en
Feedback
အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Open in Telegram

အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Show more

📈 Analytical overview of Telegram channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ

Channel အာဏာရှင်ဖြုတ်ချရေး သတင်းစုံ (@getoutmal) in the Burmese language segment is an active participant. Currently, the community unites 12 696 subscribers, ranking 14 297 in the News & Media category and 7 667 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 696 subscribers.

According to the latest data from 10 February, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by 79 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
အာဏာရှင်တွေ ရှင်သန်မှာလား? ပျက်သုဉ်းမလားဆိုတာ ခင်ဗျား အပေါ်မူတည်နေတယ်

Thanks to the high frequency of updates (latest data received on 11 February, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 696
Subscribers
No data24 hours
+227 days
+7930 days
Posts Archive
ပင်လယ်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA ကြီးကြပ်သော ဒေသခံ PDFတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ ၂၅ ဦးကျော် သေဆုံး၊ PDF ၅ ဦး မစိုးရိမ်ရ ရန်ကုန်၊ စက်တင်ဘာ ၂၄ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့ယန် အင်္ဂါးကျေးရွာနှင့် ဆားတောင်ပုံကျေးရွာကြား တောတွင်းတစ်နေရာတွင် ကောလင်း လာကာကျေးရွာဘက်မှ ချီတက်လာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ပင်လယ်ဘူး PDF တို့ ယနေ့ စက်တင်ဘာလ ၂၄ ရက် ၁၁ နာရီ ၅၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ၂၅ ဦးကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများစွာရှိကြောင်း ပင်လယ်ဘူး PDF ဘက်မှ ၅ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ RPG ၁ လက်၊ ၆၀ မမ ၁ လက်၊ ခြင်းကြားအလုံး ၅၀ နှင့် လက်နက်ငယ်များ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလ ၂၂ ရက် ပင်လယ်ဘူးမြို့နယ် မူးမြစ်တံတားပေါ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး PDF တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီမှ ၁၅ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး ပေါင်ကျိုးသွားကြောင်းနှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း NUG မှ ယနေ့ထုတ်ပြန်ထားသည်။

ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်မတော်သား ၁၄ဦး ပြည်သူ့ထံအလင်းဝင် ကျောက်ကြီးမြို့ မုန်းဒေသ ခမရ (၅၉၉)တပ်ရင်းက ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်
ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်မတော်သား ၁၄ဦး ပြည်သူ့ထံအလင်းဝင် ကျောက်ကြီးမြို့ မုန်းဒေသ ခမရ (၅၉၉)တပ်ရင်းက ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်မတော်သား ၁၄ဦးဟာ CDMပြုလုပ်ပြီး ပြည်သူ့ထံအလင်းဝင်ရောက်ခဲ့တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ စက်တင်ဘာလ ၂၃ရက်နေ့ ညပိုင်းမှာ လက်နက်တွေကိုပါ ယူဆောင်လာခဲ့ပြီး KNUတပ်မဟာ (၃) တပ်ရင်း (၈)ကို လာရောက်ပြီး CDMပြုလုပ် အလင်းဝင်ခဲ့တာလို့ ကူညီပေးခဲ့သူဆိုတဲ့ ဒေသခံတွေက ဆိုပါတယ်။ အခုလို CDMပြုလုပ်ပြီး အလင်းဝင်ရောက်လာတဲ့ အကြောင်းရာနဲ့ ပက်သက်ပြီး အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သီးခြားဆက်သွယ်ကြိုးပမ်းနေဆဲပဲဖြစ်ပါတယ်။

အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၂၁၀၀ ကျော်ပြီး ရွှေဈေးလည်း ၁၉ သိန်း ကျော်ပြီ ရန်ကုန်၊ စက်တင်ဘာ ၂၄ ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၁၀၅ ကျပ် အထိ ယနေ့ နံနက်ပိုင်းဈေးပေါက်သွားပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၉၁၅၀၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ဒေါ်လာစျေးက ကျနော်တို့က အဝယ်ဆိုရင် ၂၀၈၀ ပါ။ ကျနော်တို့ဆီက ပြန်ဝယ်မယ်ဆိုရင်တော့ ၂၁၀၅ ကျပ်ပါ။ ကျနော်တို့ဆီက ပြန်ဝယ်မယ်ဆိုရင်တော့ ဒေါ်လာ ၅၀၀ ထက် ပိုမရောင်းပါဘူး" ဟု ရန်ကုန်ငွေလဲကောင်တာတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။ ရန်ကုန်မြို့ရှိ Northern Breeze Exchange Service ငွေလဲစင်တာမှ ဝန်ထမ်းတစ်ဦးကမူ ဒေါ်လာရောင်းရန် ပစ္စည်းမရှိကြောင်း၊ ငွေလဲစင်တာက အဝယ်ကိုသာ လက်ခံကြောင်း ပြောဆိုသည်။ "ညီမတို့မှာ ရောင်းဖို့ ပစ္စည်း( ဒေါ်လာ) မရှိဘူး။ ဖုန်းနံပါတ်နဲ့ နာမည်ပေးထားပါ။ ပစ္စည်း(ဒေါ်လာ) ရှိတဲ့အခါ ပြန်ဆက်သွယ်ပေးပါ့မယ်။ ဘယ်အချိန်ရမလဲဆိုတာလည်း မပြောနိုင်ပါဘူး" ဟု Northern Breeze Exchange Service ငွေလဲစင်တာမှ ဝန်ထမ်းက ဆိုသည်။ စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ များ ထုတ်ရောင်းနေသည်ဟု ကြေညာလျက်ရှိသော်လည်း လက်တွေ့တွင် ဈေးကွက်အတွင်းသို့ ဒေါ်လာများ ဝင်လာခြင်းမရှိဘဲ ဒေါ်လာ လိုအပ်ချက် ကြီးမားလာခြင်းကြောင့် ဒေါ်လာဈေးနှုန်းများ တန်ဖိုးတက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းလာရခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ အခြေစိုက် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ "ဒေါ်လာ တန်ဖိုးတက်ပြီး ကျပ်ငွေ တန်ဖိုးကျနေတာက ကျပ်ငွေကို သာမန်ပြည်သူက အစ မကိုင်ထားချင်တော့တာ။ ဒါတစ်ချက်။ နောက်တစ်ချက်ကတော့ ဗဟိုဘဏ်ဘက်က ဒေါ်လာ ထုတ်ရောင်းနေတယ်လို့ ပြောနေပေမယ့် ဈေးကွက်ထဲကို ကျနော်တို့ သွင်းကုန်လုပ်ငန်းရှင်တွေ လက်ထဲကို ဒေါ်လာက ရောက်မလာဘူး။ သန်း ၁၀၀ ကျော်ထုတ်ရောင်းတယ်ဆိုပြီး ပြောပေမယ့် ဈေးကွက်ထဲ ရောက်မလာတော့ ဒေါ်လာ လိုအပ်ချက်ကြီးလာတယ်။ နောက်ဆုံးတစ်ချက် Export Earning နဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ငွေကို အလွယ်တကူ လွှဲပြောင်းလို့ မရအောင် လုပ်လိုက်တာ။ အဲဒါတွေကြောင့် အဓိက တက်နေတာ။ ဒေါ်လာ တန်ဖိုး ဆက်တက်ဦးမယ်"ဟု ရန်ကုန်စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်က ပြောသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ် ထုတ်ပြန်ချက်အရ အကယ်ဒမီမီးလင်းရွှေအဖွင့်ဈေး တစ်ကျပ်သားလျှင် ၁၉၁၅၀၀၀ ကျပ် (တစ်ဆယ့် ကိုးသိန်း တစ်သောင်း ငါးထောင်) ရှိပြီး ဆိုင်များတွင်မူ အခေါက်ရွှေတစ်ကျပ်သား ၁၉၃၀၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။

အင်တာနက်ဖြတ်တောက်ခြင်း ခံရသည့်မြို့နယ်များ မန္တလေးတိုင်း ၁။မြင်းခြံ ၂။မိုးကုတ် ချင်းပြည်နယ် ၁။ထန်တလန် ၂။ဖလမျး ၃။တွန်းဇံ ၄။မတူပီ ၅။ကန်ပက်လက် ၆။မင်းတပ် ၇။ပလက်ဝ ၈။တီးတိန် ကချင်ပြည်နယ် ၁။ဖားကန့် မကွေးတိုင်း ၁။တောင်တွင်းကြီး ၂။မကွေး ၃။မြိုင် ၄။ထီးလင်း စစ်ကိုင်းတိုင်း ၁။အရာတော် ၂။ယင်းမပင် ၃။ကနီ ၄။ပုလဲ ၅။ရဲဦး ၆။တန့်ဆည် ၇။ဘုတလင် မြို့နယ်တချို့တွင် 2G ရသေးသည်ဟု ကြားသိရသည်။

မကြာခင်မှာ နာရီပိုင်းမှာပဲ အောက်ပါမြို့နယ်တွေကို အင်တာနက်ဖြတ်တောက်တော့မှာဖြစ်ပါတယ်။ ပြင်ဆင်နိုင်ဖို့တင်ပြအပ်ပါတယ်။ ချင်းပြည်နယ် -ထန်တလန်၊ ဖလမ်း ၊ တီးတိန် ၊ တွန်းဇံ၊မတူပီ၊မင်းတပ်၊ကန်ပက်လက်၊ ပလက်ဝ မကွေးတိုင်း - ဂန့်ဂေါ ၊ မြိုင် ၊ထီးလင်း တို့ဖြစ်ပါတယ်။ တော်လှန်ဒေသတွေဟာ အဖိနှိပ်ခံပြီး တာဝန်ကျေပေးနေတာပါ။ Edited - စတင်ပြတ်တောက်နေပါပြီ။

ကမာရွတ်၊ ၁ ရပ်ကွက်၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကားတစ်စီးဖြတ်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ပြည်သူ ၁ဦးအဖမ်းခံရ 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 { စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၁ } ယနေ့ည ၇နာရီ ၃၀ခမိနစ်တွင် ၁ ရပ်ကွက်၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်အနီး စစ်ကား၁စီးဖြတ်သွားချိန်တွင် ဗုံးပစ်ခံရ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုဖြစ်ပွားပြီး ကားပေါ်မှ စစ်ခွေး၆ကောင်ဝန်းကျင်ဆင်း၍ သေနတ်ဖြင့် ၁၀ချက်ဝန်းကျင် ပစ်ခတ်၊ ဆဲဆို၍ အောင်မြေသာစည်လမ်းထဲသို့ ပြေးလိုက်သွားခဲ့ကြသည်။ ထို့နောက် ပြည်သူ ၁ဦးအား ဖမ်းဆီး၍ ခိုင်ဆေးခန်းဘေး ဗန်ဒါပင်နားတွင် ဝိုင်းရိုက်နှက်၍ ကြိုးတုပ်ပြီး ရွာမကျောင်းလမ်းထိပ်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။ " ဗုံးပေါက်ပြီး သေနတ်သံတွေက ဆက်တိုက်ဘဲ ရမ်းပစ်ချတာ ဆဲဆိုပြီး အောင်မြေသာစည်လမ်းထဲပြေသွားတယ်လူ၁ယောက်ကိုဖမ်းတယ် အဲ့လူက သူတို့ကိုပစ်တဲ့လူမဟုတ်ဘူး သူတို့ကလမ်းထဲ သေနတ်ပစ်ပြီး ပြေးဝင်တော့ ကြောက်လန့်လန့်နဲ့ပြေးရင်း တွေ့ရာလူကိုဖမ်းတာ ကြိုးတုပ်ပြီး ဝိုင်းရိုက်နေကြမြင်ရတော့ စိတ်မကောင်းလိုက်တာ " ဟု မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရပါသည်။ ထိုအဖမ်းခံရသူသည် အလုပ်မှပြန်လာသော သာမန်ပြည်သူဖြစ်ပြီး ခြေထောက်ကိုကျည်ထိသွားသည်ဟု သိရှိရသော်လည်း သေဆုံးသည်ဟု ထွက်ပေါ်နေသည်များကိုတော့ Kamayut Information အနေဖြင့် အတည်မပြုနိုင်သေးပါ။ ဒါ့အပြင် ည၇နာရီ ၅၄မိနစ်အချိန်တွင် ထိုနားတွင် နောက်ထပ်ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲခဲ့ပါသေးတယ်။ ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ခွေးများတပ်စွဲထားရာ ရွာမကျောင်းလမ်းနှင့် လှည်းတန်းလမ်းရှိ စည်ပင်ရုံးတိုက်သစ်မှ Dcများနှင့် အိမ်စီးကား (Mark 2, Saloon, Kluger အနီ, Belta ခဲရောင်)များ ရောက်ရှိလာခဲ့ကြသည်။ အောင်မြေသာစည်အိမ်ယာ၊ လှည်းတန်းလမ်းမ၊ ဗဟိုလမ်းမ၊ အင်းစိန်လမ်းမ၊ ရွာမကျောင်းလမ်း၊ ၁ရပ်ကွက်နှင့် ၃ရပ်ကွက်အတွင်းရှိ လမ်းများ စသည်တို့ကို Dc ၅စီးအပါအဝင် အိမ်စီးကားများဖြင့် ပိုက်စိပ်တိုက် ကင်းပတ်ရှာဖွေခြင်း၊ ကားတားစစ်ခြင်း၊ စျေးသည်စျေးဆိုင်များအား မေးမြန်းခြင်း၊ အောင်မြေသာစည်လမ်းအပါအဝင် အိမ်ယာအဝင်အထွက်လမ်းများကို ပိတ်၍ ရှာဖွေခြင်း၊ အိမ်ယာ၏ နောက်ဖေးခြံဝန်းတွေဘက်ကို သော့ဖျက်၍ ဝင်ရှာခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြပါတယ်။ ည ၉နာရီ ၂၀မိနစ်ဝန်းကျင်မှစ၍ လမ်းပိတ်ထားသော dc ၂စီး၊ ရဲsaloon ၁စီး၊ အိမ်စီးကား ၁စီးတို့ အရင်လှည်းတန်းလမ်းမဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့ပြီး ကျန်ကားများ အသီးသီး အောင်ချမ်းသာလမ်းမှတစ်ဆင့် ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

အိမ်ထောင်စု ၁၈၀၀ ကျော်ရှိတဲ့ ထန်တလန်မှာ မိသားစု ၃စု (၂၈ ယောက်)မြို့စောင့်ကျန်ပါတော့တယ်။ လူ ၂၀ က မိဘမဲ့ဂေဟာကဖြစ်ပြီး ကိုဗစ်ရော
+4
အိမ်ထောင်စု ၁၈၀၀ ကျော်ရှိတဲ့ ထန်တလန်မှာ မိသားစု ၃စု (၂၈ ယောက်)မြို့စောင့်ကျန်ပါတော့တယ်။ လူ ၂၀ က မိဘမဲ့ဂေဟာကဖြစ်ပြီး ကိုဗစ်ရောဂါသည် အိမ်ထောင်စု ၂စုရှိပါတယ်။

ကလေးမြို့ထဲတွင် ဒီည ၇နာရီခွဲလောက်က ပေါက်ကွဲ ၇ ကြိမ်လောက်ကြားရ !!

အကြမ်းဖက်စစ်ကောင်စီ၏ လေးကေစခန်းမှ တပ်သား ၂ ဦး KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်း ရန်ကုန်၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့
အကြမ်းဖက်စစ်ကောင်စီ၏ လေးကေစခန်းမှ တပ်သား ၂ ဦး KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်း ရန်ကုန်၊ စက်တင်ဘာ ၂၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာတွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ ဦးသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်ကြောင်း KNU တပ်မဟာ ၁ ထံမှ သတင်းရရှိသည်။ " လေးကေစခန်းက တပ်သား ၂ ယောက်၊ ရန်နောင်ဝင်း ၂၈ နှစ် နဲ့ ဇင်လင်းရန် ၂၁ နှစ် KNU တပ်မဟာ ၁ ဆီ လာပူးပေါင်းတယ်၊ လက်နက်တော့ မပါဘူး" ဟု KNU တပ်မဟာ ၁ သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၀၆ တပ်ရင်းမှ တပ်ရင်းမှူး ကျော်ကျော်လတ်ဦးဆောင်သော အင်အား ၂၅ ဦး နှင့် လက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းမှ တပ်ခွဲမှူးကျော်လဲ ဦးဆောင်သော အင်အား ၇၀၊ ပေါင်း ၉၅ ဦး တပ်စွဲထားကြောင်း KNU တပ်မဟာ ၁ မှ သတင်းထုတ်ပြန်ထားသည်။ ဓါတ်ပုံ - KNU တပ်မဟာ ၁ ထံ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီ တပ်သား ၂ ဦး

ထန်တလန်မြို့လုံးကျွတ်နီးပါး မြို့မှထွက်ခွာ ထန်တလန် ၊ စက်တင်ဘာ -၂၀ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီ တပ်များမှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ရပြီး TCBC အသင်းတော် ပါစတာ ကျုံးဗျက်ဟုမ် သေဆုံးခဲ့ပြီးနောက် မြို့‌နေပြည်သူများအားလုံးနီးပါး မြို့ကိုစွန့်ခွာ သွားကြပြီဟု သိရသည်။ ''မြို့ထဲက ထွက်နေကြတာတော့ အရင်နေ့တွေထဲကထွက်သွားနေကြတာ၊ ဒီနေ့မှာတော့ အားလုံးနီးပါးထွက်သွားကြတာ ဖြစ်တယ်။ မြို့ထဲကနေ ထွက်တဲ့သူတွေကို မြို့မိမြို့ဖတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေကနေ ကူညီပေးနေကြတယ်။ အခုလောလောဆယ် မြို့ထဲမှာ အသက်ကြီးတဲ့ ဘိုးဘွားတွေနဲ့ နာမကျန်းဖြစ်တဲ့သူ လောက်ပဲကျန်ခဲ့မှာ''ဟု ဒေသခံတစ်ဦးက ပြောသည်။ သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကိုးလသားအရွယ် ကလေးတစ်ဦး၊ ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၂၃နှစ် နှင့် ၅၅နှစ် အရွယ် အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ ထွက်ပြေးလာသူများကိုလည်း ထန်တလန်မြို့နှင့် အနီးဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ သိန်စိုင် ကျေးရွာတွင် စစ်ဘေးရှောင်များနေရာချပေးနိုင်ရန် ရပ်ကွက်တစ်ခုတိုးချဲ့ ပေးနေကြောင်းလည်းသိရသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွား ပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်း (၃)ဦးထိခိုက်ဒဏ်ရာရတယ်လို့ နေပြည်တော် PDFထုတ်ပြန် ဒီနေ့ စက်တင်ဘာ (၂၀)ရက် မနက် (၁၀)နာရီအကျော်မှာ နေပြည်တော်၊ လယ်ဝေးမြို့၊ အင်ဘုရပ်ကွက် ဘက်က စစ်ဆေးရေးဂိတ်မှာပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်ကနေ စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “မီးပွိုင့်နားမှာလို့ ကြားတယ်။ ရွာကလူတွေမြို့ပေါ်မတက်လာကြသေးဖို့ မြို့ပေါ်အသိတွေက လှမ်းသတိပေး တယ်။”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်တာလို့ သူတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့ပါတယ်။ အင်ဘုရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို လျပ်တပြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဝန်ထမ်း အနည်းဆုံး (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စက်တင်ဘာ (၁၄)ရက်ကလည်း လယ်ဝေးမြို့နယ်၊ ရှမ်းစုဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ အခုလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီးမော့ဆို၊ ကုန်းသာရွာအနီး အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်၊ KPDF မှ ၁ ဦး ကျဆုံး ၄ ဦး ဒဏ်ရာရပ
+4
ဒီးမော့ဆို၊ ကုန်းသာရွာအနီး အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်၊ KPDF မှ ၁ ဦး ကျဆုံး ၄ ဦး ဒဏ်ရာရပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရ ရန်ကုန်၊ စက်တင်ဘာ ၂၀ ကယားပြည်နယ် (ကရင်နီဒေသ)၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာ၊ ၅ မိုင် - ၆ မိုင် ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားပြီး KPDF ဘက်မှ ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာရပြီး စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကုန်းသာ ရွာသား ၁ ဦး ဒဏ်ရာရကြောင်း ကနဦးသတင်းရရှိသည်။ တိုက်ပွဲဖြစ်စဉ်နှင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ် လတ်တလော မသိရှိနိုင်သေးပေ။

သာကေတ KBZ ဘဏ်ရှေ့ ဗုံးပေါက်မှု ဖြစ်ပွား ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၁ ရန်ကုန်မြို့၊ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမ
+2
သာကေတ KBZ ဘဏ်ရှေ့ ဗုံးပေါက်မှု ဖြစ်ပွား ဧရာဝတီ၊ စက်တင်ဘာ ၁၉၊ ၂၀၂၁ ရန်ကုန်မြို့၊ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးနှင့် ဇင်္ဂမလမ်းမကြီးထောင့်ရှိ KBZ ဘဏ်ရှေ့တွင် ယနေ့ နေ့လယ် ၁ နာရီခန့်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်မှုကို G- 20 UBPO မှ ဖောက်ခွဲခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားကာ၊ စစ်ကောင်စီနှင့် ပတ် သက်သော စီးပွားရေး လုပ်ငန်းများကိုလည်း ဖောက်ခွဲဖျက်ဆီးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားသော နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်များ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဓာတ်ပုံ - CJ #WhatsHappneingInMyanmar #RejectMilitaryCoup

ဟားခါးမှာ ယခုလက်ရှိတိုက်ပွဲဖြစ်နေ !! 18/9/2021 ည 9:45 နာရီ
+1
ဟားခါးမှာ ယခုလက်ရှိတိုက်ပွဲဖြစ်နေ !! 18/9/2021 ည 9:45 နာရီ

ထန်တလန်မြို့တွင် လူနေအိမ် ၁၉ လုံးမီးလောင်၊ သင်းအုပ်ဆရာ‌ေတာ် တပါးကျည်ထိကွယ်လွန် ====== စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျည
+3
ထန်တလန်မြို့တွင် လူနေအိမ် ၁၉ လုံးမီးလောင်၊ သင်းအုပ်ဆရာ‌ေတာ် တပါးကျည်ထိကွယ်လွန် ====== စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ယနေ့ညနေ ၃ နာရီလောက်ကစပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့ ကျောင်းလမ်းရပ်ကွက်က အိမ် ၁၉ လုံးမီးလောင်ပြာကျသွားပါတယ်။ မီးလောင်နေတဲ့အိမ်တွေကို မီးငြိမ်းဖို့ဆိုင်ကယ်နဲ့သွားနေတဲ့ ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတော် Pastor Cung Biak Hum ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်လို့ကွယ်လွန်သွားပါတယ်။

စစ်ကောင်စီက ရဟတ်ယာဉ်ပါ အသုံးပြုခဲ့သည့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့ အနောက်ဘက် ၂ မိုင်ခန့် အကွာရှိ မယ်သဲကြိုးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၁၆)က တိုက်ပွဲအတွင်း အဖွဲ့ဝင် ၅ ဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံရသည်ဟု ချောင်းဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းသည့် ရရာလက်နက်ကိုင်စွဲပြီး အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသောဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီကလည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ ရွာလုံးကျွတ်မီးရှို့ စသည့် အကြမ်းနည်းများသုံး၍ စစ်ကိုင်းတိုင်းအတွင်း အပြင်းအထန်ဖိနှိပ်နေသည်။

မော်လမြိုင် Night Walking Street အနီး ဗုံး ၂ လုံး ဆက်တိုက်ပေါက် မော်လမြိုင် စက်တင်ဘာ ၁၇ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ
မော်လမြိုင် Night Walking Street အနီး ဗုံး ၂ လုံး ဆက်တိုက်ပေါက် မော်လမြိုင် စက်တင်ဘာ ၁၇ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ်းနားလမ်း Night Walking Streetအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အသံဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၈ နာရီခွဲမှာ ပထမ ဗုံး ၁ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ မနက် ၉ နာရီခွဲလောက်မှာ ဒုတိယ ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ အသ‌ံဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပျက်ဆီးမှုတော့ မရှိခဲ့ဘူးလို့ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး နေထိုင်သူတွေက ဆိုကြပါတယ်။ "ကမ်းနားလမ်း Walking Street မှာရှိတဲ့ ညောင်ပင်အောက်နားမှာ ပေါက်တာ၊ အသံကတော့အကျယ်ကြီးပဲ၊ ဒုတိယတစ်လုံးဆို မီးခိုတွေပါ ထွက်တယ်" လို့ ဘိုကုန်းရပ်ကွက်နေ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံ
မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး ဗုံးပေါက်ကွဲ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့က ပြောသည်။ မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။ “စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ Myanmar Beer ရုံးကို သံမဏိတပ်ဖွဲ့ ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့မှ ဖောက်ခွဲသတိပေးခဲ့ပါတယ်” ဟု သံမဏိနှင့် အဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီကျော်အချိန်တွင်လည်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်ရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့‌သေးသည်။

မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စစ်ကောင်စီတပ်များက သေနတ်ကျည်ထိဒဏ်ရာရရှိထားသော ကိုမင်းမင်းကို အရှင်လတ်လတ် မီးရှို့သ
+4
မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စစ်ကောင်စီတပ်များက သေနတ်ကျည်ထိဒဏ်ရာရရှိထားသော ကိုမင်းမင်းကို အရှင်လတ်လတ် မီးရှို့သတ်၊ ၁၄ နှစ်အရွယ် မောင်ထွန်းမြင့်ကိုလည်း ပစ်သတ်၊ ကျေးရွာများတွင် အနည်းဆုံး လူ ၁၀ ဦးထက်မနည်း စစ်တပ်က သတ်ဖြတ်

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၂ ယောက်နဲ့အတူလက်နက်ဖမ်းမိ =========== အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသား ၂ ယောက်နဲ့အတူလက်နက်ဖမ်းမိ =========== အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် မြန်မာနယ်စပ် လှောင်တလိုင်ခရိုင်မှာ စက်တင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံသား ၂ ယောက်နဲ့အတူ သေနတ်တလက်နဲ့ ကျည်ဆံတွေကိုဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။