cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

True News For Spring Revolution

This channel is about hosting the best true news during the military coup.

Show more
The country is not specifiedThe language is not specifiedThe category is not specified
Advertising posts
1 350
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from Hlaing Info
Photo unavailableShow in Telegram
ဒဂုံတက္ကသိုလ်ကျောင်းသားတဉီး တောင်ငူတွင် အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးခြင်းကိုခံရ။ ဧပြီလ ၁၇ ရက် ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာ ပထမနှစ်ကျောင်းသား မောင်ဘုန်းမြတ်ရဲဝင်းသည် တောင်ငူခရိုင် ထန်းတပင်မြိုနယ်၊ တပြေးစစ်ဆေးရေးဂိတ်တွင် ဧပြီလ (၁၁) ရက်နေ့၊ ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်အုပ်စုမှ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရှိရသည်။ ယခုအချိန်ထိ မတရားဖမ်းဆီးခံထားရသူ ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ (ရရှိထားသောစာရင်းအရ ၃၀ ဉီးခန့်ရှိပြီး) စာရင်းမရရှိထားသူများနှင့်ဆိုလျှင် (၄၀) ကျော်ခန့်ရှိမည်ဟု ခန့်မှန်းသည်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ Spring revolution ▪️HlaingInfo
Show all...
Photo unavailableShow in Telegram
စစ်ကောင်စီနှင့် ချင်းပြည်ကာကွယ်ရေးတပ်-မတူပီ တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား ⚫️ Z Fighter April 17 ⚫️ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-မတူပီ (CDF-Matupi) က ထုတ်ပြန်ပါတယ်။[DVB][Z-F] Read More >>> https://telegra.ph/Z-F-042-Info--𝙊𝙢𝙞𝙜𝙖𝙧-04-17-3 Click ☞︎ https://droplink.co/pUi8s 🚦VPN - US , Australia, Netherlands, Norway ထားပေးပါ #Adm_9 #z_fighter
Show all...
ထီးလင်းတိုက်ပွဲတွင် ​ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်​ပြေးသွားသည့် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်း​​အောင် သေဆုံးပြီး ယ​နေ့ သဂြိုလ်ဟုဆို ရဲခေါင်/People's Spring ထီးလင်းမြို့တိုက်ပွဲတွင် ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့်ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီး နေလင်းအောင်သေဆုံးသွားပြီး ယနေ့(ဧပြီ ၁၅ ရက်)တွင်သဂြိုလ်လိုက်ကြောင်း ဒေသခံများက People's Springသို့ ပြောသည်။ ထီးလင်းဆေးရုံရင်ခွဲရုံမှတစ်ဆင့် အလောင်းထုတ်ကာ မီးသဂြိုလ်လိုက်ရသူ ဗိုလ်ကြီးနေလင်းအောင်သည် မြို့နယ်​ရွေး​ကောက်ပွဲကော်မရှင်ရုံးတွင် အရက်သောက် ပျော်ပါးနေစဥ် YDF(ထီးလင်း)က ဧပြီ ၁၃ရက် နေ့လယ်ပိုင်း၌ ဝင်ရောက်ရှင်းလင်းခံရသူဖြစ်သည်။ သို့သော် မီးသတ်ရုံးဘေးရှိ မြို့နယ်ကော်မရှင်ရုံး၌ သောက်စားပျော်ပါးနေသည့် စစ်ကောင်စီအဖွဲ့များကို တွေ့ရှိသဖြင့် တပါးတည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း YDF တာဝန်ရှိသူက People's Springသို့ ပြောကြားထားသည်။ မြို့နယ်ကော်မရှင်ရုံးသို့ ချဥ်းကပ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးနေလင်းအောင်မှာလည်း ပေါင်ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးခဲ့ရသည်။ ထို့နောက်YDF တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်သားများ နောက်မှလိုက်လာသဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ကနဦးထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် (၉)မမကျည် ၁၂တောင့်၊ပစ္စတိုကျည်ပေါက်အိတ်တစ်ခု နှင့် ဖုန်းခြောက်လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်။
Show all...
Repost from Zalen
နန်းချောင်းကျေးရွာပြည်သူအားလုံးထွက်ပြေးရပြီး နေအိမ်ဖောက်ထွင်းခံရလို့ သိန်း ၁၅၀ လောက်ခိုးယူခံရ Read More >>>>> https://bit.ly/3uJsvaQ
Show all...
Photo unavailableShow in Telegram
ကြံ့ခိုင်ရေးပါတီရဲ့ ပုလောမြို့နယ်ဥက္ကဌ ပစ်သတ်ခံရပြီးသေဆုံး တနင်္သာရီတိုင်းမ် ၊ ဧပြီ ၁၅ ကြံ့ခိုင်ရေးပါတီရဲ့ ပုလောမြို့နယ်ဥက္ကဌ ဦးအောင်နေဇာလင်း မနေ့က သေနတ်နဲ့ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပုလောမြို့ခံတချို့ကပြောပါတယ်။ မြိတ်ခရိုင်၊ ပုလောမြို့က တောင်ဝိုင်းကွေ့ဆီဆိုင်အနီးမှာ ဧပြီလ၁၄ရက် ညနေ ၅နာရီဝန်းကျင်က ဆိုင်ကယ်တားပြီး ခေါင်းကိုသေနတ်နဲ့ပစ်သွားတာဖြစ်တယ်လို့မြို့ခံတွေထံက သိရပါတယ်။ "သူကဒလန်အကြီးစားပဲ အကောင်ကြီးထဲကပေါ့။ အခုလက်ရှိသူ့အလောင်းက အမှတ်၁ရပ်ကွက်က အိမ်မှာပဲ။ စစ်တပ်ကလုံခြုံရေးယူပေးထားတယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။ အသက် ၄၅နှစ်ဝန်းကျင်အရွယ် ဦးအောင်နေဇာလင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကျူရှင်ဆရာတစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။ The Tanintharyi Times @nightingalemedia ဓာတ်ပုံ - ဦးအောင်နေဇာလင်း
Show all...
✅ပြည်သူ့ရင်ပြင်​ေရှ့ * မြေနီကုန်းတံတားပေါ်မှာ စခ DC 1 ရပ်နေတာတွေ့ * ခုလမ်းပြန်ဖွင့်လိုက်ပီဗျ ကားတွေကိုစစ်ပြီးမှ သွားခိုင်း * 5:24 PM @SanchaungScout
Show all...
Photo unavailableShow in Telegram
ဖက်ဆစ်စစ်တပ်ရဲ့ အဝီစိသင်္ကြန်ကို မြေမြိုခံရသူငရဲသားများ တက်ရောက်ချီးမြှင့် 🚫 ယခုနွေဦးတော်လှန်ရေးကာလတွင်သာမက - ဖက်ဆစ်အစိုးရသမိုင်းအစဉ်အဆက် ဦးနေဝင်းလက်ထက်ကပင် ပြည်သူလူထုနဲ့ဆန့်ကျင်တဲ့ဘက်မှာအမြဲရပ်တည်ဘောမခဲ့တဲ့ ' နေအောင် ' တော်လှန်ရေးဇာတ်ကားတွေရိုက်နေပြီး တကယ်တော်လှန်ရမည်ဆိုသည့်အချိန်ကျ ပြည်သူလူထုကိုမှတော်လှန်ခဲ့တဲ့ ' သီဟတင်စိုး ' နယ်ပရိတ်သတ်များအကြိုက်ဟုဆိုကာ ပညာပေးဇာတ်ကားခေါင်းစဉ်တပ် ပြည်သူလူထုကို အသိပညာအမှားများရိုက်သွင်းနေတဲ့ ' အာကာမြင့်အောင် ' သူပုန်ခေါင်းဆောင်၊ ဖိုက်တင်ခေါင်းဆောင် နေရာမှာ အမြဲရိုက်လာခဲ့တဲ့ ဘောမခေါင်းဆောင် ' မင်းခန့်ကျော် ' အမေများယိမ်းအဖွဲ့ နှင့် မမများယိမ်းအဖွဲ့မှ ' မတူး ' တို့သည် ပြည်သူလူထု၏ ဂရုမစိုက်ခြင်းအနုပညာ " လူမှုရေးပြစ်ဒဏ်ခတ်ခြင်း " ဆုကိုထိုက်ထိုက်တန်တန်ရရှိသွားပါကြောင်းကြေညာအပ်ပါသည်ရှင့်။ #OCTOPUS #ရေဘဝဲ #socialpunishment
Show all...
ဆောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ပါ တိုက်ခိုက်နေ ဧရာဝတီ၊ ဧပြီ ၁၄၊ ၂၀၂၂ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-SAW) တို့ကြား ဧပြီ ၁၃ ရက်မှ ယနေ့ (ဧပြီ ၁၄ ရက်)အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း ဆောမြို့နယ်ရှိ ကျေးရွာများကိုမီးရှို့ပြီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို လယ်ကျေးရွာ၊ ကြက်ခတ်ကျေးရွာ၊ ပေါက်တော စသည့် ကျေးရွာများအနီးဝန်းကျင်တွင် ဆော PDF တပ်ဖွဲ့ဝင်များက ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းသုံးတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ဆော PDF အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ #RejectMilitaryCoup
Show all...
Photo unavailableShow in Telegram
အင်းစိန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်မှာ ရေကစားဖို့ ၈၀၀၀ ကျပ်ပေးကာ လိုက်လံစည်းရုံးနေရ 💸 April 14 💸 ရန်ကုန်တိုင်း၊ အင်းစိန်မြို့ မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်မှာ ရေကစားဖို့အတွက် တရက်ကို ၈၀၀၀ ကျပ်နှုန်းနဲ့ သင်္ကြန်အကြိုနေ့မတိုင်မီ ရပ်ကွက်အတွင်း လိုက်လံစည်းရုံးနေတယ်လို့ အင်းစိန်ပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။ "မြို့တော်ခန်းမ မဏ္ဍပ်မှာ ရေးကစားဖို့ သူတို့က တရက်ကို ၈၀၀၀ ပေးမယ်ဆိုပြီး လိုက်စည်းရုံးတယ်။ အကြိုနေ့က လူမရှိလို့ ဒီနေ့ဆို ၁၀၀၀၀ ဖြစ်သွားပြီ ကြားတယ်။ ဘယ်သူမှ မသွားကြဘူး။ မဏ္ဍပ်မှာလည်း သူတို့လူနဲ့ သူတို့ပဲ ရှိတာ။ စည်ပင်နဲ့ အမိုက်လိုက်ကောက်တဲ့ သူတွေပေါ့။ လိုက်စည်းရုံးတဲ့အဖွဲ့တော့ သေချာမသိဘူး။ စည်ပင်ပဲ ဖြစ်မယ်" လို့ သူကပြောပါတယ်။ အင်းစိန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်ဟာ မြို့တော်ခန်းမဆောင်မှာ ဆောက်လုပ်ထားပြီး၊ ပထမဆုံးအကြိမ် ၂၀၂၂ သင်္ကြန်ပွဲတော်ကို ကျင်းပတာနေတာ ဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့နဲ့ သင်္ကြန်အကျနေ့ နစ်ရက်အတွင်း ပြည်သူတွေ သင်္ကြန်ကို ပါဝင်ဆင်နွဲခြင်းမရှိဘဲ မဏ္ဍပ်မှာ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ရပ်ကွက်ထဲ အမှိုက်လိုက်ကောက်သူတချို့သာ ရှိတယ်လို့ သိရပါတယ်။ #Myanmar Police CDM Channel
Show all...
မြောက်ဥက္ကလာပအပါအဝင် မြို့နယ်တချို့တွင် "တော်လှန်ရေးမှာပွဲတော်မရှိဘူး၊ တိုက်ပွဲပဲရှိတယ် "တော်လှန်ရေးလှုပ်ရှားမှု ဧပြီ ၁၄၊ ၂၀၂၂။ North Okkalapa Information ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် မြို့နယ်တချို့တွင် " တော်လှန်ရေးမှာပွဲတော်မရှိဘူး၊ တိုက်ပွဲပဲရှိတယ် " စာရွက်များအား ကြဲခြင်း၊ ကပ်ထားခြင်း၊ ဖြန့်ဝေခြင်းများကို ယနေ့ ဧပြီလ ၁၄ရက် သင်္ကြန်အကျနေ့၌ ပြုလုပ်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုကို ဒဂုံတက္ကသိုလ်ကျောင်းသူများ နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း - SC Strike , LGBT Community Yangon တို့ပူးပေါင်းကာ လူထုအား တပ်လှန့်နှိုးဆော်ခဲ့သည့် တော်လှန် ရေး လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဒဂုံတက္ကသိုလ်ကျောင်းသူများ အပါအဝင် တော်လှန်ရေးခရီးကြမ်းအား ရင်ကော့ခေါင်းမော့၍ အန္တရာယ်များကြားတွင် လျှောက်လမ်းနေသောအမျိုးသမီးထုတရပ်လုံးအား ကျွန်ုပ်တို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ လေးစားစွာအလေးပြအပ်ကြောင်း ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားပြီး ကျောင်းသားပြည်သူများအနေဖြင့်လည်း ပျော်ပွဲရွှင်ပွဲများ၊ ပွဲတော်များအား ကျောခိုင်းငြင်းပယ်၍ စဥ်ဆက်မပြတ် တော်လှန်ရေးတိုက်ပွဲဝင်ကြရန် အလေးအနက်တိုက်တွန်းထားသည်။
Show all...