စစ်တောင်းသစ္စာ
Kanalga Telegram’da o‘tish
1 921
Obunachilar
-124 soatlar
-47 kunlar
-930 kunlar
Postlar arxiv
1 921
Repost from Sitt Naing(News)
+9
ယနေ့ ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသော တပ်မတော်သားကိုယ်စားလှယ်များဖြစ်ပါတယ်။
#SN
1 921
+2
“တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်” ဆိုသည့် စကားနှင့်အညီ သစ်ပင်စိုက်ပျိုးခြင်းသည် လူ့သမိုင်း တာဝန်လည်းဖြစ်၊ အမျိုးသားရေး တာဝန်လည်းဖြစ်သောကြောင့် အားလုံးက တက်ညီ လက်ညီ ဝိုင်းဝန်းပါဝင်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တိုက်တွန်းမှာကြား
သစ်ပင်သစ်တောများ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုသည့်
အမူအကျင့်ကောင်းများကို ကိုယ်စီကိုယ်စီကတစ်ဆင့် မိမိတို့၏ အနာဂတ် မျိုးဆက်သစ်များပါ သိရှိနားလည်အောင် မျှဝေသွားကြရန်၊ “တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်” ဆိုသည့် စကားနှင့်အညီ သစ်ပင်စိုက်ပျိုးခြင်းသည် လူ့သမိုင်း တာဝန်လည်းဖြစ်၊ အမျိုးသားရေး တာဝန်လည်းဖြစ်သောကြောင့် အားလုံးက တက်ညီ လက်ညီ ဝိုင်းဝန်းပါဝင်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ဇူလိုင်လ ၃၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီးတွင် ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် တိုက်တွန်းမှာကြားခဲ့တာဖြစ်ပါတယ်။
1 921
လယ်ဝေးမြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၅)ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
===================
နေပြည်တော်၊ ဇူလိုင်လ ၃၀ ရက်။
1 921
Repost from Sitt Naing(News)
+9
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
1 921
Repost from Sitt Naing(News)
+9
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝိတုတ်ကျေးရွာ၊ တီးတိန်ရံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် တွီဘန်ကျေးရွာတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင်ထပ်မံသိမ်းပိုက်ရရှိ ခဲ့ပြီး လမ်းဘေးဝဲယာများတွင် တဲအိတ်များဖြင့် ဆောက်လုပ်ထားသည့် ဂိတ်တဲများ၊ ဒေသခံပြည်သူများ၏ နေအိမ်များကို အကာအကွယ်ရယူ၍ သဲအိတ်များ၊ သစ်လုံးများဖြင့် ခံစစ်စခန်းအဖြစ် အခိုင်အမာ ဆောက်လုပ်ထားသည့် ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများကို သိမ်းပိုက် ရရှိခဲ့ပါတယ်။
1 921
+5
တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝိတုတ်ကျေးရွာ၊ တီးတိန်ရံကျေးရွာ၊ ရန်တိုင်းအောင်ကျေးရွာနှင့် တွီဘန်ကျေးရွာတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင်ထပ်မံသိမ်းပိုက်ရရှိ ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ ဗုံးသီးများ၊ ခဲယမ်းများ၊ လက်လုပ်မိုင်းများနှင့် ဆက်စပ် ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပါတယ်။
1 921
ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာတွင် ရုရှားဘာသာစကားသင်တန်း အခမဲ့ဖွင့်လှစ်မည်
ပဲခူး ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရုရှားဘာသာစကားသင်တန်းကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်မှ ၃၀ ရက်အထိ ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို နေ့စဉ် နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကြေးကို အခမဲ့ဖြင့် တက်ရောက်နိုင်မည်ဖြစ်သည်။ ထို့ပြင် သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မီသူများအား သင်တန်းအောင်လက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် နောက်ဆုံးထား၍ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းတာဝန်ခံရုံး၊ အမှတ် (၁၂၆/၁၂၇)၊ (၃)လမ်းနှင့် (၄)လမ်းကြား၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ပဲခူးမြို့သို့ ဆက်သွယ်နိုင်ပြီး ဖုန်းနံပါတ် ၀၉-၄၂၈ ၁၁၈ ၈၇၃ နှင့် ၀၉-၄၂၀ ၁၃၅ ၁၂၁ တို့မှတစ်ဆင့်လည်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
1 921
မိမိပိုင် ယာဉ်နံပါတ်ဖြင့် အခြားသူများမှ
မသမာသောနည်းလမ်း အသုံးပြု၍
စက်သုံးဆီ ဝယ်ယူခြင်းခံရသည့်
ယာဉ်ပိုင်ရှင်များအတွက်
စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်
ထုတ်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်
အသိပေးထုတ်ပြန်ခြင်း
#SN
1 921
Repost from Sitt Naing(News)
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း
(၃၀-၇-၂၀၂၆)
#SN
1 921
ပဲခူးမြို့ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရပ်ထားသည့် Nissan AD မော်တော်ယာဉ် ခိုးယူခံရမှုဖြစ်ပွား
ပဲခူး ဇူလိုင် ၃၀
ပဲခူးမြို့ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ မဟာပညာစေယျုံ(ဘက)ကျောင်းဝင်းအတွင်း ရပ်ထားသည့် Nissan AD အမျိုးအစား မော်တော်ယာဉ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသား၂ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်အမျိုးသား ၅ ဦးကို ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ကျောင်းထိုင်ဆရာတော် ဦးနန္ဒာယာဘိဝံသသည် ဘုန်းတော်ကြီးများ ဆွမ်းဘုဉ်းပေးပြီးနောက် ၎င်းပိုင် Nissan AD အမျိုးအစား မော်တော်ယာဉ်ကို ကျောင်းဝင်းအတွင်း ရပ်ထားခဲ့သည်။ ထို့နောက် ကျောင်းသို့ ဆရာတော်တစ်ပါး၏ အသိမိတ်ဆွေများအဖြစ် လူ ၆ ဦးနှင့် ကိုရင် ၁ ပါး ရောက်ရှိလာခဲ့ပြီး ကျောင်းတွင် အတူထမင်းစားရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ဆရာတော်က ကားသော့ကို စားပွဲပေါ်တွင် ထားရှိကာ ဆေးသောက်ရန် အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အချိန်အနည်းငယ်အကြာ အပြင်သို့ ပြန်လည်ထွက်လာချိန်တွင် ကားသော့ မတွေ့ရှိတော့သဖြင့် ကျောင်းဝင်းအတွင်း သွားရောက်စစ်ဆေးခဲ့ရာ ရပ်ထားသည့် မော်တော်ယာဉ်မှာလည်း ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရသည်။
ဆရာတော်၏ တပည့်ဖြစ်သူ ကိုရင်တစ်ပါးအား မေးမြန်းရာတွင် ကျောင်းသို့ ရောက်ရှိလာသူများက အဆိုပါယာဉ်ကို မောင်းယူသွားသည်ကို တွေ့မြင်ခဲ့ကြောင်း ပြောကြားသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်အရ သက်ဆိုင်ရာရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ချက်ချင်းလိုက်လံစုံစမ်းဆောင်ရွက်ခဲ့သည်။ စုံစမ်းမှုများအရ ကောင်းမြတ်(ခ)ထွန်းထွန်းနိုင်နှင့် ချမ်းသာ(ခ)ဖိုးချမ်းသာတို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စစ်ဆေးချက်များအရ ကျန်ရှိသူများဖြစ်သည့် ပြည့်စုံအောင်(ခ)ငပြည့်၊ မြတ်ဟိန်းကျော်(ခ)ကိုဟိန်း၊ အေးဇော်ထက်၊ ကိုရင်ဇွဲကိုနှင့် ချစ်စမ်းကိုတို့ကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ThetPhyoKhaing
1 921
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားမည်
၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်ဖြစ်ရာ ယင်းနေ့ နံနက် (၁၀) နာရီမှ စတင် ပြီး MRTV-HD ၊ MRTV- News၊ MRTV-Parliament ၊ MRTV-Farmers’ ၊ MWD –HD၊ MWD – Variety ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ရေဒီယိုတို့ တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
#SittNaing
1 921
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
==========
ပဲခူး ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် မိုးညိုမြို့နယ်၊ သရက်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆရာ/ဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့သည် မင်းလှ-မိုးညိုလမ်းအား ကွင်းဆင်းကြည့်ရှုခဲ့ရာ လမ်းပိုင်းဆိုင်ရာအချက်အလက်နှင့် ပြင်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ အခြေအနေများ လမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး မင်းလှ- မိုးညိုလမ်းပိုင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မိုးညိုမြို့နယ်၊ ဥယျာဉ်စုကျေးရွာ၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေး လုပ်ငန်းရှင် ဦးဟိန်းမင်းထက်၏ အသားတိုးဝက် (၉၆)ကောင် အောင်မြင်စွာ မွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် မွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။ ၎င်းနောက် ဘုရားကြီးကုန်း ခအောင်းပင်တာ ကြံ့ခိုင်မှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေကင်းများ အလိုက် သဲအိတ်၊ ဝါးကတ်များ ပြည့်စုံစွာထားရှိရန်နှင့် နေ့စဉ်မပြတ် တာကြံ့ခိုင်မှုများအား စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေနှင့်မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်း၊ မိုးညို-နတ်တလင်းလမ်းပေါ်ရှိ မြစ်သာပေါက် တံတားတည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်၌ တံတား အထူးအဖွဲ့(၁၀) တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ညောင်လေးပင်ကျေးရွာအုပ်စု၌ နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးညိုလေးကျေးရွာသို့ ရောက်ရှိခဲ့ပြီး မိုးကြိုနှမ်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာ၌ လုပ်ငန်းရှင် ဦးရွှေဝင်း၏ “ရွှေမြန်မာ” စပါးနှင့် ပဲအမျိုးမျိုး ခြွေလှေ့စက်ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အခြားလယ်ယာသုံးစက်ကိရိယာများ တိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
1 921
Repost from Sitt Naing(News)
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီးနှင့်အတူ သံအမတ် ကြီး၏ဇနီး အီသီယိုးပီးယားနိုင်ငံ၏ အောက်လွှတ်တော်အမတ်နှင့် ယဉ်ကျေးမှု နှင့် အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဟောင်းဖြစ်သူ H.E. Mrs. Worknesh Biru နှင့် သံရုံးမှ တာဝန်ရှိသူတို့တက်ရောက်
နေပြည်တော်၊ ဇူလိုင် - ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
PPIB
1 921
Repost from Sitt Naing(News)
“မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” ဖိုရမ် MRTV ၌ ကျင်းပ
ရန်ကုန်၊ ဇူလိုင် ၃၀
၂၀၂၆ ခုနှစ် မြန်မာ-တရုတ် Twin City မီဒီယာဖိုရမ်နှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” ဖိုရမ်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၌ ကျင်းပခဲ့သည်။
ဖိုရမ်တွင် “တောတောင် လယ်မြေ စကားမဆိုသော်လည်း ရိတ်သိမ်းမှုတို့ ကောင်းနေဆဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ယူနန်သတင်းစာလုပ်ငန်းစုဥက္ကဋ္ဌ ရန့်ယွမ်ကျန်းတို့က MRTV နှင့် YICC တို့ ပူးပေါင်းထုတ်လုပ်ထားသည့် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” ရုပ်သံအစီအစဉ်ကို ဒီဂျစ်တယ်စနစ်ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် “မင်္ဂလာ-မျှော်လင့်ခြင်း လယ်ယာမြေ” ရုပ်သံအစီအစဉ်၏ ပထမပိုင်းဖြစ်သော “ဘလူးဘယ်ရီသီးနှင့် ချယ်ရီသီး စိုက်ခင်းများ” အစီအစဉ်ကို ပြသခဲ့ကြောင်း သိရသည်။
#SittNaing
