EETS - Essential English for Teachers and Students
📈 Analytical overview of Telegram channel EETS - Essential English for Teachers and Students
Channel EETS - Essential English for Teachers and Students (@lessonseets) in the Burmese language segment is an active participant. Currently, the community unites 30 529 subscribers, ranking 6 375 in the Education category and 4 647 in the Myanmar region.
📊 Audience metrics and dynamics
Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 30 529 subscribers.
According to the latest data from 10 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -70 over the last 30 days and by -10 over the last 24 hours, overall reach remains high.
- Verification status: Not verified
- Engagement rate (ER): The average audience engagement rate is 13.06%. Within the first 24 hours after publication, content typically collects 5.66% reactions from the total number of subscribers.
- Post reach: On average, each post receives 3 986 views. Within the first day, a publication typically gains 1 727 views.
- Reactions and interaction: The audience actively supports content: the average number of reactions per post is 31.
📝 Description and content policy
Channel description not provided.
Thanks to the high frequency of updates (latest data received on 11 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.
Data loading in progress...
| Date | Subscriber Growth | Mentions | Channels | |
| 11 June | 0 | |||
| 10 June | 0 | |||
| 09 June | 0 | |||
| 08 June | 0 | |||
| 07 June | +1 | |||
| 06 June | 0 | |||
| 05 June | +2 | |||
| 04 June | +25 | |||
| 03 June | +21 | |||
| 02 June | +26 | |||
| 01 June | +6 |
| 2 | မြိတ်မြို့က ဆရာဦးနန္ဒကိုကို အမှတ်တရ ပို့ပေးထားတဲ့ တပည့်ကျော်လေးများနဲ့ Grade 12 English Workbook (Second Edition) ပုံလေးတွေပါ။
ဒီ Workbook လေးဟာ ကလေးတွေရဲ့ ဘဝအောင်မြင်ရေးမှာ အထောက်အကူပြုပြီး ဆရာရော၊ တပည့်တွေပါ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ စေတနာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ | 4 305 |
| 3 | ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade 12 အင်္ဂလိပ်စာ Textbook ကို ပြင်ဆင်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။
အရေးကြီးတာတွေကို ပြင်ထားတာ မရှိပါဘူး။ ပုံမှန် သင်ကြားလို့ရပါတယ်။ | 5 332 |
| 4 | Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို့ တင်ပေးနေပါတယ်။ ဒါက Unit 9 ပါ။
Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ လေ့လာကြည့်ပါဦး။
တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။ | 4 649 |
| 5 | No text... | 5 738 |
| 6 | Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို့ မနှစ်တုန်းက တင်ပေးခဲ့တာ Unit 8 အထိ ပြီးခဲ့ပါတယ်။
Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ တင်ပေးခဲ့တာပါ။ ကျန်တာ ဆက်တင်ပေးပါဦးမယ်။
တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။ | 5 016 |
| 7 | No text... | 4 796 |
| 8 | No text... | 4 439 |
| 9 | No text... | 3 922 |
| 10 | No text... | 5 265 |
| 11 | Grade 12 English Workbook စာအုပ် 2026-2027 ပညာသင်နှစ်အတွက် အသစ်ထွက်ရှိထားပါတယ်။ ရှေ့လက ထွက်ထားတာ ကုန်သွားလို့ ထပ်ပုံနှိပ်ထားတာ ခု ပြန်ရနေပါပြီ။
စာအုပ်အကြောင်း အသေးစိတ်ကို ဒီ Link လေး နှိပ်ပြီး ဖတ်ကြည့်ပေးပါ။
https://www.facebook.com/share/p/19g34TTWK2/
စာမြည်းဖတ်ရှုရန်
https://www.facebook.com/share/p/1B76mMzWLV/
ဆိုင်တွေကို ဖြန့်ချိပေးတာက အရုဏ်သစ်စာပေပါ။ ဒါကြောင့် ဘယ်မြို့ ဘယ်ဆိုင်မှာ ရနိုင်တယ်ဆိုတာ ကျွန်တော် အတိအကျမသိပါဘူး။
မြင်မိသလောက်၊ ဝယ်တဲ့သူတွေ ပြောပြသလောက် ဒီဆိုင်တွေမှာ ရနိုင်ပါတယ်။
💟 ရန်ကုန်
အရုဏ်သစ် စာပေ
ဖုန်း 01 703 047, 01 241 263, 01 250 199
ဘုန်းမြင့်မိုရ် စာပေ
https://www.facebook.com/share/p/17YHx7b9dd/
ကျော်သိန်းစာပေ
KMK ရွှေပညာစာပေ
💟 မန္တလေး
ထွန်းဦးစာပေ
ဆရာမဒေါ်ဝေဝေထွန်း
https://www.facebook.com/share/18oVUFoFDZ/
💟 မကွေး
မျိုးဆက်သစ်
💟 ပုသိမ်
ဆရာချစ်
https://www.facebook.com/share/p/1CijhaVqVq/
ပြုံးချိုစာပေ
💟 ဟင်္သာတ
ရွှေဟင်္သာ စာပေ
💟 မအူပင်
ဒေါ်ကျော့ကျော့ရီစာပေ
💟 ပခုက္ကူ
သမဂ္ဂသုခ
💟 တောင်ကြီး
မီလျံနာ စာပေ
💟 မော်လမြိုင်
ကျော်ကျော်စာပေ
ဒါတွေက သိသလောက်ပါ။ တခြားရနိုင်တဲ့ မြို့တွေ ဆိုင်တွေ သိရရင်လည်း comment ပေးခဲ့ပါ ခင်ဗျာ။ edit လုပ်ပြီး တင်ပေးပါမယ်။ စာအုပ်တင်ရောင်းပေးတဲ့ ဆိုင်တွေက မိတ်ဆွေတွေလည်း ကိုယ့်ဆိုင်နာမည်ပြောပြလို့ ရပါတယ်။ လိုချင်တဲ့သူတွေရှိရင် ညွှန်းပေးပါမယ်။
စာအုပ် ဝယ်ယူသူ ဆရာ/မ၊ ကျောင်းသား/သူ အားလုံး၊ စာအုပ်ရောင်းပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အောင်မြင်မှု သရဖူ ဆောင်းနိုင်ပါစေ။
Photo
Gemini | 5 106 |
| 12 | No text... | 0 |
| 13 | ကျွန်တော့်ရဲ့ Grade 12 Workbook စာအုပ်က Edition အသစ်ထွက်နေပါပြီ။
ဒီလို စာအုပ်သစ်ထွက်လာချိန်မှာပဲ စက်သုံးဆီတွေရှားပါးပြီး ဈေးမတရားတက်လာတာနဲ့ ကြုံရပါတယ်။ အဲဒီအခါ ကျွန်တော်တို့ စာအုပ်ပို့တဲ့သူတွေ ကြုံရတဲ့ ပြဿနာတစ်ခုက Delivery ခတွေ၊ ကားတန်ဆာခတွေ အဆမတန် တက်သွားတာပါ။
ဂျပ်ဖာတစ်ပုံးဆို အရင်က ငါးထောင်လောက်ပဲ တန်ဆာခ ကျသင့်ပေမဲ့ ခုတော့ နေရာပေါ်မူတည်ပြီး အနည်းဆုံး တစ်သောင်းခွဲ ကျပါတယ်။ စာအုပ်တစ်အုပ်စာတောင် တန်ဆာခ တစ်သောင်းဆိုလို့ ဝယ်တဲ့သူတော့ မသိဘူး၊ ပို့ပေးတဲ့သူက ရင်ဘတ်ဖိနေရတယ်။
Royal Express တို့လို Delivery တွေကလည်း ခုဆိုရင် တစ်ပေပတ်လည်ထက် မကြီးတဲ့ အထုပ်၊ အလေးချိန် 5kg ထက်မများတဲ့ အထုပ်ပဲ ပို့လို့ရတော့တယ်။ (အရင်က 15kg အထိ ရတယ်။) ဒါကြောင့် စာအုပ် ဆယ်အုပ်လောက် မှာတဲ့သူဆိုရင် အထုပ် နှစ်ထုပ်ခွဲပေးရတော့တယ်။ အထုပ်နှစ်ထုပ်ဆို ပို့ခ နှစ်ဆဖြစ်ပါတယ်။ အုပ် လေးဆယ် ငါးဆယ်မှာတဲ့သူတွေဆို ဘယ်လိုပို့ရမလဲတောင် မသိတော့ဘဲ ခေါင်းကိုက်ရတယ်။ အထုပ်တွေအများကြီး ခွဲပို့ရရင် ပို့ခတင် လေးငါးသောင်းဖြစ်နေပြီဆိုတော့လေ။
စာအုပ်တွေ ရပြီဆိုတာနဲ့ သေချာထုပ်ပိုးပြီး ပို့ပေးပေမဲ့ အလေးချိန် kg ကျော်လို့ ပို့မရဘူးဆိုလည်းဆိုရော ပင်ပင်ပန်းပန်းထုပ်ပိုးထားတာတွေ ပြန်ဖြေပြီး အထုပ်တွေ ပြန်ခွဲရတယ်။ ဝယ်တဲ့သူတွေကို ပြန်ဆက်သွယ်ပြီး ဘယ်လိုပို့ပေးရမလဲ မေးရတယ်။ ကားနဲ့ပို့လို့ရတဲ့သူတွေကို ပြောင်းပို့ပေးရတယ်။ ဒုက္ခများလှပါတယ်။
ဝယ်တဲ့ ဆရာ/မတွေကလည်း နယ်အစုံက ဖြစ်ပါတယ်။ ဟိုး တနိုင်းတို့ မိုးညှင်းတို့လို အဝေးကြီးကနေ စရိတ်စက အများကြီး အကုန်ခံပြီး လိုချင်လွန်း တန်ဖိုးထားလွန်းလို့ ဝယ်တာတွေ ရှိပါတယ်။ ဒီလို တန်ဖိုးထားတာကို ကျွန်တော်တို့က ဒီတိုင်း ပြီးပြီးရော မလုပ်ပေးဘဲ အဆင်ပြေအောင် အမျိုးမျိုး ညှိနှိုင်း လုပ်ကိုင်ပေးရပါတယ်။
တစ်ဦးချင်းမှာတဲ့သူတွေအတွက်လည်း Royal က အထုပ်ပေါ်မှာ ကပ်ရတဲ့ Waybill စာရွက်တွေ အလုံအလောက် မပေးနိုင်လို့ အခက်အခဲတွေ့ရပါသေးတယ်။ အမျိုးစုံ ညှိနှိုင်းပြီး လုပ်ပေးရပါတယ်။ ကျွန်တော်တို့က ဒီလိုအစစအရာရာ အကျပ်အတည်းများတဲ့ကာလမှ သူ့ဘက် ကိုယ့်ဘက် အဆင်ပြေအောင် အမျိုးစုံ ကြိုးစားပေးရပါတယ်။
ဒီလို အခက်အခဲတွေများတဲ့ကြားထဲက စာအုပ်တွေ တန်ဖိုးထားမှာယူတဲ့ ဆရာ/မတွေ၊ ကျောင်းသား/သူတွေ၊ မိဘအုပ်ထိန်းသူတွေကိုလည်း ကျေးဇူးအထူး တင်ရပါတယ်။ လိုအပ်တာတွေရှိရင်လည်း ဆွေးနွေးပြောဆိုလို့ ရပါတယ် ခင်ဗျာ။
စာအုပ်ကို ကြည့်ရန် Link ကို နှိပ်ပေးပါ။
https://t.me/LessonsEETS/1639 | 0 |
| 14 | No text... | 0 |
| 15 | No text... | 0 |
| 16 | ကျွန်တော့်ရဲ့ Grade 12 English Workbook စာအုပ်ကတော့ ဒီနှစ်အတွက် Edition အသစ် ထွက်ပါတယ်။
💟 G12 မှာ English ဖြေတဲ့အခါ Textbook ထဲကအတိုင်း တိုက်ရိုက်မမေးပေမဲ့ အရေးကြီးတဲ့ စကားလုံးတွေ ထုတ်နှုတ်ပြီး မေးခွန်းမေးတယ်။ ဒီစကားလုံးတွေက ဘာတွေလဲ။ Workbook ထဲမှာ စုစည်းပေးထားပါတယ်။ Word form တွေလည်းပါတယ်။ ကျက်/မှတ်ရုံပါပဲ။ အောင်မှတ်သေချာချင်သူတွေအတွက် အဆင်သင့်ပါ။
💟 စကားလုံးကို မြန်မာလို သိရုံနဲ့တော့ အဆင်မပြေဘူး။ initial letters အတွက်၊ Choice အတွက်၊ Blanks တွေအတွက်ဆို စကားလုံးက ဘာကြောင့်သုံးတယ်၊ ဘယ်လိုမျိုး မြန်မာလို ဆင်တူပေမဲ့ တကယ်တော့ အဓိပ္ပာယ်လေးတွေ မသိမသာကွဲပြားတယ်ဆိုတာ နားလည်ဖို့ လိုတယ်။ ဒီအတွက် စိတ်မပူပါနဲ့။ မေးသမျှ အဆင်ပြေဖို့ လွယ်ကူရှင်းလင်းတဲ့ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း ပေးထားတယ်။ အမှတ်များများရချင်သူ၊ ဂုဏ်ထူးရည်မှန်းသူတွေအတွက် ကွက်တိပါ။
💟 Vocabulary လေ့ကျင့်ခန်းတွေ စီစဉ်တဲ့အခါ အရေးကြီးတဲ့ ၊ အမေးများတဲ့ စကားလုံးတွေကို initial letters အတွက်နဲ့ multiple-choice အတွက် စာလုံးတွေ၊ မေးခွန်းတွေ မထပ်ရအောင် စီစဉ်ထားတယ်။ ဒီလေ့ကျင့်ခန်းတွေ နိုင်နိုင်နင်းနင်း လေ့ကျင့်ရုံနဲ့ လိုအပ်တာအားလုံး ပါအောင် ထည့်သွင်းထားပါတယ်။ ဒါကြောင့် စာသင်ခန်းသုံးဖို့အတွက် အကောင်းဆုံးပါ။ မလိုအပ်တဲ့ မေးခွန်းတွေ များနေလို့ ကျော်ခွသင်ရတာ၊ သင်ဖို့လိုအပ်တာ မပြီးဘဲ မလိုအပ်တာတွေ သင်မိပြီး အချိန်ကုန်နေရတာ မဖြစ်ဘဲ ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ရှိပါတယ်။ ဆရာ/မတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။
💟 Grammar မှာ မေးနိုင်သမျှ အမျိုးအစားအားလုံးကို မေးခွန်းပုံစံနဲ့အညီ ပြည့်ပြည့်စုံစုံ ထည့်ထားလို့ မလေ့ကျင့်လိုက်ရဘဲ ကျန်သွားတဲ့ အမျိုးအစား ဘာမှမရှိတော့ပါဘူး။ Grade 10, Grade 11, Grade 12 က သင်ခန်းစာအားလုံးကို သက်ဆိုင်ရာ အခန်းအလိုက် ထည့်သွင်းပေးထားတယ်။
💟 Reading Comprehension အတွက် Seen အတွက်ရော Unseen အတွက်ပါ အဆင့်မီမီ ရေးထားပါတယ်။ Dialogues, Exchanges, Letters, Essays အတွက်လည်း ဘာမှ မကျန်စေရပါဘူး။
ဒီလောက် အပြည့်အစုံ စီစဉ်ထားတာ ဘာမှကို ပူပန်စရာမရှိ တစ်အုပ်တည်းကွက်တိ လေ့လာလို့ ရပါတယ်။
Unit 1 အတွက် စာလေးတွေ ပြထားပေးပါတယ်။
စာအုပ်ကို ကြည့်ချင်ရင် ဒီ link နှိပ်ပေးပါ။
https://t.me/LessonsEETS/1637 | 0 |
| 17 | No text... | 0 |
| 18 | အင်္ဂလိပ်စာ လေ့လာရ လွယ်စေဖို့၊ ဂုဏ်ထူးဝေဝေဆာဆာရဖို့ ကြိုးစားနေသူတွေ မျှော်လင့်စောင့်စားနေကြတဲ့ ဆရာစည်သူထက်ရဲ့ Grade 12 English Workbook စာအုပ် Second Edition ထွက်ပါပြီ။
ကျောင်းသား/ကျောင်းသူတွေရဲ့ ဘဝအချိုးအကွေ့မှာ အရေးကြီးတဲ့ Grade 12 စာမေးပွဲကို အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ Workbook ကောင်းကောင်း လိုအပ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အင်္ဂလိပ်စာအတွက်ဆို ဒီလို Workbook မှာ မေးတတ်တဲ့ အဆင့်မီ မေးကွက်လှလှတွေကို ဖန်တီးပေးထားတာလည်း ပါရမယ်။ Grade 12 အဆင့်နဲ့မညီတဲ့ မတန်တဆမေးခွန်းတွေလုပ်ထားတာလည်း မဖြစ်ရဘူး။ ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး အစွမ်းအစကို မြှင့်တင်ပေးနိုင်တာလည်း ဖြစ်ရပါမယ်။
ဒီလိုမျိုး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် မေးခွန်းတွေကို ပြင်ဆင်ထားပြီး တစ်နှစ်ပတ်လုံး တော် / သင့် / ညံ့ ကျောင်းသားတွေအားလုံးကို ဒီမေးခွန်းတွေနဲ့ လက်တွေ့သင်ကြားကြည့်တယ်။ သင်ပြီးလို့ ကျောင်းသား/သူတွေနဲ့လည်း ကိုက်ညီ၊ သူတို့ရဲ့ အရည်အသွေးတကယ်မြှင့်နိုင်အောင် မွမ်းမံပြီးမှသာ စာအုပ်ကို ထုတ်ဝေတာဖြစ်ပါတယ်။ သင်ကြားပြသမယ့် ဆရာ/မတွေ၊ လေ့လာမည့် ကျောင်းသား/သူတွေအတွက် အထူးအကျိုးရှိပါလိမ့်မယ်။
စာအုပ်မှာ Unit တစ်ခုချင်းစီအတွက်
💟 Question No. I Initial Letters
💟 Question No. II Multiple-choice
💟 Question No. III Grammar
💟 Question No. IV Poems + Questions and Answers
💟 Question No. V Reading Comprehension (Seen passage)
💟 Question No. VI Reading Comprehension (Unseen passage)
💟 Question No. VII Dialogues + Exchanges
အားလုံးအတွက် လေ့ကျင့်ခန်း စုံစုံလင်လင် ပြုစုပေးထားပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပြင်ဆင်မွမ်းမံထားတဲ့ စာအုပ်မှာ
✅ အရေးကြီးတဲ့ စကားလုံးတွေ၊ အသံထွက်၊ အဓိပ္ပာယ်တွေ သိစေဖို့ ကျက်မှတ်သင့်တဲ့ ဝေါဟာရတွေကို စုစည်းပေးထားပါတယ်။ မြန်မာအဓိပ္ပာယ်တင်မက အင်္ဂလိပ်လိုပါ အဓိပ္ပာယ်ပေးထားတယ်။
✅ ကွက်လပ်တွေ ဖြေတဲ့အခါ ပြောင်းလဲပေးရတဲ့ အရေးကြီးတဲ့ စကားလုံးတွေရဲ့ Word form တွေ ထည့်သွင်းပေးထားတယ်။
✅ ကွက်လပ်ဖြည့်တဲ့အခါမှာရော Grammar ဖြေရာမှာရော အရေးကြီးတဲ့ စကားလုံးတွေရဲ့ Verb form တွေ မြန်မာအဓိပ္ပာယ်နဲ့ပါ ပေးထားတယ်။
✅ Multiple-choice ဖြေရမှာ မဖြစ်မနေလိုအပ်တဲ့ Phrasal Verbs တွေကိုလည်း Grade 10, Grade 11, Grade 12 သုံးခုစလုံးက စုစည်းပြီး အက္ခရာစဉ်အလိုက် အဓိပ္ပာယ်နဲ့ပါ ကျက်မှတ်ရလွယ်အောင် စီစဉ်ပေးထားတယ်။
✅ ကဗျာတွေရဲ့ paraphrases တွေကိုလည်း မှတ်သားရလွယ်အောင် မလွယ်လွန်း မခက်လွန်းပုံစံ အဆင်သင့် လုပ်ပေးထားတယ်။
✅ Grade 10, Grade 11, Grade 12 အတန်းအားလုံးမှာပါတဲ့ Grammar သင်ခန်းစာတွေ စုံစုံလင်လင် ပြုစုထားရုံတင်မက မေးခွန်းဟောင်းတွေ အားလုံးကိုလည်း အစုံလိုက် ထည့်သွင်းပေးထားပါတယ်။
✅ Dialogues တွေအတွက်လည်း အမှတ်ပြည့်ရယူနိုင်အောင် Audio scripts တွေပါ ထည့်ပေးထားတယ်။
Unit သုံးခုပြီးတိုင်းမှာ Review Exercise အနေနဲ့ အမှတ် ၁၀၀ ဖိုး မေးခွန်းတစ်စုံ ထည့်သွင်းထားပါတယ်။ ပြန်လှန်လေ့ကျင့်ဖို့၊ တကယ့်စာမေးပွဲမေးခွန်းနဲ့ ကျင့်သားရဖို့ အထောက်အကူဖြစ်ပါတယ်။
🎁 ဒီလောက် ဘက်စုံထောင့်စုံ စီစဉ်ပေးထားတာ ဘာများလိုအပ်ဦးမလဲ။
👑 တစ်အုပ်လုံး ကျေကျေညက်ညက် လေ့လာ၊ လေ့ကျင့်ပြီးတဲ့အခါ စာမေးပွဲအတွက် အများကြီး အထောက်အကူရပြီး အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
ကျောင်းသား/သူတွေ လေ့ကျင့်ရတာအဆင်ပြေအောင်၊ ဆရာ/မတွေ သင်ကြားပေးရတာ အဆင်ပြေအောင် Workbook သပ်သပ်၊ Answer Key သပ်သပ် ထုတ်ဝေထားပါတယ်။ နှစ်အုပ်တွဲတစ်စုံမှ 18,000 (တစ်သောင်းရှစ်ထောင်) ကျပ် ဖြစ်ပါတယ်။
စာရွက်အသားကောင်းကောင်း၊ စာရွက်အဖြူအချောနဲ့ အရည်အသွေးမြင့်မြင့်ပုံနှိပ်ထားပေမဲ့ လေ့လာသူတွေ အဆင်ပြေအောင် ဈေးနှုန်းအသင့်တင့်ဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။ ဒီခေတ်ကုန်ကျစရိတ်ကြီးလွန်းတဲ့အခြေအနေမှာ ဒီဈေးနဲ့ ရောင်းပေးတာဟာ ကျောင်းသား/သူတွေ ဝန်မပိဖို့ စေတနာနဲ့ပါ။
မှာယူချင်တယ်ဆိုရင် ဒီ link ကိုနှိပ်ပြီး Telegram chat box မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံ ပေးပေးပါ။
https://t.me/EssentialEnglishService
(အုပ်ရေအများယူတဲ့သူတွေအတွက် အထူးနှုန်း % လျှော့ပေးတာ ရှိပါတယ်။)
ဒီ ဖုန်းနံပါတ်ကို နှိပ်ပြီး Telegram, Viber ကနေ စာပို့လည်း ရပါတယ်။
09677285820
Facebook က ကြည့်ချင်သူတွေ ဒီ Link ကို နှိပ်ပါ။
https://www.facebook.com/share/p/1BpX2yZWyc/
ဆိုင်တွေမှာလည်း ရရှိနိုင်ပါပြီ။
ဆိုင်တွေမှာ တင်ချင်ရင်၊ ဒါမှမဟုတ် ရရှိနိုင်တဲ့ဆိုင်တွေကို သိချင်ရင်
အရုဏ်သစ်စာပေ ဖြန့်ချိရေး
ဗိုလ်ချုပ်ဈေးရှေ့၊ ရန်ကုန်၊ ဖုန်း 09795771470, 09963200320, 01241263, 01703047 ကို ဆက်သွယ်မေးမြန်းလို့လည်း ရပါတယ်။ | 0 |
| 19 | No text... | 0 |
| 20 | No text... | 0 |
Available now! Telegram Research 2025 — the year's key insights 
