uk
Feedback
Hindu ဘာသာရေး အသိပညာ

Hindu ဘာသာရေး အသိပညာ

Відкрити в Telegram

ဟိန္ဒူသာသနာတော် တည်တံ့ရှည်ကြာစေရန် ဟိန္ဒူဘာသာကို ထိပါးစော်ကားလာမှုတိုင်းကို ကိုင်တွယ်ရန်၊ ဟိန္ဒူဘာသာရေးအကြောင်းမျှဝေရန်။

Показати більше
747
Підписники
Немає даних24 години
-27 днів
-1930 день
Архів дописів
ဟိန္ဒူဘာသာ၏ဘုရားရှင်များနှင့် ထားရှိရန်လေးစားမှုများ။ ဘာသာတရားတိုင်းဟာ လူတွေရဲ့ အားကိုးရာနှင့် မြတ်နိုးရာဖြစ်သဖြင့် အယူအဆချင်း မတူညီသည့်တိုင်အောင် မိမိရဲ့အယူဝါဒနဲ့ ယှဉ်ထိုးခြင်းမပြုဘဲ အခြားဘာသာတရားများရဲ့ ဖြစ်တည်မှုကို လေးစားတန်ဖိုးထားရန် လိုအပ်ပါတယ်။ ဟိန္ဒူဘာသာ၀င်များအနေနဲ့ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်များကို နတ်ဒေ၀တာလို့ ခေါ်‌ဝေါ်ခံရခြင်းကို လုံး၀ သဘောမကျပါဘူး။ ဟိန္ဒူဘာသာဟာ ရှေးအကျဆုံးဘာသာတရားဖြစ်ပြီး အယူအဆ ဂိုဏ်းဂဏများစွာရှိသော ဘာသာတရားဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှာ ဘုရားရှင်ဟာ ရူပတော်များစွာရှိသော်ငှား အမှန်တကယ်မှာ ဘုရားရှင်ဟာ တစ်ဆူတည်းဖြစ်ပါတယ်။ ဟိန္ဒူဘာသာရဲ့ အယူအဆက ဘုရားရှင်များနဲ့ နတ်ဒေ၀တာတွေကို ကွဲကွဲပြားပြားသိရှိပြီး လေးစားမှုရှိရန်အထူးလိုအပ်ပါတယ်။ Hari Om #HRK

ရှာရ်၀န်း(န်) ခေါ် ဆာ၀န်း(န်) လမြတ်အား ကြေညာချက်။ ဆာ၀န်း(န်) လမြတ်သည် ဘုရားရှင် သျှိဗ ခ) ရှီဗားဂျီးနှင့် မယ်တော်မြတ်ပါရ်ဗသီးတို့ကို ဦးထိပ်ထား၍ မင်္ဂလာအပေါင်းနှင့် ပြည့်၀သော ဥပုသ်ယူသင့်သော လမြတ်ဖြစ်သည်။ ယခုလမြတ်မှာ ရှီဗားဘုရားမြတ်အား ဘက်သီးစိတ်ဖြင့် ပူဇော်ရှိခိုးသူတိုင်းဟာ လိုအင်ဆန္ဒအကုန် ပြည့်၀ပြီး ဘုရားရှင်ရဲ့ အနန္တ အသနားမေတ္တာကို ရရှိမှာ ဧကန်ဖြစ်ပါသည်။ သျှိဗပူရာဏ်ကျမ်းမြတ်အရ မယ်တော်မြတ် ပါရ်ဗသီးဟာ ယခု ဆာ၀န်း(န်)လမြတ် တစ်ခုလုံးတွင် ဘုရားမြတ် မဟာဒေ့ဗ်ကို ရည်စူး ဥပုသ်ယူခဲ့ပြီးနောက် ဘုရားမြတ်ကို ကြင်ရာတော်အဖြစ် ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။ ထို့အတွက် လောကီသုခချမ်းသာတစ်ပါးဖြစ်သော မိမိတို့ဘ၀ရဲ့ လက်တွဲဖော်ကောင်းရရှိကြစေရန်အတွက်လည်း ဥပုသ်စောင့်တည် တောင်းဆုပြုကြပါသည်။ ဟိန္ဒူဘာသာဝင်များဟာ ယခုလမြတ်အတွင်း တစ်လလုံးအပြည့် ဥပုသ်ယူကြသလို အချို့ကလည်း တနင်္လာနေ့၊ အင်္ဂါနေ့နှင့် အခြားအရေးကြီးသောနေ့များတွင်သာ ဥပုသ်စောင့်တည်ကြပါသည်။ ၂၀၂၆ ခုနှစ်၏ ဆာ၀န်း(န်) လမြတ်ဟာ ဇူလိုင်လ ၃၀ ရက်‌ ကြာသပတေးနေ့ မှစတင်ပြီး ဩဂုတ်လ ၂၈ ရက် သောကြာနေ့မှာ အဆုံးသတ်မှာဖြစ်ပါသည်။ ဤလ၏ တနင်္လာနေ့တိုင်းသည် ဘုရားရှင် သျှိဗ (ရှီဗားဂျီး)အား ရည်စူးစောင့်တည်ရသော ဥပုသ်နေ့ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက် ဟူ၍ စုစုပေါင်း ၄ ရက်ရှိသည်။ ဤလ၏ အင်္ဂါနေ့တိုင်းသည် ဘုရားရှင် သျှိဗ (ရှီဗားဂျီး)၏ ကြင်ရာတော် ဂေါ်ရီမယ်တော်အား ရည်းစူးစောင့်တည်ရသော မန်ဂလာဂေါ်ရီဥပုသ်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက် ဟူ၍ စုစုပေါင်း ၄ ရက်ရှိသည်။ ဆာ၀န်း(န်) ရှီဗာရာသ်ရီး ခ) သျှိဗရာသ်ရီး ပူ‌ဂျားအချိန်မြတ်မှာ အောက်ပါအတိုင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့သည် ဆာ၀န်း(န်) သျှိဗရာသ်ရီး ပူဂျားနေ့မြတ်ဖြစ်ပြီး ပူဇော်ရန် မင်္ဂလာအချိန်ကာလ (၄) ခုရှိပေသည်။ ပထမ ပူ‌ဂျားအချိန်မြတ်မှာ ည ၆ နာရီ ၃၃ မိနစ်မှ ည ၉ နာရီ ၂၂ မိနစ်ဖြစ်၍ ဒုတိယ ပူဂျားအချိန်မြတ်မှာ ည ၉ နာရီ ၂၂ မိနစ်မှ ညဉ့်ဦးယံ ၁၂ နာရီ ‌၁၁ မိနစ်အထိ ဖြစ်ပြီး တတိယ ပူဂျားအချိန်မြတ်မှာ ညဉ့်ဦးယံ ၁၂ နာရီ ၁၁ မိနစ်မှ သန်းခေါင် ၂ နာရီ ၅၉ မိနစ်အထိဖြစ်၍ စတုတ္ထ ပူဂျားအချိန်မြတ်မှာ သန်းခေါင် ၂ နာရီ ၅၉ မိနစ်မှ အရုဏ် ၅ နာရီ ၄၈ မိနစ်အထိဖြစ်သည်။ ထို့အနက် ပူဂျားလုပ်ရန် အသင့်တော်ဆုံး နိရှိသကာလ်ပူဂျား ကာလမှာ ညဘက် ၁၁ နာရီ ၄၈ မိနစ်မှ ညဉ့်ဦး ၁၂ နာရီ ၃၃ မိနစ်အထိ ကြာချိန် ၄၅ မိနစ်တိတိဖြစ်သည်။ * ဥပုသ်ဖြေရန်အချိန် * ဆာ၀န်း(န်) သျှိဗရာသ်ရီးအတွင်း ဥပုသ်ယူသူများအတွက် ဥပုသ်ဖြေရန်အချိန်ကာလမှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၅ နာရီ ၄၈ မိနစ်နောက်ပိုင်းဖြစ်သည်။ ယခုလအတွင်း ကျရောက်သော အခြား ဥပုသ် နှင့် ပွဲတော်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) - ကာမိကား ဧကာဒရှီး ဥပုသ်။ - ဥပုသ်ဖြေချိန် - ဩဂုတ်လ ၁၀ ရက် နံနက် ၅ နာရီ ၄၈ မိနစ်မှ ၈ နာရီ ၂၁ မိနစ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၅ ရက် (စနေနေ့) - ဟရိယာလီး သီးဂ်ျပွဲနေ့မြတ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် (တနင်္လာနေ့) - နားဂ်ပန်ကျမီး (ခေါ်) မြွေမင်းပူဇော််ပွဲ။ အချိန်မြတ် - နံနက် ၅ နာရီ ၄၉ မိနစ်မှ ၈ နာရီ ၂၁ မိနစ်။ ကြာချိန် - ၂ နာရီ ၃၂ မိနစ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက် (အင်္ဂါနေ့) - ကာလ်ကိ ဂျယန်သီး (ခေါ်) ဘုရားရှင် ကာလ်ကိ ပွင့်တော်မူမည့် နေ့မြတ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) - ဂိုးဆွာမိ သူလစီးဒါးစ်ဂျီး ဖွားမြင်တော်မူသောနေ့မြတ် (၅၂၉) နှစ်မြောက် အခါသမယ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၃ ရက် (တနင်္ဂနွေနေ့) - ပုသ်ရဒါး ဧကာဒရှီး ဥပုသ်။ - ဥပုသ်ဖြေချိန် - ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီ ၂၁ မိနစ်မှ ၃ နာရီ ၅၄ မိနစ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက် (သောကြာနေ့) - ရက်သျှားဗန်ဓန်း (ခေါ်) မေတ္တာနှောင်ကြိုးချည်နှောင်ပွဲတော်။ #HRK

မယ်တော်ရုပ်ပွားတော် ပလ္လင်နောက်ခံ တကဲအတွက် လှူဒါန်းနိုင်ကြစေရန်။ ယနေ့ဟာ အာသျှဎ်န၀ရာသ်ရီးရဲ့ ပင်‌မနေ့ရက်များဖြစ်ပြီး ကုသိုလ်ပြုရန် အထူးသင့်တော်သော နေ့ရက်များဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ဇီးကုန်းမြို့၌ တည်ထားလျက်ရှိသော မယ်တော်ကျောင်း ဘုရားရုပ်ပွားတော်အတွက် တကဲလိုအပ်နေသောကြောင့် နည်းများမဆို ပါ၀င်ကုသိုလ်ယူနိုင်ပါတယ်။ တကဲ တန်ဖိုးမှာ ကျပ်ငွေ ၂၅ သိန်းခန့်ဖြစ်ပါတယ်။ ပူဂျားအတွက်လှူဒါန်းလိုသူများဟာ တစ်ရက်စာပူဂျားအတွက် ၅ သောင်းကျပ်ဖြင့် ပါ၀င်လှူဒါန်းနိုင်သလို နည်းများမဆို သဒ္ဒါသ၍ ပါ၀င်လှူဒါန်းကုသိုလ်ပြုနိုင်ပါတယ်။ မနက်ဖြန်နောက်ဆုံးထား၍ ပါ၀င်လှူဒါန်း ကုသိုလ်ယူနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

အာသျှဎ် န၀ရာသ်ရီးဘုရားပူဇော်ပွဲနှင့် ဘုရား နောက်ခံ တကဲအလှူ။ ပဲခူးတိုင်း၊ ဇီးကုန်းမြို့၌ တည်ထားလျက်ရှိသော မယ်တော်ကျောင်း၌ အာသျှဎ် န၀ရာသ်ရီးပူဇော်ပွဲအတွက် အလှူရှင်များလိုအပ်လျက်ရှိပါတယ်။ သဘက်ခါ ၂၁ ရက်နေ့တွင် အဓိက အရှ်တမီးပူဂျားပြုလုပ်မည်ဖြစ်ပြီး လိုအပ်ချက်များ ဆက်လက်ရှိနေပါတယ်။ ဒီမယ်တော်ဘုရားကျောင်း ပင်မတံခါးအတွက် တစ်ဦးတည်းအလှူရှင်ကို ရရှိပြီးဖြစ်ပြီး ယခုအခါ မယ်တော့်နောက်ခံတကဲအတွက်အလှူရှင်များလိုအပ်ပါတယ်။ ဘုရားနောက်ခံ တကဲအတွက် ခန့်မှန်းကျသင့်ငွေမှာ ၂၅ သိန်းကျပ်ခန့်ဖြစ်ပါတယ်။ - န၀ရာသ်ရီးပူဂျားအတွက် ပူဂျားတစ်ရက်စာလျှင် ၅ သောင်းကျပ်။ အရှ်တမီး ပူဂျားအတွက် ၅ သိန်းကျပ်။ အစရှိသဖြင့်လှူဒါန်းနိုင်သလို ပူဂျားဖြစ်မြောက်ရေးအတွင် နည်းများမဆို သဒ္ဒါသ၍ ပါ၀င် ကုသိုလ်ယူနိုင်ပါတယ်။ ငွေလွှဲလှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

ယနေ့ စတင်ကျရောက်သော ရဿ် ယာသ်ရား ပွဲတော်ရက်မြတ်တွင် လောကခပ်သိမ်းကို ကရုဏာကြီးမားသော မျက်၀န်းတော်များဖြင့် အစဉ်ကြည့်ရှုစောင့်ရှောက်တော်မူသော၊ ယူဇနာအဝေးမှ လာကြကုန်သော ဘုရားဖူးသာ၀ကတို့ကို ကြိုဆိုပွေ့ဖက်ရန် လက်တော်နှစ်ဆူကို အစဉ်ဆန့်တန်းလျက်ရှိသော ဂျဂန္နာဿ်ဘုရားရှင် (ကရိသ်ျှဏ) ၏ ကောင်းချီးမင်္ဂလာအဖြာဖြာကို ရရှိကြပါစေ။ မြင့်မြတ်ရထားတော်ပေါ်တွင် စံပယ်တော်မူသော ဘုရားရှင်၏ အနန္တမေတ္တာအရိပ်အောက်၌ သာ၀ကအားလုံးသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ နှလုံးစိတ်ဝမ်းအေးချမ်းခြင်းတို့ဖြင့် ပြည့်စုံကာ ဘဝခရီးလမ်းတစ်ခုလုံး လုံခြုံချောမွေ့ပါစေသား။ #HRK

အာသျှဎ် န၀ရာသ်ရီးကာလ ဘုရားကျောင်းတံခါးနှင့် ပူဇော်ပွဲအတွက် ဒါနပြုနိုင်ကြစေရန်။ ဟိန္ဒူဘာသာရေး အယူအဆများအရ ဘုရားကျောင်းများဟာ ဘုရားရှင်များ စံမြန်းရာ နေရာများဖြစ်ပါတယ်။ ထို့အတွက် ဘုရားကျောင်းတံခါးအလှူဟာ အလွန်အင်မတန် ထူးကဲမွန်မြတ်သောအလှူဖြစ်ပြီး မိမိတို့ရဲ့ ဘ၀မှာ မကောင်းသောအရာများမ၀င်ရောက်နိုင်အောင် တားဆီးပေးနိုင်သော အကာအကွယ်တံတိုင်းဖြစ်ပါတယ်။ ပဲခူးတိုင်း၊ ဇီးကုန်းမြို့၌ တည်ထားလျက်ရှိသော မယ်တော်ကျောင်းအား ပြုပြင်ရာတွင် ယခု ဘုရားကျောင်းတံခါးနှင့် နောက်ခံ တကဲတို့ကို ပြုပြင်လဲလည်နိုင်ရန် အလှူရှင်များရဲ့ အကူအညီလိုအပ်ပါတယ်။ - တံခါးအတွက် ခန့်မှန်းကျသင့်ငွေမှာ ကျပ်သိန်း (၅၀) ကျပ်ဖြစ်ပါတယ်။ - ပူဇော်ပွဲအတွက် လှူဒါန်းလိုသူများဟာ ပူဇော်ပွဲ ၁ ရက်လျှင် ၅ သောင်းကျပ်။ အရှ်တမီး ပင်မပူဂျားအတွက် ၅ သိန်းကျပ်။ ဖြင့်လှူဒါန်းနိုင်သလို နည်းများမဆို သဒ္ဒါသ၍ ပါ၀င်လှူဒါန်းကုသိုလ်ပြုနိုင်ပါတယ်။ လှူဒါန်းနိုင်ရန် နံပါတ်။ 09977332895 Kaung Khant Naing

Ashadha Navratri တွင် ပြုလုပ်ရန်များ။ Ashadha Navratri ဟာ Gupta Navratri ဖြစ်တဲ့အတွက် အဓိဋ္ဌာန်နှင့် Sadhana များကို အထူးပြုသင့်သော အစွမ်းထက်ကာလဖြစ်ပါတယ်။ Guru လမ်းညွှန်မှု တိကျစွာရှိသူများအနေနဲ့ Das Mahavidya ကဲ့သို့သော Maha Devi များကို အထူးပူဇော်သင့်ပါတယ်။ ယခုပို့စ်မှာကတော့ အလွယ်ကူဆုံး လူတိုင်း ပူဇော်နိုင်မဲ့နည်းလမ်းကိုသာ ပေးမှာဖြစ်ပါတယ်။ ဆက်ကပ်ရန်များ။ ၁) ဒူရ်ဂါမားပုံတော် သို့မဟုတ် ရုပ်ပွားတော်။ ၂) အဆင်ပြေရာ ပန်း (၉) ပွင့်။ ၃) ထောပတ် ဆီမီး၊ နှမ်းဆီမီး။ ၄) သံပုရာသီး (၃) လုံး သို့မဟုတ် (၉) လုံး။ ၅) သစ်သီး။ ၆) အမွှေးတိုင်။ ၇) ရေ။ ၈) ဆေးနီမှုန့်။ ၉) မုန့်ချို။ န၀ရာသ်ရီး ပထမဆုံးရက်တွင် မငြိမ်းမီးနှင့် ကလက်ရ်ှအိုးထားရှိပူဇော်မဲ့သူများဟာ နံနက်ခင်း သိထိကျရောက်ချိန်မှ စတင်ထားရှိရပါမယ်။ နံနက်ခင်းတွင် မယ်တော့်အား ပန်း၊ ဆီမီး၊ နံ့သာ အစရှိသည်တို့ကို ဆက်ကပ်ပြီးနောက် ထွက်သက် ၀င်သက်နှင့် မယ်တော့်ကို အာရုံပြု၍ OM ကို ရွတ်ဖတ်ကာ မိမိတတ်နိုင်သ၍ တရားရှုမှတ်သင့်ပါတယ်။ ထို့နောက် မိမိဟာ ယခု ၉ ရက်တွင် မယ်တော်ကို စိတ်နှလုံးနှစ်မြှုပ်ပူဇော်ပါမည်။ ယခုကဲ့သို့သော အဓိဋ္ဌာန် Sadhana ကို ပြုလုပ်ပါမယ်။ ဒီအတွက် မယ်တော်ရဲ့ အနန္တမေတ္တာကို ရရှိပြီး (မိမိလိုချင်သော ဆုကိုတောင်းပါ) ဥပုသ်ယူမည့်သူများကလည်း မိမိဟာ တစ်နေ့ကို Sattivk Meal တစ်ကြိမ်သာ စားသောက်၍ ဥပုသ်ဆောင့်တည်ပါမည်ဟု Sankalp တစ်ခါတည်း ယူသင့်ပါတယ်။ Panchopachara Puja ကို ညစဉ်ပြုလုပ်ရန် အထူးလိုအပ်ပါတယ်။ ၁) ရေဖြင့် သွန်းလောင်းပူဇော်ခြင်း။ ၂) ဆေးနီမှုန့်ကပ်လှူပူဇော်ခြင်း။ ၃) ပန်းကပ်လှူပူဇော်ခြင်း။ ၄) အမွှေးနံ့သာပူဇော်ခြင်း။ ၅) ဆီမီးပူဇော်ခြင်း။ အချက် ၅ ချက်ကို ပူဇော်ခြင်းပါတယ်။ ထို့နောက် သစ်သီး၊ မုန့်ချို အစရှိသည်ကို ဆက်ကပ်သင့်ပါတယ်။ ပြီးလျှင် မယ်တော်အား အာရုံပြု တရားရှုမှတ်၍ မန္တြရွတ်ဖတ်ခြင်း၊ Stotram ရွတ်ဖတ်ခြင်းတို့ကို ပြုသင့်ပါတယ်။ ရွတ်ဖတ်ရန် မန္တြများ။ ပထမ ၃ ရက်တွင် ရွတ်ဖတ်ရန် Om Shri Durgayei Namaha ဥုမ် ရှရီဒုရ်ဂါယေ နမဟ့် ဒုတိယ ၃ ရက်တွင် Om Shri Lakshmyai Namaha ဥုမ် ရှရီလက်ရှ်မီးယေ နမဟ့် တတိယ ၃ ရက်တွင် Om Shri Saraswatyai Namaha ဥုမ် ရှရီ ဆရဆွသ်ယေ နမဟ့် ရွတ်ဖတ်သင့်သော Stotram, Ashtakam များမှာ Devi Kavach Argala Stotram Kilaka Stotram Ratri Suktam Durga Suktam Navakshri Mantra Durga Saptashloki Durga Saptashati Siddha Kunjika Stotram Devi Suktam Durga Dwatrimsha Namavali Durga Chalisa Bhavani Ashtakam Apradha Kshamapana Stotram တို့ဖြစ်ပါတယ်။ နေ့စဉ် ပူဂျားပြုလုပ်ပြီး နောက်ဆုံးအဆင့်တွင် ပရုပ်ပြား သို့မဟုတ် ထောပတ်ဆီမီးဖြင့် အာရ်သီးပူဇော်ပြီး ခေါင်းလောင်းတီးသင့်ပါတယ်။ အာရ်သီးပူဇော်ရာတွင် နာရီလက်တံလည်ပတ်ပုံအတိုင်း မယ်တော်မြတ်၏ ခြေတော်အား ၄ ကြိမ်၊ ချက်တော်အား ၂ ကြိမ်၊ မျက်နှာတော်အား ၁ ကြိမ်၊ ခန္ဓာကိုယ် ၁ ခုလုံးအား ၇ ကြိမ် ရည်စူးပြီး ပူဇော်ရမှာဖြစ်ပါတယ်။ Jai Mata Di 🙏🏻 #HRK

ယခုတလောတွင် Social Media ၌ Shivling သျှိဗလင်ဂမ်းဟာ လိင်အင်္ဂါဟု မှားယွင်း သုံးစွဲနေမှုများကို တောက်လျှောက်တွေ့ရှိနေရပါတယ်။ Shivling မှ Ling သည် အမှတ်သင်္ကေတကို ရည်ညွှန်းပြီး Shivling ဆိုသည်မှာ ဘုရားရှင် သျှိဗ၏ အမှတ်သင်္ကေတ ကျောက်တုံးဟု အဓိပ္ပာယ်ရပါတယ်။ Lingam Puran အရ Lingam ဆိုသည်မှာ စကြ၀ဠာအလယ်၌ ပေါ်ထွန်းခဲ့သော အနန္တမီးတောက်ကို ကိုယ်စားပြုပါတယ်။ အလားတူပင် ဒီ Lingam မှာ ဘုရားရှင် သျှိဗသာမက ပါရ်ဗသီးမယ်တော်၊ ဂနေ့ရှ်ဘုရား၊ မူရူဂန်းဘုရားတို့ပါ စံမြန်းတော်မူပါတယ်။ လင်ဂမ်း၏ အစိတ်အပိုင်း ၃ ပိုင်းဟာလည်း ဗရဟ်မာ၊ ‌ဗိသ်ျှဏု၊ သျှိဗ ဘုရား ၃ ဆူလုံးကို ကိုယ်စားပြုပါတယ်။ သို့ပေမဲ့ ဤအယူအဆကို အနောက်တိုင်းသားများကြီးစိုးချိန် ကိုလိုနီခေတ်မှာ မှားယွင်းသော ဘာသာပြန်ဆိုမှုများ ပြုလုပ်ခဲ့တဲ့အတွက် အယူအဆအမှားများ ပေါ်ထွန်းခဲ့ရခြင်းဖြစ်ပါတယ်။ Kedarnath Jyotirlinga, Trimbakeshwar Jyotirlinga တို့ရဲ့ ပုံသဏ္ဌာန်ကို လေ့လာလျှင် လင်ဂမ်းဟာ ကျောက်တုံးအမှတ်အသားဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ အသေးစိတ်ရှင်းလင်းချက်ကိုလည်း မကြာခင်မှာ ထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘက်က သံဃာတော်တချို့ဟာလည်း တစ်ဖက်ဘာသာကို တိကျစွာလေ့လာမှုမရှိဘဲ ပုတ်ခတ်နေတာကို တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာတရားတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပေးထားပြီး တရားဥပဒေအရ တန်းတူညီမျှသော အကာအကွယ်ပေးထားသောကြောင့် ယခုကဲ့သို့သော တခြားဘာသာအကြောင်း လေ့လာမှုမရှိဘဲ ပြောကြားခြင်းများကို ရှောင်ကြဉ်စေချင်ပါတယ်။ #HRK

အာသျှဎ် န၀ရာသ်ရီး မယ်တော်ပူဇော်ပွဲ ရက်မြတ်များ။ န၀ရာသ်ရီးဆိုသည်မှာ မယ်တော်မြတ်နှင့် အမျိုးသမီးစွမ်းအင်အားအား ကိုးည ဆယ်ရက် ပူဇော်ရှိခိုးရသော ပွဲတော်ဖြစ်သည်။ ဤ ၉ ရက်အတွင်း ဒုရ်ဂါမယ်တော်၏ အသွင် ကိုးပါးအားပူ‌ဇော်နိုင်သလို မယ်တော် သုံးပါး သို့မဟုတ် ဒဆ် မဟာဗိဒြာ ဆယ်ဆူ သို့မဟုတ် မာဿ်ရီကာစ် ကိုးဆူတို့အားလည်း ပူဇော်နိုင်သည်။ ယခုန၀ရာသရီးသည် ဂုပ်သ န၀ရာသ်ရီးဖြစ်သည့်အတွက် တန္တရာသမားများအတွက် အထူးအရေးပါပြီး ဗာရဟီးန၀ရာသ်ရီးအဖြစ်လည်း သိကြပါသည်။ ၂၀၂၆ ခုနှစ်အတွက် အာသျှဎ် န၀ရာသ်ရီးကာလသည် ဇူလိုင်လ ၁၅ ရက် (ဗုဒ္ဓဟူးနေ့) မှ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) အထိ ကြာမြင့်မည်ဖြစ်သည်။ ဤကာလတစ်လျှောက်တွင် ဥပုသ်စောင့်တည်ခြင်း၊ သက်သတ်လွတ်စားခြင်းနှင့် မယ်တော်ပူဂျားတို့ကို ပြုလုပ်သင့်သည်။ ထိုသို့ ပူဇော်သူများသည် မယ်တော်မြတ်၏ အနန္တ မေတ္တာတော်၊ ကောင်းချီး၊ ချမ်းသာသုခနှင့် သိဒ္ဓိတို့ကို ရရှိပေလိမ့်မည်။ မယ်တော် သုံးပါးဖြစ်သည့် ဒုရ်ဂါ၊ လက်ရှ်မီး၊ ဆရဆွသီးတို့အား ပူဇော်လိုသူများသည် အောက်ပါအတိုင်း ပူဇော်နိုင်သည်။ ၁၅ရက်နေ့၊ ၁၆ရက်နေ့၊ ၁၇ရက်နေ့ (၃) ရက်တွင် ဒုရ်ဂါမယ်တော် ၁၈ရက်နေ့၊ ၁၉ ရက်နေ့၊ ၂၀ ရက်နေ့ (၃) ရက်တွင် လက်ရှ်မီးမယ်တော် ၂၁ ရက်နေ့၊ ၂၂ ရက်နေ့၊ ၂၃ ရက်နေ့ (၃)ရက်တွင် ဆရဆွသီးမယ်တော်အား ပူဇော်နိုင်ပါသည်။ မယ်တော် ကိုးပါးအား ပူဇော်လိုသူများသည် အောက်ပါအတိုင်း ပူဇော်နိုင်သည်။ - ပထမရက် ဇူလိုင်လ (၁၅) ရက်နေ့တွင် ကလက်ရှ်အိုးနှင့် မငြိမ်းမီးစတင်ထွန်းညှိရမည်ဖြစ်ပြီး ရှဲလ်ပွသ်ရီးပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ ကလက်ရှ်အိုးစတင်ထားရှိရန် အချိန်မြတ်မှာ နံနက် ၅ နာရီ ၄၀ မိနစ် မှ နံနက် ၁၀ နာရီ ၁မိနစ်အထိဖြစ်ပြီး ၄ နာရီ ၂၁ မိနစ်ကြာမြင့်မည်ဖြစ်သည်။ - ဒုတိယရက် ဇူလိုင်လ (၁၆) ရက်နေ့တွင် ဗရဟ်မာကျာရိဏီပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ - တတိယရက် ဇူလိုင်လ (၁၇) ရက်နေ့တွင် ကျန္ဒြဂန္တာပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ - စတုတ္ထရက် ဇူလိုင်လ (၁၈) ရက်နေ့တွင် သီထိ ထပ်သောကြောင့် ကုရှ်မန်ဒါပူဂျား နှင့် စကန္ဒမာသားပူဂျားပြုလုပ်ရမည်ဖြစ်သည်။ - ပဉ္စမရက် ဇူလိုင် (၁၉) ရက်နေ့တွင် ကတျာယနီးပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ - ဆဋ္ဌမရက် ဇူလိုင်လ (၂၀)ရက်နေ့သည် မဟာဆပ်သမီးနေ့မြတ်ဖြစ်ပြီး ကာလ်ရာသ်ရီးပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ - သတ္တမရက် ဇူလိုင်လ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့သည် အာရှ်တမီးနေ့ဖြစ်ပြီး ဒုရ်ဂါ အာရှ်တမီး၊ ဆန်ဒီးဟ်ပူဂျား၊ မဟာဂေါ်ရီပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ - ဤအာရှ်တမီးနေ့မြတ်တွင် ကျန္ဒ၊ မွန္ဒအား အောင်နိုင်တော်မူသော ကျာမွန္ဒာမယ်တော်အား ပူဇော်ရန် ဆန်ဒီးဟ်ပူဂျားအချိန်မြတ်သည် ၂၂ ရက်နေ့ မနက် ၅ နာရီ ‌‌၅၂ မိနစ်မှ နံနက် ၆ နာရီ ၄၀ မိနစ်အထိ ၄၈မိနစ် ကြာမြင့်မည်ဖြစ်သည်။ - အဋ္ဌမရက် ဇူလိုင်လ (၂၃)ရက်နေ့တွင် စစ္ဒိဓါးသ်ရီးပူဂျား ပြုလုပ်ရမည်ဖြစ်သည်။ ဥပုသ်ထွက်ရန်အချိန်။ ဇူလိုင်လ (‌၂၃) ရက် နံနက် ၈ နာရီ ၃ မိနစ် နောက်ပိုင်းတွင် အာသျှဎ် န၀ရာသ်ရီး ပြီးဆုံး၍ ဥပုသ် ဖြေနိုင်ပြီဖြစ်သည်။ #HRK

ပဏ္ဍ၀ နိရ်ဂျလား ဧကာဒရှီးနေ့မြတ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက် ကြာသပတေးနေ့သည် ဧကာဒရှီး ၂၄ ခုအနက်မှ အမြင့်မြတ်ဆုံးအနေနဲ့ သတ်မှတ်သော ဧကာဒရှီးသည် နိရ်ဂျလား ဧကာဒရှီးဖြစ်ပါသည်။ နိရ်ဂျလား ဆိုသည်မှာ ရေတစ်စက်မျှမသောက်သည်ဟု အဓိပ္ပာယ်ရသည်။ အခြား‌သောဧကာဒရှီးနေ့များတွင် ရေသောက်၍ စောင့်ကြသော်လည်း ဤနိရ်ဂျလားဧကာဒရှီးတွင် နံနက် အာရုဏ်တက်ချိန်မှစ၍ နောက်တစ်နေ့ အာရုံတက်ချိန်အထိ ရေကိုပင်မသောက်ဘဲ ဥပုသ်ယူကြပါသည်။ ထို့ကြောင့်ဤနေ့ကို ဧကာဒရှီးအားလုံးထဲတွင်အသာလွန် ဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤဧကာဒရှီးတွင် ဥပုသ်စောင့်တည်သူများသည် ဧကာဒရှီးတိုင်းတွင် ဥပုသ်စောင့်တည်သော ကုသိုလ်အကျိုးကိုရရှိမည်ဖြစ်ပါသည်။ ဥပုသ်စောင့်ထိန်းသူများသည် သုခချမ်းသာ၊ ကြွယ်၀မှုနှင့် အပြစ်ကင်းစင်မှုတို့ကို ရရှိမည်ဖြစ်သည်။ ဤဥပုသ်နေ့တွင် နေထွက်သည်မှ နောက်တစ်နေ့ နေထွက်သည်အထိ အစားအစာ၊ ရေကိုရှောင်ကြပါသည်။ သာ၀ကတို့သည် ပြုခဲ့ဖူးသော၊ မရည်ရွယ်ဘဲပြုခဲ့မိသော မကောင်းမှုများ၊ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် ဤဧကာဒရှီးဥပုသ်ကို စောင့်တည်ကြပါသည်။ ဤဧကာဒရှီးကို ပဏ္ဍဝ ဧကာဒရှီးဟုလည်း ခေါ်ဝေါ်ကြသည်။ အကြောင်းအရင်းမှာပဏ္ဍဝညီအစ်ကိုများဖြစ်ကြသော Yudhishthira, Bhima, Arjuna, Nakula, Sahadeva တို့နှင့် ဤဧကာဒရှီးနှင့် စပ်လျဉ်း၍ ရှိသောကြောင့်ဖြစ်သည်။ သို့သော် ဘီးမ်သည် ထို ဧကာဒရှီးနေ့တိုင်းအား ဥပုလ်စောင့်တည်နိုင်ခြင်း မဖြစ်နိုင်ခဲ့ပါ။ ထိုအခါ သူသည် မဟာမူနိ ဗျားဆ်ဆီသို့သွား၍ သူ၏ခက်ခဲမှုကိုပြောကြားရာမှ မဟာမူနိကြီးဗျားဆ်က ဤအတိုင်း မိန့်ကြားတော်မူသည်။ "သင့်အတွက် ဧကာဒရှီးများအားလုံးကို ဥပုသ်တည်ဆောက်နိုင်ခြင်းမဖြစ်နိုင်လျှင် ဤဧကာဒရှီးတွင် ရေမျှပင်မသောက်သုံးဘဲ ဥပုသ်ကိုစောင့်တည်ပါ။ ထိုသို့‌ စောင့်တည်ခြင်းဖြင့် သင်သည် တစ်နှစ်ပတ်လုံးရှိ ဧကာဒရှီးများ၏ ဥပုသ်စောင့်တည်ခြင်း အကျိုးရလဒ်ကို တစ်ရက်တည်းတွင် ရရှိမည်” ဟုမိန့်ဆိုခဲ့သည်။ ပဏ္ဍ၀ ညီနောင် ၅ ဦးမှ ဘီးမ်အား ရသေ့ကြီးဗျာဆ်သည် ယခုနိရ်ဂျလား ဧကာဒရှီးသည် အထူးကဲ အမွန်မြတ်ဆုံးဖြစ်ကြောင်း၊ ဤဥပုသ်စောင့်တည်ရုံဖြင့် လောကရှိ ကုသိုလ်ခပ်သိမ်းအားရရှိနိုင်ကြောင်း မိန့်ဆိုခဲ့သည်။ ဥပုသ်စောင့်ထိန်းသူများသည် ဘုရားရှင် ဗိသ်ျှဏု (ကရိသ်ျှဏ)၏ မေတ္တာတော်၊ ကောင်းချီး အနန္တကို ရရှိပြီး အသက်ရှည်ခြင်းနှင့် လွတ်မြောက်ခြင်းကိုပါ ရရှိမည်ဖြစ်သည်။ သေလွန်ပြီးသော် ယမမင်း၏ သံတမန်များမှ မိမိအတွက် နတ်ဘုံလောက သို့မဟုတ် ငရဲဘုံလောကတို့အား ခေါ်တတ်သော်ငှား ဤဧကာဒရှီးအား သက်၀င်ယုံကြည်မှုနှင့် ပူဇော်သူများသည် သေလွန်ပြီးသော် ယမမင်း၏ သံတမန်များ၏ ခေါ်ဆောင်ခြင်းကို ခံရမည်မဟုတ်ဘဲ ဘုရားရှင် ဗိသ်ျှဏု၏ သံတမန်များမှ ခေါ်ဆောင်ကာ ဘုရားမြတ်၏ ဘုံလောကသို့ ရောက်ရှိပြီး လွတ်မြောက်ခြင်းကို ရရှိပေလိမ့်မည်။ ဤနေ့တွင် ကျမ်းဂန်များအား ဖတ်ရှုခြင်း၊ ဘုရားရှင် နာမတော်ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ကို ပြုသင့်ပါသည်။ ဤနေ့တွင် ဘုရားရှင် ဟရီ၏ နာမတော််ရွတ်ဖတ်ခြင်းအား ပြုလုပ်ပါ။ Om Namo Bhagavate Vasudevaya Om Namo Narayanaya Bhagavad Gita Vishnu Sahasranama Ekadashi Mahatmya များကို ရွတ်ဖတ်ပါ။ #HRK