Aye Moh-Edu (English Classes)
Ir al canal en Telegram
You can join these classes at Aye Moh-Edu! 📍One-on-one Classes 📍Small-group Classes 📍Recorded Video Lessons
Mostrar más3 516
Suscriptores
+124 horas
+127 días
+2830 días
Archivo de publicaciones
🩷 Love & Relationship 🩷
- လူငယ်တွေကြား ခုတွေ့ ခုကြိုက် ခဏနေ လမ်းခွဲကြတဲ့ ချစ်ခြင်းမျိုးက...
📍 Puppy love
- Love you so much. ဆိုတာကို ခပ်ဆန်းဆန်းလေးပြောချင်ရင် ...
📍 Be head over heels (in love)
- သူတို့က သိပ်လိုက်တာ...နတ်ဖက်တဲ့စုံတွဲတွေအတိုင်းပဲဆိုရင် ....
📍 A match made in heaven
- တစ်ယောက်ယောက်ကို ကြိတ် crush နေရင်တော့...
📍Have a crush (on someone)
- ကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ...
📍 Pop the question
- ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်သူငယ်ချင်းတွေ၊ အတွဲတွေကတော့ ...
📍Kiss and make up
- အခက်အခဲတွေ အတူတူကြုံတွေ့ဖြတ်ကျော်နေကြတယ်ဆိုရင်.....
📍 On the rocks
- ဒီတခါတော့ ပြတ်သွားကြလေပြီတဲ့...
📍 Split up
- တချို့ကတော့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းကြလေသတည်းပေါ့....
📍Tie the knot
- အသေးအမွှားလေးတွေကအစ ငြင်းခုံနေတတ်ကြရင်တော့ ...
📍 Bicker
........
ကဲ .... ပုံထဲက story လေးကို ဖတ်ကြည့်ရအောင်ပါ 📖📖
Ref: New Headway (Upper-inter)
With best wishes,
Tr. Aye Moh
Aye Moh - Edu
Telegram : https://t.me/ayemohedu
"didn't dislike" / "isn't unnecessary" တို့လို double negatives ပုံစံရေးထားတဲ့အသုံးအနှုန်းမျိုးတွေကို မြင်ဖူးကြမှာပါ။ ဒီလိုပုံစံရေးတာကို Litotes လို့ ခေါ်ပါတယ်။
🎯 Litotes ဆိုတာ ဘာလဲ
Litotes ဆိုတာက အငြင်းသဘောဆောင်တဲ့စကားလုံး (negative word) နှစ်လုံးကို တွဲပြီး အပြုသဘောဆောင်တဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့ အတတ်ပညာတစ်မျိုးပါ။
ဥပမာ-
- He isn't unfriendly. (သူက မဖော်ရွေတာမဟုတ်)
သူက ဖော်ရွေတယ်။ (He is friendly. အဓိပ္ပာယ်ပါပဲ)
- It's not a bad idea. (မကောင်းတဲ့စိတ်ကူးမဟုတ်)
ဒါက ကောင်းတဲ့စိတ်ကူးပါ။ (It's a good idea.)
🎯 Litotes ကို ဘာကြောင့်သုံးကြတာလဲ
🔺အလေးအနက် မပြောလိုတဲ့အခါ (Understatement)
တိုက်ရိုက် "It's great" လို့ပြောမယ့်အစား "It's not bad." လို့ပြောလိုက်ရင် နည်းနည်းလေး ပိုပြီး လျှော့ပြောရာရောက်ပါတယ်။ ဒီလို လျှော့ပြောတာက စကားပြောတဲ့သူရဲ့ စိတ်ခံစားမှုကို ပိုပြီး နက်နက်နဲနဲ ထင်ဟပ်စေပါတယ်။
🔺 တိုက်ရိုက်မပြောလိုတဲ့အခါ (Less direct, more polite)
လူတစ်ယောက်ရဲ့အိုင်ဒီယာကို "It's a brilliant idea!" လို့ တိုက်ရိုက်ပြောမယ့်အစား "That's not a bad idea." လို့ ပြောလိုက်တာက ပိုပြီး ယဉ်ကျေးတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် တခြားသူရဲ့ ခံစားချက်ကို ထိခိုက်မှုမရှိစေဖို့အတွက်လည်း သုံးကြပါတယ်။
🔺ဟာသဉာဏ်ရွှင်ဖို့ (Irony and Humor)
အထူးသဖြင့် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို သုံးပြီး ဟာသမြောက်အောင် ပြောလေ့ရှိပါတယ်။
ဥပမာ- ရေခဲတုံးလို အေးနေတဲ့ အခန်းထဲ ရောက်သွားတဲ့အခါ "It's a bit chilly in here" လို့ ပြောမယ့်အစား "It's not exactly warm in here" လို့ ဟာသလုပ်ပြီး ပြောလို့ရပါတယ်။
🎯 ဥပမာတွေ ဆက်လေ့လာကြည့်ပါ။
- This is not unnecessay.
ဒါက လိုအပ်တယ်။ (This is necessary.)
- It wasn't a bad movie.
အဲဒီရုပ်ရှင်က ကောင်းပါတယ်။ (It was a good movie.)
- She's not a poor writer.
သူမက စာရေးကောင်းတယ်။ (She is a good writer.)
- I can't disagree with you.
မင်းပြောတာကို သဘောတူပါတယ်။ (I agree with you.)
- The exam was not easy.
စာမေးပွဲက ခက်တယ်။ (The exam was difficult.)
Litotes ကို တိုက်ရိုက်ပြောတာထက် ပိုပြီး ယဉ်ကျေးတာ၊ နူးညံ့သိမ်မွေ့တာ၊ ဒါမှမဟုတ် ဟာသနှောတာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
--------------------------------
🍀
Tr. Aye Moh
Aye Moh - Edu
Speaking & Pronunciation တိုးတက်ချင်ပေမယ့် အချိန်မရလို့ သင်တန်းမတက်နိုင်သူတွေ၊ အလုပ်များသူတွေအတွက်အဆင်ပြေအောင် modified လုပ်ထားတဲ့ Shadowing Method လေးကို မျှဝေပေးချင်ပါတယ်။
📌 ပထမဆုံး App လေး တစ်ခုကို download ဆွဲပါ။ App name က "Learn English Listening" ပါ (ပုံမှာပေးထားပါတယ်)။
📌 ဒုတိယအနေနဲ့ App ထဲမှာ ကိုယ့် level ကို ရွေးပြီးဖြစ်ဖြစ်၊ American or British voice ကို ရွေးပြီးဖြစ်ဖြစ် ကိုယ်နားထောင်မယ့်တစ်ပုဒ်ကို ရွေးပါ။ (တစ်ပုဒ်ကို 2 mins or 3 mins ပဲ ကြာပါတယ်)
🔗 နားထောင်မယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး Listening exercise, Transcript, Vocab တွေလည်း ပါပါတယ်။
📌 လေ့ကျင့်ရမယ့်အပိုင်း လာပါပြီ 🤫
(နေ့အလိုက် သတ်မှတ်ပေးထားတဲ့အဆင့်အတိုင်းပဲ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပေးပါ)
📌Shadowing Method (modified)
ကိုယ်ရွေးထားတဲ့ Listening တစ်ပုဒ်တည်းကိုပဲ.....
☑️ Mon - Listen 5 times
(၅ခေါက်နားထောင်ပါ)
☑️ Tue - Repeat phrase by phrase
(စကားစုလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)
☑️ Wed - Repeat sentence by sentence
စာကြောင်းလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)
☑️ Thu - Repeat after the speaker
(Speaker နဲ့အတူတူ လိုက်ပြောကြည့်ပါ)
☑️ Fri - Record - Analyze - Record
(Listening တစ်ပုဒ်လုံးကို record လုပ်ပြီး ကိုယ့်အသံကို ပြန်ဆန်းစစ်ပါ။ လိုတဲ့နေရာ မှားတဲ့နေရာတွေမှတ်ထားပါ။ နောက်တစ်ခေါက် record ပြန်လုပ်ပါ။)
☑️ Sat - Retell the subject
(Listening အကြောင်းအရာကို ကိုယ်မှတ်မိသလို ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြီး record လုပ်၊ သိမ်းထားပါ။ တစ်လကြာတဲ့အခါ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်တွေ့ရပါလိမ့်မယ်)
☑️ Sun - Relax 🥰
*********
You will see your improvement after one month.
But .... 📍Be consistent!!!
Telegram ကနေလည်း စာတွေဖတ်နိုင်ပါတယ် ... https://t.me/ayemohedu
With best wishes,
Tr. Aye Moh
Aye Moh - Edu
🎯 "used to" နှင့် "be used to"
"used to" နဲ့ "be used to" ဆိုတဲ့ စကားစုနှစ်ခုက ပုံစံချင်းဆင်ပေမဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပုံချင်း မတူပါဘူး။ ဘယ်လိုကွာခြားလဲ....?
✅ "used to"
အတိတ်တုန်းက ပုံမှန်လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တစ်ခု ဒါမှမဟုတ် အခုလက်ရှိမှာ မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။
📌 Subject + used to + Verb (base form)
* I used to play football when I was young.
(ငါ ငယ်ငယ်တုန်းက ဘောလုံးကန်လေ့ရှိတယ်၊ အခုတော့ မကန်တော့ဘူး။)
* He used to live in Yangon.
(သူ ရန်ကုန်မှာ နေခဲ့ဖူးတယ်၊ အခုတော့ မနေတော့ဘူး။)
✅ "be used to"
အကျွမ်းတဝင်ရှိနေပြီဖြစ်တဲ့ အခြေအနေတစ်ခု ဒါမှမဟုတ် အရာတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအခြေအနေကို ကိုယ်က အဆင်ပြေပြေနဲ့ ရင်ဆိုင်နိုင်နေပါပြီ။
"to" နောက်မှာ noun / verb-ing (gerund) လိုက်ရပါမယ်။
📌 Subject + be used to + Noun / Verb-ing
* I am used to getting up early.
(ငါ မနက်စောစောထတာကို အကျင့်ဖြစ်နေပြီ။)
* She is used to the hot weather in Myanmar.
(သူမ မြန်မာနိုင်ငံရဲ့ ရာသီဥတုပူတာကို အသားကျနေပြီ။)
🎯 အနှစ်ချုပ်
* used to + (Verb): အတိတ်က အလေ့အကျင့် (past habit)
* be used to + (Noun/Verb-ing): လက်ရှိမှာ အသားကျနေပြီ (present familiarity)
ဒီလေ့ကျင့်ခန်းလေးကို ဖြေကြည့်ပါ။
Choose the correct answer:
* He (used to / is used to) eat a lot of sweets, but now he eats healthy food.
* I (used to / am used to) working late at night, so it's not a problem for me.
----------------🍀
Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu
အင်္ဂလိပ်လို ရေးရတဲ့အခါ_
🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်တလဲလဲသုံးနေမိတယ်။
🪫Sentence တွေက တစ်ခါလာလည်း ဒီထဲကမထွက် simple sentence, simple words တွေပဲဖြစ်နေတယ်။
ဒါတွေကတော့ အင်္ဂလိပ်စာနဲ့ ရေးရ၊ သုံးရတဲ့သူ အများစုရဲ့ အခက်အခဲတွေပါပဲ။
Grammar ခဏခဏ လေ့လာဖူးပေမယ့် Rules + Exercises ပဲ လုပ်ပြီး အဲ့ဒီ Rules ကို တကယ်လက်တွေ့စာရေးတဲ့ဆီ ခေါ်မလာတဲ့အခါ၊ စာကြောင်း Pattern တွေပဲ လေ့လာပြီး အဲ့ဒီ Sentence style တွေကို ကိုယ်ရေးတဲ့စာထဲမှာ နေရာတကျ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ထည့်သုံးဖို့ လေ့ကျင့်မှု (Practice) မလုပ်တဲ့အခါ ဘယ်လောက်ပဲ စာလုပ်တယ်ပြောပြော input ပဲရပြီး output အနေနဲ့ ပြန်မထုတ်နိုင်ပါဘူး။ အဓိကက Practice လိုနေတာပါ။
🎯 အဲ့ဒီ Practice ကို ဒီ Advanced Grammar and General Writing (Video Course) မှာ အများကြီး လေ့ကျင့်ရမှာပါ။ Grammar Rule တစ်ခုပြောပြီးတိုင်း၊ Sentence pattern တစ်ခုရှင်းပြီးတိုင်းမှာ ဒါတွေကို ပြန်သုံးနိုင်ဖို့ writing paragraph လေးတွေ၊ Essay လေးတွေ အိမ်စာအနေနဲ့ အရေးလေ့ကျင့်ရတဲ့သင်တန်းပါ။ သင်ကြားမယ့် Course outline ကို အောက်မှာပေးထားပါတယ်။
🎁Advanced Grammar and Writing Practice (Video Lessons)
- Tense ၁၂မျိုး ယှဉ်တွဲလေ့လာထားတဲ့ပုံစံ အနှစ်ချုပ်
- Verb အမျိုးအစားများ
- Adjectives & Adj phrases
- Adverbs & Adv phrases
- Correlative conjunctions
- Infinitive Vs Gerund
- Phrases
- Clauses
- Participles
- Past Modals
- If Conditional & Inversion
- Inversions အမျိုးမျိုး
- Cleft sentences
- Passive Voice (formal)
- Linking words
- Types of Sentences
- Paragraph writing အမျိုးမျိုး
🧭 ပုံမှန်သင်တန်းကြေး - ၇သောင်း
🎁 Special fee (၃သောင်းခွဲ) 🎁
#50 % off (Aug 7 အထိ)
စုံစမ်းရန် - Aye Moh-Edu (Page Messenger),
Ph- 09 43115607
-------------------------------
Tr. Aye Moh
B.Ed; M.Ed (YUOE)
Dip in English & Creative writing (YU)
TESOL certified by ASU
✅ Figurative Language (Part 3)
📌 Hyperbole (အလွန်အမင်းချဲ့ကားပြောခြင်း)
Hyperbole ဆိုတာက ကိုယ်ပြောချင်တဲ့ စိတ်ကူးစိတ်သန်း၊ အချိန်ကာလ၊ ခံစားချက် စတာတွေကို ပိုမိုအလေးအနက်ဖော်ပြပြီး အလွန်အမင်းချဲ့ကားပြောတဲ့ ဥပစာစကားဖြစ်ပါတယ်။
Examples_
- It's going to take a million years to get there!
(ဒီကိုရောက်ဖို့ နှစ်သန်းပေါင်းများစွာ ကြာလိမ့်မယ်။)
- I'm so hungry, I could eat a horse!
(ငါအရမ်းဗိုက်ဆာနေတာ၊ မြင်းတစ်ကောင်ကိုတောင် စားနိုင်တယ်။)
- I'm so tired, I could sleep for a century!
(ငါအရမ်းပင်ပန်းနေတာ၊ ရာစုနှစ်တစ်ခုလုံး အိပ်နိုင်တယ်။)
🍹Common examples_
1. I’m literally freezing to death.
2. He runs faster than the speed of light.
3. This bag weighs a ton.
4. It’s taking forever.
5. I’m dying of laughter.
6. He’s older than the hills.
7. She cried a river.
8. It’s boiling hot outside.
9. I have a ton of homework.
10. That was the worst day of my life.
--------------------------------
✅ Alliteration (အက္ခရာတူအစပြုစကားလုံးများ)
Alliteration ဆိုတာက tongue twisters လိုပါပဲ။ အက္ခရာတူနဲ့စတဲ့ စကားလုံးတွေကို ထပ်တလဲလဲသုံးတဲ့ လျှာခလုတ်တိုက်အောင်ရေးတဲ့နည်းပါ။
Examples_
- Three tired tigers.
(ပင်ပန်းနွမ်းနယ်နေတဲ့ ကျားသုံးကောင်။)
- The silly snake slithered.
(နုံးနယ်တဲ့မြွေဟောက်က လိမ်ခွေသွားတယ်။)
- Giddy goats galloped gracefully.
(ပျော်ရွှင်နေတဲ့ဆိတ်တွေ ကြော့ကြော့မော့မော့ပြေးလွှားနေကြတယ်။)
🍹 Common examples_
1. Peter Piper picked a peck of pickled peppers.
2. She sells seashells by the seashore.
3. Busy buzzing bees.
4. Whispering winds whirled wildly.
5. Big brown bears bellowed boldly.
6. Silly snakes slither silently.
7. The wild winds whipped wildly.
--------------------------
✅ Oxymoron (ဆန့်ကျင်ဘက်စကားလုံးတွဲ)
Oxymoron ဆိုတာက ဆန့်ကျင်ဘက်အဓိပ္ပာယ်ရှိသော စကားလုံးနှစ်လုံးကို တွဲဖက်အသုံးပြုထားသော စကားလုံးအလှဖြစ်ပါတယ်။
Examples_
- After the explosion, there was a deafening silence.
(ကျယ်လောင်တဲ့ပေါက်ကွဲသံအပြီး မထင်မှတ်အောင် တိတ်ဆိတ်သွားတဲ့သဘော)
- Graduating was a bittersweet moment—I was proud but sad to leave my friends.
(ဘွဲ့ရတဲ့နောက်ဆုံးနေ့ဆိုတာ ဂုဏ်ယူစရာကောင်းသလို သူငယ်ချင်းတွေကို ခွဲရတာမို့ ၀မ်းနည်းစရာလည်းကောင်းတတယ်ဆိုတာကို bittersweet လို့ သုံးလိုက်တာပါ)
- After three nights with no sleep, I felt like the living dead.
(၃ ည ဆက်တိုက်မအိပ်တော့ လူက သေမလိုကို ပင်ပန်းနေတယ်ဆိုတဲ့သဘော)
🍹 Common examples
1. That comedian’s routine was seriously funny!
2. Please bring the original copy of your birth certificate.
3. He wore a headset to explore a virtual reality game.
4. She looked clearly confused after hearing the complex instructions.
------------------
အားလုံးပဲ စာရေးတဲ့အခါရော စာဖတ်တဲ့အခါမှာပါ ပိုပြီးလွယ်ကူအဆင်ပြေကြပါစေ။
With love,
Tr. Aye Moh
Aye Moh - Edu
✅ Figurative Language (Part 2)
📌 Personification (လူပုဂ္ဂိုလ်အနေဖြင့် ခိုင်းနှိုင်းတင်စားမှု)
Personification ဆိုတာက poem တွေ၊ story တွေ ရေးတဲ့အခါ သက်မဲ့အရာဝတ္ထုတွေ၊ တိရိစ္ဆာန်တွေ၊ စိတ်ကူးစိတ်သန်းတွေကို လူသားရဲ့ခံစားတတ်တဲ့ပုံမျိုး၊ လှုပ်ရှားပြုမူတဲ့ပုံမျိုးနဲ့ နှိုင်းယှဉ်ရေးသားတဲ့ ပုံစံတစ်ခုပါ။ ဒီနည်းလမ်းက စာဖတ်သူရဲ့ စိတ်ထဲမှာ ကိုယ်ဖတ်နေတဲ့အကြောင်းအရာကို ပိုပြီးကွက်ကွက်ကွင်းကွင်း မြင်ယောင်မိစေဖို့ ကူညီပေးပါတယ်။
Examples_
1. That slice of pizza is calling my name.
(အဲဒီပီဇာတစ်ချပ်က ငါ့နာမည်ကို ခေါ်နေပြီ/ pizza က စားချင်စဖွယ်ဖြစ်နေ/ငါ အရမ်းစားချင်နေ။)
#pizza ကတော့ လူလို စကားပြောလို့မရပေမယ့် ပိုပြီးချဲ့ကားပြောတာမျိုးပေါ့။
2. His car engine roared as he drove off.
(သူ ကားမောင်းတဲ့အခါ ကားအင်ဂျင်က ဟိန်းဟောက်သံထွက်လာတယ်။)
#အင်ဂျင်သံကျယ်လောင်တာကိုပြော။
3. The cat scowled at me in disbelief.
(ကြောင်လေးက မယုံသလို ငါ့ကို မျက်မှောင်ကြုတ်ပြတယ်။)
4. The sky was so unhappy without sunlight.
(နေရောင်မရှိတော့ ကောင်းကင်ကြီး ဝမ်းနည်းတာပေါ့။)
5. My heart was beating so hard, it was practically jumping in and out of my body.
(ငါ့နှလုံးသားက အရမ်းခုန်နေတယ်၊ ခန္ဓာကိုယ်ထဲကနေ ခုန်ထွက်လာမလိုပဲ။)
⚡ More examples
- The wind whispered – (gentle breeze making a soft sound)
- The sun smiled – (bright, pleasant sunlight)
- Time flew – (time passed quickly)
- The storm screamed – (loud thunder/wind)
- The leaves danced – (leaves moving lightly in the wind)
- The night crept in – (night slowly arriving)
- The rain tapped on the window – (raindrops hitting softly)
- The city never sleeps – (city is always active)
- The fire swallowed the house – (fire destroying quickly)
- The clock ticked angrily – (time passing with pressure or stress)
-------------------------------------
📌 Onomatopoeia (မြည်သံစွဲအလင်္ကာ)
Onomatopoeia ဆိုတာက သဘာဝအသံတွေကို စာလုံးနဲ့ တိုက်ရိုက်ဖော်ပြတဲ့ စကားလုံးတွေပါ။ များသောအားဖြင့် Story တွေ ဖတ်တဲ့အခါ ဒီစကားလုံးတွေက စာဖတ်နေရင်း အသံကို ပိုပြီးစိတ်ထဲမြင်အောင် ကူညီပေးပါတယ်။
Examples_
1. Bonk! Sam felt a throbbing pain in his head after accidentally running into a nearby tree.
(Bonk! ဆမ်က သစ်ပင်နဲ့ မတော်တဆတိုက်မိပြီး ခေါင်းထဲမှာ တဒုတ်ဒုတ်ကိုက်နေတယ်။)
2. Ha-ha-ha-ha-ha! They laughed in unison.
(ဟားဟားဟား! သူတို့အားလုံးတစ်ပြိုင်တည်း ရယ်လိုက်ကြတယ်။)
3. Achoo! 'Bless you,' said Professor Penguin when he heard Florence Flamingo sneeze.
(Achoo! "ဘုရားသခင်ကောင်းချီးပေးပါစေ" လို့ ပရော်ဖက်ဆာ ပင်ဂွင်းက Florence Flamingo နှာချေသံကြားတဲ့အခါ ပြောလိုက်တယ်။)
4. Vrooooooommmm! He hears the engine roar.
(Vrooooooommm! သူက အင်ဂျင်ဟိန်းသံကို ကြားလိုက်ရတယ်။)
5. Beep, beep, beep, beep… It won’t stop!
(ဘီး၊ ဘီး၊ ဘီး၊ ဘီး... "ဒီအသံ မရပ်ဘူး!" )
⚡ More examples_
- Whoosh (လေတိုက်သံ)
- Pitter-patter (မိုးစက်သံ)
- Bong (ခေါင်းလောင်းသံ)
- Bonk (ခေါင်းတိုက်မိသံ)
- Ha-ha (ရယ်သံ)
- Boom (ပေါက်ကွဲသံ)
- Vroom (မော်တော်ဆိုင်ကယ်သံ)
- Splat (ဖျပ်ခနဲမြည်သံ)
- Bam (ပြင်းထန်စွာထိမိသံ)
- Beep (အချက်ပေးသံ)
- Achoo (နှာချေသံ)
- Buzz (တဝီဝီမြည်သံ)
-------------------------
Creative writing တွေရေးမယ်ဆို ဒီနည်းလမ်းတွေက စာရေးသူကို အများကြီးအကူအညီဖြစ်စေပါတယ်။ စာဖတ်သူတွေလည်း ဖတ်ရတာ ပိုပျော်စရာကောင်းပြီး စိတ်ကူးမြင်လွယ်စေပါတယ်။
အပိုင်း (၃) ကို ဆက်လက်ဖော်ပြပါမယ်။
Tr. Aye Moh
Aye Moh - Edu
✅ Figurative Language ဆိုတာ ...
Descriptive writing တို့၊ Narrative writing တို့၊ fiction, short story တို့ ရေးတဲ့အခါ Figurative Language (ဥပစာစကား) ကို ထည့်သုံးပြီးရေးမယ်ဆိုရင် ကိုယ်ရေးတဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ စိတ်ကူးကွန့်မြူးပြီး လှလှပပပုံဖော်တဲ့ နည်းလမ်းတွေနဲ့ ဖော်ပြလို့ရပါတယ်။ စာဖတ်ရတဲ့သူအတွက်လည်း ပိုပြီးဆွဲဆောင်မှုရှိတဲ့ စိတ်၀င်စားစရာ စာတစ်ပုဒ်ကို ဖတ်နေရသလို ဖြစ်နေမှာပါ။
Figurative style ကို ထည့်သုံးချင်ရင်တော့ ဒီအကြောင်းအရာလေးတွေ လေ့လာထားဖို့ လိုပါလိမ့်မယ်။
1️⃣ Simile
2️⃣ Metaphor
3️⃣ Personification
4️⃣ Onomatopoeia
5️⃣ Hyperbole
6️⃣ Alliteration
7️⃣ Oxymoron
1️⃣ Simile (နှိုင်းယှဉ်ပြခြင်း)
Simile ဆိုတာ စာရေးတဲ့အခါမှာ အကြောင်းအရာနှစ်ခုကို "like" / "as" သုံးပြီး နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ရေးတဲ့စာကို ပိုပြီးရုပ်လုံးပေါ်အောင် ဖော်ပြနိုင်ပါတယ်။
Examples_
- My sister was as busy as a bee today.
→ ကျွန်မအစ်မက ပျားတစ်ကောင်လို ဒီနေ့ အလုပ်များနေတယ်။
(အလုပ်များတာကို ပျားနဲ့နှိုင်းယှဉ်ပြ - as busy as a bee)
- Night Zookeeper Will is as brave as a lion.
→ Night Zookeeper Will က ခြင်္သေ့တစ်ကောင်လို သတ္တိရှိတယ်။
(သတ္တိရှိမှုကို ခြင်္သေ့နဲ့ယှဉ်ပြ - as brave as a lion)
- The two of them are like two peas in a pod.
→ သူတို့နှစ်ယောက်က ပဲတောင့်တစ်ထောင့်က ပဲနှစ်စေ့လို အတူတူပါပဲ။
(အလွန်တူညီမှုကို ပဲစေ့နှစ်စေ့နဲ့ပြ - like two peas in a pod)
📌 အသုံးများတဲ့ Smilies တွေကို မှတ်သားထားပါ။
1. as light as a feather - very light
2. as cool as a cucumber - very calm
3. as blind as a bat - can’t see well
4. as quick as lightning - very fast
5. as sweet as honey - very sweet/nice
6. as stubborn as a mule - very stubborn
7. as free as a bird - feeling free
8. as sharp as a knife - very sharp (physically or mentally)
9. as strong as an ox - very strong
10. like a fish out of water - feeling uncomfortable or out of place
-------------------------
2️⃣ Metaphor (ရည်ညွှန်းပြောဆိုခြင်း)
Metaphor ကလည်း Simile လိုပဲ နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်ပေမယ့် "like" / "as" မသုံးဘဲ တိုက်ရိုက်ပြောတာပါ။
Examples _
- Life’s a rollercoaster.
→ ဘဝဆိုတာ rollercoaster လိုပါပဲ။
(ဘဝကို rollercoaster နဲ့တူတယ်လို့ တိုက်ရိုက်ပြော)
- He has a heart of stone.
→ သူ့မှာ ကျောက်တုံးလို နှလုံးသားရှိတယ်။
(ကြမ်းတမ်းမှုကို ကျောက်နဲ့ယှဉ်ပြ)
- My mum is an early bird.
→ ကျွန်မအမေက မနက်စောစောထတဲ့ ငှက်တစ်ကောင်လိုပါပဲ။ အမြဲအစောကြီး အိပ်ရာထတတ်သူပါ။
(စောစောအိပ်ရာထတတ်သူကို ငှက်နဲ့ယှဉ်ပြ)
📌 အသုံးများတဲ့ Metaphor တွေကိုလည်း မှတ်သားထားပါ။
1. Time is money. (Time is valuable.)
2. The world is a stage. (Life is like a play.)
3. He’s a walking encyclopedia. (He knows a lot.)
4. Her voice is music to my ears. (pleasant to hear)
5. The classroom was a zoo. (very noisy or chaotic)
6. He’s a night owl. (He stays up late.)
7. She has a heart of gold. (very kind)
8. My brain is a sponge. (absorbs information well)
9. He’s a rock. (dependable and strong)
10. This task is a piece of cake. (very easy)
---
📌 အနှစ်ချုပ်
Simile vs Metaphor ဘာကွာလဲ ❓
✅ Simile: "like/as" သုံးပြီး *သွယ်ဝိုက်နှိုင်းယှဉ်*
✅ Metaphor: "like/as" မသုံးဘဲ *တိုက်ရိုက်ပြော*
- Simile: She sings *like an angel*.
- Metaphor: She is *an angel*.
Figurative Language အသုံးပြုပုံတွေကို အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပါအုံးမယ်။
Tr. Aye Moh
Aye Moh - Edu
✨ Technology Idioms လေးတွေကို Headway Advanced စာအုပ်ထဲကနေ ထုတ်နုတ်ရှင်းပြပေးထားပါတယ်။ ပုံထဲက စာပိုဒ်လေးကို ဘယ်လောက်နားလည်လဲသိရအောင် အရင်ဖတ်ကြည့်ပါ။ highlight လုပ်ပေးထားတဲ့ idiom တွေကို ဒီပို့စ်မှာ ပြန်ရှင်းပေးထားပါတယ်။ ✨
1. A well-oiled machine - စနစ်တစ်ခုလုံး အချိတ်အဆက်မိမိနဲ့ ချောချောမွေ့မွေ့ လည်ပတ်နေတာ (Highly efficient organization)
📝 စက်ဆီလောင်းထားတဲ့ စက်ပစ္စည်းတစ်ခုလိုပဲ အဟန့်အတားမရှိ အလုပ်ဖြစ်နေတာကို ပြောတာပါ။
2. Fire on all cylinders - စွမ်းဆောင်ရည် အမြင့်ဆုံးအထိ စိုက်ထုတ်ပြီး အရှိန်အဟုန်နဲ့ လုပ်ကိုင်တာ (Operating at maximum capacity)
📝 အင်ဂျင်တစ်ခုရဲ့ ဆလင်ဒါတွေ အကုန်လုံး အလုပ်လုပ်ပြီး စွမ်းအားအပြည့် ထွက်နေတဲ့ ပုံရိပ်ကို မြင်ကြည့်နော်။
3. Light years ahead - နည်းပညာ သို့မဟုတ် စနစ်တစ်ခုက အပြတ်အသတ်ကို သာလွန်ဆန်းသစ်နေတာ (Far more advanced)
📝 အလင်းနှစ် (Light Years) နဲ့ တိုင်းရလောက်အောင် အလှမ်းကွာဝေးပြီး ခေတ်ရှေ့ပြေးနေတာမျိုးပေါ့။
4. Not rocket science - အရမ်းကြီး ဦးနှောက်ခြောက်ခံပြီး စဉ်းစားရလောက်အောင် မခက်ခဲတာ (Not overly complex/Easy to understand)
📝 rocket science ပညာရပ်လိုမျိုး လေ့လာရခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ တင်စားတာ။
5. Push the panic button - အခြေအနေတစ်ခုမှာ စိတ်မထိန်းနိုင်ဘဲ အလန့်တကြား တုံ့ပြန်မိတာ (To react to a situation by panicking
📝 ပြဿနာအသေးအမွှားလေးကို အရေးပေါ်ခလုတ် (Panic Button) နှိပ်လိုက်သလို ကယောင်ကတမ်း မဖြစ်ဖို့ ပြောတာ။
6. On the same wavelength - အတွေးအခေါ်ချင်း၊ အမြင်ချင်း တူညီပြီး နားလည်မှု အပြည့်ရှိတာ (To think similarly or agree)
📝 ဖုန်းလှိုင်း၊ ရေဒီယိုလှိုင်း (Wavelength) ချင်း တူနေတော့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရတာ အဆင်ပြေနေတာ။
7. Get your wires crossed - ဆက်သွယ်မှုပိုင်းဆိုင်ရာ လွဲမှားပြီး နားလည်မှုလွဲတာ (Misunderstanding/Miscommunication)
📝 ကြိုးတွေ ရှုပ်ထွေး (Crossed) ကုန်တော့ သတင်းစကားက လွဲချော်သွားတဲ့ သဘောပဲ။
8. Blow a fuse - ဒေါသတကြီး စိတ်ပေါက်ကွဲသွားတာ (To become extremely angry)
📝 လျှပ်စစ်ဓာတ်အား အရမ်းများသွားတဲ့အခါ ဖျူးစ်ပြတ်သွားသလိုပဲ၊ စိတ်တိုလွန်းလို့ ပေါက်ကွဲတာကို ပြောတာ။
9. Reinvent the wheel - အဖြေရှိပြီးသား၊ သက်သေပြပြီးသားအရာကို အချိန်ကုန်ခံပြီး အသစ်ကနေ ပြန်လုပ်တာ (Wasting time creating sth that already exists)
📝 လူသားတွေ တီထွင်ပြီးသား "ဘီး" ကို အစကနေ အသစ်ပြန်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်မယ်လေ။
10. Throw a spanner in the works - ကောင်းကောင်းလည်ပတ်နေတဲ့ အစီအစဉ်ကို ကြားထဲကနေ နှောင့်ယှက်ဖျက်ဆီးလိုက်တာ (To spoil a plan)
📝 လည်ပတ်နေတဲ့ စက်ပစ္စည်းတွေထဲကို Spanner တစ်ခု ပစ်ထည့်လိုက်ရင် စက်ကြီး ရပ်တန့်သွားသလိုမျိုး ပေါ့။
Advanced ကျောင်းသားတွေအတွက် ဒီလို အင်္ဂလိပ် Metaphor အယူအဆတွေကို တွဲမှတ်ထားရင် Writing နဲ့ Speaking မှာ သုံးတဲ့အခါ သဘာဝ ပိုကျကျ သုံးနိုင်ပါလိမ့်မယ်။
အောက်ကစာပိုဒ်လေးကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။ ပိုပြီး နားလည်သွားပါလိမ့်မယ်။
-------------------
Tr. Aye Moh
#technology_idioms
#advanced
#ayemohedu
📍 30-Day Challenge for Speaking & Writing
အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် Productive skills တွေ တိုးတက်ဖို့ 30-day challenge လေး လုပ်ကြည့်လို့ရအောင် နည်းလမ်းလေးတွေပြောပြပါမယ်။
For Speaking_
💌 မိမိနှစ်သက်ရာ video တစ်ခုရွေးပါ။ (10-15 mins)
💌 ပထမအကြိမ် - video အစအဆုံးကြည့်ပါ။ (subtitle လိုရင်သုံးပါ)
💌 ဒုတိယအကြိမ် - phrase or sentence အလိုက် တစ်ခုကို သုံးကြိမ်လိုက်ပြောပါ။ (shadowing method)
💌 တတိယအကြိမ် - Speaker နဲ့ အတူတူလိုက်ပြောပါ။
💌 စတုထ္ထအကြိမ် - Speaker အသံပိတ်ပြီး တစ်ယောက်တည်းပြောပါ။ (Subtitle ဖွင့်ထားပါ)
💌 နောက်ဆုံးအကြိမ် - မိမိနားလည်သလို မှတ်မိသလောက် ကိုယ်တိုင်ပြောကြည့်ပါ။ ကိုယ့်ရဲ့ထင်မြင်ချက်ပါ ထည့်ပြောကြည့်ပါ။ (Record လုပ်ထားပါ)
***
For writing _
💌 အထပ်ထပ်နားထောင်ပြီး ကိုယ်တိုင်ပြန်ပြောထားတဲ့ video ထဲက အကြောင်းအရာကို Essay တစ်ပုဒ်ပြန်ရေးပါ။
ကိုယ့်ရဲ့ စိတ်၀င်စားမှုနဲ့ English level ပေါ်မူတည်ပြီး Video ရွေးပါ။ Writing လည်း ရေးဖြစ်အောင်ရေးပါ။ ခေါင်းစဉ်တစ်ခုထဲကို Speaking ရော၊ Writing ပါ သုံးလိုက်ခြင်းကြောင့် English skills နှစ်ခုအတွက်သာမက Knowlege ပါ ရလို့ ပိုလည်းမှတ်မိပြီး ပျော်စရာကောင်းပါတယ်။
***
Try your best! 🤍✨
Tr. Aye Moh
Aye Moh - Edu (English Classes)
https://t.me/ayemohedu (Telegram)
Appearance ကိုဖော်ပြတဲ့ စကားလုံးတွဲလေးတွေ လေ့လာရအောင်။
#Appearance (ပုံပန်းသဏ္ဍာန်)
(1) be the spitting image of someone / be the spit = ပုံစံတူသည်။
Example -
- You’re the spitting image of your mother! (မင်းက မင်းအမေနဲ့ တစ်ပုံစံတည်းပဲ။)
- He’s the spit of his father! (သူက သူ့အဖေပုံစံပဲ။)
(2) like peas in a pod = ပုံစံတူသော။
Example –
- The two sisters are like peas in a pod. (ညီအစ်မနှစ်ယောက်က ပုံစံတူပဲ။)
(3) like chalk and cheese / bear no resemblance to = လုံး၀မတူသော
Example -
- The twins are like chalk and cheese! (အမွှာတွေက လုံး၀မတူကြဘူး။)
- He bears no resemblance to his father at all. (သူက သူ့အဖေနဲ့ လုံး၀မတူဘူး။)
#idioms #appearance #looks #english
Tr. Aye Moh
Aye Moh - Edu
Her condition is now beyond hope of recovery.
(သူမအခြေအနေက နေပြန်ကောင်းလာဖို့ မျှော်လင့်ချက်မရှိတော့..)
– hope against hope - မျှော်လင့်ချက်မရှိဘဲ ဆက်လက်မျှော်လင့်သည်။
Mary hoped against hope that he will come back one day.
(သူပြန်လာမှာပဲလို့ မေရီကတော့ မျှော်လင့်နေတာပဲ…. တကယ်က မလာတော့)
– in the hope of something - မျှော်လင့်ချက်နှင့်
I called in the hope of finding her at home.
(အိမ်မှာတွေ့နိုင်မယ်ထင်ပြီး ဖုန်းခေါ်ခဲ့)
Wish နဲ့ Hope အသုံးပြုပုံလေးတွေကို သိသွားပြီးရင် လက်တွေ့စာကြောင်းလေးတွေ ရေးကြည့်ခဲ့ပါနော် ✍✍✍
Ref: Espresso English, English Learners' Dictionary, iAbidam
With affection
Aye Moh
Aye Moh - Edu ပေ့ချ်မှာ English သင်ခန်းစာများကို ဖတ်ရှုနိုင်ပါသည်။ English သင်တန်းများလည်း စုံစမ်းနိုင်ပါသည်။
👉 Wish နှင့် Hope အသုံးပြုပုံ👈
#WISH - ပစ္စုပ္ပန် (သို့မဟုတ်) အနာဂတ်အတွက် တစ်ခုခုဖြစ်ချင်သည် (စိတ်ကူးယဉ်/နောင်တ)
1️⃣ Present Situation (ပစ္စုပ္ပန်ကာလအခြေအနေ)
ဝါကျပုံစံ -
(Sub) wish + (Sub) + Past tense (v2) ……. စိတ်ကူးယဉ်သဘော
(I wish I had a car.)
Example –
- I live near the beach, but I wish I lived near the mountains.
ကျွန်တော် ကမ်းခြေနားမှာ နေတယ်။ တောင်တန်းတွေအနီးမှာ နေရရင် သိပ်ကောင်းမှာပဲ။
(သူ့စိတ်ကူးထဲမှာက တောင်တန်းတွေအနီးမှာနေချင်တယ်။ တကယ်နေနေရတာက ကမ်းခြေနားမှာ…တောင်တန်းတွေအနီးမှာနေချင်တယ်လို့ အခုစိတ်ကူးတာ …တကယ်မဖြစ်နိုင်သေး စိတ်ကူးသက်သက်)
- I wish my mother knew how to use a computer, but she’s terrible with technology. အမေ ကွန်ပျူတာသုံးတတ်ရင် သိပ်ကောင်းမယ် (ယခု စိတ်ကူးလိုက်တာ) တကယ်ကတော့ သူ့အမေက နည်းပညာနဲ့ပတ်သက်ပြီး မသိရှာဘူး။ (I wish my mother knew……)
- I’m very busy and I have no free time. I wish I didn’t have to work so much.
ကျွန်တော်အလုပ်များလို့ အားလပ်ချိန်မရှိဘူး။ အလုပ်အများကြီး မလုပ်ရရင်ကောင်းမှာပဲ
(ယခုစိတ်ကူးလိုက်တာ … ဒါပေမယ့် မဖြစ်နိုင်ဘူး.. အလုပ်တွေမှတစ်ပုံကြီးလုပ်ရအုံးမယ်)
- Getting a visa to travel to the U.S. is difficult. I wish the process wasn’t so complicated.
အမေရိကန်ကိုသွားဖို့ ဗီဇာလျှောက်တာ ခက်လိုက်တာ။ အဆင့်တွေ သိပ်မရှုတ်ထွေးရင်ကောင်းမယ်
(အဆင့်ဆင့်လုပ်ရလို့ လွယ်ကူစေချင်တာ … သို့သော် မဖြစ်နိုင်သေး … ဖြစ်စေချင်ရုံသက်သက်)
2️⃣ Past situation (အတိတ်ကာလအခြေအနေ)
ဝါကျပုံစံ -
(Sub) wish + (Sub) + Past perfect (had v-3) ……နောင်တသဘော
(I wish I had passed the exam.)
Example –
- I didn’t go to college. I wish I had gone to college when I had the chance.
ကျွန်တော် ကောလိပ်မတက်ခဲ့ဘူး (အတိတ်အခြေအနေ)။ အခွင့်အရေးရခဲ့ရင် ကောလိပ်တက်ရရင် ကောင်းမှာပဲ။ {အတိတ်က မလုပ်ခဲ့မိလို့ လက်ရှိမှာ နောင်တရနေ)
- Yesterday I got very angry at my best friend. I wish I hadn’t said she was stupid.
မနေ့က ငါသူငယ်ချင်းကို အရမ်းစိတ်ဆိုးခဲ့တယ်။ သူ့ကို အသုံးမကျဘူးလို့ မပြောမိခဲ့ရင်ကောင်းမှာ (ပြောခဲ့မိတဲ့စကား ကျွံသွားမှ နှုတ်ချင်လို့မရတော့..နောင်တသက်သက်)
- I wish I hadn’t seen that horror movie. I’ve been having nightmares these days!
ဒီကြောက်ဖို့ကောင်းတဲ့ရုပ်ရှင်ကို မကြည့်ခဲ့ရင်ကောင်းမယ်။ ခုတော့ အိပ်မက်ဆိုးတွေပဲ မက်နေတော့တာ….(လူသတ်ကားကြည့်ပြီး ကိုယ့်ကိုယ် တစ်ယောက်ယောက်က ချောင်းနေသလို ခံစားရတာမျိုး… ကြည့်ပြီးသားဖြစ်နေလို့ မျက်လုံးထဲကမထွက် …ကြည့်မိတာ နောင်တရ)
#ဆုတောင်းမေတ္တာပို့သရာတွင်လည်း Wish သုံးသည်။
- We wish you a Merry Christmas!
- They wish us a pleasant journey.
- His colleagues wished him happiness on his retirement.
- Wish me luck!
*^*
#HOPE - တစ်ခုခုကို မျှော်လင့်သည် (ဖြစ်နိုင်ချေရှိ)
#အနာဂတ်မှာဖြစ်မယ့်တစ်ခုခုကိုမျှော်လင့်ခြင်း
ဝါကျပုံစံ -
(Sub) hope + (Sub) + v-1….
(Sub) hope + (Sub) + will v-1 …
Example -
- I bought a present for my girlfriend. I hope she likes it. (OR) I hope she’ll like it.
ကျွန်တော့်ချစ်သူအတွက် ကျွန်တော် လက်ဆောင်တစ်ခု၀ယ်ခဲ့တယ်။ သူမ ကြိုက်မယ်လို့ မျှော်လင့်တယ်။ (ကောင်မလေးက လက်ဆောင်ကိုသဘောကျမှာပဲလို့ ကြိုသိနေလို့..)
- My final English exam is this Friday. I hope I get a good grade. (OR) I hope I’ll get a good grade.
နောက်ဆုံးဖြေရမယ့် အင်္ဂလိပ်စာ စာမေးပွဲက ဒီသောကြာပဲ။ ကျွန်တော် အဆင့်ကောင်းလိမ့်မယ်လို့မျှော်လင့်တယ်။ (သူကြိုးစားထားတာ သူသိနေလို့ စာမေးပွဲဖြေနိုင်မယ်လို့ ယုံကြည်…)
- The festival is next Saturday. I hope it doesn’t rain. (OR) I hope it won’t rain.
ပွဲတော်က နောက်အပတ် စနေနေ့။ မိုးမရွာဘူးလို့ ငါမျှော်လင့်တယ်။ (မိုးကာလ ကုန်ဆုံးတော့မယ့်အချိန်မို့ သေချာနေတဲ့သဘော…)
#မျှော်လင့်သလိုဖြစ်မလာခဲ့ရင်တော့ Past continuous, past perfect, or past perfect continuous တို့ဖြင့် ရေးရသည်။
(was/were + hoping, had + hoped, had been + hoping)
- I was hoping my girlfriend would like the present I bought her, but she hated it.
ကျွန်တော်၀ယ်ပေးခဲ့တဲ့လက်ဆောင်ကို ကျွန်တော့်ချစ်သူကြိုက်မယ်လို့ မျှော်လင့်နေခဲ့တာ။ ဒါပေမယ့် သူမ မကြိုက်ခဲ့။ (မျှော်လင့်သလို ဖြစ်မလာ)
- I had hoped to get a good grade on my English exam, but I failed. အင်္ဂလိပ်စာမှာ အဆင့်ကောင်းမယ်လို့ မျှော်လင့်ပြီးသား။ ဒါပေမယ့် ကျရှုံးခဲ့။
- I had been hoping it wouldn’t rain, but there was a huge thunderstorm and the festival was canceled.
မိုးမရွာဘူးလို့ မျှော်လင့်နေခဲ့ပြီးသား။ ဒါပေမယ့် မိုးသက်မုန်တိုင်းတွေကျပြီး ပွဲတော်ပျက်ခဲ့။
#Idiom
- beyond hope - မျှော်လင့်ချက်မရှိသော
Writing ကောင်းကောင်းရေးတတ်ချင်ရင်….✍
စာများများဖတ်ပါ။ Receptive skill အနေနဲ့ စာများများဖတ်ထားမှ Productive skill အဖြစ်နဲ့ Writing ကောင်းကောင်းရေးနိုင်မှာပါ။
📖 ဘာစာအုပ်တွေဖတ်ရမလဲ…?
ကိုယ့် level နဲ့ညီတဲ့ Graded readers လေးတွေ ရွေးဖတ်ပါ။ Story တွေ၊ Novel တွေကနေ words and phrases တွေ၊ phrasal verbs and idioms တွေ၊ collocations တွေ၊ Sentence styles တွေ အများကြီး (အများကြီး) လေ့လာလို့ရတဲ့အပြင် ခေတ်တွေ၊ လူတွေရဲ့အကြောင်းတွေပါသိရတဲ့အတွက် အတွေးအခေါ် ဗဟုသုတလည်း တိုးတက်လာမှာပါ။
အောက်မှာဖော်ပြပေးထားတဲ့ စာအုပ်လေးတွေကတော့ လူကြိုက်များပြီး ဖတ်ဖူးသင့်တဲ့စာအုပ်တွေပါပဲ။ Level အလိုက် ဖော်ပြပေးထားပါတယ်။
“The Elephant Man” by Tim Vicary (Level 1)
“The Adventures of Tom Sawyer” by Mark Twain (Level 2)
“Dracula” by Bram Stoker (Level 3)
“The Great Gatsby” by F. Scott Fitzgerald (Level 4)
“To Kill a Mockingbird” by Harper Lee (Level 5)
“The Diary of a Young Girl” by Anne Frank (Level 6)
“The Picture of Dorian Gray” by Oscar Wilde (Level 7)
“The Catcher in the Rye” by J.D. Salinger (Level 8)
“1984” by George Orwell (Level 9)
“Pride and Prejudice” by Jane Austen (Level 10)
ကိုယ့်ရဲ့ Reading Level ကို သိချင်ရင်တော့ ဒီ Website မှာ စစ်ကြည့်ပါနော်။
https://macmillanenglish.com/level-test/
e-book စာအုပ်လေးတွေ လိုအပ်ရင်တော့ Course Books တွေအပြင် Stories, Novels တွေကိုပါ Page Messenger ကနေ မေးလို့ရပါတယ်။ Level အလိုက် လေ့လာနိုင်မယ့် Course books လေးတွေကို ဒီ link မှာကြည့်ပေးပါ။
https://m.facebook.com/story.php?story_fbid=789905559803759&id=100063529675877&mibextid=Nif5oz
English class များစုံစမ်းရန်၊ English ဆောင်းပါးများဖတ်နိုင်ရန် Telegram channel ကိုလည်း join ထားလို့ရပါတယ် 🌳
အပေါ်ကစာအုပ်လေးတွေလည်း Telegram မှာ download ယူလို့ရပါတယ် 📖
https://t.me/ayemohedu
****
One-on-one / Small group class နဲ့သင်ချင်သူတွေလည်း အချိန်ညှိပြီး သင်ယူနိုင်ပါပြီ။
#Four_skills
#Grammar
#Speaking
#Writing
#Cambridge_exam preparation
With love,
Tr. Aye Moh
Aye Moh - Edu
📝 Present Tenses (၄) မျိုးကို အလွယ်ဆုံး မှတ်ကြမယ် 📝
English Grammar မှာ အခြေခံအကျဆုံးနဲ့ အသုံးအများဆုံး Present Tenses (၄) မျိုးရဲ့ Core Rules တွေနဲ့ Examples တွေကို ပိုပြီး နားလည်လွယ်အောင် အတိုချုပ် စုစည်းပေးလိုက်ပါတယ်။
🧊 Present Simple
⚙️ Form - Subject + Verb / Verb(s/es)
💡 The Rule - permanent facts, unchanging truths, and habitual routines, fixed schedule
Examples_
- Water boils at 100°C. (အမှန်တရား)
- Our biology teacher gives us a quiz every Friday. (အလေ့အထ/လုပ်ရိုးလုပ်စဉ်)
- Our flight departs at 6 o'clock. (fixed schedule)
🔑 Key Words - always, usually, every day, often,...
_______
🧊 Present Continuous
⚙️ Form - Subject + am/is/are + Verb-ing
💡 The Rule - Actions happening right now, temporary situations, or fixed future arrangements
Examples_
- I am trying to memorize my history notes right now. (အခုလုပ်နေဆဲ)
- The student council is meeting with the principal this afternoon. (သေချာစီစဉ်ထားတဲ့ အနာဂတ်)
🔑 Key Words - Now, right now, at the moment, Look!, Listen!.
________
🧊 Present Perfect
⚙️ Form - Subject + have/has + Past Participle (V3)
💡 The Rule- Result of a completed past action or life experiences without stating the exact time
Examples_
- We have not submitted our English essays yet. (လက်ရှိအချိန်ထိ မပြီးသေးတဲ့ရလဒ်)
- I have never visited a museum as fascinating as the Smithsonian. (ဘဝအတွေ့အကြုံ)
🔑 Key Words- already, yet, just, ever, never, so far
_______
🧊 Present Perfect Continuous
⚙️ Form - Subject + have/has + been + Verb-ing
💡 The Rule- Ongoing durationof an action that started in the past and is still happening now
Examples_
- Kyle is exhausted because he has been studying since 6:00 AM. (ဘယ်လောက်ကြာကြာ မနားတမ်းလုပ်နေလဲဆိုတဲ့ Duration ကို အသားပေးတာ)
-The university representative has been speaking to the students for an hour.
🔑 Key Words- since, for, lately, all day
__________
💡 Quick Summary for Quick Revision
🧊 Permanent fact or routine >>> (Present Simple)
🧊 Happening right now >>> (Present Continuous)
🧊 Completed action with present result >>> (Present Perfect)
🧊 Ongoing duration (How long?) >>> (Present Perfect Continuous)
#EnglishGrammar #PresentTenses #GrammarRules #ayemohedu
