EETS - Essential English for Teachers and Students
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام EETS - Essential English for Teachers and Students
تُعد قناة EETS - Essential English for Teachers and Students (@lessonseets) في القطاع اللغوي البورمية لاعباً نشطاً. يضم المجتمع حالياً 30 129 مشتركاً، محتلاً المرتبة 6 438 في فئة التعليم والمرتبة 4 837 في منطقة ميانمار.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 30 129 مشتركاً.
بحسب آخر البيانات بتاريخ 15 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -212، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 13.80%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 4.19% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 4 158 مشاهدة. وخلال اليوم الأول يجمع عادةً 1 261 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 37.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 16 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
30 129
المشتركون
-624 ساعات
-477 أيام
-21230 أيام
أرشيف المشاركات
ဘယ်စာအုပ် သုံးပြီး လေ့ကျင့်ပေးလဲ မေးလာသူတွေအတွက် ကျွန်တော် လိုချင်တဲ့ပုံစံအတိုင်း စိတ်တိုင်းကျသင်လို့ရအောင် လုပ်ထားတဲ့ Workbook လေး ထွက်ထားပါတယ်။ ဒီ Link ကို နှိပ်ပြီး စာအုပ်အကြောင်း ကြည့်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=pfbid06uNSLUiXU4ceEpRix9yLHv8DmGjyJ7Cw7iagapPdusmFq9hz8oe9AVZEYYGZpLQql&id=100076238067592&mibextid=Nif5oz
Grade 12 English အတွက် အားနည်းသူတွေအတွက် ဘယ်လို သင်ကြားပေးရမလဲတဲ့။
စနစ်သစ် အင်္ဂလိပ်စာ မေးခွန်းပုံစံနဲ့ကတော့ မလွယ်ဘူးလို့ ဖြေရမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို ကျောင်းသား/သူကို ရွေးချယ်ခွင့်မရှိဘူးလေ။ ကိုယ့်ဆီရောက်လာတဲ့သူကို တော်တော်၊ ညံ့ညံ့ သင်ရတာပဲ။
ပထမဆုံးအခက်အခဲက အင်္ဂလိပ်စာက တခြားဘာသာတွေလို အခန်းဖြတ်ကြည့်လို့ မရဘူး။ ပုံနှိပ်စာအုပ် တစ်အုပ်လုံး သင်ရင်လည်း (ပုံနှိပ်စာအုပ်ပါ စာမေးပွဲခန်းထဲ ယူသွားလည်း) ထိုက်သင့်တဲ့ အင်္ဂလိပ်စာ အခြေခံမရှိရင် အောင်မှတ်ရဖို့တောင် မလွယ်ပါဘူး။
အားနည်းတဲ့သူတွေကို သင်ရတဲ့အခါ နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ရပါတယ်။
💟 ပထမဆုံးက မီးနင်းကျက်ခိုင်းရတာပေါ့။ (အင်္ဂလိပ်စာ သင်ကြားရေး သဘောတရား အမှန်အရ မီးနင်းကျက်တယ်ဆိုတာ အင်္ဂလိပ်စာ မတတ်စေတဲ့ နည်း။) ဒါပေမဲ့ သူတို့ကို မီးနင်းမကျက်ဘဲ ဆက်စပ်နားလည်စေဖို့ဆိုတာ မရဘူး။ အချိန်မမီဘူး။ စာလုံးပေါင်းလည်း မမှန်ဘူး။ ဒါကြောင့် အရေးအကြီးဆုံး စကားလုံးတွေကို ကျက်ခိုင်းရတယ်။ စစ်ပေးရတယ်။
💟 စာပိုဒ်တွေ သင်ရတယ်။ ကျက်ထားတဲ့ မီးနင်းအပေါ် အခြေခံပြီး စာကြောင်းတွေ ဘာသာပြန်တတ်အောင် သင်ရတယ်။ အထပ်ထပ်အခါခါ သင်ရင်တော့ နည်းနည်းရတယ်။
💟 Initial letters နဲ့ Multiple-choice အတွက် မေးနိုင်တဲ့ စာလုံးတွေ သီးသန့်လေ့ကျင့်ခန်းနဲ့ သင်ရတယ်။ မေးခွန်းတွေ အများကြီး ဖြန့်ပြီး လေ့ကျင့်ခိုင်းလို့ မရဘူး။ အရေးကြီးတဲ့ စာလုံးနဲ့ ဆိုင်တဲ့ စာကြောင်းတွေကို သဘောတရား မမိမချင်း အထပ်ထပ် သင်၊ နည်းနည်း သဘောတရား သိလာပြီဆိုပြီး မေးခွန်းဟောင်းနဲ့ တွဲသင်ရတာပါ။ ကိုယ်လေ့ကျင့်တဲ့ စာကြောင်းထဲက noun, verb, adjective, adverb ပြောင်းပုံတွေ ပြောပြ၊ ပြန်ဆိုခိုင်း၊ စစ်ပေး လုပ်ရသေးတယ်။ သင်ထားတဲ့ စာကြောင်းတွေကို ပစ်ထားလို့ မရဘူး။ ပြန်ကြည့်ခိုင်း၊ ပြန်ဖြေခိုင်းရသေးတယ်။
💟 Grammar က တကယ်ဆိုရင် Grade 10, 11, 12 သုံးနှစ်စလုံးစာတွေ၊ အပြည့်အစုံ ခက်ခက်ခဲခဲတွေကအစ သင်ရမှာ။ ဒါပေမဲ့ သူတို့မှာက တစ်မျိုးက နှစ်မျိုး သင်ရင်ကို တိုင်ပတ်နေပြီ။ ဒါကြောင့် အမျိုးအစား အစုံမသင်တော့ဘဲ အမေးအများဆုံးဖြစ်တဲ့ Active / Passive, Direct / Indirect, Participle, Relative pronoun & adverb, It is / was, Not only ... but also, as if / as though, conditional, so that / such that စတာ များများသင်၊ Grade 12 သင်ရိုးထဲက ရနိုင်တာလေးတွေ ပေါင်းသင်ရပါတယ်။
💟 ကဗျာတော့ ကျက်ခိုင်းတယ်။ Recall questions တွေတော့ မကျက်ခိုင်းဘူး။ လေးငါးဆယ်ပုဒ်ကို တစ်နေကုန်ကျက်၊ ပြီးရင် အကုန်မေ့တော့ လေးငါးမှတ်အတွက် ထားခဲ့ရတယ်။
💟 Seen passages တွေအတွက် မေးခွန်းဖြေပုံတွေ၊ စာကြောင်း ရှာပုံတွေ သင်ပေးရတယ်။ seen က နည်းနည်း ရနိုင်တယ်။ ဒါတောင် မေးခွန်းကောက်တာ စာလုံးကျန်တာတို့၊ tense မပြောင်းမိတာတို့ ဆူရတယ်။
💟 Unseen မှာ bold-faced words တွေကို "စနစ်တကျ" ရမ်းဖြေတတ်အောင် ကြိုးစားပေးရတယ်။ သူတို့အဖို့ ဘယ်စာလုံးမှ မသိတာဆိုတော့ noun အနေနဲ့ အဓိပ္ပာယ်ဖွင့်ထားလား၊ ဒါဆို noun တွေ ဘာရှိလဲ စတာတွေက အစ ပြောခိုင်းရတယ်။ မေးခွန်းတွေဆိုလည်း မင်းတို့စာကြောင်းဖတ်လည်း နားမလည်ဘူးမဟုတ်လား။ မေးခွန်းဘာမေးထားသလဲဆိုတာ Question word + main verb ကြည့်။ key words တွေ သုံးပြီး အနီးစပ်ဆုံးရှာ။ မေးခွန်းသေချာကောက်ပြီး ဖြေ စသည်ဖြင့် ဖြေရလွယ်အောင် သင်ရတယ်။ ဒါပေမဲ့ ထုတ်နှုတ်ဖြေဆိုရတာတွေကျတော့ မရကြတော့ဘူး။ ဒါဆို အကုန်မရတာတောင် တွေ့တာလေး ဖြေခဲ့၊ ကွက်လပ် မထားခဲ့နဲ့လို့ ပြောရရတယ်။
💟 Dialogues & Exchanges တွေအတွက်ကျတော့ Dialogues က G10, 11, 12 က ပြန်ပါတတ်တာဆိုတော့Workbook အစဉ်အတိုင်း သွားလိုက်တယ်။ Exchanges တွေအတွက်က expressions တွေက ဒါတွေ ပြန်ပါနိုင်တယ်။ ဒါတွေ နားလည်အောင်ကြည့်ဆိုပြီး သေချာသင်၊ လေ့ကျင့်ခန်းနဲ့ဖြေခိုင်းကြည့်ရတယ်။
💟 Letter / Essay ဆိုတာက အဆိုးဆုံး။ ဖြေကို မဖြေကြတာ။ ဒီတော့ Letter ဆို နှုတ်ခွန်းဆက်တာတွေ နှုတ်ဆက်တာတွေ ကျက်ခိုင်း။ အလယ်ပိုင်းအတွက် မေးခွန်းမှာပါတာကို သုံးပြီး စာကြောင်းဖွဲ့တတ်အောင် ပုံသေနည်းသုံးပြီး ဘာလာလာ ဒါရေး။ နည်းနည်း ဖြည့်စွက်တတ်အောင် S + V + O ပုံစံနဲ့ပဲ တိုတိုရေးဆိုပြီး တစ်ပုဒ်ဖြစ်အောင် ခိုင်းရတယ်။
Essay ဆို နိဒါန်း၊ စာကိုယ်၊ နိဂုံး အင်္ဂါစုံအောင် ရေး။ ဘာပြောချင်တာလဲ သုံးကြောင်းလောက် စဉ်းစား၊ တစ်ကြောင်းကို ပုံသေထား၊ သူနဲ့ဆိုင်တာ သုံးကြောင်းလောက် ဖြည့်။ ဘာဖြစ်တာကို ပြောချင်တာလဲ အဲဒါ verb ။ အဲဒီ verb ကို ဘယ်သူလုပ်တာလဲ။ အဲဒါ subject ။ verb က ဘာကိုလုပ်တာလဲ အဲဒါ object ဆိုပြီး တစ်လုံးချင်း သင်။ လေးငါးခြောက်ကြောင်းရအောင် မနည်းသင်ရပါတယ်။
ဒီလောက် ပင်ပင်ပန်းပန်းသင်ပေးလည်း ပြန်မကြည့်ရင် မေ့တာပဲ။ ဒီတော့ ပြန်သင်၊ ပြန်စစ်နဲ့ တစ်နှစ်ပတ်လုံး သွားရတယ်။ ဒါတောင် စာမေးပွဲမှာ သင်ထားတဲ့အတိုင်း လေးလေးစားစား ဖြေပါမှ။ ကွက်လပ်တွေ ချန်၊ ဟိုဟာကျော်၊ ဒီဟာမဖြေ လုပ်ရင် အကုန်သွားရော။ အဲဒီလို မဖြစ်ရအောင် သတိလည်း အထပ်ထပ် ပေးရပါတယ်။ ကျန်တာက ကံပေါ့။
+1
မနေ့က ပေးခဲ့တဲ့ Grade 12 English အတွက် Pilot Test ရဲ့ အဖြေတွေ ဖြစ်ပါတယ်။
+4
Grade 12 အင်္ဂလိပ် သင်ခန်းစာတွေ သင်ကြားပြီး၊ ပြန်လှန်လေ့ကျင့်ပြီးပြီဆိုရင် ကိုယ် စာဘယ်လောက်ရသလဲဆိုတာ သိရအောင် စစ်ဆေးနိုင်ဖို Units 7 to 12 အတွက် မေးခွန်းလေးတွေ စီစဉ်ပေးလိုက်ပါတယ်။ Units 1 to 6 အတွက်က တင်ထားပေးပြီးပါပြီ။
ကိုယ်စာရမရ ဒီမေးခွန်းတွေနဲ့ ဖြေဆိုစစ်ဆေးကြည့်ပါဦး။
မေးခွန်းကောင်း စံ အတိုင်း လွယ်၊ သင့်၊ ခက် မျှပြီး ထုတ်ထားပါတယ်။ အဖြေတွေလည်း နောက်ရက်ပေးထားပါမယ်။
Grade 12 အင်္ဂလိပ်စာအတွက် ပုံမှန်ကျောင်းသားတွေနဲ့ တော်တဲ့ကျောင်းသားတွေကို သင်ပေးတဲ့အခါ ကျွန်တော်က ဒီအဆင့်တွေအတိုင်း သင်ပေးဖြစ်ပါတယ်။
ပထမဆုံးက Textbook ကို သင်တာပါ။ Unit တစ်ခုချင်းစီရဲ့ စကားလုံးတွေ၊ meaning တွေ သင်။ ပြီးရင် Textbook ထဲက passages တွေ ဖတ်၊ သင်။ Textbook ထဲက Vocabulary, Grammar စတာတွေကို သင်။ အဲဒါ Unit အားလုံးကုန်တဲ့အထိ သင်ပါတယ်။ ပန်းပုထုတာဆိုရင် ပုံကြမ်းချလိုက်တဲ့အဆင့်လို့ ပြောရမယ်ထင်တယ်။
အားလုံးပြီးသွားရင် Unit တစ်ခုချင်းစီအလိုက် စာပိုဒ်တွေ Revision ပြန်ပေးရင်း Workbook နဲ့ သင်ပါတယ်။ Workbook က သင်ပေးသင့်၊ တတ်သင့်တာအားလုံး စီစဉ်ထားတာဆိုတော့ အဲဒါသုံးပြီး ဒေါင့်စေ့အောင် သင်ပါတယ်။ ကျင့်တာ မဟုတ်သေးဘူး။ သင်တာပါ။ ဖြေနည်း၊ စဉ်းစားနည်း တစ်ပါတည်း သင်ပါတယ်။ Essay / Letter အရေး သင်တယ်။
နောက်တစ်ကျော့ကျတော့ လေ့ကျင့်တာပါ။ မေးခွန်းဟောင်းတွေ သုံးပြီး ဖြေခိုင်းပါတယ်။ မှားတာ၊ နားမလည်တာ ပြင်ပေးပါတယ်။ စာစစ်ပေးပါတယ်။
သာမန်ကျောင်းသားကတော့ အဲဲဒီလောက်မှာတင် စာသင်နှစ် တစ်နှစ်ကုန်သွားပြီး စာမေးပွဲဖြေချိန်ရောက်ပါတယ်။ တော်တဲ့ ကျောင်းသားတွေကျတော့ အချိန်ပိုသေးတယ်။ သူတို့တွေကို လေ့ကျင့်တဲ့ မေးခွန်းအစုံတွေ ဖြေခိုင်းတယ်။ လေ့ကျင့်တယ်။ မှားတတ်တာ သတိထားခိုင်းတယ်။ Essay / Letter ဖတ်ခိုင်းတယ်။ (ဒီအချိန်မှာတော့ သူတို့ကို Textbook + Workbook + မေးခွန်းဟောင်း ကျင့်ခိုင်းစရာ မလိုဘူး။ ရပြီးသား ဖြစ်နေပြီ။)
သူတို့ကတော့ ဂုဏ်ထူးပေါ့လေ။
ညံ့တဲ့သူတွေကို သင်ပေးပုံကိုလည်း ဆက်ပြောပြပါမယ်။
Grade 10 English အတွက် သင်ကြားပေးနေသူတွေ၊ Grade 10 မှာ သင်ယူနေသူတွေ အားလုံးအဆင်ပြေစေဖို့ Workbook စာအုပ်လေးတစ်အုပ် ပြုစုထုတ်ဝေလိုက်ပါတယ်။
Grade 10 ဟာ အခြေခံပညာအထက်တန်းကို ပထမဆုံး ကူးပြောင်းရောက်လာတဲ့အတန်းဖြစ်လို့ အရေးကြီးတဲ့ အတန်းပါ။ အင်္ဂလိပ်စာဆိုရင်လည်း ခါတိုင်းသင်နေကျပုံစံတွေနဲ့ ကွဲပြားလာတာ၊ မေးခွန်းတွေလည်း ပြောင်းလဲလာတာရှိပါတယ်။
ဒါကြောင့် သင်ကြားတဲ့အခါမှာ အခက်အခဲမဖြစ်ရအောင် -
❣️ ပထမဆုံးအနေနဲ့ စကားလုံးတွေ၊ meaning တွေကို အခန်းအားလုံးအတွက် စုစည်းပေးထားပါတယ်။ အလွယ်တကူ လေ့လာကျက်မှတ်နိုင်ဖို့အတွက်ပါ။
❣️ ကွက်လပ်တွေ ဖြေဆိုပုံ၊ မေးခွန်းတွေ ဖြေဆိုပုံ အားလုံးကိုလည်း ဥပမာနဲ့တကွ အသေးစိတ် သင်ကြားပြသထားပါတယ်။
❣️ လေ့ကျင့်ခန်းတွေကိုလည်း Grade 12 မေးခွန်းပုံစံကို "စံ" ထားပြီး Unit အလိုက် သင့်တော်အောင် စုံစုံလင်လင် ထည့်သွင်းရေးသားပေးထားပါတယ်။ Initial letters, Multiple choice, Grammar, Recall questions, Seen passages, Unseen passages, Dialogues and Exchanges အားလုံးပါဝင်ပါတယ်။
❣️ Unit သုံးခု သင်ကြားပြီးတိုင်း တတ်မြောက်မှု စစ်ဆေးလေ့ကျင့်နိုင်ဖို့ Review အနေနဲ့ အမှတ် ၁၀၀ ဖိုး မေးခွန်းတွေကိုလည်း မေးကွက်စုံစုံနဲ့ ထုတ်ပေးထားပါတယ်။
💟 လေ့ကျင့်တဲ့အခါ အဆင်ပြေအောင် မေးခွန်းသီးသန့်တစ်အုပ်၊ အဖြေသီးသန့်တစ်အုပ် စီစဉ်ထားပါတယ်။
ဒီလောက် ဒေါင့်စေ့အောင် စီစဉ်ထားတာ ဘာများလိုအပ်ပါတော့မလဲ။ အင်္ဂလိပ်စာအတွက် စိတ်ချရဖို့ လက်စွဲစာအုပ်အနေနဲ့ အသုံးပြုနိုင်တာပေါ့။
ဒီလို အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ စာအုပ်လေးတွေရဲ့ ဈေးနှုန်းကတော့ [အမေး + အဖြေ] တစ်စုံလုံးမှ နှစ်သောင်းကျပ်သာ ဖြစ်ပါတယ်။
မှာယူလိုသူတွေက ဒီ chat box link ကို နှိပ်ပြီးပဲ ဖြစ်ဖြစ် https://t.me/EssentialEnglishService
+959677285820 နံပါတ် Telegram ကို နှိပ်ပြီးပဲဖြစ်ဖြစ် chat box မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံ ပေးပြီး မှာကြားနိုင်ပါတယ်ခင်ဗျာ။
ဝယ်ယူရရှိနိုင်တဲ့ ဆိုင်တွေ သိရရင်လည်း ကြေညာပေးပါမယ်။
ကျွန်တော် စာအုပ်တစ်အုပ်ပြုစုပြီးတဲ့အခါ လေ့လာသူတွေကို အထောက်အကူပြုနိုင်ဖို့ video သင်ခန်းစာတွေနဲ့ပါ ရှင်းပြလေ့ ရှိပါတယ်။
စာအုပ်ထက်စာရင် video နဲ့က နှစ်ဆ ပင်ပန်းပါတယ်။ Power Point file တွေ ပြင်ဆင်ရတာ၊ သင်ပြရတာ၊ upload လုပ်ရတာ အားလုံး မလွယ်ပါဘူး။ တစ်အုပ်လုံးစာဆိုရင် ပိုတောင် မလွယ်သေးတယ်။
ဒါပေမဲ့ လေ့လာသူတွေ၊ အထူးသဖြင့် ဆရာ/မတွေကို အဆင်ပြေဖို့ တတ်နိုင်သမျှ ကြိုးစားပေးပါတယ်။ မြို့ကြီး၊ မြို့လေး၊ ကျေးလက်မခွဲခြားဘဲ အားလုံး အဆင်ပြေဖို့ ကျွန်တော့်ဘက်က လုပ်ပေးနိုင်တာကို လုပ်ပေးတဲ့ သဘောပါ။
အခု Grade 12 English မေးခွန်းဟောင်းအတွက်လည်း video သင်ခန်းစာတွေနဲ့ သင်ပြပေးနေပါတယ်။ Facebook, Youtube မှာ သင်ပြထားတာ ရှိသလို Telegram group သီးသန့်နဲ့လည်း အခမဲ့ သင်ပြထားပါတယ်။ ကျွန်တော့်ရဲ့ Grade 12 မေးခွန်းဟောင်း စာအုပ် လက်ဝယ်ရှိထားသူတွေက Group link လိုချင်ရင် ဒီ chat box link ကို နှိပ်ပြီးပဲ ဖြစ်ဖြစ် https://t.me/EssentialEnglishService
+959677285820 နံပါတ်Telegram ကို စာပို့ပြီးဖြစ်ဖြစ် စာအုပ်ပုံလေး ဓာတ်ပုံရိုက်ပို့ပြီး group link တောင်းလို့ ရပါတယ်။
+1
ဆရာမဒေါ်ဇာဇာထွေးအမှတ်တရ ပို့ပေးထားတဲ့ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာက "မျက်ဝန်းသစ် ကိုယ်ပိုင်သင်တန်းကျောင်း" မှာ တက်ရောက်လေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ အမှတ်တရ ပုံလေးတွေပါ။
ခုလို အမှတ်တရ ပို့ပေးလို့ ဆရာမကိုလည်း အထူးကျေးဇူးတင်ပါတယ်။ Grade 12 English Workbook စာအုပ်လေးကိုသုံးပြီး ကလေးတွေလည်း ဝမ်းမြောက်ဂုဏ်ယူစရာ ရလဒ်တွေ ရရှိပါစေ။ ဆရာမလည်း ကလေးတွေရဲ့ ရလဒ်ကောင်းကြောင့် ဂုဏ်တင့်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
print ထုတ်ပြီး ကြည်ကြည်လင်လင် ကြည့်လို့ရအောင် pdf file ပေးထားပါတယ်။ Watermark / Logo ဘာမှ မထည့်ထားတာမို့ နှစ်သက်သလို လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။
+5
နှစ်ဝက်စာမေးပွဲအတွက် အင်္ဂလိပ် သင်ခန်းစာတွေ သင်ကြားပြီး၊ ပြန်လှန်လေ့ကျင့်ပြီးပြီဆိုရင် ကိုယ် စာဘယ်လောက်ရသလဲဆိုတာ သိရအောင် စစ်ဆေးနိုင်ဖို့ Units 1 to 6 အတွက် မေးခွန်းလေးတွေ စီစဉ်ပေးလိုက်ပါတယ်။
ကိုယ်စာရမရ ဒီမေးခွန်းတွေနဲ့ ဖြေဆိုစစ်ဆေးကြည့်ပါဦး။
မေးခွန်းကောင်း စံ အတိုင်း လွယ်၊ သင့်၊ ခက် မျှပြီး ထုတ်ထားပါတယ်။ အဖြေတွေလည်း ပေးထားပါတယ်။
+5
ကျွန်တော့်ရဲ့ Grade 12 English မေးခွန်းဟောင်း စာအုပ်လေးနဲ့ သင်ကြား၊ လေ့ကျင့်နေကြတဲ့ ပုဂံညောင်ဦးက သားငယ်၊ သမီးငယ်တွေရဲ့ အမှတ်တရ ပုံရိပ်တွေ။
ခုလို အမှတ်တရ ပို့ပေးတဲ့ ဆရာမကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကလေးတွေလည်း စာမေးပွဲတွေကို အလွယ်တကူဖြေဆိုနိုင်ပြီး အကောင်းဆုံး ရလဒ်တွေ ရပါစေ။ ဆရာမလည်း ကလေးတွေကြောင့် ဂုဏ်တင့်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 😍
Unit 4 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို၊ print ထုတ်နိုင်ဖို ဒီ Link ကို နှိပ်ပေးပါ။
+2
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို မေးခွန်းတွေ Unit 3 အထိ တင်ပြီးပါပြီ။ အခု Unit 4 ကို လေ့ကျင့်ကြရအောင်နော်။
+3
Grade 11 English သင်ခန်းစာတွေကိုလည်း Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို တင်ပေးပါမယ်။ ဒါက Unit 6 Travel in Southeast Asia II ပါ။ ရှေ့မှာ Unit 5 အထိ တင်ပေးပြီးပါပြီ။
Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ လေ့လာကြည့်ပါဦး။
တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။
+2
ထက်မြက်ရတနာကိုယ်ပိုင်အထက်တန်းကျောင်း၊ မအူပင်မြို့က အဆောင်နေ သားချော၊ သမီးချောလေးများရဲ့ အမှတ်တရ ပုံလေးတွေပါ။
နှစ်ဝက်စာမေးပွဲအတွက် ကျွန်တော့်ရဲ့ English Workbook စာအုပ်လေးရယ်၊ မေးခွန်းဟောင်း စာအုပ်ရယ် ပေါင်းစပ်လေ့ကျင့်နေကြသူတွေပါ။
နှစ်ဝက်စာမေးပွဲတင်မက တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးမှာပါ အောင်မြင်မှုပန်းတွေ ကြွားကြွားဝင့်ဝင့် ဆင်မြန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
