en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
လသာ ၂၂ လမ်း သတင်း အဆက်။ အိမ်အမှတ်- ၃၆ (၆လွှာ) စမ်းချောင်း ဂွင်းဆက် လာဖမ်းစဉ် အနောက်အရေးပေါ်လှေခါးမှ ဆင်းပြေးသဖြင့်ပစ်ခတ်ဖမ်းစီးရာ ၃ဦးတွင်၂ဦး ဒဏ်ရာရကြောင်း ထိုမှ တဆင့်လမ်းမတော်လမ်း ဒေါ်သောင်းကျင်ဆိုင် အပေါ်ထပ်တွင် ထပ်မံ၍ ၄ဦးဖမ်းဆီးခဲ့ကြောင်းသိရ။ (၂၂လမ်း) နောက်ဖေးဆင်းပြေးတဲ့ (၁) ယောက်သေဆုံးခဲ့။ ပစ္စည်းအများအပြားသိမ်းသွားခဲ့၊ ဂုံနီအိတ်နဲအိတ် ၃အိတ်၊ ပလတ်စတစ်လေးထောင့်ပုံးနဲ၂ပုံး ဟုသတင်းရရှိ။ ⚠️ လသာအုပ်စုတွေနဲ့ အဆက်အသွယ် ရှိထားရင် အကြောင်းကြား​​​​ထားပေးလိုက်ကြပါ။ ❗ယခုပစ္စည်းတွေပါသွားတဲ့ အဖွဲ့က စစ်ကြောရေးရောက်သွားခဲ့တဲ့ အဖွဲ့ရဲ့ ကွင်းဆက်ဖြစ်လို့ အဲဒီစစ်ကြောရေးရောက်နေတဲ့အဖွဲ့နဲ့ ထဲထဲဝင်ဝင် အလုပ်တွဲလုပ်ဖူးရင် ရှောင်သာရှောင်လိုက်တော့လို့။ ⚠️ ဒီည လသာက ဆက်စွဲဖို့ရှိတယ်လို့သိရ။ ❗ယခုလက်ရှိ ၁၉လမ်း အောက်လမ်းပိတ်ထားတယ် ❗ယခု အချိန်အထိ လသာ စဥ့်အိုးတန်းလမ်းထိပ် ❗၁၉ လမ်းထိပ် လမ်း၂၀ ထိပ် တွင် စခ ရခ များ အများအပြား နေရာယူလျက်ရှိ။ Source : CJ

လသာ ၂၂လမ်း Now !!!! စခ တွေပစ်ခတ်ပီးလိုက်ဆွဲနေတာ လူငယ် ၇ဦး မှာ ၁ဦးသေဆုံး ပစ္စည်းတွေလဲ သိမ်းခံရတယ်တဲ့

တီးတိန်မြို့နယ် ထုတ်လိုင်ကျေးရွာအနီးက Mytel တာဝါတိုင်ကို PDF Zoland နဲ့ Civic Defense Militia အဖွဲ့က ဒီမနက်က ဖောက်ခွဲဖျက်ဆီးလ
တီးတိန်မြို့နယ် ထုတ်လိုင်ကျေးရွာအနီးက Mytel တာဝါတိုင်ကို PDF Zoland နဲ့ Civic Defense Militia အဖွဲ့က ဒီမနက်က ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ တီးတိန်မြို့နယ်က Mytel တာဝါတိုင် ၅ ခုကို PDF Zoland နဲ့ Civic Defense Militia အဖွဲ့က ဖောက်ခွဲဖျက်ဆီးပါပြီ..

ကောလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ကောလင်း - စက်တင်ဘာ ၁၅၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ တောင်မော်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာကြားတွင် ယနေ့နံနက် ၄ နာရီခန့်က ကားလေးစီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ စစ်ကောင်စီယာဉ်တန်းကို တောင်မော်ကျေးရွာမှ သစ်ဆိမ့်ကုန်းကျေးရွာအကြား ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “ကောလင်း တောင်မော်ရွာစာသင်ကျောင်းကနေ ရွှေဘိုမြစ်ကြီးနားလမ်း ကျောက်တန်းရွာ တောင်ရိုး ကျော်ပြီး ဖြတ်လာတာ တောင်မော်ရွာနဲ့ သစ်ဆိမ့်ကုန်းရွာကြားမှာ မိုင်းဆွဲခံရတာ“ဟု သူကပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။ စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ညကလည်း စစ်ကောင်စီယာဉ်တန်းကို ကောလင်း PDF များကမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်။

ရန်ကုန်လှိုင်သာယာမှာ ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲနေ၊ ဒေါပုံနှင့် ကြည့်မြင်တိုင်မှာလည်း ဗုံးတွေပေါက် ရန်ကုန်၊ စက်တင်ဘာ ၁၄ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယနေ့ ညနေ ၄ နာရီဝန်းကျင်မှစတင်၍ ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။ " ၁ ထိပ်၊ ၃ ထိပ်၊ ၅ ထိပ်၊ မီးသတ်ရုံးရှေ့နဲ့ ရဲစခန်းနားမှာ တအုန်းအုန်းနဲ့ကို ပေါက်နေတာ။ ၆ လုံးလောက်ရှိနေပြီ။ စစ်ခွေးတွေ ရဲခွေးတွေလည်း ရောက်နေပြီ။ မြေကြီးတွေ အိမ်တွေတောင် တုန်တယ်။ အတော်ပြင်းတယ်။ ထိခိုဒဏ်ရာရတာလည်း မသိသေးဘူး။ အခုအချိန်က အပြင်ထွက်ကြည့်လို့လည်း ကောင်းတာမဟုတ်ဘူး။ ဗုံးတွေပေါက်နေတယ်ဗျာ" ဟု လှိုင်သာယာမြို့ခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်မြို့၊ ဒေါပုံသင်္ဘောကျင်းမှတ်တိုင်အနီးရှိ သင်္ဘောသားရုံး (DMA ရုံး)တွင် ယနေ့ စက်တင်ဘာ ၁၄ရက် မွန်းတည့် ၁၂နာရီခန့်တွင် ဗုံးပေါက်ကွဲပြီး လူတစ်ဦး ထိခိုက်သွားကြောင်း သိရှိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွယ် ယနေ့ နံနက် ၆ နာရီက ဗုံးပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ စတင်ဖြတ်တောက် ရန်ကုန်၊ စက်တင်ဘာ ၁၄ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် အပါ အဝင် မြို့နယ်များတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်နှင့် ပုလဲ စတဲ့မြို့နယ်များ၊ မန္တလေးတိုင်းမြင်းခြံမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုရှိတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။ တချို့မြို့နယ်တွေမှာတော့ မိုဘိုင်းအင်တာနက်တင်မကဘဲ ဖုန်းလိုင်းပါ ပိတ်ချလိုက်တာလို့ သိရပါတယ်။ အဆိုပါဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်ူတွေ ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုတွေလည်း မြင့်တက်‌လာနေပါတယ်။

Internet နဲ့ အလုပ် လုပ်သူများ Internet ပြတ်တော့မှာပါ အခြားနည်းနဲ့ ဘယ်လို ကူးပြောင်းမလဲဆိုတာ စဥ်းစားထားပါ မြင်းခြံမှာ All operators ပြတ်သွားပါပြီ Broadbands တွေလည်း ပြတ်သွားပါပြီ Fibersပဲ ကျန်ပါတယ် မိုးကုတ်ဖြတ်တော့မှာပါ မိုးကုတ်ပြီး ရင် စစ်ကိုင်းလာမှာပါ စစ်ကိုင်းတိုင်းထဲ ဝင်မနား မှာ ဖြတ်သွားပါပြီ KHIN U REAL NEWs

မကွေးမြို့ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ ၅ နှစ်အရွယ် ကလေးငယ် သေဆုံး =============== မဇ္ဈိမ မကွေးမြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တိုင်းရုံး အနီးတွင် ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီခန့်က ပြင်းအားကောင်းသော ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး လူငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိသွားကြောင်း မကွေးမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့ရှိ ကွမ်းယာဆိုင်အတွင်းမှ ကလေးငယ်သည် ပေါက်ကွဲမှုမှ လွင့်ထွက်လာသည့် ဗုံးစထိမှန်ပြီးဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ဗုံးပေါက်တာက မှန်ပါတယ်။ ကြံ့ဖွံ့ရုံးဘေးမှာ ပေါက်တာပါ။ ကလေးတစ်ယောက်ကတော့ သေသွားတယ်လို့ ကြားတယ်။ တစ်ယောက်ကတော့ ယမ်းစမှန်တယ်ပေါ့။ နှစ်ယောက်လို့ ပြောတယ်” ဟု မကွေးမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို တိတိကျကျမသိရသေးသော်လည်း ပျူစောထီးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လက်ရှိတွင် မကွေးမြို့အဝင်အထွက် ဂိတ်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့လိုက်ပြီး တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြင်းခြံ၊ ယုန်ထိုး-ထိန်ပန်းလမ်းမတွင် ကင်းလှည့်နေသည့် စစ်ကောင်စီများ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးဟုဆို ရန်ကုန်၊ စက်တင်ဘာ ၁၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ယုန်ထိုး-ထိန်ပန်းလမ်းမတွင် ဆိုင်ကယ်၅ စီးဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Zero ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၁၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ကျန်ဆိုင်ကယ် ၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လွတ်မြောက်သွားပြီး ပြန်လည်ပစ်ခတ်နေခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အင်းတကော်မှာ ဧရာဝတီဘဏ်ရဲ့ ငွေသယ်ယာဉ် ဓါးပြအတိုက်ခံရပြိး သိန်းပေါင်း ၄သောင်း ပါသွားတယ်လို့ သိရ စက်တင်ဘာ ၁၃-၂၀၂၁ CKC + KK (VOM) ပဲခူးမြို့၊ AYA bank ကနေ ငွေသယ်ဆောင်လာတဲ့ ငွေသယ်ကားဟာ အင်းတကော်မြို့မှာ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀၀ ပါသွားတယ်လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။ " သိန်း ၄၀၀၀၀ ပါသွားတယ် ။ ဖြတ်လုတဲ့သူက ၇ ယောက် ၊ ရဲကနှစ်ယောက် ၊ယာဉ်ထိန်းကတစ်ယောက်။အယောင်ဆောင်တွေပေါ့။ အင်းတကော် သာယာကုန်းနဲ့စပ်ကြား ၊ ပဲခူးကနေ ရန်ကုန်အသွားပေါ့။ ဂိတ်စစ်တဲ့သဘောနဲ့ ပြပေါ့။ပြတော့ ပိုက်ဆံတွေကို သူတို့စီမံထားတဲ့ကားပေါ်တင်ပြီး ပဲခူးဘက်ပြန်မောင်းပြေးပေါ့" လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နေ့လယ်၂ နာရီလောက်မှာ ပဲခူး AYAဘဏ်ကနေ ဘဏ်ငွေသယ်ယာဉ် ထွက်သွားတာဖြစ်ပြီး ကားပေါ်မှာ ဘဏ်ဝန်ထမ်း ၅ ဦးလိုက်ပါသွားတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးမှုကို လုပ်နေပြီး ဓားပြတိုက်သူကို ရှာဖွေနေတယ်လို့သိရပါတယ်။ "ပဲခူးမြို့ AYA ဘဏ်ကနေ ငွေတွေကို ရန်ကုန်ကို ပို့တာလို့သိရတယ်။ နေ့လယ်၂နာရီကျော်လောက်က ကားနဲ့ သယ်သွားတာမှာ အင်းတကော်နယ်မြေရဲစခန်းအပိုင် ထဲမှာ လုယက်ခံရတာလို့ လောလောဆယ်သိရတယ် ။ " လို့ ပဲခူးမြို့ခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ရန်ကုန်မြို့က ဘဏ်အချို့နဲ့ တီးတိန်မြို့ပေါ်မှာ ဘဏ်ဓါးပြတိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီနေ့ AYA bank ဓားပြတိုက်ခံရတာ သိန်း 40000ကျော်ပါသွားပါတယ်တဲ့

ဂန့်ဂေါ ၊ မင်းရွာရဲစခန်းကို ယောPDF နှင့် မင်းတပ် CDF ပူးပေါင်း၍ ဝင်တိုက်၊ ရဲ ၅ ဦးနှင့် စစ်ကူလာသော ရဲ ၃၀ ဦး သေဆုံးဟုဆို ရန်ကုန
ဂန့်ဂေါ ၊ မင်းရွာရဲစခန်းကို ယောPDF နှင့် မင်းတပ် CDF ပူးပေါင်း၍ ဝင်တိုက်၊ ရဲ ၅ ဦးနှင့် စစ်ကူလာသော ရဲ ၃၀ ဦး သေဆုံးဟုဆို ရန်ကုန်၊ စက်တင်ဘာ ၁၂ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊မင်းရွာရဲစခန်းကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ယောPDF နှင့် မင်းတပ် CDF ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၅ ဦးနှင့် စစ်ကူလာသော ရဲ ၃၀ ဦး စုစုပေါင်း ၃၅ ဦး သေဆုံးသွားကြောင်း ယော PDF က တရားဝင် သတင်းထုတ်ပြန်သည်။ ယောPDF နှင့် မင်းတပ် CDF ဘက်မှ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

မြောင်မြို့နယ်ကျောက်ရစ်ကျေးရွာကို စခများမှကျေးရွာအားမီးရှို့နေတယ်လို့သိရပါတယ် 9:20pm ဒါရောဆို ရွာတွေမီးရှို့တာ တော်တော်များပါ
မြောင်မြို့နယ်ကျောက်ရစ်ကျေးရွာကို စခများမှကျေးရွာအားမီးရှို့နေတယ်လို့သိရပါတယ် 9:20pm ဒါရောဆို ရွာတွေမီးရှို့တာ တော်တော်များပါပြီ

9:00လောက်က 51 လမ်း အောင်ပင်လယ် သကြားစက် ပေါ်တာဆွဲခံရပြီ ၁၃ယောက်ပါသွားတယ်တဲ့ ညနေ 7:30လောက်ကလည် 68မှာ လူနှစ်ယောက်ဖမ်းသွားပါတယ် မန်းမြေမှာ ဒီရက်ပိုင်း ဝင်ဆွဲတာတို့ ဝင်မွှေတာတို့ ပိုလုပ်နေပါတယ် အစစအရာရာ သတိထားကြပါဗျ Update ဖြစ်ရင်ထပ်ဖြည့်ပေးပါမယ်

ထန်တလန်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီစခန်းကို CNF၊ CDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်၊ အဆိုပါစခန်းရှိ စစ်သားနှင့် ရဲများ CDM ပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၁၂ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စက်တင်ဘာလ ၁၂ ရက် တွင် တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှာ တော်လှန်ပြည်သူများနှင့်ပူးပေါင်းကာ CDM ပြုလိုက်လိုက်ကြောင်း CDF ၏ အောက်ချင်းတပ်မဟာမှ အတည်ပြု ထုတ်ပြန်ထားသည်။ ယနေ့နံနက် လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း တိုက်ပွဲ၊ နှစ်ဖက်အကျအဆုံးသေးစိတ်နှင့် CDM ပြုလုပ်သည့် စစ်သားအရေအတွက်စာရင်းအား ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အဆိုပါ လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာလ ၁၀ ရက် တွင် ချင်းပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်ဟု သတင်းများ ထွက်ပေါ်နေပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူပေးခဲ့ရသည်။ အလားတူ ယနေ့တွင်လည်း ထန်တလန်မြို့နယ် ဗန်ဇန်တောင်ကြောတလျှောက် စစ်ကောင်စီမှ လေယာဉ်တစ်စင်း ပျံသန်းနေသည်ကို တွေ့ရကြောင်း ဒေသသတင်းရင်းမြစ်များမှ ဗီဒီယိုမှတ်တမ်းနှင့်တကွ ဖော်ပြသည်။ အဆိုပါ စစ်ကောင်စီစခန်းသည် လုံလဲရ်ကျေးရွာနှင့် ကပ်လျှက်တွင် တည်ရှိပြီး ယခုလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများမှာ အိန္ဒိယ မီဇိုရမ်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော လုံလဲရ်ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုမှ ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း စစ်ရှောင်ဦးရေ ၂၀၀ ကျော်ခန့် ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင်လည်း မင်းတပ်မြို့အနောက်တောင်ဘက် မိုင် ၇၀ ခန့်အကွာရှိ မကွီအိမ်နူး ရှေ့တန်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗိုလ်ကြီး သိန်းထိုက်အပါအဝင် တပ်မတော်သား ၈ ဦးသည် CDM ပြုလုပ်ပြီး CDF နှင့် ပူးပေါင်းခဲ့သည်။

လှည်းကူးမြို့ရှိ မိုင်တဲလ်တာဝါတိုင်ကို လှည်းကူး PDF ဖောက်ခွဲဖျက်ဆီး ===================== စက်တင်ဘာလ ၁၂ ရန်ကုန်တိုင်းဒေသကြီး၊
လှည်းကူးမြို့ရှိ မိုင်တဲလ်တာဝါတိုင်ကို လှည်းကူး PDF ဖောက်ခွဲဖျက်ဆီး ===================== စက်တင်ဘာလ ၁၂ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အာဏာသိမ်းစစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို စက်တင်ဘာ ၁၂ ရက် မနက် ၃ နာရီခွဲဝန်းကျင်က ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း လှည်းကူး PDF က သတင်းထုတ်ပြန်သည်။ စစ်ဗျူဟာအရ အရေးပါသောကြောင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်မှာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ပထဆုံးပျက်စီးခဲ့ခြင်းဖြစ်ကြောင်း လှည်းကူး PDF က ဆိုသည်။ ဖောက်ခွဲမှုကြောင့် တာဝါတိုင်ရှိ ဆိုလာပြားနှင့် မီးစက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပေါက်ကွဲမှုကြောင့် မီးလောင်တယ်ဆိုတာဟုတ်တယ်။ နည်းနည်းပါ။ တိုင်တော့ မလဲသွားဘူး” ဟု ၎င်းဒေသခံက ပြောသည်။ မိုင်တဲတာဝါတိုင် ပေါက်ကွဲခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးမှု တင်းကျပ်နေပြီး တာဝါတိုင်အနီးတွင် လုံခြုံရေးချထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်

ရန်ကုန်တွင် NUG ကို ကုလသမဂ္ဂက တရားဝင် အသိအမှတ်ပြုရေးနှင့် ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး မရမ်းကုန်း လူငယ်များက ချီတက်ဆန္ဒပြ ရ
+5
ရန်ကုန်တွင် NUG ကို ကုလသမဂ္ဂက တရားဝင် အသိအမှတ်ပြုရေးနှင့် ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး မရမ်းကုန်း လူငယ်များက ချီတက်ဆန္ဒပြ ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ကုလသမဂ္ဂတွင် NUG ကို အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရေးနှင့် ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပ ကညနရုံးအနီး၊ အလုံ KING လက်ဖက်ရည်ဆိုင်အနီးတို့တွင် ဗုံးများပေါက်ပြီး လူတချို့ ထိခိုက်၊ မြောက်ဒဂုံတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကိုအောင်ကို သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၁၂ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကညနရုံး၊ အလုံမြို့နယ် KING လက်ဖက်ရည်ဆိုင်အနီး တွင် ယနေ့ ဗုံးများပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ တောင်ဥက္ကလာပ၊ ကညနရုံးအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင် အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက်ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများက လူမှုကွန်ရက်တွင် မျှဝေထားသည်။ "ဗုံးပေါက်တုန်းကတော့ ရဲတွေရော စစ်သားတွေရော အနားမှာ ပိတ်ဆို့ပြီးစစ်တယ်။ အခုတော့မ ရှိတော့ဘူး။ အရပ်ဝတ်တွေပဲ ကျန်တော့တယ်။ ၂ ဦးထိခိုက်တယ်။ အမှိုက်ကန်ထဲ ထည့်သွားတဲ့ ဗုံးထပေါက်တာ" ဟု တောင်ဥက္ကလာပ ၊ ကညန ရုံးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ အလားတူ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး King လက်ဖက်ရည်နားတွင်လည်း ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ "ဗုံးပေါက်ပြီးတော့ သခင်မြပန်းခြံတစ်၀ိုက်နဲ့ King လက်ဖက်ရည်ဆိုင်နားကို ပိတ်ပြီး စစ်တာပဲ။ လူထိတာတော့ မကြားမိဘူး" ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။ ယမန်နေ့ညပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘေလီတံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မော်တော်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ပြီး ယာဉ်မောင်းသူ ကိုအောင်ကို သေဆုံးကာ၊ ကားပေါ်လိုက်ပါသူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ "ကားရပ်ခိုင်းတာ မရပ်လို့ နောက်ကနေ စစ်ကားနဲ့ လိုက်ပစ်တာလို့ ပြောတယ်။ ယာဉ်မောင်းဖြစ်သူက ကိုအောင်ကို လို့သိရတယ်။ အမျိုးသမီးကတော့ ဗိုက်ကို ကျည်မှန်တယ်လို့ ပြောတယ်။ သူလည်း အသည်းအသန်ပဲ။ အသက်အန္တရာယ် စိုးရိမ်ရတယ်" ဟု မြောက်ဒဂုံဘေလီတံတားအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ဂန့်ဂေါ-ကလေးလမ်းမှာ ကားနဲ့ခရီးသည်တွေပိတ်မိနေ ဂန့်ဂေါ-ကလေးလမ်းတလျှောက်က ရွာပေါင်း (၁၀)ရွာနီးပါး စစ်ဘေးရှောင်နေရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းအခြေအနေဆိုးနေပြီး ကားတွေနဲ့ ခရီးသည်တွေ ဒီနေ့ စက်တင်ဘာ (၁၂)ရက်မနက်ပိုင်းအထိပိတ်မိနေပါတယ်။ တိုက်ပွဲတွေစတင်ပြင်းထန်လာတဲ့ စက်တင်ဘာ (၉)ရက်ကစပြီး ပိတ်မိနေတာဖြစ်ပေမယ့် တချို့တော့ထွက်နိုင်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာ ထပ်ပိတ်မိနေကြတာပါ။ ပိတ်မိနေတဲ့ ခရီးသည်တွေကိုနီးစပ်ရာရွာတွေက ကျွေးမွေးထားကြရပြီး အဲ့ဒီကူညီပေးနေတဲ့ရွာတွေလည်း စစ်ကောင်စီဘက်က ဝင်ရောက်မှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသအခြေစိုက် မီဒီယာတွေက ဖော်ပြထားပါတယ်။ “ကလေး- ဂန့်ဂေါ၊ ဂန့်ဂေါ-ပုလဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ။ ဒီနေ့မနက်တောင် တောင်ယာပြင်ရွာနဲ့ နှမ်းခါးဘက်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ ထယ်လှော်ရွာလည်း မီးရှို့ခံနေရတယ်။ ကလေးဘက်က ကျောက်ပြုတ်ရွာဆို မီးရှို့ခံရတယ်။ ဂန့်ဂေါတမြို့နယ်လုံးမှာ ဖြစ်နေကြတာလို့ဆိုလို့ရမယ်။ ဒီလိုတွေဖြစ်တော့ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ ခရီးသည်တင်ကားတွေပိတ်မိတာပေါ့။ စစ်ရှောင်တွေကတော့ တောတွေထဲပြေးတာ။ ဒါကတော့ခရီးသွား တွေပဲ။ အဲ့လမ်းဘက်ကလည်း ဒေသခံကာကွယ်ရေးဘက်က မသွားလာဖို့ပြောထားတယ်။ စစ်ကောင်စီဘက်ကသွားတယ်ဆိုတာနဲ့ ပစ်တာပဲ”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာတော့ ဂန့်ဂေါ-ကလေးတဝိုက်က ရွာပေါင်း (၁၀)ရွာနီးပါး စစ်ဘေးရှောင်နေရပါတယ်။ တချို့ရွာတွေဟာစစ်ကောင်စီဘက်က ဝင်ရောက်ပစ်ခတ်ပြီး ရွာသားတွေသေဆုံးတာရှိတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသလို ကြိုတင်ရှောင်ထားတဲ့ ရွာတွေလည်းရှိတယ်လို့ ဆိုပါတယ်။ စစ်‌ဘေးရှောင် တွေဟာ ရုတ်တရက်ထွက်ပြေးလာရတာကြောင့် အစားအသောက်တွေသာမက အဝတ်အစားတွေအထိပါ လိုအပ်ချက်ရှိနေပြီး အခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အသတ်မပြည့်သေးသူတွေပါ သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေဘက်က ဆိုထားပေမယ့်စစ်ကောင်စီဘက်ကတော့တစုံတရာတုံ့ပြန်မှု မရှိ သေးပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဘီဘီစီကမေးမြန်းဖို့ ကြိုးစားနေပါတယ်။

#Breaking_News စတင်ဘာ ၁၂ရက် ပုလဲမြို့နယ်တွင် Ooredoo Internet လိုင်းများဖျတ်တောက်ခံထားရသည်ဟု ဒေသခံသတင်းရင်းမြစ်မှသိရပါတယ်။ မိုင်တဲလ် တာဝါတိုငိတွေဖောက်ခွဲဖျက်စီးမှုမှာလည်း ပုလဲမြို့နယ်ဟာလည်း ထငိရှားလက်စွမ်းထက်တဲ့ဒေသဖြစ်ခဲ့ပါတယ်။ PDF Reference News #pdf_rn