en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
သတင်းပေးဒလန်ဟု စွပ်စွဲခံရသူ အမျိုးသမီး ၂ ဦး နေပြည်တော်တွင် သေနတ်ဖြင့် အပစ်ခံရ ဧရာဝတီ၊ စက်တင်ဘာ ၁၁၊ ၂၀၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာမှ စစ်တပ် သတင်းပေး ဒလန်ဟု စွပ်စွဲခံထားရသော ဒေါ်ခင်မာဌေးနှင့် သမီးဖြစ်သူ မစန္ဒီဖြိုးတို့ သည် ၎င်းတို့၏ အိမ်ရှေ့တွင် ထိုင်နေစဉ် ယမန်နေ့ (စက်တင်ဘာလ ၁၀)ရက် ည ၇ နာရီခွဲအချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ သေနတ်ဖြင့် အပစ်ခံရသဖြင့် မိခင်ဖြစ်သူ ဒေါ်ခင်မာဌေး၏ ဝမ်းဗိုက်၊ ဝဲနံအောင်၊ ဝဲလက်မောင်တို့တွင် လည်းကောင်း၊ သမီးဖြစ်သူ မစန္ဒီဖြိုးတွင် ယာလက်မောင်းတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ "အပစ်ခံရတာက ကြံ့ခိုင်ရေးပါတီဝင်လို့လည်း ပြောတယ်။ စစ်တပ်ထောက်ခံသူတွေပေါ့။ သူတို့အိမ်က မင်းကုန်းအုတ်စက်နားလေးမှာ။ သေနတ်သံ ၄ ချက်လောက် ကြားလိုက်ရတယ်။ တယောက်ကတော့ သိပ်အခြေအနေ မကောင်းဘူးလို့ သိရတယ်"ဟု ဒေသခံတဦးက ပြောသည်။ နေပြည်တော် PDF တပ်ခွဲ ၅ မှ ဗိုလ်တေဇနှင့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့က ဒလန်ရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့အဖွဲ့က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များက ယင်းနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ၉ မီလီမီတာ ကျည်ခွံနှစ်ခု၊ ကျည်ဖူးတခုတို့ကို သိမ်းဆည်းရမိပြီး သံသယရှိသူ အသက် ၃၀ အရွယ် ကိုညီကျော် ဆိုသူနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

ကုလသမဂ္ဂတွင် NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး လွတ်မြောက် နယ်မြေရောက် တော်လှန်ရေး တပ်သားများ တောင်းဆို ရန်ကုန်၊ စက်တ
+2
ကုလသမဂ္ဂတွင် NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး လွတ်မြောက် နယ်မြေရောက် တော်လှန်ရေး တပ်သားများ တောင်းဆို ရန်ကုန်၊ စက်တင်ဘာ ၁၁ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် တော်လှန်ရေး တပ်သားများက ယနေ့ စက်တင်ဘာလ ၁၁ရက်နေ့တွင် ကုလသမဂ္ဂတွင် NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခံလိုက်ရတဲ့ Mytel တာဝါတိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား (၂) စီး မိုင်းဆွဲတိုက်ခိုက်ခံရ ********************* ၁၁ ၊ ၉ ၊ ၂၀၂၁ ။ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှ ဖျက်ဆီးခံလိုက်ရတဲ့ Mytel တာဝါတိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကား (၂) စီး ယနေ့ စက်တင်ဘာလ (၁၁) ရက် နံနက်ပိုင်းအချိန် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။ "Mytel တာဝါတိုင် သွားကြည့်ပြီး ပြန်ထွက်လာတဲ့ စစ်ကား (၂) စီး မိုင်းဆွဲခံရတယ်။ တချို့စစ်သားတွေ သေတယ်လို့တော့ကြားတယ်၊ ဘယ်သူမှသွားမကြည့်ရဲဘူးလေ။" ဟု ၎င်းမှ ပြောဆိုသည်။ ထို့နောက် ခင်ဦးမြို့မှ ကား (၁) ဖြင့် အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အား လာကြိုပြီး ခင်ဦးဘက်ပြန်ထွက်သွားချိန် ခရီးသွားပြည်သူ (၂) ဦးကိုလည်း ပစ်သတ်သွားကြောင်း သတင်းရရှိသည်

ဟားခါးမြို့မှ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲ ၆ ယောက် CDM မှာပါဝင် ========== ချင်းပြည်နယ်အကူတပ်ဖွဲ့ခွဲမှ -ရဲအရာခံ တိုက်ခုန်း -ရဲတပ်သား ဘွေထာလျန်း -ရဲတပ်သား လောမ်းကျုံမှုန် ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ - ရဲတပ်သားသီဟ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ - ရဲတပ်ကြပ်ကြီး ချာမှုး - ရဲတပ်ကြပ် ကျုံထောင်ကျဲအို တို့ဟာ ယနေ့ စက်တင်ဘာ ၁၁ ရက်တွင်CDMမှာ ပါဝင်လာကြသည်။ မနေ့ကလည်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှာ ရဲ ၃ ယောက် CDM ပြုလုပ်ကြပါတယ်။ ချင်းပြည်နယ်ကရဲတပ်ဖွဲ့တွေ CDM ပြုလုပ်များတာကြောင့် ပဲခူးနဲ့ မွန်ဘက်က ရဲနဲ့ယာဉ်ထိန်းရဲ ၃၀၀ ကျော်‌ပြောင်းရွေ့ခိုင်းသည်။

ဂန့်ဂေါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် Gangaw- PDFတို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့၍ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Gangaw- PDF)မှ ထုတ်ပြန်လိုက်သည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများ သေဆုံးသော်လည်း Gangaw-PDF တို့ဘက်မှ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း သိရသည်။ ထို့အပြင်ယနေ့တိုက်ပွဲတွင် ချင်းအမျိူးသားတပ်ဦး CNF မှ စစ်သည်၁၀ယောက် အင်အားဖြည့်ကူညီခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသဖြင့် နှမ်းခါးရွာအတွင်း အငြိုးတကြီးဝင်ရောက်ကာ ဒေသခံများ၏နေအိမ် ၃၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ၉ရက် ပစ်ခတ်မှုတွင် ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့လူငယ်များနှင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် Gangaw PDFမှ ယနေ့လက်တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီက နှမ်းခါးရွာအနီး မြင်သားရွာအတွင်း၀င်ရောက်ပစ် ခတ်မှုကြောင့် ဒေသခံပြည်သူနှင့်လူငယ် ၂၀ ဦးသေဆုံးခဲ့၍ နေအိမ်ပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။

မကွေးမြသလွန်တောင်ခြေတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်စခန်းဂိတ်တွင် ဗုံးပေါက်ပြီး စစ်သား ၃ ဦးထိ၊ မြို့သစ်တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ် ရန်ကုန်၊ စက်တင်ဘာ ၁၀ မကွေးမြို့၊ မြသလွန်စေတီတော်တောင်ခြေတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသော တပ်စခန်းဂိတ်တွင် ယနေ့ ညနေ ၄ နာရီခွဲက ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ "အထိအခိုက်တော့ သေချာမသိရသေးပါဘူးဗျ။ အသံကတော့ တော်တော်ကျယ်ပါတယ်။ မကွေးမြသလွန်စေတီတော်တောင်ခြေရှိ စစ်ကောင်စီတပ်စခန်းဗုံးခွဲခံရပါတယ်။ အသံကလည်းကျယ်ပါတယ်။ ပေါက်ကွဲသံထွက်ပြီးနောက် အဲဒီဘက်ကို ရဲကားတွေ အရေးပေါ်အသံဖွင့်ပြီးမောင်းသွားပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် မကွေးမြို့၊မြို့သစ်တွင် ယနေ့ နံနက်ပိုင်း ပြည်သူ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ "မြို့သစ်က ပုတီကုန်းရွာနားမှာ ဒီနေ့ နံနက် ၁၁နာရီ ၄၅ လောက်က သေနတ် ၃ချက် ပစ်တာသေချာပါတယ်။ ဘာကြောင့်ပစ်တာလဲတော့မသိဘူး။ ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက်ကိုပစ်တာလို့ပြောတယ်။ သေနတ်ထိမှန်တယ်လို့သိရပါတယ်"ဟု ဒေသခံတစ်ဦးက​ေ ပြာဆိုသည်။ မြို့သစ်မြို့နယ်နှင့် ကပ်နေသည့် တောင်တွင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်း ပစ်ခတ်မှုများ မကြာခဏဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ ပစ်ခတ်၍ DENKO ဆီဆိုင် ဝန်ထမ်း သေနတ်မှန်သေဆုံး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်၏ မြောက်ဘက် ရွှေကျင်ကွေ့အနီး DENKOဆီဆိုင် ရှေ့တွင် သန့်ရှင်းရေးလုပ်ကိုင်နေသည့် ဝန်ထမ်းအမျိုးသမီး တစ်ဦးသည် စစ်ကောင်စီပစ်ခတ်သည့် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုကို ရှောင်ပြေးသည့် ဆိုင်ကယ်တစ်စီးနောက်သို့ စစ်ကောင်စီတပ်သားများက ကားနှင့် လိုက်လံပစ်ခတ်ရာမှ ယင်းအမျိုးသမီးကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ "သူက ဆိုင်ရှေ့သန့်ရှင်းရေး လုပ်နေရင်း ကျည်မှန်တာပဲ။သူတို့က ကားနဲ့လာပြီး ရှေ့ကကောင်တွေရပ် ၊ ရပ် လို့ ပြောတာ၊ ဆိုင်ကယ်မောင်းပြေးသူတွေကို အော်ပြောပြီး ပစ်တာပဲ"ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည်။ သေနတ်မှန်သည့် အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ (နန်းတွင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး ယင်းအမျိုးသမီးသေဆုံးသည်ကို ယနေ့မွန်းလွဲ ၃နာရီခန့်တွင် ကြားသိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကိုတစ်လမ်းမောင်းအဖြစ် သတ်မှတ် ဝေဟင်စိုး စစ်ကောင်စီက စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကို တစ်လမ်းမောင်းစနစ်အဖြစ် ယနေ့စတင်သတ်မှတ်လိုက်သည်။ ကျွန်းတောလမ်းအား ဟံသာဝတီဘက်မှ ဗားကရာလမ်းအထိ အသွားတစ်လမ်း မောင်း အဖြစ်လည်းကောင်း၊ ဗဟိုလမ်းအား ဗားကရာလမ်းမှ ဟံသာဝတီ ဘက်အထိ အသွားတစ်လမ်းမောင်းအဖြစ်လည်းကောင်း အသီးသီးသတ်မှတ် လိုက်ခြင်း ဖြစ်သည်။ ယင်းသို့ တစ်လမ်းမောင်းစနစ်အဖြစ် ပြောင်းလဲသတ်မှတ်ကြောင်း စမ်းချောင်း မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးရုံးက လိုက်လံ နှိုးဆော်နေခြင်းဖြစ်ကြောင်း ယင်းမြို့နယ်နေသူတစ်ဦးက ဆိုသည်။ ယမန့်နေညနေ ၄နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာ လမ်းဆုံအနီး အကြမ်းဖက်စစ်ကောင်စီယာဉ်ကို သေနတ်ဖြင့်ပစ်ခတ်ခံရသည့် အပြင် ဗုံးနှစ်လုံးပါ ယာဉ်အတွင်း ပစ်ခံရသဖြင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးခဲ့သည်။

ရန်ကုန် လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မီးပုလင်းအပစ်ခံရ၊ စမ်းချောင်း ကျွန်းတောလမ်း တစ်လမ်းသွားဖြစ်ပြောင်းလဲ HTY Information ( စက်တင်ဘာလ ၁၀ ရက် ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ နေ့လည် 2နာရီခွဲခန့်က မီးပုလင်းနဲ့အပစ်ခံခဲ့ရ၍ အသေးစားမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဒိအပြင် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းအား ယခင် (၂)လမ်းမောင်းလမ်းကနေ ယခု (၁)လမ်းမောင်းအဖြစ် ပြောင်းလဲသတ်မှတ်ကြေညာချက်ထုတ်ပြန်သွားကြောင်း အနီးနားနေ ပြည်သူအများ၏ ပြောကြားချက်အရသိရပါသည်။ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ကစစ်ကောင်စီတပ်ဖွဲ့၏ကားအား ဖောက်ခွဲပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် တပ်သားတစ်ဦးသေဆုံးခဲ့ပါသည်။ #လှိုင် #စမ်းချောင်း #ဓာတ်ပုံ_HlaingInfo #HTY_Information

🟥 စမ်းချောင်း လမ်းမတန်းကြီး နှစ်ခုကို တလမ်းမောင်း အဖြစ် သတ်မှတ်နေကြောင်း အသံချဲ့စက်ဖြင့် အော်သွားပါသည်။ 🔺ဗဟိုလမ်း ဗားဂရာ မှ ဟံသာဝတီဘက် သို့ သာသွားခွင့်ပြု။ (ဗဟိုလမ်းတစ်လျှောက်) 🔺ကျွန်းတောလမ်း ဟံသာ၀တီ မှ ဗားကရာဘက် သို့ သွားခွင့်ပြု။ (**ကျွန်းတောနဲ့ဗားကရာလမ်းဆုံ စမ်းချောင်းမီးသတ်ဘက်ကနေ ကျွန်းတော်ဘက်ကိုဝငိလို့ မရတော့) 🔸 ဗဟိုလမ်းပေါ်တွင် စျေးသည်များစျေးမရောင်းရ။ ဘယ်နေ့ စ သတ်မှတ်မယ်တော့ မသိသေး လောလောဆယိတော့ ကျွန်းတောလမ်းမှာ အသွားအပြန်တော့ ရသေးတယ်။

စမ်းချောင်းအပါအဝင် ရန်ကုန်မြို့တော်တစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကျပ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ဥပဒေမဲ့ လုယူ ရမ်း ကား ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်မြို့တော်တစ်ဝန်း တွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီတပ်များက လုံခြုံရေးတင်းကျပ်ထားပြီး ဥပဒေမဲ့ စစ်ဆေးမှုများ၊ စျေးဆိုင်များကို ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရှိရသည်။ စက်တင်ဘာလ ၉ ရက်နေ့ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်တချို့ ဗုံးဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ယနေ့ စမ်းချောင်း ဂွစျေးအနီးတွင် ဆိုင်များကို ပိတ်ခိုင်ပြီး စျေးဆိုင်များမှ ပစ္စည်းများကို ကားများဖြင့် အတင်းအဓမ္မလုယူခြင်း၊ ဆိုက်ကားနှင့်စက်ဘီး၊ ဆိုင်ကယ်များကို အတင်းအဓမ္မလုယူသိမ်းဆည်းခြင်းများ လုပ်ဆောင်ကြောင်း သိရှိရသည်။ "ဂွစျေးဘက်မှာ စျေးသည်တွေကို ဖယ်ခိုင်းတယ်။ လမ်းဘေးစျေးသည်တွေကို စည်ပင်နဲ့ ဖမ်းပြီး ပစ္စည်းတွေ အကုန်လုယူတယ်။ နောက်ပြီး ဆိုက်ကားတွေကို စည်ပင်ကားပေါ်တင်ပြီး ဖမ်းတယ်။ စက်ဘီးတွေလည်း လုယူတယ်။ ဘက်ထရီစက်ဘီး ဆိုင်ကယ်လိုဟာတွေလည်း အကုန်လုတယ်" ဟု ဂွစျေးအနီးနေထိုင်သူ စမ်းချောင်းသားတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် သာကေတ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ ၊ ရန်ကုန်မြို့လယ်ခေါင် ၆ မြို့နယ်၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ ၊မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ အပါအဝင် မြို့နယ်အများစုတွင် လုံခြုံရေးများတင်းကျပ်ထားကြောင်း သိရှိရသည်။ "သမိုင်းဘက်မှာဆို ကင်းပုန်းပုံစံမျိုးပေါ့။ ယာဉ်ထိန်းရဲ အဆောင်နားဘက်မှာ မယောင်အလည် အရပ်အဝတ်နဲ့ စျေးသည်လိုလို ရှိနေတာတွေလည်းရှိတယ်။ တက္ကစီတွေ အကြာကြီးရပ်နေတာလည်းရှိတယ်။ ကားအားလားသွားမေးရင် မအားဘူး မလိုက်ဘူး။ ဒါပေမယ့်လည်း အဲဒီအနားမှာ ဘယ်မှလည်း မသွားဘဲ အကြာကြီးရပ်နေတယ်။ ဟိုရက်ကလို ယာဉ်ထိန်းရဲအဆောင်ကို ဗုံးလာ ပစ်မယ့်သူ စောင့်နေတာမျိုး။ အရပ်ဝတ်နဲ့ကများတယ်။ ရဲကား စစ်ကားနဲ့ ပတ်နေတာကတော့ ပုံမှန်အတိုင်းပဲ ပတ်နေကြတယ်" ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ဦးဘဟန်လမ်းအနီးနေထိုင်သူတစ်ဦးက ဆိုသည်။ အလားတူ ယမန်နေ့ တောင်ဒဂုံ သစ်ဆိပ် မှတ်တိုင်အနီး ရဲကင်း ပစ်ခတ်ခံရပြီးနောက် တောင်ဒဂုံမြို့နယ် နေရာအများစုတွင် ကင်းပုန်းများချ၍ စောင့်ကြည့်မှုများကို စစ်ကောင်စီတပ်များက လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ ယနေ့ နံနက်ပိုင်း ရန်ကုန်နေရာတချို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ သမိုင်း၊ တောင်ဥက္ကလာ၊ တာမွေတို့ အသေးစားပေါက်ကွဲမှုများ ရှိခဲ့ကြောင်း၊ သာကေတတွင်မူ ဗုံးလန့်မှု ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်များက ပိတ်ဆို့ စစ်ဆေးမှုများရှိခဲ့ကြောင်း သိရှိရသည်။

အဆိုတော် အီတိုး ဖမ်းခံရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉ အဆိုတော် အီတိုးကို အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့က ၎င
အဆိုတော် အီတိုး ဖမ်းခံရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉ အဆိုတော် အီတိုးကို အကြမ်းဖက်မှုများတွင် ပါဝင်သည်ဟုဆိုကာ စက်တင်ဘာ ၈ ရက်နေ့က ၎င်းနေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းက ၈ မိုင်ရှိ ခြံဝန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော်အီတိုးကို ၈ မိုင်ခြံတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ၉ မိုင်ရှိ ခြံဝန်းတစ် ခု အတွင်းက အီတိုးနှင့်ဆက်စပ်သူ လူငယ်များကိုလည်း ဖမ်းဆီးသွားကြောင်း နီးစပ်သူများက ဆိုသည်။ အမည်မဖော်လိုသူ နီးစပ်သူ တစ်ဦးက “ အဆိုတော် အီတိုးတို့အဖွဲ့ကို အကြမ်း ဖက်မှုမှာ ပါဝင်တာကြောင့်ဆိုပြီးတော့ ဖမ်းဆီးသွားတာလို့ ကြားရတယ်။ ဒါပေမယ့် လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတာမဟုတ်ဘူး၊ ခြံဝန်းအတွင်းမှာရှိတဲ့ လူ တွေ အားလုံးကို ခေါ်သွားတာ။ ၉ မိုင်ခြံဝန်းကို မနက် ၄ နာရီမှာ ရောက်လာပြီးတော့ ခြံဝန်းထဲကလူတွေကို ခေါ်သွားတာ အခုထိ ဖမ်းထားတာ အဆက် အသွယ် မရသေးဘူး”ဟု ပြောသည်။ အဆိုပါ ဖမ်းဆီးခံရသူများမှာ အနည်းဆုံး လူ ၅ ဦးခန့် ရှိကြောင်း သိရသည်။ အီတိုးနှင့်နီးစပ်သူအသိုင်းအဝိုင်း၏ ပြောကြားချက်များအရ အီတိုးကို ရေကြည်အိုင်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်းကောင်း 🤩🤩 အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း၂ ခုကို KNU - KNLA နှင့် KNDO မှ တက်သိမ်း ၉ စက်တင်ဘာ ၂၀၂၁ ကေအဲန်ယူ - ဗဟို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄း၀၀ နာရီခန့်အချိန်တွင် ကေအဲန်ယူ - တပ်မဟာ ၃ မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ရင်း ၃ တပ်ဖွဲ့ နှင့် ကေအဲန်ယူ - တပ်မဟာ ၅ မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ တပ်ဖွဲ့များပူးပေါင်း၍ ကေအဲန်ယူ - ကရင်အမျိုးသားအစည်း၏ ထိန်းချုပ်နယ်မြေ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ အကြားရှိ ကဘောတူအရပ်ဒေသမှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို တိုက်ခိုက်သိမ်းယူလိုက်ပါသည်။ ထို့သို့ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU - KNLA နှင့် KNDO တို့မှတိုက်ခိုက်သိမ်းယူပြီးသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အခင်းဖြစ်ပွားသောနေရာနှင့်အနီးတဝှိက် နှင့် ကေအဲန်ယူ - မူတြော်ခရိုင်ရှိ ယယ်မူပလောကျေးရွာကို လေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းမှုများပြုလုပ်ကြပါသည်။ တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်ဖော်ပြပေးပါမည်။

နတ်မောက်မြို့နယ်တွင် စစ်ကောင်စီ ဆက်သွယ်ရေးတပ်နှင့် ရွာမွန်လက်နက်သိုလှောင်ရေး တပ်သို့ လျှပ်စစ်ပေးပို့နေသော 33 KVA ဓာတ်အားရုံ ဖ
+3
နတ်မောက်မြို့နယ်တွင် စစ်ကောင်စီ ဆက်သွယ်ရေးတပ်နှင့် ရွာမွန်လက်နက်သိုလှောင်ရေး တပ်သို့ လျှပ်စစ်ပေးပို့နေသော 33 KVA ဓာတ်အားရုံ ဖျက်ဆီးခံရ ရန်ကုန်၊ စက်တင်ဘာ ၉ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပင်မဆက်သွယ်ရေး တပ် အမှတ် ၂ နှင့် ရွာမွန်ပင်မ စစ်လက်နက်သိုလှောင်ရေး တပ်ရင်းများထံသို့ လျှပ်စစ်ဓာတ်အားပေးနေသော 33 KVA စက်ရုံကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ညနေပိုင်းတွင် ဝင်ရောက်ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။ "ပင်မဆက်သွယ်ရေးတပ်အမှတ်( ၂ )နှင့် ရွာမွန်ပင်မစစ်လက်နှက်သိုလှောင်ရေးတပ်ရင်း သို့ လျှပ်စစ်ဓါတ်အားပေးသော နတ်မောက်မြို့နယ် နတ်မောက်ရွာမွန် လမ်းမပေါ်ရှိ ဒန့်သလွန်ပင်ကျေးရွာအနီး 33 KVA စက်ရုံခန်းကို ညနေ ၄ နာရီ ၄၀ မိနစ်မှာ ဝင်ရောက် ဖျက်ဆီးကြောင်း" ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

စမ်းချာင်းမြို့နယ်တွင် သွားလာနေသည့် စစ်ကားတစီး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၂၁ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်တွင် ကင်းလှည့်နေသည့် စစ်ကားတစီးကို အနောက်ဘက်မှနေ ဗုံးဖြင့် ပစ်သွင်းလိုက်သဖြင့် စစ်သားနှစ်ဦး ထိခိုက်မှု ရှိခဲ့ကြောင်း စမ်းချောင်းမြို့ခံများက ပြောသည်။ စမ်းချောင်းမြို့ခံ တဦးက "ဗားကရာ လမ်းပေါ်မှာ သွားနေတဲ့ စစ်ကားကို နောက်ကနေ ဗုံးပစ်သွင်းတာလို့ သိရတယ်။ ကားနောက်မှာလည်း စစ်သားကလည်း နှစ်ယောက်ပဲ ပါတယ်။ နှစ်ယောက်လုံး ထိတယ်။ သေ၊ မသေတော့ မသိဘူး။ အဲဒါနဲ့ စစ်သားတွေ အများကြီး ထပ်ရောက်လာပြီး လိုက်ပစ်နေတာ" ဟု ပြောသည်။ အခြား သတင်းရင်းမြစ်တဦးကလည်း "၄ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲသံ ကြားတယ်။ ထွေအုပ်ရုံးနားမှာ ဖြစ်တာလို့ ပြောတယ်။ ပြီးတော့ သေနတ်သံ ၃၊ ၄ ချက် ကြားတယ်။ ဗုံးကွဲပြီးတော့ စစ်သားတွေက ဗဟိုလမ်းအတိုင်း ဂွဈေးအထိ ခြေလျင် လျှောက်ပြီး ဝင်လာတယ်။ အခု ဈေးဆိုင်တွေ အကုန် သိမ်းကုန်ပြီ။ တက္ကစီသမားတွေလည်း ပြန်လှည့်နေကြတယ်" ဟု ပြောသည်။ ယနေ့တွင်လည်း ရန်ကုန်မြို့၌ နေရာအနှံ့ စစ်ကောင်စီ လုံခြုံရေးတပ်များ နေရာယူထားကာ လှည့်လည် စစ်ဆေးမှုများ ပြုလုပ်နေသလို လက်ရှိအချိန်တွင် စမ်းချောင်းမြို့နယ်အတွင်း ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

Breaking News- စမ်းချောင်းတွင် စစ်ကောင်စီတပ်ကားတစ်စီး ဗုံးပစ်ခံရ ၊ စစ်သား ၂ ဦး သေဆုံး ရန်ကုန်၊စက်တင်ဘာ ၉ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းဆုံအနီးတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ကားတစ်စီး ဗုံးပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ "ဖြစ်တာကတော့ ၄ နာရီလောက်။ သူတို့စစ်ကားသွားနေတုန်း ဗုံးလှမ်းထည့်တာ။ ၂ ဦးတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အဲဒါ အခု စစ်ခွေးတွေက လမ်းတွေထဲအထိ လူတွေကို လိုက်ရှာနေတယ်။ ပစ်ခတ်သံတွေလည်းကြားနေရတယ်။ အတော်ကို ရှုပ်ထွေးနေတယ်။ ဗုံးပစ်သွားတဲ့လူကို မမိပါဘူး" ဟု ဒေသခံတစ်ဦးက ဆိုသည်။ လက်ရှိတွင် ဂွစျေးအနီး၊ ကံ့ကော်လမ်း၊ ကျွန်းတောလမ်း၊ ဗားကရာချောက်သို့ ဆင်းသွားသည့် ဗားကရာလမ်း၊ ဗဟိုလမ်းအထိ စစ်ကောင်စီတပ်များက ပိတ်ဆို့ပြီး ရှာဖွေနေကြောင်း၊ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း သိရှိရသည်။

ယနေ့စက်တင်ဘာ ၉ရက်နေ့ ဟားခါးမြို့တွင် ယနေ့မနက်ပိုင်း ၁နာရီခန့်က ပစ်ခတ်မှုများပြန်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးများ
+3
ယနေ့စက်တင်ဘာ ၉ရက်နေ့ ဟားခါးမြို့တွင် ယနေ့မနက်ပိုင်း ၁နာရီခန့်က ပစ်ခတ်မှုများပြန်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းဖြစ်ခတ်မှုများကြောင့် လူနေအိမ်အချို့ထိခိုက်ခဲ့ပါတယ်။

🚨 Breaking News 🚨 လှိုင်မြို့နယ် ၁၃ရပ်ကွက်တွင် စက်တင်ဘာလ ၈ရက်နေ့ည၁၁နာရီဝန်းကျင်ခန့်ကဧည့်စာရင်းစစ်ရာ အယောက် ၁၀၀ ကျော်အဖမ်းခံရ စက်တင်ဘာလ၈ရက်နေ့ ည၁၁နာရီဝန်းကျင်ခန့်က လှိုင်မြို့နယ် ၁၃ရပ်ကွက်တွင် စကစမှဧည့်စာရင်းစစစ်ရာ အမျိုးသမီး ၆၀ဦးကျော်နှင့် အမျိုးသား ၄၀ဦးကျော်(အတိကျမသိရ) စုစုပေါင်း ၁၀၀ကျော်အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။ အသောကလမ်းတစ်လမ်းထဲတွင်ပဲအယောက်၃၀ခန့်အဖမ်းခံခဲ့ရတယ်လို့သိရပြီး ည၁နာရီလောက်မှပြန်ထွက်သွားတယ်လို့သိရပါတယ်။ အမျိုးသမီး ၆၀ကျော်ကို ယနေ့ညတွင်းချင်းပဲပြန်လွှတ်ပေးခဲ့ပြီး အစလူနည်းတုန်းကရဲစခန်းမှာညအိပ်ခိုင်းပြီး လူများလာတော့ မဆန့်တော့လို့ပြန်လွှတ်လိုက်တာလို့သိရပါတယ်။ ဖုန်းပါလာတဲ့သူတွေကိုဖုန်းတွေနဲ့မှတ်ပုံတင်တွေကိုသိမ်းထားကာပြန်လွတ်ပေးလိုက်ပြီး မနက်ကျမှ ခံဝန်လက်မှတ်လာထိုးခိုင်းပြီးဖုန်းတွေကိုစစ်ပြီးမှပြန်ပေးမယ်လို့သိရပါတယ်။ အမျိုးသားတွေကိုတော့ အခုထိပြန်လွှတ်ပေးခြင်းမရှိသေးပဲ ဘယ်တော့ပြန်လွှတ်ပေးမလဲဆိုတာကိုတော့ မသိရှိရသေးပါဖူး။

ယနေ့ည(၁၁:၀၀)နာရီခန့်တွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမနှင့်ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး၌ စကစ တပ်ဖွဲ့ဝင်များက ကားတစီးကို လိုက်လံပစ်ခတ်ခဲ့သည်ဟု သတင်းရ