en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
Breaking News !!! ----------- နမခမှ စကစ အကြမ်းဖက်မြေသြဇာ ၃၀၀ ခန့် မုံရွေးကြေးမုံကို ဝိုင်းထား စက်တင်ဘာ ၈ ရက် ယနေ့ည ၁၀ နာရီခန့်မှာ(အနောက်မြောက်တိုင်းစစ်ငှာနချုပ်-မုံရွာ) နမခမှ စကစအကြမ်းမြေသြဇာ ၃၀၀ ခန့်ဟာ မုံရွေးကြေးမုံကို ဝိုင်းထားကြောင်း ပြည်သူ့ သတင်းထောက် တဦးက ဒေသခံသတင်းငှာနကို သတင်းပေးပို့ပါတယ်။

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၇)ဦးကျဆုံး (၄)ဦး ဒဏ်ရာရရှိ စက်တင်ဘာ ၈ရက် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တ
+2
စစ်ကိုင်းတိုင်းတွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၇)ဦးကျဆုံး (၄)ဦး ဒဏ်ရာရရှိ စက်တင်ဘာ ၈ရက် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် တိုက်ပွဲ တွင် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) တပ်ရင်း(၁) { တပ်ခွဲ(၁)နှင့်တပ်ခွဲ(၁၁) } နှင့်ဒေသခံ(PDF)တို့ ပူးတွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၇)ဦး ကျဆုံးပြီး (၄)ဦး ဒဏ်ရာ ပြင်းထန်ခဲ့သည် ။ စစ်ကောင်စီဘက်မှ အင်အား ၃၀ ကျော် ဆိုင်ကယ်များဖြင့်တက်လာရာ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။ ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)နှင့် ဒေသခံ(PDF)အဖွဲ့တို့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ စစ်ကောင်စီမှ အလောင်းများကိုပြန်သယ်ပြီး သွေးအိုင်များကို သဲများဖြင့်အုပ်ခဲ့ပြီး ဆိုင်ကယ်များလည်း ပြန်လည်ယူဆောင်သွားခြင်းမရှိပါ ဘူးလို့ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှ ထုတ်ပြန်ထားပါသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရုံး ဗုံးဖြင့် အပစ်ခံရ စက်တင်ဘာ ၈၊ ၂၀၂၁ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်ရုံးကို ယမန်နေ့ (စက်တင်ဘာ ၇)ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား နှစ်ဦးတို့က လက်ပစ်ဗုံးဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ညနေ ၅ နာရီခွဲလောက်မှာ ရွှေကြာပင် ရပ်ကွက်ရုံးကို လာပစ်တာပေါ့။ ဗုံးက မပေါက်ဘူး။ သက်ဆိုင်ရာ အဖွဲ့တွေ ရောက်လာပြီးတော့သက်မဲ့ဖြစ်အောင် လုပ်လိုက်တယ်လို့ သိရတယ်။ လှန့်တဲ့ သဘောပါပဲ"ဟု ရွှေကြာပင် ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။ မပေါက်ကွဲသည့် လက်ပစ်ဗုံးကို စစ်တပ်က လာရောက်ရှင်းလင်းခဲ့ပြီး ည ၇ နာရီတွင် သက်မဲ့ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း၊ ရပ်ကွက်ရုံးရှေ့ မျက်စောင်းထိုးအိမ်တွင် တပ်ဆင်ထားသော CCTV ကို စစ်ကောင်စီတပ်များက ရယူပြီး တိုက်ဆိုင် စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။

ကလေးတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ ၄ဦးသေဆုံးပြီး ၁ဝဦး ထိခိုက် ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၇ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာကြားသို့ ယနေ့ စက်တင်ဘာလ ၇ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ‌ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF (Kalay) ထုတ်ပြန်ချက်အရသိရသည်။ ထို့အပြင် ကလေးမြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်‌ နေရာယူထားသည့် ရုံးအဆောက်အဦး နေရာအများအပြားကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်တိုက် လုပ်ဆောင်နေကာ ကျေးရွာနေပြည်သူများသည် တိမ်းရှောင်နေရကြောင်း PDF (Kalay)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီ လုပ်ရပ်များကြောင့် PDF (Kalay) အနေဖြင့် ဒေသပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွ‌ယ်‌စောင့်ရှောက်ပေးနိုင်ရန် အာဏာရူးမင်းအောင်လှိုင်၏ လက်ပါးစေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား အစွမ်းကုန် အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်‌သောကြောင့် NUG အစိုးရ ထုတ်ပြန်ထားသော ပြည်သူလူထုများ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို လုပ်ဆောင်ထားကျရန် အသိပေးသည်ဟု ဖော်ပြထားသည်။

Breaking News: မန္တလေးတောင်ခြေ စကစတပ်ကို လက်ပစ်ဗုံးပစ်ထဲ့ စစ်သား ၂ဦးသေ ဒဏ်ရာရသူများပြား ---------------------- မန္တလေးတောင်ခြေတွင် တပ်စွဲထားသော အမှတ် (၉၅) တပ်ရင်းမှာ ယနေ့ ည၆နာ ရီအကျော်က လက်ဗစ်ဗုံးနဲ့ဗစ်ခံခဲ့ရပြီး တပ်တွင်းမှာရှိသည့် စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများရှိကြောင်းသိရသည်။ စစ်တပ်အတွင်းက ပြန်လည်ပစ်ခတ်မှုကြောင့်လက်ဗစ်ဗုံးနှင့်လာပစ်သူများထဲမှ လူငယ်တစ်ဦးသေနတ်ကျည်ဆံထိမှန်ခဲ့ကြောင်း သိရသည်။

Breaking News !!! ဒီမော့ဆို မြို့နယ်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်နေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒီမော့ဆို မြို့နယ်ရဲစခန်းကို ကရင်နီးတပ်မတော်၊ KNDFနဲပ မဟာမိတ် PDFတွေ ဒီကနေ့ ညနေ ၆နာရီခန့်က စတင်ပြီး ဝင်ရောက်တိုက်ခိုက်နေပါတယ်။ တိုက်ပွဲဟာ ပြင်းထန်နေလျှက်ရှိနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကရင်နီတပ်ဖွဲ့ဝင်များ ဒီးမော့ဆိုရဲစခန်းအား တိုက်သိမ်းဟုဆို ရန်ကုန်၊ စက်တင်ဘာ ၇ ကယားပြည်နယ် (ကရင်နီပြည်) ဒီးမော့ဆိုမြို့ရှိ ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသရင်းမြစ်များထံမှ သိရသည်။ အဆိုပါ ရဲစခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ကရင်နီပြည် လွိုင်ကော်-ဒီးမော့ဆို လမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ယနေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး ဒေါပိုးစီ၊ စံပြ ၆ မိုင်၊ ဒေါငံခါးရှိ နေအိမ်အချို့ စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ပျက်စီးခဲ့သည်။ ယနေ့ ညနေပိုင်းတွင် ဒေါပိုးစီ ကျေးရွာတွင် ဝင်ရောက်တပ်စွဲသော အင်အား ၂၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ပြီး ယနေ့ည ၇ နာရီခန့်အထိ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။

မှော်ဘီစစ်တပ်က ဒေသခံများကို ပေါ်တာဆွဲ ------------------ ယနေ့ ညနေပိုင်းက မှော်ဘီမြို့နယ်၊ စမ်းကြီးကျေးရွာသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ ရွာရှိပြည်သူ ၃၀ ဦးကို လုပ်အားပေးရန် ပေါ်တာဆွဲသွား သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ အုပ်ချုပ်ရေးမှူးက ခင်ဗျားတို့ တောင်းလို့ရရင်တောင်း၊ ကျွန်တော်ကတော့ မတောင်းပေးနိုင်ဘူး လို့ ပြောတာ ကြားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူးက ရွာမှ လူရွေးပေးပို့ရန် စစ်ကောင်စီတပ်ထံ ငြင်းဆိုပြီး‌နောက် စစ်ကောင်စီတပ်သားများက ကိုယ်တိုင်ဝင်ရောက် ပေါ်တာဆွဲသွားသည်ဟု ဒေသခံက ဆိုသည်။ စမ်းကြီးကျေးရွာမှာ မှော်ဘီနှင့် လှည်းကူးကြားရှိ ရွာငယ်လေးတစ်ရွာဖြစ် သည်။ အာဏာသိမ်းစစ်ကောင်စီမှ မှော်ဘီမြို့နယ်အား စက်တင်ဘာ ၆ ရက်က မာ‌ရှယ်လော ကြေညာခဲ့ပြီး လုံခြုံရေးအား တင်းကျပ်ထားသည်။ စက်တင်ဘာ ၆ ရက် ညပိုင်းကလည်း သေနတ်သံအချို့ ကြားခဲ့ရကြောင်း ဒေသခံတချို့က ဆိုသည်။

ဘုတလင်မြို့နယ်က စစ်ကောင်စီပိုင် Mytel တာဝါတိုင် ၁၁ခု ဖောက်ခွဲဖျက်ဆီးခံရ စက်တင်ဘာလ ၇ ရက် စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဘုတလင်မ
+3
ဘုတလင်မြို့နယ်က စစ်ကောင်စီပိုင် Mytel တာဝါတိုင် ၁၁ခု ဖောက်ခွဲဖျက်ဆီးခံရ စက်တင်ဘာလ ၇ ရက် စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ Mytel တာဝါတိုင် ၁၁ တိုင် နဲ့ဆက်စပ်ပစ္စည်း စက်ကိရိယာများကို အမည်မသိမဖွဲ့က ဒီကနေ့ စက်တင်ဘာ၇ရက်နေ့မှာ တချိန်တည်းမှာပဲ မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါသည်။

KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၄ ကို လေကြောင်းထိုးစစ် အပြင်းအထန်လုပ်ဖို့ အကြမ်းဖက်စစ်ကောင်စီ ယနေ့ ပြင်ဆင်နေ

မြောက်ဒဂုံ ဘေလီတံတားအဆင်း အလုပ်မှပြန်လာသည့် လူတစ်စုအားစကစမှအကြောင်းမဲ့ ဖမ်းဆီးထား၊ Photo-CJ
မြောက်ဒဂုံ ဘေလီတံတားအဆင်း အလုပ်မှပြန်လာသည့် လူတစ်စုအားစကစမှအကြောင်းမဲ့ ဖမ်းဆီးထား၊ Photo-CJ

လှိုင်မြို့နယ်အတွင်း ပေါက်ကွဲမှုတစ်ကြိမ်နှင့် စစ်ကောင်စီ သတင်းပေးတစ်ဦး အသတ်ခံရ ရန်ကုန် - ၂၀၂၁ စက်တင်ဘာ ၇ (မော်ကွန်း) လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ယနေ့နေ့လယ်ပိုင်းက စစ်ကောင်စီသတင်းပေးဟုယူဆရသူ မိန်းကလေးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ဘူတာရုံလမ်း ရထားသံလမ်းနားမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ သီရီမြိုင် သစ္စာလမ်းမှာနေထိုင်တဲ့ ဒလံလို့ယူဆရတဲ့ အမျိုးသမီးပစ်သတ်ခံရချိန်မှာ “ သေနတ်အသံတော်တော်ကျယ်တယ်၊ ခြောက်ချက်လောက်ရှိမယ်။ ပြီးလည်းပြီးရော စစ်ကောင်စီတပ် အယောက် ၃၀ ကျော်မယ် ရောက်လာပြီး လမ်းပိတ်ပြီး စစ်ဆေးတာတွေရှိတယ်” ဟု သီရီမြိုင်လမ်းနေပြည်သူတစ်ဦးက ပြောပါတယ်။ ဘူတာရုံလမ်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး “အသံတော့တော်တော်ကျယ်တယ်၊ ကျွန်တော်တို့နေတဲ့ မယ်ဇီကုန်းကတောင်ကြားရတယ်။ အဲဒီ့အသံလည်း ကြားပြီးရော မီးခိုးတွေ အူတက်လာတာမြင်ရတယ်။ အခုတော့ စစ်ကောင်စီ တပ်တွေ ရောက်လာပြီး စစ်ဆေးတာတွေလုပ်နေတယ်” လို့ လှိုင်မြို့နယ် ရပ်ကွက်နေ ပြည်သူတစ်ဦးက မော်ကွန်းကိုဆိုပါတယ်။ လက်ရှိ အချိန်မှာတော့ ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိမသိသေးဘူးလို့လဲ ထိုသူက ပြောပါတယ်။ NUG က နိုင်ငံတဝန်း အရေးပေါ်အခြေအကြေညာပြီးနောက်ပိုင်းမှာတော့ ရန်ကုန်မြို့မှာစစ်ကောင်စီ တပ်များ နေရာအနှံ့ လုံခြုံရေးယူထားတာတွေ လမ်းသွား၊လမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လည်းရှိနေပါတယ်။

အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) မှ စက်တင်ဘာ (၇) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကြေညာပြီးနောက် သျှမ်းပြည်တောင်ပ
+2
အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) မှ စက်တင်ဘာ (၇) ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကြေညာပြီးနောက် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီပိုင် လေယာဉ်များ ပျံဝဲနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ အလားတူ တာချီလိတ်မြို့တွင်းမှာလည်း စစ်ကောင်စီ အများအပြား သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးဘက်သို့ စစ်ကားများ အများအပြား အင်အားဖြည့်တင်းနေသည်ကိုလည်း သိရှိရသည်။

လှိုင်မြို့နယ်ရှိ ယာဥ်ထိန်းရဲရုံး ဗုံးပေါက်ကွဲ ============================ ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီ၀န်းကျင်က ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။ "ဗုံးကွဲတာ တပ်စွဲထားတဲ့နေရာထိမထိ မသိရပေမယ့် စစ်ခွေးတွေ ပြေးတာတန်းနေတာပဲ။ မနက် ဆယ်နာရီကဖြစ်တာ။အသံကတော့ တော်တော်ကျယ်တယ်"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ အဆိုပါယာဉ်ထိန်းရဲရုံးတွင် ယခင်ရက်များက စစ်သားလေးဦးရှိနေခဲ့ပြီး အဆိုပါပေါက်ကွဲမှုတွင် ထိခိုက်သူ ရှိမရှိအား စုံစမ်းနေဆဲဖြစ်သည်။

မအလ ရုရှားသွားတုန်းကစီးတဲ့လေယာဉ် MAI Airbus A319-112 XY-AGR ဟာ ဒီနေ့ မနက်စောစော ရန်ကုန်ကနေ နပတ ကိုထွက်သွားပါတယ်။ နပတ မှာ လူတင်ပြီး 9:30 am မှာ ဒူဘိုင်း(UAE) ကို သွားပါတယ်။ Dubai ကို 2:53 pm မှာ ရောက်ပါတယ်။ ခရီးသည်တွေ ဆင်းတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မဆင်းပါဘူး။ ပရိုက်ဗိတ်လေယာဉ်တွေဆင်းတဲ့.. Dubai World Central Int’l Airport မှ ဆင်းတာပါ။ လူမသိအောင် နပတ အထွက်မှာ ADS-B Signal ပိတ်ပြီးထွက်သွားတာပါ။ ဒီလေယာဉ်က အပြည့် တင်ရင် (၁၄၄) ယောက်စီးလို့ ရတယ် ။ သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိသားစုတွေ အားလုံးကို ခေါ်သွားလို့ရပါတယ်။

ချင်းပြည်နယ်ဒေသတချို့မှာ ဒီနေ့မနက်ကနေ MPT အင်တာနက်လိုင်း သုံးစွဲခွင့်တွေ ပိတ်ချလိုက်တယ်လို့ သိရပါတယ်။

METRO မြန်မာ လုပ်ငန်းလည်ပတ်မှု ရပ်နားသွားမည်ဟု အသိပေးကြေညာ
METRO မြန်မာ လုပ်ငန်းလည်ပတ်မှု ရပ်နားသွားမည်ဟု အသိပေးကြေညာ

လှည်းတန်းဆန္ဒပြပွဲမှာစစ်ကောင်စီကပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ကိုဖမ်းဆီးခေါ်ဆောင်သွား ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရန်ကုန်မြို့၊ လှည်းတန်းမှာလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီကနေ့စက်တင်ဘာလ ၁ရက်နေ့မှာ စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့အနီးအနားနေထိုင်သူတွေကပြောပါတယ်။ ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့နေအိမ်ကိုစစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းကဝင်ရောက်ပြီး ကိုညီညီအောင်ထက်နိုင်ရဲ့အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ မတွေ့တာကြောင့် မိခင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။ "ဒီနေ့မနက်ကိုးနာရီခွဲလောက်ကတည်းက စစ်ကောင်စီအင်အား ၄၀လောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရာအိမ်မှူးတွေနဲ့အတူလာတာ၊ အိမ်ထဲမှာအကြာကြီးပဲ၊ ဘာတွေလုပ်နေလဲမသိဘူး။သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီးကိုကိုအောင်ထက်နိုင်ကိုလာအဖမ်းခံဖို့ဖုန်းဆက်နေတာလည်းကြားတဲ့လူတွေကကြားတယ်။၁၂နာရီခွဲလောက်မှာတော့ သူတို့အမေဒေါ်ဝင်းမာကိုဖမ်းခေါ်သွားတယ်" လို့ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ကိုညီညီအောင်ထက်နိုင်ဟာဆိုရင် ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်ကပစ်ခတ်ဖြိုခွင်းမှုတွေစလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ရန်ကုန်မြို့လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ဝမ်းဗိုက်ကိုသေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေးဥက္ကဋ္ဌဟောင်းဖြစ်ပြီး သားဖြစ်သူသေဆုံးမှုအပြီးမှာသားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူနေအိမ်ကနေ ရှောင်တိမ်းနေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။ အမြွှာညီအကိုနှစ်ဦးဖြစ်တဲ့ ကိုကိုအောင်ထက်နိုင်နဲ့ညီညီအောင်ထက်နိုင်တို့ရဲ့မိခင်ဟာဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အိမ်စားရိတ်အတွက် ငါးခြောက်၊ပုဇွန်ခြောက်တွေရောင်းချခွင့်ပြုပါလို့ပြောဆိုပြီး ဈေးရောင်းနေတာကိုလူမှုကွန်ရက်စာမျက်နှာမှာတွေ့ရတယ်လို့ နီးစပ်သူတွေကပြောပါတယ်။ လက်ရှိမှာတော့ အမြွှာညီအကိုနှစ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းမာကိုစစ်ကောင်စီတပ်တွေကဖမ်းဆီးခေါ်ဆောင်သွားပြီးနေ့လည်ပိုင်းအထိနေအိမ်ရှေ့မှာ စစ်ကောင်စီကားတွေရပ်ပြီး စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်

လှည်းကူးတွင် စစ်ကောင်စီကားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံရ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၌ စစ်သုံးယာဉ်ငယ်တစ်စီး ယနေ့ (ဩဂုတ် ၃၁) မနက်တွင် ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု မျက်မြင်တွေ့ကြုံရသူတစ်ဦးနှင့် ဒေသခံတစ်ဦးက အတည်ပြုသည်။ မနက် ၁၀ နာရီခွဲတွင် ပြည်တော်သာရပ်ကွက်၊ အလယ်ပိုင်းမင်းလမ်း၊ သဉ္ဇာဦးမှတ်တိုင်အနီး ရပ်ထားသည့် စစ်သုံးယာဉ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒဏ်ရာရရှိမှုအခြေအနေကို မသိရဟု မျက်မြင်တွေ့ကြုံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဝုန်းဆိုပြီး အသံကြားမှ ထွက်ကြည့်တာ။ လှမ်းကြည့်တော့ အငွေ့တွေလား ဗုံးပေါက်ပြီးတော့။ စစ်သားတွေကလည်း ကားပေါ်ကနေ ဆင်းပြေးတာပေါ့။ ဆင်းပြေးပြီး ဒီဘက်ခြမ်းမှာ လာရပ်ပြီး ဟိုကြည့်၊ ဒီကြည့် နေကြတာပေါ့”ဟု ထိုအမျိုးသမီးကပြောသည် ကားရှေ့ပိုင်း၌ စစ်သားတစ်ဦး၊ နောက်ပိုင်းတွင် ၄ ဦး ရှိခဲ့ကြောင်း ကားပစ္စည်းဆိုင်တွင် နောက်တစ်ဦး စျေးဝယ်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် စစ်ကားသည် မှတ်တိုင်အနီးရှိ စတားမောင်မောင်ကားပစ္စည်းဆိုင်တွင် မကြာခဏ လာရောက် ဝယ်ယူလေ့ရှိသည်ဟု ဒေသခံမျိုးသားတစ်ဦးက ပြောသည်။ “သေချာစောင့်ကြည့်ပြီးမှ လုပ်တဲ့သဘောပဲ” ဟု ၎င်းက သုံးသပ်သည်။

ဒီနေ့ ဘဏ်ဓားပြမှု ဗီဒီယိုမှတ်တမ်းပါ။