👩🏻🦰✍🏻သက်ထား
Open in Telegram
292
Subscribers
+224 hours
No data7 days
+330 days
Posts Archive
292
Repost from ဖိုးမောင်
+2
ကုန်ဈေးနှုန်းကျဖို့ အစိုးရ ဘာတွေလုပ်နေလဲ?
https://vt.tiktok.com/ZS41ds86K/
ဖိုးမောင်
292
မိုးသည်းထန်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်တွင် တောင်ကမ်းပါးမြေပြိုကျ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းရေးဆောင်ရွက်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ တိုက်အမှတ် (၇၂၁) အနီးရှိ ပတ္တမြားလမ်းပေါ်သို့ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၃ နာရီခန့်က တောင်ကမ်းပါးမှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပညာသိဒ္ဓိနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ လမ်းပိတ်ဆို့နေသည့် မြေသားများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒ-ဏ်ရာရရှိမှု သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ မိုးရာသီကာလအတွင်း တောင်စောင်းနှင့် နီးစပ်သည့်နေရာများတွင် သွားလာနေသူများအနေဖြင့် သတိပြုကြရန် သက်ဆိုင်ရာက တိုက်တွန်းထားသည်။
KT July 27
292
Repost from ဖိုးမောင်
➰ အွန်လိုင်း အမုန်းစကားများကြောင့် မလေးရှားရှိ ဘင်္ဂါလီ ဒုက္ခသည်ကလေးငယ်များ၏ ပညာရေး အန္တရာယ်နှင့် ရင်ဆိုင်နေရ
မလေးရှားနိုင်ငံတွင် ဘင်္ဂါလီ ဒုက္ခသည်များအပေါ် အွန်လိုင်း အမုန်းစကားများနှင့် သတင်းအမှား ဖြန့်ဝေမှုများ မြင့်တက်လာခြင်းကြောင့် လုံခြုံရေး စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ကလေးများ ပညာသင်ကြားနေသည့် ကျောင်း အနည်းဆုံး (၉) ကျောင်း ပိတ်သိမ်းခဲ့ရကြောင်း သိရသည်။
🔹 ကြုံတွေ့နေရသည့် အခက်အခဲများ - မလေးရှားနိုင်ငံသည် ဘင်္ဂါလီများကို တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိသဖြင့် ကလေးငယ်များမှာ အစိုးရ ကျောင်းများသို့ တက်ရောက်ခွင့်မရှိဘဲ NGO နှင့် ကွန်မြူနတီ ကျောင်းများကိုသာ အားထား သင်ယူနေကြရခြင်း ဖြစ်သည်။
🔹 နောက်ဆက်တွဲ သက်ရောက်မှုများ - ယခုကဲ့သို့ ကျောင်းများ ပိတ်သိမ်းလာရသည့်အတွက် ကလေးများ၏ ပညာရေးကို တိုက်ရိုက် ထိခိုက်လာရသည့်အပြင် အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုမှုနှင့် စိန်ခေါ်မှုများပြားသည့် လူငယ်ပြဿနာများ ပိုမို ဆိုးရွားလာနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက သတိပေး ပြောကြားထားသည်။
#Malaysia #Rohingya #Bengali #Education #Refugees #WorldNews
ဖိုးမောင်
292
Repost from ဖိုးမောင်
🤝 အိန္ဒိယသံအမတ်ကြီးနှင့် ဖလမ်း၊ တီးတိန်ဒေသ ကိုယ်စားလှယ်များ ကလေးမြို့တွင် တွေ့ဆုံ
ကလေးမြို့ရှိ Thike Hotel ၌ ဇူလိုင် ၂၆ ရက်က အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur နှင့် ဖလမ်း၊ တီးတိန်ဒေသမှ ရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။🔹 ဆွေးနွေးချက်များနှင့် တောင်းဆိုမှုများ - ဒေသကိုယ်စားလှယ်များက စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဖလမ်းဒေသရှိ ကျေးရွာ ၄၂ ရွာမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိနိုင်ရေး တင်ပြတောင်းဆိုခဲ့ကြသည်။ 🔹 သံအမတ်ကြီး၏ ပြောကြားချက် - အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား လုံခြုံစွာ ပြန်လည်နေထိုင်နိုင်သည့် အခြေအနေ မရှိသေးသရွေ့ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ကြောင်းနှင့် ချင်းပြည်နယ် ငြိမ်းချမ်းတည်ငြိမ်လာပါက ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ #Myanmar #Kalay #ChinState #India #Diplomacy #HumanitarianAid #LocalNews ဖိုးမောင်
292
Repost from ဖိုးမောင်
⚡️ လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်နေ
ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများကို လက်ရှိတွင် ပြန်လည်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။🔹 မြေပြင်အခြေအနေ - ပြန်လည်ပြုပြင်ရေး လုပ်ငန်းများကြောင့် ဒေသခံ ပြည်သူများအတွက် လျှပ်စစ်မီး ပြန်လည်ရရှိနိုင်ရေး မျှော်လင့်ချက် ရှိလာသော်လည်း တစ်ဖက်တွင်လည်း လျှပ်စစ်ဓာတ်အားလိုင်းများနှင့် လွိုင်ကော်တက္ကသိုလ် အပါအဝင် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရမှုကြောင့် လျှပ်စစ်မီး ပြတ်တောက်ကာ စီးပွားရေးနှင့် ပညာရေး ကဏ္ဍများတွင် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ #Myanmar #KayahState #Loikaw #Demoso #Electricity #Infrastructure #LocalNews ဖိုးမောင်
292
Repost from ဖိုးမောင်
🏛 အင်ဒိုနီးရှား ဗဟိုဘဏ်ဥက္ကဋ္ဌ ရုတ်တရက် နုတ်ထွက်
အင်ဒိုနီးရှား ဗဟိုဘဏ်ဥက္ကဋ္ဌ Perry Warjiyo သည် "ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်" ဖြင့် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီး သမ္မတ Prabowo Subianto ကလည်း နုတ်ထွက်လွှာကို အတည်ပြုပေးလိုက်ကြောင်း သိရသည်။🔹 ယာယီ တာဝန်ယူမှု - လက်ရှိတွင် ဒုတိယဥက္ကဋ္ဌ Destry Damayanti က ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ 🔹 စီးပွားရေးဆိုင်ရာ သက်ရောက်မှု - ၂၀၁၈ ခုနှစ်ကတည်းက ဦးဆောင်လာသည့် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ရုတ်တရက် နုတ်ထွက်မှုကြောင့် အင်ဒိုနီးရှား ရူပီးငွေတန်ဖိုးနှင့် ငွေကြေးဈေးကွက်တွင် ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဘဏ္ဍာရေးမူဝါဒ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ထိခိုက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ #Indonesia #PerryWarjiyo #BankIndonesia #Rupiah #WorldNews #EconomyNews ဖိုးမောင်
292
Repost from ဖိုးမောင်
+3
🎭 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။🔹 တက်ရောက်သူများ - အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ 🔹 သမ္မတ၏ အမှာစကား - သမိုင်းဝင် ကဇာတ်ရုံကြီးကို မူလလက်ရာမပျက် ပြန်လည်မွမ်းမံ၍ နိုင်ငံတကာအဆင့်မီ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ #Myanmar #Yangon #WaziyaCinema #WaziyaTheatre #LocalNews #CulturalHeritage ဖိုးမောင်
292
မြန်မာနိုင်ငံတော်သမ္မတက ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်
နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို ဇူလိုင် ၂၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့သည်။
အခမ်းအနားအစတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/မြန်မာနိုင်ငံတော်သမ္မ-16/
292
ဘန်ကောက်ရထားပေါ် ရိုင်းပျခဲ့သည့် အီတလီကျောင်းသားအဖွဲ ဒဏ်ငွေဆောင်ပြီး ပြန်တောင်းပန်
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြိုရှိ BTS Skytrain ရထားပေါ်တွင် ရိုင်းစိုင်းသည့်အပြုအမူများကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အီတလီကျောင်းသားကျောင်းသူငါးဦးအဖွဲနှင့် ၎င်းတို၏ ကြီးကြပ်သူတို ဇူလိုင် ၂၅ ရက်က ရဲစခန်းသိုရောက်လာကာ ထိုင်းအမျိုးသမီး Sugus ဆိုသူကို တောင်းပန်ခဲ့သည်။
ထိုအမှုတွင် ရဲတပ်ဖွဲက ကျောင်းသားအဖွဲကို ဒဏ်ငွေချမှတ်ခဲ့ပြီး နှစ်ဖက်စလုံး အပြန်အလှန် တရားစွဲဆိုမှုများ ဆက်မလုပ်ဘဲ အမှုပိတ်ရန် သဘောတူခဲ့ကြသည်။
BTS ရထားပေါ်တွင် အီတလီကျောင်းသားအဖွဲက ကျယ်လောင်စွာပြောဆိုပြီး မသင့်လျော်သည့် အပြုအမူများ ပြုလုပ်နေစဉ် ထိုင်းအမျိုးသမီးက ယဉ်ကျေးစွာ သတိပေးခဲ့ရာမှ ပြဿနာဖြစ်ခဲ့ကြသည်။ ကျောင်းသားတစ်ဦးက ထိုင်းအမျိုးသမီးကို ရိုင်းစိုင်းစွာ ပြန်ပြောသည့်အပြင် လက်ခလယ်ပါ ထောင်ပြခဲ့သည်။
292
စားသုံးသူရေးရာဦးစီးဌာန၊ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် EOI ခေါ်ယူ
နေပြည်တော်၊ ဇူလိုင် ၂၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပြီး ပို့ကုန် လယ်ယာထွက်ကုန်များနှင့် စားသုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/စားသုံးသူရေးရာဦးစီးဌာန/
292
July-27
▪️
ကယားပြည်နယ်ဘက်က လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ထရန်စဖော်မာတွေကို အင်တိုက်အားတိုက်ပြုပြင်နေတာက ဒေသခံပြည်သူတွေအတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်လိမ့်မယ်။
ဒါပေမယ့် တဖက်မှာ ကြည့်ရင်တော့ တိုင်းပြည်အတွက် ဒီလို ကိစ္စတွေက ဝမ်းနည်းစရာပဲ။ ရှိပြီးသား ဓာတ်အားခွဲရုံတွေ၊ ထရန်စဖော်မာတွေသာ မပျက်စီးခဲ့ရင်၊ ဖျက်ဆီး မခံရရင်...တခြား တိုးတက်ရေးတွေမှာ အသုံးချလို့ ရနိုင်တာပေါ့။
ခုတော့ တိုင်းပြည်က အနာဂတ် တည်ဆောက်ရေးဆိုတာထက် ဖြိုဖျက်ထားခဲ့ကြတဲ့ ပျက်စီးရေးတွေကိုပဲ နောက်က လိုက်ပြင်နေရတယ်။ ဒီအတောအတွင်း လျှပ်စစ်မရလို့ ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးတွေ၊ စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ပညာရေးတွေ....ဘယ်လောက်တောင် ရှိနေမလဲ။ လွိုင်ကော် တက္ကသိုလ်ဝန်းထဲထိ ဖျက်ဆီးရေး လာလုပ်ခဲ့ကြတဲ့ သူတွေ၊ မြို့ကို ဖျက်ဆီးရေးသပ်သပ်လုပ်ခဲ့ကြသူတွေက ဘာမှ မဟုတ်သလို နေနိုင်ကြပေမယ့် ....တည်ဆောက်ရေးမှာတော့ ပြည်သူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေနဲ့ ငွေကြေးတွေက တနင့်တပိုး ...ရင်းရတယ်ဆိုတာ ဒီလိုမြင်ကွင်းတွေက သက်သေပဲ။
(နရီမိုး)
292
အိန္ဒိယသံအမတ်ကြီးနှင့် ဖလမ်း၊ တီးတိန်ဒေသ ကိုယ်စားလှယ်များ ကလေးမြို့တွင် တွေ့ဆုံ
ကလေးမြို့ရှိ Thike Hotel ၌ ဇူလိုင် ၂၆ ရက်က အိန္ဒိယသံအမတ်ကြီး
Mr. Abhay Thakur
နှင့် ဖလမ်း၊ တီးတိန်ဒေသမှ ရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒေသကိုယ်စားလှယ်များက စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား လုံခြုံစွာ ပြန်လည်နေထိုင်နိုင်သည့် အခြေအနေမရှိသေးသရွေ့ အတင်းအကျပ် ပြန်ပို့မည်မဟုတ်ကြောင်းနှင့် ချင်းပြည်နယ် ငြိမ်းချမ်းတည်ငြိမ်လာပါက ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဖလမ်းဒေသရှိ ကျေးရွာ ၄၂ ရွာမှ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိနိုင်ရေးကိုလည်း တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
Thazinoo969
292
အွန်လိုင်းအမုန်းစကားများကြောင့် မလေးရှားရှိ ဘင်္ဂါလီကလေးများ၏ ပညာရေး အန္တရာယ်ကြုံ
မလေးရှားတွင် ဘင်္ဂါလီဒုက္ခသည်များအပေါ် အွန်လိုင်းအမုန်းစကားများနှင့် သတင်းအမှားဖြန့်ဝေမှုများ မြင့်တက်လာပြီးနောက် လုံခြုံရေးစိုးရိမ်မှုများကြောင့် ဘင်္ဂါလီကလေးများ ပညာသင်ကြားနေသည့် ကျောင်းအနည်းဆုံး
၉ ကျောင်း
ပိတ်သိမ်းခဲ့ရကြောင်း သိရပါတယ်။
-
မလေးရှားက ဘင်္ဂါလီဒုက္ခသည်များကို တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသဖြင့် ကလေးများမှာ အစိုးရပညာရေးစနစ်တွင် တက်ရောက်ခွင့်မရှိဘဲ NGO နှင့် ကွန်မြူနတီကျောင်းများကိုသာ အားထားနေရပါတယ်။ လက်ရှိကျောင်းများ ပိတ်သိမ်းလာမှုကြောင့် ကလေးများ၏ ပညာရေးထိခိုက်လာသလို ကလေးသူငယ်အိမ်ထောင်ပြုမှုနှင့် လူငယ်ပြဿနာများ ပိုမိုဆိုးရွားလာနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက သတိပေးထားပါတယ်။
KT July 27
292
Repost from ဖိုးမောင်
⚠️ "Yebaw FM" TikTok အကောင့်၏ သွေးခွဲဝါဒဖြန့်မှုများသတိထားရန်လိုအပ်
"Yebaw FM" TikTok အကောင့်မှ တပ်မတော်သားများနှင့် စစ်ဘက်/အရပ်ဘက် သတင်းများကို ပစ်မှတ်ထား၍ တိကျမှန်ကန်မှုမရှိသော သတင်းတု၊ သတင်းမှားများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်လျက်ရှိကြောင်း ဖော်ပြထားသည်။🔹 ဖြစ်စဉ်အကျဉ်း - အဆိုပါ TikTok အကောင့်တွင် တင်ဆက်နေသူမှာ စစ်ပြေးတစ်ဦးဖြစ်ပြီး မဟာမိတ်/အဖွဲ့အစည်းအချို့၏ ကျောထောက်နောက်ခံဖြင့် "တပ်တွင်းအသံ" ဆိုသည့် ခေါင်းစဉ်အောက်မှ သတင်းပေး Chat Box များ ဖွင့်လှစ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ 🔹 အဓိက ရည်ရွယ်ချက် - တပ်တွင်း စည်းလုံးညီညွတ်မှု ပြိုကွဲစေရန်၊ စစ်ဘက်နှင့် အရပ်ဘက် ဝန်ထမ်းများအကြား သို့မဟုတ် ဝန်ထမ်း အချင်းချင်းအကြား သွေးဝမ်းကွဲ စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာစေရန် မဟုတ်မမှန် သတင်းများဖြင့် ပုံမှားရိုက် လိမ်ညာ ပြောဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။ #Myanmar #TikTok #YebawFM #FakeNews #Propaganda #LocalNews ဖိုးမောင်
292
ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား
စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို ဒုတိယမြောက် ညအဖြစ် ထပ်ပြီး ရပ်နားထားပါတယ်။
တရမ့် အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေကလည်း ဒေသတွင်းမှာ ရေရှည်စစ်ဆင်ရေးလုပ်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာနေတဲ့အကြောင်း သမ္မတကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ခဲယမ်းမီးကျောက်-လက်ကျန/
292
Repost from ဖိုးမောင်
ဒီကောင်တွေ လက်နက်ကိုင်အကြမ်းဖက်နေလို့
မကျေမနပ် မခံမရပ်ဖြစ်နေလား ညီကိုတို့။
သိပ်မခက်ပါဘူး။
ရှိနေတဲ့နေရာအတိအကျ တပ်မတော်ကို သတင်းပေးလိုက်ရင် လေနတ်သားက ဆက်လုပ်သွားပါလိမ့်မယ်။သတင်းခိုင်မာ တိကျမှုအာမခံရင် ရပြီ။ ကျန်တာမလိုဘူး။ ညီကို ဘယ်သူလဲတောင် မေးမှာမဟုတ်ဘူး။ ဖိုးမောင်
292
+6
🍲 မြန်မာနိုင်ငံ၏ အကြီးမားဆုံး အစားအသောက်ပြပွဲ "Taste Of The Golden Land 2026" ရန်ကုန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ
မြန်မာ့ရိုးရာ အစားအစာပြိုင်ပွဲနှင့် ပြပွဲဖြစ်သည့် "Taste Of The Golden Land 2026" ကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
💚 ပြပွဲတွင် ပါဝင်သည့် အစီအစဉ်များ - တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် ရိုးရာအစားအသောက်များ၊ အစားအသောက် ချက်ပြုတ်တည်ခင်း ပြသသည့် ပြိုင်ပွဲများနှင့် သန့်ရှင်းလတ်ဆတ်စွာ လှပစွာ ခင်းကျင်းပြသနိုင်သည့် နည်းစနစ်များကို ပါဝင်ယှဉ်ပြိုင် ပြသခဲ့ကြသည်။
💚 တက်ရောက်မှု - နာမည်ကြီး Food Vlogger များ၊ ရိုးရာအစားအစာ ချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပြပွဲတစ်ခုလုံး စည်ကားလျက် ရှိခဲ့သည်။
သက်ထား
292
Repost from ဖိုးမောင်
⚠️ ပုဂံညောင်ဦးဒေသတွင် PDF များကြောင့် နှစ်ရက်အတွင်း အပစ်မဲ့ပြည်သူ (၅) ဦး သေဆုံး
ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည့် ပုဂံညောင်ဦးမြို့တွင် PDF များက အပြစ်မဲ့ ပြည်သူတစ်ဦးကို ထပ်မံ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် (၂) ရက်အတွင်း ပြည်သူ (၅) ဦး သေဆုံးခဲ့သည်။#Myanmar #Bagan #NyaungU #LocalNews #CrimeNews ဖိုးမောင်
