👩🏻🦰✍🏻သက်ထား
Open in Telegram
292
Subscribers
+224 hours
No data7 days
+330 days
Posts Archive
292
တရုတ်နိုင်ငံ ကျင်းဟိုင်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား ၅ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၈ မိနစ်အကြာတွင် ပြင်းအား ၅ ဒဿမ ၈ ပမာဏရှိ ဒုတိယမြောက် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာက ပြောကြားခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြင်းအား ၅ ရှိသည့် နောက်ထပ်ငလျင်တစ်ခု သည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကြောင်းလည်း စင်တာက ပြောကြားခဲ့သည်။
ငလျင်များသည် ကျင်းဟိုင်၏ မြို့တော်ရှင်းနန်မှ ၂၄၄ ကီလိုမီတာခန့်အကွာ လူဦးရေနည်းပါးသော ကုန်းမြင့်ဒေသတစ်ခုကို ဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာမှ လှုပ်ခတ်ခဲ့သည်။
ရှင်းနန်တွင် ငလျင်လှုပ်ခတ်မှုများကို သိသိသာသာ ခံစားခဲ့ရကြောင်း နိုင်ငံပိုင် ရှင်းဟွာသတင်းဌာနက ပြောကြားခဲ့သည်။
292
လားရှိးမြိုတွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ
လားရှိး၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးမြိုတွင် ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ဘုရားအနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များ၊ ခရိုင်နှင့် မြိုနယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များက အနေကဇာတင် ပူဇော်ခဲ့ကြသည်။
ထိုနောက် တက်ရောက်လာသူများက ကိုးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
292
လားရှိးမြိုတွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပ
လားရှိး၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိးမြိုတွင် ၁၃၈၈ ခုနှစ် ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အထိမ်းအမှတ်အဖြစ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ဘုရားအနေကဇာတင် မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက မဟာမြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များ၊ ခရိုင်နှင့် မြိုနယ်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များက အနေကဇာတင် ပူဇော်ခဲ့ကြသည်။
ထိုနောက် တက်ရောက်လာသူများက ကိုးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
292
မရမ်းကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသား (၇)ဦးအား ဖမ်းဆီးရမိ
292
EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို
ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန် Rodion Miroshnik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
Miroshnik က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ "လက်ရှိအခြေအနေမှာ ဇယ်လန်းစကီးဟာ ဒါတွေအားလုံးကို PR(ပုံရိပ်မြှင့်တင်ရေး)ကိစ္စအတွက် သုံးနေတာပါ။ ဒါပေမဲ့ ဒီလို PR လုပ်တာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သိပ်ကို ပေါ်လွင်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲလို့ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ ဇယ်လန်းစကီး ပါဝင်ပတ်သက်နေတဲ့ ဘာမဆိုရဲ့ အဓိကရည်ရွယ်ချက်က ပိုက်ဆံရဖို့နဲ့ ထောက်ပံ့ကူညီမှုတွေ ရဖို့ပါပဲ" လို့ ပြောခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/eu-ဆီကနေ-ပိုက်ဆံ-ပိုရဖို့/
292
အမေရိကန် - ဆော်ဒီ နျူစာချုပ်မှာပါတဲ့သန့်စင်ယူရေနီယံဆိုတာဘာလဲ
ဆော်ဒီအာရေးဗျဟာ အမေရိကန်နဲ့ ချုပ်ဆိုလိုက်တဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက်ကြောင့် သူ့နိုင်ငံထဲမှာ ယူရေနီယံကို သန့်စင်ဖို့ အမေရိကန်က ခွင့်ပြုတယ်ဆိုတဲ့ ရှားရှားပါးပါး ခွင့်ပြုချက်ကို ရရှိလိုက်တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
292
ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်၊ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်
တိုကျို၊ ဇူလိုင် ၂၉
ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ေ-သဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီး ထောင်နှင့်ချီသော နေအိမ်များတွင် လျှပ်စစ်ဓာတ်အား ပြ-တ်တေ-ာက်ခြင်း၊ လမ်းများ ကွဲအက်ပျ-က်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့များက ပျေ-ာက်ဆုံးနေသူများကို အရှိန်မြှင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ကူမာမိုတိုမြို့အနီး တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည့် ဈေးဝယ်စင်တာအတွင်းမှ လူရှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း အလုပ်သမား ၂၀ မှ ၃၀ ဦးခန့် ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။
ဝန်ကြီးချုပ် ဆနားအဲ တာကာအိချိက “ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေသူများ ရှိနေဆဲဖြစ်သဖြင့် အချိန်လုဆောင်ရွက်နေရသည်။ မြေပြင်ရှိ အရင်းအမြစ်အားလုံးကို အသုံးချ၍ လူများနိုင်သမျှများများကို ဘေးကင်းစွာ ကယ်တင်နိုင်ရေး ဆောင်ရွက်သွားမည်” ဟု ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဂျပန်တောင်ပိုင်း-ငလျင်က/
292
ဝန်အပြည့်တင်ဆောင်ထားစဉ် ၂၄ နာရီ မနားတမ်းပျံသန်းနိုင်သည့် TP200 ဒရုန်းကို တရုတ် အောင်မြင်စွာ စမ်းသပ်ပျံသန်း
ပေကျင်း၊ ဇူလိုင် ၂၈
တရုတ်နိုင်ငံက အရပ်ဘက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ပထမဆုံး တန်ချိန်အဆင့် ဝေးလံခရီးသွား မောင်းသူမဲ့လေယာဉ် (UAV) TP200 ကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း တရုတ်မီဒီယာများက ဇူလိုင် ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
Yitong UAV System က တီထွင်ထုတ်လုပ်သည့် TP200 သည် တရုတ်နိုင်ငံ၏ လေကြောင်းပျံသန်းမှု အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး ပင်လယ်ပြင်ကင်းလှည့်ခြင်း၊ ကျွန်းများသို့ ထောက်ပံ့ပစ္စည်းပို့ဆောင်ခြင်း၊ မြေတိုင်းတာရေးနှင့် အခြားအရပ်ဘက်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
တရုတ်၏ Science and Technology Daily သတင်းစာ၏ ဖော်ပြချက်အရ TP200 သည် ဝန်အပြည့်တင်ဆောင်ထားသည့်အခြေအနေတွင် ၂၄ နာရီဆက်တိုက် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၃,၀၀၀ အထိ ပျံသန်းနိုင်စွမ်း ရှိသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဝန်အပြည့်တင်ဆောင်ထားစဉ/
292
ဝါဆိုလပြည့်နှင့် ဝါဝင်နေ့တွင် အရက်ရောင်းချမှု ထိုင်းအစိုးရ ယာယီပိတ်ပင်
ဘန်ကောက်၊ ဇူလိုင် ၂၉
ထိုင်းနိုင်ငံတွင် ဝါဆိုလပြည့် (အာသလ္လာနေ့) နှင့် ဝါဝင်နေ့အထိမ်းအမှတ် ဘာသာရေးရုံးပိတ်ရက်များအတွင်း အရက်ရောင်းချမှုကို ယာယီပိတ်ပင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများသို့ အသိပေးထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ အရက်ရောင်းချမှု တားမြစ်ချက်သည် ဇူလိုင် ၂၉ ရက် နံနက် ၁၂ နာရီ ၁ မိနစ်မှ စတင်ကာ ဇူလိုင် ၃၀ ရက် ညသန်းခေါင်ယံအထိ အကျုံးဝင်မည်ဖြစ်သည်။
အဆိုပါကာလအတွင်း ဥပဒေအရ ကင်းလွတ်ခွင့်မရရှိသည့် အရက်အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့် သာမန်စားသောက်ဆိုင်များအနေဖြင့် အရက်ရောင်းချမှုကို ရပ်နားထားရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရ၏ လက်ရှိစည်းမျဉ်းများအရ ဗုဒ္ဓဘာသာဝင်များ၏ အဓိက ဘာသာရေးရုံးပိတ်ရက်များတွင် အရက်ရောင်းချမှုကို တားမြစ်ထားပြီး ဥပဒေအရ သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်ရ လုပ်ငန်းများသာ ဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။
292
တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့် ဘရာဇီး သဘောတူ
ဘရာဇီးလီယာ၊ ဇူလိုင် ၂၈
တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူဝီ အင်နာစီယို လူလာ ဒါ ဆေးလ်ဗားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်သည် တနင်္လာနေ့က ပြုလုပ်သည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများအတွက် မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက်လည်း တောင်ကိုရီးယားမှတစ်ဆင့် အာရှဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်မည့် အခွင့်အလမ်းသစ်များ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/တောင်ကိုရီးယား-မာကိုဆာ-က/
292
တောင်ကိုရီးယား-မာကိုဆာ ကုန်သွယ်ရေးသဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေး ဆိုးလ်နှင့် ဘရာဇီး သဘောတူ
ဘရာဇီးလီယာ၊ ဇူလိုင် ၂၈
တောင်ကိုရီးယားနှင့် မာကိုဆာ (Mercosur) ကုန်သွယ်ရေးအုပ်စုအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ကို ထပ်မံနှောင့်နှေးမှုမရှိဘဲ အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် ဘရာဇီးသမ္မတ လူဝီ အင်နာစီယို လူလာ ဒါ ဆေးလ်ဗားတို့ သဘောတူညီခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် သမ္မတ လီဂျေးမြောင်သည် တနင်္လာနေ့က ပြုလုပ်သည့် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အဆိုပါ သဘောတူညီချက်သည် တောင်ကိုရီးယားကုမ္ပဏီများအတွက် မာကိုဆာဈေးကွက်သို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သကဲ့သို့ ဘရာဇီးနှင့် မာကိုဆာအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအတွက်လည်း တောင်ကိုရီးယားမှတစ်ဆင့် အာရှဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်မည့် အခွင့်အလမ်းသစ်များ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/တောင်ကိုရီးယား-မာကိုဆာ-က/
292
+2
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြိုရှိ ရပ်ကွက်အချိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုတွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ယမန်နေ့ညပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာ ရန်ကုန်မြိုရှိ ရပ်ကွက်အချိုနှင့် အနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။💚လက်ရှိတွင် မရမ်းကုန်းမြိုနယ် သမိုင်းလမ်းဆုံး ဝန်းကျင်၊ တောင်ဥက္ကလာပမြိုနယ်ရှိ ရပ်ကွက်အချိုနှင့် အခြားအနိမ့်ပိုင်း နေရာများတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်နေပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူများ သွားလာရေး အခက်အခဲရှိနေကြောင်း သိရသည်။ 💚မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ညနေပိုင်းအထိ ရန်ကုန်တိုင်းအပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း (အရှေ့ပိုင်း) တိုတွင် မိုးကြီးနိုင်သဖြင့် ရေဘေးအန္တရာယ်နှင့် မြေပြိုမှု အန္တရာယ်များကို သတိပြုရန် နှိးဆော်ထားသည်။ သက်ထား
292
စာကြည့်တိုက်ပညာရှင် ဆရာကြီး စည်သူ ဦးသော်ကောင်း အသက် ၈၉ နှစ်အရွယ်တွင် ကွယ်လွန်
ရန်ကုန်၊ဇူလိုင်-၂၉
မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကတွင် ထင်ရှားသည့် စာကြည့်တိုက်ပညာရှင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ၏ နာယကကြီး စည်သူ ဦးသော်ကောင်းသည် ယနေ့ ဝါဆိုလပြည့်နေ့ နံနက် ၅နာရီ ၂၇ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သည့် ဆရာကြီး ဦးသော်ကောင်းသည် မြန်မာနိုင်ငံ၏ စာကြည့်တိုက်ပညာရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးဟောင်းပေစာ၊ ပရပိုက်စာများနှင့် အဖိုးတန်စာပေအမွေအနှစ်များ ရေရှည်ထိန်းသိမ်းရေးတို့အတွက် ဘဝတစ်လျှောက်လုံး စနစ်တကျ ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/စာကြည့်တိုက်ပညာရှင်-ဆရာ/
292
ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်
💚ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့တွင် ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်း အခမ်းအနားကို ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
💚အဆိုပါ အဆောက်အအုံနှစ်ခု အပါအဝင် ရန်ကုန်တိုင်းအတွင်း ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ပြီးသည့် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆ ခု ရှိလာပြီဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ ပြောကြားချက်အရ သိရသည်။
💚လက်ရှိတွင် ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာ တန်ဖိုးမြင့်မားသည့် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၆,၁၀၅ လုံးအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ထိန်းသိမ်းထားကြောင်း သိရသည်။
သက်ထား
292
Repost from ဖိုးမောင်
🎭 ဝဇီရာမှာ အသက်ဝင်မယ့် မြန်မာ့ယဉ်ကျေးမှုအလှ… မြို့ရွှေမန်းသား ဖိုးချစ်နှင့် အဖွဲ့၏ ဇာတ်အလှသဘင် ဖျော်ဖြေပွဲကြီး
ရိုးရာသဘင် အနုပညာ၏ အလှတရားများကို အနီးကပ် ခံစားနိုင်မည့် အခွင့်အရေးအဖြစ် မြို့ရွှေမန်းသား ဖိုးချစ်နှင့် အဖွဲ့၏ ခမ်းနားလှပသော ဇာတ်အလှသဘင် ဖျော်ဖြေတင်ဆက်မှုများကို ဝဇီရာ ကဇာတ်ရုံ၌ တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ပါသည်။🔹 ကျင်းပမည့် ရက်စွဲ - ၂၉ ရက်နေ့ 🔹 ကျင်းပမည့် အချိန် - ညနေ ၄:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ 🔹 ကျင်းပမည့် နေရာ - ဝဇီရာ ကဇာတ်ရုံ #Entertainment #MyanmarThabin #PhoChit #WaziyaTheatre #TraditionalDance #LocalNews ဖိုးမောင်
292
Repost from ဖိုးမောင်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
🙏 တရားဦး လမြတ်ဝါဆိုနှင့် မဇ္ဈိမပဋိပဒါ လမ်းစဉ်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့် (စနေနေ့) တွင် မြတ်စွာဘုရားရှင်သည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးနှင့် နတ်ဗြဟ္မာတို့အား ပထမဦးဆုံးသော "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတော်မူခဲ့ပါသည်။
🔹 ရှောင်ကြဉ်ရမည့် အစွန်းနှစ်ပါး - ဓမ္မစကြာတရားတော်တွင် အကျိုးမရှိသည့် မဂ်ဖိုလ်နိဗ္ဗာန်၏ အတားအဆီးများဖြစ်သော ကာမဂုဏ်စည်းစိမ်၌ လွန်ကျူးစွာ ခံစားသည့် "ကာမသုခလ္လိကာနုယောဂ" နှင့် မိမိကိုယ်ကို ညှဉ်းဆဲသည့် "အတ္တကိလမထာနုယောဂ" ဟူသော အစွန်းနှစ်ပါးကို ရှောင်ကြဉ်ရန် ညွှန်ပြတော်မူခဲ့သည်။
🔹 ကျင့်ဆောင်ရမည့် မဇ္ဈိမပဋိပဒါ - အလယ်အလတ် လမ်းစဉ်ဖြစ်သည့် အာရိယမဂ္ဂင် ရှစ်ပါး (သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ) ကို ကျင့်သုံးခြင်းဖြင့် ကိလေသာများ ငြိမ်းအေးကာ သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
🔹 သစ္စာလေးပါး - ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်)၊ သမုဒယသစ္စာ (ဆင်းရဲကြောင်းအမှန်)၊ နိရောဓသစ္စာ (ဆင်းရဲငြိမ်းရာအမှန်) နှင့် မဂ္ဂသစ္စာ (ဆင်းရဲငြိမ်းရာရောက်ကြောင်း အကျင့်ကောင်းအမှန်) တို့ကို ဟောကြား၍ သတ္တဝါတို့အား ငြိမ်းအေးရာ လမ်းစဉ်ကို ညွှန်ပြတော်မူခဲ့သည်။
#Dhamma #WasoFullMoon #Dhammacakka #Buddhism #DhammaArticle #Myanmar
ဖိုးမောင်
292
Repost from ဖိုးမောင်
အမေရိကန် ပစ်မှတ်ထားနေတယ်ဆိုတဲ့ ကျားဖြန့် စခန်းအားဖြိုခွင်းခြင်း နှင့် ပြတ်ပြတ်သားသား ချေမှုန်းပစ်ရမယ့် KNU
🔹မြဝတီ ကျောက်ခတ်ဒေသက ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိနိုင်တဲ့ အွန်လိုင်းလိမ်လည်မှု ကောင်းကောင်း ကျူးလွန်နေတဲ့ ကျားဖြန့်စခန်းကြီးတစ်ခုကို တပ်မတော် စစ်ကြောင်းတွေက ဝင်ရောက်ဖြိုခွင်းလိုက်တယ် ဆိုတဲ့ သတင်းကြားရတာ အတော်ဝမ်းသာမိတယ်။ ဒီ ဒေသက ကျားဖြန့်လုပ်ငန်းတွေဟာ အမေရိကန်အာရုံစိုက်နေတာတွေထဲက တစ်ခုပါပဲ။ ကျားဖြန့်နှိမ်နင်းရေးနဲ့ ပတ်သတ်ပြီး မြန်မာက တက်တက် ကြွကြွ ပူးပေါင်းပါဝင်နေတာ ကမ္ဘာက သိပါတယ်။ ခုဖြစ်စဉ်ဟာလည်း ကျားဖြန့်နဲ့ပတ်သတ်တဲ့ မြန်မာအစိုးရရဲ့မူဝါဒ ရှင်းလင်းတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။
🔹ဒီစခန်းကို ဝင်ရောက်ရှင်းလင်းနိုင်ဖို့ ဇူလိုင်လ ၆ ရက်နေ့ကတည်းက လေးကေ့ကော်ဘက်မှာ ပြင်ဆင်စုဖွဲ့ စတင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၉ ရက်၊ ၁၂ ရက်၊ ၁၆ ရက်၊ ၂၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လေးကေ့ကော်၊ ရသေ့ဂူနဲ့ မင်းလက်ပံကျေးရွာ တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်အနီးတို့မှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူတွေကို အခကြေးငွေယူပြီး အကာအကွယ်ပေးထားတဲ့ KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
🔹မြဝတီမြို့နယ် ရွှေကုက္ကိုနဲ့ KK Park တို့မှာ KNU က အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွေကို မြေငှားရမ်းပေးတာ၊ လုံခြုံရေးယူပေးတာတွေ လုပ်ဆောင်နေတယ်လို့ အစိုးရက တိတိကျကျ ထုတ်ပြန်ထားသလို၊ စောတောနီးနဲ့ စောကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ KNU အဖွဲ့တွေက အဆိုပါ ကျောက်ခတ်ဒေသအတွင်း အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို စခန်းတွေ တည်ဆောက်ပြီး အကာအကွယ်ပေးထားတာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
🔹အဆောက်အအုံ ၈ လုံးအတွင်းကနေ အွန်လိုင်းလိမ်လည်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ တရုတ် နိုင်ငံသား ၆၃၁ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၁၄၃ ဦး စုစုပေါင်း ၇၇၇ ဦးကို ဇူလိုင်လ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာပါ။ လုပ်ငန်းသုံး Starlink ဂြိုဟ်တုအင်တာနက်ဗန်း ၁ ခု၊ ကွန်ပျူတာ ၈၅ လုံးနဲ့ ဖုန်း ၁၈၃ လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။
🔹တိုက်ပွဲတွေအတွင်း အလောင်း ၁၃ လောင်း၊ လက်နက် ၉ လက်၊ ခဲယမ်းတွေနဲ့ ကွန်ကရစ်ဘန်ကာတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရက ဓာတ်ပုံတေွနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိထားသူ ၇၇၇ ဦးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင် တည်ဆဲဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
🔹အဲတော့အချုပ်အားဖြင့် သုံးသပ်ရရင် ခုလို အွန်လိုင်းလိမ်လည်မှု စခန်းကြီးတွေတစ်ခုပြီးတစ်ခု ဖြိုခွဲဖျက်ဆီးနေတာ အားလုံးအမြင်ပါပဲ။ အဆောက်အဦ တွေဖြိုတာလောက်ပဲမြင်တတ်တဲ့သူက တော့ တိုက်တွေဖြိုပြနေရုံနဲ့ မပြီးဘူးလို့ ဝေဖန်ကြတာကြာားရတယ်။ အဆောက်အဦ တွေတင် ဖျက်ဆီးတာမဟုတ်ဘူး။ အဆောက်အဦတွေကိုပါ ဖျက်ဆီးတာဖြစ်တယ်။ အဲနောက်ကွယ်မှာ ခုလို ဖမ်းဆီးအရေးယူတာတွေ၊ နောက်ဆက်တွဲ ကွန်ယက်တွေကို စုံစမ်းဖော်ထုတ်တာတွေ အကျိုးကျေးဇူးတွေအများကြီးပါ။
🔹KNU ရဲ့ ခေါင်းဆောင်တွေဟာ ပြည်သူ့အကျိုးပြု အမျိုးသားရေး အလံကို ကိုင်စွဲထားတယ်လို့ ကြွေးကြော်နေပေမဲ့ မြေပြင်မှာတော့ ဒေသခံတွေ၊ မိမိလူမျိုးတွေအပါ ကမ္ဘာကိုပါ အွန်လိုင်းကနေကောင်းကောင်းလိမ်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို မြေငှားရမ်းပေးခြင်း၊ အခကြေးငွေယူပြီး လုံခြုံရေးလုပ်ပေးခြင်းတို့လို မလုပ်အပ်တဲ့ တရားမဝင် လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတာကြောင့် KNU အနေနဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ သစ္စာနဲ့ စေတနာဟာ တကယ်ပဲ မှန်ကန်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာတောင် မဟုတ်တော့ပါဘူး။ KNU ရဲ့ မူဝါဒနဲ့ လားရာကထင်ရှားနေပါတယ်။ ပြတ်ပြတ်သားသား ချေမှုန်းပစ်ရမယ့် EAO အဖွဲ့လို့သုံးသပ်မိပါတယ်။
ဖိုးမောင်
292
နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လေ့ကျင့်သင်ကြားပေးမည်
292
MWD News
:
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၇၇၇ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ ရန်ကုန် ၊ ဇူလိုင်လ - ၂၇ ရက်။
July-28
▪️
မြဝတီနယ် ကျောက်ခတ်ဒေသအတွင်း စောတောနီးနှင့် စောကွယ်ထူးဝင်းတို့ဦးဆောင်တဲ့ ကျားဖြန့်အဖွဲ့တွေကို တပ်မတော်က ချေမှုန်းရှင်းလင်း
