ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Открыть в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Больше
284
Подписчики
-224 часа
-27 дней
-930 дней
Архив постов
AA အကြမ်းဖက်အဖွဲ့က ရခိုင်ဒေသမှ ဘင်္ဂါလီတွေကို ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အကြိမ်ကြိမ
AA အကြမ်းဖက်အဖွဲ့က ရခိုင်ဒေသမှ ဘင်္ဂါလီတွေကို ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့တာကြောင့် ဘင်္ဂါလီ ၁၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဘင်္ဂါလီအမျိုးသမီးတွေကိုလည်း မုဒိမ်းပြုကျင့်နေကြောင်း ARSA အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ သတင်းအချက်အလက်ဌာန- DPRI က သက်သေတွေနဲ့ တကွဖော်ထုတ်ထားပါတယ်... KT August 12

📌 ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀၀ နီးပါးရှိပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၀ ကျော်ရှိ၊ မြစ်ခြေတွင် စစ်ရှောင်များ
📌 ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀၀ နီးပါးရှိပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၂၀ ကျော်ရှိ၊ မြစ်ခြေတွင် စစ်ရှောင်များ ရေဘေးထပ်မံကြုံတွေ့ 💚 ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ (၁၀၀) နီးပါး ရှိနေပြီး ကာလဝမ်းရောဂါပိုး တွေ့ရှိသူ (၂၀) ကျော်အထိ ရှိလာကြောင်း သိရသည်။ 💚 ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေဒေသရှိ စစ်ဘေးရှောင် စခန်းများတွင် မြစ်ရေတက်လာမှုကြောင့် ရေဘေး ထပ်မံကြုံတွေ့ရပြီး ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းနေရကြောင်း သိရသည်။ 💚 အဆိုပါ သတင်းများအပါအဝင် ဩဂုတ် (၁၂) ရက်နေ့၏ နိုင်ငံတဝန်းနှင့် ကမ္ဘာတဝန်းမှ ထူးခြားသတင်းများကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပေးလျက် ရှိသည်။ သက်ထား

အကြမ်းဖက် AA အဖွဲ့က လူသစ်စုရာတွင် ထွက်ပြေးနေကြသည့် ရခိုင်လူငယ်များကိုဖမ်းဆီးကာ ရက်ရက်စက်စက်နှိပ်စက်ရိုက်နှက်နေ... မုဒိမ်းကျင့
အကြမ်းဖက် AA အဖွဲ့က လူသစ်စုရာတွင် ထွက်ပြေးနေကြသည့် ရခိုင်လူငယ်များကိုဖမ်းဆီးကာ ရက်ရက်စက်စက်နှိပ်စက်ရိုက်နှက်နေ... မုဒိမ်းကျင့်တဲ့ကောင်ကြတော့ အာမခံနဲ့လွှတ်ပေးတယ်... တော်တော်ရွံစရာကောင်းတဲ့ ကောင်တွေ... မှိုင်းဝေ

🧱 အမေရိကန်က အီရန်အား နျူကလီးယားလက်နက် သုံးပါက စစ်စခန်းများ သိမ်းပိုက်ခံရမည်ဟု IRGC သတိပေး 🔹 အမေရိကန်က အီရန်နိုင်ငံအား နျူကလ
🧱 အမေရိကန်က အီရန်အား နျူကလီးယားလက်နက် သုံးပါက စစ်စခန်းများ သိမ်းပိုက်ခံရမည်ဟု IRGC သတိပေး 🔹 အမေရိကန်က အီရန်နိုင်ငံအား နျူကလီးယားလက်နက် အသုံးပြုရန် ကြိုးစားပါက ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန် စစ်စခန်းများ အားလုံး သိမ်းပိုက်ခံရမည်ဟု အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်သေနာပတိချုပ်၏ အကြံပေးဖြစ်သူ ဗိုလ်မှူးချုပ် မိုဟမ်းမက် ရေဇာ နက်ဒီက သတိပေး ပြောကြားခဲ့သည်။ 🔹 အမေရိကန် PBS ရုပ်သံ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ဒုတိယကမ္ဘာစစ်နှင့် မတူဘဲ ကမ္ဘာ့ပြည်သူများ နိုးကြားနေပြီ ဖြစ်သောကြောင့် ကြီးမားသည့် အမှား ဖြစ်သွားမည်ဖြစ်ကြောင်း ရေဇာ နက်ဒီက ထောက်ပြပြောဆိုခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံတကာ တာဝန်ရှိသူများက စစ်ရေး ရင်းနှီးမှုများနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေများကို စောင့်ကြည့် လေ့လာလျက်ရှိသည်။ #Iran #IRGC #USA #NuclearThreat #MiddleEast #GlobalNews ဖိုးမောင်

📌 ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည် 💚 မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တ
📌 ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 တွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်တွေ့မည် 💚 မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship ၏ Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ONE က တရားဝင် ကြေညာခဲ့သည်။ 💚 စောမင်းမင်းနှင့် ဆူရီယန်လက်တို့၏ ပွဲစဉ်ကို လာမည့် ဩဂုတ် (၂၁) ရက် (သောကြာနေ့) တွင် ကျင်းပမည့် Inner Cycle 27 ပြိုင်ပွဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ 💚 ပြိုင်ဘက် ထိုင်းဖိုက်တာ ဆူရီယန်လက်သည် ONE Championship တွင် (၁၈) ပွဲ ယှဉ်ပြိုင်ခဲ့ရာ (၁၁) ပွဲနိုင်၊ (၇) ပွဲရှုံး ရလဒ်ရရှိထားပြီး ဘောနပ်စ်ဆု အများဆုံးရရှိထားသည့် ဖိုက်တာများထဲတွင် ပါဝင်သည်။ သက်ထား

မှိုင်းဝေ
မှိုင်းဝေ

🧱 နေပြည်တော်တွင် ရာဇာမင်းယာဉ်လိုင်းမှ EV Bus ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိ 🔹 နေပြည်တော်တွင် ဝန်ထမ်းများနှင့် အများပြည်သူမျ
🧱 နေပြည်တော်တွင် ရာဇာမင်းယာဉ်လိုင်းမှ EV Bus ဖြင့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိ 🔹 နေပြည်တော်တွင် ဝန်ထမ်းများနှင့် အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် ရာဇာမင်းယာဉ်လိုင်းမှ EV Bus များဖြင့် ပုံသေ ယာဉ်စီးခနှုန်းထား ၁,၀၀၀ ကျပ် သတ်မှတ်၍ နေ့စဉ် ပြေးဆွဲပေးလျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 🔹 အဆိုပါ EV Bus များကို မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၊ နေပြည်တော်ကောင်စီရုံး၊ ဆင်ရတနာနှင့် ဘောဂသီရိ အဝေးပြေးယာဉ်ရပ်နားစခန်း အစရှိသည့် လမ်းကြောင်းအတိုင်း ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် လိုင်းဆွဲပြေးဆွဲပေးလျက်ရှိသည်။ #Myanmar #NayPyiTaw #EVBus #PublicTransport #YazarMin #LocalNews ဖိုးမောင်

📌 ဆေးရုံတွင် ဘုန်းကြီးတစ်ပါး သေနတ်ပုံစံ ဖုန်းကာဗာ စွပ်ထားသဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရ 💚 ထိုင်းနိုင်ငံ၊ ချိုင်နာက်မြို့ ရဲ
📌 ဆေးရုံတွင် ဘုန်းကြီးတစ်ပါး သေနတ်ပုံစံ ဖုန်းကာဗာ စွပ်ထားသဖြင့် ပြည်သူများ ထိတ်လန့်ခဲ့ရ 💚 ထိုင်းနိုင်ငံ၊ ချိုင်နာက်မြို့ ရဲစခန်းသို့ ဆေးရုံတွင် ဘုန်းကြီးတစ်ပါး သေနတ်ဆောင်ထားသည်ဟု သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 💚 ဆရာဝန် ရက်ချိန်းအတိုင်း ဆေးလာစောင့်ယူနေသည့် ဘုန်းကြီး၏ သင်္ကန်းအိတ်ကပ်အတွင်းမှ သေနတ်လက်ကိုင်ပုံစံ အနက်ရောင်အရာ ထွက်နေသဖြင့် ဆေးရုံရှိ ပြည်သူများ ထိတ်လန့်ခဲ့ရခြင်း ဖြစ်သည်။ 💚 စစ်ဆေးရာတွင် သေနတ်အစစ်မဟုတ်ဘဲ TikTok မှ မှာယူထားသည့် သေနတ်ပုံစံ ဖုန်းကာဗာဖြစ်နေကြောင်း တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က သေနတ်ပုံစံ အစိတ်အပိုင်းကို ချိုးဖဲ့သိမ်းဆည်းကာ သတိပေးခဲ့သည်။ ဘုန်းကြီးကလည်း အပျော်တမ်း စွပ်ထားခြင်းဖြစ်ပြီး နောက်နောင် မပြုလုပ်တော့ပါဟု ကတိပေးခဲ့ကြောင်း သိရသည်။ သက်ထား

🙏မင်္ဂလာနံနက်ခင်းပါ🙏 💚ကြုံတွေ့ရသမျှ လုပ်ငန်းဆောင်တာအဝဝကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ပါစေ။ 💚ဘေးဥပဒ်အန္တရာယ်နှင့် စ
🙏မင်္ဂလာနံနက်ခင်းပါ🙏 💚ကြုံတွေ့ရသမျှ လုပ်ငန်းဆောင်တာအဝဝကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ပါစေ။ 💚ဘေးဥပဒ်အန္တရာယ်နှင့် စိတ်ညစ်ညူးစရာမှန်သမျှမှ ကင်းဝေးပါစေ။ 💚ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး စိတ်အေးချမ်းမှု အပြည့်အဝ ရရှိပါစေ။ 🙏🙏🙏

📌 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မိုးဆက်လက်ရွာသွန်းမည် 💚 ကပ္ပလီပင်လယ်ပြင်နှင့
📌 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် မိုးဆက်လက်ရွာသွန်းမည် 💚 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ဩဂုတ် (၁၂) ရက်မှ (၁၅) ရက်အတွင်း တစ်နိုင်ငံလုံးတွင် မိုးဆက်လက်ရွာသွန်းမည် ဖြစ်သည်။ 💚 အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ သက်ထား

📌 သီပေါမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၉၈ ကျောင်းထိ တိုးချဲ့ဖွင့်လှစ် 💚 ရှမ်းပြည်နယ် (မြောက်ပိုင်
📌 သီပေါမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၉၈ ကျောင်းထိ တိုးချဲ့ဖွင့်လှစ် 💚 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၄၅) ကျောင်း ဖွင့်လှစ်ခဲ့ရာမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် (၅၃) ကျောင်း ထပ်မံတိုးချဲ့နိုင်ခဲ့သဖြင့် စုစုပေါင်း အခြေခံပညာကျောင်း (၉၈) ကျောင်းဖြင့် ပညာသင်ကြားပေးနိုင်ခဲ့သည်။ 💚 မြို့နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ 💚 မဲခေါင်သတင်းဌာန၏ ဖော်ပြချက်သည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို အဟန့်အတား ပြုလုပ်ရန်နှင့် တပ်မတော်နှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားထားသည့် သတင်းမှား ဖြစ်ကြောင်းလည်း ပါဝင်ဖော်ပြထားသည်။ သက်ထား

📌 အကယ်ဒမီ ခန့်စည်သူမှ ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများ လှူဒါန်း 💚 အကယ်ဒမီ ခန့်စည်သူသည် ဧရာဝတီတိုင်းဒေသကြီး
📌 အကယ်ဒမီ ခန့်စည်သူမှ ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများ လှူဒါန်း 💚 အကယ်ဒမီ ခန့်စည်သူသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီရန်အတွက် ဆေးစိမ်ခြင်ထောင်များ၊ ကျား/မ အဝတ်အထည်များနှင့် စောင်များ စုစုပေါင်း အရေအတွက် (၁,၄၀၀) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းခဲ့သည်။ 💚 အဆိုပါ လှူဒါန်းခဲ့သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် သိန်း (၅၀) ဖြစ်ကြောင်း သိရသည်။ သက်ထား

ဩဂုတ် ၁၁ ရက် (မနေ့)က ကချင်ပြည်နယ်၊ ပူတာအို၊ အမတ်ပေါ်ဒေသအနီးတွင် အကြမ်းဖက် KIA ၃ လောင်း၊ သေနတ် ၂ လက်အား သိမ်းဆည်းရရှိ။ တိုက်ပွ
+2
ဩဂုတ် ၁၁ ရက် (မနေ့)က ကချင်ပြည်နယ်၊ ပူတာအို၊ အမတ်ပေါ်ဒေသအနီးတွင် အကြမ်းဖက် KIA ၃ လောင်း၊ သေနတ် ၂ လက်အား သိမ်းဆည်းရရှိ။ တိုက်ပွဲသတင်းစုံ

📌 အသက် ၁၂၀ နှစ်အရွယ် အဘိုး ဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ် 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ
📌 အသက် ၁၂၀ နှစ်အရွယ် အဘိုး ဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ် 💚 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၀ နှစ်ရှိ အဘိုး ဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်ပွဲကို ဩဂုတ် (၁၁) ရက်က အဘိုး၏ နေအိမ်၌ ကျင်းပခဲ့သည်။ 💚 အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဂါရဝပြု၍ နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြသည်။ 💚 ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့လှူဒါန်းခဲ့ပြီး အဘိုး၏ ကျန်းမာရေးနှင့် နေထိုင်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးခဲ့ကြောင်း သိရသည်။ သက်ထား

📌 မူဆယ်မြို့၌ အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ တရုတ်နိုင်ငံသား ၆၀ ဦး ဖမ်းဆီးရမိ 💚 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြ
📌 မူဆယ်မြို့၌ အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ တရုတ်နိုင်ငံသား ၆၀ ဦး ဖမ်းဆီးရမိ 💚 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား (၆၀) ဦးကို ဖမ်းဆီးရမိခဲ့သည်။ 💚 ဖမ်းဆီးရမိမှုနှင့်အတူ ဖုန်းမျိုးစုံ (၈၅) လုံး၊ All In One ကွန်ပျူတာ (၁၁) လုံး၊ Starlink (၂) လုံး၊ Power Station (၂) လုံး၊ Laptop (၄) လုံး၊ UPS (၁) ခု၊ ဆိုင်ကယ် (၂) စီး နှင့် အခြားဆက်စပ်ပစ္စည်းများကို သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ သက်ထား

🧱 ဗန်းမော်မြို့နယ် နမ့်ဖားအင်းအနီး စစ်ဆင်ရေးဆောင်ရွက်စဉ် ခဲယမ်းနှင့် ဒရုန်းများ သိမ်းဆည်းရမိ #Myanmar #KachinState #Banmaw #
🧱 ဗန်းမော်မြို့နယ် နမ့်ဖားအင်းအနီး စစ်ဆင်ရေးဆောင်ရွက်စဉ် ခဲယမ်းနှင့် ဒရုန်းများ သိမ်းဆည်းရမိ #Myanmar #KachinState #Banmaw #NamPhaIn #MilitaryOperation #LocalNews ဖိုးမောင်

🧱 တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းပြီးစီးသူများအား ဂုဏ်ပြုချီးမြှင့် 🔹 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ စစ်မှုထမ်း
+9
🧱 တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းပြီးစီးသူများအား ဂုဏ်ပြုချီးမြှင့် 🔹 တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ပြီးစီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၌ ကျင်းပခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 🔹 အဆိုပါ အခမ်းအနားတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးစီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်များကို စနစ်တကျ ဂုဏ်ပြု ပေးအပ်ချီးမြှင့်ခဲ့သည်။ #Myanmar #ShanState #Kengtung #TriangleRegionCommand #MilitaryService #LocalNews ဖိုးမောင်

📌 အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်သည့် နိုင်ငံခြားသား (၆) ဦးကို ပြန်လည်လွှဲပြောင်း 💚 ကရင်ပြည်နယ်၊ မြဝတီ-
📌 အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်သည့် နိုင်ငံခြားသား (၆) ဦးကို ပြန်လည်လွှဲပြောင်း 💚 ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့သည့် နိုင်ငံခြားသား (၆) ဦးကို ဩဂုတ် (၁၁) ရက်၌ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 💚 ပြန်လည်လွှဲပြောင်းပေးခဲ့သူများတွင် အီသီယိုးပီးယား (၂) ဦး၊ လိုက်ဘေးရီးယား (၁) ဦး၊ ဘူရွန်ဒီ (၁) ဦး၊ ယူဂန်ဒါ (၁) ဦးနှင့် တိုဂို (၁) ဦးတို့ ပါဝင်ပြီး မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ 💚 အဆိုပါ လွှဲပြောင်းမှုဆိုင်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ နိုင်ငံများ၏ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သက်ထား

📌 တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက် (၂/၂၀၂၆) သတင်း 💚 တိုင်းလိုင်(ရှမ်းနီ)အမျိုး
📌 တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ သဘောထားထုတ်ပြန်ချက် (၂/၂၀၂၆) သတင်း 💚 တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ 💚 ထုတ်ပြန်ချက်တွင် မိုးမောက်၊ မံစီနှင့် ဗန်းမော်မြို့နယ်များ၌ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရခြင်း၊ KIO/KIA မှ မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF များနှင့် ဒေသခံလူငယ်များကို အင်အားစုဆောင်း၍ ဗန်းမော်စစ်မြေပြင်သို့ စေလွှတ်နေခြင်းနှင့် စစ်ဘေးရှောင်များ၏ အိမ်ထောင်ပစ္စည်းများကို သယ်ဆောင်ရောင်းချနေခြင်းများအား ပြစ်တင်ရှုတ်ချထားသည်။ 💚 သို့ဖြစ်ပါ၍ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ရရှိရေးအတွက် ရွှေကူမြို့အား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန်၊ KIO/KIA အနေဖြင့် ဗန်းမော်၊ မိုးမောက်၊ မံစီတို့မှ ခြွင်းချက်မရှိ ဆုတ်ခွာပေးရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်နှင့် ပြည်သူ့လုံခြုံရေးကို စနစ်တကျ ဖော်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုထားသည်။ သက်ထား

📌 ဖလမ်းမြို့တွင် ဘက်စုံပြန်လည်ထူထောင်ရေးနှင့် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ 💚 ချင်းပြည်နယ်၊
📌 ဖလမ်းမြို့တွင် ဘက်စုံပြန်လည်ထူထောင်ရေးနှင့် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ 💚 ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဘက်စုံပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ (၁၁) ရက်၌ လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 💚 ဒေသတွင်း နယ်မြေအေးချမ်း တည်ငြိမ်ရေးနှင့်အတူ လျှပ်စစ်မီး ရရှိရေးအပါအဝင် အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဒေသအချို့တွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း လေ့လာသုံးသပ်မှုများလည်း ရှိနေသည်။ သက်ထား