်းလဲပိတ်သွားပြီ အဲလှေဂိတ်မှာ ဗုံးကြဲလို့ ဘယ်လှေသမားမှ မသွားရဲကြတော့ဘူး။ ကုန်လမ်းကြတော့လည်း အန္တရာယ်ရှိနေတယ်။ သွားတဲ့လူတွေလည်း ခနခန ပျောက်နေတယ် ဘယ်သူမှ မသွားရဲကြတော့ဘူး။ အခုတော့ ဘုန်းကြီးကျောင်းမှာပဲစုနေကြတယ် ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်၊၊ ထိုပင်လောင်း-ဖယ်ခုံနယ်စပ် အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိသည့်မှာ အတော်ကြာပြီးဖြစ်သည့်အပြင် အဆက်သွယ်လုပ်လို့ပါက လယ်ကွင်းနားထိထွက်ပြီးမှ အဆက်သွယ် လုပ်ရကြောင်းသိရပါတယ်။ “နေ့တိုင်းလိုလို ရွာရဲ့အပေါ်မှာလေယာဉ်က ဝဲနေတာ။ ကြောက်နေတယ်။ သူတို့က လျှောက်ကြဲလိုက်ရင် လူတွေထိမှာ စိုးရိမ်ရတယ်။ သူတို့လျှောက်မကြဲရင်တော့ ဘုန်းကြီးကျောင်းမှာနေရတာလဲ လုံခြုံပါတယ်။” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ထိုအပြင်ရွာသားအချို့များသည် အဝေးသို့ စစ်ရှောင်ပါကလည်း စားသောက်ရေးပိုင်းအတွက် မရပ်တည်နိုင်သည့်အတွက် ကျေးရွာအတွင်းဘဲ စစ်ရှောင်နေတာမျိုးလည်းရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်မှာလည်း ဗန်းမောက် နမ့်ဖာမူမှာ စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်တဲ့အတွက်ရွာအတွင်း ကျရောက်ပြီး ဒေသခံ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ရ ကြောင်းသိရသည်။ PPV0010 ပုံ-အွန်လိုင်း #လူ့အခွင့်အရေး #ပင်‌လောင်းမြို့နယ် #ဖယ်ခုံနယ်စပ်အနီး #ဗန်းမောက်ကျေးရွာ #PNO
291
19
No text...
271
20
🟢 ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ စစ်ဘေးရှောင်နေရ https://t.me/spmnewsagency2019 အင်းငယ်၊ အောက်တိုဘာ ၂၄ ရက်၊ ပင်လောင်း ရှမ်းတောင် ပအိုဝ်းဒေသ ပင်လောင်းမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာ တစ်ပတ်ကြာနေပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်မှာ ပင်လောင်းမြို့နယ်၊ ဆောင်လန်ကျေးရွာရှိ လှေဆိပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဆကြာင့် ဆောင်လန်၊ မိုင်းဖြတ်နဲ့ လွယ်ဖွီးကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။ “ကြဲနေတာက တော်တော်ကြာပြီ။ တော်တော်များများက ရှေ့အကြိမ်တွေကတည်းက ရှောင်ကြတာ။ မနေ့ည လှေဆိပ်ထိသွားတော့ ဘယ်သူမှ မနေရဲတော့ဘူး” လို့ ဆောင်လန်ကျေးရွာခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ပင်လောင်းမြို့နယ် တောင်ပိုင်း၊ ရှမ်း-ကရင်နီနယ်စပ် တစ်လျှောက်က မိုင်းဖြတ်၊ လွယ်ဖွီး၊ မိုးဦးကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းတပ်တွေဖက်က ဝါးလီ၊ တင်းထက်၊ တောင်ဗာရွာတို့မှာ တပ်စွဲထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်း ပင်လောင်းမြို့နယ်က ကျေးရွာပေါင်း ၁၃ ရွာတိတိ စစ်ဘေးရှောင်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ “ဆီဆိုင် - ပင်လောင်း - ဖယ်ခုံလမ်းက ပိတ်သွားပြီ။ ဝေးဝေးရှောင်လို့ မရတော့ဘူး။ နီးစပ်ရာပြေး နည်းနည်းငြိမ်ရင်ပြန်လာ အဲလိုပဲရမှာ။ တချို့လမ်းကျတော့ ကားသမားတွေလည်း မသွားရဲဘူး” စစ်ကောင်စီတပ်ဟာ စက်တင်ဘာလကတည်းက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံနဲ့ ကရင်နီပြည်ကို အင်အား ၅၀၀ နဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို စစ်မှုထမ်းအသစ်တွေနဲ့ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တင်မကဘဲ အင်းလေးဒေသတောင်ပိုင်း၊ စံကားကျေးရွာအုပ်စုဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ စုံစမ်းသိရပါတယ်။ ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
243