1 923
Подписчики
-124 часа
-47 дней
-930 день
Архив постов
1 924
ပဲခူးမြစ်ရေ အခြေအနေ
==================
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် ပဲခူးမြစ်ရေ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ၁၀၀၀ နာရီ = 880 cm
( ခ ) ၁၁၀၀ နာရီ = 880 cm
( ဂ ) ၁၂၀၀ နာရီ = 880 cm
(စိုးရိမ်ရေအမှတ် = 880 cm သို့ ရောက်ရှိ )
မြစ်ရေသည် ၁၀၀၀ နာရီ တွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာ သို့ စတင်ရောက်ရှိလာပြီး ၁၂၀၀ နာရီ အထိ ထပ်မံတိုးလာခြင်း မရှိဘဲ တန့်နေပါကြောင်း
1 924
+9
ပဲခူး ဇူလိုင် ၃၀
" သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပူးပေါင်းပါဝင်စို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရန်ပုံငွေမြှင့်တင်ရေး သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု Green Bago 2026" ကမ်ပိန်းကို ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင် ၄၀၊ ၃ ဖာလုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဒေါက်တာထူးခြားအောင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားကာ ကမ်ပိန်းတွင် ပါဝင်ကူညီပေးသော အလှူရှင်များနှင့် မိတ်ဖက်အမျိုးသားကြက်ခြေနီ အသင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ပျိုးပင်များလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင်ပျဉ်းကတိုး၊ ပျဉ်းမ၊ ကျွန်း၊ မဟောဂနီ၊ ပန်းတောက်၊ ကံ့ကော်၊ ဂျန်ရှား၊ ခရေ၊ ရေမနေ၊ ငုရွှေဝါ စသည့်သစ်မျိုး ၉ မျိုး ပါဝင်သော သစ်ပင်ပေါင်း ၁၀၀ဝ ပင်ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။
1 924
+9
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
တောင်ငူ၊ ဇူလိုင် ၃၀
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၆ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက တောင်ငူတပ်နယ် သစ်ပင်စိုက်ကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ရတနာတန်းကျွန်းပင်အား ဦးဆောင်စိုက်ပျိုးခဲ့ကာ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များက သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ယခုနှစ် သစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းစစ်ဌာနချုပ်တစ်ခုလုံးအနေဖြင့် ရတနာတန်းဝင်ပင် ၆,၄၇၀ ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင် ၁,၅၀၀ ပင်၊ နှစ်ရှည်စားသုံးသီးနှံပင် ၂,၅၉၅ ပင်နှင့် အရိပ်ရလေကာပင် ၃,၄၅၉ ပင် စုစုပေါင်း သစ်ပင် ၁၄,၀၂၄ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
#SittNaing
1 924
+1
ပဲခူးမြစ်ရေ ၂၄ နာရီအတွင်း ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်(၁)ပေခန့်ဆက်လက်မြင့်တက်နိုင်
ပဲခူးတိုင်း၊ ပဲခူးမြို့၌ ပဲခူးမြစ်ရေသည် လက်ရှိအချိန်၌ မြို့၏စိုးရိမ်ရေမှတ်အထက် (၁)စင်တီမီတာတွင်ရောက်ရှိနေသည်ဟု မိုးဇလ၏ ယနေ့ ဇူလိုင် ၃၀ ရက်နံနက် ၈ နာရီထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ပဲခူးမြစ်ရေသည် လာမည့် ၂၄ နာရီအတွင်း၌ မြို့၏စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ဆက်လက်မြင့်တက်လာနိုင်ပြီး မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်တည် ရှိနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
1 924
Repost from Sitt Naing(News)
အင်းစိန်မှာ ကလေးတွေကို ဆေးတိုက် လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကူးရောင်းတဲ့သူ ထောင်နှစ် ၄၀ ကျ
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်က အမျိုးသားတစ်ဦးဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင် ဆေးနဲ့ ဆန်အရက် ရောတိုက်ပြီး လိင်တူဆက်ဆံခိုင်းစေပြီးနောက် ဗီဒီယိုရိုက်ကူး ရောင်းချခဲ့တဲ့အတွက် လူကုန်ကူးအမြတ်ထုတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူဟာ မျိုးမင်းထွန်းဆိုသူဖြစ်ပြီး သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက် တာလို့လည်း ဆိုပါတယ်။
အဲဒီအမျိုးသားဟာ ကလေးငယ်တွေကို အသိစိတ်မဲ့အောင်လုပ်ပြီး လိင်တူဆက်ဆံခိုင်းခဲ့ပြီး ဗီဒီယိုတွေကို တယ်လီဂရန်မှာ ငွေကြေးနဲ့ရောင်းချခဲ့တာ ပြစ်မှုထင်ထားတာကြောင့်လို့ ဆိုပါတယ်။
မျိုးမင်းထွန်းကို အင်းစိန်မြို့မရဲစခန်းမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ် ၃၅ အောက်က ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး အမှုတစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စုစုပေါင်းနှစ် ၄၀ ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။
👇👇👇👇👇
PHOTO News ကို ဆက်လက်ဖတ်ရှု့ပါရန်။
#SN
1 924
Repost from Sitt Naing(News)
ရန်ဖြစ်ကြရာမှ စကေဘာဖြင့်ဝိုင်းထိုးမှုဖြစ်ပွား၊ အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ
ပဲခူး ဇူလိုင် ၃၀
ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရှမ်းပိုင်း(၁)လမ်းရှိ “ကိုအောင်သန်းဝင်း” အဆောင်ရှေ့တွင် ဇူလိုင် ၂၉ ရက် ညပိုင်းက ဝင်းကိုထွန်းနှင့် ဝေလျှံထက်တို့ နှစ်ဦးသည် အဆောင်ရှေ့တွင် ထိုင်နေစဉ် ဖြတ်သန်းလာသည့် ကျော်ပိုင်၊ ချမ်းပြည့်ဇော်၊ သားပြည့်အောင်တို့ (၃)ဦးနှင့် စကားပြောဆိုအချင်းများ ရန်ဖြစ်ကြရာမှ စကေဘာဖြင့် ဝိုင်းထိုးခံခဲ့ရကြောင်း သိရသည်။
ဝင်းကိုထွန်းတွင် ဝမ်းဗိုက်၊ လက်မောင်း၊ နံစောင်းနှင့် နောက်ကျောတို့၌ စကေဘာထိုးသွင်းဒဏ်ရာ စုစုပေါင်း (၄)ချက်နှင့် ဝေလျှံထက်တွင် မျက်ခုံးပြတ်ရှဒဏ်ရာ (၁)ချက်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ပိုင်၊ ချမ်းပြည့်ဇော်နှင့် သားပြည့်အောင်တို့ (၃)ဦးအား ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီးရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#SN
1 924
Repost from Sitt Naing(News)
+6
စံပြဈေးဂုံးကျော်တံတားပေါ်တွင် YBS ၆ ယာဉ် မီးလောင်မှုဖြစ်ပွား
July 30th
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီးရှိ ဂုံးကျော်တံတားပေါ်တွင် ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၆ နာရီခွဲကျော်က YBS ၆ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မှ မြို့တွင်းသို့ ပြေးဆွဲနေသည့် YBS ၆ ယာဉ်လိုင်းဖြစ်ပြီး၊ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် နံနက် ၆ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
#SittNaing
1 924
+1
သုဝဏ္ဏခုံးတံတားအနီးတွင် DEMU ရထား ခဲဖြင့်ပစ်ပေါက်ခံရ
July 30th
နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အမှတ် ၃၂အစုန် DEMU ရထားဟာ ဇူလိုင်၂၉ရက် ညနေ ၃နာရီကျော်က သင်္ဃန်းကျွန်းနဲ့ မလွှကုန်းဘူတာအကြား သုဝဏ္ဏခုံးကျော်တံတားကို ဖြတ်သန်းစဉ် ရထားရဲ့ ညာဘက်ခြမ်းကို ခဲနဲ့ပစ်ပေါက်ခံရတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
အဲဒီလို ခဲနဲ့ပစ်ပေါက်မှုကြောင့် DEMU ရထားရဲ့ ရှေ့ဆုံးတွဲ ခရီးသည်အတက်အဆင်းတံခါးရဲ့ အောက်ဘက်မှန် ကြေမွအက်ကွဲသွားပြီး ခရီးသည်တွေထိခိုက်မှု မရှိဘူးလို့တော့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို သင်္ဃန်းကျွန်းရထားရဲစခန်းနဲ့ တိုးကြောင်ကလေးရထားရဲစခန်းတို့က တာဝန်ရှိသူတွေသွားရောက်ပြီး တရားခံဖမ်းဆီးရေး ဆောင်ရွက်နေပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရထားကို ခဲနဲ့ပစ်ပေါက်ရင် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ အနည်းဆုံး ထောင်ဒဏ် ၅နှစ်ကနေ အများဆုံး နှစ်၂၀အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
#SN
1 924
တပ်မတော်ဆေးတက္ကသိုလ်(အမျိုးသား/အမျိုးသမီး)ဗိုလ်လောင်းများခေါ်ယူခြင်း
၁။ လျှောက်ထားသူသည်-
(က) ၂ဝ၂၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက်(၂၀)နှစ်ထက်မကြီးရ။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို/အပျို)ဖြစ်ရမည်။
(ဂ) အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။
(ဃ) အမြင်အာရုံကြီးမားစွာချို့ယွင်းသူမဖြစ်စေရ။(မျက်မှန်တပ်ဆင်သူများလည်း လျှောက်ထား နိုင်သည်။)
(င) တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
Read More » https://www.cincds.gov.mm/ttpmtteaachettkksiulamiusaaamiusmiibiulleaangmaakheyuukhng-0
1 924
တပ်မတော်နည်းပညာတက္ကသိုလ်ဗိုလ်လောင်းခေါ်ယူခြင်း
၁။ လျှောက်ထားသူသည်-
(က) ၂ဝ၂၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက်(၂၀)နှစ်ထက်မကြီးရ။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။
(ဂ) အနည်းဆုံး အရပ်(၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။
(ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။
(င) တက္ကသိုလ်ဝင်စာမေးပွဲတွင်သိပ္ပံဘာသာတွဲ(သို့မဟုတ်)ဝိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူ
ဖြစ်ရမည်။
Read More » https://www.cincds.gov.mm/ttpmtteaannnypnnyaattkksiulbiulleaangkheyuukhng-7
1 924
စစ်တက္ကသိုလ်ဗိုလ်လောင်းခေါ်ယူခြင်း
၁။ လျှောက်ထားသူသည်-
(က) ၂ဝ၂၇ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက်(၂၀)နှစ်ထက်မကြီးရ။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။
(ဂ) အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင်(၁ဝဝ)နှင့်အထက်ရှိရမည်။
(ဃ) မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။
(င) တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
Read More » https://www.cincds.gov.mm/ccttkksiulbiulleaangkheyuukhng-7
1 924
ရန်ဖြစ်ကြရာမှ စကေဘာဖြင့်ဝိုင်းထိုးမှုဖြစ်ပွား၊ အမျိုးသား(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ
ပဲခူး ဇူလိုင် ၂၉
ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ရှမ်းပိုင်း(၁)လမ်းရှိ “ကိုအောင်သန်းဝင်း” အဆောင်ရှေ့တွင် ဇူလိုင် ၂၉ ရက် ညပိုင်းက ဝင်းကိုထွန်းနှင့် ဝေလျှံထက်တို့ နှစ်ဦးသည် အဆောင်ရှေ့တွင် ထိုင်နေစဉ် ဖြတ်သန်းလာသည့် ကျော်ပိုင်၊ ချမ်းပြည့်ဇော်၊ သားပြည့်အောင်တို့ (၃)ဦးနှင့် စကားပြောဆိုအချင်းများ ရန်ဖြစ်ကြရာမှ စကေဘာဖြင့် ဝိုင်းထိုးခံခဲ့ရကြောင်း သိရသည်။
ဝင်းကိုထွန်းတွင် ဝမ်းဗိုက်၊ လက်မောင်း၊ နံစောင်းနှင့် နောက်ကျောတို့၌ စကေဘာထိုးသွင်းဒဏ်ရာ စုစုပေါင်း (၄)ချက်နှင့် ဝေလျှံထက်တွင် မျက်ခုံးပြတ်ရှဒဏ်ရာ (၁)ချက်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာ (၁)ချက် ရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ပိုင်၊ ချမ်းပြည့်ဇော်နှင့် သားပြည့်အောင်တို့ (၃)ဦးအား ပဲခူးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီးရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
1 924
ညောင်ဦးလေဆိပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုတာ သတင်းအမှားဖြစ်သလို ညောင်ဦးတစ်ဝိုက်မှာလည်း ဘာဖြစ်စဉ်တွေမှ မရှိဘူး…
မရှိတာတွေကို အရှိလုပ်၊ တော်လှန်ရေးမအောင်ဘူးဆိုတာကို သိသိကြီးနဲ့ အောင်မယ်ဆိုပြီး ဂျင်းထည့်၊ ဒီလိုတွေဂျင်းထည့်လာတာ ၆ နှစ်ထဲတောင်ရောက်နေပြီ…
မင်းတို့ကြည့်ရတာ ဒီလိုသတင်းအမှားတွေတင်ပေးမှ စားရသောက်မယ့်ဘဝဖြစ်နေပုံပဲ… သခင်က ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန်ကိုက်ဆိုရင် လိုက်ကိုက်တဲ့ ခွေးတွေပုံစံဖြစ်နေပြီ..
မင်းတို့ဂျင်းထည့်သမျှလည်း ဘယ်ပြည်သူမှ မယုံကြတော့ဘူး.. ပြည်သူတွေကလည်း ၂၁ ကလို မအတော့ဘူး…နောက်တစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေဖန်တီးချင်တယ်ဆိုရင် မြေပြင်မှာဖြစ်စဉ်ရှိတာလေးနဲ့ တွဲပြီး ဇာတ်လမ်းဖန်တီးပေါ့…
1 924
+5
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ ကျင်းပ
ဇူလိုင်လ ၂၉ ရက်၊ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာတိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
#SittNaing
1 924
AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦး စုစုပါင်း ၃၂ ဦး ထပ်မံအလင်းဝင်ပြန်ပြီ
Truth Waves
1 924
+4
AA၊ PDF၊ BPLA အဖွဲ့ဝင် စုစုပေါင်း ၃၂ ဦး ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်
ဇူလိုင် ၂၉၊ ၂၀၂၆
၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် AA အဖွဲ့ဝင် ၂၀ ဦး၊ PDF အဖွဲ့ဝင် ၈ ဦး၊ BPLA အဖွဲ့ဝင် ၂ ဦး၊ ပကဖ အဖွဲ့ဝင် ၁ ဦးနှင့် ယာဉ်မောင်း ၁ ဦး စုစုပေါင်း ၃၂ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများထံ အပ်နှံခဲ့သည့် လက်နက်နှင့် ခဲယမ်းများမှာ MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ G-3 သေနတ် ၂ လက်၊ Type-81 သေနတ် ၅ လက်၊ Type-81 စက်လက် ၁ လက်၊ M-22 သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၂၀ ခု၊ ကျည်ဆန်မျိုးစုံ ၄၅၆ တောင့်နှင့် တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံးတို့ဖြစ်ကြောင်း သိရသည်။
#SN
1 924
+4
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်
#SN
