cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Z Fighter News [⌨︎]

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑ → 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm → 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz → 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM Buy ads: https://telega.io/c/zfighternews

Show more
Advertising posts
21 626
Subscribers
-1824 hours
-1287 days
-29030 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF ရဲဘော်များက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကျင်းပ 🛑Z Fighter June 19🛑 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း -MSPDF ရဲဘော်များက လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
1🥰 1
Photo unavailableShow in Telegram
ADin Hmue-Dawei အဖွဲ့မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်၍ ဆုတောင်းပွဲ ပြုလုပ် 🛑Z Fighter June 19🛑 ADin Hmue-Dawei (ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့) မှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်၍ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
👍 4 1🥰 1
ချင်းတပ်ဖွဲ့များ အချင်းချင်းတိုက်ခိုက်မှုဖြစ်ပြီး ရဲဘော်နှစ်ဦးကျဆုံး ■ ဆက်လက်တိုက်ခိုက်သွားမယ်လို့ နှစ်ဖက်အဖွဲ့များထုတ်ပြန် 🛑Z Fighter June 19🛑 ချင်းပြည်နယ်၊ မတူပီမှာ စစ်ဆင်ရေးဖော်ဆောင်နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းညီနောင်နဲ့ ချင်းအမျိုးသားတပ်မတော် CNF/CNA အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေ အချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားပြီး ချင်းရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ [BurmaVJ][Z_F] ဓါတ်ပုံ-ချင်းလဲန်းကောင်စီ တပ်မဟာ ၂တပ်ဖွဲ့ဝင်များနှင့် PDF-Zolandတပ်ဖွဲ့ဝင်များ Read more>> https://telegra.ph/Z-Fighter-06-19-57 #Adm_1 #BurmaVJ #z_fighter
Show all...
👍 4🤔 3😢 2
Photo unavailableShow in Telegram
ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ် 🛑Z Fighter June 19🛑 ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
👍 6🥰 2
Photo unavailableShow in Telegram
ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲလုပ်ပြီး ၊စစ်​ကောင်စီကိုချီတက်ဆန္ဒပြ 🛑Z Fighter June 19🛑 ကချင်ပြည်နယ် ဖားကန့်မြို့နယ် စျေးတစ်ခုတွင် သပိတ်အင်အားစုများ ဦးဆောင်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇွန်လ ၁၉) ချီတက်ဆန္ဒပြခဲ့သည်။ ဆန္ဒပြပြည်သူများက စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစေရန်နှင့် မတရားဖမ်းဆီးခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်စေရန်၊ နွေဦးတော်လှန်ရေး အမြန်အောင်မြင်ကာ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်အမြန်ကျဆုံးစေရန် ကြွေးကြော် ဆုတောင်းခဲ့ကြသည်။ ထို့အပြင် အင်အားရာ​ချီပါဝင်ဆင်နွှဲ​သော ပြည်သူများက နှင်းဆီပန်းအနီများ ကိုင်ဆောင်ခြင်း၊ ပန်ဆင်ခြင်းတို့ဖြင့် "ပန်းသပိတ်" ဆင်နွှဲခဲ့ပြီး "Happy birthday သံမဏိနှင်းဆီ" စာသားကိုင်ဆောင်၍ အမေစုအတွက် မွေးနေ့ကိတ်ခွဲခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။[People's Spring][Z_F] ဓာတ်ပုံ - ဖားကန့်ပင်မသပိတ် #Adm_1 #PS #z_fighter
Show all...
👍 4 2🥰 1🕊 1
ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး၊ ဒိန်းမတ်သံရုံး၊ နော်ဝေးသံရုံး၊ ဥရောပသမဂ္ဂနှင့် ဂျာမနီသံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်တွင် ပါဝင်သည့်အနေဖြင့် Facebook Profile ဓာတ်ပုံများကို ပန်းဓာတ်ပုံများအဖြစ် ပြောင်းလဲ 🛑Z Fighter June 19🛑 ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံး၊ ဒိန်းမတ်၊ နော်ဝေး၊ ဥရောပသမဂ္ဂနှင့် ဂျာမနီသံရုံးတို့က ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်တွင် ပါဝင်သည့်အနေဖြင့် Facebook Profile ဓာတ်ပုံများကို ပန်းပုံများ ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။ ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်မြောက် မွေးနေ့ အဖြစ် ဗြိတိန်သံရုံးက ဒေါ်အောင်ဆန်းစုကြည် ပန်းပန်ထားသည့် နောက်ကျော ပန်းချီကားကို Facebook Profile ဓာတ်ပုံအဖြစ် ပြောင်းလဲလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုသည်။[Khit Thit Media][Z_F] Read more>> https://telegra.ph/Z-Fighter-06-19-55 #Adm_1 #KTM #z_fighter
Show all...
10👍 1🥰 1🕊 1
အောင်​ဇေယျစစ်​ကြောင်း​ ရှေ့မတိုးတော့ဘဲ လက်နက်ကြီးဖြင့်သာ ပစ်​နေဟုဆို ▪︎စစ်သင်တန်း အမှတ်စဥ်(၁)မှစစ်သားသစ်များရှေ့တက်ခိုင်း၍ အ​ယောင်ပြစစ်​ကြောင်းလှုပ်ရှားမှုမျိုးသာပြုလုပ် 🛑Z Fighter June 19🛑 ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှာ ရှေ့တိုးရန် စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အောင်ဇေယျစစ်ကြောင်းသည် ဇွန်လ ၃ရက်ညက တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဇွန်လအတွင်း အင်အားအလုံးအရင်းဖြင့် ရှေ့တိုးရန်စစ်ကြောင်းထိုးလာခြင်းမရှိ​တော့ဘဲ အင်အား ၂၀ကျော်ဖြင့် ဟန်ပြစစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများသာ ပြုလုပ်နေကြောင်း ၎င်းက ဆက်​ပြောသည်။[People's Spring][Z_F] Read more>> https://telegra.ph/Z-Fighter-06-19-56 #Adm_1 #PS #z_fighter
Show all...
😁 7👍 3 1
Photo unavailableShow in Telegram
အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ကျောင်းသားထုသပိတ်စစ်ကြောင်း ချီတက် 🛑Z Fighter June 19🛑 အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့အတူ ပူးပေါင်းဦးဆောင်၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲနှင့် ကျောင်းသားထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
9👍 1🥰 1
Photo unavailableShow in Telegram
တောင်ညိုစစ်ကြောင်း တပ်ခွဲ ၃ မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ် ပြုလုပ် 🛑Z Fighter June 19🛑 တောင်ညိုစစ်ကြောင်း တပ်ခွဲ ၃ မှ ရဲဘော်များ ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
10👍 2🕊 1
Photo unavailableShow in Telegram
မန္တလေးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိန်းအမှတ် ပန်းသပိတ်ပြုလုပ် 🛑Z Fighter June 19🛑 မန္တလေးမြို့တွင် တော်လှန်ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိန်းအမှတ် ပန်းသပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ပန်းသပိတ်လှုပ်ရှားမှုကို စန္ဒာမုနိဘုရား၊ အိမ်တော်ရာဘုရား၊ မန္တလေးတောင်တော်နှင့် ကျုံးနံဘေးတွင် ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။[Khit Thit Media][Z_F] #Adm_1 #KTM #z_fighter
Show all...
14👍 1🥰 1🕊 1