en
Feedback
စစ်တောင်းသစ္စာ

စစ်တောင်းသစ္စာ

Open in Telegram
1 858
Subscribers
+124 hours
-57 days
-4530 days
Posts Archive
Repost from Sitt Naing News
တနင်္သာရီတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးပြီး ထောက်ပံ့ပစ္စည်းများ ပေ
+9
တနင်္သာရီတိုင်း မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ် ထားဝယ်၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ သပြေချောင်းကျေးရွာရှိ အမှတ်(၈) မူလတန်းကြိုကျောင်းနှင့် အမှတ်(၂၅) မူလတန်းကြိုကျောင်းတို့မှ မူကြိုကလေးငယ်များအတွက် အာဟာရကျွေးမွေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားကို အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ပြီး မူကြိုကလေးငယ်များအား အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကာ ကျောင်းဝတ်စုံများ၊ ဆေးစိမ်ခြင်ထောင်များနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

AAအနာဂတ်ပျောက်မယ့်၄၉၂၆* အခုရက်ပိုင်း ပြည်သူလူထုကြားမှာ နာမည် ကြီးနေတဲ့ သတင်း တစ်ပုဒ် က ၄၉၂၆ စစ်ဆင်ရေးပါပဲ။ အချို့ကလည်း ဒါကို ဝါဒဖြန့်ချိရေး ဆို ပြီး အထင်မှားနေကြတုန်းပဲ။ အမှန်တော့ ဝါဒဖြန့်ချိရေး မဟုတ်တဲ့ ရခိုင်ပြည်နယ် ထိုးစစ်ကြီး တစ်ခုပါ။ စုံစမ်းသိရသလောက်တော့ ရခိုင် ဟာ ပုဏ္ဍားကျွန်း ကနေ ကင်းပေါက်သွားပြီး လို့ ဆိုနိုင်ပါတယ်။ ပုဏ္ဍားကျွန်း ကမ်းတက်စစ်ဆင်းရေး ဟာ အတိုင်းထက်အလွန် အောင်မြင် နေလို့ တစ်ရက် ကို AA အလောင်း ၃၀ ကနေ ၅၀ အကြားရနေသလို လက်နက် တွေ လည်း ရာချီ ရထားပြီမို့ မကြာမီ ပုဏ္ဍားကျွန်းကို ပြန်ရတော့မယ်ဆိုတဲ့ သကောင်းကို ကြားရတော့မှာပါ။ ထူးခြားတာက စစ်ပရိယာယ်လို့ ပြော ရမှာပါ၊ အားလုံးထင်ကြေးပေးနေကြသလို AA ကလည်း မျှော်မှန်းထားတဲ့ စစ်မျက်နှာ က ပြည်မ နဲ့ ရခိုင် အစပ် က အမ်း-ပဒါန်း လမ်း၊ ပန်းတောင်း-တောင်ကုတ်လမ်း ၊ ဧရာဝတီ-ရခိုင် ဂွအစပ် ကနေ တပ်က နေ ဝင်လာလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။ တကယ်လည်း ဝင်ရော မထင်မှတ်တဲ့ ရခိုင်မြောက်ပိုင်း ပုဏ္ဍားကျွန်းဖြစ်နေ လို့ AA တွေ အငိုက်မိပြီး စခန်း  ၁၂ ခု အထိ လက်လွှတ်လိုက်ရပြီ လို့ ဆို ပါတယ်။ ဒီပုံတိုင်းဆိုရင် ရခိုင်ပြည်နယ်ပြန် သိမ်းရေး စီမံချက်က ရခိုင်မြောက် ပိုင်း စစ်တွေ ကနေ တောင်ဘက်ကို ပြန်ဆင်းကာ သိမ်းယူတော့မယ်လို့ ယူဆရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ကိုယ်က ထိုးစစ်ကြီးစပြီ ဖြစ်လို့ တစ်ဖက်ရန်သူ အတွက်တော့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှု ကြီး ကြီးမားမား သက်ရောက်မှု ရှိသွား ပြီးဖြစ်လို့ AA တွေ ဒလဟော ပြိုဆင်းသွားပါလိမ့်မယ်။ တကယ်တော့ စစ်တိုက်တယ် ဆိုတာ အရင်းအမြစ်တွေ လိုပါ တယ်။ အရင်းအမြစ်တွေ အားလုံး ထဲမှာ လူသားအရင်းအမြစ် က အရေးကြီးဆုံးပါပဲ။ အားမနာတမ်းပြောရရင် AA အားကိုးထောက်ခံနေတဲ့ ရခိုင် လူ့အဖွဲ့အစည်းဆိုတာက ရေရှည် စစ်တိုက်နိုင်၊ တောင့်ခံနိုင်လောက် တဲ့ လူသားအရင်းအမြစ်တွေ မရှိပါဘူး။ မပြောပလောက် ကောက်ရိုးမီးသဖွယ် ခေတ္တ လောလောင်ကျွမ်းနိုင်တဲ့ လူတစ်စု လောက်သာ ရှိလို့ အခု AA ပျားတုတ်နေပြီ။ ဒါကြောင့် ဘင်္ဂလီတွေ ကို AA ထဲ ထည့်နေရသလို လူလည်ကျ ပြီး ဗမာ PDF တွေ ကို ရခိုင်းရိုးမ အဝင် ကနေ ကာကင်းလုပ်ထား နိုင်သေးလို့သာ AA ဒီလောက် ခံနေတာ ၊ AA လူလည်ကျ အသေခံ ခိုင်းခံနေတာကို သိသွားကြတဲ့ ဧရာဝတီ မကွေး ပဲခူး က PDF တွေလည်း အခုခါ မှာ တောက် လျှောက်အလင်းဝင် နေပြီဖြစ်လို့ ရှေ့ဆက် AA က အခြေအနေ မကောင်းနိုင်တော့ပါဘူး။ မကြာမီရက်ပိုင်းအတွင်း အမ်း-ပဒါန်း လမ်းပေါ်က PDF တွေ ၊ ပန်းတောင်း-တောင်ကုတ် လမ်းပေါ်PDF တွေနဲ့ ဧရာဝတီ-ရခိုင် အစပ် က PDF တွေ AA အနိုင်ကျင့် အမြတ်ထုတ်မှုမခံနိုင်တော့ လို့ အင်အားအလုံးအရင်းနဲ့ အလင်းဝင် ကြအုံးမယ်လို့ ကြားသိရပြန်ပါတယ်။ ဒီပုံအတိုင်း ဆိုရင်PDF တွေနဲ့ ကာရံ ထားတဲ့ ရခိုင်ရိုးမ အဝင်လမ်းတွေ အကုန်လုံးကလည်း ပွင့်ထွက်သွား တော့မယ် သဘောတွေ့ရသလို လပိုင်အတွင်း အမ်းမှာ နိုင်ငံတော် အလံပြန်စိုက်မှာ ကို မြင်ကြရဖို့ရှိ နေပါတယ်။ မင်းသုန္ဒရ

ရခိုင်ဒေသရဲ့ စစ်ပွဲအခြေအနေကို ပြောင်းလဲလာစေနိုင်တဲ့ တပ်မတော်ရဲ့  ၄၉၂၆ စစ်ဆင်ရေး

ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်ခဲ့ပြီးနောက် ဆေးကုသမှုများ ဆောင်ရွက်ပေးနေပြီဖြစ်

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ ======== ပဲခူး စက်တင်ဘာ ၉         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၉)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ပဲခူးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။         ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားလာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး မိမိတို့၏ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်မပျက် ထင်ရှားစွာ ရပ်တည်နိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းသွားကြမှသာ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက် မပျက်ဘဲ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ဝင့်ထယ်နိုင်မှာ ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှ တိုင်းဒေသကြီးကိုယ်စားပြု အကောင်းဆုံးအနုသုခုမ ပညာရှင်များကို စနစ်တကျ စိစစ်ရွေးချယ်သွားမှာဖြစ်၍ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုစားအားထုတ် ယဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။           ယင်းနောက် ညောင်လေးပင်ခရိုင်မှ ဝါသနာရှင်(ဒုတိယတန်းအဆင့်) ပြိုင်ပွဲဝင် ဒေါ်ခင်ရတနာစိုးက “ပြည်ထောင်စုရဲ့ထာဝရအလှ" သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင်မှ (၁၅-၂ဝ)အဆင့်ပြိုင်ပွဲဝင် မောင်ဟန်လင်းသန့်က ပြိုင်ပွဲဝင် အကတီးလုံးနှင့် ပြိုင်ပွဲဝင် မောင်ကောင်းပြည့်ဟိန်းက “အောင်မြင်ခြင်း အတူတူ”သီချင်းဖြင့်လည်းကောင်း၊ ပဲခူးခရိုင် အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင် မဟေမာန်ကျော်က ”ညညှင်းလေပြေ”သီချင်း၊ ဝါသနာရှင်(ပထမ)တန်း ပြိုင်ပွဲဝင် ဦးဘိုဘိုမင်းက “မြန်မာသီချင်းဆိုရအောင်” သီချင်းနှင့် “မြန်မာ့မူမှန်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဒိုင်အဖွဲ့များ၊ နည်းပြအဖွဲ့များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။          အဆိုပါ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲကို စက်တင်ဘာလ(၉)ရက်နေ့မှ (၁၁)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့်ခရိုင်(၆)ခရိုင်မှ ပြိုင်ပွဲဝင်ဦးရေ(၂၅၀)ဦးပါဝင်ကာ ဝါသနာရှင် (ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ (အသက်၁၅ နှစ်ပြည့်မှ ၂၀ နှစ်အတွင်း) အဆင့်၊ အခြေခံပညာ(အသက်၁၀ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့်တို့တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Repost from Sitt Naing News
မော်တော်ယာဉ် စုံ/မ ရက်စနစ် ပယ်ဖျက်၊ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင် နေပြည်တော်၊ စက်တင်ဘာ ၉ စက်သုံးဆီ ခြိုးခြံချွေတာသုံး
မော်တော်ယာဉ် စုံ/မ ရက်စနစ် ပယ်ဖျက်၊ ပုံမှန်အတိုင်း ပြန်လည်မောင်းနှင်နိုင် နေပြည်တော်၊ စက်တင်ဘာ ၉ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် မော်တော်ယာဉ်များအား “စုံ” ရက်၊ “မ” ရက် ခွဲခြား၍ ကန့်သတ်မောင်းနှင်အသုံးပြုရန် သတ်မှတ်ချက်များကို စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးကြေညာသည်။ စက်သုံးဆီသုံးစွဲမှု ပုံမှန်တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် ရည်ရွယ်၍ ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုစနစ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လက်ရှိကျင့်သုံးနေသည့် “စုံ/မ” ရက်စနစ်နှင့် QR Code သတ်မှတ်ချက်များအတိုင်း ဆက်လက်ဝယ်ယူရမည် ဖြစ်ကြောင်း အသိပေးထားသည်။ #SittNaing

Repost from Sitt Naing News
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့်
+1
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားသော IIMM ၏ စွပ်စွဲချက် အစီရင်ခံစာများအား ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေး #SN

မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက် မော်တော်ယာဉ်များကို စုံ/မ နံပါတ်အလိုက် ခွဲခြားမောင်းနှင်သုံးစွဲရသည့် စနစ်အား ယနေ့ စက်တင်ဘာ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ #ဒေါ်ခိုင်ခိုင်စိုး(ဒုတိယ၀န်ကြီး) နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ #SN

Repost from Sitt Naing News
“တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ၁၂-၉-၂၀၂၆ စနေနေ့ည ည ၇ နာရီ နှင့် ည ၈ နာရီ သတင်းအပြီး နိုင်ငံပိုင် ရုပ်သံချန်နယ်များနှင့် ပုဂ္ဂလိက ချန်နယ်များမှ ထုတ်လွှင့်ပြသမည်လို့သိရပါတယ်။ #SN

မြောက်ကိုရီးယား နယ်စပ်လှုပ်ရှားမှုတွေကို တောင်ကိုရီးယား အထူးစောင့်ကြည့်နေ မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ နယ်စပ်လှုပ်ရှားမှုတွေ
မြောက်ကိုရီးယား နယ်စပ်လှုပ်ရှားမှုတွေကို တောင်ကိုရီးယား အထူးစောင့်ကြည့်နေ
မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ နယ်စပ်လှုပ်ရှားမှုတွေ ပိုမိုများပြားလာတာကြောင့် တောင်ကိုရီးယားစစ်ဘက်က DMZ အပါအဝင် နယ်စပ်တစ်လျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်လာရင် တုံ့ပြန်နိုင်ဖို့ စစ်ရေးအသင့်အနေအထား ထားရှိတယ်လို့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ - မြောက်ကိုရီးယားဘက်က နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းတွေ ထပ်မံတပ်ဆင်တာ၊ အကာအကွယ်တံတိုင်းတွေ တည်ဆောက်တာနဲ့ စစ်ဘက်အခြေခံအဆောက်အအုံတွေ တိုးချဲ့နေတာတွေ ရှိတယ်လို့ တောင်ကိုရီးယား JCS က ပြောပါတယ်။ - အရင်လတွေကလည်း မြောက်ကိုရီးယားစစ်သည်တချို့ နယ်စပ်စည်းကို ခေတ္တဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တာကြောင့် တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ - KT Sep 9

မြင်ရတဲ့ သတင်းတွေအရဆိုရင် တပ်က စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားပုံပဲ။ မနေ့က သတင်းတွေမှာ ပုဏ္ဏားကျွန်းဘက်က ရန်သူခံစစ်နဲ့ ထိတွေ့ပြီး အလောင်း ၆ လောင်း ရတဲ့ သတင်းတွေ့ရတယ်။ ဒါက ပုံမှန် ထိတွေ့မှု အနေအထားတော့ မဟုတ်ဘူးပေါ့။ ပထဝီအနေအထားအရဆိုရင် ပုဏ္ဏားကျွန်းရရင် စစ်တွေ လုံတဲ့ သဘောဖြစ်သွားမယ်။ ရသေ့တောင်ဘက်ခြမ်းက ထားတော့ ။ ထပ်ပြီး အောင်မြေချဲ့နိုင်ရင် ကျောက်တော်နဲ့ မြောက်ဦးဘက်ပေါက်မယ်။ ဒါက တစ်မျိုးပေါ့။ နောက်...ကျောက်ဖြူမှာလည်း ထိတွေ့မှု ရှိနေပြန်တယ်။ တကယ်လို့ စနဲနဲ့ ကျောက်နီမော် ၊ မအီ ရရင် အမ်း က လက်တကမ်းအနေအထားပဲ။ ရခိုင်တောင်ပိုင်းကို အမြီး နင်းထားနိုင်ပြီလို့ ပြောလို့ရပြီ။ ဘာလို့ ဒီလို တွေးရသလဲဆိုတော့....တပ်ရဲ့ Navy တွေက သံတွဲနဲ့ ဂွဘက်ကိုလည်း ထောက်ထားတာမျိုးမြင်ရတယ်။ တကယ်လို့ မအီဘက်သာ Cut off လုပ်နိုင်ရင် သံတွဲ၊ ဂွ ဘက်က ရန်သူတွေ ဘယ်ပြေးမလဲ။ သူတို့ရဲ့ လက်နက်ခဲယမ်းကအစ ထောက်ပို့အဆုံး အကုန်လုံး ပြတ်တောက်သွားနိုင်ပြီလို့ ပြောလို့ရပြီ။ သံတွဲနဲ့ ဂွကိုရရင်....တောင်ကုတ်လမ်းပိုင်းနဲ့ တောင်ကုတ်ရဖို့က ‌အတော်လေး မှန်းလို့ရပြီပေါ့။ ရခိုင်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မနေ့က တရားဝင်ထုတ်ပြန်ချက်သတင်းမှာ ....အရင် တပ်မ ၄၄ လှုပ်ရှားဂွင်ဖြစ်တဲ့ ဖာပွန်၊ ကမာမောင်း၊ ကတိုင်ထိဘက်ကို တပ်က စစ်ကြောင်းထိုးနေတာ ၂/၃ ဆိုတဲ့ အနေအထား ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ ပစ်ထားလည်း အဲ့ဒေသက ကရင်အများစုပဲ ငတ်မှာပါပဲ။ ဖာပွန်တစ်ခုတော့ ရှိတာပေါ့။  ဒီ လမ်းမှာ KNU နဲ့ KNLA ချိုးသွားတဲ့ တံတားတွေ မနည်းဘူး။ သောက်ခြောက်တွေလို့ ပြောရမှာပဲ။ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့် ရအောင်တောင်းပြီး ပါတီအနေနဲ့ အုပ်ချုပ်ရင် ...ဒီဒေသတွေမှာ ဘယ်ပြည်မက ပါတီမှတိုးမပေါက်ဘူး။ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က အင်းလေးမှာ မနိုင်တာလေး သတိထားမိတယ်။ ဒါတောင်လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ခေတ်ကိုလိုက်နိုင်တဲ့ဒေသ။ ဖာပွန်ဘက်ကရွာတွေမှာ တခြားပါတီတွေ စည်းရုံးရေးလာဆင်းတောင် ဆယ်စုနှစ် ၂ ခုလောက် စောင့်ရမယ်။ ဒါက အများဆုံး မျှော်လင့်ထားတာ။ ခက်တာက.... လဒူ KNU နဲ့ အပေါင်းအပါတွေက ရေရှည် လက်နက်ကိုင်လို့ ကောင်းအောင် ကော်သူလေးပြည်နယ် ရဖို့ ဆိုပြီး ဘာမှမသိတဲ့ ကရင်လူမျိုးတွေကို ချုပ်ထားတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ကျားဖြန့်ကနေ ရတဲ့ ပိုက်ဆံတွေ ဘယ်လက်နက်ကိုင်အများဆုံး ရလဲ ဆိုတာ ကရင်လူမျိုးတွေ မေးခွန်းထုတ်ကြည့်ပါ့လား။  လက်ရှိ KNAတို့၊ KNU တို့၊ KNLAတို့။ အဖွဲ့ခေါင်းစဉ်ပဲ ကွဲတာ‌ပါ။ လက်နက်ကိုင်ရတဲ့ရည်ရွယ်ချက်က ငွေရလွယ်လို့ပဲ ပြောရမှာပဲ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဘာလုပ်ပိုင်ခွင့်တွေ ရခဲ့ကြသလဲ ဆိုတာ ဒေသခံတွေ အသိဆုံးဖြစ်မှာပဲ။ ဒီလို လုပ်ပိုင်ခွင့်ရသွားတော့ရော...ကရင်ပြည်နယ် တိုးတက်ဖို့ ဘာတွေများ လုပ်ခဲ့ကြဖူးလဲ။ အလွန်ဆုံးရှိလှ အာရှလမ်းပေါ်တက် ဂိတ်ကြေးတောင်းရုံပေါ့။ ပြောချင်တာက  ...တပ်က ရခိုင်မှာတင်မကဘူး။ ကရင်ဘက်မှာပါ နယ်မြေစုံ တိုက်စစ်ဖွင့်နေပြီ ဆိုတာပါပဲ။ ရခိုင်က နယ်မြေတချို့ ထပ်ရမယ်၊ ဗန်းမော်ကို အပြီးသတ်ထိန်းနိုင်ပြီး လိုင်ဇာ ထောက်နိုင်ရင်တော့ တပ်မတော်ဆိုတာ အစ်ကိုကြီး ပါပဲ ဆိုပြီး ဂွမ်မော် ထပ်ပြောလာမလား ကြည့်ရတာပေါ့။ (နရီမိုး)

အရင် နစက လက်ထက်ကတည်းက သန်လျင် ရေနံချက်စက်ရုံကို ပြုပြင်ဖို့ ရန်ကုန်ရောက်တိုင်း အချိန်ပေးပြီး သွားကြည့်ခဲ့တာရှိတယ်။ ဒါက လက်ရှိ အရှေ့အလယ်ပိုင်း ဒေသ စစ်ပွဲ မဖြစ်ခင်ကတည်းကပဲ။ ရန်ကုန်ထဲက တချို့နေရာတွေ၊ အထူးသဖြင့် စီမံကိန်းနေရာတွေကို  လုံခြုံရေးအဖွဲ့တောင်မပါဘဲ သီးသန့် လိုက်ကြည့်တတ်တာလည်း ရှိတယ်။ ခုလည်း သူစခဲ့တဲ့ သန်လျင်ရေနံချက်စက်ရုံ Phase I က စပြီး လည်ပတ်ဖို့ Ready အနေအထား ရောက်လာပြီ။ တဖက်မှာ မန်း သံပုရာကန်ကိုလည်း အဆင့်မြှင့်ဖို့ တပြိုင်နက်တည်း လုပ်နေတာ ရှိတယ်။ ဒါက ဘာပဲ ပြောပြော.... မြန်မာနိုင်ငံရဲ့ လောင်စာဆီတင်သွင်းမှုအပေါ် မှီခိုနေရတာကို  တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်းစွမ်းအင်လုံခြုံရေးကို မြှင့်တင်ဖို့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှု တစ်ရပ်လို့ ပြောလို့ရတယ်။ လက်ရှိ Phase l မှာ ရေနံစိမ်း ၅ သိန်း အထိ ချက်နိုင်လိမ့်မယ်။ ဒါက စက်တာဘာလကုန်ရင် စပြီး လုပ်ငန်းလာ်ပတ်လိမ့်မယ်။ Phase Il သာ ဆက်ပြီး ပြီးသွားရင်  နိုင်ငံတော်ရဲ့ ဓာတ်ဆီလိုအပ်ချက် ၆၀ ရာခိုင်နှုန်းနဲ့ ဒီဇယ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်။ နောက် သီလဝါဆိပ်ကမ်းက ရေနံစိမ်းကို သံလျင်စက်ရုံအထိ ပိုက်လိုင်းနဲ့ သွယ်မှာဆိုတော့ ကုန်ပျစရိတ်လည်း သက်သာသွားနိုင်လိမ့်မယ်။ တစ်ခုရှိတာက ရေနံစိမ်းတွေကို ဘယ်ကနေ ဈေးသပ်သက်သာသာ ရမလဲ ဆိုတဲ့ စိန်ခေါ်မှုပဲ။ ရေနံစိမ်းကို ဈေးသက်သက်သာသာနဲ့ ရလေလေ...ပြည်တွင်းစွမ်းအင်အတွက် ဈေးသပ်သက်သာသာနဲ့ ဖြန့်ဖြူးပေးနိုင်သွားမယ်။ အရေးကြီးတာက သိုလှောင်ရုံတွေလည်း ဒီချိန်လောက်ဆို အသင့်အနေအထား ရှိလောက်ပါပြီ။ သံလျင်တခုတည်း မဟုတ်ဘဲ အထက်ဘက်က သံပုရာကန်ကိုလည်း ၉၂/၉၅ အထိ ရအောင် လုပ်နိုင်ရင် သူကလည်း တစိတ်တပိုင်း အားဖြည့်ပေးဦးမှာပဲ။ လက်ရှိ အားသာချက်က အစိုးရနဲ့  ပုဂ္ဂလိကကုမ္ပဏီ‌ တွေက Joint Venture စနစ်နဲ့ လုပ်ကိုင်နေကြတာက အစိုးရဘက်ကကြည့်ရင်  အရင်းအနှီးနဲ့  စီမံခန့်ခွဲမှုဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သလို  ပုဂ္ဂလိကကဏ္ဍဘက်ကြည့်ရင်  နည်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မယ့် အားသာချက်မျိုးရှိတယ်။ စွမ်းအင်ကို ပြည်ပကနေ Ready အသင့်အနေအထား ဝယ်တာက အလုပ်မရှုပ်ဘူးလို့ ယေဘူယျ ပြောနိုင်ပေမယ့် ပြည်တွင်းမှာ ရေနံစိမ်းဝယ်ပြီး ချက်တာက ရေရှည်မှာ ဈေးက စကားပြောလာလိမ့်မယ်။ ပြည်တွင်းမှာ ထွက် နေတဲ့ ရေနံတွင်းတွေကနေ အဆင့်မြင့်မြင့် ချက်နိုင်ရင် ဈေးချိုနိုင်တာပေါ့။ အနိမ့်ဆုံး ပြည်တွင်းဖူလုံရေးအဆင့်အထိ သွားနိုင်ရင် နိုင်ငံခြားငွေကို တခြားကဏ္ဍ သုံးလို့ရတာပေါ့။ (နရီမိုး)

စစ်မြေပြင် အဆင့်တိုးဆိုတာ သာမန်ရဲရင့်မှုမျိုးနဲ့ မရတတ်ဘူး။ သတ္တိပိုင်းဆိုင်ရာနဲ့ တပ်ရင်းတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမ
စစ်မြေပြင် အဆင့်တိုးဆိုတာ သာမန်ရဲရင့်မှုမျိုးနဲ့ မရတတ်ဘူး။ သတ္တိပိုင်းဆိုင်ရာနဲ့ တပ်ရင်းတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှ ရတတ်တာမျိုး။ ဆိုတော့...သာမန် နှစ်ပြည့်လို့ အရစ်ကပ်တာ၊ အဆင့်တိုးတာထက်...တိုက်ရဲ၊ခိုက်ရဲလို့ ရတဲ့ အဆင့်တိုးမျိုးကြတော့....သေတဲ့အထိ ကျန်ရစ်တဲ့၊ တနည်းအားဖြင့် ဘဝတလျှောက်လုံး ပြောစမှတ်တွင်ရတဲ့ သမိုင်းမှတ်တိုင်မျိုး စိုက်ထူခဲ့တာလို့ ပြောလို့ရတယ်။ ပစပဲ ပြောပြော၊ တန်းပြည့် စစ်မှုထမ်းပဲ ပြောပြော ဒီယူနီဖောင်းဝတ်ကတည်းက ပစလည်း တပ်မတော်သားအဆောင်အယောင်နဲ့ တပ်မတော်သားပုံစံ အလံကိုင်၊ သစ္စာဆိုပြီး တိုင်းပြည်အတွက် သစ္စာရှိ ရဲရင့်ကြရတာပဲ။ အရင်က ပစ ဆိုရင် ပူပူနွေးနွေး သင်တန်းဆင်းခါစ ရှေ့တန်းပို့တာတွေ ဆိုပြီး ပြောနေကြပေမယ့် ...ခုလိုရဲရင့်မှုအပြည့်နဲ့ အရည်အသွေးပြည့်ဝနေတဲ့ စစ်သည်တွေဖြစ်လာချိန်မှာတော့ ရန်သူတွေဘက်က ရင်ဆိုင်ချင်ကြမယ် မထင်ဘူး။  ရှေ့တန်းစစ်မြေပြင်မှာ Dog fight တိုက်ခိုက်ရချိန်....ရုတ်ချည်းပေါ်လာတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ရဲရင့်မှုက လူတိုင်းမှာ မရှိတတ်ဘူး။ ဒီ စစ်သည်တွေ အတွက် ဂုဏ်ယူရတယ်ဆိုတဲ့ စကားထက် ပြောစရာ စကား မရှိ‌တော့ပါဘူး။ ရှေ့မှာလည်း သူရ ဘွဲ့တွေ ရထားသူတွေ ရှိနှင့်နေပြီးသားပဲ။ (နရီမိုး)

Repost from Sitt Naing News
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၉ ရှမ်းပြည်နယ်၊ လွိုင်လင်မြို
+1
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ စက်တင်ဘာ ၉ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် စက်တင်ဘာ ၇ ရက်က ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၄၂၀၀ ခန့်ရှိ မူးယစ်ဆေးဝါးများကို တရားခံများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် တရားမဝင်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုများ မရှိစေရေး ဆောင်ရွက်နေစဉ် စစ်စီကျေးရွာအနီး၌ ခွန်မောင်ကူနှင့် ခွန်မောင်ထွန်းတို့ကို Vigo ခဲရောင်ယာဉ် ၁ စီးနှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထံမှ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်နှင့် ဘိန်းဖြူ ဘလောက်တုံး ၂ တုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ မူးယစ်ဆေးဝါးများ လာရောက်ယူဆောင်မည့် ကွင်းဆက်တရားခံများဖြစ်သည့် နားရိုင်းရွာသစ်နေ တွန်းလျန်းနှင့် ရန်ရု့န်ထန်တို့ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူ ကွင်းဆက်တရားခံကိုပါ ဆက်လက်ဖမ်းဆီးရမိနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #SN

တပ်မတော် (ကြည်း၊ရေ၊လေ) လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူလျက်ရှိ
တပ်မတော် (ကြည်း၊ရေ၊လေ) လက်ရုံး/ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူလျက်ရှိ

ပုဏ္ဏားကျွန်းနှင့် အမ်းတွင် AA စခန်း ၅ ခု တပ်မတော်သိမ်းပိုက် ရခိုင်ပြည်နယ်၊ စက်တင်ဘာ ၉ ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေ
ပုဏ္ဏားကျွန်းနှင့် အမ်းတွင် AA စခန်း ၅ ခု တပ်မတော်သိမ်းပိုက် ရခိုင်ပြည်နယ်၊ စက်တင်ဘာ ၉ ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ဆင်ရေးဆိုင်ရာ အောင်မြင်မှုအဖြစ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ AA အဖွဲ့၏ ကာကင်းစခန်း ၄ ခုနှင့် အမ်း-ပဒန်းလမ်းပေါ်ရှိ AA အဖွဲ့၏ ဂုတ်ကြီးစခန်းတို့ကို တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးယူထားသည့် AA အဖွဲ့၏ အဓိကကာကင်းစခန်း ၄ ခုကို တပ်မတော်စစ်ကြောင်းများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းအားလုံးကို အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အမ်း-ပဒန်းလမ်းကြောင်းပေါ်ရှိ AA အဖွဲ့၏ ဂုတ်ကြီးစခန်းကိုလည်း တပ်မတော်စစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ #DGF21News