en
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Open in Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Show more
292
Subscribers
+224 hours
No data7 days
+330 days
Posts Archive
ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆော
ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်
ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

🏍 ဘာကီနာဖာဆိုနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ မော်တော်ဆိုင်ကယ် ယာဉ်တန်းဖြင့် နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက် အနောက်အာဖရိကဒေသရှိ ရွှေထွက်ရှိမှု များပြားသည့် ဘာကီနာဖာဆို (Burkina Faso) နိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ယာဉ်တန်းများဖြင့် နယ်မြေလုံခြုံရေးနှင့် ကင်းလှည့်မှုများကို မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဘာကီနာဖာဆို တပ်ဖွဲ့များသည် နယ်မြေအေးချမ်းသာယာရေး၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အဆိုပါ ဒေသအတွင်းရှိ အဖိုးတန် ရွှေတွင်းများနှင့် သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းခွင်များ ဘေးကင်းလုံခြုံစေရေးအတွက် လုံခြုံရေးဆိုင်ကယ်များ အသုံးပြု၍ ကင်းလှည့်စောင့်ရှောက်မှုများ အဓိက ပေးအပ်လျက်ရှိကြောင်း သိရသည်။ သက်ထား

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းမ
ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ဖလမ်း၊ဇူလိုင်-၂၈ ချင်းပြည်နယ် ဖလမ်းမြို့မှယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက အိမ်အမိုးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုပြင် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြား အချပ် ၁၂၀၀ နှင့် အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၃၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ကြရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြို့မိမြို့ဖများက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှော်ကားရေတွန်းစက် ပြုပြင်ပြီးစီး၊ ရန်ကုန်တွင်းမြို့နယ်များသို့ ရေပေးဝေမှု ပုံမှန်ပြန်လည်ဆောင်ရွက်
လှော်ကားရေတွန်းစက် ပြုပြင်ပြီးစီး၊ ရန်ကုန်တွင်းမြို့နယ်များသို့ ရေပေးဝေမှု ပုံမှန်ပြန်လည်ဆောင်ရွက်

ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်ခြေနဲ့ ပတ်သက်ပြီး ထရမ့် အကောင်းမြင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကောင်းမြင်ထားတယ်ဆိုပြီး အိမ်ဖြူတော် သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီးတော့ The Wall Street Journal က သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရဆိုရင် သမ္မတနဲ့ သူ့အဖွဲ့ဟာ ဒီပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီး ရုရှားရော ယူကရိန်းနဲ့ပါ ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ့် အလားအလာတွေအပေါ် ထရမ့်က အကောင်းမြင်ထားတယ်လို့ အဲဒီသတင်းရင်းမြစ်က သတင်းစာကို ပြောခဲ့တာပါ။ အမေရိကန်သမ္မတအနေနဲ့ ဒီပဋိပက္ခကို အဆုံးသတ်ချင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြောခဲ့တယ်လို့လည်း The Wall Street Journal မှာ ဖော်ပြထားပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းကတော့ အလက်စကာ ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ ယူကရိန်းနဲ့ပတ်သက်တဲ့ နားလည်မှုတွေအပေါ် အမေရိကန်ဘက်က ချဉ်းကပ်ပုံ ပြောင်းလဲသွားပုံရတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် က ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူတို့ရဲ့ ရည်မှန်းချက်တွေကိုတော့ ပြည့်ဝအောင် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး
🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး

🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး
+9
🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး

🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် တပ်မ (၁၀၁) မှ အောင်ပွဲရ စစ်သည်တော်များအား တပ
+9
🎖 အောင်ပွဲရ ပခုက္ကူသားတို့၏ အိမ်ပြန်ခရီး
အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် တပ်မ (၁၀၁) မှ အောင်ပွဲရ စစ်သည်တော်များအား တပ်မဌာနချုပ်သို့ ပြန်လည်ရောက်ရှိစဉ် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
🔹 ကြိုဆိုဂုဏ်ပြုမှု - အဆိုပါ အောင်ပွဲရ စစ်သည်တော်များအား တပ်မဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့် တပ်မတော်သား မိသားစုဝင်များက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ #Myanmar #Magway #Pakokku #Division101 #Military #LocalNews ဖိုးမောင်

ဒီဗီဒီယိုကို ကြည့်ပြီးကြမယ်ထင်ပါတယ်။ ကွမ်းစားဦးမလားဆိုပြီးလှမ်းကမ်းရင် သေနတ်ထုတ်ပစ်သွားတာ။ ပျူဦးလေးကြီးတစ်ယောက် သေသွားတယ်။ ပေ
ဒီဗီဒီယိုကို ကြည့်ပြီးကြမယ်ထင်ပါတယ်။ ကွမ်းစားဦးမလားဆိုပြီးလှမ်းကမ်းရင် သေနတ်ထုတ်ပစ်သွားတာ။ ပျူဦးလေးကြီးတစ်ယောက် သေသွားတယ်။ ပေါ့ပေါ့ပါးပါး ကလေးကစားသလို သတ်သွားတာ။ လိုင်းပေါ်မှာ လူတိုင်း ဒီလိုလုပ်ရင် တော်လှန်ရေးကြီး အောင်မြင်မယ်တဲ့ ဖွနေကြတာ။ စိတ်ကူးယဉ်တာ ကောင်းပါတယ်။ ဒါကို လက်လွတ်စပယ် မပြောအပ်ပါဘူး။ လက်‌တွေ့ မဖြစ်နိုင်တာကို မတွေးမခေါ် တတ်တဲ့သူတွေ ဘဝတွေထပ်မပျက်ပါစေနဲ့တော့။ အဲလိုအောင်မြင်မယ်ဆို အောင်မြင်တာကြာပေါ့။ အဲထက်လွယ်တဲ့ လူတိုင်းမဲမပေးဖို့ စည်းရုံးတာ ရခဲ့လို့လား။ သွားမပေးရုံပဲနော်။ အဲတော့ ပိုခက်တာတွေ မပြောကြပါနဲ့။ ၅ နှစ်ကျော်လာတဲ့ထိတောင် ဘာမှမအောင်မြင်တာ။ ဒီလိုစာတွေနဲ့ မဆိပ်မခတ်သင့်တော့ဘူး။ ငြိမ်းချမ်းစေချင်ပြီ။ သက်ထား

🚀 မြန်မာအာကာသအေဂျင်စီ ရက် ၁၀၀ စီမံချက် အောင်မြင်မှုနှင့် နည်းပညာ သရုပ်ပြပွဲ ကျင်းပ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီမှ ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပခဲ့သည်။ 🔹 လမ်းညွှန်မှာကြားချက် - အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း အလေးပေး လမ်းညွှန်ပြောကြားခဲ့သည်။ #Myanmar #Yangon #Hlaing #MyanmarSpaceAgency #100DaysProject #SpaceTechnology #LocalNews ဖိုးမောင်

🚚 မိုင်းပွန်တံတား စစ်ဆေးရေးဂိတ်တွင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၃ စီး ဖမ်းဆီးရမိ ရှမ်းပြည်န
+9
🚚 မိုင်းပွန်တံတား စစ်ဆေးရေးဂိတ်တွင် တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၃ စီး ဖမ်းဆီးရမိ
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပွန်တံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က ကီလိုပစ္စည်းများနှင့်အတူ ရောနှော၍ တရားမဝင် လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်ပစ္စည်းများ စသည့် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသည့် ၁၂ ဘီး မော်တော်ယာဉ် (၃) စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
🔹 ဆက်လက်ဆောင်ရွက်ချက် - ဖမ်းဆီးရမိသည့် တရားမဝင် ပစ္စည်းများနှင့် ယာဉ်များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ #Myanmar #ShanState #MongPawn #Customs #IllegalGoods #CrimeNews #LocalNews ဖိုးမောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားသို တက်ရောက် ၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး ဒေါ်နီလာ တိုတက်ရောက်ကြည်ညိုပါတယ်။ - ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတိုကို ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုခဲ့တယ်လို သိရပါတယ်။ KT July 28

🎶 "အောင်လံလွှင့်ထူ" သီချင်းနှင့် ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ သီဆိုပါက ဥပဒေအတိုင်း အရေးယူမည်ဟု ဆရာပေါလျှံ သတိပေး "မိုးမလင်းသေး
🎶 "အောင်လံလွှင့်ထူ" သီချင်းနှင့် ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ သီဆိုပါက ဥပဒေအတိုင်း အရေးယူမည်ဟု ဆရာပေါလျှံ သတိပေး "မိုးမလင်းသေးဘူး ရွှေနားတော်မှာ သတင်းမွှေးကုန်ပြီ" ဆိုသည့် စာသားဖြင့် ပရိသတ်များ နှစ်သက်ခဲ့ကြသော "အောင်လံလွှင့်ထူ" သီချင်းအပါအဝင် မိမိဖန်တီးခဲ့သည့် သီချင်းများအား တရားဝင် ခွင့်ပြုချက်မယူဘဲ နောက်နောင် သီဆိုဖျော်ဖြေပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟု ဂီတမှူး ဆရာပေါလျှံက သတိပေးချက် ထုတ်ပြန်လိုက်သည်။ မကြာမီကလည်း ဆရာပေါလျှံ၏ ဇနီးဖြစ်သူ မစန္ဒာက လူမှုကွန်ရက်တွင် စာသားအချို့ တင်ခဲ့ဖူးသဖြင့် ဆရာတပည့်နှစ်ဦးကြား အဆင်မပြေမှုများ ရှိနေသလားဆိုကာ ဝေဖန်မှုများ ထွက်ပေါ်နေပြီး ပရိသတ်များက အမြန်ဆုံး အဆင်ပြေသွားကြရန် မျှော်လင့်နေကြသည်။ သက်ထား

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေး ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန်
အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေး ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။

မိတ္ထီလာ၊ တံတားဦးနဲ့ ညောင်ဦးမြို့နယ်တွေမှာ အကြမ်းဖက်တွေရဲ့ လုယက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦး သေဆုံး ………………………………………
မိတ္ထီလာ၊ တံတားဦးနဲ့ ညောင်ဦးမြို့နယ်တွေမှာ အကြမ်းဖက်တွေရဲ့ လုယက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦး သေဆုံး …………………………………………… နေပြည်တော်၊ ဇူလိုင် ၂၇ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တံတားဦးမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် PDF အဖွဲ့ဝင်တွေရဲ့ လုယက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၇.၇.၂၀၂၆ ရက်နေ့၊ ၁၀ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီးလူညပ်နေကြောင်း
၂၇.၇.၂၀၂၆ ရက်နေ့၊ ၁၀ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီးလူညပ်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

July-27 #Local_News ▪️ ဆရာစံလမ်းတွင် မောင်းနှင်နေသောကားပေါ်သို့ သစ်ပင်လဲကျကာ ယာဉ်ပေါ်ပါသူများပိတ်မိ +++++++++++++++++++++++++
July-27 #Local_News ▪️ ဆရာစံလမ်းတွင် မောင်းနှင်နေသောကားပေါ်သို့ သစ်ပင်လဲကျကာ ယာဉ်ပေါ်ပါသူများပိတ်မိ +++++++++++++++++++++++++++++++ Published 27 July 2026 ■ ယနေ့ ဇူလိုင်လ၂၇ရက် နံနက်ပိုင်းက ဆရာစံလမ်းပေါ်တွင် မောင်းနှင်နေသော light Truck ကားပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ■ " သွားနေတဲ့ကားပေါ် ကုက္ကိုပင်ကြီး လဲကျတာ လူတွေညှပ်နေတာတွေ့တယ်။တစ်ယောက်ကိုတော့အသက်ရှင်လျှက် ကယ်ထုတ်တာတွေ့တယ်။ ယာဉ်မောင်းကတော့တွေ့ရတဲ့အနေအထားအရ ဒဏ်ရာပြင်းထန်နိုင်ဖွယ်တော့ရှိတယ်" ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့သူတစ်ဦးကပြောသည်။ ■ နံနက် ၁၀နာရီ ၃၇ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းတွင် ကားပေါ်သို့ သစ်ပင်လဲပြီးလူညပ်နေကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ #YMG /SW #Yangon_Times

+5
July -28- Global New Light of Myanmar.pdf3.43 MB

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ပြုလုပ် Yangon’s Digital Marketing & AI Panel Discussion ပွဲ
Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ပြုလုပ် Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲအခမ်းအနားမှာတော့ ကိုခန့်ကျော်ဇော - The Profit Marketer ၊ မှူးသပြေခွန်အောင် Digital marketing by Hmue  agency Founder & CEO တို့က Digital Marketing & AI အကြောင်းအရာတွေက်ို ဆွေးနွေးမျှဝေခဲ့ပါတယ်။