en
Feedback
Hlaing Information

Hlaing Information

Open in Telegram
8 469
Subscribers
-524 hours
-367 days
-20230 days

Data loading in progress...

Attracting Subscribers
December '24
December '240
in 0 channels
November '240
in 0 channels
Get PRO
October '240
in 0 channels
Get PRO
September '240
in 0 channels
Get PRO
August '240
in 0 channels
Get PRO
July '240
in 0 channels
Get PRO
June '240
in 0 channels
Get PRO
May '240
in 0 channels
Get PRO
April '240
in 0 channels
Get PRO
March '240
in 0 channels
Get PRO
February '240
in 0 channels
Get PRO
January '24
+1
in 0 channels
Get PRO
December '23
+112
in 0 channels
Get PRO
November '23
+33
in 0 channels
Get PRO
October '23
+5
in 0 channels
Get PRO
September '23
+4
in 0 channels
Get PRO
August '23
+22
in 0 channels
Get PRO
July '23
+73
in 0 channels
Get PRO
June '23
+59
in 0 channels
Get PRO
May '23
+47
in 0 channels
Get PRO
April '23
+68
in 0 channels
Get PRO
March '23
+29
in 0 channels
Get PRO
February '23
+179
in 0 channels
Get PRO
January '23
+343
in 0 channels
Get PRO
December '22
+92
in 0 channels
Get PRO
November '22
+157
in 0 channels
Get PRO
October '22
+210
in 0 channels
Get PRO
September '22
+526
in 0 channels
Get PRO
August '22
+468
in 0 channels
Get PRO
July '22
+1 283
in 0 channels
Get PRO
June '22
+31
in 0 channels
Get PRO
May '22
+34
in 0 channels
Get PRO
April '22
+48
in 0 channels
Get PRO
March '22
+71
in 0 channels
Get PRO
February '22
+10
in 0 channels
Get PRO
January '22
+27
in 0 channels
Get PRO
December '21
+83
in 0 channels
Get PRO
November '21
+445
in 0 channels
Get PRO
October '21
+1 496
in 0 channels
Get PRO
September '21
+5 725
in 0 channels
Get PRO
August '21
+6 928
in 0 channels
Date
Subscriber Growth
Mentions
Channels
08 December0
07 December0
06 December0
05 December0
04 December0
03 December0
02 December0
01 December0
Channel Posts
Repost from RSN WEB
◾️RSN Daily Summary (July 28, 2023) ◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ ယနေ့ ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်ဒဂုံမြို့နယ်၊ ၅၄ သမမှတ်တိုင်နှင့် ၅၆ မှတ်တိုင်ကြားတွင် ဗုံးဟုယူဆရသည့် အထုပ်မဲတွေ့သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများ လမ်းပိတ်၍ ခြေရှုပ်နေခဲ့ကြကြောင်း သတင်းရရှိသည်။ ထို့နောက် ည ၉ နာရီခန့်တွင် ၎င်းနေရာအနီးမှ ပစ်ခတ်သံကဲ့သို့ အသံထွက်ပေါ်လာကြောင်းလည်း သိရှိရသည်။ ည ၁၀ နာရီခန့်တွင် ရန်ကုန်မြို့တွင်းမှ ပြည်လမ်းအတိုင်း အမြန်လမ်းဘက်သို့ ဦးတည်၍ အကြမ်းဖက်စစ်သားအင်အားအပြည့်ပါသော စစ်ကားကြီး စုစုပေါင်း ၁၅ စီးခန့် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၈ ရက်နေ့ တောင်ဥက္ကလာရဲစခန်းအတွင်း အကြမ်းဖက်ရဲသား အချင်းချင်းပစ်ခတ်မှုမှ ထိခိုက်ခဲ့သည့် ရဲမှူးဆိုသူ လင်းလင်းထွန်း ယမန်နေ့က သေဆုံးပြီဖြစ်ကြောင်း သိရှိရသည်။ ◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ ဝါဆိုလပြည့်နေ့ဖြစ်သည့် ဩဂုတ်လ ၁ ရက်နေ့တွင် အကျဉ်းသား ၆၀၀၀ ခန့်လွှတ်မည်ဟူသည့် သတင်းများထွက်ပေါ်နေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများဆက်တိုက် ထွက်ပေါ်နေရာမှ ယခုကဲ့သို့ အကျဉ်းသားများ လွှတ်မည့်သတင်းပါ ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေထားသောသတင်းမှာ မှန်ကန်ကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးမှ အတည်ပြုထားသည်။ နေပြည်တော်ရှိ ဝန်ကြီးများအိမ်ရာသို့ ပြောင်းရွှေ့ထားသည်ဟု သိရပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း သူမ အနီးရှိ အိမ်သို့ ပြောင်းရွှေ့ထားသည်ဟု ဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်တို့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံခဲ့သည်ဟူသည့် သတင်းလည်း ထွက်ပေါ်နေသည်။ လက်ရှိ နေပြည်တော်တွင် ရောက်ရှိနေသော တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်လည်း ယခုရက်ပိုင်းအတွင်း တွေ့ဆုံကြဖို့ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။ နေပြည်တော်တွင် အာဏာသိမ်းကာစ အချိန်ကကဲ့သို့ သံချပ်ကာကားများ ချထားသည်ကို တွေ့ရပြီး နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် လမ်းကြောင်းများအားလုံးကိုလည်း လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။ လာမည့် ဇူလိုင်လ ၃၁ ရက်နေ့သည် အကြမ်းဖက်စစ်ကောင်စီ ကြေညာထားသော အရေးပေါ်ကာလ သက်တမ်း ၆ လ ထပ်မံကုန်ဆုံးမည်ဖြစ်၍ နိုင်ငံရေးထွက်ပေါက်ရရန် မျိုးစုံကြံစည်နေသည်ဟုလည်း လူအများ သုံးသပ်ထားကြသည်။ #george #rsnweb #rangoonscoutnetwork

2
RSN Daily Summary (July 28, 2023)
RSN Daily Summary (July 28, 2023)
28 170
3
◾️RSN Daily Summary (July 27, 2023) ◽️ရန်ကုန်ထူးခြားဖြစ်စဉ်များ ယနေ့ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်း ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဗုံးထိမှန်ခဲ့ပြီး ထိုဒဏ်ရာရ စစ်တပ်သားများကို ကားဖြင့်သယ်သွားကြသည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကို လသာ ပကဖ၊ YGA နှင့် EUGF အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။ မနက် ၉ နာရီခန့်က ရွှေပြည်သာမြို့နယ် ၃ ထိပ်အနီး၌ အကြမ်းဖက်တပ်သားတို့က စစ် DC လှည့်ကင်းကားဖြင့် ဆိုင်ကယ်လိုက်ဖမ်းရင်း မိန်းကလေးတစ်ဦးကို ဝင်တိုက်လိုက်သဖြင့် အဆိုပါ မိန်းကလေး ဆုံးပါးသွားခဲ့ကြောင်း သိရသည်။ ရန်ကုန်၌ သန်းခေါင်စာရင်းတွင် စာရင်းရှိသော်လည်း အိမ်တွင်မရှိသည့် လူငယ်များကို စာရင်းကောက်ခံရန် မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်အသီးသီးကို စစ်ကောင်စီ ရန်ကုန်တိုင်းဌာနချုပ်မှ ခိုင်းထားကြောင်း သိရသည်။ ထို့ပြင် ညအချိန်တွင် သွားလာနေသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး ငွေကြေးများ အဓမ္မတောင်းယူနေသည်ကိုလည်း တွေ့ရသည်။ သီတဂူအမည်ရ သင်္ကန်းဝတ်ထားသူ ယနေ့ ရန်ကုန်ရောက်နေသည်ဟု သတင်းရရှိပြီး အကြမ်းဖက်တပ်သား လုံခြုံရေးအပြည့်ဖြင့် သွားလာနေသည်ကို တွေ့ရသည်။ ◽️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံခဲ့သည်ဟု ပြောဆိုမှုအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့်သတင်းများ တောက်လျှောက်ထွက်ပေါ်လာသည်။ နေအိမ်အကျယ်ချုပ်အဖြစ် ထားတော့မည်ဟုလည်း ဆိုနေကြပြီး အာရှနိုင်ငံအချို့မှ ထိပ်သီးခေါင်းဆောင်များကလည်း သူမနှင့် တွေ့ဆုံခွင့်ရဖို့ အသံများထွက်လာကြသည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက ဆင်ဖြူမွေးနေ့ကို နေပြည်တော်၌ ကျင်းပခဲ့ပြီး ထုတ်ပြန်ထားသော ဓာတ်ပုံများအရ ဆင်မှာ ယခင်ကထက် ပိုမဲလာသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ ဆင်ရုပ်နှင့် ၂၀၀၀၀ တန် ငွေစက္ကူများအား အသိအမှတ်မပြုကြောင်း၊ တရားမဝင်ကြောင်း NUG မှ ကြေညာလိုက်သည်။ အဆိုပါ ငွေစက္ကူဂယက်က ပြည်သူလူထု၏ စီးပွားရေးကို ရိုက်ခတ်နေဆဲဖြစ်ပြီး ကုန်ဈေးနှုန်းများ တောက်လျှောက်တက်နေကာ လုပ်ငန်းအများစုမှာ ယာယီပိတ်သိမ်းထားရသည်။ လွန်ခဲ့သည့်လပိုင်းက NLD နာယက ဦးတင်ဦးနှင့် တွေ့ဆုံခဲ့သည့် သဘာဝတရားရိပ်သာမှ သင်္ကန်းခြုံထားသူသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားသို့ ရောက်ရှိစဉ် ဆန္ဒပြနှင်ထုတ်ခံရသည်။ မြန်မာအကြမ်းဖက် ကပစထုတ် ၁၂၀ မမ ကျည်ဆန်များကို ရုရှားစစ်တပ်က ယူကရိန်းအား တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း မပေါက်ကွဲပဲ ကျန်နေသည့် ကျည်ဓာတ်ပုံများနှင့်တကွ ယူကရိန်းနိုင်ငံမှ သတင်းထုတ်ပြန်ထားသည်။ #george #rsnweb #rangoonscoutnetwork
27 722
4
RSN Daily Summary (July 27, 2023)
RSN Daily Summary (July 27, 2023)
20 423
5
▪️RSN Daily Summary (July 26, 2023) ▫️ရန်ကုန်ထူးခြားဖြစ်စဉ်များ ယနေ့ ၂၆ ရက်နေ့ ည ၉ နာရီခွဲခန့်က လှိုင်မြို့နယ်အတွင်းမှ ဗုံးပေါက်ကွဲသံ ၃ ချက် ကျယ်လောင်စွာထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့မှ စစ်အရာရှိဟောင်း ရဲမှူးကြီး နိုင်ရဲသူ ဆိုသူ တစ်ယောက် နှလုံးရောဂါဖြင့် သေခဲ့ပြီး ၂၅ ရက်နေ့က မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် အလောင်းပြာကို မြေမြှပ်လိုက်ကြောင်း သိရှိရသည်။ ယနေ့ မနက်အစောပိုင်းက ဗဟန်းမြို့နယ်ရှိ ဦးဖြိုးမင်းသိန်းအိမ်သို့ စစ်ကောင်စီ ရဲသားများ ရောက်ရှိနေခဲ့ကြောင်း သတင်းရရှီပြီး ညပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်လည်း အစောင့်များ ပိုချထားသည်ကိုတွေ့ရကာ သန့်ရှင်းရေးလုပ်နေကြကြောင်း သတင်းရရှိသည်။ ရန်ကုန်ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီအချို့တွင် လက်ရှိမှတ်ပုံတင်အစား Smart Card ထုတ်ပေးရန်အတွက် စီစဉ်နေကြပြီး အချက်အလက်များကို အသေးစိတ်ကောက်ယူ၍ Digital စနစ်ဖြင့် သိမ်းယူသွားကာ စလစ်ထုတ်ပေးနေကြောင်း သိရသည်။ အဆိုပါ စလစ်ဖြင့် Smart Card ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူနိုင်ချိန် ၂ နှစ်ခန့် ကြာနိုင်ဦးမည်ဖြစ်၍ မပျောက်ရန် ပြောသွားကြသည်ဟုလည်း ဆိုသည်။ ▫️နိုင်ငံရေးနှင့် အခြားဖြစ်စဉ်များ ကျပ်ငွေအပေါ်တွင် မမှီခိုသည့် ဘဏ္ဍာရေးစနစ်သစ် တည်ဆောက်ရန် ယာယီသမ္မတဒူဝါလရှီးလက အစည်းအဝေး မိန့်ခွန်းတွင် ပြောကြားသွားကြောင်း သိရသည်။ အကြမ်းဖက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးဆိုသူ ကိုကိုမောင်နှင့် အရာရှိများကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်တွင် ကချင်ပြည်နယ်၊ ဆဒုံမြို့အနီး ကန်ပိုက်တီ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကွပ်ကဲနေသည့် ဗျူဟာမှူးဆိုသူ လှမိုးကိုလည်း ထပ်မံဖမ်းဆီးလိုက်ကြောင်း သိရသည်။ မြန်မာနှင့် နယ်စပ်ဒေသများရှိ ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများကြောင့် တရုတ်နိုင်ငံ အကျိုးစီးပွားထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်းဖို့ စစ်ကောင်စီကို ဖိအားပေးထားကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတနှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်က စစ်ကောင်စီနှင့် အလွတ်သဘောဆွေးနွေးနိုင်ရန် လမ်းကြောင်းဖွင့်ထားသင့်ကြောင်း ပြောဆိုသည်ကိုတွေ့ရပြီး ဖိလစ်ပိုင်နိုင်ငံဘက်က တစုံတရာပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။ နေပြည်တော်ရှိ အကြမ်းဖက် အမျိုးသမီးစစ်သင်တန်းများတွင် စစ်ကောင်စီ သင်တန်းဆရာများနှင့် ကြီးကြပ်သူများက သင်တန်းသူများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးမှုများ အနိုင်ကျင့်မှုများ ပြုလုပ်နေပြီး ထွက်ပြေးသည့် သင်တန်းသူများလည်း အများအပြားရှိကြောင်း သိရှိရသည်။ #george #rsnweb #rangoonscoutnetwork
19 464
6
RSN Daily Summary (July 26, 2023)
RSN Daily Summary (July 26, 2023)
15 501
7
[9:05am - 9:25am] (၂) ရပ်ကွက်၊ သီရိလမ်းပေါ် သီရိ (၇) လမ်းထိပ်အနီးရှိ သီရိမင်္ဂလာဓမ္မာရုံသို့ ရဲခွေး 5 ကောင်၊ အိမ်စီးကားဖြင့်ရောက်လာပြီး လက်ရှိ စစ်ခွေး၊ ရဲခွေး၊ အရပ်ဝတ် 10 ကောင်ခန့်ဘထပ်ရောက်နေသည်။ @Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။ 📌 Hlaing Information
14 870
8
လှိုင်မြို့နယ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရ July 26, 2023 လှိုင်မြို့နယ်အတွင်း ယနေ့ည ၉ နာရီ ၃၀ မိနစ်တွင် ရပ်ကွက်အချို့တွင
လှိုင်မြို့နယ်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရ July 26, 2023 လှိုင်မြို့နယ်အတွင်း ယနေ့ည ၉ နာရီ ၃၀ မိနစ်တွင် ရပ်ကွက်အချို့တွင် ပေါက်ကွဲသံ (၃) ချက် ဆက်တိုက် ကျယ်လောင်စွာကြားရကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်အသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။ @Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။ 📌 Hlaing Information
14 344
9
RSN Daily Summary ဇူလိုင် ၂၅၊ ၂၀၂၃ ယနေ့ ၂၅ ရက်နေ့တွင် ရန်ကုန်မြို တစ်နေရာတွင် Owl Communityနှင့် Falcon Revolution Team တိုမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို ကျဆုံးခြင်း တစ်နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ဆော် ဟောပြောမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ည ၈ နာရီခန့်က လှိင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုံဘက် ဗုံးပေါက်ကွဲသံကဲ့သို အသံကျယ် တစ်ချက်ကြားလိုက်ရပြီး ကမာရွတ်မြိုနယ် တရားရုံးအနီးမှလည်း ဗုံးပေါက်ကွဲသံဟု ယူဆရသည့် အသံကျယ်ကို နေ့လည် ၁ နာရီခန့်က ကြားရကြောင်း သတင်းရရှိသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်မှ ရွှေ့၍ နေအိမ်အကျယ်ချုပ်အဖြစ် တစ်နေရာသို ပြောင်းရွှေ့လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။ အင်းစိန်ထောင်တွင် စစ်ဆေးရာ ဖုန်းများတွေ့ပြီး ငွေလွှထားသည့် အထောက်အထားများတွေ့သောကြောင့်ဟုဆို၍ ထောင် ညွှန်ချုပ် နှင့် ထောင်ဝန်ထမ်းတချိုကို စစ်ကောင်စီက ဖမ်းလိုက်ကာ စစ်ဆေးနေပြီး ထောင်ညွှန်ချုပ်အသစ်အဖြစ် ဗိုလ်မှူးကြီးအဆင့် မျိုးဇော်ဆိုသူကို ခန့်အပ်လိုက်သည်ဟု သိရသည်။ လွန်ခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဥက္ကလာမြိုနယ်၊ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်မှုတွင် ပါဝင်သူများမှာ စရဖ‌(လေ) မှ တပ်ကြပ်နှင့် ဒုတပ်ကြပ်များဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီက ၎င်းတိုရုံးဌာနများနှင့် စာသင်ကျောင်းများတွင် NUG ၊ CRPH ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကို ရှုတ်ချထားသည့် ‘မြင်အောင်ကြည့်ကြပါ’ ခေါင်းစဉ်ဖြင့် ဝါဒဖြန့်ကဗျာကို ဆိုင်းဘုတ်ကြီးများဖြင့် ချိတ်ဆွဲထားကြောင်း သိရသည်။ စစ်ကောင်စီမှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် ၃၉ ယောက်ကို ရန်ကုန်နှင့် နေပြည်တော်ရှိ အရပ်ဘက်ဌာနများတွင် နေရာပေး ထပ်မံခန့်ထားလိုက်ကြောင်း စစ်လော်ဘီသတင်းများတွင် ထုတ်ပြန်ကြေညာထားသည်။ စစ်ကောင်စီနှင့် လာရောက်တွေ့ဆုံခဲ့ဖူးသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ရာထူးမှ ဖြုတ်ခံရကြောင်းလည်း သိရသည်။ #george #rsnweb #rangoonscoutnetwork
12 995
10
RSN Daily Summary (July 25, 2023)
RSN Daily Summary (July 25, 2023)
10 913
11
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း ဇူလိုင် ၂၄၊ ၂၀၂၃ ည ၈ နာရီခန့်က မှော်ဘီမြိုနယ်တွင် ဗုံးပေါက်ကွဲသံကဲ့သို အသံကျယ် ၂ ချက်ကြားလိုက်ရကြောင်း၊ လှိင်သာယာမြိုနယ် ၁၆ ရပ်ကွက်တွင်လည်း ညနေပိုင်းက သေနတ် ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ရှိခဲ့ကြောင်း သိရပြီး အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။ ယမန်နေ့က တာမွေ စခန်း ၄၀ အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းမှာ အကြမ်းဖက် ရဲတပ်သားတစ်ယောက်မှ အရက်မူးရူး၍ ရမ်းကားပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ ယမန်နေ့ညက စမ်းချောင်းမြိုနယ် ရှမ်းလမ်းတွင် ၄ နာရီခန့်ကြာအောင် လမ်းပိတ် ဧည့်စစ်ခဲ့ကာ ပြည်သူ ၅ ဦးခန့်ကို လက်ပြန်ကြိုးတုပ် ဖမ်းသွားကြောင်း သိရသည်။ ညစဉ် ရန်ကုန်တွင် အကြမ်းဖက်တပ်သားများက ဧည့်စစ်ဖမ်းဆီးမှုများလုပ်နေဆဲဖြစ်ပြီး အများအားဖြင့် ငွေညှစ်ရန် ရည်ရွယ်၍ လိုက်လံစစ်ဆေးနေသည်ကို တွေ့ရသည်။ ဆိုင်ကယ် နှင့် ဘေးတွဲဆိုင်ကယ်များကိုလည်း လမ်းမကြီးများပေါ်သာမက လူနေရပ်ကွက်လမ်းများအတွင်းပါ နေရာအနှံ လိုက်လံသိမ်းယူနေပြီး စစ်ဆေးချိန် အထောက်အထားပြနိုင်လျှင်ပင် လက်မခံပဲ မတရားလုယူနေကြောင်း သတင်းရရှိသည်။ ဗေဒင်ဆရာနှင့် အကြားအမြင်ဆရာများ ဗေဒင်ဟောခွင့် လိုင်စင် လျှောက်ထားရမည်ဟူသည့် သတင်းတစ်ခု အွန်လိုင်းတွင် ပျံ့နှံနေခဲ့ပြီး စစ်ကောင်စီမှ ထိုသိုထုတ်ပြန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်ကိုလည်း တွေ့ရသည်။ NLD ပါတီလက်ထက် ကရင်နီပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိက ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဥ် ပြုလုပ်ခဲ့မိတဲ့ အမှားတွေအတွက် ထိခိုက်နစ်နာသူ အစုအဖွဲ အသီးသီးကို တောင်းပန်ပါကြောင်း ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လက ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် စီစဉ်ခဲ့သည့်အမှု၌ စေခိုင်းခဲ့သည့် ငွေလက်ခံခဲ့သူကိုလည်း အပြစ်ရှိကြောင်း အမေရိကန်တရားရုံးက ယခုရက်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်ဟု သိရသည်။ ယမန်နေ့က နေပြည်တော်တွင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိင်က ခရိုနီများကိုခေါ်ယူကာ ၎င်းတည်နေသည့် ကျောက်ဆင်းတုအတွက် ပိုက်ဆံတောင်းခဲ့ပြီး ခရိုနီများက ငွေ ၁၇ ဘီလီယံခန့် ထပ်မံ ပေးခဲ့သည်ဟု ဆိုသည်။ ၂၀၀၀၀ တန်‌ ငွေကျပ်စက္ကူရိုက်နှိပ်မည်ဟူသည့် သတင်းကြောင့် နိုင်ငံတွင်း ကဏ္ဍစုံတွင် ဈေးကွက်များ အတော်ရိုက်ခက်နေပြီး ကားဈေးဆိုပါက အခြေခံဈေးနှုန်း သိန်း ၄၀၀ ခန့်၊ အခေါက်ရွှေဈေး ၃၆ သိန်းခွဲ၊ ဒေါ်လာဈေး ၃၅၀၀ ဝန်းကျင်ထိ ဖြစ်လာကြောင်း သိရသည်။ သိုသော် ဝယ်ယူလိုသူသာ များပြားနေပြီး ရောင်းချမည့်သူမရှိ၍ ဈေးကွက်ရပ်နေကြောင်းလည်း သိရှိရသည်။ #george #rsnweb #rangoonscoutnetwork
10 565
12
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇွန် ၂၄၊ ၂၀၂၃)
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇွန် ၂၄၊ ၂၀၂၃)
8 705
13
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း ဇူလိုင် ၂၃၊ ၂၀၂၃ ယနေ့ ရန်ကုန်မြို့ တစ်နေရာတွင် Sc Strike နှင့် Revolution Force တို့မှ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာသားပါ ဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ပြည်သူများမှလည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်း နှစ်ပတ်လည်နေ့ အောက်မေ့သတိရ ဂုဏ်ပြုမှုကို ယနေ့ ပြုလုပ်ခဲ့ကြသည်။ ည ၈ နာရီခွဲခန့်တွင် တာမွေမြို့နယ် ကျောက်မြောင်းရဲစခန်းထဲ၌ သေနတ်သံ ၂ ချက်ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးများ၏ အော်ငိုသံများလည်း ကြားလိုက်ရသည်။ ထို့နောက် သေနတ်သံ နောက်တစ်ချက်ထပ်မံထွက်ပေါ်လာခဲ့ပြီး အော်သံများတိတ်ဆိတ်သွားကြောင်း သိရသည်။ စစ်ကောင်စီက ငွေစက္ကူသစ် ၂၀၀၀၀ တန် ထုတ်ဝေမည်ဟု ထုတ်ပြန်ထားပြီး မင်းအောင်လှိုင် တည်နေသော ထိုင်တော်မူကျောက်ဆင်းတု ပြီးစီးခြင်းနှင့် ဆင်ဖြူဟု ဆိုသော ဆင်ပေါက်စလေး တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထိုသို့ နှစ်သောင်းတန် ငွေစက္ကူရိုက်ထုတ်မည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့် ကားဈေးကွက် အကုန်ရိုက်ခတ်သွားပြီး အရောင်းယာယီရပ်သွားကြောင်း သိရသည်။ အဆိုပါ ဆင်ဖြူဟုဆိုသည့် ဆင်ပေါက်စ ကလေး၏ ၁ နှစ်ပြည့်မွေးနေ့ဟုဆိုကာ နေပြည်တော်တွင် ပွဲလုပ်ခဲ့ပြီး စစ်ကောင်စီ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို မဖြစ်မနေ တက်ရောက်စေခဲ့သည်ဟု သိရသည်။ ထိုဌာနအသီးသီးကိုလည်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲဟု ခေါင်းစဉ်တပ်ကာ နေကြာပန်းနှင့် စင်္ကြာပန်းပင်တို့ကို ယတြာအဖြစ်စိုက်ပျိုးခိုင်းထားသည်ဟုလည်း သိရှိရသည်။ #george #rsnweb #rangoonscoutnetwork
8 533
14
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၃၊ ၂၀၂၃)
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၃၊ ၂၀၂၃)
7 412
15
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း ဇူလိုင် ၂၂၊ ၂၀၂၃ ယနေ့ ၂၂ ရက်နေ့ ည ၇ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ အကြမ်းဖက်စစ်တပ် အမတ ၅၀၃ ၏ ပင်မလုံခြုံရေးကင်းဂိတ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရပြီး KMD18-(Werewolf Unit) နှင့် URKF တိုမှ "နွေဦးအောင်လံ" စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ တာမွေမြို့နယ်တွင်လည်း ည ၁၀ နာရီခွဲခန့်က ဗုံးပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြားရပြီး ည ၉ နာရီခွဲခန့်တွင် ထောက်ကြန့်ဘက်၌ သေနတ်ပစ်ခတ်သံ ၂ ချက်ကြားလိုက်ရကြောင်းလည်း သိရှိရသည်။ ည ၈ နာရီနောက်ပိုင်းတွင် စစ်ကားကြီး ၁၀ စီးခန့်စီ အင်အားအပြည့်ဖြင့် ရန်ကုန်မြို့မှ ပြည်လမ်းအတိုင်း ပြန်ထွက်ခွာသွားကြသည်ကို တွေ့ရပြီး အာဇာနည်နေ့မတိုင်မီက ဝင်လာကြသော ကားများဟု ယူဆရသည်။ မနက် အစောပိုင်းက တောင်ဥက္ကလာမြိုနယ် Transporter Bar ရှိ ပျော်ပါးနေသည့် သူများနှင့် ဝန်ထမ်း ၂၀၀ ခန့်ကို ဖမ်းဆီးကြောင်း စစ်တပ်လော်ဘီသတင်းများတွင်တွေ့ရသော်လည်း ယနေ့ညတွင်မူ ယခင်အတိုင်း ပြန်လည်ဖွင်လှစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။ အကြမ်းဖက်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ကလေးအခြေစိုက် စကခ ၁ မှ စိုးလှိင်ကို ခန့်အပ်လိုက်ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၀ နာရီ ၅ မိနစ်တွင် ကိုဇေယျာသော်နှင့် ကိုဂျင်မီတို အသက်ပေးတိုက်ပွဲဝင်သွားခဲ့သည့်အပေါ် ဂုဏ်ပြုဥဩဆွဲကြဖို စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲများက တိုက်တွန်းထားသည်။ #george #rsnweb #rangoonscoutnetwork
17 005
16
ရန်ကုန်တိုင်း တစ်နေ့တာဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၂၊ ၂၀၂၃)
ရန်ကုန်တိုင်း တစ်နေ့တာဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၂၊ ၂၀၂၃)
8 719
17
လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သီရိမင်္ဂလာဈေးရှေ့တွင် ယာဥ်စစ်နေ လှိုင်မြို့နယ်အတွင်း မွန်းလွဲ ၂း၄၅ ဝန်းကျင်၌ ဘုရင့်နောင်လမ်းမ၊ သီရိမင်္ဂလာဈေးရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ဘဲဥများ ယာဥ်စစ်နေကြသည်။ @Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။ 📌 Hlaing Information
6 738
18
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း ဇူလိုင် ၂၁၊ ၂၀၂၃ ဗကသများအဖွဲ့ချုပ် လူငယ်ရဲဘော်များက “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” ကြွေးကြော်သံဖြင့် ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒထုတ်ဖော် လှုံ့ဆော်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားခဲ့ကြသည်။ အကြမ်းဖက်စစ်တပ်က လူငယ်တော်လှန်ရေးရဲဘော်များ စွန့်စားကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည့်နေရာဝန်းကျင်တို့ရှိ ပြည်သူများ ၊ အထူးသဖြင့် ဈေးသည်များကို ပုံမှန်ဖိနှိပ်နေပြီး နောင်တွင် သတင်းပေးဖို့ ဖိအားပေး ခြိမ်းခြောက်ကာ သွေးခွဲ ရန်တိုက်နေကြောင်းလည်း သတင်းရရှိသည်။ ယနေ့ မနက် ၈ နာရီခွဲခန့်က အရှေ့ဒဂုံမြို့နယ်၊ ၁၁၈ ရပ်ကွက်၊ အောင်သပြေရောင်ခြည်သစ် လက်ဖက်ရည်ဆိုင်အနီး၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးဆိုသူ ကျော်လွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ မတရား အကျဉ်းကျခံ နှိပ်စက်ခံနေရသည့် ကျောင်းသားလူငယ်များကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များပါပေး၍ ညှင်းဆဲနေပြီး ယမန်နေ့ကလည်း အရှေ့ပိုင်းကျောင်းသားသမဂ္ဂ ကော်မတီ တာဝန်ခံ အပါအဝင် ကျောင်းသား ၅ ဦးကို ထောင် ၁၀ နှစ်ချလိုက်သည်ဟု ဆိုသည်။ ဒေါပုံ ဗကသအဖွဲ့ ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဉာဏ်ဝင်းထက်ကိုလည်း ထောင် ၅ နှစ်ထပ်ချလိုက်ပြီး စုစုပေါင်း နှစ် ၂၀ အထိ ရှိလာပြီဟု သိရသည်။ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဗီဒီယိုဇာတ်လမ်းဆင်ဆာစနစ် ပြည်လည်အသက်သွင်းပြီဖြစ်ကြောင်း သိရပြီး ရုပ်ရှင် ဗီဒီယိုရိုက်လိုပါက ဇာတ်လမ်းဇာတ်ညွန်းကို စစ်ကောင်စီ ဆင်ဆာအဖွဲ့ထံ တင်ပြကာ ခွင့်ပြုချက်တောင်းခံပြီးမှ ရိုက်ကူးခွင့်ရတော့မည်ဟု ဆိုသည်။ အွန်လိုင်းရှော့ပင်ရောင်းချကာ စီးပွားရှာနေကြသူများကိုလည်း လုပ်ငန်းမှတ်ပုံတင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်ပြီး မှတ်ပုံမတင်ပါက ထောင် ၃ နှစ်ကျခံရမည်ဟု ကြေညာထားသည်။ ထို့ပြင် Live လွှင့်ဈေးရောင်းရာတွင်လည်း နိုင်ငံရေးစကားမပြောရန် ကန့်သတ်လိုက်သည်ဟု သိရသည်။ တရုတ်နိုင်ငံက ကချင်ပြည်နယ်တွင် အဓိက ထုတ်လုပ်သည့် မြေရှားသတ္တုများကို အများအပြားဝယ်ယူနေပြီး ယခင်နှစ်ထက် ၉ ဆခန့် ပိုမိုဝယ်ယူလာကြောင်း သိရသည်။ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထိုမြေရှားသတ္တုများကို မဖြစ်မနေ အသုံးပြုရသည်ဟု ဆိုသည်။ အကြမ်းဖက်တပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုကိုမောင်ကို တိုင်းမှူးရာထူးမှ ဖြုတ်လိုက်ပြီဟု သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက KIA ဌာနချုပ် လိုင်ဇာဘက်တွင် စစ်ပွဲများဖြစ်ပွားနေစဉ် အကြမ်းဖက် စစ်ကောင်စီက တိုင်းမှူး ကိုကိုမောင်အပြင် ဒုတိုင်းမှူး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဖားကန့်တပ်မှူးနှင့် အခြားအရာရှိ ၂ ယောက်တို့ကို ရုတ်တရက် ဖမ်းဆီးပြီး စစ်ကြောခဲ့သည်။ ထို့ပြင် ရဲချုပ်ဆိုသူ ဇင်မင်းထက်လည်း ရဲချုပ်ရာထူးမှ ပြုတ်ကာ အားကစားရေးရာ ဒုဝန်ကြီးအဖြစ် နေရာလျှော့ချခံလိုက်သည်ဟု သိရသည်။ ဇင်မင်းထက်အစား ကရင်နီပြည်နယ် မိုဆိုကျေးရွာတွင် အရပ်သား ၃၅ ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှုအတွက် တာဝန်ခံရမည့်သူဖြစ်သည့် အကြမ်းဖက် နီလင်းအောင်ကို ရဲချုပ်အဖြစ် နေရာပေးလိုက်ပြီး ပြည်ထဲရေး ဒုဝန်ကြီးအဖြစ်ပါ လုပ်ကိုင်တော့မည်ဟု သိရသည်။ #george #rsnweb #rangoonscoutnetwork
6 531
19
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၁၊ ၂၀၂၃)
ရန်ကုန်တိုင်း တစ်နေ့တာ ဖြစ်စဉ်အကျဉ်း (ဇူလိုင် ၂၁၊ ၂၀၂၃)
5 564
20
လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမ၊ အမှတ် (၁) စစ်ကြောရေးရှေ့ ယာဥ်စစ်နေ လှိုင်မြို့နယ်အတွင်း မွန်းလွဲ ၃း၁၅ ဝန်းကျင်၌ ဘုရင့်နောင်လမ်းမ၊ ဘုရင့်နောင်ဘက်အသွား အမှတ် (၁) စစ်ကြောရေးထိပ် ဘဲဥ အထီး ၂ ကောင်၊ အမ ၁ကောင်ဖြင့် ကားတားနေကြသည်။ @Hlaing_Information သို့ သတင်းပေးပို့နိုင်ပါသည်။ 📌 Hlaing Information
5 912