en
Feedback
EETS - Essential English for Teachers and Students

EETS - Essential English for Teachers and Students

Open in Telegram

📈 Analytical overview of Telegram channel EETS - Essential English for Teachers and Students

Channel EETS - Essential English for Teachers and Students (@lessonseets) in the Burmese language segment is an active participant. Currently, the community unites 30 359 subscribers, ranking 6 280 in the Education category and 4 793 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 30 359 subscribers.

According to the latest data from 05 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -128 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 16.16%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 4 908 views. Within the first day, a publication typically gains 1 312 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 31.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 06 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

30 359
Subscribers
No data24 hours
+37 days
-12830 days
Posts Archive
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော Grade 12 စာမေးပွဲ ဖြေဆိုကြရမည့် မေးခွန်းပြောင်းလဲမှုများ အကြမ်းဖျင်းထွက်ရှိမှု ဒီခေါင်းစဉ်နဲ့ ဘာသာရပ်အလိုက် ပြဌာန်းစာအုပ်ထဲက ဘယ်နှစ်မှတ်၊ မေးခွန်းဟောင်းထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲထားတာကို share ကြ၊ copy ကူးကြတာကို မြင်နေရပါတယ်။ ဒါမျိုးရော အလားတူအကြောင်းအရာတွေရော စာသင်နှစ်ဝက်ရောက်တဲ့အခါ၊ စာသင်နှစ်ဆုံးခါနီးမှာ သိပ်ပြီး လူပြောများပါတယ်။ ဒါမျိုးကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ/မတွေက ဂရုမစိုက်ဘဲ ရယ်စရာလို့ပဲ သဘောထားကြပေမဲ့ မိဘတွေ၊ ကျောင်းသား/သူတွေက တကယ်အမှန်လို့ ထင်မှတ်မိတတ်ပါတယ်။ စာသင်နှစ် နည်းသေးတဲ့ ဆရာ/မတွေလည်း ဟုတ်လေမလားလို့ တွေးမိတတ်ပါတယ်။ “၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန” စတဲ့ စကားလုံးကြီးကြီးတွေ သုံးထားတာနဲ့ ယုံရမှာ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှာ တရားဝင် website ရယ်၊ Facebook page ရယ် ရှိပါတယ်။ အဲဒီမှာ တင်ထားတာလား။ သတင်းစာ၊ တီဗီမှာ တရားဝင် ကြေညာသလား။ သင်တန်းတွေ ခေါ်ယူပြီး မေးခွန်းပုံစံအကြောင်း ဆွေးနွေးတဲ့အထဲ ပါလား။ သို့မဟုတ် ကျောင်းတွေကို ရုံးစာနဲ့ ညွှန်ကြားချက် ပို့ထားတာလား။ အဲဒါတွေ တစ်ခုခုအတိုင်းလုပ်ထားတာဆို ယုံပါ။ မဟုတ်ရင် မယုံပါနဲ့။ မဟုတ်လည်း ဘာမှမဖြစ်ဘူး။ ဒီအတိုင်းပဲ သိစေချင်လို့ မျှဝေလိုက်တာပါဆိုတာက မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတော့ Grade 12 က ကလေးတွေရဲ့ အရေးကြီးတဲ့ ဘဝတစ်ဆစ်ချိုးပါ။ ဒီမှာ အချက်အလက် အမှားအယွင်းတွေကို တကယ်ထင်ပြီး လုပ်သင့်လုပ်ထိုက်တာ မလုပ်မိရင်၊ ကြိုးစားထားသင့်တာ မကြိုးစားရင် သူတို့တွေ နစ်နာသွားရတာဟာ ကိုယ့်ရဲ့ ပယောဂလည်း မကင်းပါဘူး။ ခု မျက်စိရှေ့မှာ ရေးနေကြ၊ share နေကြတာကိုပဲ ပြန်ပြောရရင် ဒါက တကယ်မဟုတ်ကြောင်း ဒီအချက်တွေကို ကြည့်ပြီး တွက်ဆနိုင်ပါတယ်။ (၁) အကြမ်းဖျင်း ထွက်ရှိမှုဆိုတဲ့ စကား အကြမ်းဖျင်းထွက်လို့ မရပါဘူး။ တကယ်ဒီလို သတ်မှတ်ရင် တရားဝင် ထွက်မှာပါ။ (၂) ပြဌာန်းစာအုပ် ဘယ်နှစ်မှတ် မေးခွန်းဟောင်း ဘယ်နှစ်မှတ်ဆိုတာ မေးခွန်းအားလုံးက ပြဌာန်းစာအုပ် အခြေခံမေးတာ ဖြစ်ပါတယ်။ မေးထားပြီးသားက မေးခွန်းဟောင်း ဖြစ်ပါတယ်။ မေးခွန်းဟောင်းဆိုတာ သီးသန့်အကြောင်းအရာ မဟုတ်ပါ။ ဒါကြောင့် အဲဒီအထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲတာ ယုတ္တိမရှိပါ။ (၃) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုတဲ့ စကား တကယ်ထုတ်ပြန်ခဲ့တာ ဆိုရင် ဘယ်မှာ ထုတ်ပြန်တာလဲ။ တရားဝင် website, Facebook လား။ သတင်းစာလား၊ တီဗီလား။ ရုံးစာနဲ့လား။ တစ်ခုမှ မရှိပါဘူး။ ကျောင်းသား/သူတွေအနေနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို အပြည့်အဝသာ ကြိုးစားပါ။ ဆရာ/မတွေအနေနဲ့ လုပ်ပေးသင့်တာအတိုင်းသာ အပြည့်အဝ လုပ်ပေးပါ။ ဒါဆို အဆင်ပြေပါတယ်။ မဟုတ်တာတွေကို ဟုတ်နိုးနိုး စိတ်ညစ်ပြီး အာရုံပျံ့လွင့်မခံပါနဲ့လို့ အားပေးတိုက်တွန်းပါရစေ။

Unit 3 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို၊ print ထုတ်နိုင်ဖို ဒီ Link ကို နှိပ်ပေးပါ။

Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို မေးခွန်းတွေ Unit 1 နဲ့ 2 အတွက် တင်ပြီးသွားပါပြီ။ ခု Uni
+2
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို မေးခွန်းတွေ Unit 1 နဲ့ 2 အတွက် တင်ပြီးသွားပါပြီ။ ခု Unit 3 ကို လေ့ကျင့်ကြရအောင်နော်။

အလယ်တန်းကစလို့ အထက်တန်းအထိ အတန်းစုံ အင်္ဂလိပ်စာ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာနိုင်အောင်လို့ ကျွန်တော်က စာနဲ့တမျိုး၊ ဗီဒီယိုတွေနဲ့ တသွယ် မျှဝေပေးနေပါတယ်။ Facebook, Telegram, Youtube နဲ့ ခုနောက်ပြီး Tiktok မှာပါ မျှဝေပေးနေပါတယ်။ Paid group နဲ့ လေ့လာချင်သူတွေအတွက်လည်း ဈေးနှုန်း သက်သက်သာသာနဲ့ ရာသက်ပန်လေ့လာလို့ ရအောင် Telegram group တွေ လုပ်ထားပေးပါသေးတယ်။ အဲဒီမှာ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တချို့ရဲ့ တောင်းဆိုချက်တွေက ဖြည့်ဆည်းပေးနိုင်တာထက် ကျော်လွန်နေတာရှိတော့ စည်းကမ်းသတ်မှတ်ချက်လေးတွေ ထားရပါတော့တယ်။ လူအများနဲ့ဆိုတော့ အဲဒီ စည်းကမ်းချက်တွေကို ဟိုလူတစ်မျိုး ဒီလိုတစ်မျိုးမဖြစ်ရအောင် ခိုင်ခိုင်မာမာ စွဲကိုင်ရပါတယ်။ ဥပမာ ပြောရရင် - Telegram member ဝင်တဲ့အခါ Download ယူလို့ရတယ်။ Account မပျက်မချင်း ရာသက်ပန်လေ့လာလို့ ရပါတယ်။ ဒါပေမဲ့ Account ပျက်တာ၊ ထွက်မိတာ၊ Account ချိန်းချင်တာအားလုံး member ကြေး ထပ်သွင်းရမယ်လို့ စည်းကမ်းချက်ထားပါတယ်။ ဘယ်သူ့ကိုမဆို အဲဒီအတိုင်းပါပဲ။ ဟိုလူ့ကို လျှော့ပေးလိုက်မယ်၊ ဒီလူ့ကို တင်းလိုက်မယ် မလုပ်ပါဘူး။ တချို့လူတွေက ဟိုလိုဒီလို ဖြစ်ချင်တာများပြီး တဂျီဂျီ လာပြောတာ ရှိတော့ စိတ်ပျက်ပြီး group ကို အကန့်အသတ်တွေ လုပ်မယ်လို့ စဉ်းစားခဲ့တယ်။ member ကြေး တိုးမယ်။ Group သက်တမ်းကို ရာသက်ပန်အစား တစ်နှစ်ပဲ ထားမယ်။ Download ယူခွင့်ပိတ်မယ်ဆိုပြီး။ ပြန်စဉ်းစားကြည့်တော့ သင်ခန်းစာတွေ သင်ပေးခဲ့တာက လေ့လာသူတွေကို အဆင်ပြေအောင်လို့ပဲ။ နောက်ပြီး member ဝင်သူတွေမှာ သုံးလေးယောက်က လွဲရင် ကျန်သူတွေက အဆင်ပြေနေတော့ အကန့်အသတ်တွေ မလုပ်တော့ဘူး။ ပုံမှန်အတိုင်း အဆင်ပြေအောင် လေ့လာခွင့်ပြုလိုက်မယ်ဆိုပြီး member ကြေး မတိုးတော့ဘဲ ရာသက်ပန် လေ့လာခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အကောင့် ပျက်၊ ထွက်မိတာ၊ ချိန်းချင်တာအားလုံးအတွက် စည်းကမ်းကတော့ အရင်အတိုင်း မပြောင်းလဲဘဲ ထားတုန်းပါ။ Group အကြောင်း အသေးစိတ် သိရှိရန် ဒီ Link လေး နှိပ်ပေးပါခင်ဗျာ။ https://t.me/LessonsEETS/1018

Unit 2 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို့၊ print ထုတ်နိုင်ဖို့ ဒီ Link ကို နှိပ်ပေးပါ။

Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို့ မေးခွန်းတွေ Unit 1 အတွက် တင်ပြီးသွားပါပြီ။ ခု Unit 2 က
+3
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို့ မေးခွန်းတွေ Unit 1 အတွက် တင်ပြီးသွားပါပြီ။ ခု Unit 2 ကို လေ့ကျင့်ကြရအောင်နော်။

ဆရာတစ်ဦး အမှတ်တရ ပို့ပေးတဲ့ ပုဂံနောက်ခံနဲ့ Grade 12 မေးခွန်းဟောင်း စာအုပ်လေး အမှတ်တရ။ ကြည်နူးစရာ ပုံလေး ပို့ပေးလို့ ကျေးဇူးပါ
+2
ဆရာတစ်ဦး အမှတ်တရ ပို့ပေးတဲ့ ပုဂံနောက်ခံနဲ့ Grade 12 မေးခွန်းဟောင်း စာအုပ်လေး အမှတ်တရ။ ကြည်နူးစရာ ပုံလေး ပို့ပေးလို့ ကျေးဇူးပါခင်ဗျာ။ သွားချင်ပေမဲ့ မရောက်သေးတဲ့နေရာကို စာအုပ်လေး အရင်ပို့ထားပေးလို့ပါ 😍

Grade 10 အတွက် initial letter မေးခွန်းတွေ၊ Multiple-choice မေးခွန်းတွေ Unit အကုန်လုံးအတွက် တင်ထားပေးပြီးပါပြီ။ အခု Reading comprehension (Seen passage) အတွက် မေးခွန်းတွေ တင်ပေးသွားပါမယ်။ Unit 1 က စကြရအောင်နော်။ (ကြည်ကြည်လင်လင် ဖတ်ရှှုလို့ရအောင်၊ print ထုတ်လို့ရအောင် ဒီ Telegram link ကို နှိပ်ပြီး download ယူလို့ ရပါတယ်။)

Grade 10 အတွက် initial letter မေးခွန်းတွေ၊ Multiple-choice မေးခွန်းတွေ Unit အကုန်လုံးအတွက် တင်ထားပေးပြီးပါပြီ။ အခု Reading co
+3
Grade 10 အတွက် initial letter မေးခွန်းတွေ၊ Multiple-choice မေးခွန်းတွေ Unit အကုန်လုံးအတွက် တင်ထားပေးပြီးပါပြီ။ အခု Reading comprehension (Seen passage) အတွက် မေးခွန်းတွေ တင်ပေးသွားပါမယ်။ Unit 1 က စကြရအောင်နော်။

ကျွန်တော့်ရဲ့ Grade 12 English Workbook စာအုပ်နဲ့ သင်ကြားလေ့ကျင့်နေကြတဲ့ ဖြူးမြို့က ချစ်စရာ သားငယ်၊ သမီး​ငယ်လေးများ။ ကလေးတွေန
+1
ကျွန်တော့်ရဲ့ Grade 12 English Workbook စာအုပ်နဲ့ သင်ကြားလေ့ကျင့်နေကြတဲ့ ဖြူးမြို့က ချစ်စရာ သားငယ်၊ သမီး​ငယ်လေးများ။ ကလေးတွေနဲ့ စာအုပ်လေးကို ချစ်ခင်စွာနဲ့ အမှတ်တရ ဓာတ်ပုံပို့ပေးပါတဲ့ ဆရာမ ဒေါ်တင်တင်ဌေးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အင်္ဂလိပ်စာ သင်ကြား၊ သင်ယူမှုမှာ အခက်အခဲမရှိအောင်မြင်ချောမွေ့ပြီး ကလေးတွေရော၊ ဆရာမပါ အမြင့်ဆုံးအောင်မြင်မှုတွေရပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ရန်ကုန်မြို့ "မေမေတ္တာ ဘာသာရပ်သင်တန်းကျောင်း" က ဆရာမ ပို့ပေးထားတဲ့ အမှတ်တရ ပုံလေးတွေပါ။ ကျွန်တော့်ရဲ့ Grade 12 အင်္ဂလိပ်စာ မေးခွန်းဟောင်း စာအုပ်လေးတွေနဲ့ တပည့်လေးတွေရဲ့ ပုံကို ချစ်ခင်စွာ ပို့ပေးလို့လည်း ဆရာမကို ကျေးဇူးအထူးတင်ပါတယ်။ တပည့်တွေလည်း Grade 12 အင်္ဂလိပ်စာ စာမေးပွဲကို အခက်အခဲမရှိ ထူးချွန်အောင်မြင်ပြီး ဆရာမလည်း တပည့်လေးတွေကြောင့် ပိုအောင်မြင်၊ ပိုဂုဏ်ရတာ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Video တွေနဲ့ သင်ပြထားတာ ကြည့်ချင်ရင် ဒီ Link ကို နှိပ်ပေးပါ။ https://www.facebook.com/share/p/1EXs3X3QDf/

စာအုပ်တွေ ရေးတဲ့အခါ ကျွန်တော်က laptop ရှေ့မှာ ထိုင်ပြီး တကုပ်ကုပ်နဲ့ စာမရေးနိုင်ဘူး။ (တကယ်က စာကို လက်နဲ့ရေးရတာထက် typing ကို ပိုကြိုက်တာ။) ဘာလို့ အေးဆေးစာမရေးနိုင်သလဲဆိုရင် စာသင်တာကိုး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် စာရေးဆရာထက် စာသင်ဆရာလို့ပဲ ခံယူပြီး စာသင်ရတာ ပိုဦးစားပေးတယ်။ အဲဒီတော့ စာရေးချိန် သီးသန့်မရဘူး။ ဒါနဲ့ စာအုပ်လေးတွေ ဆောင်ထားပြီး စိတ်ကူးရရင် ရေးထားလိုက်။ နည်းနည်းအားရင် စာကြောင်းလေးတွေ၊ မေးခွန်းတွေ စီထား ရေးထားလိုက်။ စာသင်ရင်း စိတ်ကူးအသစ်ပေါ်ရင် စာအုပ်ထဲ တေးထားလိုက် လုပ်ရတယ်။ အဲဒါတွေကို မနက်အိပ်ရာ စောစောထပြီး laptop နဲ့ စာစီ၊ စာရွက်တွေ ထုတ်ထား။ အားမှ ပြန်စစ်ရတယ်။ ဒီလိုနဲ့ စာအုပ်လေးတွေ ဖြစ်လာတာပါ။ စာသီးသန့်ရေးရင်တော့ စာအုပ်တွေ အတန်းစုံ ပိုရေးနိုင်၊ ပိုမြန်မြန် ထွက်နိုင်မှာပါ။ ဒါပေမဲ့ စာသင်ရင်း ထွက်လာတဲ့ စိတ်ကူးနဲ့ လက်ရာတွေက ကျောင်းသားတွေ၊ ဆရာ/မတွေရဲ့ လိုအပ်ချက်နဲ့ ပိုကိုက်ညီလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

♦️Units 1 to 12 မေးခွန်းဟောင်းများ စုစည်းမှု♦️ MULTIPLE-CHOICEQUESTIONS မေးခွန်းဟောင်း သင်ခန်းစာတွေကို Unit အလိုက် စုစည်းပြီး video တွေနဲ့ သင်ပြပေးထားပါတယ်။ မေးခွန်းဟောင်း စာအုပ်ရှိပြီးသူများ အခမဲ့ Telegram group join ရန် https://www.facebook.com/share/p/19LNvX5Gmr/ မေးခွန်းဟောင်းစာအုပ်အကြောင်း အသေးစိတ်သိရှိရန် https://www.facebook.com/share/p/1DZKTPGYEq/ 💟 Unit 1 Good Manners https://www.facebook.com/share/v/1GVUKJjc1t/ 💟 Unit 2 Key to Happiness https://www.facebook.com/share/v/1BwX6Vcu5Z/ 💟 Unit 3 Diet and Nutrition https://www.facebook.com/share/v/1EggYYfci6/ 💟 Unit 4 Emotional Well-being https://www.facebook.com/share/v/1E6dLNC1ua/ 💟 Unit 5 Colours https://www.facebook.com/share/v/1MUiUJNbMs/ 💟 Unit 6 Artificial Intelligence https://www.facebook.com/share/v/1EdaSWu8C1/ 💟 Unit 7 Pollution: A Hazard to our Environment https://www.facebook.com/share/v/19rgX2HsSq/ 💟 Unit 8 Renewable Energy https://www.facebook.com/share/v/19AyQYaN21/ 💟 Unit 9 Helen Keller https://www.facebook.com/share/v/1DZPsjps84/ 💟 Unit 10 Why Improve Communication Skills https://www.facebook.com/share/v/19Dj34V6g6/ 💟 Unit 11 A Day's Wait https://www.facebook.com/share/v/18uD4JwvkP/ 💟 Unit 12 Intercultural Communication https://www.facebook.com/share/v/1a4ZzhgZ8d/

Basic Writing ကို Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါပြီ။ Essay တွေ ရေးတာပဲ ဖြစ်ဖြစ်၊ တခြားEnglish Writing အတွက်ပဲဖြစ်ဖြစ် ဘယ်လိုတွေး၊ ဘယ်လိုရေးဆိုပြီး ပြောကြပေမဲ့ အခြေခံဝါကျတွေတောင် ဖြောင့်အောင် မရေးတတ်ရင် အဆင်မပြေဘူးလေ။ Writing က ချက်ချင်းသင်၊ ချက်ချင်းတတ်တာမဟုတ်ဘဲ အချိန်ယူရတော့ တချို့လေ့လာသူတွေက အချိန်ယူပြီး လေ့လာချင်ကြတယ်။ အချိန်မရွေး လေ့လာလို့ရတာ သဘောကျကြတယ်။ ဒါဆိုရင် Video သင်ခန်းစာတွေကို အထပ်ထပ်ကြည့်၊ ကိုယ်ရေးချင်တဲ့ပုံစံနဲ့ ချိတ်ဆက်ရေးသားလေ့ကျင့်လို့ ရရင် အဆင်အပြေဆုံးပေါ့။ ဒီ သင်တန်းမှာ video သင်ခန်းစာတွေနဲ့ စကားစု တစ်ခုချင်းစီကစပြီး ရေးတတ်အောင် စသင်ပါတယ်။ စကားစုတွေရေးတတ်ပြီဆိုရင် ဝါကျတည်ဆောက်တတ်အောင်၊ အဲဒီကနေမှ ဝါကျတွေကို ချိတ်ဆက်တတ်၊ အတွေးအစဉ်မပြတ်အောင် သုံးရတဲ့ စကားတွေသုံးတတ်အောင် သင်တာပါ။ ဒါကြောင့် အခြေခံအားနည်းတဲ့အတွက် အခြေခံကစပြီး သေချာလေ့ကျင့်ချင်သူတွေအတွက် ဒီသင်တန်းက အထူးသင့်တော်ပါတယ်။ သင်ထားသမျှ တဆင့်ချင်းစီ ကြေညက်အောင် လေ့လာ၊ လေ့ကျင့်သွားမယ်ဆိုရင် ကိုယ်ပိုင်ဝါကျတွေ သေချာရေးတတ်ပါလိမ့်မယ်။ ဒါ့အပြင် တပည့်တွေ၊ သားသမီးတွေ၊ မောင်နှမတွေကို Writing တဆင့်ပြန်သင်ပေးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ အဆင်သင့်ပြင်ဆင်ပေးထားတဲ့ မှတ်စုတွေကို Download ယူ၊ သင်ပြထားတဲ့ Video တွေကို နမူနာကြည့်ပြီး ကိုယ့်ကျောင်းသားနဲ့ ကိုက်ညီအောင် ပြင်ဆင်သင်ပြမယ်ဆိုရင် မပင်ပန်းဘဲ အဆင်သင့်သင်ပြနိုင်မှာပါ။ ဒီလို အစစအရာရာ အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ Writing သင်တန်းမှာ member ဝင်ပြီး လေ့လာချင်ရင် သင်တန်းကြေး 60,000 (ခြောက်သောင်းကျပ်) သာ သွင်းဖို့ လိုအပ်ပါတယ်။ Telegram ရှိနေသရွေ့၊ account မပျက်သရွေ့ ရာသက်ပန်လေ့လာလို့ ရပါတယ်။ ဒီ Link ကို နှိပ်ပြီး chat box ကနေ သင်တန်းအပ်လို့ ရပါတယ်ခင်ဗျာ။ https://t.me/EssentialEnglishService