en
Feedback
Dagon Seikkan News

Dagon Seikkan News

Open in Telegram

ဒဂုံဆိပ်ကမ်းသတင်းများ အဓိကတင်ပေးသည်။ (သတင်းပေးရန်-@Dagon_Seikkan_Scout)

Show more
854
Subscribers
-224 hours
-47 days
-1930 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+2
in 0 channels
August '26
+2
in 0 channels
Get PRO
July '26
+6
in 0 channels
Get PRO
June '26
+4
in 0 channels
Get PRO
May '26
+4
in 0 channels
Get PRO
April '26
+2
in 0 channels
Get PRO
March '26
+5
in 0 channels
Get PRO
February '26
+3
in 0 channels
Get PRO
January '26
+4
in 1 channels
Get PRO
December '25
+3
in 0 channels
Get PRO
November '25
+3
in 0 channels
Get PRO
October '25
+6
in 1 channels
Get PRO
September '25
+7
in 1 channels
Get PRO
August '25
+5
in 0 channels
Get PRO
July '25
+3
in 1 channels
Get PRO
June '25
+11
in 2 channels
Get PRO
May '25
+8
in 1 channels
Get PRO
April '25
+7
in 1 channels
Get PRO
March '25
+11
in 2 channels
Get PRO
February '25
+10
in 1 channels
Get PRO
January '25
+32
in 5 channels
Get PRO
December '24
+51
in 4 channels
Get PRO
November '24
+6
in 1 channels
Get PRO
October '24
+13
in 2 channels
Get PRO
September '24
+25
in 1 channels
Get PRO
August '24
+39
in 2 channels
Get PRO
July '24
+22
in 5 channels
Get PRO
June '24
+13
in 2 channels
Get PRO
May '24
+20
in 3 channels
Get PRO
April '24
+42
in 5 channels
Get PRO
March '24
+71
in 4 channels
Get PRO
February '24
+82
in 2 channels
Get PRO
January '24
+71
in 5 channels
Get PRO
December '23
+101
in 5 channels
Get PRO
November '23
+40
in 1 channels
Get PRO
October '23
+13
in 2 channels
Get PRO
September '23
+20
in 0 channels
Get PRO
August '23
+36
in 0 channels
Get PRO
July '23
+40
in 0 channels
Get PRO
June '23
+67
in 0 channels
Get PRO
May '23
+27
in 0 channels
Get PRO
April '23
+42
in 0 channels
Get PRO
March '23
+41
in 0 channels
Get PRO
February '23
+80
in 0 channels
Get PRO
January '23
+100
in 0 channels
Get PRO
December '22
+18
in 0 channels
Get PRO
November '22
+31
in 0 channels
Get PRO
October '22
+68
in 0 channels
Get PRO
September '22
+36
in 0 channels
Get PRO
August '22
+66
in 0 channels
Get PRO
July '22
+73
in 0 channels
Get PRO
June '22
+66
in 0 channels
Get PRO
May '22
+62
in 0 channels
Get PRO
April '22
+75
in 0 channels
Get PRO
March '22
+49
in 0 channels
Get PRO
February '22
+171
in 0 channels
Get PRO
January '22
+307
in 0 channels
Get PRO
December '21
+116
in 0 channels
Get PRO
November '21
+232
in 0 channels
Get PRO
October '21
+136
in 0 channels
Get PRO
September '21
+257
in 0 channels
Get PRO
August '21
+420
in 0 channels
Date
Subscriber Growth
Mentions
Channels
09 September+1
08 September0
07 September0
06 September0
05 September+1
04 September0
03 September0
02 September0
01 September0
Channel Posts
Repost from RSN WEB
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 31 - Sep 6, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွာ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 31 - Sep 6, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ
· စက်တင်ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အတွင်း မတရား ဖမ်းဆီးခံခဲ့ရသူအများအပြားရှိခဲ့ပြီး မြို့နယ် ၁၀ မြို့နယ် မှ လူ ၃၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်သာယာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဒဂုံ၊ ပုဇွန်တောင်၊ မြောက်ဒဂုံနှင့် လသာမြို့နယ်တို့၌ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်။ · ကားလမ်းမပေါ်သွားလာနေစဉ်/လမ်းဘေး၌ရှိနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၃၂ ဦး နှင့် နေအိမ်ထိရှာဖွေဖမ်းဆီးခံရသူ ၃ ဦး တို့ဖြစ်သည်။
———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ
· ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗိုလ်တထောင်၊ စမ်းချောင်း၊ လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။
———— ▪️ရှေ့တန်းပြန် စစ်သားကြိုပွဲလုပ်ပြ
· ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ရှေ့တန်းမှ အသက်ရှင်ပြန်ရောက်လာသူများကို အကြမ်းဖက်စစ်တပ်မှ ကြိုဆိုပွဲ လုပ်ပြခဲ့သည်။ ရန်ကုန်စစ်တိုင်းမှူး တင်မင်းလတ်လည်း ပွဲလာတက်သွားသည်ဟု သိရသည်။
———— ▪️လူလိုက်ဆွဲနေသည့်အဖွဲ့ကို ဖမ်းမိသည်ဟုဆိုကာ စစ်တပ်လော်ဘီများ သတင်းထုတ်ပြန်
· အင်းစိန်မြို့နယ်တွင် အရံမီးသတ်မှဖြစ်ပြီး ၃ ပွင့်အဆင့်ရှိ သိန်းဦး (ခ) အငယ်လေး ဆိုသူက လူငယ်များကို လိုက်ဆွဲနေခဲ့ပြီးနောက် ဩဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ ၎င်းကို အဖမ်းပြခဲ့ကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ သိရှိရသည်။ ၎င်း၏သားမတ်ဖြစ်သူ သန်းစိုး နှင့်အတူတူ လူလိုက်ဆွဲပြီး ရောင်းစားနေခဲ့သည်ဟု ဖော်ပြထားသည်။ ၎င်းနေအိမ်မှာ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ အုတ်စက်ရုံနောက်ကျောဘက်၌ ရှိပြီး သီးသန့်အချုပ်ခန်းပါ လုပ်ထားသည်။ စစ်တပ်က ၎င်းကို ဝင်ဖမ်းပြစဉ် နေအိမ်ထဲ ချုပ်နှောင်ခံထားရသူ လူငယ် ၄ ဦးရှိနေခဲ့ပြီး ၎င်းတို့အနက် ၃ ဦးမှာ အိမ်နောက်ခန်းများ၌ ထိပ်တုံးခတ်ခံထားရသည်ဟု ဆိုသည်။
———— ▪️ဝမ်းရောဂါပျံ့နှံ့နေသေး၍ လမ်းဘေးဆိုင်များကို ဆက်ပိတ်ခိုင်းထား
· ဝမ်းပျက်ဝမ်းလျှောရောဂါထိန်းချုပ်ဖို့အတွက် စည်ပင်က လမ်းဘေးဆိုင်များကို ဆက်ပိတ်ခိုင်းထားကြောင်း DVB မှ သိရှိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့က စပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ကနဦး လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်များ၌ ယာယီပိတ်သိမ်းခိုင်းခဲ့ပြီးနောက် ကူးစက်မှုပိုများလာ၍ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ လှိုင်၊ အင်းစိန်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဒဂုံဆိပ်ကမ်း၊ ဒလ စသည့် မြို့နယ်တို့ရှိ လမ်းဘေးဆိုင်များကို ပိတ်ခိုင်းခဲ့သည်။
———— ▪️လှည်းကူးဘက် ရေကြီးနေ
· လှည်းကူးမြိုန့ယ်ရှိ ငမိုးရိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေ ၂ ပေကျော် လျှံကျမှုကြောင့် မြို့နယ်တွင်း ရပ်ကွက်၊ ကျေးရွာများထဲ ရေကြီးပြီး လူ ၁၀၀၀ ကျော် ရှောင်တိမ်းနေကြရကြောင်း Ayeyarwaddy Times မှ သိရှိရသည်။
———— ▪️အလုပ်သမား ၃၀၀၀ ခန့်ရှိသည့် စက်ရုံပိတ်သိမ်း
· အလုပ်သမား အယောက် ၃၀၀၀ ခန့်ရှိသည့် ထန်းတပင်မြို့နယ်ရှိ TENG HUI (Myanmar) သိုးမွှေးအထည်ချုပ်စက်ရုံကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပိတ်သိမ်းတော့မည်ဟု ကြေညာထားကြောင်း သိရှိရသည်။ ကုန်ကြမ်းများ တင်သွင်းမရတော့ခြင်းနှင့် အော်ဒါများ မရတော့၍ ပိတ်သိမ်းသည်ဟု ဆိုသည်။ တရုတ်နိုင်ငံမှ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများကို ယူ၍ ချုပ်လုပ်ပြီး ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည့်စက်ရုံဖြစ်ကြောင်း သိရသည်။
07 Sep 2026 #RangoonScoutNetwork #YGN_weekly

2
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဩဂုတ်လထဲ ရန်ကုန်တိုင်+6
🔴 ရန်ကုန်တိုင်း မတရားဖမ်းဆီးမှုများ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်) •••••••••••••••®••••••••••••••• ၂၀၂၆ ခုနှစ်၊ ဩဂုတ်လထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူများအနက်မှ လူ ၉၈ ဦး၏ ဖြစ်စဉ်ကို RSN မှ သိရှိခဲ့ရသည်။ ▪️ ဖမ်းဆီးပြီးနောက် ပြန်လွတ်/မလွတ် အခြေအနေ • ဖမ်းဆီးခံရသူ ၉၈ ဦးအနက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသူ ၈ ဦးသာ ရှိသည်။ ၅ ဦးကို အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့သည်။ ကျန်သည့် ၈၅ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိခဲ့ရပါ။ ———————— ▪️ ဖမ်းဆီးသည့်ပုံစံနှင့် ထူးခြားအချက်အလက်များ • သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခြင်းခံခဲ့ရသူ ၁၄ ဦး ရှိခဲ့သည်။ ထိုထဲ PDF/ ထောက်ပို့ ဟုစွပ်စွဲပြီး ဖမ်းဆီးခံရသူ ၅ ဦးနှင့် ဆိုရှယ်မီဒီယာပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၂ ဦးပါသည်။ • ရမ်းသမ်း ဖမ်းဆီးခံခဲ့ရသူ ၄၇ ဦး ရှိသည်။ ထိုထဲ လမ်းမပေါ်သွားလာနေစဉ် ကားဖြင့်ဆွဲဖမ်းခံရသူ ၃၈ ဦး နှင့် ကားမှတ်တိုင်/လမ်းဘေး/လမ်းဘေးဆိုင်၌ ရှိနေစဉ် ဖမ်းဆွဲခံရသူ ၉ ဦး ပါဝင်သည်။ ထိုသို့ ဖမ်းဆီးခံရသူများထဲ Chinland FC ဘောလုံးအသင်းမှ ကစားသမား ၁ ဦးပါ ပါသွားခဲ့သည့်သတင်း ပျံ့သွားပြီးနောက် အသင်းမှ လိုက်ရှာထုတ်၍ ပြန်လွတ်လာခဲ့ကြောင်း သိရသည်။ • ရှောင်တခင် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၃၄ ဦး ရှိသည်။ ထိုထဲ ဧည့်စာရင်းစစ်စဉ် ရက်ကျော်နေလို့ဆိုပြီး ဖမ်းခံရသူ ၂၅ ဦးပါသည်။ လမ်းမပေါ်လမ်းလျှောက်သွားလာနေစဉ် ရုတ်တရက်တားကာ စစ်ဆေးမေးမြန်း/ဖုန်းယူစစ်ပြီး ဖမ်းခံရသူ ၇ ဦး ရှိသည်။ အချက်အလက်တောင်းစစ်/ PSMS ဖြင့် စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦး ရှိသည်။ • လိမ်လည်ခေါ်ယူပြီးဖမ်းဆီးခံရသူ ၃ ဦး ရှိခဲ့သည်။ အလုပ်ရှိသည်ဟုဆိုပြီး မျှားခေါ်ခံရသူများဖြစ်သည်။ • လူလိုက်ဆွဲပြီး ရောင်းစားသည့်အဖွဲ့တဖွဲ့ကို စစ်တပ်မှ ဖမ်းဆီးပြကာ သတင်းထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။ ———————— ▪️ အဖမ်းအဆီးဖြစ်ခဲ့သည့် မြိုနယ်များ • ဇူလိုင်လထဲ မြို့နယ်ပေါင်း ၁၅ မြို့နယ်မှ အဖမ်းအဆီးဖြစ်စဉ်များကို သိရှိခဲ့ရသည်။ • အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ စမ်းချောင်း၊ အင်းစိန်၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ရွှေပြည်သာ၊ လှည်းကူး၊ သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ မြောက်ဥက္ကလာ နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။ • အထက်ပါ မြို့နယ်စာရင်းမှာ ဖမ်းဆီးခံရသည့် လူဦးရေအရေအတွက်အတိုင်း အစဉ်လိုက် ဖော်ပြထားခြင်းဖြစ်သည်။ ———————— ▪️ စစ်မှုထမ်းသင်တန်း • ဖမ်းဆီးခံခဲ့ရသူများအနက် စစ်မှုထမ်းသင်တန်းအတွက်ဟု ပြန်သိရသည်မှာ ၆ ဦး ရှိသည်။ ၎င်းတို့အနက် စစ်သင်တန်းကျောင်းပို့ခံခဲ့ရကြောင်း အတည်ပြုသိရသည်မှာ ၃ ဦး ဖြစ်သည်။ နောက် ၃ ဦးကို ပြန်ရွေးထုတ်နိုင်လိုက်သည်။ • စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ကို ဩဂုတ်လထဲ မစတင်ခဲ့၍ စက်တင်ဘာလ ပထမပတ်ထဲ စလိမ့်မည်ဟု ယူဆရသည်။ အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင်သာ စတင်နိုင်ခဲ့၍ ယခု အမှတ်စဉ် ၂၈ ပါ နောက်ကျပုံရသည်။ ———————— ▪️ အခြားအဖမ်းအဆီးဖြစ်စဉ်များ • မူးယစ်ဆေးမှု၊ လုယက်မှု၊ လောင်းကစားမှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးခံရသူများနှင့် လူပျောက်ဖြစ်စဉ်များလည်း ရှိပြီး ၎င်းတို့ကိုမူ ထည့်သွင်းတွက်ချက်ခြင်း မပြုထားပါ။ (ဤအချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့်သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းသာဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။) 05 Sep 2026 #arrest #RangoonScoutNetwork
44
3
ရန်ကုန်တွင်လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားရှိသည့် မိသားစုများ စစ်မှုထမ်းတစ္ဆေ ခြောက်လှန့် ခံနေရဟုဆို 31 Aug 2026 By Ko Myo/ M
ရန်ကုန်တွင်လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားရှိသည့် မိသားစုများ စစ်မှုထမ်းတစ္ဆေ ခြောက်လှန့် ခံနေရဟုဆို 31 Aug 2026 By Ko Myo/ MPA ရန်ကုန်တွင် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားရှိသည့် မိသားစုများမှာ စစ်မှုထမ်းတစ္ဆေ ခြောက်လှန့် ခံနေရကြောင်း သိရသည်။ ရန်ကုန်မြို့နေ လူငယ်နှင့် အသက်၄၀အရွယ်လူလတ်ပိုင်းများရှိသည့် မိသားစု ၉ခုကို MPAက မေး မြန်းခဲ့ရာ ၎င်းတို့အားလုံးက စစ်မှုထမ်းပြဿနာကြောင့် ပေါ်တာဆွဲခံရမည့်ကိစ္စနှင့် အိမ်ထဲအထိ ဝင် ဆွဲခံရမည်လားဆိုသည့် သောကဖြင့် နေထိုင်နေကြရကြောင်း ပြောသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/12455/
104
4
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 24 - 30, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 24 - 30, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၉ မြို့နယ် မှ လူ ၂၆ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ ရွှေပြည်သာ၊ အင်းစိန်၊ လှည်းကူး၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ စမ်းချောင်းမြို့နယ်တို့ဖြစ်သည်။ ကားလမ်းမဘေးရှိနေစဉ်/သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂၄ ဦး နှင့် နေအိမ်ထိရှာဖွေဖမ်းဆီးခံရသူ ၂ ဦး တို့ဖြစ်သည်။ · ထို့ပြင် ဩဂုတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ကလည်း ၉ ဦး ဖမ်းဆီးခံခဲ့ရသည်။ ကားလမ်းမဘေးရှိနေစဉ်/သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၈ ဦး နှင့် အလုပ်ဖြင့်မျှားပြီး ဖမ်းဆီးခံရသူ ၁ ဦးတို့ဖြစ်သည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ရောက်နေ · ဩဂုတ်လ ၂၉ ရက်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့သို့ ရောက်ရှိနေခဲ့သည်။ ထိုနေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ထဲ ရှိနေခဲ့ပြီး ထိုနေရာမှ ကားဖြင့် ဝင်လာပုံရသည်။ တွံတေးမြို့ထဲ ဝင်လည်ပြီးနောက် ရန်ကုန်-တွံတေး ကားလမ်းမနှင့် ရန်ကုန်မြစ်တို့ကိုပါ လှည့်ပတ်ကြည့်သွားသည်ဟု စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ ———— ▪️YMBA ပြန်ပေးဆွဲဖြစ်စဉ်မှ သံသယရှိသူများကို ဖမ်းထားဟု ဆို · စစ်တပ်၏ YMBA အသင်း ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ပြန်ပေးဆွဲဖို့ လုပ်ခဲ့သည့်ဖြစ်စဉ်မှ သံသယရှိသူ ၄ ဦးကို ဖမ်းထားကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ စရဖဟု မိမိကိုယ်ကို ဆိုပြီး ဝင်ဖမ်းဖို့ ကြိုးစားသည်ဟု ဆိုသည်။ YMBA အသင်းကမူ ၎င်းဖြစ်စဉ်မှာ အသင်းနှင့် မဆိုင်ပဲ အဆိုပါဗဟိုအတွင်းရေးမှူးကို ပုဂ္ဂိုလ်ရေးရန်ငြိုးထားမှုကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ———— ▪️အမေရိကန်သံတမန် သေဆုံးမှု သံသယရှိသူကို ထောင် ၁ နှစ်ချ · အမေရိကန်သံတမန် သေဆုံးမှု ပတ်သက်ပြီး သံသယရှိသူ ထိုင်းအမျိုးအသမီးကို စစ်တပ်မှ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်သည်ဟု သိရသည်။ လဝက ဥပဒေချိုးဖောက်မှုဖြင့် ထောင်ချခြင်းဖြစ်ပြီး လူသတ်မှုနှင့် ပတ်သက်ပြီး တရားမစွဲသေးကြောင်း သိရသည်။ လွန်ခဲ့သည့် မေလ ၁၁ ရက်နေ့က ကမာရွတ်မြို့နယ် Sakura Residence ၌ အဆိုပါ အမေရိကန်သံတမန် ဓားဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်။ ———— ▪️ဝမ်းရောဂါ ပျံ့နှံ့နေဆဲ · ရန်ကုန်မြို့ထဲ ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့ပွားမှုကြောင့် သေဆုံးသူများ တိုးလာသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်ပဲ ချန်လှပ်ထားကြောင်း People's Spring မှ သိရှိရသည်။ ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိပြီး သေဆုံးသူ မရှိဟု စစ်တပ်က သတင်းထုတ်ပြန်ထားသော်လည်း တကယ့်လက်တွေ့တွင် ၁၀၀၀ ကျော် ရောဂါဖြစ်ပွားနေပြီး ၅ ဦး သေဆုံးထားပြီဟု ဆိုသည်။ မြို့နယ်အချို့ရှိ လမ်းဘေးဈေးဆိုင်များကိုလည်း ပိတ်ခိုင်းထားဆဲဖြစ်ကြောင်း သိရသည်။ ———— ▪️စမ်းချောင်း အုပ်ကြီးများ ပြန်လွတ်လာ · စည်ပင်ထံမှ ခွင့်ပြုချက်မရပဲ တိုက်ဆောက်လုပ်ထားသည့်ကိစ္စဖြင့် ဖမ်းဆီးထားသည့် စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ စမ်းချောင်းနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ 31 Aug 2026 #RangoonScoutNetwork #YGN_weekly
76
5
🆕 DAILY HIGHLIGHTS (22-27 AUG 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ရှမ်းပြည်နယ်တွင် RCSS နှင့် စစ
🆕 DAILY HIGHLIGHTS (22-27 AUG 2026) •••••••••••••••®••••••••••••••• 💥 စစ်ရေးထူးခြားသတင်းများ ရှမ်းပြည်နယ်တွင် RCSS နှင့် စစ်တပ် တိုက်ပွဲဖြစ် – KT ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ဗီယက်နမ်သမ္မတက မင်းအောင်လှိုင်ကို တရားဝင် ခရီးစဉ် ဖိတ်ခေါ်ဟုဆို – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ ကမ္ဘာ့ရွှေဈေးတက်၊ ပြည်တွင်းရွှေဈေး တကျပ်သားကို ကျပ် ၁၀၃ သိန်း ကျော်လာ – DVB ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို CRPH ဖျက်သိမ်း – MPA မင်းအောင်လှိုင်က ပြည်ထောင်စုအင်္ဂါစဉ်စာရင်းကို နေရာ ၅၀ အထိ တိုးချဲ့ကာ ကာကွယ်ရေးဦးစီး ချုပ်ကို အဆင့် ၆ သို့ တိုးမြှင့် – KT ———— ☢️ နျူကလီးယား မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံကို လာမယ့်နှစ်မှာ ဆောက်ဖို့ ရုရှားမျှော်လင့် – BBC ———— ➕ အခြားထူးခြားသတင်းများ KBZ Bank၊ AYA Bank၊ Htoo Hospitality နှင့် Parami University ဆိုက်ဘာတိုက်ခိုက်ခံရပြီး ဒေတာအချက်အလက်များ ရရှိထားသည်ဟု The Crew ဟက်ကာအဖွဲ့ က ကြေညာ – KT ကမ္ဘောဇဘဏ် ဆိုက်ဘာ တိုက်ခိုက်ခံရမှု မရှိဟု ငြင်းဆို – KT ပြည်ပရောက် မြန်မာများက KBZ-Pay၊ Wave Money ၊ AYA Pay၊ CB Pay၊ Mobile Banking အသုံးပြု၍ ငွေလွှဲ၊ ငွေယူမှုများကို ဩဂုတ် ၂၈ ရက်နေ့ နောက်ဆုံးထား ပိတ်ပင်ရန် စစ်တပ်ဗဟိုဘဏ် ညွှန်ကြား – KT #RangoonScoutNetwork
82
6
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 17 - 23, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️လေတပ်စစ်ဦးစီးအရာရှိ၏ နေအိမ် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ · အကြမ်းဖက်စစ်တပ်၏ မိတ္ထီလာလေတပ် စစ်ဦးစီးအရာရှိ ဗိုလ်မှူးစိုးသူရဝင်း၏ ရန်ကုန်မြို့ရှိ နေအိမ် ဩဂုတ်လ ၂၂ ရက် ညဘက်တွင် ပါဆယ်ဗုံးပို့ တိုက်ခိုက်ခံရကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၇ လမ်းရှိ နေအိမ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းဗိုလ်မှူးပိုင် ကားနှင့် အိမ်တို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါနေ့ ည ၆ နာရီ ၃၈ မိနစ်ခန့်တွင် တာမွေမြို့နယ်ဘက်မှ ဗုံးပေါက်ကွဲသံဟုယူဆရသည့် အသံကျယ်ကြားခဲ့ရကြောင်းလည်း သိရှိရသည်။ ———— ▪️စစ်တပ်၏ YMBA အတွင်းရေးမှူးများကို လူတစုမှ ဖမ်းဖို့ကြိုးစား · ဩဂုတ်လ ၂၀ ရက် နေ့လည် ၁ နာရီခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားအနီး၊ YMBA ရုံးခန်း၌ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ YMBA ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင် နှင့် အခြားလူ ၃ ဦးတို့ ရှိနေကြစဉ် အပြင်မှ လူ ၄ ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဦးမောင်မောင်ညွန့်နှင့် ဒေါ်မြတ်စုလှိုင်တို့ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြကြောင်း စစ်တပ်လော်ဘီ မီဒီယာများမှ ဖော်ပြထားကြသည်။ ဝင်လာသည့် လူ ၄ ဦးတွင် သေနတ်ပါလာသည်။ ဝင်ဝင်လာချင်း ရုံးထဲရှိနေသည့် အခြားလူ ၃ ဦးတို့ ထွက်ပြေးသွားနိုင်ခဲ့ကြသည်။ ဦးမောင်မောင်ညွန့်ကို ရိုက်နှက် ကြိုးဖြင့်တုပ်ပြီးနောက် ဒေါ်မြတ်စုလှိုင်ကို သေနတ်ဖြင့် ခြောက်လှန်‌ဖမ်းခေါ်ရာ ၎င်းမှ ခုခံအော်ဟစ်၍ ရုံးဝင်းအနီးရှိလူများရောက်လာကြသဖြင့် ဝင်ဖမ်းနေသည့်လူများ ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။ ကနဦး ဦးမောင်မောင်ညွန့်ကားဖြင့် မောင်းပြေးဖို့ကြိုးစားသော်လည်း လူဝိုင်းလာသဖြင့် ခြေလျင်ဖြင့် ထွက်ပြေးသွားကြသည်ဟု သိရသည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၃ မြို့နယ် မှ လူ ၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ လှည်းကူး၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။ · Tik Tok ပေါ် စစ်တပ်ကို ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ စစ်ဆေးရေးဂိတ်၌ မှတ်ပုံတင်စစ်ခံရပြီးဖမ်းခံရသူ ၂ ဦး၊ လမ်းပေါ်သွားလာနေစဉ် ရမ်းသမ်းဆွဲဖမ်းခံရသူ ၂ ဦး တို့ဖြစ်သည်။ · ထို့ပြင် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း လူငယ် ၃ ဦး လှိုင်သာယာမြို့နယ်ရှိ ဖိနပ်ချုပ်စက်ရုံတခုမှ အလုပ်ဆင်းပြီး အိမ်အပြန်တွင် ပေါ်တာဆွဲဖမ်းဆီးခံခဲ့ကြရသည်။ ———— ▪️စမ်းချောင်း ရပ်ကွက်အုပ်ကြီးများကို စစ်တပ်က စစ်ကြောနေ · စမ်းချောင်းမြို့နယ်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ယောက်ကို စစ်တပ် စရဖက ဖမ်းဆီးပြီး စစ်ကြောနေကြောင်း သိရှိရသည်။ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်မြောက်၊ မုန့်တောင်၊ သံတံတား၊ လင်းလွန်းမြောက်၊ လင်းလွန်းတောင် ရပ်ကွက်တို့မှ အုပ်ကြီးများကို ရေကြည်အိုင်စစ်ကြောရေး နှင့် ကုန်းမြင့်သာစစ်ကြောရေးစခန်းများ၌ စစ်ဆေးနေခြင်းဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်သည့် EPC မန်နေဂျာ၊ စာရေးမ နှင့် ကန်ထရိုက်တာ ၁ ဦးတို့လည်း စစ်ကြောခံနေရသည်ဟု သိရသည်။ စည်ပင်၏ ခွင့်ပြုချက်မရှိပဲ လာဘ်စားကာ အဆောက်အဦးများ ဆောက်လုပ်ထားသည့်ကိစ္စဖြင့် စစ်ကြောနေသည်ဟု ဆိုသည်။ ထိုသို့ဆောက်လုပ်ထားသည့် အဆောက်အဦး စုစုပေါင်း ၃၂ လုံးခန့် ရှိပြီး တချို့အဆောက်အဦးတို့တွင် 'ခွင့်ပြုချက်မရှိပဲ ဆောက်ထား၍ နေထိုင်ခွင့်မရှိ'ဟုဆိုကာ စည်ပင်က သတိပေးစာများ လိုက်ကပ်ထားသည်။ ———— ▪️ရဲတပ်ရင်းများမှ ရဲများကို ရှေ့တန်းဒေသများသို့ ပို့ · ရန်ကုန်ရှိ ရဲတပ်ရင်း ၆ ရင်းမှ ရဲများကို ဩဂုတ်လ ၁ ရက်နေ့မှစပြီး ရှေ့တန်းစစ်မြေပြင်ဒေသများသို့ ပို့ဆောင်နေကြောင်း MPA မှ သိရှိရသည်။ ခရိုင်နှင့် မြို့နယ် ရဲများကို ဘဏ်နှင့် ဌာနဆိုင်ရာ လုံခြုံရေးယူခိုင်းထားပြီး အင်အားမလောက်၍ ရဲသတင်းပေးများကိုပါ ခေါ်ထားပြီး အင်အားပြထားရကြောင်းလည်း သိရသည်။ ———— ▪️အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု · အရှေ့ဒဂုံမြို့နယ်၊ Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံ၌ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြသည့် အလုပ်သမားများကို ဩဂုတ်လ ၁၄ ရက်နေ့တွင် စက်ရုံမန်နေဂျာက အကြမ်းဖက်ရဲများခေါ်ပြီး ပေါ်တာဆွဲဖမ်းခိုင်းလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 'လုပ်ချင်လုပ်၊ မလုပ်နိုင်ရင်ထွက်' ဟုလည်း ၎င်းက ပြောခဲ့သည်။ အလုပ်သမား ၇၀၀ ကျော်က ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ တောင်းဆိုဆန္ဒပြနေကြခြင်းဖြစ်သည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ကမာရွတ်၊ အလုံနှင့် လှိုင်သာယာမြို့နယ်တို့ထဲ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ 24 Aug 2026 #RangoonScoutNetwork #YGN_weekly
85
7
🆕 DAILY HIGHLIGHTS (16-20 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ စစ်ကိုင်း နဲ့ မန္တလေး ယူနစ
🆕 DAILY HIGHLIGHTS (16-20 AUG 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ စစ်ကိုင်း နဲ့ မန္တလေး ယူနစ်တို့ SCEF အဖွဲ့ဝင်ဖြစ်ဖို့ သဘောတူကြောင်း SCEF ထုတ်ပြန် – THN ဦးအောင်ကြည်ညွန့် NLD CWC က နုတ်ထွက် – THN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ပူတင်နဲ့တွေ့ – BBC စက်တင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ မင်းအောင်လှိုင်သွားရောက်မည် – MPA မြန်မာ့အကျပ်အတည်းအတွက် EU က အရေးပေါ် အကူအညီအသစ် ထပ်မံပေးမည် – DVB နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ် – BBC မြန်မာနိုင်ငံတွင် ရုရှားက ရေနံနှင့်သဘာ၀ဓာတ်ငွေ့တူးဖော်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် လုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားတယ်ဟု ပူတင်ပြော – KT SCEF ရဲ့ ဂျပန်ခရီးစဉ်မှာ KNU ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင် – BBC ———— 💵 စီးပွားရေးထူးခြားသတင်းများ သန်လျင်ရေနံချက်စက်ရုံက ထုတ်လုပ်သည့် အရည်အသွေး မမှီသော စက်သုံးဆီများကို ပြည်ပ စက်သုံးဆီများ၏ နေရာတွင် အစားထိုးတော့မည်ဟု ဆို – KT ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက် – DVB ———— ⌛ ရာထူးကြီးအပြောင်းအရွှေ့ စစ်တပ် စစ်ဦးစီးအရာရှိချုပ် (ရေ) ပြောင်းလဲခန့်အပ် – DVB ———— ➕ အခြားထူးခြားသတင်းများ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ ၄ သန်းကျော်ရှိလာဟု UNHCR က သတိပေး – KT ထိုင်းစစ်တပ်က မြန်မာစစ်အရာရှိများကို စစ်သင်တန်းများတွင် လက်ခံမည်ဟုဆို – KT #RangoonScoutNetwork
97
8
‼️‼️သတိထားရမည့် telegram အကောင့် လုံခြုံရေးကျိုးပေါက်မှု‼️‼️ 🗣ကိုယ့်လူတို့ရေ... ⚠️ လက်ရှိအခြေအနေမှာ Telegram အကောင့်တွေ ကျို
‼️‼️သတိထားရမည့် telegram အကောင့် လုံခြုံရေးကျိုးပေါက်မှု‼️‼️ 🗣ကိုယ့်လူတို့ရေ... ⚠️ လက်ရှိအခြေအနေမှာ Telegram အကောင့်တွေ ကျိုးပေါက်မှုများစွာဖြစ်ပေါ်နေပါတယ်။ ⚠️ ဒါကြောင့် သတိရှိဖို့ လိုအပ်ပါတယ်။ Telegram Bot တွေကိုမယုံပါနဲ့။ မလိုအပ်ပဲ Download မဆွဲပါနဲ့။ ⚠️ကိုယ်တောင် မသိလိုက်ပဲ Telegram Chat ထဲကနေ Link တစ်ခုဝင်ရောက်နှိပ်မိရာကနေပြီးတော့မှ အွန်လိုင်းတိုက်ခံမှုများခံရနိုင်ပြီး...မိမိအကောင့်ကိုရယူသွားနိုင်ပါတယ်။ ⁉️ကိုယ့်ကိုပြန်မေးကြည့်ပါ... Telegram မှာ ⛓ Log in device စစ်ပြီးပြီလား 📱ဖုန်းနံပါတ်ဖျောက်ပြီးပြီလား 🕹နှစ်ဆင့်လုံခြုံရေးခံပြီးပြီလား ဒါတွေမလုပ်ရသေးဘူးဆိုတော့ အခုပဲ setting တွေ ချိန်ထားဖို့ အကြံပြုလိုက်ပါတယ်။ 👉https://t.me/SpringRevSecurity/1872
84
9
၁၈.၈.၂၀၂၆ ရက်နေ့၊ ၁၄ ၁၂ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ်(၇)လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။
103
10
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 10 - 16, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 10 - 16, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၈ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️စစ်မှုထမ်းသင်တန်း · ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်မှုထမ်းအမှတ်စဉ် ၂၅ သင်တန်းဆင်းကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ · စစ်မှုထမ်းအမှတ်စဉ် ၄ သင်တန်းဆင်းများထဲမှ အသက်ရှင်ကျန်ရစ်သူများကို လက်မှတ်ထုတ်ပေးခဲ့ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ကြေညာထားသည်။ · အမျိုးသမီးစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကို ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကမူ ငြင်းဆိုထားသည်။ ———— ▪️ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းမြင့်နေ · ယခုရက်သတ္တပတ်ထဲ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြကြောင်း သိရှိရသည်။ မြို့လယ်ခေါင် လသာ နှင့် လမ်းမတော်မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြပြီး ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူနာများ ပြည့်နေသည်။ ထို့ပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ရောဂါဖြစ်သူများ ရှိနေပြီး ရန်ကုန်အနောက်ပိုင်း‌ဆေးရုံ၊ အရှေ့ပိုင်း‌ဆေးရုံများတွင် လူနာအများအပြား ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ စည်ပင်က လမ်းဘေးဆိုင်များကိုလည်း ယာယီပိတ်သိမ်းခိုင်းလိုက်သည်။ ———— ▪️ရွှေဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲသည့်ထဲ ရဲများပါ · ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်အား ပြန်ပေးဆွဲသွားသူများကို ပြန်ဖမ်းမိရာ ရဲ ၂ ယောက်ပါကြောင်း Khit Thit မှ သိရှိရသည်။ စုစုပေါင်း ၉ ယောက် ပြန်ဖမ်းမိခြင်းဖြစ်သည်။ ဩဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆိုင်ပိုင်ရှင် ဦးအောင်မြင့် ဆိုင်မှ နေအိမ်သို့အပြန် အိမ်ရှေ့အရောက်တွင် ဖမ်းဆီးသွားကာ မိသားစုကို ဆက်သွယ်၍ ပြန်ရွေးငွေ ကျပ်သိန်း ၄၅၀၀ နှင့် ရွှေ ၆၀ ကျပ်သား တောင်းခဲ့သည် သိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် သင်္ဃန်းကျွန်း၊ စမ်းချောင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️YBS ယာဉ်စီးခ · YBS ယာဉ်စီးခများကို စက်တင်ဘာလ ၁ ရက်နေ့တွင် တိုးမြှင့်ကောက်ခံမည်ဟု စစ်တပ်၏ YRTC မှ ထုတ်ပြန်ကြေညာခဲ့သော်လည်း ဝေဖန်မှုများလို့ဟုဆိုကာ ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြန်လည်ပယ်ဖျက်လိုက်သည်ဟု ဆိုသည်။ ကျပ် ၄၀၀ ကျပ်တန် ယာဉ်စီးခများကို ကျပ် ၆၀၀ ထိ၊ ကျပ် ၂၀၀ တန် ယာဉ်စီးခများကို ကျပ် ၃၀၀ ထိ ကောက်ခံဖို့ စီစဉ်ထားခဲ့ကြခြင်းဖြစ်သည်။ ———— ▪️အလုပ်သမား အခွင့်အရေးလှုပ်ရှားမှု · အရှေ့ဒဂုံမြို့နယ်၊ Yangon Oscar Fashion အထည်ချုပ်စက်ရုံတွင်လည်း ဩဂုတ်လ ၁၀ ရက်မှစတင်၍ လုပ်ခလစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုမှုများလုပ်နေပြီး အကြမ်းဖက်ရဲများ ရောက်လာကာ ဆူဆူညံညံမလုပ်ရဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာဆေးဗားလ်စပရင်း အင်တာပရိုက်လီမိတက် အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြနေကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်၊ Spring Moon Garment Co., Ltd အထည်ချုပ် (CMP) စက်ရုံမှ အလုပ်သမားများ၏ ရက်ပေါင်း ၃၀ ကျော်ကြာ တောင်းဆိုမှုမှာမူ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်အကြား သဘောတူညီချက်ရရှိပြီးနောက် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရှိရသည်။ ———— ▪️မြေငလျင်ငယ်လှုပ်ခတ် · ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၅ နာရီ ၂၃ မိနစ်ခန့်တွင် တိုက်ကြီးမြို့အနီး ဗဟိုပြု၍ အင်အား ၃.၁ အဆင့်ရှိ မြေငလျင်ငယ်လှုပ်ခတ်သွားကြောင်း သိရှိရသည်။ ———— ▪️ရေလှောင်ကန် တာပေါက် · သန်လျင်မြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ ရေနံချက်စက်ရုံဝင်းအတွင်းရှိ ရေလှောင်ကန် ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တာပေါက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 17 Aug 2026 #RangoonScoutNetwork #YGN_weekly
105
11
ဘဏ်များရှိ လူထုအပ်နှံငွေများအပေါ် စစ်ကော်မရှင် စွက်ဖက်လာသဖြင့် ဘဏ်စနစ် ပျက်စီးမည်ကို ပြည်သူများ စိုးရိမ် 15 Aug 2026 By Cherr
ဘဏ်များရှိ လူထုအပ်နှံငွေများအပေါ် စစ်ကော်မရှင် စွက်ဖက်လာသဖြင့် ဘဏ်စနစ် ပျက်စီးမည်ကို ပြည်သူများ စိုးရိမ် 15 Aug 2026 By Cherry May / MPA ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ စုဆောင်းငွေများကို စစ်ကော်မရှင်က ၎င်းတို့စိတ်ကြိုက် ဝင်ရောက်စွက်ဖက် ချုပ်ကိုင်ရန် ကြိုးပမ်းလာသည့်အတွက် အပ်နှံငွေများ ဆုံးရှုံးသွားမည်ကို ပြည်သူများ စိုးရိမ်ထိတ်လန့်လျက် ရှိကြသည်။ စစ်စရိတ်နှင့် လက်နက်ဝယ်ယူရေးအတွက် နည်းမျိုးစုံဖြင့် အခွန်ကောက်ခံခြင်း၊ ပို့ကုန်သွင်းကုန်ဆိုင်ရာ နိုင်ငံခြားငွေများကို ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည့် စစ်ကော်မရှင်သည် အခုအခါ ဘဏ်လုပ်ငန်းကဏ္ဍ အထွဋ်အထိပ်ဖြစ်သည့် ဗဟိုဘဏ်ကို အသုံးပြု၍ ပုဂ္ဂလိကဘဏ်များ၏ ငွေကြေးစနစ် တစ်ခုလုံးကို စိစစ်စွက်ဖက်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12062/
113
12
စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA
စက်တင်ဘာ ၁ ရက်မှစပြီး YBS ယာဉ်စီးခ ကျပ် ၆၀၀ အထိ တိုးမြှင့်မည်၊ ရန်ကုန်လူထု ပိုကျပ်တည်းလာနိုင် 15 Aug 2026 By Cherry May / MPA ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အထွေထွေ စားဝတ်နေရေးစရိတ် ကျပ်တည်းမှုများ ရင်ဆိုင်နေရချိန်တွင် ရန်ကုန်မြို့၌ နေ့စဉ် အဓိက အားထားစီးနင်းနေရသည့် YBS လိုင်းကားများ၏ တရားဝင် ယာဉ်စီးခကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ထုတ်ပြန်ချက်အရ လက်ရှိ ၂၀၀ ကျပ် ကောက်ခံနေသည့် ယာဉ်စီးခကို ၃၀၀ ကျပ်သို့ လည်းကောင်း၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံနေသည့် နှုန်းထားကို ၆၀၀ ကျပ်သို့ လည်းကောင်း အသီးသီး တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/12053/
86
13
🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ နိုင်ငံရေးပြဿနာကို နိုင်ငံရ
🆕 DAILY HIGHLIGHTS (7-13 JUN 2026) •••••••••••••••®••••••••••••••• 🔍 နိုင်ငံရေးထူးခြားသတင်းများ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု SSPP ပြော – DVB NDAA မိုင်းလားအဖွဲ့နဲ့ NSPNC တွေ့ဆုံဆွေးနွေး – THN ———— 🟢 နိုင်ငံခြားရေးထူးခြားသတင်းများ အာဆီယံ အထူးကိုယ်စားလှယ် မလိုအပ်ဟု စစ်ကော်မရှင်က အာဆီယံကို စိန်ခေါ် – MPA မြန်မာပြည်က ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်း – VOM အမေရိကန်ဖက်ဒရယ်တရားရုံးက မြန်မာအတွက် ယာယီနေထိုင်ခွင့် (TPS) ကို အပြီးသတ်ရပ်ဆိုင်း – BBC ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး အာဆီယံဥက္ကဋ္ဌ၏ တောင်းဆိုမှုအပေါ် စစ်ကောင်စီက စိတ်ပျက်ဟု တုံ့ပြန် – KT နိပွန်ဖောင်ဒေးရှင်းက မစ္စတာ ဆာဆာကာဝါ နေပြည်‌တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ – THN အကြမ်းဖက် မင်းအောင်လှိုင် ရုရှားဩဇာခံ နိုင်ငံတချို့ထံသို့ ၇ ရက်ကြာ သွားရောက်ဦးမည် – KT ပဋိပက္ခ၊နေရပ်စွန့်ခွာနှင့် ရေဘေးသင့်ပြည်သူများအတွက် ယူရို ၁၀ သန်းခွဲ ဥရောပသမဂ္ဂ ကူ – MPA ———— 💵 စီးပွားရေးထူးခြားသတင်းများ မြန်မာနဲ့ ကုန်သွယ်မှု ဒေါ်လာ ၁၂ ဘီလီယံ ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ် ထုတ်ဖေါ်ပြောကြား – KT အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ ကျော် ပြန်လည်မြင့်တက်၊ ရွှေအရောင်း အဝယ် ယာယီရပ်ဆိုင်း – KT မင်းအောင်လှိုင်ထံမှ ခွင့်ပြုချက်မယူဘဲ MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် အပေးအယူလုပ်ကာ အမေရိကန်ဒေါ်လာ သန်းရာဂဏန်း ချေးယူခဲ့သည့် ကုမ္ပဏီများနှင့် ဒါရိုက်တာများကို စစ်တပ်က အမည်ပျက်စာရင်းသွင်း – KT ———— ➕ အခြားထူးခြားသတင်းများ စစ်တပ် ဦးပိုင်ကုမ္ပဏီနှင့် MEC ပိုင် စက်ရုံများကို လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀၀ ကျပ် အထူးနှုန်းဖြင့် ကောက်ခံပြီး ပုဂ္ဂလိကစက်မှုဇုန်များမှ စက်ရုံများကို မီတာခ တစ်ယူနစ် ၉၀၀ ကျပ် ကောက်ခံ – KT Smart Card ဖြင့် စက်သုံးဆီရောင်းချရေး ကနဦး စမ်းသပ်ရန် ပြင်ဆင်နေ – KT မြန်မာနိုင်ငံတွင် ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များကြောင့် လူဦးရေ ၁၂ သန်းခွဲ နီးပါး ဆာ လောင်မွတ်သိပ်နေဟု WFP သတိပေး – KT #RangoonScoutNetwork
79
14
(၁) နိဒါန်း လက်ရှိအချိန်မှာ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၌ (၁) ကာလဝမ်းရောဂါ (Cholera) နှင့် (၂) ပြင်းထန် ဝမ်းပျက်ဝမ်းလျ
(၁) နိဒါန်း လက်ရှိအချိန်မှာ ရန်ကုန်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၌ (၁) ကာလဝမ်းရောဂါ (Cholera) နှင့် (၂) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ အဖြစ်များနေပြီး လူနာများစွာကို လက်ခံကုသပေးနေရပါသည်။ ဤရောဂါများသည် အဓိကအားဖြင့် မသန့်ရှင်းသော အစားအစာနှင့် သောက်သုံးရေများမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်ပါသည်။ ရောဂါပိုးရှိသော လူနာ၏ ဝမ်းမှတစ်ဆင့် ရေ၊ အစားအစာ၊ ယင်ကောင်နှင့် ညစ်ပေသော လက်များမှတစ်ဆင့် အခြားသူများထံသို့ အလွယ်တကူ ကူးစက်ပျံ့နှံ့တတ်ပါသည်။ (၂) ကာလဝမ်းရောဂါ ကာလဝမ်းရောဂါသည် Vibrio cholerae ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါများထက် များစွာ ပိုမိုပြင်းထန်ပါသည်။ ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်နှင့် ဆားဓာတ်များကို နာရီပိုင်းအတွင်း အလွန်လျင်မြန်စွာ ဆုံးရှုံးစေပါသည်။ အချိန်မီ ရေဓာတ်ပြန်လည်မဖြည့်တင်းနိုင်ပါက သွေးပေါင်ချိန်ထိုးကျသွားပြီး ရှော့ခ်ရကာ (Shock) အသက်ဆုံးရှုံးနိုင်သည့်အထိ အန္တရာယ်ရှိသော ပြင်းထန်ဝမ်းရောဂါ ဖြစ်ပါသည်။ (၃) ကာလဝမ်းရောဂါဖြစ်ကြောင်းကို ခွဲခြားသိမြင်နိုင်သည့် အဓိက လက္ခဏာများမှာ-  ဗိုက်မနာဘဲ ဝမ်းသွားခြင်း။ သာမန်ဝမ်းရောဂါများကဲ့သို့ ဝမ်းဗိုက်ရစ်နာခြင်း၊ အောင့်ခြင်းမျိုး မရှိဘဲ ရုတ်တရက် ဝမ်းသွားတတ်ပါသည်။  ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်း။ အနံ့အလွန်ဆိုးရွားပြီး အရောင်အဆင်းမရှိသော၊ ဆန်ဆေးရည်ကဲ့သို့ ဖြူနောက်နောက် ဝမ်းအရည်များ အဆက်မပြတ် သွားခြင်းသည် ကာလဝမ်းရောဂါ၏ အထင်ရှားဆုံး လက္ခဏာဖြစ်သည်။  အခြားလက္ခဏာများအနေဖြင့် အန်ခြင်း၊ ပျို့ခြင်းနှင့် ဓာတ်ဆားဓာတ် အလွန်အမင်း ဆုံးရှုံးမှုကြောင့် ခြေသလုံးကြွက်သားများ ပြင်းထန်စွာ ကြွက်တက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါသည်။ (၄) ကာလဝမ်းရောဂါလက္ခဏာများခံစားနေရလျှင် အသက်မီဖို့ ဆေးရုံဆေးခန်းချက်ချင်းသွားဖို့လိုအပ်ပုံ အထက်ဖော်ပြပါ ဗိုက်မနာဘဲ ဆန်ဆေးရေကဲ့သို့ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်းစသည့် ကာလဝမ်းရောဂါ လက္ခဏာများ ပြသလာပါက လူနာအသက်မီဖို့အတွက် အချိန်ဆွဲမနေဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ရန် အလွန်အရေးကြီးပါသည်။ လမ်းခရီးတွင်လည်း ဓာတ်ဆားရည်ကို တိုက်ကျွေးသွားရပါမည်။ ဆေးရုံတွင် လိုအပ်သော အကြောဆေးရည် (IV Fluids) နှင့် ပဋိဇီဝဆေးများကို အချိန်မီ သွင်းယူကုသခြင်းဖြင့်သာ အသက်အန္တရာယ်ကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ (၅)သာမန်ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် အိမ်တွင် ဓာတ်ဆားရည်သောက်၍ ကုသနိုင်သော်လည်း အောက်ပါအခြေအနေများ ကြုံတွေ့လာရပါက ဆေးရုံ/ဆေးခန်းသို့ မပျက်မကွက် သွားရောက်ပြသရပါမည်- ရေနှင့် ဓာတ်ဆားရည် လုံးဝမသောက်နိုင်တော့ဘဲ အဆက်မပြတ် အန်နေလျှင်။  ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ (ဥပမာ - မျက်တွင်းဟောက်ပွက်ဖြစ်ခြင်း၊ အာခေါင် ခြောက်သွေ့ခြင်း၊ ဆီးနည်းသွားခြင်း၊ ဆီးလုံးဝမသွားတော့ခြင်း၊ အရေပြားတွန့်သွားခြင်း) ပြင်းထန်လာလျှင်။  လူနာသည် အလွန်အမင်း မှိန်းသွားလျှင် (သို့မဟုတ်) သတိလစ်ချင်သလို ဖြစ်လာလျှင်။  ဝမ်းထဲတွင် သွေး (သို့မဟုတ်) ပြည်များ ပါလာလျှင်။  အပြင်းဖျားလာလျှင်။  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ဝမ်းသွားခြင်းသည် ပို၍အန္တရာယ်ရှိသဖြင့် ပိုမိုမြန်ဆန်စွာ ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။ (၆) ကာလဝမ်းရောဂါ အပါအဝင် ဝမ်းရောဂါမဖြစ်အောင် ကာကွယ်နည်းများ သောက်ရေကို ဆူပွက်အောင် အနည်းဆုံး (၁) မိနစ်ခန့် ကျိုချက်သောက်ပါ။ ယုံကြည်ရသော ရေသန့် သို့မဟုတ် ကလိုရင်းဆေးခတ်ထားသောရေကိုသာ သုံးပါ။ ယင်နားစာများ၊ လမ်းဘေးစာများကို လုံးဝရှောင်ပါ။ အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေးရှိစဉ် စားသောက်ပါ။ အစားအစာများကို ယင်လုံအောင် အမြဲ ဖုံးအုပ်ထားပါ။ အိမ်သာတက်ပြီးတိုင်း၊ အစားအစာ မကိုင်တွယ်မီ၊ မစားသောက်မီနှင့် ကလေးအညစ်အကြေး ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။ ယင်လုံအိမ်သာကိုသာ စနစ်တကျ အသုံးပြုပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
88
15
▪️ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနှုန်းမြင့်နေ ယခုရက်သတ္တပတ်ထဲ ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေကြကြောင်း သိရှိရသည်။ မြို့လယ်ခေါင် လသာ နှင့် လမ်းမတော်မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြပြီး ရန်ကုန်ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူနာများ ပြည့်နေသည်။ ထို့ပြင် အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း ရောဂါဖြစ်သူများ ရှိနေပြီး ရန်ကုန်အနောက်ပိုင်း‌ဆေးရုံ၊ အရှေ့ပိုင်း‌ဆေးရုံများတွင် လူနာအများအပြား ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ စည်ပင်က လမ်းဘေးဆိုင်တချို့ကို ယာယီပိတ်သိမ်းခိုင်းလိုက်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ Source: MPA, Khit Thit, BBC 12 Aug 2026 #RangoonScoutNetwork
83
16
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သ
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Aug 3 - 9, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၅ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၄ မြို့နယ် မှ လူ ၁၅ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ စမ်းချောင်း၊ ဗိုလ်တထောင်၊ အင်းစိန်နှင့် မှော်ဘီမြို့နယ်တို့ဖြစ်သည်။ · Facebook ပေါ် စစ်တပ်ဝေဖန်လို့ဆိုပြီး ဖမ်းဆီးခံရသူ ၁ ဦး၊ လမ်းဘေးဆိုင်ထဲ ထိုင်နေစဉ် အရက်/ဘီယာ သောက်လို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၅ ဦး တို့ဖြစ်သည်။ ———— ▪️၈၈၈၈ နှစ်ပတ်လည်နေ့ လှုပ်ရှားမှုများ ပြုလုပ် · ဩဂုတ်လ ၈ ရက် (၈၈၈၈ အရေးတော်ပုံကြီး ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့) တွင် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့၌ '#8888' ဘန်နာစာတန်းကိုင်ဆောင်၍ "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုပ်ရှားခဲ့ကြသည်။ · ထို့ပြင် Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Linn Yaung Ni Youth Organization (LYNYO) တို့ ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့မှလည်း ရန်ကုန်မြို့တနေရာ ကုန်းကျော်တံတားဘေး ကွန်ကရစ်နံရံပေါ်Projector ဖြင့် တော်လှန်ရေးစာသားနှင့် ပုံရိပ်များထိုးပြခဲ့ပြီး လှုပ်ရှားခဲ့ကြကြောင်း ဩဂုတ်လ ၇ နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ ———— ▪️စစ်တပ် တိုက်လေယာဉ် ပျက်ကျ · ဩဂုတ်လ ၃ ရက်နေ့ မနက် ၅ နာရီ ၁၆ မိနစ်တွင် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် ၁ စီး စမ်းသပ်ပျံသန်းနေစဉ် မှော်ဘီမြို့၊ ညောင်နှစ်ပင်ကျေးရွာအနီး၌ ငှက်တကောင်နှင့် ထိခိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျသွားခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။ လေယာဉ်မှူးများ Eject လုပ် ခုန်ထွက်နိုင်ခဲ့သည်ဟု ဆိုသည်။ · ၎င်းပျက်ကျခဲ့သည့် တိုက်လေယာဉ်မှာ FTC-2000G ၊ လေယာဉ်အမှတ် ၁၄၀၇ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထဲ အသစ်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း MDSI က သတင်းထုတ်ပြန်ထားသည်။ နံနက်လင်းအားကြီးချိန် ပျံသန်းမှုများမှာ လေကြောင်းဗုံးကြဲဖို့အတွက်သာဖြစ်နိုင်သည်ဟုလည်း ဆိုသည်။ ———— ▪️စစ်မှုထမ်းသင်တန်း · စစ်မှုထမ်းသင်တန်းစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း အကြမ်းဖက်စစ်တပ်မှ သတင်းထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့်နေ့တွင် လူဦးရေမပြည့်၍ ပုံမှန်ထက်နောက်ကျပြီးမှ ဖွင့်ခဲ့ကြကြောင်း Khit Thit မှ ဖော်ပြထားသည်။ ———— ▪️ဆွီဒင်သံရုံး ပိတ်သိမ်း · ဩဂုတ်လ ၇ ရက်နေ့မှစပြီး လှိုင်မြို့နယ်ရှိ ဆွီဒင်သံရုံးကို အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲမှ ကြေညာခဲ့သည်။ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲ facebook အကောင့်ကိုပါ ပိတ်သိမ်းမည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ကိစ္စများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆွီဒင်သံရုံးမှတဆင့်သာ လုပ်တော့မည်ဟုဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလထဲ ဖင်လန်သံရုံး ပိတ်သိမ်းခဲ့ပြီး ယခု ဆွီဒင်သံရုံးထပ်မံ ပိတ်သိမ်းခြင်းဖြစ်သည်။ နှစ်ကုန်ပိုင်းတွင် ဒိန်းမတ်သံရုံးပါ ပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ထားသည်။ 10 Aug 2026 #RangoonScoutNetwork #YGN_weekly
106
17
🔥 မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း 🔥 Online Photo Campaign 8 Aug 2026 ၈၈၈၈ အထိမ်းအမှတ်အဖြစ်ဖော်ဆောင်သည့် "မပြ+9
🔥 မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း 🔥 Online Photo Campaign 8 Aug 2026 ၈၈၈၈ အထိမ်းအမှတ်အဖြစ်ဖော်ဆောင်သည့် "မပြီးဆုံးသေးတဲ့ ၈၈၈၈ - လူထုအားနဲ့ ဒို့အတူရုန်း" Online Photo Campaign အား Milk Tea Yangon နှင့် Yangon Drone၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့နှင့်အတူ မြန်မာပြည်တွင်းနှင့် နိုင်ငံတကာရောက် မြန်မာပြည်သူများမှပူးပေါင်းဖော်ဆောင်ခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် ဩဂုတ်လ (၈၈၈၈) လူထုအရေးတော်ပုံ သည် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုအတွက် ပြည်သူတစ်ရပ်လုံး အတူတကွ ရပ်တည်ခဲ့သော သမိုင်းဝင် လူထုလှုပ်ရှားမှုတစ်ခု ဖြစ်ကာ ထိုစိတ်ဓာတ်သည် ယနေ့တိုင် မပျောက်ကွယ်သေးဘဲ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ၈၈၈၈ မှာ စတင်ခဲ့သော ဒီမိုကရေစီခရီးစဉ်ကို နွေဦးတော်လှန်ရေးတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ရန် ကျွန်ုပ်တို့အားလုံး၏ အသံ၊ အင်အားနှင့် ပါဝင်မှုများ လိုအပ်နေပါသည်။ မပြီးဆုံးသေးတဲ့ ၈၈၈၈ ရဲ့ စိတ်ဓာတ်ကို လူထုအားနဲ့ ဆက်လက်အသက်သွင်းပြီး နွေဦးအောင်ပွဲဆီ ဒို့အတူရုန်းကြပါစို့။ #မပြီးဆုံးသေးတဲ့၈၈၈၈လူထုအားနဲ့ဒို့အတူရုန်း #MilkTeaYangon #YangonDrone #8888Campaign #NeverForget8888 #Myanmar #WhatsHappeningInMyanmar
135
18
💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ) ​၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်
💙ကမာရွတ် အထက (၅) ကျောင်းရှေ့၌ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် (ရုပ်သံ) ​၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ်မြောက် အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့သည့် ကမာရွတ်မြို့နယ်၊ အထက (၅) ကျောင်းရှေ့တွင် "ရေဘဝဲ" (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "8888" ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ​တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး စသည့် နိုင်ငံရေးကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖိနှိပ်၊ ဖြိုခွင်း၊ သတ်ဖြတ်မှုများကြားမှ တစ်ပါတီအာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး၏ နိုင်ငံရေးအောင်မြင်မှု မှတ်တိုင်တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ထို့အတူ ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ခရီးကြမ်းပေါ်တွင် လျှောက်လှမ်းခဲ့ကြသည့် အရေးတော်ပုံခြေလှမ်းများသည် ယခု ၂၀၂၁ နွေဦးတော်လှန်ရေးတွင် အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်။ ​မိမိတို့အနေဖြင့် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံတပ်သားများ၏ အတွေ့အကြုံကောင်းများနှင့် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကို လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးရဲဘော်များ၏ အတွေးအမြင်သစ်များကို ပေါင်းစပ်ကာ၊ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံဖြင့် ဟန်ချက်ညီညီ လှုပ်ရှားနေကြသော အလွှာအသီးသီး၊ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်များနှင့်အတူ မပြီးဆုံးသေးသည့် အရေးတော်ပုံတာဝန်များကို ကျရာကဏ္ဍမှ သမိုင်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ ​အရေးတော်ပုံ အောင်ရမည်။ ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL ရေဘဝဲ တယ်လီဂရမ် - https://t.me/CTOPUSMYANMAR #ရှစ်လေးလုံး #၈၈၈၈ #8888 #OCTOPUS #ရေဘဝဲ
68
19
🖥 ရန်ကုန် တပတ်တာ အခြေအနေ •••••••••••••••®••••••••••••••• ယခု ရက်သတ္တပတ် [Jul 27 - Aug 2, 2026] ထဲ ရန်ကုန်တိုင်းအတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များဖြစ်သည်။ ခေါင်းစဉ် ၇ ခု ခွဲ၍ ဖော်ပြထားသည်။ ▪️စစ်တပ် ကာကွယ်ရေးဝန်ကြီးနေအိမ် ပါဆယ်ဗုံးပို့ခံရ · အကြမ်းဖက်စစ်တပ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်တိုင်းရှိ နေအိမ်သို့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပါဆယ်ဗုံးပို့ခံရကြောင်း Khit Thit မှ သိရှိရသည်။ ဗုံးပို့ခံရသည့်နေအိမ်မှာ ကမာရွတ်မြို့နယ်၊ ၈ ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ခြံအမှတ် ၂၁/၂၂ ဖြစ်ပြီး ထွန်းအောင်၏ဇနီး တင်မိုးနွယ် အမည်ဖြင့် ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပါဆယ်ဗုံးရောက်ပြီး ၁၅ မိနစ်ခန့်အကြာတွင် စစ် DC ၄ စီးဖြင့် ဗုံးဖြုတ်အဖွဲ့များရောက်ပြီး သက်မဲ့လုပ်လိုက်ကြသည်။ အဆိုပါနေအိမ်တွင် ထွန်းအောင်၏ ဆွေမျိုးအချို့နှင့် လုံခြုံရေးအစောင့်များသာ နေကြပြီး ၎င်းမှာ နေပြည်တော်တွင် အဓိကနေထိုင်သည်။ ထွန်းအောင်မှာ ယခင်က လေတပ်ကာကွယ်ရေးဦးစီးချုပ် လုပ်ခဲ့သည်။ ———— ▪️အဖမ်းအဆီးဖြစ်စဉ်များ · ယခု ရက်သတ္တပတ်ထဲ မတရား ဖမ်းဆီးခံခဲ့ရသူတို့အနက် မြို့နယ် ၇ မြို့နယ် မှ လူ ၁၉ ဦး၏ ဖြစ်စဉ်ကို သိရှိလိုက်ရသည်။ တာမွေ၊ လှိုင်သာယာ၊ လှိုင်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဒေါပုံနှင့် သာကေတမြို့နယ်မြို့နယ်တို့ဖြစ်သည်။ · လမ်းပေါ်ရမ်းသမ်းဆွဲခံရသူ ၇ ဦး၊ စစ်မှုထမ်းစာရင်းဖြင့် နေအိမ်ထိ ရှာဖမ်းခံရသူ ၁ ဦး၊ ဝင်ငွေကောင်းသည့်အလုပ်ဖြင့် မျှားပြီး ဖမ်းခံရသူ ၃ ဦး နှင့် ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၈ ဦး တို့ဖြစ်သည်။ ———— ▪️မင်းအောင်လှိုင် ရန်ကုန်ပြန်ရောက်လာ · ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန် ပြန်ရောက်လာခဲ့ပြီး ကျောက်တံတားမြို့နယ်ရှိ ဝဇီရာကဇာတ်ရုံကို အဆင့်မြှင့်ပြီး ပြန်ဖွင့်သည့်ပွဲ လာတက်ကြောင်း သိရသည်။ 'နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံ' ဟု အမည်တပ်ထားပြီး ၎င်းတို့မိသားစုပိုင် ကဇာတ်ရုံဟု သတင်းထွက်ပေါ်နေသည်။ ၎င်းလာဖို့ရှိသည့်အတွက် ယမန်နေ့ကတည်းက ကျောက်တံတားမြို့နယ်တဝိုက် အကြမ်းဖက်တပ်သားအများအပြားချထားပြီး လုံခြုံရေးယူထားခဲ့ကြသည်။ · အဆိုပါနေ့တွင် ပန်းဘဲတန်းမြို့နယ်၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၊ ဒဂုံမြို့နယ်၊ အမျိုးသားပြတိုက် (ရန်ကုန်) နှင့် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်များနယ်မြေရှိ မြန်မာအာကာသ အေဂျင်စီ တို့ကိုလည်း ဝင်သွားခဲ့သည်။ · ထို့ပြင် နောက်နေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ MCC ခန်းမ၌လုပ်သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဒီဇယ်စက်ခေါင်းရုံ (မလွှကုန်း) သို့ ဝင်ကြည့်သွားသည်ဟု သိရသည်။ ———— ▪️ဧည့်စစ်လူရှာဖြစ်စဉ်များ · ယခု သီတင်းပတ်အတွင်း ဧည့်စစ်လူရှာဖြစ်စဉ်များအနက် ဗဟန်း၊ မြောက်ဥက္ကလာ၊ တာမွေ၊ စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်တို့ထဲ ဧည့်စစ်/လူရှာ ဝင်သွားခဲ့သည်ကို သိရှိခဲ့ရသည်။ ———— ▪️မိုးသည်းပြီး ရေကြီးရေလျှံ · မိုးသည်ထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်း မြို့နယ်အများအပြား၌ ယခုသီတင်းပတ်ထဲ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းများမှ သိရှိရသည်။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း စသည့်မြို့နယ်များတွင် ရေကြီးရေလျှံခဲ့ပြီး ယာဉ်လမ်းကြောင်းများလည်း ပိတ်ဆို့ခဲ့သည်။ ———— ▪️YBS ယာဉ်တိုက်မှုများ · ယခုနှစ် ပထမ ၆ လအတွင်း YBS ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၉ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅ ဦး ရှိခဲ့ကြောင်း စစ်တပ် YRTC မှ စာရင်းထုတ်ပြန်ထားသည်။ 03 Aug 2026 #RangoonScoutNetwork #YGN_weekly
98
20
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်
🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 ယနေ့ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ MDY Revolution မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။ 🙏 🪷 ဓမ္မဘက်မှ ရပ်တည်လျက်ရှိသော တော်လှန်ပြည်သူ၊ တော်လှန်ရဲဘော်များအားလုံး ရေလိုအေးကြပါစေ၊ ပန်းလိုမွှေးကြပါစေ၊ ကျန်းမာကြပါစေ၊ လန်းဖြာကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။ 🙏 MDY Revolution
114