en
Feedback
Hindu ဘာသာရေး အသိပညာ

Hindu ဘာသာရေး အသိပညာ

Open in Telegram

ဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။

Show more
763
Subscribers
-124 hours
No data7 days
-330 days
Posts Archive
ပဏ္ဍ၀ နိရ်ဂျလား ဧကာဒရှီးနေ့မြတ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက် ကြာသပတေးနေ့သည် ဧကာဒရှီး ၂၄ ခုအနက်မှ အမြင့်မြတ်ဆုံးအနေနဲ့ သတ်မှတ်သော ဧကာဒရှီးသည် နိရ်ဂျလား ဧကာဒရှီးဖြစ်ပါသည်။ နိရ်ဂျလား ဆိုသည်မှာ ရေတစ်စက်မျှမသောက်သည်ဟု အဓိပ္ပာယ်ရသည်။ အခြား‌သောဧကာဒရှီးနေ့များတွင် ရေသောက်၍ စောင့်ကြသော်လည်း ဤနိရ်ဂျလားဧကာဒရှီးတွင် နံနက် အာရုဏ်တက်ချိန်မှစ၍ နောက်တစ်နေ့ အာရုံတက်ချိန်အထိ ရေကိုပင်မသောက်ဘဲ ဥပုသ်ယူကြပါသည်။ ထို့ကြောင့်ဤနေ့ကို ဧကာဒရှီးအားလုံးထဲတွင်အသာလွန် ဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤဧကာဒရှီးတွင် ဥပုသ်စောင့်တည်သူများသည် ဧကာဒရှီးတိုင်းတွင် ဥပုသ်စောင့်တည်သော ကုသိုလ်အကျိုးကိုရရှိမည်ဖြစ်ပါသည်။ ဥပုသ်စောင့်ထိန်းသူများသည် သုခချမ်းသာ၊ ကြွယ်၀မှုနှင့် အပြစ်ကင်းစင်မှုတို့ကို ရရှိမည်ဖြစ်သည်။ ဤဥပုသ်နေ့တွင် နေထွက်သည်မှ နောက်တစ်နေ့ နေထွက်သည်အထိ အစားအစာ၊ ရေကိုရှောင်ကြပါသည်။ သာ၀ကတို့သည် ပြုခဲ့ဖူးသော၊ မရည်ရွယ်ဘဲပြုခဲ့မိသော မကောင်းမှုများ၊ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် ဤဧကာဒရှီးဥပုသ်ကို စောင့်တည်ကြပါသည်။ ဤဧကာဒရှီးကို ပဏ္ဍဝ ဧကာဒရှီးဟုလည်း ခေါ်ဝေါ်ကြသည်။ အကြောင်းအရင်းမှာပဏ္ဍဝညီအစ်ကိုများဖြစ်ကြသော Yudhishthira, Bhima, Arjuna, Nakula, Sahadeva တို့နှင့် ဤဧကာဒရှီးနှင့် စပ်လျဉ်း၍ ရှိသောကြောင့်ဖြစ်သည်။ သို့သော် ဘီးမ်သည် ထို ဧကာဒရှီးနေ့တိုင်းအား ဥပုလ်စောင့်တည်နိုင်ခြင်း မဖြစ်နိုင်ခဲ့ပါ။ ထိုအခါ သူသည် မဟာမူနိ ဗျားဆ်ဆီသို့သွား၍ သူ၏ခက်ခဲမှုကိုပြောကြားရာမှ မဟာမူနိကြီးဗျားဆ်က ဤအတိုင်း မိန့်ကြားတော်မူသည်။ "သင့်အတွက် ဧကာဒရှီးများအားလုံးကို ဥပုသ်တည်ဆောက်နိုင်ခြင်းမဖြစ်နိုင်လျှင် ဤဧကာဒရှီးတွင် ရေမျှပင်မသောက်သုံးဘဲ ဥပုသ်ကိုစောင့်တည်ပါ။ ထိုသို့‌ စောင့်တည်ခြင်းဖြင့် သင်သည် တစ်နှစ်ပတ်လုံးရှိ ဧကာဒရှီးများ၏ ဥပုသ်စောင့်တည်ခြင်း အကျိုးရလဒ်ကို တစ်ရက်တည်းတွင် ရရှိမည်” ဟုမိန့်ဆိုခဲ့သည်။ ပဏ္ဍ၀ ညီနောင် ၅ ဦးမှ ဘီးမ်အား ရသေ့ကြီးဗျာဆ်သည် ယခုနိရ်ဂျလား ဧကာဒရှီးသည် အထူးကဲ အမွန်မြတ်ဆုံးဖြစ်ကြောင်း၊ ဤဥပုသ်စောင့်တည်ရုံဖြင့် လောကရှိ ကုသိုလ်ခပ်သိမ်းအားရရှိနိုင်ကြောင်း မိန့်ဆိုခဲ့သည်။ ဥပုသ်စောင့်ထိန်းသူများသည် ဘုရားရှင် ဗိသ်ျှဏု (ကရိသ်ျှဏ)၏ မေတ္တာတော်၊ ကောင်းချီး အနန္တကို ရရှိပြီး အသက်ရှည်ခြင်းနှင့် လွတ်မြောက်ခြင်းကိုပါ ရရှိမည်ဖြစ်သည်။ သေလွန်ပြီးသော် ယမမင်း၏ သံတမန်များမှ မိမိအတွက် နတ်ဘုံလောက သို့မဟုတ် ငရဲဘုံလောကတို့အား ခေါ်တတ်သော်ငှား ဤဧကာဒရှီးအား သက်၀င်ယုံကြည်မှုနှင့် ပူဇော်သူများသည် သေလွန်ပြီးသော် ယမမင်း၏ သံတမန်များ၏ ခေါ်ဆောင်ခြင်းကို ခံရမည်မဟုတ်ဘဲ ဘုရားရှင် ဗိသ်ျှဏု၏ သံတမန်များမှ ခေါ်ဆောင်ကာ ဘုရားမြတ်၏ ဘုံလောကသို့ ရောက်ရှိပြီး လွတ်မြောက်ခြင်းကို ရရှိပေလိမ့်မည်။ ဤနေ့တွင် ကျမ်းဂန်များအား ဖတ်ရှုခြင်း၊ ဘုရားရှင် နာမတော်ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုသင့်ပါသည်။ ဤနေ့တွင် ဘုရားရှင် ဟရီ၏ နာမတော််ရွတ်ဖတ်ခြင်းအား ပြုလုပ်ပါ။ Om Namo Bhagavate Vasudevaya Om Namo Narayanaya Bhagavad Gita Vishnu Sahasranama Ekadashi Mahatmya များကို ရွတ်ဖတ်ပါ။ #HRK

ထိုသို့မဟုတ်ဘဲ မိမိကိုယ်ကို ဟိန္ဒူဂုရု၊ ဟိန္ဒူဘုန်းတော်ကြီးအဖြစ် ဆက်လက်သတ်မှတ်ဖော်ပြနေခြင်း၊ ဟိန္ဒူဘာသာကို ကိုယ်စားပြုသကဲ့သို့ ပြောဆိုဆောင်ရွက်နေခြင်းနှင့် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ၏ အယူအဆများကို ရောနှောတင်ပြနေခြင်းတို့သည် ဟိန္ဒူဘာသာ၏ ပုံရိပ်ကို ထိခိုက်စေနိုင်ပြီး ဟိန္ဒူဘာသာဝင်များ၏ စိတ်နှလုံးကို ထိခိုက်ညှိုးနွမ်းစေသည့်အတွက် အမြန်ဆုံး ရပ်တန့်ပေးရန် အလေးအနက် သတိပေးအပ်ပါသည်။ #HRK

ဂုရုဂျီး သျှီ၀နန္ဒဟု အမည်ခံယူ‌ထားသော ပုဂ္ဂိုလ်အား အလေးအနက် သတိပေးခြင်း။ Guru Ji Shiva Nanda ဟု မိမိကိုယ်ကို ဟိန္ဒူဂုရု၊ ဟိန္ဒူဘုန်းတော်ကြီးအဖြစ် သတ်မှတ်ဖော်ပြနေသူနှင့် စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် ယခုပို့စ်မှ တစ်ဆင့် အသိပေးအပ်ပါသည်။ ဟိန္ဒူဘာသာတွင် ဂုရုဟာ အလွန်အင်မတန် အရေးပါသော အခန်းကဏ္ဍမှပါ၀င်ပြီး ဂုရုတစ်ပါးဖြစ်ရန် ဖြည့်ကျင့်ရသော စည်းမျဉ်းစည်းကမ်းများစွာရှိပါသည်။ ဟိန္ဒူဘာသာ၌ ဂုရုတစ်ဦးဖြစ်လာခြင်းသည် မိမိကိုယ်ကို ဂုရုဟု ခေါ်ဆိုရုံမျှဖြင့် ရရှိလာသော အဆင့်အတန်းတစ်ခု မဟုတ်ပါ။ ဟိန္ဒူဘာသာ၏ ထောင်နှင့်ချီသောနှစ်များကြာ Guru–Shishya Parampara အစဉ်အလာတွင် ဂုရုတစ်ဦး၏ တရားဝင်မှုသည် ၎င်း၏ Parampara၊ Sampradaya၊ Diksha နှင့် Acharya များ၏ အသိအမှတ်ပြုမှုအပေါ် အခြေခံပါသည်။ Guru တစ်ပါးမှန်ကန်လျှင် Diksha ရပြီးဖြစ်ရန်လိုအပ်သလို တိကျခိုင်မာသော Sampradaya လမ်းစဉ်ရှိရန်အထူးအရေးကြီးပါသည်။ ဟိန္ဒူဘာသာ၌ ကျင့်ကြံအားထုတ်ရသော လမ်းစဉ်များစွာရှိသည့်အတွက် ၎င်းဂုရုဟာ ဘယ်လမ်းစဉ်ကို ကျင့်သုံး၍ ဘယ် Vedanta ကို သင်ကြားပို့ချသူဖြစ်သလဲသည် အလွန်အရေးပါပါသည်။ ဟိန္ဒူဘုန်းတော်ကြီး၊ ဂုရု၊ ဆွာမိတစ်ပါးဖြစ်ဖို့ဟာ အလွန်လွယ်ကူ ရိုးရှင်းသောအရာမဟုတ်ပါ။ ထို့အတွက် ဟိန္ဒူဘာသာအကြောင်းကို နှံ့နှံ့စပ်စပ်မသိဘဲ မိမိကိုယ်ကို ဂုရု ဟိန္ဒူဘုန်းတော်ကြီးဟု သုံးနှုန်းချင်ဟာ စစ်မှန်သော ဟိန္ဒူဘုန်းတော်ကြီးများ၊ ဂုရုများနှင့် ဆွာမိများရဲ့ ဂုဏ်သိက္ခာကို အလေးမထားရာရောက်သလို ဟိန္ဒူသာသနာအား ပေါ့ပျက်စွာ သဘောထားရာရောက်ပါသည်။ ကြားသိရသော အချက်အလက်များအရ ၎င်းပုဂ္ဂိုလ်သည် ယခင်က အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် ၂၀၂၁ ခုနှစ်မှစတင်၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး၏ တင်မြောက်မှုဖြင့် မိမိကိုယ်ကို ဟိန္ဒူဂုရုနှင့် ဟိန္ဒူဘုန်းတော်ကြီးအဖြစ် စတင်ဖော်ပြလာပါသည်။ ဤနေရာတွင် သတိပြုရန်မှာ ဘာသာတရားတိုင်းရဲ့ လေးနက်မှုကို တန်ဖိုးထား၍ မိမိဘာသာ၏ ကိစ္စကိုသာ မိမိဆောင်ရွက်ရန်ဖြစ်ပါသည်။ သျှီ၀နန္ဒဟု ခံယူထားသော ဦးမာတင် နန္ဒ၏ လုပ်ရပ် အပြုအမူများဟာ ဟိန္ဒူဘာသာဝင်များ၏ စိတ်မချမ်း‌မြေ့‌စေမှုကို ဖြစ်ပေါ်စေသလို ဟိန္ဒူဘာသာ၀င်များကိုသာမက ဗုဒ္ဓဘာသာ၀င်များကိုပါ အသုံးချ၍ လိမ်လည်နေခြင်းတစ်ခုဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်သည် ဟိန္ဒူဘာသာ၏ ဝေဒပညာကို မတတ်ကျွမ်းသလို မန္တြ၊ တန္တြ၊ ယန္တြအစရှိသောအရာများကိုပါ လုံး၀ဥဿုံ နားမလည်သူ မသင်ယူဖူးသူတစ်ဦးသာဖြစ်ပြီး ပုံမှန် အာရ်သီးပြခြင်း၊ ခေါင်းလောင်းတီးခြင်းတို့ကိုသာ ပြုလုပ်တတ်သူ တစ်ဦးဖြစ်ပါသည်။ ထပ်မံ၍ ဟိန္ဒူဘုန်းတော်ကြီးအဖြစ်ခံယူထားလျက် ဟိန္ဒူဘာသာ၏ တရားဓမ္မများကို လိုက်နာကျင့်သုံးနေခြင်းမရှိဘဲ ဗမာရိုးရာ ဓာတ်၊ နတ်၊ သိုက်ကိစ္စများကိုသာ ဆောင်ရွက်နေခြင်းဟာ အသွင်ပြောင်း လိမ်လည်နေခြင်းဖြစ်ပါသည်။ အလားတူပင် ၎င်း၏ နေထိုင်မှုပုံစံမှာ ဟိန္ဒူဂုရုတစ်ပါး၏ နေထိုင်မှုပုံစံလုံး၀မဟုတ်ဘဲ ခြိုးခြံချွေတာခြင်းမရှိခြင်းကို အထင်းသားတွေ့ရှိနေရပါသည်။ ဟိန္ဒူဂုရုတစ်ပါးဟာ လောကီချမ်းသာကို စွန့်လွှတ်၍ ခြိုးခြံချွေတာသောဘ၀ကိုသာ လိုက်နာရပါသည်။ ၎င်းပုဂ္ဂိုလ်သည် ယခု မိမိနေထိုင်ရန်အိမ်၊ ‌စားသောက်ရန် ထမင်း၊ ဟင်းမှအစ ငွေသပိတ် အဆုံး အလှူခံ သုံးစွဲနေခြင်းဟာ ခြိုးခြံချွေတာခြင်းလုံး၀မဟုတ်ဘဲ ဟိန္ဒူဘာသာ၏ ထုံးတမ်းအစဉ်အလာများနှင့် လုံး၀ ကွဲလွဲနေပါသည်။ ထို့ကြောင့် ဟိန္ဒူဘာသာဝင်များမေးမြန်းသည့် အောက်ပါမေးခွန်းများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်း ဖြေကြားပေးရန် မေးမြန်အပ်ပါသည်။ သျှီ၀နန္ဒအမည်ခံယူထားသူ၏ အောက်ဖော်ပြပါ အချက်အလက်များကို သိရှိလိုပါသည်။ ၁) Diksha Guru သည် မည်သူဖြစ်ပါသနည်း။ ၂) မည်သည့် Sampradaya အောက်တွင် ရပ်တည်နေပါသနည်း။ ၃) Guru–Shishya Parampara အတွက် မည်သည့် Acharya များထံသို့ ဆက်သွယ်နိုင်ပါသနည်း။ ၄) Advaita Vedanta၊ Vishishtadvaita Vedanta၊ Dvaita Vedanta သို့မဟုတ် အခြား မည်သည့် ဝေဒဝါဒ ကို လိုက်နာပါသနည်း။ ၅) သင့်အား ဟိန္ဒူဂုရုအဖြစ် မည်သည့် Matha၊ Peetham သို့မဟုတ် Sampradaya က အသိအမှတ်ပြုထားပါသနည်း။ ဤမေးခွန်းများသည် ဟိန္ဒူဘာသာ၏ အခြေခံလမ်းစဥ်စံနှုန်းများအရ သိရှိရန်လိုအပ်၍ မေးမြန်းခြင်းဖြစ်ပါသည်။ ဟိန္ဒူဘာသာဝင်များသည် Guru Parampara ကို အလွန်အလေးထားကြပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်တိုင်ကြေညာချက်တစ်ခုတည်းအပေါ် အခြေခံ၍ ဟိန္ဒူဂုရုအဖြစ် အသိအမှတ်မပြုကြပါ။ Parampara၊ Sampradaya နှင့် Vedantic Identity တို့ကို ရှင်းလင်းစွာ မချပြနိုင်သေးသရွေ့ မိမိကိုယ်ကို ဟိန္ဒူဂုရု သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးအဖြစ် ဖော်ပြနေခြင်းသည် ဟိန္ဒူဘာသာအား သွယ်ဝိုက် ဂုဏ်သိက္ခာကျစေခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဟိန္ဒူဘာသာ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာ၊ အစဉ်အလာနှင့် လမ်းစဉ်များကို လေးစားသောအားဖြင့် မိမိ၏ ဂုရုအစဉ်အလာ၊ Sampradaya နှင့် ဘာသာရေးဆိုင်ရာ တရားဝင်မှုများကို ပွင့်လင်းမြင်သာစွာ ချပြပေးရန် သတိပေးအပ်ပါသည်။

ယခုတလော Social Media အပေါ်မှာ မိမိကိုယ်ကို ဟိန္ဒူဘုန်းတော်ကြီးလို့ သတ်မှတ်ထားတဲ့ Guru ji ဆိုပြီး ခေတ်စားနေတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး အများကို အသိပေးလိုတာတွေ၊ ထိုပုဂ္ဂိုလ်ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာတွေကို မကြာခင်မှာ အသေးစိတ်တင်ပေးပါမယ်။ ၎င်းပုဂ္ဂိုလ်က ဟိန္ဒူမဟုတ်၊ ဗုဒ္ဓဘာသာမဟုတ် နှစ်ခုခွနေပြီး ဗမာလူမျိုးအများစုကို လှည့်စားနေသလိုဖြစ်နေပါတယ်။ မိမိကိုယ်ကို ဂုရုလို့ သတ်မှတ်ရအောင်လည်း သူက Authentic Guru ဆီကနေ Diksha ရထားချင်မရှိသလို ဝေဒအတတ်ပညာ၊ ဟိန္ဒူဘာသာနဲ့ ပတ်သက်ပြီး တတ်ကျွမ်းသူလည်းမဟုတ်ပါ။ Guru Shisya Parampara အတိအကျမရှိဘဲ Guru လို့ နာမည်တပ်ခွင့်မရှိပါ။ ဒါဟာ ဟိန္ဒူသာသနာရဲ့ ပုံရိပ်ကို ညှိုးနွမ်းစေပါတယ်။ သူက ယခုထိ ဘယ် Vedanta ကိုမှ ပို့ချနေခြင်းလည်းမရှိပါ။ နဂါးစာကျွေးခြင်း၊ မြန်မာရိုးရာနတ်စာတင်ခြင်းတွေလုပ်ရင်း မိမိကိုယ်ကို ဟိန္ဒူဘုန်းတော်ကြီးလို့ နာမည်တပ်တာဟာ အများပြည်သူ အထူးသဖြင့် ဗမာလူမျိုးများအား လှည့်ဖျားနေခြင်းသာဖြစ်ပါတယ်။ သူ့ရဲ့ ယခင်ပို့စ် ဖော်ပြချက်များအရ သူဟာ ဒီလိုနေရာကို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ ဘိသက်မင်္ဂလာချီးမြှောက်ခံထားရတယ်လို့ ဆိုထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးဟာ ဗုဒ္ဓဘာသာအလုပ်ကိုပဲလုပ်လို့ရပါမယ်။ ဟိန္ဒူဘာသာနဲ့ စပ်လျဉ်းပြီး မည်သည့်အရာမှ လုပ်ခွင့်မရှိသလို လူပုဂ္ဂိုလ်တစ်ယောက်ကို ဂုရုဆိုတဲ့ဘွဲ့ပေးခွင့် လုံး၀ လုံး၀ မရှိပါ။ ဘာသာတရားတွေကြားမှာ လေးစားမှု စည်းကမ်းတွေထားဖို့အလွန်အရေးကြီးပါတယ်။ #HRK

Rudraksh Mala ပုတီး နှင့် Rudraksh လက်ပတ်မှာယူလိုသူများအတွက်။ 🕉️ Rudraksh Mala ဟာ ဟိန္ဒူဘာသာမှာ Shiva ဘုရားရှင်နဲ့ Durga မယ်
Rudraksh Mala ပုတီး နှင့် Rudraksh လက်ပတ်မှာယူလိုသူများအတွက်။ 🕉️ Rudraksh Mala ဟာ ဟိန္ဒူဘာသာမှာ Shiva ဘုရားရှင်နဲ့ Durga မယ်တော်အား ပူဇော်ရာတွင် မန္တြရွတ်ဖတ်ခြင်းအတွက် အထူးအသုံးပြုကြတဲ့ အစွမ်းထက် ပုတီးဖြစ်ပါတယ်။ ဈေးနှုန်းဟာ ၁၂၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ 🍀 Rudraksh လက်ပတ်ဟာလည်း မိမိအား စိတ်ငြိမ်းချမ်းစေပြီး ၀တ်ဆင်ထားသူများအတွက် ကောင်းခြင်းမင်္ဂလာဖြစ်ထွန်းစေပါတယ်။ ဈေးနှုန်းဟာ ၉၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ မှာယူလိုသူများသည် Page Messenger မှတစ်ဆင့် မှာယူနိုင်ပါတယ်။

အဓိက် မားစ် ခေါ် ပုရုသျှိုးသမ်း မားစ်အကြောင်း။ ပုရုသျှိုးသမ်း မားစ်ဟာ ကုသိုလ်ကောင်းမှုများ အထူးပြုသင့်သောလဖြစ်ပြီး ဘုရားရှင် ဗိသ်ျှဏု အထူးနှစ်သက်တော်မူသော လမြတ်ဖြစ်ပါတယ်။ မိမိတို့၏ စိတ်နှလုံး လောကုတ္တရာရေးရာကို သန့်ရှင်းစင်ကြယ်အောင် ပြုသင့်သောလမြတ်လည်းဖြစ်ပါတယ်။ ယခုနှစ် အဓိက် မားစ်အချိန်ကာလမှာ ၂၀၂၆ ခုနှစ် မေလ ၁၇ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၃၀ တိတိဖြစ်ပါတယ်။ အဓိက် ဆိုသည်မှာ "အပို" ဖြစ်ပြီး မားစ် ၏အဓိပ္ပာယ်မှာ "လ" ဖြစ်ပါတယ်။ဟိန္ဒူ လပြက္ခဒိန်နှင့် နေပြက္ခဒိန်သည် တစ်နှစ်တွင် ၁၁ရက် ကွာဟချက်ရှိနေတတ်ပါတယ်။ ထိုအခြေအနေတွင် ရာသီအသီးသီးနှင့် ထိန်းညှိရန် ၃နှစ် တစ်ခါ တစ်လ အပိုထည့်တွက်ရပါတယ်။ ထို အပိုလကို ပုရုသျှိုးသမ်း မားစ်ဟုခေါ်ပါတယ်။ ဟိန္ဒူပြက္ခဒိန်အရ တစ်နှစ်တွင် ၁၂ လ ရှိသည့်အနက် တစ်လချင်းစီတိုင်းတွင် နတ်ဒေ၀တာများက စောင့်ရှောက်ကြပါတယ်။ နေ့ရက်၊ လ တိုင်းအလိုလိုတွင် စကြာဝဠာကို လည်ပတ်စေတဲ့ ဓမ္မတရားရှိကြပါတယ်။ ပဒ်မ ပူရာဏ်အရ ထို "အပိုလ" ကိုမူ စောင့်ရှောက်ရန် နတ်‌ဒေ၀တာမရှိဘဲ လျစ်လျူရှုခြင်းခံရပြီး မလ် မားစ် (အညစ်အကြေးနှင့်တူသော လ) ဟု သတ်မှတ်ခံရ‌သောကြောင့် အဓိက် မားစ်ဒေဝီသည် ဘုရားရှင် ဗိသ်ျှဏုထံ ဆုတောင်းခဲ့ပါတယ်။ ထိုအခါ သုံးလောကတွင် ကရုဏာအကြီးမြတ်ဆုံးဖြစ်တော်မူသော ဘုရားရှင်သည် လျစ်လျူရှုခြင်းခံရသော ထို အပိုဖြစ်နေသော လ အား မိမိ နာမတော် ဖြစ်သော ပုရုသျှိုးသမ်း ဟု အမည်ပေး၍ ပုရုသျှိုးသမ်းမားစ် ဟူ၍ ဖြစ်လာခဲ့ပါတယ်။ ထို့နောက်တွင်မူ ပုရုသျှိုးသမလဟာ အလွန်ပင် မွန်မြတ်သော လမြတ် တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘက်သများသည် ပုရုသျှိုးသမလတွင် ပူဂျား ပြုလုပ်ခြင်း၊ စာဓနားလုပ်ခြင်းများအားဖြင့် စိတ်၏တည်ငြိမ်မှုကို ရရှိကြပြီး ဘုရားရှင် ဗိသျှ်ဏု၏ မေတ္တာကို ခံယူကြရသည်ဟု ယုံကြည်ကြပါတယ်။နွမ်းပါးသူများအတွက်အလှူအဒါန်းများလဲ ပြုလုပ်လေ့ရှိကြပါတယ်။ သို့ပေငှား လောကီမင်္ဂလာမှုများဖြစ်စော အိမ်ထောင်ပြုခြင်း၊ အိမ်သစ်တက်ခြင်း၊ လုပ်ငန်းအသစ်စခြင်းတို့ကို မပြုဘဲ ယခုလတွင် လောကုတ္တရာ မင်္ဂလာမှုများကိုသာ အထူးပြုသင့်ပါတယ်။ ဤလတွင် ကောင်းမှုပြုသူများဟာလည်း မွန်မြတ်သော ကောင်းကျိုးများကို ပိုမိုရရှိကြမှာဖြစ်ပါတယ်။ "ဟရိ ရှရဏမ်း" #HRK

စနေနတ်မင်း သို့မဟုတ် ရှနိဒေ့ဗ်အကြောင်း။ ၂၀၂၆ ခုနှစ် မေလ ၁၆ ရက်နေ့ဟာ ရှနိဂျယန်သီး ခေါ် စနေနတ်မင်းပွင့်တော်မူသောနေ့မြတ်ဖြစ်ပါတယ်။ ဟိန္ဒူကျမ်းဂန်များအရ ရှနိဒေ့ဗ်သည်နေနတ်မင်းနှင့် ချာယာနတ်သမီးတို့၏ သားတော်ဖြစ်ပါတယ်။ ရှနိဒေ့ဗ်ဟာ အလွန်အင်မတန်ပြတ်သားသော ဓမ္မတရားအား ကာကွယ်သော နတ်မင်းတစ်ပါးဖြစ်ပါတယ်။ ရှနိနတ်မင်းဟာ သေခြင်းတရားကို အစိုးရသော ယမနတ်မင်းနှင့် ယမုနာမယ်တော်တို့နဲ့ မောင်နှမတော်စပ်သူလည်းဖြစ်ပါတယ်။ နေနတ်မင်းရဲ့ မူလဇနီး ဆန္ဓျာဟာ နေမင်းရဲ့ အပူရှိန်ကို မခံနိုင်သောကြောင့် သူမ၏ အရိပ်ဖြင့် ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကို ချာယာဟု အမည်ပေးခဲ့ပါတယ်။ ထိုအရိပ်နတ်သမီးနှင့် နေနတ်မင်းတို့မှ ရှနိဒေ့ဗ်ကို ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူ ချာယာသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း နေနတ်မင်းရဲ့ အပူဒဏ်ကိုခံရင်း ဘုရားရှင်အား ပြင်းထန်စွာ တရားအားထုတ်နေခဲ့သောကြောင့် သားတော် ရှနိဒေ့ဗ်မှာ ဝမ်းဗိုက်အတွင်း၌ပင် အသားအရေ မည်းနက်သွားခဲ့တယ်လို့ ယူဆကြပါတယ်။ ရှနိဒေ့ဗ်ကို ကာမဖလ ဒါတာဟု ခေါ်ဆိုကြသည်။ ယင်း၏ အဓိပ္ပာယ်မှာ "လုပ်ရပ်၏ အကျိုးရလဒ်ကို ပေးဝေသူ" ဟု ဖြစ်ပါတယ်။ များသောအားဖြင့် စနေနက္ခတ်အစိုးရချိန်ကာလတွင် လူအများဟာ မိမိပြုခဲ့သော မကောင်းမှုများအတွက် ဆိုးကျိုးကို ပေးဆပ်ရသလို ကောင်းမှုအတွက် ကောင်းကျိုးကို ခံစားကြရပါတယ်။ ထို့အတွက်လည်း လူအများဟာ စနေနတ်မင်းကို ကြောက်ရွံ့ကြသလို ဆိုးကျိုးပေးသော နက္ခတ်ဟု ယူဆကြပါတယ်။ အမှန်တကယ်မှာ စနေနတ်မင်းဟာ စည်းကမ်းတင်းကြပ်သော နတ်မင်းတစ်ပါးဖြစ်ပါတယ်။ စနေနတ်မင်းကို လူသားများသာမက နတ်ဒေ၀တာများ၏ ကောင်းမှု၊ မကောင်းမှု (ကံ) ကို စစ်ဆေးပြီး ထိုက်တန်သော ဆုလာဘ် သို့မဟုတ် ပြစ်ဒဏ်ကို ပေးရန် သျှိဗဘုရားရှင်က သူ့ကို တာဝန်ပေးထားခြင်း ဖြစ်ပါတယ်။ လူအများက သူ့ကို ဒုက္ခပေးသော နတ်ဟု ကြောက်ရွံ့ကြသော်လည်း တကယ်တော့ သူဟာ ရိုးသားဖြောင့်မတ်သော တရားသူကြီး တစ်ဦးနှင့် တူပါတယ်။ မကောင်းမှုလုပ်သူကိုသာ ပြစ်ဒဏ်ပေးပြီး ကောင်းမှုလုပ်သူကို အဆပေါင်းများစွာ ပြန်လည်ချီးမြှင့်တတ်ပါတယ်။ ရှနိဒေ့ဗ်၏ အကြည့်ဟာ အလွန်အစွမ်းထက်ပြီး အဖျက်စွမ်းအားကြီးသည်ဟု ယူဆကြပါတယ်။ သမိုင်းကြောင်းအရ သူ၏ဇနီးဖြစ်သူက သူ့အား အာရုံမစိုက်မိတဲ့အတွက် "သင်ကြည့်သမျှ အရာအားလုံး ပျက်စီးပါစေ" ဟု ကျိန်ဆိုခဲ့တဲ့အတွက်ဖြစ်တယ်လို့ ယူဆကြပါတယ်။ ထို့ကြောင့် ရှနိဒေ့ဗ်သည် လူသားတို့ကို ဘေးမသင့်စေရန်အတွက် အမြဲတမ်း ခေါင်းငုံ့ကာ အောက်သို့သာ ကြည့်နေလေ့ရှိပါတယ်။ ဒါကို အကြောင်းပြု၍ စနေနတ်မင်းကို ပူဇော်လျှင် မျက်လုံးချင်း တည့်တည့်မကြည့်ရန် တားမြစ်ခြင်း ဖြစ်ပါတယ်။ စီးတော်ယာဉ်မှာ ကျီးကန်းဖြစ်ပြီး ကျီးကန်းသးဟာ ဆိုးညစ်သောအရာများကို ဖယ်ရှားပေးတတ်သည့် သဘောရှိပါတယ်။ အပြာရင့်ရောင်နှင့် အမည်းရောင်ဟာ စနေနတ်မင်းအား ကိုယ်စားပြုသောအရောင်ဖြစ်ပါတယ်။ စနေဂြိုဟ်အညံ့ရှိသူများသည် အလုပ်များ ကြန့်ကြာခြင်း၊ နှေးကွေးခြင်းများ ကြုံရတတ်ပါတယ်။ ထို့အတွက် စနေအညံ့ကို ကုစားရန် အကောင်းဆုံးနည်းများမှာ ၁) နှမ်းဆီ ပူဇော်ခြင်း - စနေနေ့တိုင်း စနေနတ်မင်း၏ ခြေတော်ရင်းတွင် နှမ်းဆီမီးပူဇော်ခြင်း သို့မဟုတ် ဆီလောင်းလှူခြင်း။ ၂) ဟနုမာန်ကို ကိုးကွယ်ခြင်း - ဟနုမာန်ဘုရားသည် ရှနိဒေ့ဗ်ကို အကျဉ်းအကျပ်အတွင်းမှ ကယ်ထုတ်ဖူးသဖြင့် ရှနိဒေ့ဗ်က "ဟနုမာန်ကို ပူဇော်သူများကို ငါဒုက္ခမပေးပါ" ဟု ကတိပေးထားပါတယ် ။ ထို့ကြောင့် ဟနုမာန်ကျာလီစာရွတ်ဆိုခြင်းဟာ အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။ ၃) အလှူဒါနပြုခြင်း - အမည်းရောင်ရှိသော အရာများ (စောင်၊ နှမ်းမည်း၊ သံထည်) နှင့် ဖိနပ်များကို ဆင်းရဲသားများအား လှူဒါန်းပါ။ ၄) တိရစ္ဆာန်ကျွေးခြင်း - ကျီးကန်း သို့မဟုတ် ခွေးမည်းများကို အစာကျွေးပါ။ ထို့ကြောင့် စနေနတ်မငပေးသော ဒုက္ခဆိုသည်မှာ ကျွန်ုပ်တို့၏ မာနကို ချိုးနှိမ်ရန်နှင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန် လေ့ကျင့်ပေးနေခြင်းသာ ဖြစ်ကြောင်း နားလည်ထားရပါမယ်။ #HRK

မကြာခင်မှာ ဟိန္ဒူဘာသာရဲ့ ကွဲပြားသောအယူအဆများနှင့် ကိုးကွယ်ဆည်းကပ်မှုများအကြောင်း တင်ဆက်ပေးသွားပါမယ်။

ဘုရားကျောင်း မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်းအလှူ။ သထုံမြို့၊ ဘာဘူကုန်းရပ် ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် သန့်စင်မွန်မြတ်မြစ်မ
ဘုရားကျောင်း မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်းအလှူ။ သထုံမြို့၊ ဘာဘူကုန်းရပ် ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် သန့်စင်မွန်မြတ်မြစ်များမှ ရေများထားရှိသော မင်္ဂလာရေကန်ကို ပြန်လည်တည်ဆောက်လျက်ရှိပါတယ်။ ဤကဲ့သို့သော ကန်ပြန်လည်တည်ဆောက်ခြင်းအတွက်လှူဒါန်းခြင်းဟာ အလွန်အင်မတန်မွန်မြတ်သော ဒါနတစ်ရပ်လည်းဖြစ်ပါတယ်။ မင်္ဂလာရေကန်ဟာ သက်တမ်း နှစ် ၁၅၀ ခန့်ရှိပြီး ယခုအခါ ကြွေပြားများ ပြန်ကပ်ကာ ကန်အလယ်တွင် ဂင်္ဂါမယ်တော်ရုပ်ပွားတော်အား ထားရှိပူဇော်မှာဖြစ်ပါတယ်။ ဘိလပ်မြေ တစ်အိတ် -၂၁၀၀၀ ကျပ်။ သဲကြမ်းတစ်ကျင်း - ၈ သောင်းကျပ်။ အုတ်အလုံး ၁၀၀ - ၁၈၀၀၀ ကျပ်။ ကြွေပြားတစ်ချပ် - ၅ ထောင်ကျပ်။ ဖြင့် လှူဒါန်းနိုင်သလို သဒ္ဓါတရားထက်သန်သ၍ နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

နရဆင်းမ်ဟ ဘုရားရှင်၏ ဂုဏ်တော်များ။ ၁) ဓမ္မကို စောင့်ရှောက်၍ အဓမ္မကို နှိမ်နင်းခြင်း (Dharma Rakshaka) လောက၌ အဓမ္မမှုများ ထွန်းကားလာချိန်တွင် သူတော်ကောင်းများကို ကယ်တင်ရန်နှင့် အဓမ္မမှုများကို သုတ်သင်ရန် ယုဂတိုင်း၌ ပွင့်ထွန်းတော်မူသော ဂုဏ်။ ၂) သာဝကတို့အပေါ် ထားရှိသော အနှိုင်းမဲ့မေတ္တာ (Bhakta Vatsala) ကြောက်မက်ဖွယ်ကောင်းသော အသွင်ရှိသော်လည်း မိမိ၏စစ်မှန်သော သာဝက ပ်ရလားဒ်လေးကို မြင်လျှင် မြင်ချင်း ဒေါသများပြေလျော့ကာ ဖယောင်းပမာ နူးညံ့ပျော့ပျောင်းသွားသည့် ဂုဏ်။ ၃) အတိုင်းအဆမဲ့ တန်ခိုးတော်နှင့် ဉာဏ်တော် (Omnipotence & Wisdom) ဟီရဏ်းယကရှိပူး၏ မည်သည့်လက်နက်၊ မည်သည့်သတ္တဝါ၊ မည်သည့်အချိန်အခါမှ မသေစေနိုင်ဟူသော ဆုလာဘ်များကို ကျော်လွန်၍ ဆန်းကြယ်သော လူခန္ဓာ ခြင်္သေ့ဦးခေါင်းအသွင်၊ လက်သည်းလက်နက်တို့ဖြင့် သုတ်သင်နိုင်စွမ်းသော ဉာဏ်တော်နှင့် ပြည့်စုံခြင်း။ ၄) နေရာတိုင်းတွင် ကိန်းဝပ်တော်မူခြင်း (Omnipresence) "ဘုရားရှင်သည် အဘယ်မှာရှိသနည်း" ဟု မေးမြန်းမှုကို သက်သေပြရန် ကျောက်တိုင်အတွင်းမှပင် ပေါ်ထွက်လာနိုင်သော၊ အရာခပ်သိမ်းတွင် တည်ရှိနေသော ဂုဏ်။ ၅) ဘေးအန္တရာယ်ခပ်သိမ်းကို ဖြိုခွဲနိုင်ခြင်း (Vighna Vinashaka) ဆင်နင်းခြင်း၊ မြွေဘေး၊ မီးတိုက်ဘေးနှင့် လက်နက်ဘေးများမှ သာဝကတို့ကို ကာကွယ်ပေးနိုင်သည့် မဟာအတုမဲ့တန်ခိုးတော်နှင့် ပြည့်စုံခြင်း။ ၆) သစ္စာတရားကို သက်သေထူတော်မူသောဂုဏ် (Satyatvam) မိမိ၏ သာဝက ပ်ရလားဒ် ပြောဆိုသော "ဘုရားရှင်သည် နေရာတိုင်းတွင်ရှိသည်" ဟူသော သစ္စာစကားကို တည်မြဲစေရန်အတွက် သက်မဲ့ကျောက်တိုင်အတွင်းမှပင် ကိုယ်ထင်ရှားပြကာ ပွင့်ထွန်းလာခြင်းဖြစ်သည်။ သစ္စာတရား၏ တန်ခိုးကို လောက၌ သက်သေထူတော်မူသော ဂုဏ်နှင့် ပြည့်စုံပါသည်။ ၇) အနှိုင်းမဲ့ဉာဏ်တော်ဖြင့် လောကနိယာမကို ထိန်းသိမ်းသောဂုဏ် (Buddhi-Chamatkar) ဗရဟ်မာဂျီး ပေးထားသော ဆုလာဘ်များကို မဖောက်ဖျက်ဘဲ ဆုတောင်း၏ အဟန့်အတားများကြားမှ လူလည်းမဟုတ် တိရစ္ဆာန်လည်းမဟုတ်သော အသွင်၊ နေ့လည်းမဟုတ် ညလည်းမဟုတ်သော အချိန်စသည့် အလွန်ဆန်းကြယ်သော နည်းလမ်းဖြင့် အဓမ္မကို နှိမ်နင်းနိုင်သည့် အတုမဲ့ ဉာဏ်တော်ပိုင်ရှင် ဖြစ်ပါသည်။ ၈) ကြောက်မက်ဖွယ်အသွင်၌ ဂရုဏာတော် ကိန်းဝပ်သောဂုဏ် (Ugra-Vatsalya) အသူရာတို့အတွက် မြင်ရုံမျှဖြင့် အသက်ဝိညာဉ် ချုပ်ငြိမ်းစေလောက်သော "ဥဂ္ဂရ" (အလွန်ကြမ်းတမ်းသော) အသွင်ရှိသော်လည်း၊ ယုံကြည်သူ သာဝကအတွက်မူ မိခင်ခြင်္သေ့က သားငယ်ကို ယုယသကဲ့သို့ အလွန်နူးညံ့သည့် "ဝါသလျ" (မိဘမေတ္တာ) ကို ဆောင်တော်မူသော ဂုဏ်ထူးဝိသေသ ဖြစ်ပါသည်။ ၉) အစွဲအလမ်းနှင့် မာန်မာနကို ဖျက်ဆီးတော်မူသောဂုဏ် (Ahankara-Nashaka) "ငါသည် မသေနိုင်၊ ငါသည်သာ ဘုရား" ဟု အစွဲကြီးမားနေသော ဟီရဏ်းယကရှိပူး၏ မာန်မာနကို ဝမ်းဗိုက်နှင့်တကွ ခွဲခြမ်းစိတ်ဖြာ၍ ချေမှုန်းပြခြင်းဖြင့်၊ လောက၌ မာန်မာနသည် အနတ္တသာဖြစ်ကြောင်း သွန်သင်ပြသတော်မူသော ဂုဏ်ဖြစ်သည်။ ၁၀) လုံခြုံခြင်း၏ အထွဋ်အထိပ်ဖြစ်သောဂုဏ် (Abhaya-Prada) မည်သည့် လက်နက်၊ မည်သည့် ဘေးအန္တရာယ်ကမျှ မတားဆီးနိုင်သော ဘုရားရှင်၏ လက်သည်းတော်များသည် သာဝကတို့အတွက်မူ ဘေးရန်ခပ်သိမ်းကို ကာကွယ်ပေးသည့် "အဘယ" (ကြောက်ရွံ့ခြင်းကင်းသော) လက်တော်များဖြစ်ခြင်း။ အို... အဓမ္မကိုနှိမ်နင်း၍ ဓမ္မကို မြှင့်တင်တော်မူသော၊ အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော နရဆင်းမ်ဟ ဘုရားရှင်... ကျောက်တိုင်အတွင်းမှ ပေါ်ထွက်၍ သာဝက ပ်ရလားဒ်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသကဲ့သို့၊ ဘုရားရှင်၏ နာမတော်ကို ရွတ်ဆိုပူဇော်နေသော သာ၀ကအပေါင်း၏ ဘဝလမ်းခရီးတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ မကောင်းသော အတိတ်ကံဝိပါတ်များနှင့် ရန်သူမျိုးငါးပါး ဘေးအန္တရာယ်တို့ကို ဖယ်ရှားပေးတော်မူပါ။ ဟီရဏ်းယကရှိပူး၏ မာန်မာနကို ချိုးနှိမ်သကဲ့သို့ ကျွန်ုပ်တို့၏ စိတ်အတွင်းရှိ မကောင်းသော အကုသိုလ်တရားများကိုလည်း ဖြိုခွဲပေးတော်မူပါ။ အရှင်ဘုရားသည် ဒေါသအမျက်ထွက်နေသော ကာလ၌ပင် သာဝကငယ်၏ ပန်းကုံးကို ပြုံးရွှင်စွာ လက်ခံတော်မူသည့် အရှင်သခင် ဖြစ်တော်မူပါသည်။ ကျွန်ုပ်တို့၏ စိတ်အတွင်း၌ ကိန်းအောင်းနေသော ဒေါသ၊ မာန်မာနနှင့် မောဟတည်းဟူသော အသူရာများကို အရှင်၏ ထက်မြက်သော ဉာဏ်တော်လက်သည်းများဖြင့် ဆွဲဖြဲဖယ်ရှားပေးတော်မူပါ။ အပြင်ပကတိ ရန်သူများသာမက စိတ်အတွင်းသန္တာန်၌ ဖြစ်ပေါ်တတ်သော ကြောက်ရွံ့ခြင်း ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်တော်မူပါ။ အရှင်ဘုရား၏ ပေါင်တော်ပေါ်၌ ပ်ရလားဒ်လေးကို သိမ်းပိုက်ထားသကဲ့သို့ ကျွန်ုပ်တို့၏ ဘဝကိုလည်း အရှင်ဘုရား၏ မေတ္တာရိပ်အောက်၌ လုံခြုံစွာ သိမ်းပိုက်စောင့်ရှောက်တော်မူပါ။ အရာခပ်သိမ်း၊ နေရာတိုင်း၌ ရှိတော်မူသော အရှင် ဘုရားမြတ်ကို အမြဲမပြတ် အာရုံပြုလျက် တရားသောလမ်း၌သာ အမြဲတည်နိုင်ပါစေသား။ ဘုရားရှင်၏ ထက်မြက်သော လက်သည်းတော်များဖြင့် ဘဝ၏ အနှောင့်အယှက်ဟူသမျှကို ရှင်းလင်းပေးပြီး၊ နောင်ဘဝဆက်တိုင်းတွင်လည်း ဘုရားရှင်၏ သာဝကစံပြ ပ်ရလားဒ်မဟာရာဂျ်ကဲ့သို့ ခိုင်မာသော ယုံကြည်ချက်၊ တည်ကြည်သော သီလတို့ဖြင့် ဘုရားရှင်၏ မေတ္တာရိပ်တွင် ခိုလှုံခွင့် ရရှိပါစေသား။ ဂျဲယ် ရှရီး နရဆင်းမ်ဟ။ #HRK

မင်္ဂလာရေကန် ပြန်လည်တည်ဆောက်ခြင်း အလှူ။ ဟိန္ဒူဘာသာအယူအဆမှာ ဘုရားကျောင်း ရေကန်တူးခြင်း၊ လှူဒါန်းခြင်းဟာ အလွန်အင်မတန်မွန်မြတ်ပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာဖြစ်ထွန်းစေသော အလှူဒါနဖြစ်ပါတယ်။ သထုံမြို့၊ ဘာဘူကုန်းရပ်ရှိ ဟိန္ဒူမဟာသီဝဘုရားကျောင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်ခန့်ကတည်းက တူးဖော်ခဲ့သော အိန္ဒိယနိုင်ငံရှိ မြစ်ချောင်းပေါင်းစုံမှ ရေများထားရှိသော ကန်တော်မင်္ဂလာမှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်ပါ၍ ယိုယွင်းပျက်ဆီးနေသောကြောင့် ပြန်လည်ဆောက်လုပ်လျက်ရှိပါတယ်။ ကြွေပြားများ ကပ်ကာ ကန်တော်မင်္ဂလာ၏ အလယ်နေရာတွင် ဂင်္ဂါမယ်တော်ရုပ်ပွားတော်အားလည်း ထားရှိသွားမှာဖြစ်ပါတယ်။ ရုပ်ပွားတော်မှာ ကျပ်သိန်း ၅၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၆၀၀ ခန့်ဖြစ်ပါတယ်။ စတီးသံပန်းတစ်ကွက်လျှင် ၅ သိန်းကျပ်။ ဘိလပ်မြေ တစ်အိတ်လျှင် ၂၁၀၀၀ ကျပ်။ သဲကြမ်းတစ်ကျင်းလျှင် ၈ သောင်းကျပ်။ အုတ်အလုံး ၁၀၀ လျှင် ၁၈၀၀၀ ကျပ်။ ကြွေပြားတစ်ချပ်လျှင် ၅ ထောင်ကျပ်။ အစရှိသဖြင့် လှူဒါန်းနိုင်သလို သဒ္ဓါတရားထက်သန်သ၍ နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing