en
Feedback
Aye Moh-Edu (English Classes)

Aye Moh-Edu (English Classes)

Open in Telegram

You can join these classes at Aye Moh-Edu! 📍One-on-one Classes 📍Small-group Classes 📍Recorded Video Lessons

Show more
3 445
Subscribers
-324 hours
-47 days
-430 days
Posts Archive
Writing ကောင်းကောင်းရေးတတ်ချင်ရင်….✍ စာများများဖတ်ပါ။ Receptive skill အနေနဲ့ စာများများဖတ်ထားမှ Productive skill အဖြစ်နဲ့ Writing ကောင်းကောင်းရေးနိုင်မှာပါ။ 📖 ဘာစာအုပ်တွေဖတ်ရမလဲ…? ကိုယ့် level နဲ့ညီတဲ့ Graded readers လေးတွေ ရွေးဖတ်ပါ။ Story တွေ၊ Novel တွေကနေ words and phrases တွေ၊ phrasal verbs and idioms တွေ၊ collocations တွေ၊ Sentence styles တွေ အများကြီး (အများကြီး) လေ့လာလို့ရတဲ့အပြင် ခေတ်တွေ၊ လူတွေရဲ့အကြောင်းတွေပါသိရတဲ့အတွက် အတွေးအခေါ် ဗဟုသုတလည်း တိုးတက်လာမှာပါ။ အောက်မှာဖော်ပြပေးထားတဲ့ စာအုပ်လေးတွေကတော့ လူကြိုက်များပြီး ဖတ်ဖူးသင့်တဲ့စာအုပ်တွေပါပဲ။ Level အလိုက် ဖော်ပြပေးထားပါတယ်။ “The Elephant Man” by Tim Vicary (Level 1) “The Adventures of Tom Sawyer” by Mark Twain (Level 2) “Dracula” by Bram Stoker (Level 3) “The Great Gatsby” by F. Scott Fitzgerald (Level 4) “To Kill a Mockingbird” by Harper Lee (Level 5) “The Diary of a Young Girl” by Anne Frank (Level 6) “The Picture of Dorian Gray” by Oscar Wilde (Level 7) “The Catcher in the Rye” by J.D. Salinger (Level 8) “1984” by George Orwell (Level 9) “Pride and Prejudice” by Jane Austen (Level 10) ကိုယ့်ရဲ့ Reading Level ကို သိချင်ရင်တော့ ဒီ Website မှာ စစ်ကြည့်ပါနော်။ https://macmillanenglish.com/level-test/ e-book စာအုပ်လေးတွေ လိုအပ်ရင်တော့ Course Books တွေအပြင် Stories, Novels တွေကိုပါ Page Messenger ကနေ မေးလို့ရပါတယ်။ Level အလိုက် လေ့လာနိုင်မယ့် Course books လေးတွေကို ဒီ link မှာကြည့်ပေးပါ။ https://m.facebook.com/story.php?story_fbid=789905559803759&id=100063529675877&mibextid=Nif5oz English class များစုံစမ်းရန်၊ English ဆောင်းပါးများဖတ်နိုင်ရန် Telegram channel ကိုလည်း join ထားလို့ရပါတယ် 🌳 အပေါ်ကစာအုပ်လေးတွေလည်း Telegram မှာ download ယူလို့ရပါတယ် 📖 https://t.me/ayemohedu **** One-on-one / Small group class နဲ့သင်ချင်သူတွေလည်း အချိန်ညှိပြီး သင်ယူနိုင်ပါပြီ။ #Four_skills #Grammar #Speaking #Writing #Cambridge_exam preparation With love, Tr. Aye Moh Aye Moh - Edu

📝 Present Tenses (၄) မျိုးကို အလွယ်ဆုံး မှတ်ကြမယ် 📝 English Grammar မှာ အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး Present Tenses (၄) မျိုးရဲ့ Core Rules တွေနဲ့ Examples တွေကို ပိုပြီး နားလည်လွယ်အောင် အတိုချုပ် စုစည်းပေးလိုက်ပါတယ်။ 🧊 Present Simple ⚙️ Form - Subject + Verb / Verb(s/es) 💡 The Rule - permanent facts, unchanging truths, and habitual routines, fixed schedule Examples_ - Water boils at 100°C. (အမှန်တရား) - Our biology teacher gives us a quiz every Friday. (အလေ့အထ/လုပ်ရိုးလုပ်စဉ်) - Our flight departs at 6 o'clock. (fixed schedule) 🔑 Key Words - always, usually, every day, often,... _______ 🧊 Present Continuous ⚙️ Form - Subject + am/is/are + Verb-ing 💡 The Rule - Actions happening right now, temporary situations, or fixed future arrangements Examples_ - I am trying to memorize my history notes right now. (အခုလုပ်နေဆဲ) - The student council is meeting with the principal this afternoon. (သေချာစီစဉ်ထားတဲ့ အနာဂတ်) 🔑 Key Words - Now, right now, at the moment, Look!, Listen!. ________ 🧊 Present Perfect ⚙️ Form - Subject + have/has + Past Participle (V3) 💡 The Rule- Result of a completed past action or life experiences without stating the exact time Examples_ - We have not submitted our English essays yet. (လက်ရှိအချိန်ထိ မပြီးသေးတဲ့ရလဒ်) - I have never visited a museum as fascinating as the Smithsonian. (ဘဝအတွေ့အကြုံ) 🔑 Key Words- already, yet, just, ever, never, so far _______ 🧊 Present Perfect Continuous ⚙️ Form - Subject + have/has + been + Verb-ing 💡 The Rule- Ongoing durationof an action that started in the past and is still happening now Examples_ - Kyle is exhausted because he has been studying since 6:00 AM. (ဘယ်လောက်ကြာကြာ မနားတမ်းလုပ်နေလဲဆိုတဲ့ Duration ကို အသားပေးတာ) -The university representative has been speaking to the students for an hour. 🔑 Key Words- since, for, lately, all day __________ 💡 Quick Summary for Quick Revision 🧊 Permanent fact or routine >>> (Present Simple) 🧊 Happening right now >>> (Present Continuous) 🧊 Completed action with present result >>> (Present Perfect) 🧊 Ongoing duration (How long?) >>> (Present Perfect Continuous) #EnglishGrammar #PresentTenses #GrammarRules #ayemohedu

🍀 Grammar ကိုပဲ အလွတ်မှတ်မယ်ဆိုရင် စာရေးတဲ့အခါကျရင် ချိတ်ဆက်ပြီး ပြန်မသုံးတတ်ကြတာ အတွေ့များပါတယ်။ ဥပမာ - တချို့က 'I go to market' ဆိုတာ သိပေမဲ့၊ 'Having finished my homework, I went to the market' ဆိုတဲ့ အဆင့်မြင့် ဝါကျတွေကို ရေးချင်တဲ့အခါမှာ Grammar rule တွေ ရှုပ်ထွေးပြီး စာကြောင်းအဆက်အစပ်တွေ လွဲကုန်တတ်ကြပါတယ်။ 🧨ဘာကြောင့် ဒီလိုဖြစ်ရတာလဲ....? ဘာလို့လဲဆိုတော့ Grammar ကို သီးသန့်၊ Writing ကို သီးသန့်လေ့လာနေမိလို့ပါ။ တကယ်တော့ Grammar ဆိုတာ စာရေးတဲ့အခါ ကိုယ့်အကြောင်းအရာကို ပိုပြီး ထိမိအောင်၊ စနစ်တကျ ဖြစ်အောင် တည်ဆောက်ပေးတဲ့ 'ကိရိယာ' တစ်ခုပါ။ ဥပမာ - ရိုးရိုးဝါကျနှစ်ကြောင်းကို Connector သုံးပြီး ချိတ်ဆက်လိုက်ရုံနဲ့ စာရဲ့အရသာက လုံးဝကွာသွားပါတယ်။ 🧨ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ? သင်ယူတဲ့အခါ ✅ Grammar ရဲ့ Function ကို နားလည်အောင် အရင်လုပ်ပါ။ ✅ ဝါကျဖွဲ့တဲ့ ပုံစံမျိုးစုံကို လေ့ကျင့်ပါ။ ✅ ကိုယ်ရေးထားတဲ့ စာတွေကို ပြန်ဖတ်ပြီး အမှားကို ကိုယ်တိုင် ဒါမှမဟုတ် ဆရာတစ်ဦးရဲ့ အကူအညီနဲ့ စစ်ဆေးပါ။ ဒီလိုမျိုး စနစ်တကျ လေ့လာချင်သူတွေအတွက် Aye Moh-Edu မှာ အခြေခံ Grammar ကနေ အဆင့်မြင့် Essay ရေးသားတဲ့အထိ ကိုယ်ပိုင်အချိန်နဲ့ လေ့လာနိုင်မယ့် Video Courses တွေကို စီစဉ်ပေးထားပါတယ်။ 1️⃣ Applied Grammar & Sentence Writing (Beginner တွေအတွက် Grammar ကိုသုံးတတ်ပြီး စာကြောင်းတွေပါ တွဲလေ့လာရန်) 💎 50,000 mmk 2️⃣ Advanced Grammar & General Writing (အဆင့်မြင့် Grammar နှင့် စာကြောင်း၊ စာပိုဒ်များ လေ့ကျင့်ရေးသားရန်) 💎 60,000 mmk 3️⃣ Academic Essay Writing (Academic essay မျိုးစုံအပြင် Creative writing ကိုပါ လေ့ကျင့်ရေးသားရန်) 💎 60,000 mmk 💥 Course 2 & 3 အတွက် writing လေ့ကျင့်ခန်းများကို Feedback ရယူနိုင်ပြီး ကိုယ့်အရေးအသားကို ပိုတိုးတက်အောင် လေ့ကျင့်နိုင်ပါတယ်။ 💎 Feedback - 20,000 mmk အချိန်မရွေး lifetime လေ့လာနိုင်တဲ့ Telegram group ဖြစ်တာမို့ အလုပ်ရှုပ်နေတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ အသေးစိတ်ကိုတော့ Page မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်။ #englishgrammar #englishwriting #videocourses #telegram #lifetimeaccess

💥B2 level "Relationship Phrases & Idioms" အင်္ဂလိပ်စာ လေ့လာတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုပြီး ထိထိမိမိ ဖော်ပြနိုင်ဖို့ Relationship နဲ့ဆိုင်တဲ့ စကားလုံးလေးတွေကို သုံးပိုင်းခွဲပြီးလေ့လာကြည့်ပါမယ်။ Part 1 💞 ✅ Fancy someone (တစ်ယောက်ယောက်ကို စိတ်ကူးထဲမှာ သဘောကျနေတာ) ရိုးရိုး "Like" တာထက် ပိုပြီး Romantic ဖြစ်တဲ့ အကြည့်နဲ့ သဘောကျတာမျိုးပါ။ Example_ I think he really fancies you. He hasn't stopped looking at you all night! (သူ မင်းကို တကယ်သဘောကျနေတာ ထင်တယ်။ တစ်ညလုံး မင်းကိုပဲ ကြည့်နေတာ။) ✅ Turn someone on (စိတ်လှုပ်ရှားအောင်/ဆွဲဆောင်နိုင်အောင် လုပ်နိုင်တာ) တစ်ယောက်ယောက်ရဲ့ ရုပ်ရည် ဒါမှမဟုတ် ပင်ကိုယ်စရိုက်က ကိုယ့်ကို အရမ်းဆွဲဆောင်မှုရှိစေတာမျိုးပါ။ Example_ Someone with a good sense of humor always turns me on. (ဟာသဉာဏ်ရွှင်တဲ့သူက ငါ့ကို အမြဲဆွဲဆောင်နိုင်တယ်။) ✅ Chat someone up (စကားသွားစတာ/ရည်စားစကားပြောဖို့ ချဉ်းကပ်တာ) ကိုယ်သဘောကျတဲ့သူကို ရင်းနှီးအောင် စကားသွားစတာမျိုးပါ။ Example_ He went to the bar to chat up that girl in the red dress. (သူ အဲဒီ ဝတ်စုံနီနဲ့ ကောင်မလေးကို စကားသွားစဖို့ ဘားကို သွားခဲ့တယ်။) ✅ Flirt with someone (မျက်စိမှိတ်ပြတာ၊ စနောက်တာ၊ ရိသဲ့သဲ့လုပ်တာ) သဘောကျလို့ စနောက်တာ၊ ရိသဲ့သဲ့လုပ်တာမျိုးပါ။ Example_ Stop flirting with the waiter and order your food! (စားပွဲထိုးကို စမနေနဲ့တော့၊ စားမှာသာ မှာလိုက်တော့။) ✅ Fall for someone (တစ်ယောက်ယောက်ကို ချစ်မိသွားတာ) အချစ်ထဲကို ကျဆင်းသွားတာ (သို့) စတင်ချစ်မိတာပါ။ Example_ I think I'm starting to fall for my best friend. (ငါ့သူငယ်ချင်းအရင်းကို ငါ စပြီး ချစ်မိနေပြီ ထင်တယ်။) ✅ Fall head over heels for someone (ရူးရူးမူးမူးကို ချစ်မိသွားတာ) ခေါင်းမဖော်နိုင်အောင်၊ နားမလည်နိုင်လောက်အောင်ကို အချစ်ကြီးတာပါ။ Example_ After just two weeks, he has fallen head over heels for her. (နှစ်ပတ်ရုံလေးပဲ ရှိသေးတယ်၊ သူ သူမကို ရူးရူးမူးမူး ချစ်မိသွားပြီ။) ✅ Go on a date with someone (ချိန်းတွေ့တာ) တရားဝင် အပြင်မှာ အတူတူ သွားလာစားသောက်တာပါ။ Example_ Are you going on a date with him this weekend? (ဒီအပတ် ပိတ်ရက်မှာ သူနဲ့ ချိန်းတွေ့မလို့လား။) ✅ Be seeing someone (တစ်ယောက်ယောက်နဲ့ တွဲနေတာ) Date လုပ်နေတာထက် ပိုပြီး ပုံမှန်တွဲနေတဲ့ အဆင့်ရောက်နေတာပါ။ Example_ Is she single? No, she’s been seeing someone for a few months. (သူမက လူလွတ်လား။ မဟုတ်ဘူး၊ သူမ တစ်ယောက်ယောက်နဲ့ တွဲနေတာ လအနည်းငယ်ရှိပြီ။) ***** To be continued....(Part 2) #EnglishLearning #Relationships #Idioms #Vocabulary

💧 Blue 💧 နှင့်ဆိုင်သည့် စကားလုံးတွဲများ ❄️ blue - သုံးဖြုန်းသည်။ (slang) • Don't blue your money. Money doesn't grow on the tree. ပိုက်ဆံ မဖြုန်းနဲ့။ ပိုက်ဆံပင်က ပိုက်ဆံရတာမဟုတ်ဘူး။ ❄️ look blue - စိတ်ပျက်သည်။ • What's the matter? You look blue. ဘာဖြစ်လို့လဲ။ မင်းကြည့်ရတာ စိတ်ပျက်နေပုံပဲ။ ❄️ feel blue - စိတ်ဓာတ်ကျသည်။ • This situation is making me feel blue. ဒီအခြေအနေက ကျွန်တော့်ကို စိတ်ဓာတ်ကျစေတယ်။ ❄️ blue blood - မဟာဆီ ၊ မဟာသွေး • She is from a blue - blooded family. သူမက ဆွေကြီးမျိုးကြီး မဟာဆီ မဟာသွေးတစ်ယောက်ပဲ။ ❄️ blue - collar - ကာယအလုပ်နှင့်ဆိုင်သော • I have to deal with blue - collar workers. ကျွန်တော်က ကာယလုပ်သားတွေနဲ့ ပတ်သက်ရတယ်။ ❄️ blue Monday - စိတ်ပျက်ပျင်းရိဖွယ်ကောင်းသောနေ့ • Today is a blue Monday for all of us. ဒီနေ့ကတော့ ငါတို့အားလုံးအတွက် စိတ်ပျက်စရာနေ့ပဲ။ ❄️ out of the blue - မမျှော်လင့်ဘဲ ၊ ရုတ်တရက် • His resignation came right out of the blue. သူမမျှော်လင့်ဘဲ အလုပ်ထွက်လိုက်တယ်။ ❄️ blue in the face - သေလုအောင်ကြိုးစားသော • He is an active boy who is always blue in the face. သူက သေလုအောင် အမြဲကြိုးစားနေတဲ့ တက်ကြွတဲ့ကောင်လေးပဲ။ ❄️ once in a blue moon - ကြုံတောင့်ကြုံခဲသော • She only comes home once in a blue moon now that she lives so far away. သူမက အဝေးကြီးမှာနေတာကြောင့် တစ်ခါတလေမှသာ အိမ်ပြန်လာတတ်တယ်။ ❄️ Various blue (colours) ❄️ • light blue (အပြာနု) • navy blue (အပြာရင့် - ရေတပ်အရောင်) • dark blue (အပြာရင့်ရောင်) • sky blue (မိုးပြာရောင်) • turquoise blue (စိမ်းပြာရောင်) 💧 Blue လေးတွေ ပြန်စုပေးမယ်နော် 1. blue - သုံးဖြုန်းသည်။ (slang) 2. look blue - စိတ်ပျက်သည်။ 3. feel blue - စိတ်ဓာတ်ကျသည်။ 4. blue blood - မဟာဆီ ၊ မဟာသွေး 5. blue - collar - ကာယအလုပ်နှင့်ဆိုင်သော 6. blue Monday - စိတ်ပျက်ပျင်းရိဖွယ်ကောင်းသောနေ့ 7. out of the blue - မမျှော်လင့်ဘဲ ၊ ရုတ်တရက် 8. blue in the face - သေလုအောင်ကြိုးစားသော 9. once in a blue moon - ကြုံတောင့်ကြုံခဲသော 10. light blue - အပြာနု 11. navy blue - အပြာရင့် - ရေတပ်အရောင် 12. dark blue - အပြာရင့်ရောင် 13. sky blue - မိုးပြာရောင် 14. turquoise blue - စိမ်းပြာရောင် 💦 With love Tr. Aye Moh Aye Moh - Edu

📒 Resources for Academic Reading 📒 Academic writing ကို အခက်အခဲမရှိ လွယ်လွယ်ကူကူရေးနိုင်ဖို့ဆိုရင် စာဖတ်အားကလည်းလိုပါတယ်။ စာဖတ်တဲ့နေရာမှာ academic ဆန်တဲ့စာမျိုးတွေကို အဓိကရွေးဖတ်သင့်ပါတယ်။ အဓိက သုတစာပေတွေပါ။ ရသစာပေကလည်း အချိန်ရရင် ဖတ်ပေးရမှာပါပဲ။ စကားလုံးရွေးချယ်မှုတွေ၊ sentence structure တွေကို အတုယူမှတ်သားသင့်ပါတယ်။ ဒါ့အပြင် စာတစ်ပုဒ်ဖတ်ပြီးတိုင်း main idea ရှာပြီး analyse လုပ်တာ၊ summarise လုပ်တာမျိုးတွေနဲ့ စာရေးသူရဲ့သဘောထားအပြင် ကိုယ့်ထင်မြင်ချက်ကိုပါ ထပ်ဖြည့်စဉ်းစားတာတွေက မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်လေးတွေပါ။ ဒါဆိုရင် ... Academic reading တွေ ရွေးဖတ်နိုင်ဖို့ resources လေးတွေ မျှဝေပေးပါမယ်။ 📌 News Articles BBC, CNN, The Guardian တို့လို နာမည်ကြီး သတင်းဝက်ဘ်ဆိုက်‌တွေမှာ နိုင်ငံတကာ သတင်း‌‌တွေ၊ စီးပွားရေး၊ နည်းပညာ၊ ကျန်းမာရေးစတဲ့ စုံလင်တဲ့ သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ Link လေးတွေ ပေးထားပါတယ်။ BBC - https://www.bbc.com/ CNN - https://www.cnn.com The Gurdian - https://www.theguardian.com 📌 Short Stories American Literature, East of the Web စတဲ့ ဝက်ဘ်ဆိုက်တွေမှာတော့ စိတ်ကူးယဉ်၊ ရသစာပေ၊ သမိုင်းနဲ့ လူမှုရေးဆိုင်ရာ အမျိုးမျိုးသော short story လေးတွေ ရှိပါတယ်။ American Literature - https://americanliterature.com/ East of the Web - https://www.eastoftheweb.com/ 📌 Essays and Opinion Pieces Medium, The New York Times (Opinion Section) တို့မှာ ကျွမ်းကျင်သူ‌တွေ၊ စာရေးဆရာ‌တွေရေးသားထားတဲ့ အက်ဆေး၊ လေ့လာချက်နှင့် ထင်မြင်ချက်ဆိုင်ရာ ဆောင်းပါးတွေအများကြီး ဖတ်နိုင်ပါတယ်။ Medium - https://medium.com/ The New York Times - https://www.nytimes.com/ 📌 Academic Journals Search engine တစ်ခုဖြစ်တဲ့ Google Scholar ကနေ သိပ္ပံနည်းကျ သုတေသနစာတမ်း‌‌တွေ၊ စာအုပ်စုစည်းမှု‌တွေ၊ ပညာရပ်ဆိုင်ရာ ဆောင်းပါး‌တွေကို အခမဲ့ရှာဖွေဖတ်ရှုနိုင်ပါတယ်။ Google Scholar - https://www.scholar.google.com/ ✅ စာဖတ်စွမ်းရည် တိုးတက်စေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် အကြောင်းအရာအလိုက် နေ့စဉ် ဖတ်ရှုပေးဖို့ပါ။ အပေါ်မှာဖော်ပြခဲ့တဲ့ resources တွေကနေ တစ်နေ့ တစ်ပုဒ်၀င်ဖတ်မယ်ဆိုရင်တောင် Academic writing ကို အထောက်အကူပြုရုံတင်မက အထွေထွေဗဟုသုတတွေပါ ကြွယ်ဝစေမှာတော့ ပြောဖို့တောင်မလိုပါဘူးနော် ....📚📖 🍀 With love, Tr. Aye Moh Aye Moh - Edu

ဘာသာစကားလေ့လာမှုနဲ့ပတ်သက်ပြီး ကိုယ့်အတွေ့အကြုံအရရော၊ ကျောင်းသူကျောင်းသားတွေဆီမှာ တွေ့ရတဲ့ traits တွေအရရော သတိထားမိတာလေးတစ်ခုရှိပါတယ်။ ကျွန်မတို့ နှစ်ရှည်လများ ထိတွေ့လေ့လာခဲ့တဲ့ အင်္ဂလိပ်စာကိုပဲ အဓိကထားပြောချင်ပါတယ်။ Intermediate level နဲ့အထက်ရှိသူတွေမှာ ဖြစ်လေ့ရှိတဲ့ ကိုယ့်ကိုယ့်ကိုယ် မတိုးတက်ဘူးလို့ခံစားရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာ ဘာလို့ဖြစ်တာလဲဆိုတာကို အချက် (၂) ချက်နဲ့ သုံးသပ်ကြည့်ချင်ပါတယ်။ 💢 အမှားမခံနိုင်သော "Perfectionist" ဒီလူအမျိုးအစားက စာအုပ်ကြီးအတိုင်း တိကျနေမှ စိတ်ကျေနပ်တတ်သူတွေပါ။ Grammar တစ်လုံးမှားမှာ၊ အသံထွက်မပီသမှာကို အရမ်းကြောက်တတ်တယ်။ စကားတစ်ခွန်းမပြောခင် ခေါင်းထဲမှာ Grammar နည်းကျ၊ မကျအသံထွက် မှန်၊ မမှန် အကြိမ်ကြိမ် စစ်ဆေးနေတတ်ပါတယ်။ "Perfect" ဖြစ်ချင်တဲ့ စိတ်ကြောင့် Practice အပိုင်းမှာ Stuck ဖြစ်နေတတ်ပါတယ်။ အဆိုးမြင်စိတ်ဝင်လာပြီး "ငါက မတော်ဘူး" ဆိုတဲ့ အတွေးနဲ့တင် လမ်းခုလတ်မှာ ရပ်တန့်သွားတတ်ပါတယ်။ Language ဆိုတာ Communication Tool တစ်ခုပါ။ အမှားဆိုတာ သင်ယူမှုရဲ့ လှေကားထစ်ဖြစ်လို့ "Fluency over Accuracy" ကို အရင်ဦးစားပေးကြည့်ပါ။ ------------------------- 💢 စိတ်မရှည်‌တတ်သော "Surface Learner" ဒီအမျိုးအစားကတော့ "ငါ သိတယ်၊ ငါ သိပြီ" ဆိုပြီး ရှေ့ကိုအမြန်တက်ချင်သူတွေပါ။ deep learning အားနည်းသူတွေပေါ့။ စကားလုံးအသစ်တွေကို အလွတ်ကျက်တယ်၊ ဒါပေမဲ့ ဘယ်လိုနေရာမှာ သုံးရမလဲဆိုတဲ့ အခြေခံ Context ကို သေချာမလေ့လာဘူး။ Usage တွေ မမှန်တော့ဘူး။ Complex grammar တွေ၊ ခက်တဲ့အရာတွေကို စိတ်မရှည်ဘဲ ကျော်သွားပြီး လွယ်တာလောက်နဲ့ပဲ ပတ်ချာလည်နေတတ်ပါတယ်။ အခြေခံမခိုင်တဲ့အတွက် Advanced level ရောက်လာတဲ့အခါ ရှေ့မတိုးနိုင်တော့ဘဲ ပိတ်မိသွားတတ်ပါတယ်။ "သိသလိုလိုနဲ့ တကယ်မသုံးတတ်တာ" က သူတို့ရဲ့ အဓိက အဟန့်အတားပါ။ Quantity ထက် Quality ကို အာရုံစိုက်ပါ။ တစ်နေ့ကို စာ‌တွေအများကြီး လေ့လာတာထက် တစ်မျိုးချင်း၊ တစ်ကြောင်းချင်းစီရဲ့ အဓိပ္ပာယ်နဲ့ သုံးနှုန်းပုံကို နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးစားပါ။ သိတဲ့အဆင့်နဲ့တင် မရပ်ထားဘဲ ပြန်သုံးနိုင်တဲ့အထိ စိတ်ရှည်ရှည် နှံ့နှံ့စပ်စပ်၊ အထပ်ထပ်လေ့လာမှတ်သားပါ။ ------------------ ✅ Perfectionist တွေအတွက် လိုအပ်တာက "Fluency over Accuracy" ဖြစ်ပြီး၊ Surface Learner တွေအတွက် လိုအပ်တာကတော့ "Deep Learning" ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ Perfectionist or Surface Learner ??? အားလုံးပဲ ဘာသာစကားလေ့လာတဲ့နေရာမှာ အခက်အခဲမရှိ အဆင်ပြေကြပါစေ...🎁 With love, Tr. Aye Moh Aye Moh - Edu #LanguageLearning #Mindset #English #SurfaceLearners #Perfectionist

သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ #မနက်ဖြန် နောက်ဆုံးပါ
သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ #မနက်ဖြန် နောက်ဆုံးပါ

Born to be..." နဲ့ "Born for..." ဘယ်လိုသုံးမလဲ ✅ Born to be + (Adjective / Noun) တစ်ခုခု "ဖြစ်လာဖို့" မွေးဖွားလာတာကို ဆိုလိုပါတယ်။ အခြေအနေတစ်ခု ဒါမှမဟုတ် ရာထူးဂုဏ်သရဖူတစ်ခုခု ဖြစ်လာမယ့် ကံပါလာတာမျိုးပါ။ ဥပမာ- - He was born to be a leader. (သူက ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မွေးဖွားလာတာ။) - She was born to be free. (သူမက လွတ်လပ်စွာ ရှင်သန်ဖို့ မွေးဖွားလာတာ။) *** ✅ Born for + (Noun / Gerund) တစ်ခုခု "အတွက်" ဒါမှမဟုတ် အလုပ်တစ်ခုခုကို "လုပ်ဆောင်ဖို့" မွေးဖွားလာတာကို ဆိုလိုပါတယ်။ ရည်ရွယ်ချက် (Purpose) ကို ပိုပြီး ဇောင်းပေးပါတယ်။ ဥပမာ- - He was born for greatness. (သူက ကြီးကျယ်မြင့်မြတ်မှုအတွက် မွေးဖွားလာတာ။) - I was born for this job. (ဒီအလုပ်ကို လုပ်ဖို့ ငါမွေးဖွားလာတာ။) "Born to be..." နဲ့ "Born for..." ရဲ့ ကွဲပြားပုံက သုံးနှုန်းပုံလေး နည်းနည်းပဲ ကွာခြားပေမဲ့ အဓိပ္ပာယ်ကတော့ ဆင်တူပါတယ်။ ---------- With love, Tr. Aye Moh Aye Moh-Edu

သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ April 1st week တစ်ပတ်အတွင်းပါ။

အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်တယ်… ဘာဖတ်ရမှန်းလဲမသိဘူးဆိုရင် ….🤔 📌 ပထမဆုံး ကိုယ်ဘာကိုစိတ်၀င်စားလဲ ကိုယ့်ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။ ဘယ်အရွယ်မဆို ကိုယ်စိတ်၀င်စားတဲ့အကြောင်းအရာက အရွယ်အလိုက်ရှိပါတယ်။ ကလေးအရွယ်မှာ comics လေးတွေ စိတ်၀င်စားသလို ဆယ်ကျော်သက်အရွယ်မှာလည်း adventure တွေ၊ science fiction တွေ၊ history တွေ၊ self-help လေးတွေနဲ့ adult တွေဆိုလည်း ကိုယ့်နယ်ပယ်အလိုက်၊ လိုအပ်ချက်အလိုက် ဖတ်သင့်ဖတ်ထိုက်တာတွေကို ရွေးချယ်တတ်နေပါပြီ။ ကလေးမိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို စာဖတ်စေချင်ရင် စာဖတ်ချင်စိတ် ရှိလာအောင် သူဖတ်ချင်တဲ့စာအုပ်လေးတွေကို ဦးစားပေးဖတ်ခိုင်းစေပြီးမှ ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေကို တဖြည်းဖြည်းရွေးချယ်ပေးပါ။ 📌 နေ့စဥ် စာဖတ်ချိန်လေး နည်းနည်းဖယ်ထားပါ။ ဖတ်စရာစာလည်းရှိပြီဆိုရင်တော့ တကယ်ဖတ်ဖို့ ကိုယ့်ကိုယ်ကိုယ် တာ၀န်ယူပါ။ စာဖတ်ချိန် တစ်နေ့ နည်းနည်းစီ ၁၅ မိနစ်ကစပြီး အလေ့အကျင့်လုပ်မယ်ဆိုရင် မဖတ်ရမနေနိုင်ဖြစ်လာပြီး ကိုယ့်အတွက် good habit တစ်ခုရလာမှာ အသေအချာပါပဲ။ 📌 စာဖတ်တဲ့ ကိုယ့်ရည်ရွယ်ချက်ကို သိအောင်အရင်လုပ်ပါ။ ဘာစာကိုပဲဖတ်ဖတ် ဘာအတွက်ဖတ်နေတာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ knowledge ရဖို့လား၊ fun ဖတ်ဖြစ်ဖို့လား၊ literature ခံစားဖို့လား၊ အင်္ဂလိပ်စာလေ့လာဖို့လား၊ စာမေးပွဲအတွက် အထောက်အကူရအောင်လား… ကိုယ့်ရည်ရွယ်ချက်ကို သေချာသိလေ ပိုပြီး ထိထိရောက်မှုရှိလေပါပဲ။ ဥပမာ- အင်္ဂလိပ်စာတိုးတက်ဖို့ဖတ်တဲ့သူက စာကြောင်းတည်ဆောက်ပုံတွေ၊ ကိုယ်သဘောကျတဲ့ စကားလုံးအသုံးအနှုန်းလေးတွေကို သေသေချာချာမှတ်ထားနိုင်ပါတယ်။ literature ခံစားချင်တဲ့သူ ဆိုရင်လည်း ဖြည်းဖြည်းချင်းဖတ်ပြီး စာပေရဲ့အရသာကိုခံစားရင်း ဖြန့်ကျက်တွေးလို့ ရပါတယ်။ စာမေးပွဲအတွက် essay writing တွေအတွက်ဖတ်ရတယ်ဆိုရင်တော့ လတ်တလောဖြစ်နေတဲ့ သုတဆိုင်ရာအကြောင်းအရာတွေကို ပိုဖတ်သင့်ပါတယ်။ ရသကတော့ အချိန်လေးတစ်ခုသတ်မှတ်ပေးပြီး ဖတ်ကိုဖတ်ရမယ့် စာမျိုးတွေပါပဲ။ စာတွေဖတ်ရင်း တဖြည်းဖြည်းအလေ့အကျင့်ရလာပြီဆိုရင် ကိုယ်ဖတ်သင့်တာကို ကောင်းကောင်းရှာဖွေပြီး ဖတ်ချင်လာပါလိမ့်မယ်။ စာဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း မဖြစ်တော့ပါဘူး။ စာဖတ်ရတာကို ပိုပျော်လာပြီး စာဖတ်ခြင်း၀ါသနာကို habit ဖြစ်အောင်လေ့ကျင့်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှာ အမှန်ပါပဲ…📔📖 Aye Moh-Edu Telegram မှာလည်း English book လေးတွေ၊ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့မှတ်သားစရာလေးတွေ တင်ပေးထားပါတယ် 🤍 https://t.me/ayemohedu *** With love, Tr. Aye Moh Aye Moh - Edu

For teenagers and young adults, this book might be a bit boring, but for those who enjoy reading with detailed explanation and descriptive writing styles would be a better choice. 📚