cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

မြန်မာ့ဂုဏ် သတင်းမီဒီယာ

ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။

Show more
Advertising posts
14 014
Subscribers
+5124 hours
+4377 days
+1 16330 days

Data loading in progress...

Subscriber growth rate

Data loading in progress...

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တို့တွင် တရားမဝင် Online လောင်းကစားလုပ်ကိုင်သူ မြန်မာနိုင်ငံသား(၁၂)ဦးနှင့် တရုတ်နိုင်ငံသား(၂၉၅)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် ၁ #MyanmaGone
Show all...
👍 19 1
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်(၇)ခုအား အရေးယူ။ #MyanmaGone
Show all...
👍 8 2
Photo unavailableShow in Telegram
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၁ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိနယ်မြေခံသင်တန်းကျောင်း စက်ပစ်ကွင်း ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Show all...
👍 13
အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှု စတင် ၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်းဆန်များကို အိမ် အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်း အစီအစဉ်ကို (၁-၇-၂၀၂၄) ရက်နေ့မှ စတင်ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ၂။ အဆိုပါ အစီအစဉ်အရ ရွှေဘိုပေါ်ဆန်း (၁၀၈)ပေါင် (၂၄) ပြည် တစ်အိတ်လျင် (၁၅၂,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျင် (၁၃၀,၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်း (၁၀)ကီလို (၅)ပြည်ခန့် တစ်အိတ်လျင် (၂၆,၅၀၀)ကျပ်ဖြင့် အရည်အသွေးမှန်၊ အလေးချိန်မှန် ဆန်အိတ်များကို အိမ်အရောက်စတင် ပေးပို့ခဲ့ပါသည်။ ၃။ ယင်းအစီအစဉ်ဖြင့် စားသုံးဆန်များမှာယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် Email များသို့ ဆက်သွယ်ပြီး ငွေကြိုတင်ပေးပို့ မှာကြားနိုင်ပါသည်။ ငွေပေးသွင်းပြီး (၃)ရက်အတွင်း အိမ်အရောက် ပေးပို့ သွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရန် Viber ဖုန်းနံပါတ်များ : 09-400067240, 09-400067250, 09-400067260 Email : [email protected]
Show all...
👍 10
Ruili Airlines ၏ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်း ပြန်လည်ပြေးဆွဲ Ruili Airlines ၏ ရန်ကုန် - နန်နင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ပြန်လည်ပြေးဆွဲမှုကို ယနေ့ (၂၀၂၄) ခုနှစ်၊ဇူလိုင်လ (၁) ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်းသိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့မှပျံသန်းလာသည့် Ruili Airlines ၏ လေယာဉ်အမှတ် - DR 5019 သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နေ့လယ် (၁) နာရီ (၀၅) မိနစ်တွင်ဆိုက်ရောက်လာကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ Ruili Airlines မှရန်ကုန်မြို့ နှင့် နန်နင်းမြို့အကြား အပတ်စဉ် တနင်္လာနေ့တိုင်း (တစ်ပတ်လျှင် (၁) ကြိမ်) တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်များနှင့် ပက်သက်ပြီး သိရှိလိုသည်များကို ၎င်းတို့၏ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ယူနန်ပြည်နယ်ရှိ သယ်ဟုန်သို့ ပထမဆုံးစတင်ပြေးဆွဲခဲ့ပြီး ကိုဗစ်ကာလတွင် ပြေးဆွဲမှုရပ်နားခဲ့ခြင်းဖြစ်သည်။
Show all...
👍 12
ပန်ဝါမြို့မှာ မြေပြိုမှုဖြစ်ပွားပြီး အိမ်ခန်းငှားနေသူများ သေဆုံး 1 July 2024 မိုးကြီးနေတဲ့ ကချင်ပြည်နယ်၊ ပန်ဝါမြို့မှာ မြေပြိုမှုတွေဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့မနက်က ပန်ဝါမြို့ ခန်းမဆောင်အနောက်ဘက်၊ မေတ္တာတည်းခိုခန်းအနီးက အိမ်ခန်းငှားစားတဲ့ အဆောင်တန်းလျားပေါ်  မြေပြိုကျခဲ့ရာက အိမ်ခန်းငှားနေသူ ၇၊ ၈ ဦးလောက် မြေပိသေဆုံးတယ်လို့ ပန်ဝါမြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။ လက်ရှိအချိန်ထိ မြေပြိုမှုအတွင်း ပျောက်ဆုံးနေတဲ့ အရပ်သားတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ မြို့တွင်းမြေပြိုမှုအပြင် မြေရှားသတ္တုလုပ်ကွက်ဆိုဒ်မှာလည်း တောင်ပြိုမှုတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ လတ်တလော ကြားသိနေရပါတယ်။ #MyanmaGone
Show all...
👍 13😱 3🔥 1😭 1
Photo unavailableShow in Telegram
တွဲကားမှ မော်တော်ဆိုင်ကယ်အားတိုက်မိရာကနေ မိသားစု သုံးဦးသေဆုံး ဇူလှိုင် ၁ ပြင်ဦးလွင်မြို့ရဲ့ မြို့ရှောင်လမ်းမှာ တွဲကားကမော်တော်ဆိုင်ကယ်တိုက်မိပြီး မော်တော်ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၄ ဦးအနက် ၃ ဥဦးသေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း၊ ရွှေမြင်သာအနီးမှာ ဒီကနေ့နံနက်ပိုင်းကဖြစ်ပွါးခဲ့ပါတယ်။ မိခင်ဖြစ်သူနဲ့ သားဖြစ်သူတို့မှာ ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာပင် သေဆုံးခဲ့ပါတယ်။ဖခင်နဲ့ သမီးငယ် ဒဏ်ရာပြင်းထန်စွာ ရရှိထားတာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ဖခင်ဖြစ်သူမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရပါတယ်။
Show all...
😭 18👍 4😱 2
Photo unavailableShow in Telegram
မြစ်ရေအခြေအနေခန့်မှန်းချက်နှင့်ပက်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက် ဇူလိုင် ၁ ၊ နေပြည်တော် #MyanmaGone
Show all...
👍 19🥰 1
ရန်ကုန်မြို့မှ မုံရွာမြို့သို့ မောင်းနှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ခရီးသွားပြည်သူ တစ်ဦးသေဆုံး၊ သံဃာတော်တစ်ပါးအပါအဝင် ၂၄  ဦး ထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ ဇူလိုင် - ၁ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ မောင်း နှင်ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်များအား ယနေ့နံနက်ပိုင်းတွင် ချောင်းဦး မြို့ နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ခရီး သွား ပြည်သူအချို့သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိ ရသည်။ #MyanmaGone
Show all...
😭 9👍 8🤬 1
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး ======== ပန်းတောင်း ဇူလိုင် ၁      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။   ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့၊ ရှေးဟောင်း သမိုင်းဝင် ပေါ်တော်မူ(ရှင်ဖြူ) မြတ်စွာဘုရားကြီးအား သွားရောက်ဖူးမြှော်ခဲ့ပြီး အဝင်မုခ်ဦးနှင့် ဘုရားကြီး ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ #myanmagone
Show all...
👍 15 1
Go to the archive of posts
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.